ရေးသားသူ — ဦးသောင်းထွန်း - ဂွမ်ဂျူး မြန်မာလူမှု့ရေးအသင်း
(ကိုရီးယား)
ဆရာကြီး ဒဂုန်တာရာ၏ ကဗျာဖြစ်သော
" ရန်သူမရှိ မိတ်ဆွေသာရှိ
မုန်းသူမရှိ ချစ်သူသာရှိ "
(၂၀၀၃၊၀၈၊၁၅)ရက်နေ့ ဂွမ်ဂျူးမြန်မာလူမှုရေးအသင်း (ကိုရီးယား)မှ ကြီးမှူး၍ စာရေး
ဆရာမ နုနုရီ (အင်းဝ)နှင့် ဆရာမကြီး သင်းမြစန္ဒီတို့၏ စာပေဟောပြောပွဲကို ဂွမ်ဂျူးမြန်မာဆိုင်
မှာ ပြုလုပ်ခဲ့ပါသည်။
ဆရာမကြီး သင်းမြစန္ဒီသည် ဆရာကြီးဒဂုန်တာရာ တူမ တော်စပ်ပြီး၊ ကိုရီးယားမှ ဆ
ရာကြီးဒဂုန်တာရာကို ချီးမြှင့်သောဆုကို လာရောက်လက်ခံရယူခြင်းဖြစ်ပါသည်။ (၂၀၀၃၊ ၀၈၊
၁၇)ရက်နေ့တွင် ကိုရီးယားမှ မြန်မာနိုင်ငံသို့ပြန်ခဲ့ကြပြီး၊ (၂၀၀၃၊၀၈၊၁၉)ရက်နေ့တွင် ဆရာကြီး
ဒဂုန်တာရာကွယ်လွန်ခဲ့ပါသည်။
ဆရာမကြီး သင်းမြစန္ဒီက ဆရာကြီး ဒဂုန်တာရာ၏ အောက်ဖော်ပြပါကဗျာကို ဖြန့်ဝေ
ပေးကြရန် စာပေဟောပြောပွဲအပြီးတွင် မေတ္တာရပ်ခံခဲ့ပါသည်။ ဆရာမကြီး၏ မေတ္တာရပ်ခံချက်
အရ ဆရာကြီး၏ကဗျာကိုအများပြည်သူဖတ်ရှု့ခံစားနိုင်ရန်အတွက် မျှဝေလိုက်ရပါသည်။
အားလုံး ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိကြပါစေ။
ဦးသောင်းထွန်း
ဂွမ်ဂျူးမြန်မာလူမှုရေးအသင်း (ကိုရီးယား)
Long live our great poet!
Sunday, October 6, 2013
ဆရာမ သင်းမြစန္ဒီ ပေးထားခဲ့သော ဆရာဒဂုန်တာရာ၏ ကဗျာတပုဒ်
The 90th Birthday of Dagon Taya (born 1919)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment