Monday, March 31, 2014

စင်တာတိုင်းတွင် မြန်မာစကားပြန်ထားရှိဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ရေးသားသူ — စိုးမိုးသူ

ဒေသအသီးသီးရှိ နိုင်ငံခြားသားအလုပ်သမားကူညီရေး စင်တာတိုင်းတွင် မြန်မာစကားပြန်ထားရှိဖို့အတွက် အတူ ပူးပေါင်းဆောင်ရွက်မယ့် ညီအကိုမောင်နှမများကို ဖိတ်ခေါ်ပါတယ်။

# 인천, 부평, 의정부, 경기도 광주, 전라도 광주, 대구, 대전, 포천,수원,화성စတဲ့ ဒေသတွေမှာ နေထိုင်အလုပ်လုပ်ကိုင်ကြတဲ့ အီးနိုင်း အလုပ်သမားများအနက်
- မြန်မာပြည်မှာ ကိုရီးယားဘာသာဖြင့်ကျောင်းပြီးထားသူ၊
- ကိုရီးယားဘာသာသင်တန်းဖွင့်ခဲ့ဖူးသူ၊
- ကိုရီးယားဘာသာစာမေးပွဲကို level 4 အဆင့်ထိ အောင်ထားပြီးသူ၊
- ကိုရီးယားစကားပြော ကျွမ်းကျင်သူ


# 인천, 부평, 의정부, 경기도 광주, 전라도 광주, 대구, 대전, 포천,수원,화성စတဲ့ ဒေသတွေမှာ
- ကိုရီးယားဘာသာဖြင့် ကျောင်းတက်နေသူ


# 인천, 부평, 의정부, 경기도 광주, 전라도 광주, 대구, 대전, 포천,수원,화성စတဲ့ ဒေသတွေမှာ နေထိုင်သော ကိုရီးသားစကားပြော ကျွမ်းကျင်သူများအား အောက်ပါ လုပ်ငန်းများ လုပ်ဆောင်ပေးပါရန် လေးစားစွာ ပန်ကြား ဖိတ်ခေါ်အပ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 29, 2014

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် တရားပွဲတော် ဖိတ်ကြားလွှာ

သဗ္ဗ ဒါနံ၊ ဓမ္မ ဒါနံ၊ ဇိနာတိ။ 
အလုံးစုံသော အလှူအားလုံးတို့တွင် တရားတော်ကို ပေးလှူခြင်းသည် အမြတ်ဆုံးကုသိုလ်ဖြစ်ပါပေသည်။ 

ဓမ္မမိတ်ဆွေ သူတော်စဉ်အပေါင်းတို့ခင်ဗျာ 
သာသနာ သက္ကရာဇ် ၂၅၅၇ ခုနှစ်၊
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် တန်ခူးလဆန်း ၇ ရက် တနင်္ဂနွေနေ့၊
ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ဧပြီ ၆ ရက်၊ နေ့လည် ၁ နာရီ အချိန်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမ၌ ကျနော်များ ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)က စီစဉ်သည့် တိပိဋကမဟာဂန္ထ၀င်နိကာယ်ကျောင်းတိုက်၊ တိပိဋကသန္တာဝါသ ပရိယတ္တိစာသင်တိုက်တို့၏ ပဓာန နာယကဆရာတော် တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ( ရေစကြိုဆရာတော် ) ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသ၏ မြန်မာ့ နှစ်သစ်ကူးအကြို တရားပွဲတော်ကို ကျင်းပမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေ သူတော်စဉ်များအနေဖြင့် တရားတော်နာ ကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်ပြီး နိုးဆော် ဖိတ်ကြားလိုက်ပါသည်။ 

ဆရာတော်သည် ကိုရီးယားနိုင်ငံတွင် ဧပြီ ၂၇ ရက်နေ့အထိ သီတင်းသုံး၍ ဘူဆာန်၊ ကင်းမ်ဟဲ၊ ဒဲဂုမြို့များသို့ သာသနာ့ခရီးစဉ်အဖြစ် ကြွချီမည်ဖြစ်ပါသည်။ 

ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား) Type rest of the post here

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 26, 2014

မြန်မာသင်္ကြန်ပွဲတော် တူရွှင်ပျော်ကြရအောင် အဲဒါလေးတွေ ကြိုတင် သိ၊ ရှောင်စို့

 မြန်မာနိုင်ငံမှာ နှစ်သစ်ကူးတဲ့ တန်ခူးလ သင်္ကြန်ပွဲတော် ရက်က နီးလာတာအမျှ ရင်ခုန်မှုတွေက ပိုပြီး မြန်ဆန်နေကြမှာ အမှန်ပါ။ မြန်မာပြည်တွင်းမှာ နေထိုင်နေကြတဲ့ လူတွေအားလုံး ပျော်ရွှင်စွာ ကြိုတင် ရင်ခုန်နေကြသလို ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကလည်း လုပ်ငန်း ခွင်အတွင်းကနေ ပီတိတွေဖြာ ရင်ခုန်မှုတွေ အပြည့်နဲ့ ရက်မြတ် သင်္ကြန်ကို အတွေးပေါင်းစုံများနဲ့ စိတ်ကူးယဉ်နေကြရင်း သင်္ကြန် တေးသီချင်းများကို နားထောင် ပြုံးပျော် လိုက်လံ သီဆိုရင်း လက်တွေက သီချင်း သံစဉ်နဲ့အတူ လှုပ်ရှားနေမိမယ်ဆိုတာ ပြောစရာ လိုမယ် မထင်ပါ။ လာမယ့် ၂၀၁၄ ခုနှစ် ဧပြီ ၂၀ ရက် တနင်္ဂနွေနေ့ ဘူချောန် အထွေအထွေ အားကစားကွင်း ရှေ့ရှိ မဏ္ဍပ်မှာ မြန်မာအသင်း (ကိုရီးယား)က ဦးစီးပြီး အဖွဲ့အစည်း ပေါင်းစုံက ပါဝင် ပူးပေါင်း ပျော်ရွှင်နွှဲတဲ့ သင်္ကြန် ပွဲတော်ကို ကျင်းပဘို့အတွက် အားသွန်ခွန်စိုက် အပြုံးပန်းများစွာနဲ့ စည်းဝေး၊ လှုံဆော် လုပ်ဆောင်နေကြပါတယ်။ 
미얀마 새해 물축제 
일 시 : 2014년 4월 20일 일요일 낮 12시부터
장 소 : 부천 종합운동장 앞 무대 
미얀마 음식과 문화 체험, 
미얀마 노래와 춤 
우리와 함께 즐거운 행복한 미얀마 새해 물축제 띤잔에 많이 참석하시길 바랍니다.

  မြန်မာ့ သင်္ကြန်ပွဲတော်ကို ပူချောန် ရွှေ့ပြောင်း နေသူများအတွက် ကူညီ ထောက်ပံ့ပေးရေး စင်တာ (ယခင် ပူချောန် နိုင်ငံခြားသား အလုပ်သမားရိပ်သာ) က ၀န်းရံ ကူညီပေးရင်း ပူချောန်မြို့တော်ဝန်နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများကလည်း တတ်နိုင်တဲ့ဘက်က ၀န်းရံ လုပ်ဆောင်ပေးကြပါတယ်။ ကိုရီးယားနိုင်ငံအတွင်းမှာ နိုင်ငံခြားသားတွေ ပြုလုပ်တဲ့ ပွဲတော်တွေ မစမှီ အချိန်တွင် ရပ်ကွက်၊ မြို့တော် လုံခြုံရေး ပြည်သူ့ရဲတွေက ပွဲတော် ကျင်းပရေး တာဝန်ရှိသူတွေထံ ပွဲတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ လူဦးရေကအစ ဖုန်းဆက် မေးမြန်း စုံစမ်းကြပါတယ်။ ကိုရီးယား ပြည်သူ့ရဲတွေက အဲဒီပွဲတွေမှာ အနှောက်အယှက် ပေးဘို့ မဟုတ်ဘဲ ပွဲတော်အတွင်း ခိုက်ရန်ဖြစ်ပွားမှုနဲ့ သတ်မှတ်ထားတဲ့ ပြစ်မှု ဥပဒေကို ကာကွယ်၊ စောင့်ရှောက်ဘို့ ရပ်ကွက် လုံခြုံ အေးချမ်းရေးအတွက် လာရောက် မေးမြန်းခြင်း ဖြစ်ပါတယ်။ 

အခု သည်နှစ်မှာ ထူးခြားတဲ့ အချက်တွေကို ကိုရီးယား ပြည်သူ့ ရဲတွေက ပြောဆို ဆွေးနွေးလာတဲ့အတွက် အဆိုပါ အကြောင်းအရာတို့ကို ကျနော်တို့ ရွှေမြန်မာ တိုင်းရင်းသားအပေါင်းတို့ ကြိုတင် သိရှိ၊ ရှောင်ကြဉ်နိုင်စေဘို့ ဖော်ပြလိုက်ပါတယ်။ အားလုံး သိရှိပြီးသားဖြစ်တဲ့ ကိုရီးယားနိုင်ငံအတွင်း အမျိုးသားကိုဖြစ်စေ၊ အမျိုးသမီးကို ဖြစ်စေ ကာမအိနြေ္ဒ ပျက်စီးစေမည့် အပြောအဆို၊ အမှုအယာများ မပြုလုပ်ကြဘို့ ပြုလုပ်မိပါက တရား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကိုရီးယား သတင်းဌာနများကလည်း ထုတ်လွှင့်ထားပြီး ဖြစ်ပါတယ်။ 
ကိုရီးယား ပြည်သူ့ရဲတွေက အောက်ပါ အချက်အလက်တွေကို ကြိုတင် ရှောင်ကြဉ်ဘို့ တင်ပြ ဆွေးနွေးလာပါတယ်။ 
 ၁။ အမျိုးသမီးများနှင့် တွဲဘက်၍ ဓာတ်ပုံ ရိုက်ပြီး အင်တာနက်ပေါ် အမျိုးသမီးကို အသိမပေးဘဲ တင်တဲ့အခါ အမျိုးသမီးဘက်က ရဲစခန်းကို တိုင်ကြားတဲ့အခါ အရေးယူခြင်း ခံရမှာဖြစ်ကြောင်း၊ 
၂။ အမျိုးသမီးများ မနှစ်မြိုတဲ့ အပြောအဆို၊ ကာမအိနြေ္ဒကို ပျက်ပြားစေမယ့် အမှုအရာများကို ပြုလုပ် ကြံစည်ပါကလည်း အပြစ်ပေး အရေးယူခံရမယ်ဖြစ်ကြောင်း၊ 
၃။ ခိုက်ရန်ဖြစ်ပွားမှုမဖြစ်စေရေး၊ 
၎။ အနီရောင် အရည်များ (ကွမ်း)များကို နေရာတကာတွင် မထွေးကြရန်၊ ကိုရီးယားများ မြင်ပါက သွေးတွေဟု ထင်ပြီး ထိန့်လန့်ကြတဲ့အတွက် သတိထားပေးပါ။ မြန်မာ ရိုးရာ ကွမ်းကို သူတို့အနေနဲ့ နားလည်ပေးနိုင်ပေမယ့် မသိတဲ့ ကိုရီးယား အသိုင်းအ၀န်းအတွက် အခက်အခဲများ ဖြစ်စေနိုင်ကြောင်း၊ 
၅။ ကိုရီးယားနိုင်ငံအတွင်း လူအများ သွားလာနေထိုင်တဲ့ နေရာများ၊ အပန်းဖြေတဲ့ နေရာများမှာ ဆေးလိပ်များ မသောက်ဘို့ ပြင်းပြင်းထန်ထန် တားမြစ် သတ်မှတ်ထားကြောင်း၊ ယခု သင်္ကြန်ပွဲတော် ကျင်းပတဲ့ ပြည်သူများ အပန်းဖြေ အနားယူတဲ့ အားကစားကွင်းနဲ့ ပန်းခြံအတွင်းမှာ ဆေးလိပ်များကို မသောက်ဘို့ တားမြစ်ထားတဲ့ နေရာဖြစ်နေတဲ့အတွက် ဆေးလိပ် သောက်တာကို တွေ့ပါက ဒဏ်ကြေးများ ပေးဆောင်ရမှာဖြစ်ကြောင်း၊ အနည်းဆုံး ဒဏ်ကြေး တစ်သိန်းခွဲ (၀ါန်) ရှိကြောင်း၊ ဆေးလိပ် သောက်ရန် သတ်မှတ်ထားတဲ့ နေရာမှာ သောက်ကြစေချင်ကြောင်း၊ 
 ၆။ ပန်းခြံ သန့်ရှင်းရေးကို အသေအချာ ပြုလုပ်ပေးစေကြောင်းတို့ဖြစ်ပါတယ်။

 ကိုရီးယားနိုင်ငံအတွင်း မြန်မာအသင်း (ကိုရီးယား)ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပပေးတဲ့ မြန်မာ့ ရိုးရာ သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားများရဲ့ ဂုဏ် သိက္ခာတို့ကို ပျက်စီး ကျဆင်းစေမယ့် အပြောအဆို၊ အမှုအယာများကို မပြုလုပ်ကြစေဘဲ နိုင်ငံ ဂုဏ် တင့်တယ်စေရန် ၀န်းရံ လုပ်ဆောင်ပေးကြဘို့ ကောင်းကျိုးမျှော်ပြီး ကောင်းမြတ်တဲ့ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာ သင်္ကြန်ပွဲတော်ကို ပျောရွှင် ချမ်းမြေ့စွာ ဆင်နွှဲနိုင်ကြပါစေခင်ဗျား ။ 

 ကျော်ဇင် 
၁၃၇၅ ခုနှစ် တပေါင်း လဆုတ် ၁၁ ရက် ဗုဒ္ဓဟူးနေ့ 
၂၀၁၄ ခုနှစ် မတ် ၂၆ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 25, 2014

ငရဲပြည်ထက်ဆိုးတဲ့ စက်ရုံ

ရေးသားသူ — စိုးမိုးသူ
 
ညနေဘက် ရုံးခန်းထဲ အလုပ်တွေ ပိနေတုန်း ညီလေး တယောက် သုတ်သီးသုတ်ပြာ ရုံးခန်းထဲ
ဝင်လာတယ်။  အလုပ်ဝတ်တောင် မလဲပဲ အပြေးအလွှားလာတဲ့ သူ့မျက်နှာမှာ စိုးရိမ်သောကတွေကလည်း အပြည့်နဲ့လေ။
 
ဘာဖြစ်လာတာလဲညီ။
 
အကို၊ ကျနော့်ကို သူဌေးကနှင်လိုက်တယ်။
ပြီးတော့ မင်းခုချိန်ကစပြီး ဘူးလ်ဘော့(တရားမ၀င်နေထိုင်သူ)ဖြစ်သွားပြီတဲ့ဗျာ။
သူပြောသလို ကျနော့် တကယ် ဘူးလ်ဘော့ဖြစ်ပြီလား အကို၊
ကျနော် ဘာလုပ်ရမလဲ၊
ကျနော့်ကို ကယ်ပါဦး။
 
လုပ်လက်စ အလုပ်ကိုရပ်ကာ သူ့ကို ထိုင်ခိုင်းပြီး

ညီ၊
သူက ဘူးလ်ဘော့ဖြစ်စေဆိုတိုင်း ဘူးလ်ဘော့ဖြစ်ရအောင်
မင်းသူဌေးက စေတလုံးပိုင်ရှင်မှ မဟုတ်တာ၊
ဘာမှ စိုးရိမ်မနေနဲ့ မင်းဘာမှ
မဖြစ်ဘူး၊ကဲ စိတ်အေးအေးထားပြီး အကို့ကို ဖြစ်သမျှအကြောင်း ပြောပေတော့။
 
ဘာမှ မဖြစ်ဘူးလို့ အာမခံလိုက်တော့မှ သူ့မျက်နှာ အတန်ငယ်ပျော့ပြောင်းသွားတယ်။
ပြီးတော့ နာကျည်းခြင်း မခံမရပ်နိုင်ခြင်းတွေ အပြည့်ပါတဲ့ အသံတုန်ကြီးနဲ့ ဖြစ်ကြောင်း ကုန်စင်ကိုပြောပါတော့တယ်။
 
အန္တရာယ်ရှိတဲ့ စက်ကို သေချာ သင်မပေးပဲ အတင်းခိုင်းတဲ့အကြောင်း၊
မလုပ်ရဲလို့ငြင်းတာကို ဆဲဆို အတင်းခိုင်း၊မြန်မာပြည်ပြန်ပို့မယ်ခြိမ်းခြောက်၊
၃ယောက် မ မှ ရမယ့် ပစ္စည်းကို တယောက်တည်း အတင်း မ ခိုင်း၊
မ မနိုင်တာကို ဆဲ၊ ခြေနဲ့ကန်၊
ထမင်းစားချိန်အပြည့်မပေး၊
နားရက်ကို အလုပ်မလုပ်ပေးရင် မြန်မာပြည်ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက် အလုပ်ခိုင်း။
 
ပြောပြရင်း အသားတဆတ်ဆတ်တုန်လာတဲ့ သူ့ကို ကျနော်က

အိုကေ ရပြီ လုံလောက်ပြီ ညီ၊ ဘာမှ မပူနဲ့တော့၊ အကိုဖြေရှင်းပေးမယ်၊ဟုတ်ပြီလား
ကဲ အခုတော့ ၀ါးတီးဆွဲကြမယ်၊ မင်း ထမင်းစားပြီးပြီလား။
 
အလုပ်ပြီးပြီးချင်းထွက်လာတာ အကို ဘာမှ မစားရသေးဘူး၊
 
အိုကေ လာခဲ့ အကိုနဲ့အတူဆွဲမယ်ဆိုပြီး
မီးဖိုချောင်ထဲသွား ဟင်းအိုးတွေ လိုက်လှန်ကြည့်လိုက်တော့
ပိတောက်ရိပ်က တို့အမကြီးရဲ့ လက်ရာကောင်း
ဝက်သား၊ ပုဇွန်၊ ပဲဟင်း ၊ငါးပိရည်တို့စရာတွေက သွားရည်ကျစရာ အပြည့်ပဲလေ။
 
အမကြီးကလည်း ကျနော့်နောက်ကလိုက်လာပြီး
ဟင်းတွေ ကူပြင်ပေးရင်း ထည့်ထည့် များများထည့်ပေးလိုက်၊
ဒီလိုအချိန်လေး တို့တွေ ကုသိုလ်ယူရတာ။
သြော် ဒုက္ခဒုက္ခ တို့နိုင်ငံသားတွေ တိုင်းတပါးမှာ ဒုက္ခတွေရောက်နေရရှာတယ်ဆိုပြီး
စိတ်မကောင်းသံနဲ့ ညီးရှာတယ်။
 
ဒါနဲ့ သူနဲ့ကျနော် အမကြီး ပြင်ပေးတဲ့ ထမင်းပွဲကို အားပါးတရဆွဲကြတယ်။
သူလည်း အလုပ်က ပင်ပန်းတော့ အတော်ဆာနေပုံရတယ်၊
ထမင်း အပြည့်၂ပန်းကန် တခဏတွင်း ပြောင်သွားတယ်။
 
၂ယောက်သား ဗိုက်လဲ တင်းရော  ဖြစ်သမျှအကြောင်းကို  သူက မြန်မာလိုရေး
ကျနော်က ကိုရီးယားလို ဘာသာပြန်ရေးပေး၊
နက်ဖြန် ဘူဖြောင်း နိုင်ငံခြားသားအလုပ်သမားစင်တာသွားနည်း၊
နိုဒုန်ဘူသွားနည်းကို လမ်းညွှန်ရင်း
၂ယောက်သား နှုတ်ဆက်လမ်းခွဲလိုက်ကြတယ်။
 
ကျနော့်ကို တရိုတသေ နှုတ်ဆက်ပြီး ထွက်ခွာသွားတဲ့ သူ့ကျောပြင်ကိုကြည့်ရင်း
သူပြောသွားတဲ့ စကားလေးတခွန်းက  ကျနော့ရင်ထဲမှာ ပဲ့တင်ထပ်ပြီး ကျန်နေခဲ့ပါတယ်။
 
အကိုရယ် ဒီငရဲပြည်လို စက်၇ုံကိုတော့ ကျနော်ဘယ်လိုနည်းနဲ့မှ ပြန်မသွားပရစေနဲ့။
နောက်ဆုံး ကျနော် အိုဗာစတေးဖြစ်လည်း ဖြစ်ပါစေတော့ အကိုရာ၊
အဲ့ဒီလို အိုဗာစတေးဖြစ်လို့  မြန်မာအစိုးရက ဒဏ်ငွေ သိန်း၃၀ရိုက်လည်း မတတ်နိုင်ဘူး၊ လောလောဆယ်  ဒီ ငရဲပြည်ကို ပြန်မသွားရဖို့က ပိုအရေးကြီးပါတယ်
...တဲ့။
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 23, 2014

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော်ဘုရားကြီး ကိုရီးယားသို့ ကြွမည်။

 ကောဇာ သက္ကရာဇ် ၁၃၇၅ ခုနှစ် တပေါင်း လဆန်း ၉ ရက် တနင်္ဂနွေနေ့ ခရစ်သက္ကရာဇ် ၉ ရက် မတ်လ ၂၀၁၄ ခုနှစ်တွင် အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည့် ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)က တိပိဋက မဟာ ဂန္တ၀င် နိကာယ်ကျောင်းတိုက်၊ တိပိဋကသန္တာဝါသ ပရိယတ္တိ စာသင်တိုက်၊ ဆဌတိပိဋက ရွှေဥက္ကံ ပရိယတ္တိ စာသင်တိုက်တို့၏ ပဓာန နာယကဆရာတော်၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒ န္တ ၀ါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်) အား ကိုရီးယားသို့ ပင့်ဖိတ်၍ ၂၀၁၄ ခုနှစ် ဧပြီ ၆ ရက်၊ တနင်္ဂနွေနေ့ နေ့လည် ၁ နာရီအချိန်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင်ခန်းမတွင် ဓမ္မသဘင် တရားပွဲကို ကျင်းပမည်ဖြစ်ပါသဖြင့် တရားနာ ကြွရောက်ကြပါရန် နိဗ္ဗာန်ကို အကျိုးမျှော်၍ နိုးဆော်လိုက်ပါသည်။  
ပိဋကတ် သုံးပုံကို အာဂုံဆောင် ရဟန်းတော်များကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သုတဗုဒ္ဓ ဖြစ်ကြောင်း မိန့်ကြားထားပါသည်။ 

ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား) ဗဟို အလုပ်အမှုဆောင်အဖွဲ့ 

၁။ ဦးကျော်ဇင် ဥက္ကဌ   ၀၁၀ ၈၈၉၄ ၄၇၇၀ 
၂။ ဦးရဲဝင်းနိုင် ဒု ဥက္ကဌ ၀၁၀ ၃၃၆၇ ၂၂၀၈
၃။ ဦးအေးမျိုး အတွင်းရေးမှူး   ၀၁၀ ၂၅၃၅ ၈၁၇၅ 
၎။ ဦးသိန်းထိုက်ဝင်း တွဲဘက် အတွင်းရေးမှူး ၀၁၀ ၂၈၉၂ ၉၂၉၇ 
၅။ ဦးကိုကိုအောင် ဘဏ္ဍာရေး တာဝန်ခံ ၀၁၀ ၄၈၃၇ ၉၇၃၄ 
၆။ ဦးသိန်းဇော်နိုင် တွဲဘက် ဘဏ္ဍာရေး တာဝန်ခံ ၀၁၀ ၅၉၅၃ ၀၄၄၀ 
၇။ ဦးလှမျိုး (တော်ကူး) စာရင်းစစ် ၀၁၀ ၂၈၁၈ ၁၉၈၄ 
၈။ ဦးလှထွန်းအောင် အလုပ်အမှုဆောင် အဖွဲ့ဝင် ( ၁ ) ၀၁၀ ၂၆၈၃ ၁၉၇၅ 
၉။ ဦးသိန်းလွင် အလုပ်အမှုဆောင် အဖွဲ့ဝင် ( ၂ ) ၀၁၀ ၃၄၉၈ ၇၇၁၁ 

တရားပွဲအတွက် လှူဒါန်းလိုကြသူများသည် အောက်ပါ ဘဏ်စာရင်းသို့ လှူဒါန်းနိုင်ကြပါသည်။ 
ဘဏ် စာရင်း စာအုပ် အမှတ် ။ ၂၁၆၀၁၂ ၅၁ ၂၉၅၃၆၇ 
ဘဏ် အမည်။ NH (Nonghyup) ဘဏ်စာရင်းဖွင့်သူ 
 အမည် ။ MAUNG ZAW 
အလှူငွေနှင့် ပတ်သက်၍ အောက်ပါ တာဝန်ခံများထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။ ဦးကိုကိုအောင် ဘဏ္ဍာရေး တာဝန်ခံ ၀၁၀ ၄၈၃၇ ၉၇၃၄  
ဦးသိန်းဇော်နိုင် တွဲဘက် ဘဏ္ဍာရေး တာဝန်ခံ ၀၁၀ ၅၉၅၃ ၀၄၄၀

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 22, 2014

အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့

ရေးသားသူ — ငြိမ်းချမ်းအေး


Facebook အင်တာနက် လူမှုကွန်ရက်တွင် ပြန့်နှံ့နေသော သံတွဲမြို့ သိမ်ကုန်းကျောင်းတိုက်တွင် အရှင်ဝီရသူ မီဒီယာ သင်တန်းပို့ချနေပုံ
 

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆော်သြ ဆောင်ရွက်နေသူ ဆရာတော် အရှင်ဝီရသူက အခု ရခိုင်ပြည် ခရီးစဉ် သံတွဲမှာ စာနယ်ဇင်း သင်တန်း ဖွင့်လှစ် ဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။

စာရေးသူ အနေနဲ့ အရှင်ဝီရသူကို အွန်လိုင်း၊ ပုံနှိပ် မီဒီယာများမှာ ဆောင်းပါးများ ရေးသားနေသူ တယောက် အဖြစ် သိထားတယ်။ နိုင်ငံတကာ ရုပ်သံ မီဒီယာ တွေ့ဆုံမေးမြန်းခန်းတွေကနေ အရှင်ဝီရသူ သီတင်းသုံး နေထိုင်ရာ ကျောင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေပေါ် စာတွေရေးတင်၊ ဆရာတော်ရဲ့ လှုပ်ရှားမှုတွေကို သတင်းတွေ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ရှိကြောင်း၊ အာဘော် ဆောင်းပါးတွေကို ဆရာတော် ကိုယ်တိုင် ရေးကြောင်း မှတ်သားခဲ့ရဖူးတယ်။

အရှင်ဝီရသူမှာ စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်၊ ဗဟုသုတ၊ အတွေ့အကြုံနဲ့ ပြောစရာတွေ အများကြီး ရှိမယ် ဆိုတာ ခန့်မှန်းနိုင်တယ်။ ဒါပေမယ့် အခုလို စာနယ်ဇင်း သင်တန်းဖွင့် အခြားသူများကို ပြန်လည် ပို့ချနိုင်တဲ့ စာနယ်ဇင်း အတတ်ပညာနဲ့ အရည်အသွေး ရှိ မရှိ ဆိုတာတော့ ဝေဖန် ဆန်းစစ်ရမယ့် ကိစ္စ ဖြစ်တယ်။

Journalism ဆိုတဲ့ စာနယ်ဇင်း အတတ်ပညာဟာ အသက်မွေးဝမ်းကြောင်းမှု တမျိုး ဖြစ်တယ်။ စနစ်တကျ လေ့လာသင်ယူ ရတဲ့ ပညာရပ် တခု ဖြစ်တယ်။ ဝါသနာအလျောက် လေ့လာလိုက်စားသူများလည်း ရှိနိုင်တယ်။ ဒါပေမယ့် Professional Journalism အသက်မွေးဝမ်းကြောင်း စာနယ်ဇင်း အတတ်ပညာမှာ ကျယ်ပြန့်တဲ့ အကြောင်းအရာ၊ ကဏ္ဍ၊ ကျင့်ဝတ် ပေါင်း မြောက်မြားစွာအတွက် စည်းကမ်းတကျ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုတယ်။ သတင်း ရယူပုံ၊ သတင်း တင်ပြပုံ၊ ရေးသားပုံ၊ နေရာ အထားအသို၊ စာသား၊ ရုပ်သေ/လှုပ်ရှားမှု ရုပ်ပုံ၊ အသံ အသုံးပြုပုံ အစရှိတဲ့ စာနယ်ဇင်း အလုပ် အသီးသီးအတွက် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ရှိတယ်။ စောင့်ထိန်းရမယ့် သီလတွေ ရှိတယ်။ ရဟန်းမှာ ရဟန်းဝိနည်း ရှိသလို စာနယ်ဇင်းသမားများမှာလည်း စာနယ်ဇင်း ကျင့်ဝတ် သီလ ထိန်းသိမ်းရမှုတွေ ရှိတယ်။



အရှင်ဝီရသူဟာ ရဟန်းဖြစ်တာကြောင့် စာနယ်ဇင်းအလုပ်ကို အသက်မွေးဝမ်းကြောင်း မလုပ်ခဲ့၊ မလုပ်နေဘူး ဆိုတာ ထင်ရှားတယ်။ စနစ်တကျ ကိုယ်ပိုင် လေ့လာဖူးသလား ဆိုတာတော့ မနီးစပ်တဲ့အတွက် အတပ် မပြောနိုင်ပါ။ ဒါပေမယ့် စာနယ်ဇင်း မေးမြန်းခန်းတွေ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေကနေ သူ့ရဲ့ ပြောဆိုဟောကြားချက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ်၊ သီလ၊ တာဝန် ရှုထောင့် ကနေ ဆိုရရင် စံမမီတာ တွေ့နိုင်သလို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက် သဘောထားတွေနဲ့ မလျော်ညီတာတွေကိုလည်း တွေ့နိုင်တယ်။

ဥပမာ – ဆရာတော်ကို BBC Jonah Fisher က တွေ့ဆုံ မေးမြန်းရာမှာ လူမျိုး ဘာသာ အုပ်စုတစု မှာ တဦးချင်း သဘော ကောင်းသူ၊ ဆိုးသူ ဒွန်တွဲ ရှိနေမှုကို မရှုမြင်ဘဲ အားလုံး တသမတ်တည်း ပုံသေကားချပ်ချ (Stereotype)၊ အစွဲ နဲ့ ကောက်ချက်ချ (Prejudice) ပြန်ဖြေထားတာ တွေ့ရတယ်။ “မွတ်ဆလင်တွေဟာ အင်အားများလာပြီဆိုရင်တော့ ဝံပုလွေတွေ၊ မြေခွေးတွေလိုပဲ အုပ်စုဖွဲ့ပြီး တခြား သတ္တဝါတွေကို အနိုင်ကျင့်တတ်တယ်..။” (YouTube URL: http://youtu.be/nSihfWY41So တွင် နားဆင်နိုင်ပါတယ်။) ဒီလို လူမျိုး ဘာသာ အုပ်စုတခုကို ပုံစံချ သတ်မှတ်မှုဟာ နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ အရ လူမျိုး/ဘာသာ ခွဲခြားမှု မြောက်ပါတယ်။ ဗမာပြည်သာ ၁၉၆၉ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ညီလာခံ ကို လက်မှတ်ထိုး သဘောတူထားခဲ့ရင် ဥပဒေအရ အရေးတောင် ယူနိုင်တယ်။

ဆရာတော် ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း အနည်းဆုံး အဆင့် အခြား ဘာသာလူမျိုးကွဲ အပေါ် ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေဟာ တဖက်အုပ်စုက ရင့်သီး၊ စော်ကားတယ်လို့ ခံယူထားတဲ့ အသုံးအနှုန်းတွေကို လှိုင်လှိုင်သုံး သတင်းတွေ တင်ဆက်၊ စာတွေ ရေးသားနေတာ တွေ့ရတယ်။ ဒါ့အပြင် ဆရာတော်ဘုရားရဲ့ တရားပွဲတွေမှာ ဟောကြားနေတဲ့ အသုံးအနှုန်းတွေ၊ သဘောထားတွေကလည်း နိုင်ငံတကာ စံနှုန်းတွေ၊ ဥပဒေတွေအရ ကြည့်ရင် “အမုန်းတရား (Hate Speech)” အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်တယ်။

“ကုလား မှန်သမျှ ဗမာမြင်ရင် ကြောက်လန့်နေရမယ်” ဆိုတဲ့ ဟောပြောမှုမျိုးတွေ အပြင် ဆရာတော် သက်တော် ငယ်ရွယ်ချိန်က ဟောကြားခဲ့တယ်လို့ ယူဆရတဲ့ ရုပ်သံမှတ်တမ်းဟောင်း တခုမှာဆိုရင် “မန္တလေးက မွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင် လုပ်ပြမယ်” ဆိုတဲ့ အဟောမျိုး အထိ ကြားနာခဲ့ရဖူးတယ်။ ဒီလို ဟောပြောမှုမျိုးဟာ တဖက် လူမျိုး ဘာသာ အုပ်စုဝင်တွေကို ကာယကံမြောက် အကြမ်းဖက်မှုမျိုး မပြုသည့်တိုင် ခြိမ်းခြောက်မှုမြောက်နေတာ တွေ့ရတယ်။ အမုန်းတရားပွားမှုကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ တိုင်းပြည်မျိုးသာ ဆိုရင် ဆရာတော်ကို ဥပဒေ အရ အရေးယူနိုင်တယ်။

ဒီလို သဘော၊ အလုပ်တွေကို ထောက်ချင့်ပြီး ဆရာတော်မှာ နိုင်ငံတကာ စံနှုန်းတွေကို သိနားလည်မှု နည်းကြောင်း၊ မတူကွဲပြားမှုတွေကို သည်းခံ နားလည်နိုင်စွမ်းတဲ့ ယဉ်ကျေးပြီး ၂၁ ရာစု လူသား တဦး စောင့်ထိန်းရမယ့် အသိ၊ ကျင့်ဝတ်တွေကို သိနားလည် လက်ခံမှု နည်းနေကြောင်း၊ သတင်း ဆောင်းပါးများ ရေးသားရာမှာ စောင့်ထိန်းရမယ့် စာနယ်ဇင်း တာဝန်၊ ကျင့်ဝတ်တွေကို လျစ်လျူရှု ပျက်ကွက်နေကြောင်း သုံးသပ်နိုင်တယ်။ ဒီလို နောက်ခံမှာ အခု ဆရာတော်က ပြန် စာနယ်ဇင်း သင်တန်း ပေးမယ် ဆိုနေပြန်တော့ ဘယ်လို သဘောထားတွေ၊ ဘယ်လို စံနှုန်းတွေ သွန်သင် ဟောကြား ပြောဆိုမယ် ဆိုတာကို နိုင်ငံသား တယောက် အနေနဲ့ စိုးရိမ်မိတယ်။

“ကမ္ဘာကြီး အမှန်ကို သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့” ခေါင်းစဉ် နဲ့ အစပြု သံတွဲမြို့၊ သိမ်ကုန်းကျောင်းတိုက်မှာ ဆရာတော် မီဒီယာသင်တန်းပို့ချနေမှု သတင်းဓာတ်ပုံကိုလည်း ကြည့်လိုက်ရတယ်။ ခေတ်သစ် အိုင်တီ နည်းပညာ ကမ္ဘာကြီးမှာ လူထုကြားက လူထုစာနယ်ဇင်းသမားများ ထွန်းကား များပြား၊ လူမှုကွန်ရက်စာမျက်နှာတွေ အသုံးချ လူထု အသံတွေ ထုတ်ဖော်လာခြင်းဟာ ကောင်းမွန်တဲ့ တိုးတက်မှု ဖြစ်တယ်။ ကမ္ဘာမှာ နိုင်ငံရေး အပြောင်းအလဲတွေတောင် လူမှုကွန်ရက်စာမျက်နှာများ ကျေးဇူးမကင်းပါဘူး။

အခု ဆရာတော်ဘုရားကလည်း စာနယ်ဇင်းမှာ လူထုမီဒီယာ သဘော Facebook ကို အသုံးပြု ကမ္ဘာကြီးကို အမှန်တွေ တင်ပြကြစို့ တိုက်တွန်း သင်ကြားခြင်းကို စာရေးသူအနေနဲ့ အပြည့်အဝ ထောက်ခံ ကြိုဆိုတယ်။ ဆရာတော် တင်ပြတဲ့ “အမှန်” ဆိုတဲ့ အချက်ကို အကြောင်းအရာ အပေါ် ကိုယ်ပိုင် ဆင်ခြင်သုံးသပ်ပြီး စာရေးသူ လက်ခံခြင်း မခံခြင်းက တကဏ္ဍ ဖြစ်တယ်။ ဆရာတော်ရဲ့ မိမိ ယုံကြည်ရာ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် အတွက် စာရေးသူ အနေနဲ့ အသက်နဲ့ရင်းပြီး ကာကွယ်ချင်တဲ့ ဆန္ဒရင်းခံ အမှန်ရှိတယ်။

ဒါပေမယ့် ဟောပြောမှု၊ သင်ကြားပြသမှုတွေ အားလုံးဟာ လူမျိုး၊ ဘာသာ၊ လူမှု အလွှာ၊ နိုင်ငံရေး အုပ်စု၊ ကျားမ လိင်၊ လိင်တိမ်းညွတ်မှု အစရှိတဲ့ မတူကွဲပြားမှု ရှိတဲ့ အုပ်စု တစုစု ကို ချိုးနှိမ်ခြင်း၊ ခွဲခြားခြင်း၊ ထိခိုက်စေခြင်း၊ အမုန်းပွားစေခြင်း ကင်းဖို့တော့ လိုတယ်။ ဒါမှသာ ခေတ်သစ် ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆို၊ ဆန္ဒ သဘော ထုတ်ဖော်ခွင့် (Freedom of Expression/ Freedom of Speech) ဖြစ်ပါမယ်။

လူမျိုး၊ ဘာသာ အုပ်စုတခုခု အပေါ် အမုန်းပွားစေမှု၊ မတူကွဲပြားတဲ့ အုပ်စုများ အကြား အမြင်မကြည်လင်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်စေ၊ အငြိုးအတေး၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ်စေမယ့် ပြောဆိုမှုမျိုး မဖြစ်ရင် ဆရာတော် ရဲ့ ရေးသား၊ ဟောကြား၊ ပို့ချချက် အားလုံးကို စာရေးသူအနေနဲ့ လုံးဝ ဘာမှ စောဒက တက်စရာ မရှိပါ။ တဖက် အုပ်စု တခုခုကို မတိုက်ခိုက်၊ ထိခိုက် နစ်နာစေခြင်း မရှိဘဲ လူမှုကွန်ရက် အွန်လိုင်စာမျက်နှာများကို အသုံးချပြီး ဗုဒ္ဓ ရဲ့ တရား၊ ဓမ္မတွေကို ဘုရား သားတော် တပါး အနေနဲ့ ပြန်လည် ဖြန့်ဖြူးခြင်း၊ လူမျိုး၊ ဘာသာ၊ သာသာနာ ဖွံ့ဖြိုးတိုးတက် စည်ပင်အောင် ကြံဆောင်ခြင်း အားလုံးကိုလည်း အပြည့်အဝ လက်ခံတယ်။

ကမ္ဘာ့ အထင်ရ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ ဒလိုင်လားမားမှာ တရားဝင် Facebook နဲ့ Web Page ရှိတယ်။ ဗုဒ္ဓ တရားမြတ်တွေကို ဟောကြား၊ သာသနာပြုနေရင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေး တွေကို အွန်လိုင်းမီဒီယာ အသုံးချ ကျယ်ကျယ်ပြနြ့်ပန့် ဆောက်ရွက်နေတယ်။ ကမ္ဘာမှာ အခြား ဘာသာကွဲများ အပါအဝင် လူသား သန်းပေါင်းများစွာရဲ့ ကြည်ညို လေးစား ထောက်ခံမှု ရနေတာက သဓကပါ။

ဗုဒ္ဓ ဘာသာရဲ့ အဓိက လမ်းစဉ်ကြီးဟာ မေတ္တာတရား ပွားများခြင်း ဖြစ်တယ် လို့ စာရေးသူ အနေနဲ့ နှစ်နှစ်ကာကာ ယုံကြည်တယ်။ တနည်းအားဖြင့် ဗုဒ္ဓ လမ်းစဉ်ဟာ သံသရာ မလွတ်မြောက်ခင် စပ်ကြားမှာ လောဘ၊ ဒေါသ၊ မောဟ ကို ကင်းအောင်ထား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို ရှုမြင်၊ အမုန်း အာဃာတ တရားတွေကို ချေဖျက်၊ လူသားအချင်းချင်း ချစ်ခြင်း မေတ္တာတည်ဆောက်မှုကိုသာ အဓိက ဇောင်းပေး သင်ကြားပြသတယ်လို့ မှတ်သိခဲ့ရတယ်။ ဒီ သဘောဟာ ခေတ်သစ် လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ ယဉ်ကျေးမှု အမြင်တွေနဲ့လည်း ကိုက်ညီ၊ ပေမီ ဒေါက်မီပြီး ဖြစ်တယ်။

ဒါကြောင့် ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ကုလ မျိုးနွယ်၊ ဇာတိ၊ အသားအရောင် ဆိုတဲ့ တကယ် စစ်မှန်မှု ပရမတ်တရား မဟုတ်တဲ့ ပညတ်ချက်တွေကို ထည့်သွင်း မစဉ်းစားဘဲ ရုပ် နာမ် နှစ်ပါးနဲ့သာ ဖွဲ့စည်း တည်ရှိတဲ့ လူသားအချင်းချင်း မေတ္တာ ပွား၊ အမုန်းတရား လျော့ပါးစေရေး တရား၊ ဗုဒ္ဓ ဝါဒ လမ်းစဉ် အစစ် နဲ့ အညီ ဆိုရင် တရား ဓမ္မ ဟောပြောမှုတွေကို Facebook သုံးပြီး ဖြန့်ခိုင်းတာ ဆရာတော်ကို ထောက်ခံ ကြိုဆိုရပါမယ်။ ဗမာ့ လူ့ အဖွဲ့အစည်း ငြိမ်းချမ်း သာယာ၊ ဖွံ့ဖြိုးတိုးတက် စိတ္တ၊ သုခ နှစ်ဖြာ ချမ်းသာရေး ရည်မျှော် “အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့” လို့တောင် ပြန်လည် ကြွေးကြော်၊ နှိုးဆော်၊ တိုက်တွန်းချင်ကြောင်းပါ ခင်ဗျာ။

(စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဤ စာနှင့် ပတ်သက်၍ ဝေဖန်၊ အကြံပြုလိုသူများ nyeinchanaye81@gmail.com သို့ စာရေးဆက်သွယ်နိုင်သည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 21, 2014

မြန်မာအသင်း(ကိုရီးယား)တွင်အခမဲ့ ဆေးစစ်၊ဆေးကုရှိပါသည်။

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

မေတ္တာရှင် ကိုရီးယား နယ်လှည့် ဆေးကုဆရာဝန်များအသင်းက လာမည့် ၂၀၁၄ မတ်လ ၂၃ရက်၊ တနင်္ဂနွေနေ့ ၊ နေ့ လည် ၂ နာရီမှ ညနေ ၄ နာရီထိ ၊ မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ဘူချောန်းမြို့ ရွှေ့ပြောင်းသူများရိပ်သာ (부천외국인 근로자의집) တွင် အောက်ဖော်ပြပါ ရောဂါများကို ဦးရာလူစနစ်ဖြင့် ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။  ။

- အိပ်စ်ရေး ၊ ဓါတ်မှန် ရိုက်ကူးခြင်း
- အာလ်ထရာဆောင်း ရိုက်ကူးပေးခြင်း
- သွား ရောဂါအမျိုးမျိုးကုသပေးခြင်း
- မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါအမျိုးမျိုးကုသပေးခြင်း
- သားဖွား နှင့် မီးယပ်ရောဂါအမျိုးမျိုးတို့ဖြစ်သည်။


ဆက်သွယ်ရန်၊ ၊
ဦးခင်မောင်ရင်  ... ၀၁၀ - ၂၇၈၈ - ၇၁၅၃ 
ဦးသန့်ဇင်အောင်…ဝ၁ဝ-၉ဝ၅၄-၄၇၂၇ 
ဦးဘိန်း            … ဝ၁ဝ-၂၂၁၇-၇၃၉၁


မှတ်ချက်။ လူဦးရေများပြားသောကြောင့် ကြိုတင်သွားရောက်၍ တိုကင်များကိုယူထားရန်။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 20, 2014

နိုင်ငံခြားသားအလုပ်သမားထောက်ပံ့ရေးစင်တိုင်းမှာ မြန်မာစကားပြန်ထားဖို့အတွက် ထောက်ပံ့ငွေပေါင်း ၁၀သိန်း ၇သောင်းရှိပါပြီ

ရေးသားသူ — စိုးမိုးသူ

နိုင်ငံခြားသား ထောက်ပံ့ရေး စင်တာတွင် မြန်မာစကားပြန်ထားဖို့အတွက် ၀ိုင်းဝန်း ပံ့ပိုးကြတဲ့
လက်ရှိ အလှူရှင်များစာရင်းပါ။(စာရင်းပေးထားပြီး မိမိအမည်မပါပါက ပြောပါ)

  1. နောက်အပတ်ထဲမှာ အလှူငွေကို ဘဏ်ကနေ အော်တိုဖြတ်တဲ့စနစ်၊
  2. စင်တာတွင် စကားပြန်လုပ်မယ့်သူနဲ့ လုပ်ကိုင်ရမယ့် အလုပ်စာရင်းများ၊
  3. သွားရောက်လုပ်ကိုင်ရမယ့် စင်တာအမည်ကို ပြောပြပါမယ်။
စာရင်းပေးထားပြီး အလှူရှင်များနဲ့ စာရင်းပေးမယ့် အလှူရှင်များအနေနဲ့
(လက်ရှိ ဗီစာရှိသူများ)
၁။  ID CARD နံပတ်

၂။ ဘဏ်အကောင့်နံပတ်နဲ့ ဘဏ်အမည်(သင်တန်းကျောင်းကလုပ်ပေးတဲ့ဘဏ်မရပါ။အိုင်ဒီကတ်နဲ့လုပ်ထားတဲ့ဘဏ်ဖြစ်ရပါမယ်။)

၃။ ဖုန်းနံပတ်

၎။ လှူမယ့်ငွေ ပမာဏ စသည်ကို

ဖေ့ဘွတ်မက်ချေ်ကနေ ပို့ပေးပါ။ https://www.facebook.com/smthu2006
လစဉ်အော်တိုငွေဖြတ်စနစ်ဖြင့် လက်ခံသွားပါမယ်။
လက်ရှိဗီစာမရှိသူများအနေဖြင့် အော်တိုငွေဖြတ်စနစ်က မရတာမို့
အောက်ပါ ဘဏ်အကောင့်ကို လစဉ်ငွေသွင်းပေးခြင်း၊
သို့မဟုတ်
၃လစာ၊၆လစာ စသဖြင့် ကြိုတင်ငွေပို့လှူဒါန်းနိုင်ပါတယ်။
လှူဒါန်းငွေ ပေးပို့ရန် ဘဏ်အကောင့်
110-351-342650
Shinhan bank(ဘဏ်ကုတ်နံပါတ် 088)
신한은행
SOEMOETHU

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 19, 2014

ဘ၀တူများအတွက် ဖေးမကူညီမည့် အလှူငွေကောက်ယူခြင်း ပြီးစီးသွားပါပြီ

ရေးသားသူ —စိုးမိုးသူ

လုပ်အားခ မပေးပဲ အဆောင်ကနေ နှင်ချခံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာညီအကို အယောက်၂၀အတွက် အလှူငွေကောက်ယူခြင်းကို အပြီးသတ်လိုက်ပါတယ်။

ဆက်လက်လှူဒါန်းရန် ဆန္ဒရှိသူများအနေဖြင့် တာဝန်ခံဦးဆောင်သူ ကိုပြည့်ဖြိုးအောင် 010-583-11328ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ကောက်ခံရရှိငွေ စုစုပေါင်း ၁၂သိန်း ၃သောင်းကို ကိုပြည့်ဖြိုးအောင်ထံ ပေးအပ်လိုက်ပါပြီ။

တတ်နိုင်တဲ့ဘက်က တတပ်တအား ပါဝင်လှူဒါန်းကြသူ ညီအကိုများအားလုံးကို အထူး လေးစား ဂါရ၀ပြုပါတယ်။
                                                                                                               စိုးမိုးသူ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကိုရီးယားနိုင်ငံ ဘူဆန် ဂင်မ်ဟဲ မြို့ရှိ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်ဖွင့်ပွဲ ဖိတ်ကြားလွှာ




ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂင်မ်ဟဲ မြို့ အနီးအနားရှိ ရွှေမြန်မာ ညီအစ်ကိုများ၏ စုပေါင်းမတည်ငွေများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော ရွှေအလင်းတန်း မြန်မာအသင်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ဘုရားအမှူးးရှိသော သံဃာတော် အရှင်သူမြတ်များကို ဆွမ်းဆက်ကပ်လှူဒန်းပြီး ရပ်ဝေး ၊ ရပ်နီးမှ မိတ်ဆွေ သင်္ဂဟ များ နှင့် ရွှေညီအစ်ကိုများ အားလုံးကို အကျွေးအမွေးများဖြင့် တည်ခင်း ဧည့်ခံမည် ဖြစ်ပါ၍ ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်သည် ။ 

နေ့ရက်...... ၁၃၇၅-ခုနှစ် ၊ တပေါင်းလပြည့်ကျော် (၈) ရက် ၊ ၂၃-၃-၂၀၁၄
                (တနင်္ဂနွေနေ့)

အချိန်....... ဧည့်ခံကျွေးမွေးမည့်အချိန် နံနက်(၁၀း၀၀)နာရီ မှ
                နေ့လည် (၁း၀၀)နာရီ အထိ

                နေ့လည်(၁၁း၀၀) တွင် ဆွမ်းကပ်လှူမည်

                 တရားဟောကြားမည့်အချိန် နေ့လည် (၁၂း၀၀) နာရီ

နေရာ.......... 경남 김해시 서상동 115-1 번지
                   အမှတ် ၁၁၅ - ၁ ၊ တတိယထပ် ၊ ဂင်မ်ဟဲမြို့ ဆော်ဆန်းရပ်ကွက်-
                   ဖုန်း---၀၅၅-၃၃၆-၃၀၇၀

ဆက်သွယ်ရန်-----ကိုမင်းလတ် 010-7459-3070 ( တာဝန်ခံ )
ကိုတိုးသူရ 010-8916-7619 ( တာဝန်ခံ )
ကိုဇော်မင်း 010-5946-6694 ( ပြန်ကြားရေး တာဝန်ခံ )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အားလုံးအတွက် ၀ိုင်းဝန်း ပူးပေါင်းကြဖို့ ဖိတ်ခေါ်ပါတယ်။

ရေးသားသူ — စိုးမိုးသူ

ဘူဖြောင်းမှာ နိုင်ငံခြားသားလူ့အခွင့်အရေးစင်တာရှိတယ်။
နံမည်အပြည့်အစုံက
한국이주인권센터 (http://www.migrant114.org/)
လိပ်စာက
http://www.migrant114.org/info_design/info_design.asp?info_code=A05
အဲ့ဒီစင်တာက မြန်မာနိုင်ငံသားတွေ အခက်အခဲဖြစ်လာရင် ထိထိရောက်ရောက်တက်တက်ကြွကြွ ကူညီပေးတယ်။
အတွေ့အကြုံရင့်ကျက်တာမို့ ပြသနာတော်တော်များများကို ပြေလည်အောင်ဆောင်ရွက်ပေးနိုင်တယ်။ အင်ချွန်း၊ကင်ပို၊ အန်ဆန်းက မြန်မာတွေအတွက် အားထားရာဖြစ်လာပြီလေ။
ဒါပေမယ့် အဲ့ဒီမှာ မြန်မာစကားပြန်မရှိတာမို့
ဘာသာစကားကြောင့် အမှုလာတိုင်သူတွေကော
စင်တာကော အမှုကိုလက်ခံရတာ အခက်အခဲတွေ့နေရတယ်။

ဒီတော့
စင်တာမှာ တနင်္ဂနွေနေ့တိုင်း မြန်မာစကားပြန်တယောက်ကို
တရက် ၀မ်၅သောင်းနဲ့ ခန့်ထားချင်တယ်။၁လကို ၂သိန်းပေါ့။
ဘာသာပြန်သူက အမှုလာအပ်မယ့် ညီတို့နဲ့ စင်တာ တာဝန်ခံအကြား
ဘာသာပြန်ပေးတဲ့ အလုပ်ကို လုပ်ပေးလိမ့်မယ်။

မြန်မာစကားပြန်ကိုတော့ ဒီမှာ ကိုရီးယားဘာသာကျောင်းလာတက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေထဲကဖြစ်ဖြစ် ကိုရီးယားစကားကျွမ်းကျင်သူပဲဖြစ်ဖြစ် သင့်တော်သူကို အကူညီတောင်းမယ်။
တလမှာ တနင်္ဂနွေ၎ရက်ရှိတာမို့
ဘာသာပြန်အတွက် တရက်၅သောင်းနဲ့ တလ၂သိန်းလိုအပ်တယ်။

ငွေမယူပဲ ဘာသာပြန်ပေးမယ့် စေတနာဝန်ထမ်းကို လက်ခံပေမယ့်
ရေရှည်လုပ်ပေးနိုင်ဖို့အတွက်
ငွေပမာဏ နည်းသော်လည်း ကုသိုလ်ပါ အတူရစေမယ့် အလုပ်ကို လုပ်ပေးမယ့်
ဆန္ဒရှိသူတွေ ရှိလိမ့်မယ်လို့ မျှော်လင့်တယ်။

ဒီတော့ စင်တာမှာ မြန်မာဘာသာပြန်ထားရှိဖို့အတွက်
လစဉ်အလှူရှင် တယောက်၁သောင်းနဲ့ အယောက်၂၀ လိုတယ်။

တတ်နိုင်သူတွေ၊
မတတ်နိုင်လည်း ပါဝင်လိုသူတွေ အယောက်၂၀စာရင်းပေးနိုင်ပါတယ်။

အခုလို ဘာသာပြန်တဲ့သူကို ခန့်ထားတာကို ဘူဖြောင်းစင်တာကစတင်လိုက်ပြီး
အားလုံး ၀ိုင်းကျလို့ ဘဏ္ဍာငွေတောင့်တင်းလာရင်
အခြားဒေသတွေက စင်တာတွေမှာလည်း အလားတူ ဘာသာပြန်ကို ခန့်သွားမယ်။
ဒါဆို ကာလတခုရောက်ရင် ဒေသ အသီးသီးက စင်တာတိုင်းမှာ
တို့ကိုယ်တိုင်ခန့်ထားတဲ့ မြန်မာဘာသာပြန်တွေရှိမယ်။
ဒုက္ခရောက်လာလို့ အမှုလာအပ်တဲ့ မြန်မာတွေလည်း အဆင်ပြေမယ်။

အဲ တခုတော့ ကြိုပြောထားမယ်။
ငွေလှူထားတာမို့ တန်အောင်ခိုင်းမယ်။
အသေးအဖွဲကအစ တောင်းဆိုမယ်၊
ပြသနာတိုင်း အကုန်အောင်မြင်အောင် လုပ်ပေးရမယ်
ဘာသာပြန်သူကို တနင်္ဂနွေမဟုတ်တဲ့ အခြားရက်တွေ၊
နေ့ရော ညပါ အကူတောင်းမယ်ဆိုတဲ့ သဘောနဲ့တော့ လာမပူးပေါင်းပါနဲ့။

ကဲ အလှူရှင် စာရင်းစကောက်ပြီ။
အလှူငွေ ပေးလှူရမယ့် ဘဏ်အကောင့်ကို လူပြည့်ရင်ပေးပါမယ်။
ခုတော့ နံမည်စာရင်းပဲအရင်ကောက်ပါမယ်။
၁။ စိုးမိုးသူ 10000 ၀မ်

ပူးပေါင်းလိုသူများ 010-7155-6581 ကျတော့်ဖုန်း ကိုဆက်သွယ်နိုင်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 18, 2014

ဘ၀တူများအပေါ် ဖေးမကူညီကြသူများ စာရင်း(3)

ရေးသားသူ — စိုးမိုးသူ

လုပ်အားခ မပေးပဲ အဆောင်ကနေ နှင်ချခံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာညီအကို အယောက်၂၀အတွက် ဒီနေ့ လှူဒါန်းကြတဲ့ ငွေအလှူရှင်စာရင်းပါ။

၁၆ရက်၊ ၁၇ရက်နေ့က ရရှိတဲ့ ငွေအားလုံးကို တာဝန်ခံဦးဆောင်သူ ကိုပြည့်ဖြိုးအောင် 010-583-11328ကို ပေးပို့လှူဒါန်းပြီးပါပြီ။
ဒီနေ့ရရှိတဲ့ အလှူငွေများကိုလည်း နက်ဖြန် လှူဒါန်းပေးပါမယ်။

ဂွမ်ဂျူးက ညီအကိုတွေကလည်း ညီအကိုတို့ရဲ့ မွန်မြတ်တဲ့ အလှူငွေတွေကို ကိုယ်ကျိုးအတွက် မသုံးပဲ မိမိတို့အားလုံး အတွက် လိုအပ်သလောက်သာသုံးပြီး ကျန်ရှိငွေကို အများအတွက် မြန်မာအသင်းတဖွဲ့တည်ထောင်ကာ မိမိတို့လို အခက်အခဲတွေ့သူ မြန်မာညီအကိုများကို ပြန်လည်ထောက်ပံ့လှူဒါန်းပေးသွားမယ်လို့
ကတိပြုထားပါတယ်။

အခုလို မိဝေး ဘဝေး တိုင်းတပါးမှာ ရောက်ရှိရပေမယ့်
အခုလို မိသားစုသဖွယ် ဖေးမကူညီကြတဲ့
ညီအကိုမောင်နှမများအားလုံးကို လေးစားဂါရ၀ပြုပါတယ်။

အားလုံး သာဓုပါဗျာ။

။။။။။။။။။။။။။။။။။။။။။မွန်မြတ်သော အလှူရှင်များ စာရင်း။။။။။။။။။။။။။။။။။။။။။။။။။။

ဘဏ်မှ လှူဒါန်းသူများ
1. 힐라 20,000
2. PHO KAN 50,000
3.WAI NWE 30,000
4.HTAY LI 50,000
5.THET PA 50,000
6.YE WIN H 50,000
7.THEINTHAN 20,000
8.흐텟흐텟아웅 30,000
=====================
စုစုပေါင်း အလှူငွေ 300,000

လှူဒါန်းငွေ ပေးပို့ရန် ဘဏ်အကောင့်
110-351-342650
Shinhan bank(ဘဏ်ကုတ်နံပါတ် 088)
신한은행
SOEMOETHU

စိုးမိုးသူ (မန်းနေဂျင်းဒါရိုက်တာ)
010-7155-6581
ပိတောက်ရိပ်ကုမ္ပဏီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 17, 2014

ဘ၀တူများအပေါ် ဖေးမကူညီကြသူများ စာရင်း(2)

ရေးသားသူ — စိုးမိုသူ

လုပ်အားခ မပေးပဲ အဆောင်ကနေ နှင်ချခံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာညီအကို အယောက်၂၀အတွက် ဒီနေ့ လှူဒါန်းကျတဲ့ ငွေအလှူရှင်စာရင်းပါ။
မနေ့ကနဲ့ဒီနေ့ ရရှိတဲ့ ငွေအားလုံးကို တာဝန်ခံဦးဆောင်သူ ကိုပြည့်ဖြိုးအောင် 010-583-11328ကို ပေးပို့လှူဒါန်းလိုက်ပါမယ်။
။။။။။။။။။။။။။။။။။။။။။မွန်မြတ်သော အလှူရှင်များ စာရင်း။။။။။။။။။။။။။။။။။။။။။။။။။။

ငွေသားဖြင့် လှူဒါန်းသူများ။
၁။ ကိုစံလင်း 20000

ဘဏ်မှ လှူဒါန်းသူများ
2. 양포 25,000
3. 신오 25,000
4. 테이민 30,000
5. 펭서 20,000
(ပေါင်း 100,000)

မနေ့က ရရှိ အလှူငွေ   810,000
ယနေ့                      120,000
====================
စုစုပေါင်း အလှူငွေ      930,000

လှူဒါန်းငွေ ပေးပို့ရန် ဘဏ်အကောင့်
110-351-342650
Shinhan bank
SOEMOETHU
စိုးမိုးသူ (မန်းနေဂျင်းဒါရိုက်တာ)
010-7155-6581
ပိတောက်ရိပ်ကုမ္ပဏီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Let’s Read English (1)



အင်္ဂလိပ်စာ ဖတ်ရအောင်


Obama Calls Putin To Condemn Actions, Suspends U.S. Participation In G-8 Prep

March 2, 2014 Huff Post


အင်္ဂလိပ်စာဖတ်တတ်အောင် လေ့ကျင့်ဖို့အတွက် ဒီသတင်းကို ဖတ်ကြည့်ပါ။ ဘာသာပြန်ကို အရင်မကြည့်မိအောင် စာပိုဒ်တစ်ပိုဒ်ချင်းအောက်မှာပဲ စကားလုံးတွေရဲ့ အနက်ကိုပေးထားပါ့မယ်။ အရင်ဆုံး ကိုယ့်ဘာသာကိုယ် နားလည်အောင် ဖတ်ကြည့်ပါ။ မသိမှပဲ ဝေါဟာရအဓိပ္ပါယ်ကို ကြည့်ပါ။ ဒါမှ ဖတ်တတ်လာမှာပါ။ အစပိုင်းမှာ ကြုံတတ်တဲ့ အခက်အခဲတွေကို သီးခံကျော်လွှားနိုင်ရင် ၆ လလောက်အတွင်းမှာ သိသိသာသာတိုးတက်လာတာကို လက်တွေ့သိမှာပါ။ ဆရာတော် ဦိးဇောတိက စကားနဲ့ပြောရရင် စဖြစ်ဖို့နဲ့ စွဲမြဲဖို့က အဓိကပါ။

မျဉ်းသားထားတဲ့ အပြာရောင်စကားလုံးတွေကလွဲရင် တခြားမျဉ်းသားပြီး အရောင်ဆိုးထားတာတွေက စကားစုတွဲလိုက် မှတ်သားသင့်တဲ့ဟာတွေ ဖြစ်ပါတယ်။ ၀ိဘတ်တွေကိုတော့ အနီရောင် ခြယ်ပေးထားပါတယ်။ စာရေးသူကိုယ်တိုင်လည်း အချိန်ကရှားပါးလွန်းလို့ ဆိုလိုရင်းကို နားလည်အောင်ပဲ ဘာသာပြန်ပါရစေ။ စာဖတ်သူက ဒီထက်ကောင်းကောင်း ဘာသာပြန်နိုင်အောင် အားထုတ်သင့်ပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။

အလေးအနက် တိုက်တွန်းချင်တာက အလွယ်လိုက်ပြီးတော့ ဘာသာပြန်ကို အရင်မကြည့်ပါနဲ့။ ပေးထားတဲ့ ဝေါဟာရအနက်လောက်ကိုပဲ ကြည့်ပြီးတော့ အနည်းဆုံး သုံးလေးခေါက်တော့ နားလည်အောင် ကြိုးစားဖတ်ပါ။ တစ်ခေါက်ထက်တစ်ခေါက် ပိုနားလည်လာတာကို တွေ့ရမှာပါ။ စမ်းကြည့်ပါ။ ဖြစ်ကိုဖြစ်ပါတယ်။

U.S. President Barack Obama called Russian President Vladimir Putin on Saturday, condemning Russia's escalation of tensions with Ukraine.

(called; phoned ဖုန်းခေါ်တာ။ condemn ရှုတ်ချတာ။ escalate တိုးပွါးလာတာ၊ မြင့်တက်လာတာ။ tensions တင်မာမှုတွေ)


According to a White House release, the phone conversation lasted 90 minutes, with the U.S. calling on Russia to refrain from any further interference to Ukraine's sovereignty. The exchange comes one day after Obama warned Russia on "destabilizing" violations of that nature.

(according to အရ။ press release သတင်းထုတ်ပြန်ချက်။ called on တောင်းဆိုတာ။ refrain ရပ်တန့်တာ။ interfere ၀င်ရောက် စွက်ဖက်တာ။ sovereignty အချုပ်အခြာအာဏာ။ exchange နှစ်ဖက် စကားပြောတာ။ destabilize မတည်မငြိမ်ဖြစ်စေတာ။ violations ချိုးဖောက်တာတွေ)


"President Obama told President Putin that, if Russia has concerns about the treatment of ethnic Russian and minority populations in Ukraine1, the appropriate way to address them is peacefully through direct engagement with the government of Ukraine2 and through the dispatch of international observers under the auspices of the United Nations Security Council3 or the Organization for Security and Cooperation in Europe (OSCE)," the release read.

1.ယူကရိန်းမှာရှိတဲ့ ရုရှားလူနည်းစုတွေအပေါ် ဆက်ဆံတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှု 2. ငြိမ်းငြိမ်းချမ်းချမ်း တိုက်ရိုက်ထိတွေ့ဆက်ဆံမှု 3. ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့သဘောတူညီချက်အရ)


Below, the full readout (via The White House):


President Obama spoke for 90 minutes this afternoon with President Putin of Russia about the situation in Ukraine. President Obama expressed his deep concern over Russia’s clear violation of Ukrainian sovereignty and territorial integrity, which is a breach of international law4, including Russia’s obligations under the UN Charter, and of its 1997 military basing agreement with Ukraine, and which is inconsistent with the 1994 Budapest Memorandum and the Helsinki Final Act5. The United States condemns Russia’s military intervention into Ukrainian territory.

4. နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း 5. လိုက်လျောညီထွေ မရှိခြင်း


The United States calls on Russia6 to de-escalate tensions by withdrawing its forces back to bases in Crimea and to refrain from any interference elsewhere in Ukraine. We have consistently said that we recognize Russia’s deep historic and cultural ties to Ukraine7 and the need to protect the rights of ethnic Russian and minority populations within Ukraine8. The Ukrainian government has made clear its commitment to protect the rights of all Ukrainians and to abide by Ukraine’s international commitments9, and we will continue to urge them to do so.

5. ရုရှားကို တောင်းဆိုတာ 7. နက်ရှိုင်းတဲ့ ဆက်နွှယ်မှု 8. ရုရှားလူနည်းစု အခွင်းအရေးတွေ 9. နိုင်ငံတကာ ကတိက၀တ်တွေကို စောင့်ထိန်းလိုက်နာတာ


President Obama told President Putin that, if Russia has concerns about the treatment of ethnic Russian and minority populations in Ukraine, the appropriate way to address them is peacefully through direct engagement with the government of Ukraine and through the dispatch of international observers10 under the auspices of the United Nations Security Council11 or the Organization for Security and Cooperation in Europe (OSCE). As a member of both organizations, Russia would be able to participate. President Obama urged an immediate effort to initiate a dialogue between Russia and the Ukrainian government, with international facilitation, as appropriate. The United States is prepared to participate.

10. နိုင်ငံတကာ လေ့လာသူတွေကို စေလွှတ်ခြင်း 11. (3) မှာဖော်ပြပြီး


President Obama made clear12 that Russia’s continued violation of Ukraine’s sovereignty and territorial integrity would negatively impact13 Russia’s standing in the international community. In the coming hours and days14, the United States will urgently consult with allies and partners15 in the UN Security Council, the North Atlantic Council, the Organization for Security and Cooperation in Europe, and with the signatories of the Budapest Memorandum16. The United States will suspend17 upcoming participation in preparatory meetings for the G-8. Going forward, Russia’s continued violation of international law will lead to greater political and economic isolation18.

12. အတိအလင်း ပြောကြား 13. ဆိုးကျိုး သက်ရောက်တာ 14. လာလတ္တံ့သော အချိန်တွေမှာ 15. မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်တာ 16. ဘူဒါပက် နားလည်မှုစာချွန်လွှာမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ 17. ဆိုင်းငံ့ထားတာ 18. နိုင်ငံရေးအရရော စီးပွါးရေးအရပါ အထီးကျန်သွားစေလိမ့်မယ်


The people of Ukraine have the right to determine their own future19. President Obama has directed his Administration to continue working urgently with international partners to provide support for the Ukrainian government, including urgent technical and financial assistance20. Going forward, we will continue consulting closely with allies and partners, the Ukrainian government and the International Monetary Fund21, to provide the new government with significant assistance to secure financial stability22, to support needed reforms, to allow Ukraine to conduct successful elections, and to support Ukraine as it pursues a democratic future.

19. သူတို့ကံကြမ္မာကို သူတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့် 20. နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အရေးပေါ် ကူညီထောက်ပံ့မှု 21. နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ 22. ငွေကြေးတည်ငြိမ်မှု ရဖို့အတွက်


ဘာသာပြန်


သမ္မတအိုဘားမားက စနေနေ့မှာ ရုရှားသမ္မတပူတင်နဲ့ ဖုန်းနဲ့ပြောပြီး ရုရှားက ယူကရိန်းနဲ့ တင်းမာမှုတွေဖြစ်လာအောင် တိုးတက်လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ရှုတ်ချလိုက်ပါတယ်။ အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ မိနစ် ၉၀ ကြာ စကားပြောဆိုရာမှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်တာကို ရပ်တန့်ဖို့ ပြောလိုက်တာပါ။ ဒါဟာ အိုဘားမားက ယူကရိန်းကို မတည်မငြိမ်ဖြစ်အောင်လုပ်မဲ့ ချိုးဖောက်မှုတွေ မလုပ်ဖို့ သတိပေးပြီး နောက်တနေ့မှာ အခုလို ဖုန်းနဲ့ပြောလိုက်တာပါ။

ယူကရိန်းမှာရှိတဲ့ ရုရှားလူနည်းစုတွေအပေါ် ဆက်ဆံတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှုရှိတာဆိုရင် လုပ်သင့်တဲ့နည်းလမ်းက ယူကရိန်းအစိုးရနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဒါမှမဟုတ် ဥရောပဆိုင်ရာ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့သဘောတူညီချက်အရ နိုင်ငံတကာလေ့လာသူတွေကို စေလွှတ်တာတွေ လုပ်သင့်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။


အိုဘားမားက ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်စိုးမှုကိုရုရှားရဲ့သိသိသာသာချိုးဖောက်မှုအပေါ် အထူးစိုးရိမ်တဲ့အကြောင်းနဲ့ ဒါဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာပါတဲ့ စည်းမျဉ်းတွေ၊ ၁၉၉၇ ခုနှစ် ယူကရိန်းနဲ့ စစ်အခြေစိုက်စခန်းဆိုင်ရာ သဘောတူညီချက်၊ ၁၉၉၄ ခုနှစ် ဘူဒါပက် နားလည်မှုစာချွန်လွှာနဲ့ ဟယ်လ်ဆင်ကီ အပြီးသတ် စာချုပ်စတဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ကြောင်း၊ ယူကရိန်းကို ရုရှားရဲ့ စစ်ရေးအရ၀င်ရောက်စွက်ဖက်မှုအပေါ် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်က ရုရှားတပ်တွေကို ခရိုင်းမီးယားမှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေကို ပြန်ပြီးရုတ်သိမ်းဖို့နဲ့ ယူကရိန်းရဲ့ ဘယ်နေရာကိုမှ ၀င်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။ မိမိတို့အနေနဲ့ ရုရှားနဲ့ ယူကရိန်းဟာ သမိုင်းအရကော ယဉ်ကျေးမှုအရပါ နက်ရှိုင်းတဲ့ ဖက်နွှယ်မှုနဲ့ ယူကရိန်းမှာရှိတဲ့ လူနည်းစုရုရှားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာတွေကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ယူကရိန်း အစိုးရကလည်း နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို နိုင်ငံတကာကတိက၀တ်တွေအတိုင်း လိုက်နာစောင့်ရှောက် ကာကွယ်သွားမယ့်အကြောင်းနဲ့ နှစ်ဖက်လုံးကို အဲဒီလို လုပ်ဆောင်သွားဖို့ကိုလည်း ဆက်လက်တိုက်တွန်းမယ့်အကြောင်း ပါရှိပါတယ်။

(ဒီစာပိုဒ်အတွက် ဘာသာပြန်အချို့ကို အထက်မှာဖေါ်ပြပြီး)။ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံ ဆွေးနွေးမှုအတွက် နိုင်ငံတကာပံ့ပိုးမှုနဲ့ အတူ အမြန်ဆုံး ကြိုးစားဖို့နဲ့ အမေရိကန်အနေနဲ့လည်း ပူးပေါင်းပါဝင်ရန် အသင့်ရှိပါကြောင်း အိုဘားမားက ပြောလိုက်တာပါ။

ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်စိုးမှုအပေါ်မှာ ဆက်ပြီးဖောက်ဖျက် ကျူးလွန်နေမှုတွေဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ရုရှားရဲ့ ရပ်တည်မှုကို ဆိုးကျိုးတွေ သက်ရောက်လာ လိမ့်မယ်လို့ အိုဘားမားက အတိအလင်း ပြောလိုက်တာပါ။ လာမဲ့ G-8 အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နေမှုတွေကိုလည်း ဆိုင်းငံ့ထားလိုက်မယ်လို့ဆိုပါတယ်။ နိုင်ငံတကာဥပဒေကို ဆက်ပြီးဖောက်ဖျက်ကျူးလွန်နေမှုတွေဟာ ရုရှားရဲ့နိုင်ငံရေးနဲ့ စည်းပွါးရေးတွေကိုပါ ကြီးမားတဲ့ အထီးကျန်မှုတွေဆီ ဦးတည် သွားစေလိမ့်မယ်လို့ ဆိုပါတယ်။

ယူကရိန်းပြည်သူတွေမှာ သူတို့ရဲ့အနာဂတ်ကို သူတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အိုဘားမားက သူ့အစိုးရကို နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆောတလျင် ပူးပေါင်းဆောင်ရွက်ပြီး ယူကရိန်းအစိုးရအတွက် နည်းပညာနဲ့ငွေကြေးဆိုင်ရာ အရေးပေါ် ကူညီထောက်ပံ့မှုတွေပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ ဆက်လက်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ ရွေးကောက်ပွဲတွေ အောင်မြင်အောင် ကျင်းပနိုင်ဖို့နဲ့ ယူကရိန်းရဲ့ ဒီမိုကရေစီအနာဂတ်ဖော်ဆောင်မှုတွေကို ကူညီအားပေးဖို့ ပြောလိုက်ပါတယ်။


Let’s share our knowledge.

သက်နိုင်(၁၆. ၃. ၂၀၁၄)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပိတောက်ရိပ် ကုမ္ပဏီရဲ လက်ရှိ ဖုန်းဈေးများ (ကတ်ဖုန်း၊ လိုင်းဖုန်း နှစ်သက်ရာလိုင်း ဖွင့်နိုင်ပါတယ်)

ရေးသားသူ — စိုးမိုးသူ


ဖုန်းများသည် Used A_class= ဖုန်းBodyအခွံ အသစ်လဲ mother boardကို renew ပြုပြင် ပထမတန်းစား ဖုန်းအဟောင်းများနှင့် စက်အသစ်များဖြစ်သည်။

 
 
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

လူလည်ကျ ခေါင်းပုံဖြတ်ခံ အရူးအလုပ် လုံးဝ မခံရစေဖို့အတွက် လေ့ကျင့်ခန်း

ရေးသားသူ — စိုးမိုးသူ


ညီတို့ရေ ဒါက ကိုရီးယားအလုပ်ရှင်က မြန်မာနိုင်ငံသားအလုပ်သမားရဲ့ လုပ်အားခကို တွက်ချက်ပေးထားတဲ့ လစာနဲ့ ဖြတ်တောက်ထားတဲ့ အာမခံကြေးတွေ...ပါ။

ဒီလစာရွက်မှာ အလုပ်ရှင်က ဥပဒေဘောင်အတွင်းကနေ မှန်မှန်ကန်ကန် တွက်ချက်ပေးထားလားဆိုတာ

ဝိုင်းဝန်းကြည့်ပြီး အဖြေပေးကြပါဦး။
ပြီးတော့
ကိုယ်ကိုယ်တိုင်ရနေတဲ့ လစာတွက်နည်းနဲ့ကော ဘာတွေကွာနေသလဲဆိုတာ စစ်ကြည့်ကြပါဦး။
ကဲ ငါးမျှားနည်းတော့ပေးလိုက်ပြီ။ငါးရအောင်ရှာပေတော့။
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 16, 2014

ဘ၀တူများအပေါ် ဖေးမကူညီကြသူများ စာရင်း

လုပ်အားခ မပေးပဲ အဆောင်ကနေ နှင်ချခံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာညီအကို အယောက်၂၀အတွက် ဒီနေ့ လှူဒါန်းကျတဲ့ ငွေအလှူရှင်စာရင်းပါ။
ကကြီးရောက်ပြီး ၃လစာ မရသေးတဲ့ ညီငယ်တယောက်က သူလည်း လှူချင်ပါတယ်လုပ်လို့ အလုပ်ရလို လစာရတဲ့အခါမှ လှူဆိုပြီး သူ့အလှူငွေကို လက်မခံပဲပြန်လွှတ်လိုက်ရသေးတယ်။
ကိုယ့်မှာ ရှိလို့လှူကြတာ မဟုတ်
ဘ၀တူချင်း ကိုယ်ချင်းစာစိတ်ရှိလို့ လှူကြတယ်ဆိုတာကို တွေ့ရလို့ ဒီအလှူရှင် ညီအကိုတွေကိုကျနော်က လေးစားလွန်းလို့ ဦးချကန်တော့လိုက်ပါတယ်။
အားလုံး သာဓုခေါ်ကြပါ။
ရရှိတဲ့ ငွေအားလုံးကို တာဝန်ခံဦးဆောင်သူ ကိုပြည့်ဖြိုးအောင် 010-583-11328ကို ပေးပို့လှူဒါန်းလိုက်ပါမယ်။
။။။။။။။။။။။။။။။။။။။။။မွန်မြတ်သော အလှူရှင်များ စာရင်း။။။။။။။။။။။။။။။။။။။။။။။။။။

ငွေသားဖြင့် လှူဒါန်းသူများ။
၁။ ကိုခွန်မျိုး                                   20,000
၂။ကိုနောင်ချို                                100,000
၃။ကိုနိုင်ထွန်းလင်း                            50,000
၎။ကိုချမ်းမင်းထွန်းနှင့် ကိုအောင်မျိုးသူ     50,000
 ၅။မေတ္တာစိမ့်စမ်းအဖွဲ့                        50,000
၆။ကိုဖြိုးဝေဇော်                                20,000
၇။ကိုညီဝင်းထွန်း                               20,000
၈။ကိုကျော်စွာ                                 100,000
၉။ကိုစိုးမိုးသူ                                     50,000  (ပေါင်း 460,000)


ဘဏ်မှ လှူဒါန်းသူများ
၇။ Kyaw Zi                 50,000
၈။ Thiha Zaw             50,000
၉။ KO YARZAR         100,000
၁၀။ Tin Ko                 100,000
၁၁။Htun Naing            30,000
၁၂။ကိုညိုလုံး                20,000  (ပေါင်း 350,000)

=========စုစုပေါင်း အလှူငွေ 810,000==========

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဒုက္ခရောက်နေသူတွေကို ၀ိုင်းကူညီလိုက်ကြရအောင်

ရေးသားသူ —စိုးမိုးသူ

လုပ်အားခ မပေးပဲ အဆောင်ကနေ နှင်ချခံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာညီအကို အယောက်၂၀လောက် ဂွမ်ဂျူးမှာ ဒုက္ခရောက်နေပါတယ်။
လောလောဆယ် စက်ရုံအဆောင်မှာ နေနိုင်ပေမယ့် ဂွမ်ဂျူးPeople's house လူ့ အခွင့်အရေး
အဖွဲ့က အစားအစာထောက်ပံ့ထားပါတယ်။
လူအင်အားကလည်း များ၊
လစာရတဲ့အထိ အဆောင်မှာနေပြီး တိုက်ပွဲဝင်ရမှာမို့
နေ့စဉ် စားသောက်ဖို့အတွက် အခက်အခဲကရှိနေပါတယ်။
ကျနော်တို့တွေ ၀ိုင်းဝန်း ကူညီဖို့လိုအပ်ပါတယ်။
နစ်နာမှုတွေအတွက် People's house လူ့ အခွင့်အရေး
အဖွဲ့ကနေ အတူ ပူးပေါင်းဆောင်ရွက်နေသလို
အစားအသောက်ဖူလှုံရေးအတွက် ကျနော်တို့တွေ အင်အားဖြည့်ပေးဖို့လိုနေပါတယ်။
တတ်နိုင်တဲ့ညီအကိုတွေ နိုင်သလောက် ငွေကြေးများ ပေးပို့ ထောက်ပံ့ပေးကြပါ။
ပြသနာမရှိဘူးဆိုရင် ကျနော့်ဘဏ်အကောင့်ကိုပေးပါ့မယ်။
အဲ့ဒီဘဏ်ထဲအလှူငွေထည့်ပေးနိုင်ပါတယ်။
အလှူငွေ လှူတန်းရန်အတွက်
ပထမအချီကာလကတော့ မတ်လ ၁၆ရက်နေ့မှ ၂၂ရက်နေ့ထိ သတ်မှတ်ပါတယ်။
အဲ့ဒီရက်အတွင်း လှူဒါန်းမှုကို လက်ခံပါမယ်။
ရရှိတဲ့ အလှူငွေများကို ရရချင်း သက်ဆိုင်သူများထံ ပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်။

အပြည့်အစုံ သိလိုသူများအတွက် အဲ့ဒီအဖွဲ့မှာ လက်ရှိ ဦးဆောင်နေတဲ့ ကိုပြည့်ဖြိုးအောင် 010-583-11328ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လှူဒါန်းငွေ ပေးပို့ရန် ဘဏ်အကောင့်
110-351-342650
Shinhan bank
SOEMOETHU

စိုးမိုးသူ (မန်းနေဂျင်းဒါရိုက်တာ)
010-7155-6581
ပိတောက်ရိပ်ကုမ္ပဏီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

သူ့ကို သိန်း၃၀ ဒဏ်ရိုက်မှာလား

ရေးသားသူ — စိုးမိုးသူ
 
သူ့နံမည်က အောင်---

အခု ဒဲဂူး လ၀က အချုပ်ထောင်မှာ။
စက်ရုံစက်ပစ္စည်းဖျက်ဆီးမှုနဲ့ ရဲအတိုင်ခံရပြီး ရဲက လက်ထိပ်ခတ်ဖမ်းဆီးခဲ့တယ်။

အိုဗာစတေးနေထိုင်သူဖြစ်တာကြောင့် အခု ဒဲဂူး လ၀က အချုပ်ထောင်မှာ
မြန်မာပြည်အနှင်ခံရမယ့်နေ့ကို စောင့်နေရတယ်။
ဘာတွေဖြစ်ကုန်တာလဲ။
သူဘာလို့ ရဲအဖမ်းခံရတာလဲ။
ဘာလို့ အိုဗာစတေးဖြစ်ရတာလဲ။

ဖြစ်ပုံက
မနေ့ကည သူကိုင်တဲ့ စက်က ပျက်တယ်။
ကကြီးဦးလေးကြီး သင်ပေးထားတဲ့အတိုင်း စက်အဖုံးကိုဖွင့် ဟိုလှန်ဒီလှန်စစ်
နောက်ဆုံးတော့ သူ့အရင် စီနီယာ ကမ်ဘောဒီးယားအလုပ်သမားကို အကူညီတောင်းခဲ့တယ်။
ကမ်ဘောဒီးယားလည်း မနိုင် အဆိုင်းခေါင်းဆောင်ကကြီးသားလည်း မနိုင်တဲ့စက်ကို အဆုံးမှာတော့ ပါဝါပိတ်ပြစ်ခဲ့ရတယ်။
ဒီညတော့ သူလည်း အခြားအလုပ်ပြောင်းလုပ်ခဲ့တယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 14, 2014

လေဒီ ၇ ဖော် ဂီတပွဲတော် လက်ကျန်ခုံလက်မှတ်များကို လေဒီများကိုယ်တိုင် အမှတ်တရ လက်မှတ်ထိုးရောင်းချပေးမည်

(ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ)

ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ အပမ်းဖြေရေးအစီအစဉ်အဖြစ် ၊ ဆုံဆည်းရာမှ စီစဉ်တင်ဆက်သော-ဆဲဗင်းလေဒီရှိုး(7 Ladies Show) တွင် ပါဝင်သီဆိုကြမည့် မြန်မာဆူပါ အဆိုကျော်များ နှင့် လေဇီကလာပ် ဝိုင်းတော်သားများ ယနေ့ နံနက်ပိုင်းက တောင်ကိုရီးယားသို့ရောက်ရှိလာပြီး ၊ မနက်ဖြန် မတ်လ ၁၅ ရက် စနေနေ့တွင် ၊ ဂီတပွဲတော် လက်ကျန် ထိုင်ခုံလက်မှတ်များကို အောက်ပါ လေဒီများကိုယ်တိုင် အမှတ်တရ လက်မှတ်ရေးထိုးပြီး ၊ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည် -
- စန္ဒီမြင့်လွင်
- အင်ကိုင်ရာ
- ဝိုင်းစုခိုင်သိန်း
- အိမ့်ချစ်
- နီနီခင်ဇော်
- မိစန္ဒီ နှင့်
- အိချောပို

နေရာမှာ-ဆုံဆည်းရာစတိုး
ဖုန်း-၀၁၀-၂၇၀၇-၃၂၃၆

ပွဲကြိုက်မောင်များ လိုရာဆန္ဒပြည့်ဝကြပါစေ။

M-netizen

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဝေါဆရာတော်၏ မွေးနေ့ မင်္ဂလာ ဖိတ်ကြားလွှာ

ရေးသားသူ — ဗုဒ္ဓ သာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)
 
ဝေါဆရာတော် ပရဟိတ အသျှင် သုမင်္ဂလ၏ ၄၈ နှစ်မြောက် မွေးနေ့ မင်္ဂလာ အလှူတော်နှင့် ဓမ္မသဘင် ဖိတ်ကြားလွှာ 
သာသနာ သက္ကရာဇ် ၂၅၅၇ခုနှစ်၊
ကောဇာ သက္ကရာဇ် ၁၃၇၅ ခုနှစ် တပေါင်း လပြည့်ကျော် ၁ ရက်၊ တနင်္ဂနွေနေ့၊
ခရစ် သက္ကရာဇ် ၂၀၁၄ ခုနှစ် မတ် ၁၆ ရက်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)နှင့် ပရဟိတကျောင်းတိုက်၊ အဗျားဗိုလ်တဲရွာ၊ ဝေါမြို့၊ ပဲခူးတိုင်းတို့၏ နာယကဆရာတော် ပရဟိတ အသျှင် သုမင်္ဂလ ( ဝေါဆရာတော် )၊ သာသနာဓဇ ဓမ္မာစရိယ၊ သက္ကသီလ ဓမ္မာစရိယ (B.A - Buddhism)၊ မဟာဓမ္မာစရိယ ( M.A - Buddhism)၏ ၄၈နှစ်မြောက် မွေးနေ့ မင်္ဂလာ အလှူတော်နှင့် ဓမ္မသဘင်ကို မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ တတိယထပ် ဓမ္မသဘင်ခန်းမတွင် ကျင်းပမည်ဖြစ်ပါသည်။  

ဗုဒ္ဓမြတ်စွာဘုရားကို အမှူးထားပြီး ပင့်သံဃာတော်တို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်းများနှင့် ဆက်ကပ် လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းကိုလည်း အောက်ပါ အစီအစဉ်အတိုင်း ဧည့်ခံမည်ဖြစ်ပါသည်။ 

ဗုဒ္ဓမြတ်စွာဘုရားအား ပန်းတော် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဓမ္မသဘင် အခမ်းအနားအတွက် ပန်းပေါင်းစုံ အလှူရှင် ကိုကိုအောင် (အနော်မာ အဖွဲ့)

နံနက် ၇နာရီမှ ၉နာရီအချိန်အထိ ။
ကြာဇံဟင်းခါး (အလှူရှင် - ကိုပြည်အေးချစ်နှင် သူငယ်ချင်းများ) 

နံနက် ၁၀နာရီမှ နေ့လည် ၁ နာရီအချိန်အထိ ။ 
ကြက်သား ဒံပေါက် ( အလှူရှင် - မြန်မာဗုဒ္ဓသာသနာပြုကျာင်းတော်(ကိုရီးယား)၏ ဝေယျာဝစ္စ ညီအကိုများ)
န့လည် ၂ နာရီအချိန်တွင် မွေးနေ့ မင်္ဂလာ ဓမ္မသဘင်နှင့် ကုသိုလ်အပေါင်းတိုကို ရေစက်ချ အမျှပေးဝေမည် ဖြစ်ပါသဖြင့် တရားတော် ကြွရောက်ကြပါရန် နိုးဆော်လိုက်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 9, 2014

လေဒီ ၇ ဖော် တန်းစီပြီးအသင့် ၊ ပွဲကြိုက်မောင် မြန်မာလူငယ်များ နေရာဝယ်ပြီးအသင့်

(ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ)
ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ အပမ်းဖြေရေးအစီအစဉ်အဖြစ် ၊ ဆုံဆည်းရာမှ စီစဉ်တင်ဆက်သော-ဆဲဗင်းလေဒီရှိုး(7 Ladies Show) တွင် ပါဝင်သီဆိုကြမည့် မြန်မာဆူပါ အဆိုကျော်များဖြစ်ကြသည့် -
- စန္ဒီမြင့်လွင်
- အင်ကိုင်ရာ
- ဝိုင်းစုခိုင်သိန်း
- အိမ့်ချစ်
- နီနီခင်ဇော်
- မိစန္ဒီ နှင့်
- အိချောပို
တို့သည် ၊ စင်တင်ဂီတဖျော်ပြေပွဲအတွက် ၊ အစမ်းလေ့ကျင့်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများ ပြီးပြည့်စုံသည့်အနေအထားတွင်ရှိနေပြီဖြစ်ကြောင်း သိရသည် ။


ထို့ပြင် ၊ ဂီတပွဲအတွက်လိုအပ်သည့် စင် ၊ တူရိယာ ၊ မီး ၊ မိုက် အစရှိသည့် ပြင်ဆင်မှုများအတွက်လည်း မန်နေဂျာ (ဦး) စိုးနိုင်ထွန်း ကိုယ်တိုင် ကိုရီးယားသို့ ကြိုတင်ရောက်ရှိနေပြီး ၊ သက်ဆိုင်ရာ တာဝန်ခံအရာရှိများနှင့် လိုအပ်သည်များ ဆွေးနွေး ညှိနှိုင်းခြင်း ၊ အစမ်းလေ့ကျင့်ခြင်းစသည်တို့ကိုလည်း စိတ်တိုင်းကျ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည် ။


ပွဲစီစဉ်သူများအနေဖြင့်လည်း အဆိုတော်များအတွက် ဗီဇာ ရယူလျှောက်ထားခြင်း ၊ လေယာဉ်လေမှတ်မှာကြားခြင်း ၊ ဟိုတယ်နေရာများ မှာယူခြင်း ၊ လေ့လာရေး ၊ စားရေးသောက်ရေး နှင့် ကြိုဆို နေရာချထားရေးအစရှိသည်တို့ကိုလိုလေသေးမရှိအောင်စီစဉ်ထားရှိပြီးဖြစ်ကြောင်း နှင့် လေဒီ ၇ ဖော်တို့သည် မတ်လ ၁၄ ရက်နေ့ တွင် ကိုရီးယားနိုင်ငံသို့ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည် ။

ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များအနေဖြင့်လည်း ခါတိုင်းနှစ်များနှင့်မတူ ထူးထူးခြားခြား နေရာကောင်းများကို အလုအယက်ဝယ်ယူနေကြရာ ပွဲစီစဉ်သူ စုံစည်းရာမိသားစုအနေဖြင့် များစွာအားရနေကြောင်း သိရှိရသည် ။

၎င်း ၈ီတပွဲတော်ကို မတ်လ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လည် ၂နာရီမှ ညနေ ၅နာရီထိ ၊ ဘူဖြောင်းအတ်စ်ဆင်တာ(Bupyeong Art Center/부평아트센터)တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၊ လက်မှတ်များကို တစ်စောင်လျင် ဝမ် ၅ သောင်းနှုန်းဖြင့် ကြိုတင် ရောင်းချပေးလျက်ရှိပြီး ၊ ပွဲတော်နေ့တွင် လက်မှတ်များ ရောင်းချပေးမည်မဟုတ်ကြောင်း သိရပါသည် ။

အမ်-နက်တီဇင်
၂၀၁၄၀၃၁၀ ၊ အင်ချောန်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာစင်တာဆေးစစ်အထူးအစီအစဉ်

ရေးသားသူ — မြန်မာစင်တာ


ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကို မောင်နှမများ ခင်ဗျား -
 မြန်မာစင်တာမှ လစဉ် ဆေးစစ်ပေးခြင်း အစီအစဉ်အရ ယခုလ ဆေးစစ်ပေးခြင်း အစီအစဉ်ကို အသိပေးအကြောင်းကြားအပ်ပါသည်။
ခန္ဓာကိုယ် အတွင်း၊အပြင်ကို အထူးစစ်ဆေးပေးမည်ဖြစ်ပါသောကြောင့် လူဦးရေးကန့်သတ်ထားပါသည်။ လစဉ် ဦးရာလူ (၁၀)ဦးသာ ဆေးစစ်ပေးပါမည်။
  
ဆေးစစ်မည့် နေ့ရက် ။     ။ ၁၅.၃.၂၀၁၄ (စနေနေ့) 
                  အချိန်  ။     ။ နံနက် ၈း၀၀ နာရီ မြန်မာစင်တာမှ စတင်ထွက်ခွာပါမည်။  

အထူးသတိပေးချက်။    ။
 ဆေးစစ်မည့်သူများသည် သောကြာနေ့ည ၁၀း၀၀နာရီ အချိန်မှစ၍ ရေ (ရေ)မှလွဲ၍ မည်သည့် အစားအစာ၊ အရည်၊ အဖတ်များကိုမျှ မစားသုံးရန် အထူးသတိပေးအပ်ပါသည်။

 နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက် ။      ။ ၁၁.၃.၂၀၁၄ (အင်္ဂါနေ့) ပြီးပြီး၊ 
လိုအပ်သည်များမှာ ... 
၁။ အမည် 
၂။ အသက် 
၃။ မွေးသက္ကရာဇ် 
၎။ ဖုန်းနံပါတ် ...တို့ဖြစ်ပါသည်။ ။

 မှတ်ချက်- ဗီဇာ မလို။ 
ဆက်သွယ်ရန် - 
ကိုကျော်ဇောလင်း      010-3271- 7708

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 7, 2014

ကိုသွန်းငွေမင်းခေါ် ကိုမြင့်ကြိုင် ၏ ဈာပနအခမ်းအနား ဖိတ်ကြားစာ


ရန်ကုန်မြို့ ယုဇနအိမ်ယာနေ ၊ ဒေါ်စန္ဒာဖြိုး၏ ချစ်လှစွာသော ခင်ပွန်း ၊
မောင်ကျော်ဇင်ဟိန်းနှင့် မခိုင်ဇင်သက်တို့၏ ချစ်လှစွာသော မွေးသဖင် ကျေးဇူးရှင် -

ကိုသွန်းငွေမင်း ခေါ် ကိုမြင့်ကြိုင်
သည်
၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ၂၆ ရက်နေ့ နံနက်ပိုင်းက ၊ တောင်ကိုရီးယားနိုင်ငံ အင်ချောန်း ဆောဂု ဝါန်ဂီးဒုံ စက်ရုံဝင်းအတွင်းရှိ အိပ်ဆောင်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ ၊ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို မြန်မာဓလေ့ထုံးတမ်းနှင့်အညီ ၊ အောက်ပါအစီအစဉ်အတိုင်း ဈာပနအခမ်းအနားဖြင့် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသဖြင့် ကြွရောက်တော်မူကြပါရန် ရပ်နီးရပ်ဝေး မိတ်သင်္ဂဟအပေါင်းတို့အား ညှိုးငယ်သော စိတ်ထားဖြင့် အသိပေးဖိတ်ကြားအပ်ပါသည်-

အစီအစဉ်များ-
နှုတ်ဆက်၊ ဆုတောင်း (ဂါရဝပြု) အစီအစဉ်-
- ၂၀၁၄ခုနှစ် မတ်လ ၈ ရက် (စနေနေ့)
- ညနေ ၆ နာရီမှ ည ၁၂ နာရီထိ
- ဆော့ဂွါန်ဆာ (ဘူချောန်း)

ဆွမ်းအလှူနှင့် တရားတော်နာ
-၂၀၁၄ခုနှစ် မတ်လ ၉ ရက် (တနင်္ဂနွေနေ့)
-နံနက် ၇ နာရီ တရားတော်နာကြားပြီး ၊ နေ့လည် ၁၀နာရီခွဲထိ အာဟာရဒါန

ပို့ဆောင်သင်္ဂြိုဟ်ခြင်း အစီအစဉ်
-နေ့လည် ၁၁ နာရီတိတိ အချိန်တွင် ၊ ဆော့ဂွါန်ဆာမှ စတင်ထွက်ခွါမည်ဖြစ်ပြီး၊
-နေ့လည် ၁နာရီတိတိအချိန်တွင် ဘူဖြောင်းသုဿန်တွင် မီးသင်္ဂြိုဟ်ပါမည်။

ညှိုးငယ်သောစိတ်ထားဖြင့်-
ကျန်ရစ်သူမိသားစု နှင့်
မြန်မာအသင်း(ကိုရီးယား)

မေးမြန်းရန်ရှိပါက-
- ကိုသန်းထိုက်စိုး (၀၁၀-၄၇၅၈-၉၉၆၁)
- ဦးခင်မောင်ရင် (၀၁၀-၂၇၈၈-၇၁၅၃)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 6, 2014

သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နှင့်အင်တာဗျုး

ရေးသားသူ — Popular Myanmar News Journal




ပြဇာတ် ဆန်ဆန် ပြုပြင်ပြောင်းလဲမှု များဖြင့် နိုင်ငံတကာ စင်မြင့်ထက်သို့ မြန်မာနိုင်ငံ ပြန်လည်ခြေချ လာခဲ့သည်မှာ သုံးနှစ် ကျော်သွားခဲ့ပြီ။ ယခင် စစ်အစိုးရ လက်ထက် များက ဖော်ထုတ် ခွင့်မသာခဲ့သော အနာပုန်းများ တအုံးအုံး ကြွတက်လာသော အခြေအနေက ၂ဝ၁၅ ရွေးကောက်ပွဲ နီးကပ် လာသည်နှင့် အမျှ ပိုမို များပြား ပြင်း ထန် လာနေသည်။

လယ်သိမ်း ယာသိမ်းမှုများကြောင့် ဒေသခံ လယ်သမားတို့၏ အာဏာပိုင် တို့နှင့် ထိပ်တိုက်တွေ့မှုများ၊ ကျောခင်းစရာမဲ့ ကျူးများကို အဓမ္မဖျက်သိမ်းခဲ့သည့် ပုံရိပ်များ၊ အစိုးရ သက်တမ်း သုံးနှစ်ကျော် လာသည်အထိ အရာ မထင်လာသေးသည့် အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အနယ်နယ် အရပ်ရပ်မှ ဆန္ဒပြ တောင်းဆိုမှုများ၊ ဘာသာရေး လူမှုရေး ဆန်ဆန် ပဋိပက္ခများက လက်ရှိအစိုးရနှင့် အတိုက်အခံ အင်အားစုတို့၏ လားရာနှင့် ကွဲပြားခြားနားနေပြီလား ဆိုသည်ကို သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံ မေးမြန်းထားပါသည်။

အသက် ၈၄ နှစ် ရှိပြီ ဖြစ်သော်လည်း နိုင်ငံ့အရေးကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာကာ ဝေဖန်ထောက်ပြလျက် ရှိသော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် သည် ၈၈ လူထု လှုပ်ရှားမှုအပြီးကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို ဦးစီးတည်ထောင်သူ ၉ ဦးအနက်မှ တစ်ဦး ဖြစ်ပါသည်။

အသက် ၁၉ နှစ် အရွယ် ကတည်းက သတင်း မီဒီယာလောကတွင် ကျင်လည်ခဲ့ပြီး လူထုလှုပ်ရှားမှု (ဝါ) လူထု အရေးတော်ပုံ အများအပြား ကို တွေ့ကြုံခဲ့ ရသော ဦးဝင်းတင် သည် ၈၈ လူ ထု လှုပ်ရှားမှုတွင် ဦးဆောင် အခန်းကဏ္ဍမှ မဟုတ်ဘဲ သာမန် အညတရ ပြည်သူ တစ်ဦး အဖြစ်သာ ပါဝင်ခဲ့သည်ဟု ဆိုပါသည်။

သတင်းစာ ဆရာအဖြစ် ရပ်တည် နေရာ ကနေ ဘယ်လိုစေ့ဆော်မှုတွေ ကြောင့် နိုင်ငံရေးလောကထဲကို ဝင်ရောက်ဖြစ် ခဲ့ရတာလဲ။
ခြုံပြော ရရင်တော့ဗျာ။ ကျွန်တော် တို့ ဒီကနေ့အထိ နိုင်ငံရေး လုပ်နေရ တယ် ဆိုတာ နိုင်ငံမှာ လူ့အခွင့်အရေး တွေ ဆုံးရှုံး။ ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးပြီး ရှင်းရှင်းပြော ရရင်တော့ စစ် တပ်ကပဲ ကြီးစိုးနေတာကို၊ အပြန်အ လှန် ထိန်းညှိမှု မရှိတာကို တိုက်နေကြ တာ။ အခု အပြောင်းအလဲ ဆိုတာက လည်း စစ်တပ် အပြောင်း အလဲ ပဲရှိတာ။ စစ်မှန်တဲ့ နိုင်ငံရေး၊ စစ်မှန်တဲ့ ပြည် ထောင်စုကြီး ပေါ်ထွန်းလာ ဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့ အခြေအနေ။ အခုထိ လည်း ဒီအခြေအနေ ရှိနေဆဲပဲ။ ကျွန်တော်နိုင်ငံရေး ထဲပါလာရ တာကတော့ လူ့ အခွင့် အရေးတွေ ဆုံး ရှုံးရတဲ့ ပြည်သူတွေရဲ့ အုံကြွမှုမှာ သာမန်အညတရ တစ်ယောက် အနေနဲ့ ပါဝင်ခဲ့တာပါ။

ဟုတ်ကဲ့ အခုဆို ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် ဒီချုပ် ကိုယ်စားလှယ် တွေ လွှတ်တော်ထဲ ရောက်နေကြပြီ။ ဒါနဲ့တောင် နိုင်ငံရေးက အနား မယူနိုင် သေးတာ ဘာကြောင့် လဲခင်ဗျာ။
အခု ကျွန်တော်အသက် ၈၄ နှစ်ရှိ ပြီ။ ကျန်းမာရေး လည်း မကောင်းဘူး။ နှလုံးလည်း ခွဲထား၊ စက်လည်း တပ်ထား ရတယ်။ ဒါပေမဲ့ ကျွန်တော်ပြောနေရ မှာပဲ။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေးအ ခြေအနေက ကောင်းလာဖို့ မမြင်သေး လို့ပဲ။ အခု လွှတ်တော်တွေ ပေါ်လာ တယ် ဆိုတာလည်း ဒီအခြေခံ ဥပဒေအ ရ ပေါ်နေတာပဲ။ ဒီအခြေခံ ဥပဒေ ဟာ လည်း သေချာ ဖတ်ကြည့်ရင် ဘယ် လောက် ဒီမိုကရေစီ မဆန်သလဲ သိလာ ပါလိမ့်မယ်။ တပ်မတော်ဟာ အမျိုး သားနိုင်ငံရေး ဦးဆောင် အခန်းကဏ္ဍမှာ အမြဲ ဦးဆောင်နေမှာ တို့၊ ကာ/လုံတို့၊ ပြီးတော့ လွှတ်တော် ဖွဲ့စည်းပုံကိုလည်း ကြည့်ပါဦး။ ဆိုတော့ အကုန်လုံးက စစ် ဗိုလ်တွေ နဲ့ပဲ လုပ်နေတာ၊ ရှေ့လျှောက် လည်း ဒီ အတိုင်းပဲ အသွင်ပြောင်း စစ် ဗိုလ်ချုပ်မျိုး ဆက် ထူထောင်ဖို့ပဲ ရှိတယ်။ ဒီတော့ ဒီအခြေခံ ဥပဒေကို မပြင်ရင် မပြင်နိုင်ရင်တော့ ပြည်သူတွေ ရဲ့နိုင်ငံ ဘယ်တော့ မှဖြစ် လာမှာ မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်တွေရဲ့နိုင်ငံပဲဖြစ်နေဦးမယ်။ ပြည်သူက ရွေးချယ်တင်မြှောက် တဲ့ အစိုးရတို့၊ လွှတ်တော်တို့ မဖြစ်နိုင် ဘူးဆိုရင် ရှေ့လျှောက်လည်း မြန်မာ ပြည်က ဒီမိုကရက် တစ်နိုင်ငံကြီး ဖြစ် လာဖို့ လမ်းမရှိဘူး။ ကျွန်တော် အဲဒါတွေ မြင်နေလို့ မသေမချင်းတော့ ဒီလူထု တော်လှန်ရေးကို ဆက်လုပ်နေရမှာပဲ။

ဒါဆို သမိုင်းက တောင်းဆိုလို့ နိုင်ငံ ရေးလောကထဲ ရောက်ခဲ့ရပြီး အခုထိ လည်း နိုင်ငံရေး ဆက်လက်လုပ်ဆောင် နေရတဲ့ သဘောပေါ့နော်။ ဒါဆိုရင် ကျွန်တော် တို့ မြန် မာနိုင်ငံ သမိုင်းမှာ အထင်ကရရှိခဲ့တဲ့ အရေးတော်ပုံနဲ့ လူထုတော်လှန်ရေးတွေဟာ ဘယ်လို အကြောင်းအချက် အပေါ် အခြေခံပါ သလဲ၊ ပြည်သူတွေ ဖိနှိပ်ခံ ရလွန်းလို့ လား။ ဒါမှမဟုတ် နိုင်ငံရေး အင်အား စုတွေရဲ့ စနက်ကောပါမလား။
ပြောရရင်တော့ အရေးတော်ပုံ အကြို ကာလတွေက ဖိနှိပ်ချုပ်ချယ်မှု ကာလတွေချည်းပဲ၊ ဟိုအရင် ကိုလိုနီ ခေတ်ကရော၊ တို့စစ်အာဏာရှင် လက် ထက်တွေမှာရော၊ တို့ လွတ်လပ်ရေးရ ပြီး ကိစ္စပြောရရင် ၅၈ လောက်ကနေ စ ပြီး အာဏာရနိုင်ငံရေး ပါတီပေါ့ဗျာ။ ဖဆပလမှာ ဦးနုရဲ့ ပါတီနဲ့ ဦးကျော်ငြိမ်း ရဲ့ပါတီ ကွဲနေတာပေါ့။ အဲဒီမှာ စစ်တပ် က အာဏာ သိမ်းတာပဲ။ ရှင်းရှင်းပြော ရရင်။ ဒါပေမဲ့လို့ စစ်တပ်က အာဏာ သိမ်းတာ ကိုလည်း အတွေ့အကြုံက မရှိ သေးဘူး။ လူထုကလည်း စစ်တပ်အာ ဏာ သိမ်းတာကို မကြုံဖူးသေးဘူး။ အာဏာ သိမ်းလိုက်ရင် လူထုက ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို စစ်တပ်က သေ ချာမသိသေးတော့ အာဏာ လွှဲတယ်ဆို တာမျိုး လုပ်ပြီး ပြင်ဆင်နေ ခဲ့တာပေါ့ ဗျာ။ ဦးနေဝင်း ရွေးကောက်ပွဲ ကျင်းပ ပေးပါမယ် ဆိုပြီး အခြေခံ ဥပဒေကို မရုပ် သိမ်းသေးဘူး။ ချက်ချင်းကြီးပေါ့။ လွှတ် တော် လည်း ရှိနေသေး တယ်။ ဒါပေမဲ့ ၆ လအတွင်း ကျင်းပပေးပါမယ် ဆိုတဲ့ ရွေး ကောက်ပွဲကို ၃ ခါ အထိ ရွှေ့ခဲ့တယ်။ ရွေးကောက်ပွဲ လုပ်တယ်။ ဦးနုပါတီ ကပဲ နိုင်တယ်။ အဲဒီမှာ ဘာတွေ့လဲ ဆိုတော့ နိုင်ငံရေး အင်အားစုတွေက စစ်တပ်အာ ဏာ သိမ်းမှာကို မကြိုက်တော့ ရွေး ကောက် ပွဲဖြစ်ဖို့ ဝန်းရံကြတယ်။ ပြီးတော့ ပြည်သူတွေ အနေနဲ့လည်း ဒီမိုကရက်တစ် အခြေအနေကနေ စစ်အာဏာရှင် အခြေအနေ ကို ရွေ့သွားရင် ဆန့်ကျင် မယ်ဆိုတဲ့ အနေအထားပေါ့။ ဒါကြောင့် ဖိနှိပ်မှုက သိပ် မပြင်းထန်သေးဘူး။ ရှိတာ ကတော့ ရှိနေပြီ။

၆၂ မှာ စစ်တပ်က အာဏာသိမ်း လိုက်တယ်။ အဲဒီမှာလည်း အကုန်လုံး ဆန့်ကျင်ကြတာပဲ။ နိုင်ငံရေး အင်အားစု တွေရော၊ ပြည်သူတွေ ကရော ဆန့်ကျင် ကြတယ်။ စစ်တပ် ကလည်း အလုံးစုံ အဆင်သင့် မဖြစ်သေးတော့ ၆၂၊ ၆၃ မှာ ဘာမှ သိပ်မလုပ်သေးဘူး။ ဟန်ပြ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခေါ်တယ်။ ကွန်မြူနစ် ပါတီက တက် လာတယ်။ တောထဲကလူတွေ တက် လာတယ်။ ဆရာကြီး သခင်ကိုယ်တော် မှိုင်းတို့ရဲ့ ငြိမ်းချမ်းရေး အဖွဲ့ကိုလည်း ဆွေးနွေးပေးပါဆိုပြီး စစ်တပ် က နောက် ကနေ ကြည့်နေတာပေါ့။ ဒါပေမဲ့ စစ် အစိုးရက တကယ်ပြောရရင် အာဏာ သိမ်းပြီး နောက်ပိုင်းမှာ စစ်အာဏာကို ဘယ်လို တည်ဆောက်မလဲ ဆိုတာ စဉ်း စား ပြင်ဆင်နေခဲ့တာ။ ဒါပေမဲ့ နိုင်ငံရေး နဲ့ သိပ်ကွာလို့ မရသေးတာ ကို သိလို့ လွှတ်ထားပေးတာ။ သတင်းစာတိုက် တွေလည်း ချက်ချင်း မပိတ်သေးဘူး။ ပြီး ၆၃ ခုနှစ် နိုဝင်ဘာလောက် ကစပြီး သတင်းစာတိုက်တွေ ပိတ်တယ်။ လူ တွေဖမ်းတယ်။ သူတို့ လုံးဝ အဆင်သင့် ဖြစ်သွားပြီလေ။ အဲ့ဒီအချိန်မှာ ကျွန် တော်က သတင်းစာ ဆရာပဲ။ ကျွန်တော် တို့ သတင်းစာ ကလည်း ကန့်ကွက် ကြ တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကြေးမုံ သတင်းစာ၊ ဗိုလ်တထောင် သတင်းစာ၊ ဂါးဒီယန်း တို့ကို ဘာမှ မလုပ်သေး ဘူး။ သတင်းစာတွေ က သြဇာလည်း ကြီးလို့ ၆၄ ခုနှစ် စက်တင်ဘာလ ကျမှ ပိတ် လိုက်တာ။ အဲ့ဒီအချိန် ကစပြီး စစ်ဗိုလ် တွေ နေရာစုံကို ဝင်လာတော့တာပဲ။ သူတို့ သိသွားပြီလေ။ သူတို့ လုပ်ချင်ရာ လုပ်လို့ ရပြီဆိုတဲ့ အခြေအနေကို။ ဖိနှိပ် ချုပ်ချယ်မှု နဲ့အတူ စစ်အာဏာရှင် စနစ် အသက်ဝင် လာတော့တာပဲ။

ဆိုလိုတာက ပြည်သူတွေ က ဖိနှိပ်မှု ကို အစဉ်အဆက် ဆန့်ကျင်ခဲ့တာပဲ။ စစ်အာဏာရှင် စနစ်ကို ပြည်သူတွေက တောက်လျှောက် ကို တွန်းလှန်ခဲ့တာပဲ။ ဒါ့ကြောင့် လည်း ၇ ဇူလိုင် လိုမျိုး အရေး အခင်းတွေဖြစ်ခဲ့တာပေါ့။ စစ်တပ်က လည်း အာဏာကို နည်းမျိုးစုံနဲ့ ဆက်လက် ချုပ် ကိုင်ခဲ့တာပဲ။ စစ်အစိုးရပြီးတော့ မဆလဆိုပြီး အရပ် သား အစိုးရ လိုလို ပုံစံပြောင်း၊ အခု အခြေအနေနဲ့ ဘာထူး သေးတုန်း။ ဘာပြနေသလဲ ဆိုတော့ လူထုက တော်လှန်မှုပေါ့။ တစ်လျှောက်လုံး ရှိနေ ခဲ့တာ။ နိုင်ငံရေး ပါတီမရှိဘူး။ နိုင်ငံရေး ခေါင်းဆောင် မရှိဘူး။ ဒါပေမဲ့ ပြည်သူ တွေက သူ့ နည်း နဲ့သူ လှုပ်ရှားနေတယ်။ အဲဒီမှာ လှုပ်ရှားလို့ ရတဲ့ ခေါင်းဆောင် ကို လူထုက ဝန်းရံတာပဲ။ အဲဒါပဲ။ ၈၈ အထိ ရောက်သွား ရတာဟာ စစ်အာဏာရှင် စနစ်ကိုအစဉ် အဆက် ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတွေ ရဲ့ လှုပ်ရှားမှုကြောင့် ပဲ။ ခေါင်းဆောင် မှု ပေးနိုင်တဲ့ လူရှိတာ နဲ့ လူထုက သူ့ကို ဝန်းရံတော့တာပဲ။

အခုလက်ရှိ အခင်းအကျင်း အနေက ရော၊ အရပ်သား အစိုးရ လက်ထက်မှာ ပဲ မြေသိမ်း၊ ယာသိမ်း၊ အာဏာပိုင်တွေ နဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့၊ ဘာသာ ရေးနဲ့ လူမျိုးရေး ဆန်တဲ့ ပဋိပက္ခတွေက နိစ္စဓူဝလိုဖြစ်ပျက်နေတာဆိုတော့ ဒါ ကိုရော ဘယ်လိုမြင်မိပါသလဲ။
ကျွန်တော် တို့ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေဟာ လူတွေတော်တော်များ များ သုံးနေကြ စကားပေါ့ဗျာ။ ကျွန်တော် တို့ဟာ လမ်းခုလတ်ရောက်နေတယ်။ ဘာလုပ်ကြ မလဲပေါ့။ ကျွန်တော်က တော့ အခု အခြေအနေကို လမ်းခုလတ် လို့ အယုံအကြည် မရှိဘူး။ လမ်းခုလတ်၊ လမ်းတစ်ဝက် ဆိုတာ ခဏနားပြီး ဆက် သွားရမယ့်နေရာ။ အဲဒီလိုဆိုရင် ဦးသိန်း စိန်တို့ ခင်းထားတဲ့ လမ်းရှင်းရှင်း ဆိုရင် စစ်တပ်က ခင်းတဲ့ ဒီမိုကရေစီ ခေါ်ခေါ်၊ ဘာခေါ်ခေါ် ခေါ်ချင်တာ ခေါ်ပေါ့ဗျာ။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံက ခင်းပေးတဲ့ လမ်း အတိုင်း ဆက်လျှောက်ရမယ့် ပုံစံပေါ့။ ဒီအတိုင်း သွားမယ်ဆို ပြည်သူ့နိုင်ငံ ကို ရောက်မှာ မဟုတ်ဘူး။ ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ အဲ့ဒီတော့ ဒီ အခြေ အနေကို ကျွန်တော်က လမ်းဆုံ၊ လမ်းခွ လို့ပြောချင်တယ်။ ဆိုချင်တာက ကျွန်တော်တို့မှာ တခြား လမ်းရွေးခွင့် ရှိသေးတယ်။ လမ်းရှာရင် ရသေးတယ်။ လမ်းခွဲ ထွက်လို့ ရပြီ။ ဦးသိန်းစိန်တို့လမ်း ထဲဝင်လျှောက်ရင် ကျွန်တော် တို့ရောက် မှာမဟုတ်ဘူး။

ဒီနေ့ ပြည်သူတွေရဲ့ အခြေအနေ ကိုကြည့်၊ နိုင်ငံရေး အခြေအနေကို ကြည့်၊ ပြည်သူတွေ တကယ်ပဲ အကျိုးကျေးဇူး တွေခံစားရပြီလား။ နိုင်ငံရေး မှာလည်း စစ်တပ်က အခြေခံ ဥပဒေကို ပြင်ချင်တဲ့ စိတ်ရှိလို့လား။ အခု အစိုးရက ပြင်ချင် တဲ့ စကားတွေက ဘယ်လောက်ပဲ ပြော နေပါစေ၊ ပြင်နိုင်တဲ့ အနေအထားလည်း သိပ်မရှိ လှဘူး။ ပြင်ရင် လည်းနည်းနည်း ပဲပြင်မှာဆိုတော့ ကျွန်တော်တို့က များ များပြင်နိုင်အောင် ကြိုးစားနေတာ၊ ဒီ ပြင်ချင်တဲ့နေရာ မှာလည်း ဒေါ်အောင် ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရဖို့ ၅၉(စ) တို့က သိပ်အရေး မပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မယ် ဆို ပြင်ဖို့ မ လွယ်တဲ့ ၄၃၆ ကိုပြင်ဖို့ပဲ။ ၄၃၆ ကိုပြင် လို့ရမှ ကျန်တဲ့ ဟာတွေ လိုက်ပြင် လို့ရ မယ်။ ဒါဟာလည်း ဘယ်လိုမှ မလွယ်တဲ့ ကိစ္စ၊ ဒါက နိုင်ငံရေး။

ပြန်ကြည့်လိုက်ပါဦး။ တစ်နိုင်ငံ လုံးမှာ မြေယာ သိမ်းမှုတွေ အလုပ်သမား တွေရဲ့ဘဝတွေ ရှင်းရှင်းပြောရရင် ကျွန် လိုခိုင်းခံနေရတာ။ လယ်သမားတွေ ဆို တာလည်း လယ်ယာလည်း မရှိကြတော့ ဘူး။ အဲ့ဒီတော့ ကျွန်တော်က ဘယ်လို တွက်လဲဆိုရင် ဒီအခြေအနေ အားလုံး ဟာ တိုင်းပြည်မှာ တော်တော်ကို အခက်အခဲတွေ ရှိနေပြီ ဆိုတာပဲ။ အလုပ် သမားတွေရော၊ လယ်သမားတွေရော အတွက် ထွက်ပေါက် ပိတ်မိသလို ဖြစ် နေပြီ ပြောင်းနေပြီ ပြောင်းနေပြီပြော တယ်။ ဒါပေမဲ့ သူတို့မှာ ပိုခက်ခဲ လာ တဲ့ အခြေအနေကို ရင်ဆိုင်နေ ရတာဟာ အရမ်း အန္တရာယ် များနိုင်တဲ့ အခြေအ နေတစ်ခုပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အတိုင်း လျှောက် လာတာ ၃ နှစ်ကျော်ပြီ။ အလုပ်မဖြစ် သေးဘူး။ ဖြစ်သင့်သလောက် မဖြစ်သေးဘူး။ ရှေ့လျှောက်လည်း မဖြစ်နိုင်သေး ဘူးဆို ကျွန်တော် တို့ ရဲရဲဝံ့ဝံ့နဲ့ လမ်းခွဲ ထွက်ဖို့ကြိုးစားရမယ်။ ကျွန်တော်တို့ သတ္တိရှိဖို့ လိုမယ်။ ဒီလိုပြောလို့ အကြမ်း ဖက်ဖို့ ပြောနေတာ မဟုတ်ဘူး။ ကျွန် တော်တို့က အကြမ်း ဖက်နည်းကို သိပ် မသုံးချင်ဘူး။ ဆူပူဖို့လို့ ပြောနေတာ မဟုတ်ဘူး။ လူထုနည်းနဲ့ လူထုဆန္ဒ နဲ့ ကျွန်တော်တို့ နည်းလမ်း ရှာလို့ရတယ်။ ဘယ်လိုလုပ်လို့ ရမလဲဆို တာ ပြောတာ။

တလောက ပြောသွားတဲ့ အထဲမှာ တတိယအရေးတော်ပုံဆိုတာ ရှိလာနိုင် တယ်လို့ တွေ့ရပါတယ်။ ဘယ်လိုမျိုးကို ဆိုလိုတာလဲ။
ကျွန်တော် ပြောချင်တာက အခု တိုင်းပြည်မှာ လယ်သမားတွေက ပြော တဲ့အသံတွေ ရှိတယ်။ ဆရာစံ သူပုန်လို ဟာမျိုးတွေ ထနိုင်တယ်ဆိုတာ ကြားနေ ရတယ်။ ကျွန်တော် ပြောတာက တတိယ အရေးတော်ပုံ ဆိုတာ ရှိနိုင်တယ်။ အဲဒီ အတွက် ကျွန်တော်တို့ အဆင်သင့်ပြင် ထားရမယ် လို့ ပြောတာ။ သတ္တိ ရှိရလိမ့် မယ်လို့ ပြောတာ။ ဘာကြောင့်ပြောလဲ ဆို ကျွန်တော်တို့ ၁၃ဝဝ ပြည့် အရေးတော်ပုံ ပြီးတော့ ရှစ်လေးလုံး လူထုအ ရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ က အခုထိ မပြည့်ဝသေးဘူး။ မရသေးတာ အများကြီး ရှိသေးတယ်။ ဒီအရေးတော် ပုံရဲ့ တောင်းဆို သံတွေက မစဲသေးဘူး။ ဒါတွေ ပြေလည်ပြီးမြောက်တဲ့ အထိ ကျွန်တော်တို့ ထပ်ပြီး လှုပ်ရှား သွား ရမှာ ပဲ။ စစ်အာဏာရှင် စနစ်ကို ဆက်ပြီး ဆန့် ကျင်သွားရမှာပဲ ဆိုတော့ တတိယ အ ရေးတော် ပုံဖြစ်လာနိုင်တဲ့ အနေအထား ရှိနေတယ်။ ပြောချင်တာက လက်ရှိနိုင်ငံရဲ့ အခြေ အနေဟာ အတော်ကို ဆိုးဝါးတဲ့ အနေအထား။ ကြည့်လိုက် လယ်သမား ဆိုလည်း အံတကြိတ်ကြိတ်၊ အလုပ်သ မားဆိုလည်း ဘာခံစားခွင့် မှမယ်မယ်ရရ မရ။ ကျွန်တော်တို့ အပြောင်းအလဲကို စိတ်ရှည်ရှည်နဲ့ ၂၅ နှစ်အထိ လုပ်ခဲ့ တယ်။ ရွေးကောက်ပွဲ စ်ကြိမ် (၁၉၉ဝ ပြည့်နှစ်နှင့် ၂ဝ၁၂ ခုနှစ်)ကို ဝင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လုပ်ဆောင် ခဲ့တယ်။ စစ်အာဏာရှင်တွေက ပြောင်းလဲချင်စိတ် မရှိဘူး။ ဒီကာလ အတွင်းမှာ ဘာမှဖြစ် မလာခဲ့ဘူး။ ဒီတော့ ဘာမှမဖြစ်တဲ့ ဒီ စစ်တပ်ကခင်းတဲ့လမ်းကို ကျွန်တော် တို့ ဆက်လျှောက်ရင်ရော ဘာဖြစ်မလဲ။ သမိုင်းတရားခံဖြစ်တာပဲရှိမယ်။ နိုင်ငံ ရေးဘဝ သစ်ကိုရောက်ဖို့ ကျွန်တော်တို့ သတ္တိရှိဖို့လိုနေပြီ။

ဒီအခြေခံ ဥပဒေက ခိုင်းတဲ့အ တိုင်း လိုက်လုပ်နေလို့ မဖြစ်တော့ဘူးလို့ ကျွန်တော် ယူဆတယ်။ ဦးသိန်းစိန် လည်း ဘာမှမလုပ်နိုင်ဘူး။ သူလည်း သူ့ရဲ့ စစ်တပ်ကိုလည်း မလွန်ဆန်နိုင် ဘူး။ ရှင်းရှင်းပြောရရင် စစ်တပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ပဲရှိသေးတာ။ ဒါ က ရှင်းတယ်။ အဲဒီတော့ ဒီလို အခြေ အနေမှာ ဘာတွေပေါ်လဲ ဆိုတော့ ဘာ သာရေး တိုက်ခိုက်တာတွေ၊ လူမျိုးရေး ပဋိပက္ခတွေ အခုနောက်ပိုင်းမှာ စစ် တပ်က လူဟောင်းတွေ ဆိုရင် တိုင်း ပြည်ကို ပါးရိုက်မယ်လို့ ပုဆိုးလှန်ပြမယ် လို့ ပြောလာ ကြပြီ။ NLD ကိုလည်း ဒေါ်အောင်ဆန်းစုကြည် မှတပါး ကျန်တဲ့ သူတွေ သောက်သုံးမကျဘူး ဆိုပြီး အဲဒီ လောက်အထိ ရက်ရက်စက်စက် ပြော တာ။ ဦးတင်ဦး သူတို့ရဲ့ ကာချုပ်ဟောင်း ကိုပြောတာ။ ဒါတွေဟာ အကြောင်းမဲ့ ပြောတာ မဟုတ်ဘူး။ သူတို့မှာ timing ရှိတယ်ဗျ။ သမီးကလေးရွာက လူတွေ ခိုနေတဲ့ ဘုန်းကြီးကျောင်း ကို သွားပြီး ရွှေ့ကြမရွှေ့ရင် မီးတိုက်မယ် ဆိုတော့ ဘာကြီးလဲ။ ပြီးတော့လည်း ဒီဘာသာ ရေးနဲ့နွှယ်တဲ့ ဥပဒေလေးရပ် ကိစ္စက လည်း လွှတ်တော်တွေ အစိုးရ အဖွဲ့တွေ အ ထိရောက် လာပြီ။ တကယ်ဆို လက် ထပ်ထိမ်းမြားခြင်း ဥပဒေက ရှိပြီးသား ပဲ။ ဒါကိုပဲ မပြည့်စုံရင် ပြည့်စုံအောင် ပြင်ဆင် ဖြည့်စွက်လိုက်ရင် မပြီးဘူးလား။ အဲဒီကိစ္စကြီး ကလည်း တအုံနွေးနွေးနဲ့ တကယ့် အခက်အခဲကြီး တစ်ခု ဖြစ်လာ နေပြီမို့လား။ ရှစ်လေးလုံးကျောင်းသားတွေက လည်း လူထုရဲ့ တောင်းဆိုချက် မရရင်၊ အခြေခံ ဥပဒေပြင်ရေး ပုဒ်မ ၄၃၆ မပြင်ရင် လမ်းပေါ်ထွက် ဖို့ အဆင်သင့် ပဲဆိုတဲ့ စကားမျိုး။ ဆိုတော့ တင်းမာမှု က အတော်ဆိုးလာပြီ။

ကျွန်တော်တို့ NLD ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တိုင်ပင်ချင်တယ်။ ဆွေးနွေးချင် တယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်း နဲ့ ဆွေးနွေး အဖြေ ရှာချင် တယ်။ အကြမ်း ဖက်တဲ့နည်းကို သိပ်မလုပ်ချင်ဘူး။ အခုက ဘာဖြစ်လာမလဲ ဆိုတာ ဖမ်းလို့ သိပ်မရချင်ဘူး။ နိုင်ငံရေးဆိုတာ က တစ်ခါတလေ စိတ်ကူး စိတ်သန်းနဲ့ ဖန်တီး လို့မရဘူး။ ဖြစ်သွားမယ့် မြေပြင် အခြေအနေ ကတခြား၊ ဖြစ်သွားတာက တခြားဖြစ်တတ်တယ်။ အခုကျွန်တော့် အထင်ကတော့ မြေပြင် အခြေအနေက သီးခြားဖြစ်စပြု လာပြီ ထင်တယ်။ အခု ဦးသိန်းစိန် တို့ပြော တဲ့ နိုင်ငံရေး အခင်း အကျင်းသစ် ဆိုတာ လူထုက ဂရုမစိုက် တော့ဘူး။ သူ့ဟာ သူပြောနေတာ။ အခု ဒေါ်အောင်ဆန်းစုကြည် ပြောလည်း NLD ပြောလည်း သိပ်ဂရု မစိုက်ချင်တော့ ဘူးဖြစ်လာပြီ။ သူ့ဟာသူ သီးခြား ကိုယ့် သဘော ကိုယ်ဆောင်ပြီး လုပ်တာတွေ ပါလာပြီ။ ကျောင်းသားက တစ်လမ်း၊ NLD က တစ်လမ်း၊ ဦးသိန်းစိန်က တစ် လမ်း၊ လွှတ်တော်က တစ်လမ်း။ သေချာ တာက စစ်တပ်က အသံတွေ၊ ဒီဆဲဆို နေတာတွေ ဦးလှဆွေ ကအစ စစ်ဗိုလ် ချုပ် ဟောင်းတွေ ပြောနေတာတွေ ဒီ အသံတွေ ထွက်လာတာဟာ အကြောင်းမဲ့ ထွက်လာတာလို့ တွက်လို့ မရဘူး။ တစ်ခုခု ချက်တစ်ခုခု ရှိနေရမယ်။ နောက် ကွယ်က ချက် တစ်ခုတော့ ရှိရမယ်။ ဘယ်လို ဆက် မယ်တော့ မသိရသေးဘူး။ ဒါတွေဟာ အလကားပေါ်တာ မဟုတ် ဘူး။ ရွေးကောက်ပွဲ နဲ့ ဆက်စပ်ပေါ် လာတာ လို့ ယူဆရတယ်။

ဟုတ်ကဲ့။ ဒီ အခြေအနေတွေက ထင်မှတ်မထားတဲ့ အခင်းအကျင်း တစ်ခု ဆီ ဦးတည်တယ် လို့ယူဆထားတယ်ဆို တော့ ဒါကို ရှောင်လွှဲနိုင်ဖို့ အတွက် အဖြေကတော့ အခြေခံ ဥပဒေပြင်ဆင် ရေးအောင်မြင် သွားရင်ရော ဒါကိုရှောင် လွှဲနိုင်မလား။
လွှတ်တော် ကလုပ်နေတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ကိုလည်း ကျွန်တော် တို့ဘာမှ သိပ်မျှော်လင့်ချက် မထားဘူး လို့ ပြောမယ်။ ဘာလို့လဲ ဆိုတော့ ၁ဝ၉ ဦးကော်မတီ လုပ်တုန်း ကလည်း သူတို့ က ၇၇ နေရာအထိ ယူထားတယ်။ အဲဒီ ကနေ ၃၁ ဦး ကော်မတီရောက်တော့ လည်း ဦးအောင်သိန်းလင်း တို့ပါလာ တယ်။ သူ့ရဲ့ လက်မှတ် တစ်သိန်းကျော် ထိုးထားတဲ့ အချက်က ပါလာပြီ။ အ ကယ်၍သာ သူဟာ ၁ဝ၉ ဦးကော်မတီ ထဲမှာ ကျန်ခဲ့ရင် ဒါဟာ ဟာသပဲ။ အခု သူက ၃၁ ဦးကော်မတီ ထဲပါပြီဆိုတော့ သူ့ရဲ့ တစ်သိန်းကျော် လက်မှတ်ထိုး ထားတယ် ဆိုတဲ့ အချက်က မဟုတ်မှန် ပေမယ့် စဉ်းစားစရာဖြစ်လာတာပေါ့။ ဒါကြောင့် ဖွဲ့စည်းပုံကို လွှတ်တော်က ထိ ထိရောက်ရောက် ပြင်နိုင်ဖို့ ဆိုတာ မမြင်ဘူး။

ကျွန်တော်က အစောကတည်းက ပြောတယ်။ လွှတ်တော်ပြင်ပလိုင်း တစ်ခု ကနေပြင်ဖို့ကြိုးစားပါ။ NLD က မလုပ် ခဲ့ဘူး။ နောက်ပိုင်းမှ လွှတ်တော်ပြင်ပ လိုင်းဘက် ဝင်လာတာ လူထု သဘော ထားရယူတယ်ပေါ့။ ဒါပေမဲ့ သိပ်များ များမလုပ်နိုင်ဘူး။ NLD ကလည်း သူ့ ဟာသူ ပြန်ပြန်ခွေနေတာ။ ပြန်ပြန် ဝင်သွားတယ်။ အဲဒီလိုဖြစ်နေ တယ် ဆိုတော့ ကျွန်တော့် အမြင်က နိုင်ငံရေး အခြေအနေက ဘာမှ တိုးတက်မလာ ဘူး။ တိုးတက်မှု မရှိဘဲ ပေါက်ကွဲနိုင်တဲ့ အခြေအနေ ထိ ကြီးထွားလာနေပြီ။

အဲဒါဆို အဲဒါကို ဘယ်လိုရှင်းမလဲ ဆိုတော့ ကျွန်တော်တို့ စဉ်းစားတာက အပျော့စားပေါ့။ အခြေခံ ဥပဒေပြင်ဆင် ရေး ပုဒ်မ-၄၃၆ ကိုပြင်ပါ။ ဒါပေမဲ့ ဒါက လည်း ဖြစ်နိုင်ခြေ အင်မတန် နည်း ပါတယ်။ အခြေအနေ က အလွန်ရှုပ် ထွေးသွားပြီလို့ ကျွန်တော်မြင်ပါတယ်။

ဒီလို ရှုပ်ထွေးတဲ့ အခြေအနေမှာ ကျွန်တော်တို့က လမ်းဆုံလမ်းခွရောက် နေပြီ။ ဒီ ၂ဝဝ၈ လမ်း အတိုင်း ဆက် လျှောက်နေရင် မပြေလည်ဘူး။ ဒါ သေချာတယ်။ ဒါဆို လမ်းခွဲ ထွက်ပြီး လမ်းသစ်ရှာတဲ့ နည်းကို သုံးပြီး ဖြေရှင်း မလား။ ဒါက အားလုံး စုပေါင်းအဖြေ ရှာရမယ့် အနေအထားပါ။

ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ် ခင်ဗျ
ကျော်ရဲလင်း တွေ့ဆုံမေးမြန်းသည်
Popular Myanmar News Journal

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 4, 2014

ကျနော် အမျိုးသားရေးဝါဒီ

ရေးသားသူ — ငြိမ်းချမ်းအေး




အခု နှစ်ပိုင်း ဗမာပြည်မှာ အမျိုးသားရေးဝါဒ အကြောင်းက လူပြောများ လာတယ်၊ လိုသူ၊ မလိုသူ၊ အမျိုးမျိုး ပြောကြ၊ ဆိုကြတယ်။ တချို့ကလည်း အမျိုးသားရေးဝါဒီ မဖြစ်ရင်ဘဲ နူတော့မလို၊ တချို့ကျလည်း အမျိုးသားရေးဝါဒ တံဆိပ်ကပ်ခံရရင် နူသလောက် ခံယူကြတယ်။ ဒီလို အမျိုးသားရေးဝါဒ ဆက်စပ် ပြောဆိုမှုတွေ၊ အငြင်းပွားမှုတွေ၊ လှုပ်ရှားမှုတွေ များပြားလာခြင်းဟာ အာဏာ နိုင်ငံရေး ပယောဂ ကြောင့်က အဓိက ပါပဲ။ ပါတီနိုင်ငံရေး မလုပ်ပါဘူး၊ အမျိုးသား နိုင်ငံရေး ပဲ လုပ်ပါမယ် ဆိုသူတွေရဲ့ ပါးစပ်တွေက ဒီလို အသံတွေ ပိုကြားရတတ်တယ်။ ဘယ်လို အကြောင်းပြချက် ကောင်းတွေ ပေးပေး၊ ဒီ အမျိုးသား နိုင်ငံရေး ရည်မှန်းချက် က အတွင်း သဘောမှာ အာဏာနိုင်ငံရေး၊ အုပ်စု နိုင်ငံရေး၊ စစ်အုပ်စု ရှင်သန်ရေးမှာပဲ အဆုံးသတ်တာပါပဲ။

လက်ရှိ မျက်မြင်ပါပဲ၊ အမျိုးသားရေးဝါဒ ခေါင်းစဉ်တပ်ပြီး သမ္မတ အရည်အချင်း သတ်မှတ်မှု ၅၉ (စ) ကို ဆက်လက် ဆုပ်ကိုင်လိုသူ စစ်အုပ်စု လော်ဘီတွေ အများကြီး ရှိနေတယ် ဆိုတာ။ အမျိုးသားရေး အမြင် သက်သက်နဲ့သာ ကြည့်ဆိုတာပါ အတွင်တွင် ပြောနေကြပေမယ့် တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် လို ဂုဏ်သရေရှိ အမျိုးသမီးကြီး တဦးရဲ့ ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံရေးသြဇာ နဲ့ လူထု ထောက်ခံမှုကို မလိုလား၊ မနှစ်လိုနိုင်ခြင်းက အဓိကပါပဲ။ ဒါနဲ့ပဲ လူ့သဘာဝ အိမ်ထောင်၊ သားမွေး၊ လွတ်လပ်စွာ ရွေးချယ်ခဲ့မှု ကို လာ ခလုတ်တိုက် ခုတုံးလုပ်နေကြတာပါ။ ဗိုလ်ချုပ်ဟောင်းများ အခု ရွေးကောက်ပွဲ အတွက် နယ်လှည့်ရင် ဒီလို သဘော ကိုပဲ ဇောင်းပေး ဆိုနေကြတယ်ပဲ မဟုတ်လား။

ဒီလိုသဘောကြောင့် သူ့ကျွန် ဘဝ ကိုလိုနီခေတ်မှာ လွတ်လပ်ရေးလှုပ်ရှားမှု လိုအပ်ချက်အရ လှုပ်ရှား တည်ရှိလာခဲ့ရတဲ့ အမျိုးသားရေး လှုပ်ရှားမှု အနှစ် သဘောဟာ မျက်မှောက်ခေတ် နိုင်ငံရေးမှာ တလွဲ အသုံးချခံ ဖြစ်နေရတယ်။ အမျိုးသားရေး၊ ဘာသာ၊ သာသနာ အရေး အသံဟစ်ရင် လူကြည်ညို၊ ထောက်ခံမှုများလေ့ရှိခြင်းကို နိုင်ငံရေးသမား (ဆိုသူများ)၊ နိုင်ငံရေး သမား အဝတ်ခြုံသူ ဗိုလ်ချုပ်ကြီးများ ကောင်းကောင်း အသုံးချ နေကြတယ်။ အမျိုးသားရေးဝါဒ ဟာ နိုင်ငံရေးသမား တချို့ အတွက် သတ်ကွင်း ဖြစ်လာနေသလို၊ တချို့အတွက်ကျ စားကျက် ဖြစ်နေတယ်။

ဒီလို နောက်ခံမှာ အမျိုးသားရေးဝါဒ ကို ထောက်ခံသူ၊ ဆန့်ကျင်သူ၊ ကြားနေသူ အားလုံး ယေဘုယျ ပြောဆို၊ ပြုမူ၊ ကျင့်ကြံ၊ ယူဆ၊ ယုံမှတ် နေကြတဲ့ အမျိုးသားရေး အယူအဆ အများစု ဟာ မူလ အမျိုးသားရေးဝါဒ နိုင်ငံရေး သီအိုရီ သဘောတွေ နဲ့ မတူ ကွဲပြား နားလည်နေမှုတွေ ရှိနေတာ သတိထားမိတယ်။

အမျိုးသားရေးဝါဒ စကားလုံး အခြေခံခဲ့ရာ “Nationalism” အင်္ဂလိပ်စကားလုံးကို အဓိပ္ပာယ် ဖွင့်ပါက မိမိ မွေးဖွားကြီးပြင်းရာ တိုင်းပြည် ကို ချစ်မြတ်နိုးခြင်း၊ မိမိ တိုင်းပြည်ကို နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး အရ အမှီအခို ကင်းကင်း၊ မိမိဘာသာ ရပ်တည်စေလိုခြင်း၊ တနည်းအားဖြင့် ဘယ်နိုင်ငံ သြဇာခံ၊ ဘယ်သူ့ လက်အောက်ခံ မှ မဟုတ်ဘဲ လွတ်လပ်စွာ ရပ်တည်စေလိုခြင်း ဆိုတာ ရတယ်။ ဒီ ဖွင့်ဆိုချက်ပါ မိမိ နိုင်ငံကို ချစ်ခြင်း၊ မိမိနိုင်ငံ ကို သူတပါး ကျွန် မဖြစ်စေလိုခြင်းမှာ အတွေးအခေါ်ပိုင်းအရ ကျဉ်းမြောင်း အစွန်းရောက်ခြင်းမျိုး၊ ဒါမှမဟုတ် သီလကျင့်ဝတ် ပိုင်းဆိုင်ရာ အရ မှားယွင်းခြင်းမျိုး မရှိပါ။ ဒီ အနှစ် သဘော မှာ အသားအရောင်၊ လူမျိုး တမျိုး၊ ဘာသာ တခု ကို အခြေမခံ၊ လူမျိုး-ဘာသာစုံပါ တိုင်းပြည် ကိုသာ အခြေခံတယ်။

ဒီ “Nationalism” ကို မှ ထပ်မံ အသေးစိတ် အမျိုးအစားခွဲရင် လူမျိုးရေး အခြေခံ သဘောပါတဲ့ အမျိုးသားရေးဝါဒ Ethnic Nationalism ဆိုတာ ရှိမယ်။ ဒီသဘောမှာ ဘုံတူညီတဲ့ ဘာသာ စကား၊ ယဉ်ကျေးမှု ဓလေ့ စရိုက်၊ လူမှု-စီးပွား နောက်ခံဘဝ၊ ကိုးကွယ်ယုံကြည်မှု၊ ဆင်းသက်လာရာ လူမျိုးအနွယ်၊ အုပ်စု စတဲ့ အချက်တွေနဲ့ Nationalism ကို အဓိပ္ပာယ် ဖွင့်ဆိုတယ်။ ဘာသာစကားတူ၊ ယုံကြည်မှုတူ၊ လူမျိုးတူ အုပ်စုရဲ့ တပြည်ထောင် အပေါ် အခြေခံတယ် ဆိုသော်ငြားလည်း အခြား ဘုံတူညီနေတဲ့ အချက်တွေကိုလည်း ထည့်သွင်း စဉ်းစားနိုင်တယ်။ သဘောက အသားအရောင်၊ လူမျိုး အခြေခံ အပေါ်ယံ လက္ခဏာ (Phenomenon) တွေထက်၊ လူမျိုးစု တစု ဗဟိုပြု ဝိသေသလက္ခဏာ (Specific Character) တွေထက် ကမ္ဘာ့ နေရာ ပထဝီဝင် ဒေသတခု က လူအများ (လူမျိုးစုများ) ယေဘုယျ မျှဝေ တည်ရှိနေတဲ့ လက္ခဏာ (Common Character) ကို ဆိုလိုတယ်။ ဒါကို မူတည်ပြီး လူမျိုး အုပ်စုတွေရဲ့ (ဒေသရဲ့) သွင်ပြင် လက္ခဏာ Identity တည်ရှိမှုတွေ၊ ဓလေ့ တွေ၊ ယုံကြည်မှုတွေကို သတ်မှတ်တယ်။

လူမျိုး (Ethnicity) ကို အဓိပ္ပာယ် သတ်မှတ်ရာမှာ ရှေးအကျဆုံး လို့ ယူဆလေ့ရှိတဲ့ ခေါမ သမိုင်းပညာရှင် Herodotus (5th BCE) ရဲ့ ဖွင့်ဆိုချက်မှာ သွေးတူ၊ စကားတူ၊ ဘာသာတူ အပြင် ဓလေ့ထုံးစံတူ၊ အလေ့အထ၊ ယုံကြည်မှု၊ ဘဝ နေထိုင်မှု ဟန်ပန် ပုံစံ တူ ဆိုတဲ့ အချက်တွေ ပါ ပါတယ်။

ပထဝီဝင် ဒေသတခုရဲ့ ဘာသာစကား၊ လူမျိုး၊ ကိုးကွယ်မှု မတူကြတဲ့ လူမျိုးစုတွေမှာ ဓလေ့ထုံးချင်း၊ ယဉ်ကျေးမှုချင်း ဆက်စပ်နေတာတွေလည်း အများကြီး ရှိတယ်။

သဘောကို ရှင်းအောင် အကျယ် ဆိုရရင် အရှေ့တောင် အာရှ၊ တောင် အာရှ၊ အရှေ့အာရှ တခုလုံးမှာ မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်နေကြပေမယ့် ဘုံတူညီတဲ့ ဓလေ့၊ ထုံးစံ၊ ဘဝနေထိုင်မှု ဟန်ပန်တွေ၊ အယူသီးမှုတွေ အနည်းအများ မျှဝေ တည်ရှိနေတယ်။ မဇ္စ္ဈိမတိုင်း အိန္ဒူ မြစ်ဝှမ်း၊ ဟိမဝန္တာ ဒေသ၊ ဂင်္ဂါ မြစ်ဝှမ်း တလျှောက် က ဗြာဟ္မဏဝါဒ၊ ဟိန္ဒူဝါဒ၊ ဗုဒ္ဓဝါဒ၊ စိန ဒေသ က တာအိုဝါဒ၊ ကွန်ဖြူးရှပ်ဝါဒ၊ အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ ဒေသ အာရပ် တို့ရဲ့ အစ္စလာမ်ဝါဒ စတဲ့ အယူဝါဒစုံ ရဲ့ ရာဇဝင်၊ ဇာတ်တော်၊ ပုံပြင်၊ နီတိ၊ ကျင့်ဝတ် အသိ၊ ဓလေ့ထုံးတမ်း၊ ယုံကြည်မှု အစုစု ဟာ အာရှတိုက် တခုလုံးကို ယေဘုယျ မျှဝေ သက်ရောက်နေတယ်။

ဝတ်စားဆင်ယင်မှု ဓလေ့ကို ကြည့်ရင် အိန္ဒိယ၊ ဗမာ၊ မလေး၊ အင်ဒို၊ ခမာ၊ ထိုင်း အစရှိတဲ့ ဒေသ အသီးသီးမှာ သက်ဆိုင်ရာ ဒေသ ဘာသာ စကားအလိုက် အခေါ်အဝေါ် အမျိုးမျိုး ကွဲပြား ကြပေမယ့် ပုံစံဒီဇိုင်းမှာတော့ တူညီတဲ့ ပုဆိုး၊ လုံခြည် အဝတ်ပတ် ဝတ်ဆင်မှု ရှိကြတယ်။ ရှေးဟောင်း ဟိန္ဒူ စာပေ လာ ရာမာယဏ ဇာတ်တော် ပါ ရာမ၊ လက္ခဏ၊ သီတာ၊ ဒဿ၊ ဟနုမာ အစရှိတဲ့ ဇာတ်ကောင်တွေဟာ အရှေ့တောင်အာရှ တခုလုံးက လူမျိုးစုံ နဲ့ ရင်းနှီးတယ်။ ဗုဒ္ဓ၊ ဂျိန်း၊ ဆစ်(ခ်) ဘာသာ အသီးသီးမှာလည်း ရာမာယဏ ဗားရှင်း အကွဲတွေ တူညီ ရှိတယ်။ ဗမာ၊ ထိုင်း၊ အင်ဒို၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ မတူညီကွဲပြားတဲ့ တိုင်းပြည် အသီးသီးမှာလည်း တင်ဆက်ပုံ ကွဲပေမယ့် ကျောရိုး တူညီတဲ့ ရာမာယဏ ဇာတ်တော်ဘွဲ့ စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင် အနုပညာ ပစ္စည်း အသီးသီး ရှိကြတယ်၊ ဒီဇာတ်တော် ကနေ ထုတ်နှုတ်ယူတဲ့ ဓလေ့ထုံးစံ၊ အကျင့်၊ အကြံ၊ အတွေးအခေါ်၊ ကျင့်ဝတ်သီလ တွေ တူညီမျှဝေ တည်ရှိနေကြတယ်။

အိန္ဒိယ ယဉ်ကျေးမှု သက်ရောက်ရာ အရှေ့တောင်အာရှ တခုလုံး ဟာ ဟိမဝန္တာ၊ ဂင်္ဂါ၊ ယမုံနာ၊ သူရဿတီ စတာတွေနဲ့ အကျွမ်းတဝင် ရှိကြတယ်။ ဟိန္ဒူ ဓလေ့ ကပဲ လာတဲ့ သင်္ကြန်ရေကစားခြင်းလိုမျိုးကလည်း အလားတူပဲ အရှေ့တောင် အာရှ နိုင်ငံအများစုကို သက်ရောက်တယ်။ ဒေသတွင်းရဲ့ ကြိုက်တဲ့ ရိုးရာ ဓလေ့ဖြစ်ဖြစ်၊ ကျင့်ဝတ် နီတိ ဖြစ်ဖြစ် ရဲ့ မူလကို စစ်ရင် မဇ္စ္ဈိမ (သို့မဟုတ်) စိန မြစ်ဖျားခံရသာ အများစု ဖြစ်တယ်။

ဒီလို ဒေသဆိုင်ရာ မျှဝေ တူညီတဲ့ အနုပညာ၊ ရိုးရာ အစဉ်အလာ ယုံကြည်မှု၊ ဓလေ့၊ ဘာသာဗေဒ နောက်ခံ သဘောကြောင့် အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ခ်ျ စတဲ့ အနောက်နိုင်ငံတွေရဲ့ ကိုလိုနီကျွန်ပြုမှုကို တော်လှန်တဲ့ နိုင်ငံရေးဖြစ်စဉ် သမိုင်းတွေဟာ အိန္ဒိယ၊ ဗမာ၊ အင်ဒိုချိုင်းနား အားလုံး တူညီ ဆက်နွယ် ရောယှက်နေခဲ့တယ်။ တနည်းအားဖြင့် တောင်အာရှ၊ အရှေ့တောင်အာရှ ရဲ့ အမျိုးသားရေး လှုပ်ရှားမှု ကြီးဟာ ပထမ ကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် မတိုင်မီ နဲ့ အပြီးမှာ အတူတူ မွေးဖွား၊ ကြီးပြင်းလာခဲ့ရတယ်လို့ ဆိုနိုင်တယ်။

ဒီလို သဘောကြောင့် ဗမာပြည် ရဲ့ အမျိုးသားရေးဝါဒီ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နဲ့ အိန္ဒိယ ရဲ့ အမျိုးသားရေး ခေါင်းဆောင် နေရူး တို့ ဟာ တသွေးတသားတည်း ရှိခဲ့၊ ရင်းနှီးခဲ့၊ တိုင်ပင် နှီးနှောခဲ့ကြတယ်။ အိန္ဒိယ အမျိုးသားရေး လှုပ်ရှားမှု နဲ့ ဗမာ့ အမျိုးသားရေး နဲ့ က ဆက်စပ်နေခဲ့တယ်။ ဂန္ဒီကြီး ဟာ ဗမာပြည် အတွက်လည်း မဟတ္တမ ဖြစ်တယ်။ အင်ဒိုချိုင်းနား မှာ ပြင်သစ်ကို ဆန့်ကျင်နေတဲ့ ခေါင်းဆောင်ကြီး ဟိုချီမင်း ရဲ့ အရေး၊ ဗီယက်နမ်ပြည် လွတ်မြောက်ရေး ဟာလည်း ဗမာ၊ အိန္ဒိယ အရေးလည်း မည်တယ်။ ဖီလစ်ပိုင် နယ်ချဲ့တော်လှန်ရေးသမားကြီး ဟိုဆေးရီဇော် ဟာ အာရှတိုက်ရဲ့ စံနမူနာပြုစရာ အမျိုးသားရေး သူရဲကောင်းကြီး ဖြစ်ခဲ့တယ်။ ဆိုလိုချင်တာက ဒေသဆိုင်ရာ သဘော အားလုံးဟာ ဆက်နွယ်နေခဲ့တယ်။

ဗမာ ပြည် တခုတည်း ကွက်ကြည့်ရင်လည်း ဗမာပြည်မှာ လူမျိုးစုံ၊ ဘာသာစုံ၊ အယူဝါဒစုံ၊ စကားစုံ သူတွေ မှီတင်းနေထိုင်နေတာ မှန်ပေသိ၊ အတွေးအခေါ်၊ အယူဝါဒ၊ ဓလေ့ စရိုက်၊ ဝတ်စားဆင်ယင်မှု၊ အစားအသောက် ပုံစံ၊ အယူသီးမှု၊ လက်ခံယုံကြည်မှု၊ စကားပုံ၊ ပုံပြင်၊ နီတိ အစရှိတဲ့ အကြောင်း၊ သဘောတွေမှာ ဘုံတူညီ မျှဝေ တည်ရှိနေတာတွေ အများကြီး ရှိတယ်။

အထက်မှာ အကျယ် ရှင်းခဲ့ခြင်း သဘော အနှစ်က လူမျိုးရေး အခြေခံ “Ethnic Nationalism” ဆိုစေဦး၊ အမျိုးသားရေးဝါဒ ဟာ တသွေးတည်း၊ လူမျိုး တမျိုးတည်း၊ ဘာသာ တခုတည်း လုံးလုံး အဓိပ္ပာယ်ပေါက် မဆိုလိုဘူး ဆိုတာပါ။ Nationalism ရဲ့ မူလ ဖွင့်ဆိုချက်ဟာ တိုင်းပြည် ကို အခြေခံတယ်၊ ဒုတိယ လူမျိုး (Ethnicity) သဘော ပါ Racial Nationalism မှာလည်း လူမျိုး တမျိုးတည်း သဘောက အဓိက မကျဘဲ ဘုံတူညီတဲ့ အခြား အချက်အလက်တွေပါတယ် ထည့်သွင်းစဉ်းစားနိုင်တယ် ဆိုတာကို မြင်စေချင်တာပါ။

Nationalism မှာ အခြား ဒဿနိကဗေဒ၊ လူမှုဗေဒ၊ နိုင်ငံရေးဗေဒ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ အသီးသီး ရှိသေးပေမယ့် ဆိုခဲ့တဲ့ သဘော က Nationalism ရဲ့ အနှစ်သာရပဲ ဖြစ်တယ်။

ပြင်းထန်၊ အစွန်းရောက် ကျဉ်းမြောင်းတဲ့ လူမျိုးရေး သန့်စင်မှု အသားပေး၊ တဘာသာ၊ တလူမျိုး ဗဟိုပြု “Ultranationalism” ဟာ မူလ Nationalism သဘော နဲ့ လုံးလုံး ကွဲပြားတယ်။ ဒါကြောင့် ဗမာပြည်ရဲ့ အမျိုးသားရေးဝါဒီကြီးများဖြစ်တဲ့ သခင်နု၊ သခင် အောင်ဆန်း အစရှိတဲ့ စံပြ မြန်မာ ခေါင်းဆာင်းကြီးများဟာ အစွန်းရောက် အမျိုးသားရေးဝါဒ ကျင့်သုံးတဲ့ ဂျပန် ဖက်ဆစ် စနစ် ကို ဆန့်ကျင်တော်လှန် နောက်ဆုံးမှာ ဒီမိုကရေစီ ဘက်တော်သားတွေ ဖြစ်ခဲ့တာပေါ့။

ဒီလို စစ်မှန်တဲ့ အမျိုးသားရေးဝါဒမျိုး ဟာ လူမျိုး တမျိုး၊ ဘာသာ တဘာသာ ရဲ့ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံး ကို ဗဟိုပြု အခြေခံ ကျင့်ကြံ၊ ပြုမူ၊ ဆက်ဆံ၊ ပုံဖော်တတ်တဲ့ မျိုးမြင့်စိတ်နေဝါဒ (Ethnocentrism) နဲ့လည်း အပုံကြီး ကွာတယ်။ ဒါကြောင့် အမျိုးသားရေးဝါဒီ၊ ဗုဒ္ဓဘာသာ အစစ်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ နိုင်ငံတော်ဘာသာ အဖြစ် ဗုဒ္ဓဘာသာ ပြဋ္ဌာန်းလိုမှု အပေါ် ခါးခါးသီး ကန့်ကွက်ခဲ့တာပေါ့။ ဦးနု ဟာ သူ့ဘာသာ ဘာသာရေး ကိုင်းရှိုင်းလို့ ဗုဒ္ဓဘာသာ ကိစ္စရပ်တွေ အသားပေး လုပ်ချင်လုပ်မယ် (နိုင်ငံရေး ရည်ရွက်ချက်၊ ဘာသာရေး ကို ခုတုံးလုပ်မှု လို့လည်း စွပ်စွဲခံရတယ်)၊ ဒါပေမယ့် ဦးနုကို နိုင်ငံရေး အရ ဆန့်ကျင်၊ အမြင်မတူသူများ တခြား အကြောင်းအရာစုံနဲ့ ပြစ်တင် ဝေဖန်နိုင်ပေမယ့် ဘယ်သူ့မှ ဦးနု ကို လူမျိုးရေးခွဲခြားသူကြီး၊ ဘာသာရေး အစွန်းရောက်ကြီးလို့တော့ မဆိုနိုင်ဘူး။ ဘာကြောင့်ဆို ဦးနုက စစ်မှန်တဲ့ အမျိုးသားရေးဝါဒီ တယောက်သာ ဖြစ်ပြီး မျိုးမြင့်စိတ်နေဝါဒ စွဲကပ်နေသူမှ မဟုတ်ခဲ့တာကိုး။

ဒီလို ကျယ်ပြန့်တဲ့၊ လူမျိုး တမျိုး၊ ဘာသာ တခု ကွက်ကွက်ကလေး ကို မကြည့်ဘဲ၊ တိုင်းပြည် ရှိ လူမျိုးစုံ၊ ဘာသာစုံ ကို အခြေခံတဲ့၊ ဒေသဆိုင်ရာ အကျိုး၊ နိုင်ငံတကာအနံ့ အပြည့်ရှိတဲ့ အမျိုးသားရေးဝါဒ မျိုးကို စာရေးသူ ကျနော်ဟာ နှစ်နှစ်ကာကာ ယုံကြည်တယ်။ နှလုံးသား တမိုက်တထွာ၊ အမြင် မျက်တောင် တမွှေးနဲ့ ပြင်းထန်စွန်းရောက် အမျိုးသားရေးဝါဒမျိုး၊ မျိုးမြင့်စိတ်နေဝါဒ မျိုးကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချတယ်။

ဒီလို သဘော အမျိုးသားရေးဝါဒီ စာရေးသူ ဟာ မွေးဖွားကြီးပြင်းရာ ဗမာပြည် အရေး ကို လိုလားတယ်၊ ဗမာပြည် တည်ရှိရာ အရှေ့တောင်အာရှ အရေးကို စိတ်ဝင်စားတယ်၊ အရှေ့တောင်အာရှ တည်ရာ အာရှတိုက် အရေးကို အရေးတယူရှိတယ်၊ အာရှတိုက် တည်ရှိရာ ကမ္ဘာကြီး အရေးဟာ စာရေးသူ အရေးလည်း ဖြစ်တယ်။ အမေရိကန် ကျူးလွန်ခဲ့တဲ့ ဗီယက်နမ် စစ် သမိုင်း သဘော ကို ဆန့်ကျင်တယ်၊ ပါလက်စတိုင်းဒေသ လွတ်မြောက်မှုကို လိုလားတယ်၊ တိဗက်ဒေသ ဟာ တိဗက်လူမျိုးအတွက်ပဲ ဖြစ်ရမယ် ဆိုတာကို ယုံကြည်တယ်၊ အလားတူပဲ ဗမာပြည်က ကချင်၊ ကရင် အစရှိတဲ့ လူမျိုးစု တော်လှန်ရေးတွေကို ထောက်ခံအားပေးတယ်။

စစ်မှန်တဲ့ အမျိုးသားရေးဝါဒီ တယောက်က တမျိုး၊ တဘာသာ တည်း သီးသန့် ပြောဆို ဆွေးနွေးမှုမျိုး၊ အမြင်မျိုး၊ ကျဉ်းမြောင်းမှုမျိုး ဘာအကြောင်းပြချက်နဲ့မှ မလုပ်အပ်ဘူး။

အခု ဗမာ့ နိုင်ငံရေး ဖြစ်စဉ်မှာ ဖြစ်ပေါ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီ ဘက်တော်သားများ နဲ့ ပြည်သူလူထု အများစု ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်ပွဲ ပန်းတိုင် ရည်မှန်းချက် နဲ့ အလားအလာ ကို ကြောက်လန့် တုန်လှုပ် မှုကြောင့် စစ်အုပ်စု နဲ့ နောက်မြီးဆွဲများ အောက်လမ်းနည်းများသုံး၊ အစွန်းရောက် အမျိုးသားရေး မှိုင်းလုံးတွေ တိုက်၊ တို့မီး ရှို့မီး တွေ လုပ်၊ မရှိတဲ့ မီးကို ပွားအောင်လုပ်၊ ဘာသာ-လူမျိုးကွဲ လူနည်းစုဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက် အစရှိတဲ့ အမျိုးသားရေးဝါဒ ကို တလွဲအသုံးချနေသူ အမျိုးသားရေးဝါဒီ ဆိုသူများ အတွက် နိဂုံးချုပ် မေးခွန်း နှစ်ခု မေးချင်တယ်။

အမျိုးသားရေးဝါဒ မှာ နိုင်ငံရေးအရ ဆိုရင် လူမျိုးစု အသီးသီး ရဲ့ အမှီအခိုကင်း ရပ်တည်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့်၊ နှစ်သက်ရာ ကိုးကွယ်ယုံကြည်ခွင့် ကို အပြည့်အဝ ထောက်ခံအားပေးရတယ်။ မိမိလူမျိုး၊ နိုင်ငံ ကို ဘယ်သူ့သြဇာခံ မှ မဖြစ်စေချင်တဲ့ အမျိုးသားရေးဝါဒီ တယောက်ဟာ တခြား လူမျိုးစုငယ်တွေကိုလည်း မဖိနှိပ်အပ်ရာဘူး။ အခု အမျိုးသားရေးဝါဒီ ခံယူသူများ ကရင့်တော်လှန်ရေး၊ ကချင့်တော်လှန်ရေး၊ လူနည်းစု အခွင့်အရေး၊ ဘာသာရေး နှိပ်ကွပ်မှု ဆန့်ကျင်မှုတွေကို ဘယ်လို သဘောထား ခံယူပါသလဲ။

အမျိုးသားရေးဝါဒမှာ စီးပွားရေး စနစ်အရ ဆိုရင် အရင်းရှင် စနစ်ဆိုး နိုင်ငံပေါင်းစုံ က ကော်ပိုရေးရှင်းကြီးတွေ၊ လုပ်ငန်းစုကြီးတွေ၊ ငွေကြေးအဖွဲ့အစည်းကြီးတွေရဲ့ ဖိနှိပ် ချုပ်ခြယ်၊ ခေါင်းပုံဖြတ်၊ အဓမ္မကျင့်မှုတွေကို အပြင်းအထန် ဆန့်ကျင်ရတယ်။ အခု အမျိုးသားရေးဝါဒီ ခံယူသူများ ဝမ်ပေါင် + စစ်တပ်ဦးပိုင် ရဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကို ဘယ်လို မြင်ပါသလဲ။

ကရင်၊ ကချင် ခရစ်ယာန် မဟုတ်တဲ့ စာရေးသူ ကျနော် အမျိုးသားရေးဝါဒီ ကတော့ လူမျိုးစု တော်လှန်ရေး တွေကို ထောက်ခံတယ်၊ လူနည်းစု အားလုံး သာတူညီမျှတဲ့ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်မူကို လိုလားတယ်၊ ရိုဟင်ဂျာ မွတ်ဆလင် မဟုတ်တဲ့ စာရေးသူ ကျနော် အမျိုးသားရေးဝါဒီ ဟာ လူမျိုး၊ ဘာသာ၊ အသားအရောင် ကို အခြေပြုပြီး ခွဲခြား၊ ပြောဆို ပြုမူ ဆက်ဆံနေတာတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်။

အရင်းရှင် ပညာရေးစနစ်ကို အရင်းရှင် နိုင်ငံမှာ သင်ကြားလာခဲ့တဲ့ စာရေးသူ ကျနော် အမျိုးသားရေးဝါဒီ ဟာ လူမျိုး-ဘာသာ ကို အခြေမခံဘဲ နိုင်ငံတကာက လူမျိုးစုံ-ဘာသစုံ ရဲ့ အရင်းရှင် ကုမ္ပဏီကြီးများ ကမ္ဘာ့ အလုပ်သမား၊ လူတန်းစား အသီးသီး ကို ဂုတ်သွေးစုပ်နေမှုတွေကို သဲသဲမဲမဲ ဆန့်ကျင်တယ်၊ ဝေါလမ်းမ က ဝံပုလွေကြီးများကို ဆန့်ကျင်ရေး “Occupy Movement” တွေကို သောင်းသောင်းဖြဖြ ထောက်ခံခဲ့တယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှု တွေမှာ ဒေသဆိုင်ရာ လူထု ဆန္ဒ နဲ့ ဖွံ့ဖြိုးတိုးတက်မှု ကသာ အခရာ ပဓာန ဖြစ်ကြောင်း စွဲစွဲမြဲမြဲ ယုံကြည်တယ်။ အလားတူပဲ လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ တသွေး၊ တသံတည်း ဖြစ်ကြောင်း ပြနိုင်ဖို့၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးရာ၊ အားပေးကြောင်း “ဦးပိုင်လူများ မမြင်ချင်” ဆောင်းပါး ရေးခဲ့တယ်။

ဆိုတော့ အခု အမျိုးသားရေးဝါဒ အကြောင်း နေရာတကာ မှာ ပြောဟောနေသူများ၊ အမျိုးသားရေးဝါဒီ အဖြစ် ခံယူထားသူများကို အထက် မှာ ဆိုခဲ့တဲ့ မေးခွန်းနှစ်ခု ကို အရင် ဖြေစေချင်တယ်။ နိုင်ငံရေး အောက်လမ်းနည်း၊ အလိုတော်ရိ နိုင်ငံရေး အကျင့်အကြံ စစ်အုပ်စု ဒူးမနာသားများ အဖြစ် ကောင်းမွန်ပြည့်ဝ အဓိပ္ပာယ် ရှိလှတဲ့ “အမျိုးသားရေးဝါဒ” ကို တလွဲအသုံးချ၊ ဓားစာခံ မလုပ်ဖို့ တောင်းပန်ချင်တယ်။

ငြိမ်းချမ်းအေး
၀၃၊ မတ်၊ ၂၀၁၄

(ဆောင်းပါး နှင့် ပတ်သက်၍ ဝေဖန်၊ အကြံပြုလိုသူများ nyeinchanaye81@gmail.com သို့ စာရေးဆက်သွယ်နိုင်သည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>