Sunday, July 14, 2013

ကိုရီးယားနိုင်ငံရဲ့ ပဒေသာယဉ်ကျေးမှုကို လေ့လာခြင်း(အပိုင်း၁)

ရေးသားသူ — စိုးမိုးသူ


ရွှေ့ပြောင်းသူ ၁၅သန်းနေထိုင်နေပြီဖြစ်တဲ့ ကိုရီးယားနိုင်ငံဟာ အရင်လို နိုင်ငံတွင်းမှာ လူမျိုးတမျိုးတည်း၊ ယဉ်ကျေးမှု တခုတည်းသာ ရှိတယ်ဆိုတဲ့ ခံယူချက်ကနေ လူမျိုးပေါင်းစုံ ယဉ်ကျေးမှု ပေါင်းစုံပါဝင်တဲ့ ပဒေ သာ ယဉ်ကျေးမှု လူ့အသိုက်အ၀န်းတွင်း နေထိုင်နေပြီလို့ ကြေငြာထားပြီဖြစ်ပါတယ်။

၂၀၀၃ခုနှစ် နိုမူဟရွန်သမတလက်ထက်ကစပြီး စတင်သုံးစွဲလာတဲ့  ပဒေသာယဉ်ကျေးမှု လူ့အသိုက် အ၀န်း(다문화사회)ဆိုတဲ့ စကားလုံးဟာ သမတ အဆက်ဆက်တိုင်းမှာ ပိုမို အားကောင်းစွာ သုံးစွဲလာသလို ပတ်သက်ရာ စနစ်တွေကို ချမှတ်ကာ လုပ်ငန်းတွေကို အကောင်အထည် ဖော်လာတာ ကလည်း အရှိန် လျော့ကျသွားခြင်း မရှိသေးပါဘူး။

သို့သော် လက်ရှိ ကိုရီးယားအစိုးရနဲ့ ကိုရီးယားအဖွဲ့အစည်းများက ဖော်ဆောင်နေတဲ့ ပဒေသာ ယဉ်ကျေး မှု ဆိုင်ရာ လုပ်ငန်းတွေနဲ့ လှုပ်ရှားမှုတွေဟာ ထောက်ပြစရာတွေ အလွန်များပြားနေပါတယ်။


ကိုရီးယားလိုပဲ လူမျိုးပေါင်းစုံနဲ့ နေထိုင်လာခဲ့တဲ့ မြန်မာနိုင်ငံသည်လည်း မလွဲကင်းနိုင်တာမို့ သတိပြုစရာ အချက်များကို ဘာသာပြန် တင်ပြခြင်းအားဖြင့် မတူတူများ အတူတူနေခြင်းရဲ့ သဘောတရားများကို သိထား ဆင့်ပွားကြံဆ ကြိုးစား လုပ်ဆောင်နိုင်ကြပါစေကြောင်း စေတနာရှေ့ထား ရေးသားလိုက်ပါတယ်။

첫 번째 문제  ပထမ ပြသနာ

단일 문화적(동화주의) ယဉ်ကျေးမှုတခုထဲ သွတ်သွင်းခြင်း

중앙정부와 지방자치단체들, 그리고 각종 기관에서 실행하고 있는 다문화 관련 사업들의 내용을 들여다보면 이주여성들의 적응을 위한 한국어교육과 한국 문화 배우기 등이 매우 많다는 것을 알 수 있다.
ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနအသီးသီးမှာ ကျင့်သုံးနေတဲ့ ပဒေသာ ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းတွေရဲ့ အကြောင်းအရာတွေကို ကြည့်တဲ့အခါ အိမ်ထောင်သည် ရွှေ့ပြောင်းသူ အမျိုး သမီးတွေ ကိုရီးယားတွင်း နေသားကျစေဖို့အတွက် ပြုလုပ်ပေးနေတဲ့ ကိုရီးယားဘာသာ သင်တန်းနဲ့ ကိုရီး ယား ယဉ်ကျေးမှုသင်တန်းတွေသာ များပြားလွန်းတာကို တွေ့ရပါတယ်။

물론 이주해온 사람들이 한국 문화를 배워서 잘 적응할 수 있게 도와주는 것 자체에는 아무 문제가 없다.
ကိုရီးယားကို ရွှေ့ပြောင်း နေထိုင်သူတယောက်အနေနဲ့ ကိုရီးယားယဉ်ကျေးမှုကို သင်ယူပြီး အဆင်ပြေစွာ
နေထိုင်နိုင်ဖို့ အတွက် ကူညီလုပ်ဆောင်ပေးတာဟာ ပြသနာတော့ မဟုတ်ပါဘူး။

거기에는 ‘한국 정착 지원프로그램’이라는 이름을 붙여서 아예 더 많은 예산이 지원되어도 좋다.
အဲ့ဒီလို လုပ်ငန်းတွေကို "ကိုရီးယားတွင်း နေထိုင်ရေး အထောက်အကူပြု ပရိုဂရမ်" ဆိုတဲ့ အမည်ကိုပေးပြီး ဘတ်ဂျက်ကိုလည်း လိုအပ်သလို တိုးမြင့်ထောက်ပံ့တာလည်းကောင်းတဲ့ လုပ်ရပ်ပါ။

그러나 정책의 내용이 거기에서 그친다면 그것은 다문화주의가 아니라 동화만을 추구하는 단일문화정책이 되고 만다.
ဒါပေမယ့် ကိုရီးယားအစိုးရရဲ့ ပဒေသာယဉ်ကျေးမှု တိုးမြင့် ပြန့်ပွားရေးအတွက် ပြဌာန်းထားတဲ့ စနစ် တွင်း ပါ အကြောင်း အချက်တွေဟာ အဲဒီလို လုပ်ငန်းတွေ လုပ်နေတာနဲ့တင် ပြီးဆုံးနေမယ် ဆိုရင်တော့ ဒါဟာ ပဒေသာယဉ်ကျေးမှုအတွက် ဆောင်ရွက်ခြင်း မဟုတ်ပဲ လူမျိုးမတူ၊ ယဉ်ကျေးမှု မတူတူတွေကို ကိုရီးယား လူမျိုးဖြစ်အောင် လုပ်ခြင်း(ကိုရီးယားဇာတ်သွင်းခြင်း)သာ ဖြစ်ပါတယ်။

다문화주의의 핵심은 한 사회나 국가 안에 여러 문화가 존재한다는 사실을 받아들이고 각 문화의 고유 가치를 존중하는 것이다.
ပဒေသာယဉ်ကျေးမှုကို တန်ဘိုးထားခြင်းရဲ့ အဓိကက လူ့အသိုက်အ၀န်းတခု သို့မဟုတ် နိုင်ငံ တနိုင်ငံ အတွင်းမှာ အမျိုးမျိုးသော ယဉ်ကျေးမှုတွေ တည်ရှိနေတယ် ဆိုတဲ့ အမှန်တရားကို လက်ခံပေးပြီး အဲဒီ ယဉ်ကျေးမှုအသီးသီးရဲ့ အဓိက အနှစ်သာရတွေ၊ တန်ဘိုးတွေကို လေးစားလိုက်နာတတ်ခြင်းပဲဖြစ်ပါတယ်။

No comments: