Wednesday, December 17, 2008

ဒေဂူးမြို့မြန်မာဘုန်းကြီးကျောင်း၊ နိုင်ငံခြားသားတွေ ဘာတွေ ကျူးလွန်တတ်သလဲ

ရေးသားသူ — ကိုဝင်းလတ်

ဒီတစ်ပတ် တနင်္ဂနွေနေ့က တော့ ကိုဝင်းလတ်တို့ သတင်းထောက်အလုပ် လုပ်လိုက်ပါတယ်...
ရတဲ့ သတင်းနှစ်ပုဒ်ကို ဒေဂူးရွှေညီအကိုတွေအတွက် ဖြန့်ဝေလိုက်ပါတယ်...။

သတင်း(၁)

ဒေဂူး၊ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှိဂျန်း မှာရှိတဲ့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးဆောင် အဖွဲ့၏ ပုံမှန်အစည်းအဝေးကို ၁၄-၁၂-၂၀၀၈ (တနွင်္ဂနွေနေ့) နေ့လယ် ၁ နာရီမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အကျိုးတော်ဆောင်များအနေနဲ့ မိမိတို့ မြို့ငယ်လေးရဲ့ တစ်ခုတည်းသော ဘုန်းကြီးကျောင်း အောင်မြင်စွာ တည်ထောင်နိုင်ခဲ့တော့ ၀မ်းသာပီတီအပြည့်နဲ့ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။ ကျောင်းတော်ကြီးအတွက် စုပေါင်းလှူဒါန်းငွေများကို ခွဲဝေသုံးစွဲမှု၊ လက်ကျန်ငွေနဲ့ ဆက်လက်တိုးတက်တည်ရှိနိုင်ဘို့ လိုအပ်သည်များကို စုပေါင်းဆွေးနွေး သွားကြပါတယ်၊ ဘုန်းကြီးကျောင်း နဲ့ပတ်သက်ရင် ဒီမှာလဲကြည့်လို့ရတယ်။

သတင်း(၂)

၁၀-၁၂-၂၀၀၈ ရက်နေ့က ဒဲဂူးမြို့ စူးဆောင်းဂူ (대구광역시 수성구 에있는 ) မှာ종안 경찰청 ဗဟို ရဲဌာနချုပ် မှ အထူးလုံခြုံရေးအရာရှိ( 보안과장 )နဲ့ နိုင်ငံခြားသားများတွေ့ဆုံဆွေးနွေးပွဲလေး ကျင်းပ ခဲ့ကြောင်း သိရပါတယ်...။ တက်ရောက်သူ နိုင်ငံခြားသား (၂၄)ယောက်မှာ ဆုံစော အပိုင်က နိုင်ငံခြားသား ကိုယ်စားလှယ် (၅) ယောက် တက်ရောက် ခဲ့ပါတယ်။မြန်မာ၊ထိုင်း၊ပါကစ္စတန်၊ တရုတ်နဲ့ဗီယက်နမ် လူမျိုး တစ်ယောက်စီ တက်ယောက် ခဲ့ကြပါတယ်....။

ဆွေးနွေးပွဲမှာ 2007-2008 မှာ နိုင်ငံခြားသားနဲ့ ပတ်သက်တဲ့ အမှုပေါင်း 200 ကျော်ရှိတဲ့အကြောင်း၊လူသတ်မှု ၃-ခုပါဝင်ကြောင်း၊မှုခင်းအဖြစ်အများဆုံးက ဘဏ်ငွေထုတ်စက်များမှာ မသမာတဲ့ နည်းလမ်းဖြင့် ငွေထုတ်ယူမှု၊ အချင်းချင်းခိုက်ရန် ဖြစ်ပွားရာမှ လက်လွန်သွားခြင်း၊ အရွယ်မရောက်သေးတဲ့ မိန်းကလေးများကို သွေးဆောင်ဖျားယောင်း ဖျက်ဆီးခြင်း ဆိုတဲ့ အချက်(၃)ချက်ဟာ နိုင်ငံခြားသားများ ကျူးလွန်တဲ့ပြစ်မှု အများစု ဖြစ်ကြောင်း အထူးလုံခြုံရေး ရဲ အရာရှိမှရှင်းလင်းတင်ပြခဲ့ပါတယ်။ပြစ်မှုမကျူးလွန်ရေး၊မိမိအနီးပတ်ဝန်းကျင်မှာ ပြစ်မှုကျူးလွန်ရင်လဲ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ကြရေး၊ လိုအပ်တဲ့အကူအညီများကို ရဲတပ်ဖွဲ့ထံ တောင်းခံရယူနိုင်ကြောင်းဖြင့်လည်း အကျယ်တ၀င့် ပြောကြားတယ်လို့ သတင်းရပါတယ်။ အလွယ်တကူ ဆက်သွယ်နိုင်တဲ့ အရေးပေါ် ဖုန်းနံပတ် 112 နဲ့ပတ်သက်ပြီးလဲ ရှင်းလင်းသွားကြောင်းသိရပါတယ်။ အရေးပေါ် ဖုန်းနံပတ် 112 ကို အိမ်ဖုန်း/ လမ်းဘေးဖုန်းမှခေါ်ရင်112 စင်တာမှာ လိပ်စာပါပေါ်ပါတယ်...။ ဟန်းဖုန်းက ခေါ်ရင်တော့ အနီးဆုံး ၂၄ နာရီ ဆိုင်သို့မဟုတ် ဆိုင်းဘုတ်တစ်ခုခုနဲ့ မြို့နာမည် ပြောရင် စက္ကန့်၃၀ အတွင်း ရှာဖွေနိုင်ပြီး အချိန်မီ လာရောက်အကူအညီ ပေးနိုင်ကြောင်းသိရပါတယ်...။ဒယ်ဂူး တစ်မြို့လုံးကို လုံခြုံရေး ကင်မရာ(၇၆)လုံးဖြင့် စောင့်ကြည့်နေကြောင်းလည်း ပြောကြားသွားပါတယ်။

ဆက်လက်ပြီး တက်ရောက်လာတဲ့ နိုင်ငံခြားသား ကိုယ်စားလှယ်များက ဆွေးနွေးကြရာမှာ မှုခင်းဖြစ်ပွားသည့် အခါ ဘာသာပြန်ပေးလျှင် တွေ့ကြုံရသည့် ပြဿနာ၊မှုခင်းဖြစ်ပွားလျှင် ရဲနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများ၊ ရဲတပ်ဖွဲ့ နှင့် နိုင်ငံခြားသားများ အကြား အပြန်အလှန် နားလည်ပေးနိုင်မည့် အခွင့်အလမ်းများ ကို မိမိတို့တွေ့ကြုံခဲ့ရသည့်ဖြစ်ရပ်များ ကို အခြေခံ၍ ပြန်လည်ဆွေးနွေးသွားခဲ့ကြကြောင်း သိရပါတယ်။

အထူးလုံခြုံရေးတပ်ဖွဲ့အနေဖြင့် တက်ရောက်လာတဲ့ နိုင်ငံခြားသားကိုယ်စားလှယ်များကို အဆင်သဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအသိအမှတ်ပြုသွားမှာဖြစ်ကြောင်းနှင့် နောက်နောင် ယခုလိုဆွေးနွေးပွဲများကို လည်းတက်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ကဲ...ဒီတပတ် သတင်းထောက်အလုပ် ကတော့ ဒါပါဘဲ သူငယ်ချင်းရေ....။

No comments: