ဘူဆန်မြို့ ဆာဆန်တွင် ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာများမှ စုပေါင်း၍ မြန်မာရိုးရာသင်္ကြန်ပွဲတော်ကို ၁၄-၄-၂၀၁၃ ရက်နေ့(တနင်္ဂနွေနေ့ ) တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။
မြန်မာရိုးရာသင်္ကြန်ပွဲတော်တွင် AN ERA တီဝိုင်းမှ သင်္ကြန်ပွဲတော်လာရောက် ကြသော ရွှေမြန်မာများကို ဧည့်ခံဖျော်ဖြေပေးပါမည်။ သင်္ကြန်ပွဲတွင် မြန်မာ့ရိုးရာ အစားများဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။ သီချင်းသီဆိုချင်သော ၀ါသနာရှင်များ ၁၀-၃-၂၀၁၃ ရက်နေ့တွင် ရွှေအလင်းတန်း စာကြည့်တိုက်ကော်မတီသို့ စာရင်းပေးသွင်းကြပါ ၊
ထို့အပြင် ဂင်မ်ဟဲမြို့ရှိ ရွှေအလင်းတန်းစာကြည့်တိုက်ရန်ပုံငွေအတွက် အလှူငွေဖြတ်ပိုင်းများဖြင့် ကောက်ခံနေရာ အလှူငွေကောက်ခံသူ အကျိုးဆောင်များထံတွင် လှူဒါန်းနိုင်ကြပါသည်။ သင်္ကြန်ပွဲတွင် ကင်မရာကို ကံစမ်းမဲ နှိုက်ကာ ရွေးချယ်ပေးမည်ဖြစ်ရာ အလှူငွေဖြတ်ပိုင်းများကို မပျောက်ပျက်အောင် သိမ်းဆည်းပေးကြပါခင်ဗျား.....
( ရွှေအလင်းတန်း စာကြည့်တိုက်ကော်မတီ )
No comments:
Post a Comment