Thursday, February 6, 2014

အကြံကောင်းပေးနိုင်သူ ဆုချပါမယ်

ရေးသားသူ — စိုးမိုးသူ

ကိုရီးယားရောက် မြန်မာနိုင်ငံသားအလုပ်သမားတွေ အခက်အခဲအမျိုးမျိုးနဲ့ကြုံလာတိုင်း အချိန်မေ၇ွး လိုက်လံ ဖြေရှင်းပေးနိုင်မယ့် အခြေအနေက လက်ရှိမှာ မရှိသေးပါဘူး။

လက်ရှိ တတ်နိုင်သလောက် ကူညီ ဖြေရှင်းပေးနေကြတဲ့ အဖွဲ့အစည်း၊ တသီးပုဂ္ဂလများကလည်း ပရဟိတတခုတည်း လုပ်ကိုင်နေထိုင်ဖို့ မဖြစ်ကြတာမို့ အမြဲအဆင်သင့် အချိန်ပေး လူကိုယ်တိုင်လိုက် မဖြေရှင်းပေးနိုင်ကြသလို ဘဲအုပ်က တရာ နှစ်ရာ မဗေဒါက တပင်တည်းဆိုသလို တောင်းဆိုသမျှ အကူအညီတွေကိုလည်း အလျှင်မှီအောင်လည်း မကူနိုင်ဖြစ်နေရပါတယ်။

ဒီတော့ ကိုရီးယားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲအမျိုးမျိုးကို အချိန်ပြည့် လျှင်မြန်စွာ ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့် လက်တွေ့ကျတဲ့ အစီအစဉ် ဖြစ်နိုင်ချေများတဲ့ နည်းလမ်းကောင်းကို အသေးစိတ် အကြံပြုပေးနိုင်သူကို ဆုငွေ ၀မ်၁သိန်းပေးပါ့မယ်။

မှတ်ချက်။ ဆုငွေကို နဲတယ် များတယ်လို့တော့ သဘောမထားပါနဲ့။အဲ့ဒါ
ကျနော့်အိတ်ထဲကနေ ပေးမှာမို့ ကျနော် တတ်နိုင်သလောက်ကို ပေးရတာပါ။
ကဲ ညီအကိုတို့ရေ ကိုယ့်အတွက် အများအတွက် ခေါင်းများများစားပေးကြပါဦး။

No comments: