Wednesday, February 5, 2014

ရာနှုန်းပြည့် လွတ်လပ်သော မြန်မာပြည်ဖြစ်ပြီလား

ရေးသားသူ — စိုးမိုးသူ

ဦးအုန်းမြင့်ရဲ့ ရိုင်းပြမှုကို ဦးအောင်ကြည်က လွတ်လပ်စွာပြောဆိုခွင့်နဲ့ မှတ်ကျောက်တင်လိုက်ပါတယ်။
 ဒါဟာ မြန်မာအစိုးရအနေနဲ့ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကို ရာနှုန်းပြည့် အသိအမှတ်ပြုပေးနေပြီဆိုတဲ့
 အဓိပ္ပါယ်ကိုဖော်ဆောင်လိုက်တာမို့ ၀မ်းသာစရာသတင်းပါပဲ။
 
ရာနှုန်းပြည့်လွတ်လပ်သောအသိုက်အ၀န်းဆိုတာ
 လူ့အမှိုက်၊ လူ့အန္ဓ၊ လူ့ဗာလ၊ လောကကို ကောင်းကျိုးမပေးသူရဲ့ လွတ်လပ်မှုကိုပါ
 အသိအမှတ်ပြုနိုင်တဲ့ အသိုက်အ၀န်းကို ဆိုလိုတာပါ။

ဒါကြောင့် လူ့ဗာလ ဦးအုန်းမြင့်ရဲ့ ရိုင်းပြမှုကို လွတ်လပ်စွာပြောဆိုခွင့်အဖြစ်
 မြန်မာအစိုးရက အသိအမှတ်ပြုပေးလိုက်တာမို့ သာမန်ပြည်သူတွေအနေဖြင့် လွတ်လပ်စွာပြောဆိုခွင့်ကို
 မလွဲမသွေ ရရှိပြီဆိုတာ သံသယဖြစ်စရာမရှိတော့ပါ။

 ဒါပေမယ့်
 လူဆိုတာ တဦးတည်းနေလို့မရ၊
 လူ့အသိုက်အ၀န်းနဲ့ နေရတာဖြစ်တာမို့
 မိမိရဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်ရတဲ့ ရလာဒ်မှန်သမျှကို
 မိမိရပ်တည်ရာ လူ့အသိုက်အ၀န်းအတွက်ပါ တာဝန်ယူရပါမယ်။

လွတ်လပ်မှုဟာ တာဝန်ယူမှုနှင့်အတူ ရှိရမယ်ဆိုတဲ့သဘောပါ။

 ဒါကြောင့်
 ဦးအုန်းမြင့်အနေနဲ့ မိမိရဲ့ လွတ်လပ်စွာ ရိုင်းစိုင်းမှုကြောင့်
 လူ့အသိုက်အ၀န်းကပေးတဲ့ ပြစ်ဒဏ်ကိုလည်း တာဝန်သိသိခံယူရမှာဖြစ်ပါတယ်။
 ဦးအောင်ကြည်အနေနဲ့လည်း
 ဦအုန်းမြင့်ရဲ့ ရိုင်းစိုင်းတဲ့ လွတ်လပ်မှုကို
 တာဝန်မရှိ အပြစ်မရှိဆိုပြီး
 အကာအကွယ်ပေးတာမဖြစ်ရအောင်
 အထူး ဂရုပြုဆောင်ရွက်တတ်မှ
တာဝန်သိတတ်သော အစိုးရဖြစ်မှာဖြစ်ပါကြောင်း။

စိုးမိုးသူ


No comments: