Saturday, November 16, 2013

တောင်သာ မိသားစုများ၏ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ကိုရီးယားရောက် ညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျား တောင်သာမြို့နယ်မှ ကိုရီးယားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ကြသော ကျနော်တို့ တောင်သာမိသားစုများမှ အနန္တဂုဏ်အင် ကျေးဇူးရှင် မိဘဆရာသမားများ၏ ဂုဏ်ကို ဦးထိပ်ရွက်ပန်ဆင်လျှက် ကျနော်များ၏ ကာယ ဥာဏ ဝီရိယအားတို့ဖြင့် ရရှိထားသော သန့်ရှင်းမွန်မြတ်သော ဝတ္ထုငွေကြေးထဲမှ ထုတ်နှုတ်၍ ၊ ၂၀၁၃.၁၁ လ. ၂၄ ရက် တနင်္ဂနွေနေ့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်`၌ ဘုရားအမှူးရှိသော သဃာတော်အရှင်မြတ်တို့အား အရုဏ် နန်းကြီးသုတ် နေ့လည် ဒန်ပေါက်ဆွမ်းတို့ဖြင့် လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း လှူဒါန်းဧည့်ခံကျွေးမွေးပါမည်။ သို့ဖြစ်ပါ၍ ကျနော်များ တောင်သာ မိသားစုများနဲ့အတူ ကုသိုလ်ယူ တရာတော်နာကြွရောက် ချီးမြောက်ကြပါရန်
ခင်မင်လေးစားစွာ မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။

ကျောင်းအကျိုးတော်ဆောင် ။

No comments: