ပရိဘောဂစက်ရုံ
ဆုံအုရီ ၊ ဖိုချောန်း (경기도 포천시 소흘읍 송우리)
လစာမှန်သည်
မြန်မာ လူခံရှိသည်
ဗီဇာမလို
ဆက်သွယ်ရန် -
010-4996-5022
Wednesday, February 29, 2012
မြန်မာအလုပ်သမား တစ်ဦး အလိုရှိသည်
မန္တလေး မြို့တော်ဝန် နှင့် တိုင်းဘဏ္ဍာ အခွန်ဝန်ကြီး နေရာချင်း လွဲပြောင်းခန့်အပ်
မန္တလေး၊ ဖေဖော်ဝါရီ -၂၈
မန္တလေးမြို့တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး အတွက် မြေနေရာ ရှာပေးခဲ့သော မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကို တိုင်းဒေသကြီး ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်ထားလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွင် တရားဝင် ထုတ်ပြန်ထားချက် အရ သိရှိရသည်။
NLD ပါတီ စည်းရုံးရေးအတွက် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် ကိုယ်တိုင်ဆင်းကာ အောင်ပင်လယ် ရပ်ကွက် အတွင်းရှိ မြေကွက်လပ်ကြီး တစ်ခုကို ရွေးချယ် ပေးခဲ့ခြင်းကြောင့် တာဝန် ပြောင်းရွေ့ခြင်း ဖြစ်နိုင်သည်ဟု MCDC ဝန်ထမ်းများက သုံးသပ်သော်လည်း တရားဝင် အတည်ပြုနိုင်ခြင်း မရှိပေ။
မိမိကိုယ်တိုင်လည်း ယနေ့နံနက်မှသာ သိရှိပါကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် ဦးအောင်မောင်းက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
မြို့တော်ဝန်တာဝန် ထမ်းဆောင်ခဲ့သည့် ဦးဖုန်ဇော်ဟန်နှင့် လက်ရှိ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့ ကြား၌လည်း အခန့်မသင့်မှုများ ရှိရာ နိုင်ငံတော်သမ္မတ ရုံးထိတိုင်အောင် အပြန်အလှန် တိုင်ကြားမှုများ ပြုလုပ်သည့် သတင်းများမှာ မန္တလေး လူထုအကြား ပျံ့နှံ့လျက် ရှိကြောင်း၊ လက်ရှိ မြို့တော်ဝန်နေရာကို တက္ကသိုလ် ပါမောက္ခတစ်ဦး ဖြစ်သည့် ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီး ဦးအောင်မောင်းကို ပြောင်းလဲ တာဝန်ပေးခြင်း ဖြစ်ပြီး အဆိုပါ မြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်သည် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ချမ်းအေးသာဇံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ဝင်ရောက် ရွေးချယ်ခံ ရသည့် ပုဂ္ဂိုလ် ဖြစ်သည်။
Sources:
- The Voice Daily Newsletter Feb 28, 2012
Tuesday, February 28, 2012
မြန်မာပြည် ခေတ္တအပြန် နှုတ်ဆက်အသိပေးခြင်း
ယခုလ ၂၈ ရက်နေ့တွင် မွေးရပ်မြေ မြန်မာပြည်သို့ အောက်ပါ အကြောင်းကိစ္စများဖြင့် ပြန်ရန်ရှိပါသောကြောင့် ကိုရီးယားမှ ဒါယိကာ၊ ဒါယိကာမအပေါင်းတို့အား ခေတ္တခဏ နှုတ်ဆက်ခဲ့ပါသည်။
(၁) မွေးရပ်ဇာတိ (စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သရက်ခုံကျေးရွာ) တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ကြသော ကျောင်းသားကလေးငယ်များ၏ တက္ကသိုလ်ပညာရေး လိုအပ်ချက်အချို့တွက် အကူညီပေးရန်
(၂) သရက်ခုံကျေးရွာ အခြေခံကျောင်းမှ ကလေးငယ်များအတွက် ပညာရေးထောက်ပံမှုနှင့် စာရေးကရိယာထောက်ပံမှု လုပ်ငန်းများလုပ်ဆောင်ပေးရန်
(၃) ကွယ်လွန်သူ ကျေးဇူးရှင်မိဘနှစ်ပါးနှင့် အကိုတော် တို့အတွက် ရည်စူး ကုသိုလ်အမျှပေးခြင်း ပြုလုပ်ရန်
(၄) ၂ နှစ်တာခွဲခွာခဲ့ရသော ကျေးဇူးရှင်ဆရာတော်များနှင့် သာသနာ့ညီအကိုများ၊ မွေးရပ်မြေမှ ဒါယိကာ/မများနှင့် တွေ့ဆုံရန်
မြန်မာပြည်သို့ ရောက်ရှိပြီးနောက်တနေ့တွင် Lotus Foundation International (Myanmar, Singapore, Malaysia, Korea) တို့မှ ရွှေတိဂုံစေတီတော်မြတ်ကြီး ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် ပါဝင်လှူဒါန်းမှုပြုသော မုခ်လေးမုခ် ခြေသုတ်ခုံအလှူပွဲသို့ ကိုရီးယားလိုတပ်ကိုယ်စား တက်ရောက်လှူဒါန်းမှု ပြုလုပ်မည် ဖြစ်ပါသည်။
သန္တိကရ ၀ိဟာရ ကျောင်းတော်သို့ ဧပြီ (၁) ရက်ခန့်တွင် ပြန်လည်ရောက်ရှိ သာသနာရေး လူမှုရေးကိစ္စများကို တတ်စွမ်းသမျှ ဆက်လက် လုပ်ဆောင်သွားပါမည်။
** မြန်မာနိုင်ငံတွင် သီတင်းသုံးနေစဉ် ကိစ္စအထူးရှိပါက ဖုန်း ၀၉-၅၀၃၄-၁၇၈ သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း…
(အလှူတော် မှတ်တမ်းများကို www.santikaravihara.blogspot.com ၌ ဝင်ရောက်ကြည့်ရှု ကုသိုလ်ပွားများနိုင်ပါသည်။)
မေတ္တာဖြင့်
ဆရာတော်
သန္တိကရ၀ိဟာရကျောင်း
အန်ဆန်းမြို့
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ရုတ်တရက် ရပ်နား
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
ဝန်ထမ်းလစာ တိုးမြှင့်ရေး၊ အမျိုးသား စီမံကိန်းအချို့ ရပ်နားရေးတို့နှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် အားပြိုင်နေသော ပြည်ထောင်စု လွှတ်တော်၏ ပထမအကြိမ် တတိယ ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရုတ်တရက် ရပ်နားခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဆက်လက် ကျင်းပမည်ဟု ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့သော်လည်း ထိုသို့ ရုတ်တရက် ရပ်နားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး ရပ်နားကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့ညတွင် တယ်လီဖုန်းဖြင့် အသိပေး အကြောင်းကြားခဲ့သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက The Voice Weekly သို့ပြောကြားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
ဝန်ထမ်းလစာ တိုးမြှင့်ရေး၊ အမျိုးသား စီမံကိန်းအချို့ ရပ်နားရေးတို့နှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် အားပြိုင်နေသော ပြည်ထောင်စု လွှတ်တော်၏ ပထမအကြိမ် တတိယ ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရုတ်တရက် ရပ်နားခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဆက်လက် ကျင်းပမည်ဟု ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့သော်လည်း ထိုသို့ ရုတ်တရက် ရပ်နားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး ရပ်နားကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့ညတွင် တယ်လီဖုန်းဖြင့် အသိပေး အကြောင်းကြားခဲ့သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက The Voice Weekly သို့ပြောကြားသည်။
လာမည့် ၂၀၁၂ - ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အစိုးရ ရသုံးမှန်းခြေ ငွေစာရင်း ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုပေးရန်ရှိပြီး ပြည်ထောင်စုလွှတ်တော်က တစ်ညီတစ်ညွတ်တည်း အဆိုအဖြစ် လက်ခံထားသော ဝန်ထမ်းလစာ တိုးပေးရေး ကိစ္စမှာလည်း အစိုးရအဖွဲ့က လက်ခံရန် ဆက်လက် လုပ်ဆောင်မည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုထားသည်။
" ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက (တရုတ်နိုင်ငံကနေ) ဒီနေ့မှ ပြန်ရောက်လာမှာပါ။ သူ ရောက်ပြီးတော့မှပဲ လစာတိုးရေးနဲ့ ဆိုင်တဲ့အဆိုကို မူအဖြစ် ပြည်ထောင်စုလွှတ်တော်က သဘောတူရင် ဘတ်ဂျက်ဥပဒေကြမ်းကို ပြန်ဆွဲတင်ရတော့မှာပါ။ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်က ဘတ်ဂျတ်ကို တိုးပေးလို့မရဘူး လျှော့ချလို့ပဲ ရပါတယ်" ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။
လွှတ်တော် အစည်းအဝေး ရုတ်တရက် ရပ်နားခဲ့ရခြင်းကို ကိုယ်စားလှယ်များကို သာမက အဆိုပါ လွှတ်တော် အစည်းအဝေးများသို့ တက်ရောက် သတင်းရယူနေသည့် သတင်းမီဒီယာသမား များကိုပါ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညတွင် အသိပေးခဲ့သည်။
Sources:
- The Voice Daily Newsletter Feb 26, 2012
Monday, February 27, 2012
Sunday, February 26, 2012
တောင်ကိုရီးယားရောက် ရခိုင်လူမျိုးများ BBC သတင်းဋ္ဌာနအား ဆန္ဒပြ
ဆိုးလ်မြို့ရှိ အင်္ဂလန် သံရုံးရှေ့တွင် ဘီဘီစီ သတင်းဋ္ဌာနအား ဆန္ဒပြတောင်းဆို နေသူများ
တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ရှိ အင်္ဂလန်သံရုံးရှေ့တွင် ၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့ နေ့လည်ပိုင်းက ရခိုင်အသင်း(တောင်ကိုရီးယား)မှ ဦးဆောင်ကာ အင်္ဂလန်နိုင်ငံ အခြေစိုက် ဘီဘီစီ သတင်းဋ္ဌာနအား တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဘီဘီစီ သတင်းဋ္ဌာနမှ အာရှ-ပစိဖိတ် သတင်းထောက် အင်နာဂျုံးမှ ဘီဘီစီ သတင်းဋ္ဌာန၏ New Asia-Pacific အင်တာနက် စာမျက်နာတွင် မြန်မာနိုင်ငံ မြေပုံရှိ တိုင်းရင်းသားလူမျိုးပုံများ ဖော်ပြရာ၌ ရခိုင်ဒေသတွင် ရခိုင်လူမျိုးပုံအစား ရိုဟင်ဂျာပုံအား မှားယွင်းစွာ ဖော်ပြထားခြင်းသည် ရခိုင်လူမျိုးများအား ဝါးမျိုးခြင်း(သို့) နယ်မြေကျုးကျော်လုယူခြင်း ဖြစ်သည့်အတွက် ရခိုင်တမျိုးသားလုံးမှ ဘီဘီစီ သတင်းဋ္ဌာနအား ကန့်ကွက် ဆန္ဒပြခြင်းကို ပြည်တွင်းသာမက ပြည်ပရောက် ရခိုင်လူများပါ သက်ဆိုင်ရာ နိုင်ငံရှိ အင်္ဂလန် သံရုံးများရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ ဘီဘီစီမှ မှားယွင်းကြောင်း ဝန်ခံခြင်း မရှိသေးသဖြင့် တောင်ကိုရီးယား နိုင်ငံရောက် ရခိုင်လူမျိုးများမှ အင်္ဂလန် သံရုံးမှ တဆင့် ဘီဘီစီ သတင်းဋ္ဌာနအား တောင်းဆိုဆန္ဒပြခြင်း ဖြစ်ကြောင်း ရခိုင်အသင်း(တောင်ကိုရီးယား)မှ ပြောကြားသည်။
တောင်းဆို ဆန္ဒပြပွဲကို တောင်ကိုရီးယား နိုင်ငံရောက် ရခိုင်လူမျိုးများနှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား စုစုပေါင်း အင်အား(၁ဝဝ)ခန့် ပါဝင် ဆန္ဒပြခဲ့ကြပြီး (၁) ဘီဘီစီမှ မှားယွင်းစွာ ရေးသားဖော်ပြခြင်းအား အများပြည်သူ သိရှိအောင် အတိအလင်း ဝန်ချ တောင်းပန်ရန်၊(၂) ရခိုင်ပြည်နယ်ရှိ လူမျိုးပုံတွင် ရခိုင်လူမျိုးပုံ ထည့်သွင်းဖော်ပြရန်၊(၃) မှားယွင်းစွာ ရေးသား ဖော်ပြသော သတင်းထောက် အင်နာဂျုံး နှင့်တကွ တာဝန်ရှိသူ အသီးသီးအား ဘီဘီစီမှ အရေးယူပေးရန် တို့ကို တောင်းဆိုခဲ့ကြသည်။
ရခိုင်အသင်း(တောင်ကိုရီးယား) ဥက္ကဋ္ဌမှ အင်္ဂလန် သံရုံးအား တောင်းဆိုစာ ပေးအပ်စဉ်
ဆန္ဒပြ တောင်းဆိုပွဲ အပြီးတွင် ရခိုင်အသင်း(တောင်ကိုရီးယား)မှ မှားယွင်း ဖော်ပြထားသော ဓါတ်ပုံနှင့်တကွ တောင်းဆိုချက်များအား အင်္ဂလန်သံရုံးမှ တာဝန်ရှိသူ တဦးအား တရားဝင် ပေးအပ်ခဲ့သည်။ ရခိုင်အသင်း(တောင်ကိုရီးယား)မှ ပြည်ပ နိုင်ငံအသီးသီးတွင် ရှိသော ရခိုင်အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ တောင်းဆိုချက်များ အောင်မြင်သည့် အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရခိုင်အသင်း(တောင်ကိုရီးယား) ဥက္ကဋ္ဌ ကိုမင်းဇော်က ပြောပါသည်။
Friday, February 24, 2012
ငွေလဲကောင်တာ ဘောက်ချာဖြင့် မည်သူ မဆို ကန်ဒေါ်လာ တစ်သောင်း ကိုင်ခွင့် ရပြီ
နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာမှ ဘောက်ချာဖြင့် မည်သူ မဆို ကန်ဒေါ်လာ တစ်သောင်း ကိုင်ဆောင်ခွင့် ရရှိပြီ ဖြစ်ကြောင်း ကမ္ဘောဇဘဏ် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"ကန်ဒေါ်လာ တစ်သောင်း ကလူတိုင်းကိုင်ဆောင်သုံးစွဲနိုင်တဲ့ ပုံစံရှိတယ်။ နိုင်ငံတကာမှာလည်း ဒီလို ဒေါ်လာတစ်သောင်းလောက် က အစစ်အဆေးအမေးအမြန်း မရိ ဘဲ ကိုင်ဆောင်နိုင်တယ်ဆိုပြီး IMF က အကြံပြုထားလို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်တာပါ"ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ငွေလဲကောင်တာများတွင် ယခင်အရောင်းများပြားခဲ့ရာမှ ယခု နောက်ပိုင်းတွင် ရောင်းသူ၊ ဝယ်သူ မျှတမှုရှိလာကြောင်း၊ ကန်ဒေါ်လာ အပြင် FEC များပါ အဝယ်လိုက် လာကြောင်း၊ ကောင်တာအနေဖြင့် နေ့စဉ်လာရောက်ရောင်းချသော ငွေ ကြေးများကို ဝယ်သူ အား ပြန်လည် ရောင်းချပေးခြင်းဖြင့် အရောင်း အဝယ် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၄င်းထံ မှ သိရသည်။
"ငွေက အဝယ်များလာတယ်။ နိုင်ငံခြားသွားတဲ့ အခါတရားဝင် ကိုင်ဆောင်သွားချင်တဲ့ သူတွေက လာဝယ်ကြတယ်၊ FEC ကလည်း ကားတင်သွင်းတဲ့သူတွေအခွန်ဆောင် ဖို့အဝယ်များတယ်။ လာရောင်းတာ ရသမျှ အကုန်လာဝယ်တဲ့သူတွေကို ပြန်ရောင်းပေးပါတယ်။ ကောင်တာ မှာ သွားဝယ်လို့မရဘူးဆိုတာရောင်း စရာမရှိလို့ပါ"ဟု ၄င်းကပြောသည်။
ကားတင်သွင်းသူများ ကညန တွင် အခွန်ပေးဆောင်ရာ၌ FEC ဖြင့် ပေးချေရခြင်းကြောင့် FEC အဝယ်လိုက်လာခြင်းဖြစ်ပြီး၊ ကားတစ်စီး၏ ၃၀ ရာခိုင်နှုန်း တန်ဖိုးကို FEC ဖြင့်ပေးချေရခြင်းကြောင့် ငွေလဲကောင်တာမှ ဝယ်ယူမှုဖြင့် မလောက်ငခြင်းကြောင့် ပြင်ပတရား မဝင်ငွေကြေးဈေးကွက်မှ ဝယ်ယူ ပေးချေမှုများ ပြုလုပ်နေရကြောင်း ကားတင်သွင်းသူတစ်ဦး ထံမှ သိရသည်။
ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ကားတင်သွင်း သူများ အခွန်ပေးဆောင်ရန်လာရောက်ဝယ် ယူပါကလိုသလောက် ရောင်းချပေး နေကြောင်းပြောသည်။
င်္FECအဝယ်လိုက်လာခြင်း ကြောင့်ပြင်ပငွေဈေးကွက်တွင်္င်နဃ တန်ဖိုးမှာ ကန်ဒေါ်လာ တန်ဖိုးထက် အနည်းငယ်မြင့် တက်နေပြီး ငွေလဲ ကောင်တာများတွင်မူ ဒေါ်လာနှင့် င်္FEC ကိုတန်ဖိုးတူ ငွေကြေးဖြင့် သာ အရောင်းအဝယ်ပြုလုပ်ပေးနေ ကြောင်း ၄င်းထံမှ သိရသည်။
ဝေယံမိုးမြင့်
http://www.yoyarlay.com/local-news/local-news/l-local-news/23201-2012-02-22-07-11-08
Wednesday, February 22, 2012
ကိုရီးယားဘာသာ စေတနာ သင်တန်းများ အခမဲ့ တက်ရောက်နိုင်
ရေးသားသူ — သန်းထွန်းဦး
ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ ကိုရီးယားစာ ကိုရီးယားဘာသာစကားကို လေ့လာသင်ယူလိုပါက든손 ကိုရီးယားဘာသာစကားသင်တန်း ၌ ၂၀၁၂-ဖေဖော်ဝါရီ-၂၆ရက် (တနင်္ဂနွေနေ့) မှစတင် တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
သင်တန်းကြေး
- အခမဲ့
နေရာ
-ဟန်းဂု နိုင်ငံခြားဘာသာတက္ကသိုလ် (Hankuk University of Foreign Study- 한국외국어대학교 )
အတန်းများ
- အခြေခံ အတန်း ၊ အလယ်တန်း၊ အထက်တန်း
အချိန်
- တနင်္ဂနွေ နေ့လယ်၂ နာရီမှ ၄ နာရီခွဲ အထိ
လမ်းညွှန်
- (ရထား) လိုင်းနံပတ် ၁ (အပြာရင့်ရောင်) Hankuk university of foreign study (외대앞역)ဘူတာ မှ ဆင်း ၊ ထွက်ပေါက် ၁ မှ လမ်း ၅မိနစ်ခန့် လမ်းလျှောက်
ခရီးကြာချိန်
-ဘူဖြောင်းဘူတာမှ 외대앞역 အထိ ၆၇ မိနစ်ခန့်ရထားစီးရမည်ဖြစ်ပါသည်။
(၂၀၁၂ မှ စတင်တက်ရောက်မည့်ကျောင်းသား/သူသစ်များ တနင်္ဂနွေနေ့(2012.2.26)
နေလည် ၁နာရီ၄၅ မိနစ် နောက်ဆုံးထားပြီး 외대앞역 သို့အရောက်လာပေးကြပါရန်
လေးစားစွာ ပန်ကြားအပ်ပါသည်။)
လိုအပ်ပါကဆက်သွယ်ရန် -
- 010-5706-7558 (သန်းထွန်းဦး)
- 010-8685-0698 (ဖြိုးညီညီဇော်)
- 010-3257-4777 (ဝင်းမင်းထွန်း)
တွန့်ခြင်း ရွံ့ ခြင်း ကင်းပါစေ
ရေးသားသူ — ပေါ်ဦး
ကျနော်ထင်တာ မမှားဘူးဆိုရင် “ဥပဒေ” လို့ ကြားလိုက်တာနဲ့ ကျနော်တို့တစ်တွေ “တွန့်သွား၊ ရွံ့သွား” တတ်ကြတယ်လို့ ခံစားမိပါတယ်။ ဒီလိုဆိုတော့….ဥပဒေဆိုတာ တွန့်စရာ၊ ရွံ့စရာလား…? အဲဒီလို တွန့်တတ်၊ ရွံ့တတ်ကြသူတွေ ကိုယ်တိုင် (အားလုံးကို ဆိုလိုခြင်း မဟုတ်ပါ။) ဘာကြောင့်ရယ်လို့ ပြန်လည်တွေးဆ၊ ဆင်ခြင်မှုရှိ မရှိ မသေချာပေမဲ့ လူတစ်ချို့ကတော့ တွန့်တာ၊ ရွံ့တာကိုပဲ အရသာကောင်း တစ်ပါးလို့ ခံယူထားကြသလို ကျနော်တို့တစ်တွေ တွန့်သွား၊ ရွံ့သွားလေအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အသုံးချလေ့ရှိတယ် ဆိုတာ အားလုံး လက်ခံထားကြပြီး ဖြစ်မှာပါ။ တစ်ချို့ကလည်း မသိသားဆိုးရွားစွာနဲ့ ၀င်ပြီးထင်ကြေးပေး၊ လေသံပစ်ကြတော့ မရှုပ်သင့်ပဲ ရှုပ်နေရတဲ့ ဇာတ်လမ်းဆိုပါတော့။ ဥပဒေလို့ ကြားလိုက်တာနဲ့.. ဘာတဲ့၊ “သွားမလုပ်နဲ့၊ ရူးသွားမယ်၊ ဂေါက်၊ စာအုပ်ကြီး၊ ငကြောင်၊..” စသည်ဖြင့်၊ စသည်ဖြင့်..။
ဒီတော့ ဥပဒေ ဆိုတာ ဘာလဲ..? အရှင်းဆုံး ပြောရရင်တော့ ဥပဒေ ဆိုတာ စည်းမျဉ်း၊ စည်းကမ်း ပါပဲ။ အဲဒီ စည်းမျဉ်း၊ စည်းကမ်းတွေကို စနစ်တကျ စုဖွဲ့ထားရှိပြီး၊ လူအများ လိုက်နာစေဖို့ အုပ်ချုပ်မှုရေးရာမှာ အသုံးချပါတယ်။ အုပ်ချုပ်မှုရေးရာ ဆိုတာကလည်း ကျနော်တို့အားလုံး ကျောင်းသား၊ အလုပ်သမား၊ ၀န်ထမ်း၊ မိသားစု၊ ရပ်ကွက်၊ ဒေသ၊ နိုင်ငံတွေအကြား၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆက်စပ် ဆောင်ရွက်ချက်တွေကို ဆိုလိုတာဖြစ်ပြီး ယုံကြည်မှုနဲ့ တန်ဘိုးစံနှုန်းတွေအရ အဆိုပါ အုပ်စုတွေကြားမှာ လိုက်နာဖို့ ချမှတ် သဘောတူညီထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းစနစ်တွေလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ အများဆိုင်၊ ဘုံသဘော ကောင်းကျိုးရှေးရှုတဲ့ သာတူညီမျှမှု အခြေခံစည်မျဉ်း ဥပဒေတွေ ဆိုပါတော့။
သမိုင်းဦးအစ ဘီစီ ၃၀၀၀ လောက်က ရှေးအီဂျစ်လူမျိုးတွေရဲ့ “မတ်” နတ်ဘုရား အယူဝါဒ အပေါ် အခြေခံပြီး ဥပဒေသဘော အမြစ်တွယ်ခဲ့တာလို့ ဆိုကြပါတယ်။ နတ်ဘုရားက သူတို့ရဲ့ ဂြိုဟ်နတ်က္ခတ်၊ ရာသီဥတုနဲ့ နေမှုသေမှု အစစကို ဖန်ဆင်းနိုင်ပြီး ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာလောကကြီး အတွက် စီမံထားရှိပေးခဲ့တာလို့ မှတ်ယူခဲ့ကြပါတယ်။ “မတ် နတ်ဘုရား” ကို ဒီကမ္ဘာနဲ့ နှောင်းကမ္ဘာရဲ့ သဘာဝတရားနဲ့ လူမှုဆက်သွယ်ချက် ဆိုင်ရာ ပြယုဂ်အဖြစ် လက်ခံခဲ့ကြကြောင်း အီဂျစ်ပြည်ရှိ ပိရမစ်မှတ်တမ်းတွေအရ သိနိုင်ပါတယ်။ တစ်ခါ ရောမတွေက အီဂျစ်ပြည်ကို သိမ်းတော့ သူတို့ဥပဒေတွေကိုပါ တစ်ခါတည်း သွတ်သွင်းခဲ့ကြ ပြန်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ အရတော့ ဘေဘီလုံမင်းဆက်ရဲ့ ပထမဘုရင် ဟမ်ဘူရာဘီက သူ့အမည်တပ်ထားတဲ့ ကိုဓဥပဒေတွေကို ရှစ်ပေလောက်ရှိတဲ့ ကျောက်ချပ်တွေပေါ်မှာ ထွင်းထုထားရှိခဲ့တာကို အင်္ဂလိပ် သုတေသီတစ်ယောက်က ၁၉ ရာစု အကုန်ပိုင်း ပါရှားနိုင်ငံမှာ ပြန်လည်တွေ့ရှိပြီး အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်ဘာသာ အပါအ၀င် ဘာသာတော်တော်များများ ပြန်ဆိုခဲ့ကြရာက ဟမ်ဘူရာဘီကို ရှေးအကျဆုံး ဥပဒေလက်ဆင့်ကမ်းသူ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီခေတ်က သာတူညီမျှမှု အခြေခံ “မျက်လုံးတစ်လုံးကို တစ်လုံး၊ သွားတစ်ချောင်းဆို တစ်ချောင်း” ဥပဒေသကိုတော့ ကျနော်တို့အားလုံး သိပြီး ဖြစ်ပါတယ်။ သူ့ကျောက်ပြားတွေ ဖော်ပြချက်အရတော့ အဲဒီဥပဒေတွေကို နတ်ဘုရားထံက ရရှိခဲ့ပြီး ပြုစု ပြဌာန်းဖို့ စေလွှတ်ခံရသူလို့ သူ့ကိုသူ ဖော်ပြထားပါတယ်။ ရှေးခေတ် ဟီးဘရူးတွေ အတွက်လည်း မော့်စ် ဆိုသူကို စေလွှတ်ခဲ့တယ်လို့ ခေတ်ပြိုင်ပညာရှင်တွေ ပြောတဲ့ သမိုင်းလည်း ရှိပါသေးတယ်။
လူမှုအခြေပြု နိုင်ငံသားအခွင့်အရေးနဲ့ ဆက်စပ်ဥပဒေတွေ စတင်ဖွံ့ဖြိုး တိုးတက်ရာလို့ လက်ခံထားကြတာ ကတော့ ဂရိနိုင်ငံ အေသင်မြို့ပြ (ဘီစီ ၁၈ ရာစုခန့်) ဖြစ်ပြီး၊ ဥပဒေရယ်လို့ တိတိကျကျ သတ်မှတ်ဖော်ပြ ထားခဲ့တာမျိုး မတွေ့ရပေမဲ့ “နတ်ဘုရားဥပဒေ”၊ “လူမှုပြန်တမ်း” နဲ့“ဓလေ့ထုံးတမ်း” ဆိုပြီး (၃ ပိုင်း) ခွဲခြား အုပ်ချုပ်ခဲ့တာမို့ ဒီမိုကရေစီ သဘောဆောင် အခြေခံဥပဒေ သဘောတရားရဲ့ ဆန်းသစ်မှုအစလို့ မှတ်ယူကြပါတယ်။ ဒါကြောင့် နှောင်းပိုင်း ရောမ ဥပဒေတွေဟာ ဂရိသဘောတရားတွေ ရိုက်ခတ်လွှမ်းမိုး ခံခဲ့ရမှုရှိပြီး ခေတ်ကာလနဲ့ လူမှုရေးရာ အခြေအနေများ ပြောင်းလဲမှုကို လိုက်ပြီး ရောမတိမ်တောက်ချိန်မှ နေ၀င်ချိန်အထိ ဘုရင်သီအိုဒိုးဆီးယပ် နံပါတ် ၂ နဲ့ ဘုရင် ဂျပ်စတီးနီးယန်း နှစ်ပါးတို့ရဲ့ ပြန်လည် စီစစ်ပြဌာန်းမှုတွေ ရှိခဲ့ရာက နောက်ပိုင်းမှာ ဓလေ့ထုံးတမ်း (အစဉ်အလာ) ဥပဒေနဲ့ အဆုံးအဖြတ် ဥပဒေများအဖြစ် ပြောင်းလဲလာခဲ့သလို အင်္ဂလန်မှာလည်း ဆုံးဖြတ်မှု အခြေခံ ရိုးရာဥပဒေ၊ ဥရောပ တစ်လွှားမှာလည်း ကုန်သည်ဥပဒေ (ယခုခေတ်တွင် စီးပွားရေး ကူးသန်းရောင်းဝယ်မှု ဥပဒေဟု အမည်တွင်မည် ထင်ပါသည်။) များအဖြစ် ဆင့်ကဲပြောင်းလဲ တိုးတက်လာခဲ့ကြောင်း ဖော်ပြကြပါတယ်။
အာရှဘက်ခြမ်း အိန္ဒိယနဲ့ တရုတ်မှာတော့ သီးခြားလွတ်လပ်မှု သမိုင်းအစဉ်အလာအရ ပုံသဏ္ဍာန်ကွဲ ဥပဒေစနစ်တွေ ရှိခဲ့ပါတယ်။ အနောက်တိုင်း ဥပဒေစနစ်ပုံစံ ပြင်ဆင်မှုစနစ်နဲ့ ပတ်သက်လို့ ပြင်သစ်၊ ဂျာမန်တို့ထံမှ တဆင့် ဂျပန်ဟာ အာရှမှာ ပထမဖြစ်ခဲ့ပြီး တရုတ်က “ချင်မင်းဆက် နောက်ပိုင်း” မှာ ထပ်မံ ဆင့်ပွား ကျင့်သုံးခဲ့ပါတယ်။ “ဘုရင် အာသာ” တို့ “ဘုရင် မနူဟာ” တို့က အခြေပြုခဲ့တဲ့ ဟိန္ဒူဓလေ့ အခြေခံမှာ အင်္ဂလိပ် ရိုးရာဥပဒေ ပေါင်းစပ်ထားတဲ့ အိန္ဒိယဥပဒေ စနစ်ကတော့ ကျနော်တို့ မြန်မာပြည် အပါအ၀င် အရှေ့တောင်အာရှ တစ်လွှား လက်ခံကျင့်သုံး လာခဲ့ကြတယ်လို့ ဆိုပါတယ်။ သမိုင်းကြောင်း အနှစ်ပြန်ချုပ်လိုက်မယ် ဆိုရင်တော့ ဥပဒေ ဆိုတာ “ဘာသာရေး အခြေခံ ဥပဒေ” နဲ့ “အုပ်ချုပ်မှု အခြေခံ ဥပဒေ” စနစ်နှစ်ရပ် ပေါင်းစပ်ထားတာ ဖြစ်ပြီး ပထမတစ်မျိုးကို သဘာဝအမှန်တရား ဥပဒေ (ပြုပြင်ပြောင်းလဲ၍ မရနိုင်သော ဘာသာရေး အဆုံးအမ အများစု ပါဝင်သည်။) ဟုခေါ်ဆိုပြီး ဒုတိယ တစ်မျိုးကိုတော့ ပြဋ္ဌာန်းဥပဒေ (ဘုရင်၊ အုပ်ချုပ်သူ၊ ဥပဒေပြု အဖွဲ့တို့မှ အခါအားလျော်စွာ ချမှတ်ခြင်းများ ဖြစ်ပါသည်။) လို့ခေါ်ဝေါ်ကြကြောင်း ယေဘုယျ မှတ်သားနိုင်ပါတယ်။
ဥပဒေရဲ့ သဘောတရားကတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဘ၀တွေကို တည်ငြိမ် တိုးတက်စေရန် ရည်ရွယ်ချက်ရှိရှိနဲ့ ဆက်စပ်ပုံဖော် ပြဋ္ဌာန်းပေးဖို့ ဖြစ်ပေါ်လာတာပါ။ တစ်ဦးချင်း သဘောတူညီမှုတွေကနေ ပဋိညာဉ်တွေ၊ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ စာချုပ်စာတမ်းတွေ၊ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုမှ နိုင်ငံချင်း မကျူးကျော်ရေး သဘောတူ စာချုပ်တွေ၊ ပုဂ္ဂလချင်း ယုံကြည်မှုမှတဆင့် အဖွဲ့အစည်းနဲ့ နိုင်ငံများအချင်းချင်း လွှဲပြောင်း ပေးပို့နိုင်တဲ့ ကုန်ပစ္စည်းဆိုင်ရာ ဥပဒေတေ ဖြစ်လာခဲ့သလို အသွေးအရောင်၊ ဘာသာ၊ လူမျိုး၊ ယုံကြည်ချက်နဲ့ အခြေချနေထိုင်ရာ အရပ်ဒေသမခွဲခြားဘဲ လူသားမှန်သမျှ ရရှိသင့်တဲ့ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ တောင်းဆို ကာကွယ်ပိုင်ခွင့် ဥပဒေတွေ၊ အုပ်ချုပ်မှုနဲ့ ဆက်ဆံရေးဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ဥပဒေတွေ အပါအ၀င် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရေ၊ မြေ၊ လေ နဲ့ သယံဇာတ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေတွေ၊ ညှင်းပန်းနှိပ်စက်မှုများ ပပျောက်ရေး၊ စစ်ပွဲများ ကင်းဝေးစေရေးနှင့် ငြိမ်းချမ်းရေး စောင့်ရှောက်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှု ဆိုင်ရာ သဘောတူ စာချုပ်စာတမ်းတွေ အထိ လက်တံရှည်ရှည် ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ တိုးချဲ့ပုံဖော်၊ လက်ခံ ကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို နိုင်ငံတွင်းမှာ ပြည်သူတွေကလည်း ကျေနပ်၊ အစိုးရယန္တရား လည်ပတ်မှုလည်း ချောမွေ့စေဖို့ ခိုင်မာခေတ်မီတဲ့ ပြည်တွင်း ဥပဒေစနစ်နဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာလည်း ဂုဏ်သိက္ခာရှိရှိ အဆင်ပြေပြေ ဆက်ဆံ၊ ၀င်ဆန့်နိုင်စေဖို့ အပြည်ပြည်ဆိုင်ရာဥပဒေ ဆိုပြီး နှစ်မျိုးနှစ်စား ရှိတဲ့အနက် ကျနော်တို့ နိုင်ငံ ကျင့်သုံးနေတဲ့ ဥပဒေစနစ် ကတော့ (ပြည်တွင်း ဥပဒေစနစ်ကို အဓိကထားပြီး ဖော်ပြသွားမှာပါ။) အင်္ဂလိပ်ရိုးရာ ဥပဒေ (Common Law)၊ ပြဋ္ဌာန်းဥပဒေ (Civil Law) နဲ့ ဓလေ့ထုံးတမ်း (Customary Law) စနစ်တွေ ရောနှော ပေါင်းစပ်ထားတဲ့၊ အားမနာတမ်းပြောရရင်၊ စပ်ထည်ကြီး ဖြစ်ပြီး၊ အသုံးပြုနေဆဲ ဥပဒေ အများစုကတော့ “နှစ်ဆင့်ခံ ဥပဒေ” တွေ ဖြစ်နေပါတယ်။ အင်္ဂလိပ်က အိန္ဒိယကို အုပ်ချုပ်ဖို့ ဥပဒေရေးခဲ့တာကို ကျနော်တို့က တဆင့်ထပ်ပြီး ဆက်ခံ သုံးစွဲခဲ့တာမို့ “နှစ်ဆင့်ခံ ဥပဒေ” တွေလို့ ခေါ်လိုက်တာပါ။ အတိုကောတ် သညာပြုရရင်တော့ “စပ်ထည်ဟောင်းကြီး” ပေါ့ဗျာ။ (အများနည်းတူ လိုအပ်လို့ ကြွားကြမယ်ဟေ့ ရဲရဲ ဆိုရင်တော့လည်း “တမူထူးခြားတဲ့ ကိုယ်ပိုင် ဥပဒေစနစ်”၊ “ယူနစ်ခ်” ဘာညာပေါ့ဗျာ…နော်။)
ယနေ့ကမ္ဘာမှာ နိုင်ငံတကာ ဖြစ်ရပ်တွေကို လက်ပေါ် တင်ကြည့်နေနိုင်ပြီ ဖြစ်ပေမဲ့ ကျနော်တို့ ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော် ၁၉ ရာစုက ဥပဒေဟောင်းတွေကို တခုတ်တရနဲ့ စပ်ဟပ်ဖာထေးပြီး အန်းဒိတ်ချစ်သူများ ဖြစ်နေကြဆဲပါ။ မရှိတော့ဘူးလား အသစ်တွေဆိုရင်၊ ရှိပါတယ်။ ဒါပေမဲ့ လွတ်လပ်သော လူမှုအခြေခံ သာတူညီမျှမှုစံတွေ အပြည့်နဲ့ နိုင်ငံတကာအဆင့် ပေမီဒေါက်မီတွေလို့ ဆိုရမှာထက် တဘက်မြင် လုံခြုံရေးအဓိက စံနှုန်းတွေနဲ့ သိမ်းကျုံး ဥပဒေသဘောတွေ ပိုကဲနေတယ်လို့ ထင်မိပါတယ်။ လုံခြုံရေးအတွက် (အင်မတန် ကျယ်ပြန့်တဲ့ အနက်အဓိပါယ် ရှိပါတယ်။) ဆိုပြီး လိုအပ်လာရင် အားလုံးကို သိမ်းကျုံးပစ်နိုင်အောင် ဦးစားပေးထားတဲ့ ဥပဒေတွေကို လစ်ဟာချက်မရှိ၊ ပြည့်ဝတဲ့ ဥပဒေလို့ ပြောရမှာ ခက်မယ် ထင်ပါတယ်။ အဲဒီလို ဥပဒေမျိုးတွေဆိုရင် ပြင်နေမဲ့အစား ပယ်ဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲတာက ပိုပြီးသင့်တော်မယ်လို့ ယူဆပါတယ်။ ဥပဒေရဲ့ နဂိုအခြေခံကောင်းတွေနဲ့ ဆန့်ကျင်ရာ အခြေအနေတွေ ရှိလာရင်…၊ ရှိနေသေးရင်…၊ ဥပမာဆိုပါတော့.. လမ်းဘေးက ဆေးဆိုင်၊ ရပ်ကွက်ထဲက သာမန်ဆေးခန်း မပြောနဲ့ ဆေးရုံကြီးတွေက ပေးတဲ့ ဆေးညွှန်းဟာ ဘာအာမခံချက်မှ၊ တာဝန်ယူမှုမှ မရှိဘူးဆိုရင် ကျနော်တို့ ရဲရဲတင်းတင်း သောက်ရဲပါ့မလား..? ဟုတ်ကဲ့.. သောက်နေကြရ ပါသေးတယ်။ ကျုပ်တို့ ရွှေပြည်ကြီးမှာပေါ့..။ အခြေအနေအရကိုး… ဟုတ်တယ်မှတ်လား..။ … ထားပါတော့လေ။
တကယ်တော့ ဥပဒေဆိုတာ တာဝန်နဲ့ ၀တ္တရားအပြင် တာဝန်ယူမှုပါ တခါတည်း အချိုးအစား မျှတ သက်ဝင်အောင် ပုံဖော် ပြဋ္ဌာန်းပေးရတယ်လို့ နားလည်ထားပါတယ်။ တာဝန်ယူမှုရှိရတဲ့ စည်းမျဉ်းစနစ်ကို လူအတန်းအစား မခွဲခြားဘဲ တပြေးညီ လိုက်နာစေဖို၊့ ရှင်းလင်းနားလည်လွယ်တဲ့ ပညာပေး ဆောင်ရွက်မှုတွေ စီမံဖို့ အတော့်ကို အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ၊ နားလည်အောင်လည်း လုပ်ပေးမထားတဲ့ အပြင် နားမလည်လို့ပါလို့ ပြောရင်တောင် အမျက်တော်ရှ ခံနေကြရတာက အတော့်ကို ရင်နင့်စရာ ကောင်းမနေဘူးလား။ အဲဒီလို နားလည်ရန် မလွယ်ကူသော ကမ္ဘာကြီးထဲမှာ ပြစ်မှုတစ်ခုအတွက် ဘ၀တစ်ခုစာ၊ လူတစ်ယောက် အတွက်နဲ့ မိသားတစ်စု၊ ဆွေမျိုးတစ်သိုက်စာ မက ရင်းခံ လိုက်ရတာတွေက နာကျင်စရာထက် ပိုမနေဘူးလား..? မျက်လုံးတစ်လုံးဆို တစ်လုံး…၊ သွားတစ်ချောင်းဆို တစ်ချောင်းတဲ့လား ဟမ်ဘူရာဘီ? ငါတို့ကမ္ဘာရဲ့ အမှတ်တရ ဒဏ်ရာရပ်ဝန်းနဲ့ ဝေးရာ ရာဇ၀င်ထဲမှာ မင်း နေရစ်ဦးပေါ့လို့ ပြောနိုင်မယ် ထင်ပါတယ်။ မချိုမြိန်တဲ့ အတိတ်ကို တူးဆွ ရေနူးတာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မေ့ပစ်လိုက်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သမိုင်းသင်ခန်းစာ ယူဖို့၊ အမှားနည်းတဲ့ မနက်ဖြန်တွေ တည်ဆောက်ဖို့ နာသည်ဖြစ်စေ၊ ခါးသည်ဖြစ်စေ အတိတ်က လိုအပ်တယ်လို့ ကျနော်တို့ အားလုံး လက်ခံထားပြီးသား ဖြစ်နေတာကြောင့်ပါ။ ထပ်ပြီးတော့ မအ,ကြ၊ မန,ကြ ရအောင် ယေဘုယျလောက်တော့ သိနေအောင် ကြိုးစားထားသင့်တယ်လို့ မြင်မိပါတယ်။
၂၁ ရာစုသစ်မှာ နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ ပညာရှင်များက ပြောကြပါတယ်။
“ဥပဒေဆိုတာ လွတ်လပ်မှုရဲ့ အုတ်မြစ်” တဲ့။
ဆက်ပြောကြပါသေးတယ်။ “လူတွေရဲ့ အပြုအမူ စရိုက်တွေကို ထိရောက်တဲ့ တွန်းအားပေးနိုင်တာ ဥပဒေပါ” ပဲတဲ့လေ။
သဘောကတော့ နိမ့်ကျနေရင်လည်း မျှတအောင်၊ ကြိုးစားရင်လည်း ကြိုးစားသလောက် ထိုက်တန်အောင်၊ မြင့်မားနေရင်လည်း ခိုင်မာတည်တံ့အောင် ဖေးမ ကာကွယ်ပေးတဲ့၊ အားလုံးက ယုံကြည်အားထားရတဲ့ အာမခံချက် ရှိတဲ့ ဘယ်နေရာမှာ ရောက်ရောက် လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ ဥပဒေမျိုး ကျနော်တို့ လိုအပ်နေပါတယ်။ ဒီဘက်ခေတ် ဥပဒေပြုရာမှာ အကြောင်းအရာ အချက်အလက်တွေ ချည်းသာအားမပြုဘဲ လူမှုရေးရာ စံနူန်းတွေနဲ့ တန်ဘိုးတွေကိုပါ မဖြစ်မနေ ထည့်တွက်သင့်ကြောင်း ပညာရှင်တွေက တညီတညွတ်တည်း အကြံပြုထားကြပါတယ်။ ဒါ့အပြင် “ဘယ်သူ့ မျက်နှာမှ ကြည့်စရာ မလိုဘူးကွ၊ တရားမျှတရမယ်၊ ဘက်မလိုက်ဘူး၊ ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ပြောမယ်၊ ရေးမယ်၊ လျှောက်လဲမယ်၊ ဆုံးဖြတ်မယ်” ဆိုတာ ဥပဒေပြု အဖွဲ့အစည်းတွေရဲ့ အသက်အဖြစ် တည်ရှိနေရမှာ ဖြစ်သလို ရှေ့ရော နောက်ပါ တာဝန်သိသိ၊ အသိရှိရှိနဲ့ လေးစားလိုက်နာကြမယ် ဆိုတဲ့ ခံယူချက်ကလည်း လူထုရဲ့ သွေးကြောဖြစ်နေရမယ်လို့ ကျနော် ယုံကြည်ထားပါတယ်။
ကြည့်လေ..၊ အခြေခံ လူတန်းစားတွေ၊ သာမန် အလုပ်သမားတွေပေါတဲ့ ပြည်ကြီးမှာ အဲလို လူတန်းစားတွေ အတွက် ခိုင်လုံတဲ့ အာမခံချက် အပြည့်နဲ့ ကာကွယ်စောင့်ရှောက်ပေးမဲ့ ဥပဒေတွေ လုံလောက်ပြည့်ဝမှု ရှိမနေတာကိုက ခြောက်ပြစ် မပြောနဲ့၊ နှစ်ပြစ်၊ သုံးပြစ်လောက်ကင်းတဲ့ ဥပဒေဆိုရင်ပဲ ထိုင်ကန်တော့ရတော့ မလိုလို ဖြစ်နေပါတယ်။ ဒီ့အတွက် ခေတ်ကိုပဲ အပြစ်တင်ရမလား၊ စနစ်ကိုပဲ အပြစ်တင်ရမလားလို့ မြင့်မြတ်ရာ ဘုံဘ၀ကနေ ဆရာမြ တစ်ယောက် မေးနေဦးမှာလား မသိပါ။ ဒါမှမဟုတ်ရင်လည်း ဓားတွေက အိပ်ရာ၊ မီးတွေက စားစရာ ဖြစ်နေကြပြီလားလို့ မေးခွန်းတွေ ထပ်ဆင့်နေဦးမှာလားလို့ တွေးမိပါသေးတယ်။ ရောင်ခြည်ဦးမှာ တွန်ကြူးသံတွေ ကြားနေရပေါ့ ဆရာရေ….။
လွတ်လပ်မှုဆိုတာ အခုအချိန်အထိ ကျနော်တို့အားလုံး အငတ်မွတ်ဆုံး အရာပါ။
မွန်မြတ်သန့်စင်သော လွတ်လပ်မှုရဲ့ အုတ်မြစ်ဖြစ်သော ဥပဒေ၏ ပင်ရင်း ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ဘက် လားရာ ဥပဒေရဲ့ ဂုဏ်သိမ်၊ သာတူညီမျှမှုရဲ့ အနှစ်သာရကို အများကောင်းကျိုး ရှေးရှုတဲ့ အုပ်ချုပ်မှုရေးရာ အစား၊ တစ်အုပ်တစ်ဖွဲ့ အုပ်ချုပ်သူရေးရာ သက်သက် အသုံးချလိုက်ရင်၊ ဒါမှမဟုတ် အုပ်ချုပ်ဖို့သီးသန့် စိုးမိုးဖို့ အမြင်တစ်ခုတည်းနဲ့ အသုံးချမယ်ဆိုရင်တော့ လူထုအတွက် ကြောက်စရာ၊ အုပ်ချုပ်သူအတွက် လက်နက်၊ “ကြောက်စရာ လက်နက်” ဖြစ်သွားမှာ မလွဲပါဘူး။ ဒါဟာ ဥပဒေကို တလွဲ အသုံးချပြီး လူထုကို မတော်မတရား ပြုခြင်းလို့ ခေါ်ရမှာ ဖြစ်ပါတယ်။ သေချာတာပေါ့ဗျာ။ ကြောက်စရာ လက်နက် ဆိုမှတော့ ကျနော်တို့အားလုံး ကြောက်ပြီး တွန့်နေမှာ ဖြစ်သလို ယုံကြည်မှုတွေ မရှိဘဲ ရွံ့နေကြရမှပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီလို ဘ၀မျိုး မဟုတ်တဲ့ ငြိမ်းချမ်းပျော်ရွှင်ဖွယ် မနက်ဖြန်မှာ ကျနော်တို့အားလုံးရဲ့ ဘ၀တွေ “တွန့်ခြင်း၊ ရွံ့ခြင်းမှ ကင်းဝေးကြပါစေ” လို့ ဆုမွန်ကောင်း တောင်းနေမိပါတယ်။
သိပ်ကို သေချာတာပေါ့ဗျာ..၊ ဆုတွေ တောင်းနေရုံနဲ့တော့ ကျနော်တို့ မျော်လင့်ချက်တွေ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ။
ဆောင်းပါးရှင် ပေါ်ဦးသည် ကိုရီးယားတွင် ခေတ္တနေထိုင်သည့် စာပေ၀ါသနာရှင်တဦး ဖြစ်ပါသည်။
မွေးနေ့ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ
ကိုရီးယားရောက် မိတ်သဟာ အပေါင်းတို့ခင်ဗျား....အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဖြစ်သော မိဘဆရာသမားတို့၏ ဂုဏ်ကိုအထူးသတိရလျှက် ကျနော် ကိုဇော်သိန်း၏ မွေးနေ့ ကျရောက်ရာ(၂၆. ၂ .၂၀၁၂) တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား မွန်မြတ်သော ဆွမ်းအစရှိသောဒါတဗ္ဗဝတ္ထုစုစုတို့ကိုလှူဒါန်းဆက်ကပ်ပြီး ကြွရောက်လာသောဧည့်ပရိသတ်တို့အားလည်း မွန်မြတ်သော အာဟာရဒါန ကုသိုလ်အဖြစ် လှူဒါန်းဧည့်ခံမည်ဖြစ်ပါသည်။ ထိုကုသိုလ်ကောင်းမှု အစုစုတို့၏ အဖို့ဘာဂကို အမျှတမ်းပေးဝေကာ အနုမောဒနာတရားနာကြားမည်ဖြစ်ပါ၍ အတူတကွ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မြန်မာအသင်းဥက္ကဋ္ဌ လက်ကိုင်ဖုန်း နံပါတ် ပြောင်းမည် ဟုဆို
ဘူချောန်းမြို့ ၊ ဖေဖေါ်ဝါရီ ၂၂
မြန်မာအသင်း (ကိုရီးယား) ဥက္ကဋ္ဌ ဦးခင်မောင်ရင်သည် ၊ ၄င်းလက်ရှိအသုံးပြုနေသည့် လက်ကိုင်ဖုန်း 011-9386-7153 အား ပိတ်သိမ်းပြီး ၊ မကြာမှီ လက်ကိုင်ဖုန်း နံပါတ် 010- 2788-7153 သို့ ပြောင်းလဲသုံးစွဲမည်ဖြစ်ကြောင်း ၊ အကြောင်းအမျိုးမျိုးဖြင့် မြန်မာအသင်း(ကိုရီးယား) သို့ ဆက်သွယ်ရန် လိုအပ်လာပါက ဖုန်းနံပါတ် အသစ် 010- 2788-7153 သို့သာ ခေါ်ဆိုကြရန်လိုအပ်ကြောင်း ဟန်းဂုရွာသို့ ပြောသည် ။
ကိုရီးယား အီးပီ သက်တမ်း တစ်ခု ၊ မူလဗီဇာကြီး နှင့် နောက်တိုးဗီဇာ ၁ ကြိမ်
ဟိုးအရင်တပတ်က
< ကိုအီးပီ > အစ်ကို ကျနော်က တိုင်ပတ်ပြီး ပြန်လာတာ ၃ နှစ် ပြည့်တော့မယ် ။ သူဌေးက ပြောတော့ ၁ နှစ် နှင့် ၁၀လ ထပ်ရမယ်ပြောတယ် ။ အစ်ကို့ စာတွေဖတ်ကြည့်တော့ မရတော့တဲ့ သဘောဖြစ်နေပါတယ် ။ ဘယ်ဟာ မှန်သလဲအစ်ကို ၊ တိတိကျကျသိချင်ပါတယ် ။
< ကိုဝိုင်း> မရနိုင်တော့ပါဘူး ။
< ကိုအီးပီ > အော် ၊ ဟုတ်ကဲ့ ။
လွန်ခဲ့သည့်အပတ်က
< ကိုအီးပီ > အစ်ကို ၊ ကျနော် သူဌေးကို ပြောပြတော့ မယုံဘူးဖြစ်နေတယ် ။ အဲဒါနှင့် ကျနော်နှင့်သူဌေး ရုံးကို သွားပြီးမေးခဲ့ပြီ ၊ ရုံးစာရေးမက ၊ နောက်ထပ် ၁ နှစ် ၁၀ လ ထပ်ရမယ် ပြောလိုက်ပါတယ် ။
< ကိုဝိုင်း> ဘယ်ရုံးကိုသွားမေးတာလဲ ။
< ကိုအီးပီ> နိုဒုံ၈ျိဝေါန်ဆင်တာ (အလုပ်ထောက်ပံ့ရေးဌာန) ပါ ။
< ကိုဝိုင်း> ဟာ ၊ ဗီဇာကိစ္စက ၊ အင်မီဂရေးရှင်း(လဝက) သွားမေးရမှာလေ ။
< ကိုအီးပီ> ဟာ ၊ ဟုတ်လား ၊ အစ်ကို ။
< ကိုဝိုင်း> ပေးရင်လည်း ၊ ယူလိုက်ပေါ့ဗျာ ၊ ရတာပေါ့ ။ အီးပီဥပဒေအရတော့ ၊ မရတော့ဘူး ။
< ကိုဝိုင်း> လဝက အရာရှိက ကြောင်ပြီးပေးလိုက်တော့လည်း ရတာပေါ့ ။
*********
ခုတလော ၊ တိုင်ပတ်ပြန် ၃ နှစ် ၊ အီးပီများ တော်တော် ၊ ဇဝေဇဝါ ဖြစ်နေကြဟန် တူပါသည် ။ အတော်လေး ၊ မေးကြ မြန်းကြ ၊ ဆွေးနွေးကြတာတွေ ကြားရပါသည် ။
သည်ပြဿနာမှာ ကျနော်တို့ မြန်မာများသာမက အခြားသော ဘဝတူ နိုင်ငံခြားသား အီးနိုင်းကိုကိုများရော ၊ ကိုရီးယားလုပ်ငန်းရှင်များပါ မကြာခဏ မေးကြမြန်းကြ ဆွေးနွေးကြသည့် ကိစ္စဖြစ်ပါသည် ။ [Click Here] အဖြေမှာရှင်းပါသည် ။
ကိုရီးယားအီးပီဥပဒေအရ ကိုရီးယားဘာသာဖြင့် အောက်ပါအတိုင်း ဆိုထားပါသည် -
외국인근로자의 고용 등에 관한 법률[시행 2010. 7. 5]
[법률 제10339호, 2010. 6. 4, 타법개정]
제18조 (취업활동 기간의 제한)
외국인근로자는 입국한 날부터 3년의 범위에서 취업활동을 할 수 있다. [전문개정 2012.2.1] [시행일 : 2012.7.2] 제18조
제18조의2 (취업활동 기간 제한에 관한 특례)
① 다음 각 호의 외국인근로자는 제18조제1항에도 불구하고 1회에 한정하여 2년 미만의 범위에서 취업활동 기간을 연장받을 수 있다. <개정 2010.6.4>
1. 제8조제4항에 따른 고용허가를 받은 사용자에게 고용된 외국인근로자로서 제18조에 따른 취업활동 기간 3년이 만료되어 출국하기 전에 사용자가 고용노동부장관에게 재고용 허가를 요청한 근로자
2. 제12조제3항에 따른 특례고용가능확인을 받은 사용자에게 고용된 외국인근로자로서 제18조에 따른 취업활동 기간 3년이 만료되어 출국하기 전에 사용자가 고용노동부장관에게 재고용 허가를 요청한 근로자
② 제1항에 따른 사용자의 재고용 허가 요청 절차 등에 관하여 필요한 사항은 고용노동부령으로 정한다. <개정 2010.6.4> [전문개정 2009.10.9]
၃ နှစ်ချင်းမှားနေကြ
ပုဒ်မ ၁၈ ၊ အရ အီးနိုင်းများကို ပြည်ဝင်ရက်မှ စ၍ ၃ နှစ် ကန့်သတ်ချက်ဖြင့် အလုပ်လုပ်ခွင့်ပြုထားပါသည် ။
သို့ရာတွင် ၊ ပုဒ်မ ၁၈-၂ ၏ ပုဒ်မခွဲ ၁ အရ ကိုရီးယား အလုပ်ရှင်က ထပ်မံငှားရမ်းလိုလျင် ၂ နှစ်ထက်မကျော်စေဘဲ ၊ ၁ ကြိမ် အကန့်အသတ်ဖြင့် ထပ်မံ ငှားရမ်းခွင့် (နောက်တိုးဗီဇာ) ရရှိပါသည် ။
သည်တော့ ကိုရီးယားအီးပီစနစ်မှာ ပုဒ်မ ၈အရ ပေးထားတဲ့ မူလ ဗီဇာ (ဗီဇာကြီး) ၃ နှစ် ရပါတယ် ။
၃ နှစ်ပြီးတော့ ပြန်ရုံပါပဲ ။ သို့သော် ၃နှစ်ကုန်တော့ ပြည်တော် မပြန်ကြဘဲ ရက်ကျော်နေကြတဲ့သူက များပြီးရင်းများလာပါတယ် ။ သည်တော့ ကိုရီးယားအလုပ်ရှင်တွေက ကြိုက်ရင် ၃ နှစ်ပြန်ပေးမယ်ဆိုပြီးဖြစ်လာပါတယ် ။ သည်တော့ အလုပ်ရှင်ကြိုက်သော် ပြည်တော်ပြန် ၃လ ကျော်နေပြီး ၊ နောက်တစ်ခေါက်ပြန်လာဆိုပြီး ဖြစ်လာပါတယ် ။
ပုဒ်မ ၁၈ မှာ ပုဒ်မ ၁၈-၂ ဆိုပြီးတိုးလာပါတယ် ။ အဲသည်ပုဒ်မအရ နောက်တိုးဗီဇာ ၁ကြိမ် ထပ်မံရရှိပါတယ် ။
ပထမဦးဆုံးပေးစဉ်တုံးက ၃ နှစ်ပါ ။
နောက်တိုးဗီဇာ ၃ နှစ်မှ ၂ နှစ်ဖြစ်လာ
နောက်တော့ ၃လအတွင်း ၊ လုပ်ငန်းရှင်တွေ အဆင်မပြေဘူး ၊ အလုပ်သမားအသစ်လည်းခိုင်းမရ ၊ အလုပ်သမားဟောင်းတွေကလည်း ပြန်လာလို့မရဆိုတော့ ကြားကာလမှာ အခက်အခဲဖြစ်ကြပါတယ် ။
သည်တော့ ပြည်တော်မပြန်ဘဲ ၊ နောက်တိုးဗီဇာ ယူကြစေဆိုပြီး ဖြစ်လာပါတယ် ။
၃ နှစ်ပေးလိုက်လျင် စုစုပေါင်း ၆ နှစ်ဆက်တိုက်ဖြစ်သွားပါလိမ့်မယ် ။ အဲသည်အနေအထားမှာဆို လူလည် အီးနိုင်းများပါခဲ့သော် အခြေခံ ဥပဒေနှင့် နိုင်ငံသားဖြစ်မှုဥပဒေများအရ ကိုရီးယား နိုင်ငံသား လျှောက်လိုသူများ ရှိလာမှာ ဖြစ်ပါတယ် ။ ၅ နှစ်ပြည့်ပြီး နိုင်ငံခြားသားများ ကိုရီးယားနိုင်ငံသားအဖြစ်လျှောက်သူများ ရှိခဲ့သော် ၊ ရသော်ရှိ မရသော်ရှိ အမှုတွဲလက်ခံပေးရမည့် တာဝန်ရှိလာလို့ ကိုရီးယားအစိုးရ အလုပ်ရှုပ်ပါလိမ့်မယ် ။ သည်တော့ တစ်ဆက်တည်း ၅ နှစ်မကျော်အောင် ၊ နောက်တိုးဗီဇာကို ၂ နှစ်လို့ကန့်လိုက်ပါတယ် ။
နောက်တိုးဗီဇာ ၂ နှစ်မှ ၂ လထပ်လျှော့
အဲသည်မှာလည်း ပြဿနာတွေရှိလာပါတယ် ။ အချို့ ၅ နှစ် ပြည့်ပြီး ပြန်ရမှာဖြစ်သော်လည်း ၊ မလွဲမရှောင်သာတဲ့ ကိစ္စများကြေင့် ၅ နှစ်ကျော်နေရမယ့် ကိစ္စတွေ ဖြစ်လာပါတယ် ။ ဥပမာအားဖြင့် ၊ နောက်ဆုံးထုတ် လစာ မရတာတို့ ၊ လုပ်သက်ဆုကြေး မရတာတို့ နှင့် ပတ်သက်ပြီး ၊ အလုပ်သမားကော်မတီ (ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီ) မှာတင်မပြီး ဘဲ တရားရုံးတက်ရမယ့် ကိစ္စတွေရှိလာတာမျိုးပါ ။ အခြားဗီဇာ တစ်ခုခုပေးထားရပေမယ့် ၊ တစ်ဆက်တည်း ၅နှစ် ကျော်နေပြီမို့ နိုင်ငံသားလျှောက်ထားတဲ့ ကိစ္စများရှိလာခဲ့သော် အစိုးရမှာ အလုပ်ရှုပ်လာတော့မှာမို့ ၊ နောက်တိုးဗီဇာကို ၂နှစ်ကနေ ၁ နှစ် ၁၀လ သို့ လျှော့လိုက်ပါတော့တယ် ။ ဆိုလိုတာက ပြဿနာဖြစ်ရင် ၅နှစ် မကျော်ခင် ၂လအတွင်း အပြီးရှင်းပေါ့ဗျာ ။
လူတော်များ နေခွင့်ပြုမယ့် စနစ်
အခုတော့ ကိုရီးယားအစိုးရ နိုင်ငံခြားသားများရဲ့ တန်ဖိုးကို သဘောပေါက်လာပါပြီ လို့ ထင်ပါတယ် ။
အလုပ်ကြိုးစားသော အီးနိုင်းကိုကို မမများနှင့် ၊ လူတော်လူကျော်နိုင်ငံခြားသားများကို တစ်ဆက်တည်း ၅ နှစ်ကျော်သော်လည်း နေထိုင်ခွင့်ပေးမယ့် အစီအစဉ်များလည်း တစ်ခုပြီး တစ်ခု လုပ်ပေးနေတာတွေ့နေရပါတယ် ။
ခုလောလောဆည်မှာ သည်လိုပါ
မည်သို့ပင်ဆိုစေကာမူ ၊ လောလောဆည်မှာတော့ -
အီးနိုင်းကိုကိုများခင်ဗျာ ၊
အီးပီ ဥပဒေ ပုဒ်မ ၁၈-၂ ၊ ပုဒ်မခွဲ၁ အရ ၊ သက်တမ်းကြီး(မူလ)ဗီဇာ ၃ နှစ် နှင့် နောက်တိုးဗီဇာ တစ်ကြိမ် ( ၃ နှစ် သို့မဟုတ် ၂ နှစ် သို့မဟုတ် ၁ နှစ်၁၀ လ ) သာ ရရှိဦးမည်ဖြစ်ပါတယ် ။
အီးပီ စနစ် ၁ ကြိမ် (၆ နှစ် သို့မဟုတ် ၅ နှစ်) လည် ပြီးသူများ နောက်ထပ် ၁ နှစ် ၁၀ လထပ်ရမယ်ဆိုတာ မဟုတ်ပါ ။ အဲသည်ပုဂ္ဂိုလ်များ အနက် အထူး စာမေးပွဲဖြေပြီး ပြန်လာဖို့ အခွင့်ရရှိသူများကတော့ ၊ အထူးစာမေးပွဲဖြေပြီး (၃လနောက်) ပြန်လာနိုင်ကြပါတယ် ။ အထူးစာမေးပွဲ ဖြေခွင့်မရသူများ ၊ ပြည်တော်ပြန်ပြီး ၆ လနောက်မှာ ရိုးရိုးစာမေးပွဲဖြေပြီး ပြန်လာခွင့်ရှိမှာဖြစ်ပါတယ် ။ (နာမည်ပြောင်းဖို့လိုမည်မဟုတ်ပါ ။) နောက်ထပ် အီးပီစနစ် တစ်ပတ်လည်မှာဖြစ်တဲ့အတွက် နောက်ထပ် ဗီဇာကြီး သက်တမ်း ၁ခု (၃-နှစ်) နှင့် နောက်တိုးဗီဇာ ၁နှစ်နှင့် ၁၀ လ ရရှိမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ် ။
လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ ၂၀
Tuesday, February 21, 2012
လိပ်စာသစ်မှာ ကြည့်ရှုပါ
မိတ်ဆွေ ညီအကို မောင်နှမများ ခင်ဗျာ-
ကျွန်တော်များ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့(ကိုရီးယား)ရဲ့ ယခင်အသုံးပြုနေသော whiteloveforpeople.ning.com ၀က်ဗ်ဆိုက်ကို အသုံးပြုရာတွင် အဆင်မပြေမှုများ ရှိပါသဖြင့် ယင်းအစား whiteloveforpeole.blogspot.com ကို ပြောင်းလဲအသုံးပြုမည် ဖြစ်ပါသဖြင့် လိပ်စာသစ်မှာ ကြည့်ရှုကြပါရန် လူကြီးမင်းများအား အသိပေး အကြောင်းကြားအပ်ပါတယ် ခင်ဗျာ။
ဇေယျာလင်း
အဖြူရောင်မေတ္တာလူငယ်များအဖွဲ့(ကိုရီးယား)
Monday, February 20, 2012
ဓာတ်ပုံမှတ်တမ်း
၆၄ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား။ ၂၀၁၂ ဖေဖော်ဝါရီ ၁၉။ ကိုရီးယားနိုင်ငံ။ ပူချွန်းမြို့။ ဓာတ်ပုံ- ဘော်ဘော် (ဟင်္သာတ)
ဖိတ်ကြားအပ်ပါသည်
ရေးသားသူ — ကိုမင်းဇော်
ဖိတ်ကြားအပ်ပါသည် ။
တောင်ကိုးရီးယား နိုင်ငံတွင် ရောက်ရှိနေကြသော တိုင်းရင်းသား ညီအစ်ကိုများ ခင်ဗျာ
ကျွန်တော်တို့ ရခိုင်အသင်း(ကိုးရီးယား) မှ " ရိုဟင်ဂျာ " ကိစ္စ နှင့် ပတ်သက်၍ တောင်ကိုးရီးယား နိုင်ငံရှိ အင်္ဂလန် သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုရန် ရှိပါသဖြင့် စိတ်ပါဝင်စားသော တိုင်းရင်းသား ညီအစ်ကိုများကို ကျွန်တော်တို့နှင့် အတူတကွ ပူးပေါင်းပါဝင် နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
(ယာဉ် ကြို/ပို့ စီစဉ်ထားပါသည်။)
အစီအစဉ် - ၂၆.၂.၂၀၁၂(တနင်္ဂနွေနေ့) ၊ နေ့လည် (၁၂:၃၀) တိတိ တွင် ဘူဖြောင်းဘူရှေ့မှ ကား စတင်ထွက်ခွာပါမည်။
ဆက်သွယ်ရန် -
(ဥက္ကဌ) ကိုမင်းဇော် (ဖုန်း ၀၁၀-၈၄၁၅၅၃၃၅)
(ဒုဥက္ကဌ) ကိုဇော်ဇော် (ဖုန်း ၀၁၀-၆၈၆၉၀၉၄၅)
(အတွင်းရေးမှူး) ကိုအောင်လင်းနိုင် (ဖုန်း ၀၁၀-၂၆၅၉၀၇၈၃)
(ဘဏ္ဏာရေးမှူး) ကိုအောင်မျိုးသိန်း (ဖုန်း ၀၁၀-၈၃၂၂၈၉၇၇)
တောင်ကိုးရီးယားတွင် ရောက်ရှိနေကြသော ရခိုင်ညီအစ်ကိုများ အသင်းနှင့် အမြန်ဆက်သွယ်ပါ။
ထာဝရငွေပဒေသာပင်အတွက်
အလှူငွေထည့်ဝင်ရန် ဆန္ဒပြုထားသော အသင်းဝင် ပုဂ္ဂိုလ်များ အောက်ပါ (KB bank) အကောင့်သို့ လှူဒါန်းနိုင်ပါသည်။
Kyaw Nyi San (KB)65030104007270
တိုင်ရီစက်ရုံ ဆန္ဒပြမှုအား မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ တရားရေး ဆိုင်ရာ စွဲချက် တင်ခွင့်ပြု

တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြနေမှုနှင့် အလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေသူ ကိုဖိုးဖြူ (ဓါတ်ပုံ - အင်တာနက်)
ဖော်ဖော်ဝါရီလ (၁၈) ရက်နေ့၌ မရမ်းကုန်းမြို့နယ် မြို့ နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ ထိုင်ဝမ်နိုင်ငံသားပိုင် ထိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာရပ်အား ဖြေရှင်းရန် ကိစ္စကို ခွင့်ပြုလိုက်ပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် လှိုင်သာယာမြို့နယ် အလုပ်သမားရုံး၌ လက်ခံ တင်သွင်းမည်ဖြစ်သည်။ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ စတင်၍ လုပ်အားခတိုးပေးရန် စတင် သပိတ်မှောက် တောင်းဆိုခဲ့ကြပါသည့် အလုပ်သမား ဆန္ဒပြမှုသည် (၁၃) ရက် လွန်မြောက်ပြီးနောက် တနင်္ဂနွေနေ့၌ ဆန္ဒပြမှုကို ခေတ္တ ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
“အခုဆိုရင် မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မတီက ဥပဒေနဲ့ မညီတဲ့ အကြောင်းကြားစာတွေ ကျွန်တော်တို့ဆီကို ရောက်လာ ပါတယ်၊ အဲဒီမှာ ဘာကို တွေ့ရလဲဆိုရင် အဆိုလွှာတွေ၊ ချေလွှာတွေ၊ အလုပ်သမား အရေးဆိုမှုတွေ မရထားခင် ကတည်းကိုက ဆိုလွှာတွေကို ကြိုထုတ် ထားတယ်၊ ဒါဟာဘာကို ထောက်ပြ နေသလဲဆိုရင် ဒီဆိုလွှာတွေဟာ အလုပ်ရှင် အလုပ်သမား နှစ်ဖက် အငြင်းပွားမှု ဖြစ်ပြီးမှ ပြောရမယ့် အချက်တွေ၊ နှစ်ဘက် အငြင်းပွါးမှု ဖြစ်ပြီးမှု ဆွေးနွေး ရမယ့်အချက်တွေ ဖြစ်လို့ ဥပဒေ ကြောင်းလမ်းနဲ့ ကိုက်ညီမှု မရှိပါဘူး”ဟု အလုပ်သမားအရေး လိုက်လံ လုပ်ဆောင်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူမှ ပြည်တွင်းမီဒီယာနှင့် ရုပ်သံ အင်တာဗျူး တစ်ခု၌ ပြောသွားခဲ့ပါသည်။
ထိုဆန္ဒပြမှုသည် မြန်မာ့သမိုင်း တစ်လျှောက် အလုပ်သမား ဆန္ဒပြမှုများထဲတွင် (၁၃၀၀) ပြည့် အရေးတော်ပုံ ပြီးနောက် အကြီးမားဆုံး အလုပ်သမား ဆန္ဒပြမှုကြီးလည်း ဖြစ်သည်။ စက်ရုံရှိ အလုပ်သမားပေါင်း ၉၀ ရာခိုင်နှုန်း ကျော်ခန့် ပါဝင် သပိတ်မှောက်ခဲ့ကြပြီး အလုပ်သမားပေါင်း (၂၀၀၀) နီးပါးခန့် ထိုသပိတ်မှောက်မှု၌ ပါဝင် ခဲ့ကြကြောင်း မီဒီယာများ၌ ဖော်ပြကြပါသည်။
ဆန္ဒပြ အလုပ်သမား များထဲမှ အလုပ်သမား ဆယ်ဦးကျော်ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ပုဂ္ဂလိက စာဝတ်နေရေး ပြသနာရပ် အခက်အခဲများကြောင့် အလုပ်ရှင်ဘက်မှ အချိန်ပိုကြေး (၂၅) ကျပ် တိုးပေးသည်ကို လက်ခံကာ အလုပ်ပြန်ဆင်း ခဲ့ကြ သော်လည်း ကျန်ရှိအလုပ်သမား အားလုံးမှာ ယနေ့စနေနေ့ အထိ (၁၃) ရက်ကြာ ဆက်လက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြဆဲဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍မူ ကိုဖိုးဖြူက “အဲဒါက နယ်က လာတဲ့ အလုပ်သမားလေးတွေ ဖြစ်ပါတယ်။ သူတို့ လက်ခံလိုက်တယ်၊ အလုပ်ပြန်ဆင်းတယ်၊ သူတို့ လက်ခံရတဲ့ သဘောက စားစရိတ်ဗျာ၊ နေစရိတ် ပြီးတော့ ရွာကိုလည်း ငွေပြန်ပို့ရတယ်လေ။ ဒါကြောင့် ရက်ရှည် သပိတ်မှောက်နေလို့ မဖြစ်ဘူးပေါ့။ အဲဒါနဲ့ လက်ခံလိုက်တာပါ” ဟု ၄င်းရက်နေ့၌ ရှင်းပြခဲ့ပါသည်။
ထိုသို့ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွါးပြီး (၆) ရက်မြောက်နေ့၌ အစိုးရပိုင်းမှ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိုနှိုင်းဆောင်ရွက် နိုင်စေရန် အလုပ်သမား ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် ကိုယ်တိုင် လာရောက် ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပဲ ရက်ရှည် သပိတ်မှောက်မှုအဖြစ် ဆက်လက်တည်ရှိခဲ့သည်။
အလုပ်ရှင်ဘက်မှလည်း အလုပ်သမားများမှ စနေနေ့အထိ အလုပ်မဆင်းခဲ့လျှင် အလိုအလျောက် ဆန္ဒအရ အလုပ်မှ ထွက်သည်ဟု သဘောမှတ်ချက်ပြုမည် ဖြစ်သည်ဟုလည်း ကြေငြာထားခဲ့ပါသည်။ တိုင်ရီ ဖိနပ်စက်ရုံ ခြံဝင်းအတွင်းရှိ အဆောင်၌ နေထိုင်နေကြသည့် အလုပ်သမားများအားလည်း တစ်နေ့လျှင် ငါးနာရီ ရေပေးဝေနေရာမှ ယခု တစ်နေ့လျှင် နှစ်နာရီသာ ပေးဝေတော့၍ ရေးပေးဝေမှုကို ဖြတ်တောက်ခဲ့ပါသည်။ အဆောင်မှ ထွက်ခွာရန် ဖိအားပေးမှု ရှိခဲ့ပါသည်။
သို့သော် အလုပ်သမားများဘက်မှ ဥပေဒရေးရာအရ လိုက်လံကူညီလုပ်ဆောင်ပေးသူ ဦးဖိုးဖြူမှ အကယ်၍ ထိုသို့ ထွက်ခွာရန် နှင်ချခြင်း ခံရပါက အိမ်ရှင်အိမ်ငှား ဥပဒေဖြင့် ပြန်လည် တရားစွဲဆိုမှုဟု ပြောဆိုမှုများရှိခဲ့ပြီးနောက် အလုပ်သမားများ မိမိတို့ အဆောင်အတွင်း၌ ဆက်လက်နေထိုင်ခွင့်ရခဲ့ကြသည်။
ထိုတိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုအားလည်း ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ဆွီဒင်နိုင်ငံ Social Democratic Youth အဖွဲ့မှ အပြည့်အဝ ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ ဆန္ဒပြအလုပ်သမားများဘက်မှ တောင်းဆိုချက် (၁၇) ချက်ကို တောင်းဆို ထားခဲ့သော်လည်း အလုပ်ရှင်ဘက်မှ လိုက်လျောနိုင်ခြင်း မရှိသေးပေ။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ ရက်ရှည်ဆန္ဒပြပွဲသို့ ကိုဟန်ဝင်းအောင် ဦးဆောင်သည့် နိုင်ငံရေး အကျဉ်းသားများ မိသားစု အကျိုးဆောင် ကွန်ယက်နှင့် အခြား လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူလူထုများမှလည်း ရေသန့်ဗူးနှင့် အစားအသောက်များ လာရောက် လှူဒါန်းခဲ့ကြောင်းလည်း သိရှိရပါသည်။
Sources:
http://phophtaw.org/burmese/index.php/news/local-news/1145-2012-02-19-00-06-50.html
Friday, February 17, 2012
ကိုရီးယားအီးပီစနစ် မြန်မာ ဘယ်နှယောက်ခေါ်မလဲ
မေးစရာရှိလို့
အစ်ကို ကျွန်တော် တတိယအကြိမ် eps topik ကို အောင်ပြီး
အလုပ်လျှောက်လွှာ တင်ထားတာပါ. 2012 ဒုတိယ 6လပတ်မှာ ခေါ်မယ်
နိုင်င်္ငခြား အလုပ်သမား 14100 ထဲမှာ မြန်မာပြည်ကို
ဘယ်လောက်လောက်ခေါ်မှာလည်းဗျ. ဘယ်လထဲလောက် အပြတ်ခေါ်မှာလည်းဗျ..
ကျေးဇူးပြုပြီးး ဖြေပေးပါဦး ။
အီးပီခွဲတမ်းဆိုတာ
ကိုရီးယား အီးပီစနစ်မှာ ဘယ်နိုင်ငံက ဘယ်နှယောက်ခေါ်မယ်ဆိုပြီး အစိုးရက ကြိုတင်ဆုံးဖြတ် ခွဲတမ်းချ ထားတာ မရှိပါ ။ ကိုရီးယား လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်အရ ခေါ်ယူစေခြင်းဖြစ်ပါတယ် ။ ဒါကြောင့် မြန်မာအလုပ်သမား ခေါ်ယူလိုတဲ့ ကိုရိးယားလုပ်ငန်းရှင် များရင်များသလောက် မြန်မာများများ ခေါ်ယူခိုင်းစေခံရဖွယ်ရာရှိပါလိမ့်တယ် ။
အရင်ရောက်နေတဲ့ မြန်မာတွေရဲ့ လုပ်ရပ်အပေါ် နှင့် နိုင်ငံရေးအခြေအနေ ပေါ်မူတည်မယ်လို့ထင်ပါတယ် ။ ကိုရီးယား လုပ်ငန်းရှင်တွေအကြား မြန်မာလေးတွေ ခိုင်းကောင်းတယ် ၊ ပေးတာယူ ခိုင်းတာလုပ် ဘာမှပြန်မပြောတဲ့သူများရင် များသလောက် မြန်မာအလုပ်သမားများများ ခေါ်ယူခိုင်းစေခံရဖွယ်ရာ ရှိပါလိမ့်မယ်လို့ သဘောရပါတယ် ။
ကိုရီးယား သူဌေးတွေက မြန်မာ မခေါ်လိုပါဘူး ဆိုလျင် ကိုရီးယား အစိုးရက လုပ်ပေးချင်သည့်တိုင် လုပ်ပေးလို့မရပါ ။
လုပ်သားခေါ်တဲ့စနစ်ကသည်လိုပါ
ကိုရီးယားလုပ်ငန်းရှင်တစ်ယောက်က နိုင်ငံခြားသား အီးပီလုပ်သားအသစ် တစ်ယောက်ကိုတိုက်ရိုက် နာမည်တပ်ပြီး ခေါ်ယူလို့မရပါ ။ အလုပ်ထောက်ပံ့ရေးဌာနက ပေးတဲ့ အလုပ်သမားစာရင်းကိုကြည့်ပြီး ခေါ်ယူရတာပါ ။ သူငယ်ချင်းက မတ်ဆက်ပေးလို့ ၊ ကြော်ငြာမှာတွေ့လို့ဆိုပြီး လုပ်လို့မရပါ ။
အလုပ်သမားများအနေဖြင့်လည်း ဘယ်သူဌေးဘယ်စက်ရုံမှာ လုပ်ချင်ပါတယ်ဆိုပြီး တိုက်ရိုက် လျှောက်ထားလို့မရပါ ။ ဘယ်လိုလုပ်ငန်းမျိုး ၊ ဘယ်ဒေသမှာ လုပ်ချင်ပါတယ် ဆိုတာမျိုးပဲေုပာခွင့်ရှိပြီး ၊ အလုပ်ထောက်ပံ့ရေးဌာနက ပေးတဲ့ အလုပ်ရှင်များစာရင်းထဲက စက်ရုံတွေမှာပဲ တရားဝင် လုပ်ခွင့်ရှိတာပါ ။ သူငယ်ချင်းစက်ရုံမှာ လူလိုနေလို့ပါဆိုပြီး လုပ်လို့မရပါ ။
ကိုရီးယားအစိုးရက မြန်မာတွေ ခေါ်ပါပြောလည်း မရပါ
သာဓက တစ်ခုပြောပါမယ် ။
လွန်ခဲ့သော ၂ လခန့်က ၊ မြန်မာမိတ်ဆွေ အီးနိုင်း တစ်ယောက်၊ ကိုရီးယားအသိ သူဌေးစက်ရုံမှာ လူလိုလို့ ၂ဦး၂ ဖက်က အလုပ်ရရှိရေး ၊ ခိုင်းစေခံရရေး ကြိုးစားပမ်းစားလုပ်ကြပါတယ် ။ တရားမဝင် အင်တာဗျူးပြီး လစာ အလုပ်ချိန် စသည်များ သဘောတူကြလို့ အလုပ်တောင်စဆင်းနေပါပြီ ။ အဆောင်တောင်ငှါးပေးထားပြီးပါပြီ ။ အလုပ်သမားကလည်း သည်မြို့နယ်မှာ အဲသလို အလုပ်မျိုးလုပ်လိုကြောင်း လျှောက်ပါတယ် ။ သူဌေးကလည်း သူ့ရုံမှာ မြန်မာအလုပ် သမား လိုချင်ကြောင်း ၊ ဘယ်လိုအရည်အချင်းတွေရှိဖို့လိုကြောင်း ၊ အလုပ်သမားနှင့် အံကိုက်အောင် သူများတွေ လျှောက်လို့မရ အောင် ၊ ဘောင်ကို ချုံ့ပြီး လျှောက်ကြပါတယ် ။ ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာနမှာ အလုပ်ကြော်ငြာ နေ့တိုင်း သွားယူပေမယ့် ၊ အဲသည်စက်ရုံ စာရင်းပါမလာပါဘူး ။ ဘာဖြစ်လို့မပါတာလည်းလို့ တိုက်ရိုက်မေးလို့လည်း မရတဲ့ ကိစ္စပါ ။
မြန်မာမရှိဘူးဆိုပဲ
အလုပ်ရှင်ကိုကျတော့ သည်နယ်မှာ လျှောက်ထားတဲ့ မြန်မာမရှိဘူး ၊ ဘင်္ဂလားဒေ့ရှ် အလုပ်သမားပဲရှိတယ်လို့ ပြောပါတယ် ။ မြန်မာ ပြည်က အလုပ်သမားအသစ် ၂ယောက်ရဲ့ စာရင်းကိုသာ ပေးပါတယ် ။ (မြန်မာအသစ်တွေ ခေါ်အောင်လုပ်ပေးတဲ့သဘောပါ။) ရက်ကုန်ခါနီးသည့်တိုင် အလုပ်ရှင်နှင့် အလုပ်သားတွေ့အောင် ကြောငြာကို တွဲမပေးပါဘူး ။ အလုပ်သမားက စိတ်ပူလို့ အခြားရုံမှာ အလုပ်ဝင်လိုက်ရပါတယ် ။ အလုပ်ရှင်ကလည်း ခိုင်းလို့ ရတဲ့ အခြားအလုပ်သမား ခေါ်လိုက်ရပါတယ် ။
သည်တော့ အီးပီစနစ်မှာ ၊ ဘယ်နိုင်ငံသား ဘယ်နှယောက်ခေါ်မယ် ၊ ဘယ်နေ့အပြီးခေါ်မယ်လို့ အစိုးရက ဘောင်ခတ်ထားတာ မရှိကြောင်း သိရပါတယ်လို့ ဖြေကြားအပ်ပါတယ်ခင်ဗျာ ။
အလုပ်ခေါ်စာကျသူများစာရင်း
ကိုရီးယားအီးပီစနစ်သည် ကိုရီးယားအလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနက ခွဲတမ်းချပေးပြီး ကိုရီးယားအလုပ်ရှင်တွေက အလုပ်သမား ခေါ်ယူနေတာမဟုတ်ပါ ။ ကိုရီးယားအစိုးရသည် ကိုရီးယားလုပ်ငန်းရှင်များက ခေါ်ယူတဲ့အလုပ်သမားစာရင်းများကို စုပြီး စာရွက်အပေးအယူလုပ်ငန်းကိုသာ လုပ်ပေးနေတဲ့ စနစ်ပါ ။ ကိုရီးယားမှာရှိတဲ့ ၁သန်း ၂သိန်းကျော်သော အီးပီလုပ်သားများစာရင်းကို လူသိရှင်ကြား တရားဝင် ထုတ်ပြန်ကြေညာထားတာ မတွေ့ဖူးသေးပါ။ ဒါကြောင့် အလုပ်ခေါ်စာကျသူများစာရင်း ဟန်းဂုရွာမှာတင်ပေးစေလိုပါတယ်ဆိုတဲ့ ညီငယ်တစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်ကိုလည်း သည်ပို့စ်နှင့်ပဲ “ကျနော်များအဲသည်စာရင်းကို တင်ပေးနိုင်ရန် မစွမ်းပါကြောင်း” တစ်ပါတည်း ဖြေကြားပေးလိုက်ပါတယ်ခင်ဗျာ ။
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ၊ ဖေ-၁၇ ။
TeleTalki အရောင်းမြှင့်တင်ရေး အစီအစဉ် အီးပီလုပ်သားများအား စမတ်ဖုန်း အရစ်ကျစနစ်ဖြင့်ရောင်းမည်
အရောင်းမြှင့်တင်ရေးအစီအစဉ်
TeleTalki[Click Here] သည် အရောင်းမြှင့်တင်ရေးအထူးအစီအစဉ်အဖြစ် မြန်မာအီးပီလုပ်သားများအား ARP (Auto Rechargeable Phone) စနစ်သုံး Sky Vega Racer, Sky Vega LTE, Samsung Galaxy S2 HD, Samsung Galaxy M, Samsung Galaxy S Ⅱ , Samsung Galaxy Nexus စမတ်ဖုန်းများကို ၂ နှစ်ဆိုင်း အရစ်ကျပေး အကြွေးစနစ် (Installment) ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည် ။
ရောင်းချပေးမည့် ကာလ -
2012 February 20 (Monday) မှ 2012 April 13 (Friday) ထိ
ရောင်းချပေးမည့် ဖုန်းအမျိုးအစားများ -
1. Samsung Galaxy M : (Click Here)
2. Samsung Galaxy S Ⅱ (Click Here)
3. Samsung Galaxy HD LTE: (Click Here)
4. Samsung Galaxy Nexus (Click Here)
5. Sky Vega Racer (Click Here)
6. Sky Vega LTE (Click Here)
မှတ်ချက် ။ အရေအတွက် ကန့်သတ်ထားပါသည် ။
ဝယ်ယူနိုင်မည့် ပုဂ္ဂိုလ်များ -
- E-9 ဗီဇာဖြင့် ကိုရီးယားတွင် ၊ ၂၀၁၃ ခုနှစ် ဒီဇင်္ဘာလကုန်ထိ ၊ နေထိုင်ခွင့် ရရှိနိုင်သေးသည့် ပုဂ္ဂိုလ် သို့မဟုတ် (ဗီဇာ ၂ နှစ် မကျန်သော်လည်း) ကိုရီးယားမှ အပြီးအပိုင်ထွက်ခွါခြင်း မပြုမှီ ဖုန်းတန်ဖိုးကို အပြီးအပိုင်ပေးချေရန် တာဝန်ခံသူ ဖြစ်ရမည် ။
- ဓမ္မဒူတ နိဗဒ္ဓအလှူရှင် သို့မဟုတ် ၊ ကိုရီးယားနိုင်ငံရှိ မြန်မာ အသင်းအဖွဲ့များ (ဘာသာရေး၊ လူမှုရေး ၊နိုင်ငံရေး စသည်)များမှ အမှုဆောင်တစ်ဦးဦး သို့မဟုတ် ကိုရီးယားနိုင်ငံရှိ မြန်မာ လုပ်ငန်းရှင်တစ်ဦးဦး က ထောက်ခံချက်ပေးနိုင်သူဖြစ်ရမည် ။
လိုအပ်သည့်စာရွက်စာတမ်းများ -
- ID ကတ် (နိုင်ငံခြားသား မှတ်ပုံတင်ကတ်) မိတ္တူ (ရှေ့၊ နောက်)
- ဘဏ်စာအုပ်မိတ္တူ (ရှေ့ဆုံးစာမျက်နှာသာ ၊ သင်တန်းကျောင်းကပြုလုပ်ပေးသည့် ဘဏ်စာအုပ်မဖြစ်ရ )
ဆက်သွယ်ရန် -
HP: 010-2331-2457
Fax: 02-2637-2457
Wednesday, February 15, 2012
ဝမ်းနည်းကြေကွဲခြင်း
တောင်ကိုးရီးယားနိင်ငံ၊မြန်မာအသင်းဥက္ကဋ္ဌ.ဦးခင်မောင်ရင်၏မိခင်ကြီးဒေါ်ချစ်မြသည် (၁၁-၂-၂၀၁၂)ရက်နေ့ တွင်ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းခံစားရပါသည်။
ဥက္ကဋ္ဌဦးခင်မောင်ရင်၏ မိခင်ကြီးဒေါ်ချစ်မြမြင့်မြတ်သောဘုံဘ၀သို့ ရောက်ရှိနိင်ပါစေဟုဆုတောင်းမေတ္တာပို့ သပါသည်။
ရခိုင်အသင်း(တောင်ကိုးရီးယား)
ဝမ်းနည်းရပါကြောင်း
ကိုရီးယားရှိ လူမှုရေး နိုင်ငံရေး ကဏ္ဍများတွင် ဦးဆောင်လှုပ်ရှားနေသူ၊ မြန်မာအသင်း(ကိုရီးယား) ဥက္ကဋ္ဌ ဦးခင်မောင်ရင် ၏ မိခင်ကြီး ဒေါ်ချစ်မြ (မိတ္ထီလာ) အသက် ၈၇ နှစ်သည် ၂၀၁၂ ဖေဖော်ဝါရီ ၁၁ နေ့က ရန်ကုန်မြို့ မြောက်ဒဂုံ နေအိမ်၌ ဘ၀တပါးသို့ ပြောင်းရွေ့ ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့် ထပ်တူ ၀မ်းနည်းရပါကြောင်း ... ဟန်းဂုရွာ ၀ိုင်းတော်သားများ
Tuesday, February 14, 2012
အထူးအီးပီကိုရီးယားစာမေးပွဲ ၅ နိုင်ငံတွင် စစ်မေးမည် ၊ ပြင်ဆင်ဆဲ နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါရှိ
ဆောအူးလ် ၊ ဖေဖေါ်ဝါရီ ၁၅
ကိုရီးယားဘာသာ အထူးစာမေးပွဲကို ထိုင်း ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ ဥဇဘက်ကစ္စတန် ၊ ပါကစ္စတန် စသည့် ၅ နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကိုရီးယားလူ့အရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (www.hrdkorea.or.kr) နှင့် အီးပီအက်စ် (www.eps.go.kr) အင်တာနက်စာမျက်နှာများတွင် ကြေညာထားပါသည် ။
အထူးအီးပီကိုရီးယားစာမေးပွဲများကို ကွန်ပျူတာအခြေပြုစစ်မေးနည်း (Computer Based Testး CBT) ဖြင့် ၃ လပတ်လျင် အနည်းဆုံး ၁ ကြိမ် နှုန်း စစ်ဆေးသွားမည်ဟုဆိုပါသည် ။
ကျန်ရှိသော မြန်မာ ၊ ကမ္ဘောဒီးယား ၊ အရှေ့တီမော ၊ မွန်ဂိုးလ် ၊ သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ် ၊ ခီးလ်ကစ္စတန် စသည့်နိုင်ငံများတွင်မူ စာမေးပွဲသုံး ကွန်ပျူတာစနစ် တပ်ဆင်ဆဲဖြစ်သဖြင့် ၊ အထူးစာမေးပွဲ ကျင်းပနိုင်ခြင်းမရှိသေးကြောင်း ၊ စာမေးပွဲဖြေဆိုအောင်မြင်ပြီးပါက ၊ အနည်းဆုံး ၁ နှစ်နှင့် အထက်အလုပ်လုပ်ခဲ့သော နောက်ဆုံးအလုပ်ရှင်က တိုက်ရိုက်ခေါ်ယူနိုင်ကြောင်း ၊ အများဆုံး ၃ နှစ် စာချုပ်ချုပ်နိုင်ပြီး ကြိုက်နှစ်သက်ပါက နောက်ထပ် နောက်တိုးဗီဇာ ၁ နှစ်နှင့် ၁၀ လ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည် ။
စာမေးပွဲကို ၂ပိုင်းဖြေဆိုရမည်ဖြစ်ကြောင်း ၊ ပထမပိုင်း မေးခွန်းပုံစံမှာ ဖတ် ၂၅ ပုဒ် ၊ ဖြေဆိုချိန် ၄၀ မိနစ် ၊ ပေးမှတ် ၁၀၀ ၊ ဒုတိယပိုင်း နားထောင် ၂၅ ပုဒ် ၊ ဖြေဆိုချိန် ၃၀ မိနစ် ၊ ပေးမှတ် ၁၀၀ မှတ် ၊ ၂ ပိုင်း ပေါင်းပေးမှတ် ၂၀၀ မှတ် အနက် အနည်းဆုံး ၈၀ မှတ်ရမှသာလျင် ဗီဇာလျှောက်ခွင့်ရှိမည်ဟုဆိုပါသည် ။ စာမေးပွဲ အကြား နားချိန်မရှိ ၊ စာမေးပွဲခန်းအတွင်းသို့ အမ်ပီ-၃ ၊ လက်ကိုင်ဖုန်း ပီဒီအေ စသည်များ ယူဆောင်ခွင့်မရှိဟုဆိုပါသည် ။
အဆိုပါ လုပ်သားများမှာ ကုန်ထုတ်လုပ်ငန်း ၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ၊ ငါးလုပ်ငန်း များတွင် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ၊ မူလလုပ်ငန်းရှင်က ပြန်ခေါ်မည့်သူများမှာ အခြားလုပ်ငန်း ရွေးချယ်ခွင့်မရှိ ၊ မူလလုပ်ငန်းရှင်၏ လုပ်ငန်းအမျိုးအစားကိုသာ ရွေးချယ်ကြရမည်ဖြစ်ကြောင်းလည်း သိရသည် ။
စာမေးပွဲမေးခွန်းနမူနာပုံစံများကို [Click Here] တွင် အခမဲ့ ကြည့်ရှု ဆွဲချ ရယူနိုင်ကြောင်း ၊ စာမေးပွဲတွင် အဆိုပါ နမူနာမေးခွန်းများမှ ၇၀ ရာခိုင်နှုန်း ပါရှိမည်ဖြစ်ပြီး ၊ ထုတ်ပြန်ထားခြင်းမရှိသည့် မေးခွန်းအသစ် ၃၀ ရာခိုင်နှုန်းပါရှိမည်ဖြစ်ကြောင်းလည်း သိရပါသည် ။
ရည်ညွှန်းသတင်းများ -
- http://epsklt.hrdkorea.or.kr
- www.hrdkorea.or.kr
- www.eps.go.kr
ကိုရီးယား အီးပီလုပ်သား ၂၀၁၂ ခုနှစ် ဒုတိယ ၆ လပတ် ခွဲတမ်း ၊ ပထမ ၆ လပတ်အတိုင်း အတည်ပြု
ဆောအူးလ် ၊ ဖေဖေါ်ဝါရီ ၁၄
၂၀၁၂ခုနှစ် ဒုတိယ ၆ လပတ်အတွက် အီးပီစနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ ခေါ်ယူမည့် နိုင်ငံခြားသား အလုပ်သမားအရေ အတွက်မှာ ပထမ ၆ လပတ်အတိုင်း ဖြစ်ကြောင်း နိုင်ငံခြားသား အလုပ်သမား မူဝါဒကော်မတီက ဖေဖေါ်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်ကြေညာပါသည် ။
၂၀၁၂ ခုနှစ် ဒုတိယ ၆ လပတ် လုပ်သားခွဲတမ်းမှာ ၊ အောက်ပါအတိုင်း ဖြစ်ပါသည် -
- စုစုပေါင်း ခေါ်ယူမည့်အလုပ်သမား = ၁၆,၃၀၀
- ကုန်ထုတ်လုပ်ငန်း = ၁၄,၁၀၀
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်း = ၁,၁၅၀
- ဆောက်လုပ်ရေးလုပ်ငန်း = ၃၀၀
- ငါးလုပ်ငန်း = ၇၂၀
- ဝန်ဆောင်မှုလုပ်ငန်း = ၃၀
အသေးစိတ်သိလိုပါက ၊ အလုပ်သမားဝန်ကြီးဌာန အတိုင်ပင်ခံဌာန 1350 သို့မဟုတ် 1544-1350 ထံ မေးမြန်းနိုင်ကြောင်း သိရသည် ။
ကိုရီးယားအီးပီစနစ်ဖြင့် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ခေါ်ယူလျက်ရှိကြောင်း ၊ မည်သည့်နိုင်ငံမှ အလုပ်သမားဦးရေ မည်မျှခေါ်ယူမည်ဟု ကြိုတင် သတ်မှတ်ထားခြင်းမရှိဘဲ ၊ ကိုရီးယား လုပ်ငန်းရှင်များ ဆန္ဒအရ ရွေးချယ်ခေါ်ယူနေခြင်းဖြစ်ကြောင်း ၊ ကိုရီးယား အလုပ်ရှင်အကြိုက်များသော နိုင်ငံသားများ အများဆုံးခေါ်ယူဖွယ်ရှိကြောင်းလည်း သိရသည် ။
သတင်းအခြေအမြစ်-
- http://www.eps.go.kr/
- http://www.moel.go.kr/
သားသားမွေးနေ့ ဖိတ်ပါတယ်
နှစ်ဘက် ဖိုးဖိုး ဖွားဖွား တို့ကို အမှူးထား၍ ဖေဖေ ဦးဆန်းကိုကို၊ မေမေ ဒေါ်ဝင်းဝင်းရီ နှင့် သားသား ဖြိုးမြတ်ကို တို့က သားသားရဲ့ တစ်နှစ်ပြည့် မွေးနေ့အလှူပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဘဘ၊ ကြီးကြီး၊ ဦးဦး၊ ဒေါ်ဒေါ် တို့ သားသားမွေးနေ့ အလှူကို ကြွရောက်ကြပါလို့ ဖိတ်ပါတယ် ခင်ဗျာ။
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၊ ဘူဖျောင်းမြို့ နေ့ရက် - ၂၀၁၂-ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၉-ရက် (တနင်္ဂနွေနေ့) အချိန် - နံနက် ၇-နာရီမှ ၊ နေ့လယ် ၂-နာရီအထိ နံနက်ပိုင်း - နန်းကြီးသုတ် နေ့လယ် - ထောပတ်ထမင်းနဲ့ ဧည့်ခံပါမယ် ခင်ဗျာ။ပြည်ထောင်စုနေ့ မှတ်တမ်းပုံများ
ကိုရီးယားမှာ ကျင်းပတဲ့ ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မှတ်တမ်းဓာတ်ပုံ အချို့ပါ။ ဘော်ဘော် (ဟင်္သာတ) ရဲ့ လက်ရာ ဖြစ်ပါတယ်။
Monday, February 13, 2012
၆၄ နှစ်မြောက် ချင်းအမျိုးသားနေ့ ဖိတ်ကြားစာ
ရေးသားသူ — ချင်းလူမှုရေးအသင်း
ပြည်ထောင်စုဖွား သွေးချင်းမိတ်ဆွေတို့ရေ~
လာမည့် ၂၀၁၂ ဖေဖော်ဝါရီလ ၁၉ (တနင်္ဂနွေ) နေ့မှာ “၆၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့” အစီစဉ်လေး ရှိတယ်နော်။ တောင်ကိုရီးယားရောက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ကြွရောက်အားပေးကြဖို့ ချင်းလူမှုရေးအသင်း (ကိုရီးယား) မှ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။
ဒီအစီစဉ်လေးမှာ
- ချင်းရိုးရာအက
- The Hornbill Band နဲ့အတူ သီဆိုဖျော်ဖြေမှုတွေ ပါမည့်အပြင်
- အထူးတင်ဆက်မှု အနေဖြင့် ချင်းမောင်မယ်များရဲ့ ရိုးရာဝတ်စုံ ဖက်ရှင်ရှိုး !!!
တို့ ပါဝင်မှာ ဖြစ်လို့ ဆက်ဆက်လာအားပေးကြနော်...။
ပြီးတော့ ညနေစာနဲ့လည်း ဧည့်ခံအုံးမှာနော်~
နေ့ရက်။ ။၂၀၁၂ ဖေဖော်ဝါရီလ ၁၉ရက် (တနင်္ဂနွေ)
အချိန်။ ။မွန်းလွဲ ၂း၀၀ - ညနေ ၅း၀၀ ထိ
နေရာ။ ။ ပူချွန်း နိုင်ငံခြားသား အလုပ်သမားရိပ်သာ (မြန်မာအသင်းရုံး)
(420-850) Gyeonggi-do, Bucheon City, Wonmi-gu, Jung-2-dong, 1093-1 (General Welfare Center 3rd floor),
420-850 부천시 원미구 중2동 1093-1 (근로자종합복지관 3층)
Event on Facebook: 64th Chin National Day,Korea
သန္တိကရဝိဟာရ ကျောင်းတော်သစ်ဖွင့်ပွဲ အလှူတော်မင်္ဂလာ
ရေးသားသူ — သန္တိကရဝိဟာရ
မြတ်ဗုဒ္ဓ၏ အဆုံးအမများ တည်တံ့ပြန့်ပွားရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းရေး စသည့် ရည်ရွယ်ချက်တို့ဖြင့် အန်ဆန်းမြို့ရှိ ရွှေမြန်မာများ ဦးဆောင်ကာ တည်ထောင်လိုက်သော ကျောင်းတော်ကြီး ပြီးစီးသွားပြီ ဖြစ်၍ ကျောင်းဖွင့်ပွဲ ကျောင်းတင်လှူပွဲ အခမ်းနားကို ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းအစရှိသော လှူဒါန်းဖွယ်ရာအစုစု လှူဒါန်းကာ၊ ဧည့်ပရိသတ်အပေါင်းအား ဒံပေါက်ထမင်းဖြင့် ဧည့်ခံကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကိုရီးယားရောက် ရွှေမြန်မာများ အားလုံး ကြွရောက်ချီးမြှောက် ကုသိုလ်ပြု သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
- နေ့လယ်ခင်းပိုင်း- ဒံပေါက်ထမင်း
- နေ့လယ် ၁ နာရီ - တရားတော်နာ ရေစက်ချ အမျှပေးဝေ
- နေရာ- အန်ဆန်းမြို့၊ သန္တိကရဝိဟာရ ကျောင်းတော်
ကျောင်းလမ်းညွန်--
경기도 안산시 단원구 원곡동 775-12번지 401호(4th Fl)
အန်ဆန်းဘူတာမှ 99၊ 52 ၊55 ၊23 ၊ 30-2 ၊ 909 နံပါတ် ကားစီး၍ 군자시장(원곡초등학교) မှတ်တိုင်၌ဆင်းရန်။ 737 ကားစီးလျင် 주택사거리 မှတ်တိုင်တွင် ဆင်းပြီး ညာဘက်ချိုး၍ တည့်တည့်လျှောက်ပါ။
ဆက်သွယ်ရန်- ၀၁၀-၅၁၈၄-၃၅၇၈ ။ ၀၁၀-၆၅၁၁-၂၉၈၆ ။ ၀၁၀-၅၁၀၂-၉၉၂၆ ။ ၀၇၀-၈၉၆၆-၅၁၈၄
အပြည့်အစုံကို www.santikaravihara.blogspot.com မှာ ကြည့်ပါရန်။
အလှူရှင်အမှတ် 10135 နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ်သိန်း၃၀နှင့် ၃သောင်းလှူဒါန်း၊ စုစုပေါင်း အလှူတော် သိန်း ၁ထောင်ကျော်ပြီ
ဖေဖေါ်ဝါရီ ၁၂ ၊ အင်ချောန်း
[Photo:Dhammaduta_Korea/ ရွှေပြည်သာညီအစ်ကိုများနှင့် ပါရမီရှင်များ ဓမ္မဒူတမြေအလှူတော်]
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၁၆ ဦးနှင့် မိတ်ဆွေအပေါင်းတို့က အလှူတော်ငွေ ဝမ် သိန်းပေါင်း ၃၀ နှင့် ၃ သောင်း တိတိ (3,030,000 )ကို ဓမ္မဒူတ(ကိုရီးယား) တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10135 ဦးစိုးမင်းထူး ဒေါ်ယမင်းသန်း မိသားစု 50,000
10136 ဒေါက်တာ အရှင်နန္ဒက 500,000
10137 ဦးဘိုဘိုအားရည်စူး၍ ဒေါ်ခင်မြင့်နှင့် သားမောင်အေးအောင်(မိုးညှင်း) 300,000
10138 ဦးအုန်းမြင့် ဒေါ်တင်ဝင်း ရည်စူး၍ သား ကိုယဉ်ဝင်းအောင် 200,000
10139 ကိုအာကာဆွေ (တောင်သာ) 100,000
10140 ကိုဟိန်းစည်သူ (ဒလ) မိသားစု 200,000
10141 ရွှေပြည်သာ ညီအစ်ကိုများ 1,300,000
10142 ကိုဝင်းခိုင် မခင်စန်းဦး 30,000
10143 ကိုမြင့်ဌေး 50,000
10144 ကိုကျော်သက်ဟန် မနှင်းပွင့်ဖြူ 30,000
10145 ကိုအောင်စိုးမိုး 30,000
10146 ကိုဇော်သိန်း 30,000
10147 ကိုကျော်သိန်း (ဖြောင်းထက်) 30,000
10148 ကွယ်လွန်သူအား ရည်စူး၍ ကျန်ရစ်သူမိသားစု 30,000
10149 ကိုဌေးလှိုင် 50,000
10150 ကိုအောင်ကို 100,000
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့ ဖေဖေါ်ဝါရီလ၁၂ ရက်နေ့ အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် သိန်းပေါင်း ၁၀၁၆ နှင့် ၈ သောင်း ၅ ထောင် (101,685,000) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်
Sunday, February 12, 2012
KBJ ဆရာ၊ ဆရာမများနှင့် တပည့် သူငယ်ချင်းများအလှူတော်
KBJဆရာ၊ ဆရာမများနှင့်တပည့် သူငယ်ချင်းများ မှ ကျောင်းမြေနေရာ အလှူတော်ငွေ ၀မ် ငါးသိန်းနှင့် ကျောင်းဝေယျာဝစ္စ အလှူတော်ငွေ ၀မ် တစ်သိန်းတိတိ ကို လှူဒါန်းသွားပါသည်။လှူဒါန်းမှု အစုစုတို့ အား ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်ဆို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Saturday, February 11, 2012
မြန်မာလုပ်သမားတစ်ဦးကွယ်လွန်ခြင်း
ဂေါ်ဂျယ်မြို့၊ဒေဝူးသင်္ဘောကျင်းတွင်အလုပ်လုပ်ကိုင်နေသော ကိုသစ်လွင်အသက် ၃၀ နှစ်သည်၈.၂.၂၀၁၂(ဗုဒ္ဓဟူးနေ့)တွင် ဂေါ်ဂျယ်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆေးရုံသို့တင်ပို့ခဲ့ရာ ၉.၂.၂၀၁၂ (ကြာသပတေးနေ့) နံနက် ၅း၂၀ အချိန်တွင် ကွယ်လွန်သွားပါသည် ။ ၁၃.၂.၂၀၁၂ တနင်္လာနေ့ နံနက်၉း၀၀ နာရီတွင် ဂေါ်ဂျယ်မြို့ ဒေဝူးဆေးရုံမှ စတင်ထွက်ခွာ၍ နံနက် ၁၀း ၃၀ နာရီတွင် ထုံးရောင်းသုဿာန်၌ မီးသဂြိုဟ်ပါမည် ။
၁၅. ၂.၂၀၁၂ ဗုဒ္ဓဟူးနေ့တွင် ဘူဆန်မြို့ ပြည်တော်ဦးမြန်မာဘုန်းတော်ကြီးကျောင်းတွင် ရက်လည်ဆွမ်းကျွေးပြုလုပ်မည်ဖြစ်ပါသည်။
ကွယ်လွန်သူ၏လိပ်စာ
မောင်သစ်လွင် ၊တရုတ်စုကျေးရွာ၊ထန်းတပင်မြို့နယ် ၊ရန်ကုန်တိုင်း
၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ ဖိတ်ကြားစာ

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကိုရီးယားရောက် မြန်မာနိုင်ငံ တိုင်းရင်းသားများ စုပေါင်း ကျင်းပမည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပါဝင် တက်ရောက်ကြပါရန် ကျင်းပရေးကော်မတီမှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ယနေ့ အချိန်အခါတွင် မြန်မာနိုင်ငံ တိုင်းရင်းသား အားလုံး တခဲနက် လိုလားတောင့်တ နေကြသည့် ထာဝရ ငြိမ်းချမ်းသော, ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြည့်ဝသော, တန်းတူညီမျှ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးကို ရည်ညွှန်းဖော်ဆောင်သည့် အစီအစဉ်များဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။
အစီအစဉ် အသေးစိတ်ကို အောက်တွင် ဖွင့်ကြည့်ပါရန်
တိုင်းရင်းသား ခေါင်းဆောင်များ၏ အနာဂတ် ပြည်ထောင်စုရေး အမြင်များကို တင်ပြသည့်
စစ်မှန်သော ပြည်ထောင်စုဆီသို့
တိုင်းရင်းသား ညီအကိုမောင်နှမများ ပါဝင်ဆွေးနွေးသည့်
တိုင်းရင်းသား စကားဝိုင်း
ကိုရီးယားမှ စတင် လုပ်ဆောင်မည့်
ပြည်ထောင်စု ထောက်ပံ့ရေး ကွန်ရက် မိတ်ဆက်
မွန်, ရခိုင်, ချင်း, ရှမ်း, ပအို့ဝ် တေးဂီတများနှင့် ကရင်ဒုံးအက
Rainbow ညီအကိုများရဲ့ တေးဂီတ စသည်တို့ဖြင့် စီစဉ် ကျင်းပမည် ဖြစ်ပါသည်။
ဧည့်ခံရေးအဖြစ် စားရခဲသည့် ထမနှဲ ကို ရွေးချယ်ထားပါသည်။
နေ့ရက် = ၂၀၁၂ ဖေဖော်ဝါရီ ၁၂
နေရာ = ကေအမ်စင်တာ၊ ဂုဒို (Korea Migrants Center, Guro, Seoul)
အချိန် = မွန်းလွဲ ၁ နာရီ မှ ညနေ ၄ နာရီ
လမ်းညွှန်
Line 7, Line 1 (Cheonan): Gasan Digital Complex Center 가산디지털단지역 → Exit 1 → by Taxi Gasan Elementary School 가산초등학교
Line 2: Guro Digital Complex Center 구로디지털단지역 → Exit 1 → by Taxi Gasan Elementary School 가산초등학교
ဆက်သွယ်ရန်
010 7545 0339, 010 7999 2208, 010 8962 3414
ပြည်ထောင်စုနေ့ ကျင်းပရေးကော်မတီ
Thursday, February 9, 2012
မြန်မာ-ကိုရီးယား စကားပြန်ဆောင်ရွက်ပေးနိုင်မည့်သူများ အလိုရှိပါသည်
၂၀၁၂ခုနှစ် ပထမ ၆ လပတ်အတွင်း ၊ ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ တရားရုံး ၊ ရဲစခန်း ၊ လဝက ၊ အလုပ်သမားရုံး နှင့် ဥပဒေအတိုင်ပင်ခံဆင်တာများတွင် ၊ လိုအပ်သည့် အချိန် ၌ စကားပြန်ဆောင်ရွက်ပေးနိုင်မည့်သူများ အလိုရှိပါသည် ။
မိတ်ဆွေတို့ နေထိုင်ရာ အရပ် ၊ ဆောင်ရွက်ပေးနိုင်မည့်အချိန်နှင့် ဦးစားပေးဆောင်ရွက်လိုသည့်ဒေသ ၊ ဆက်သွယ်ရန် အချက်အလက်များ ဖော်ပြ၍ Mobile 010-2331-2457 သို့မဟုတ် wyne1969@gmail.com ထံ ၁၅-၂-၂၀၁၂ ရက်နေ့ညနေ ၅ နာရီ နောက်ဆုံးထား ဆက်သွယ်ကြစေလိုပါသည် ။
အမည်စာရင်းတင်သွင်းထားခြင်းအားဖြင့် ၊ သက်ဆိုင်ရာက လိုအပ်သည့်အချိန်တွင် မိတ်ဆွေတို့ထံ တိုက်ရိုက် ဆက်သွယ်ပါလိမ့်မည် ။
ဥာဏ်ပူဇော်ခ ပုံသေသတ်မှတ်ထားခြင်းမရှိပါ ။ အခြေအနေ အချိန် အခါ ၊ နေရာဒေသ အလျောက် ကွဲပြားခြားနားပါလိမ့်မည် ။ သက်ဆိုင်ရာ အမှုတွဲကိုင် အရာရှိများနှင့် ညှိနှိုင်း တောင်းခံယူကြရန်ဖြစ်ပါသည် ။
လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)
9-2-2012
Wednesday, February 8, 2012
မြန်မာ အီးပီလုပ်သား ၂ ဦး အလိုရှိသည်
မြန်မာ အီးပီလုပ်သား ၂ ဦး အလိုရှိသည်
ကင်မဲမြို့ (김해)
သံထည်ပစ္စည်းစက်ရုံ
နေစရာပေး ၊
ထမင်းကျွေး (ထမင်းမစား တစ်နေ့ ဝမ် ၉၀၀၀ နှုန်းရှင်းပေးသည်) ၊
လစာ မှန်-ကောင်း ၊
ရွှေခံ ၂ ယောက်ရှိ ၊
ဆက်သွယ်ရန် -
၀၁၀-၅၆၂၅-၁၃၅၉
မြန်မာစင်တာတွင် Netizen (Beginner) Course ဖွင့်မည်
Myanmar Center Training Program (1/2012)
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တစ်ဖက်တစ်လမ်းမှ အကျိုးစီးပွါးဖြစ်ထွန်းနိုင်စေရန် ရည်ရွယ်လျက် ၊ မြန်မာစင်တာတွင် နက်တီဇင် (လူသစ်တန်း) သင်တန်း (Netizen (Beginner) Course) ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြာင်း ကြေညာအပ်ပါသည် -
သင်တန်းအစီအစဉ် -
သင်တန်းကာလ ။ 19-2-2012~11-3-2012 (4 Weekends)
သင်တန်းအချိန် ။ 10:00 to 13:00 (Every Sunday)
သင်တန်းနေရာ ။ Myanmar Center [Click Here]
သင်ကြားမည့်ဘာသာရပ်များ -
1. Windows PC (Basics) Course: Compute Terms & Concepts, Installation, Mouse & Keyboard, Files & Folders, Menus & Button, Working With Written Documents.
2. Internet and E-mail: Introduction of Netizen, What is Computer Network?, Getting Connection, Web Browsers, Search Engines, Downloading, Sending & Receive E-mail.
စာရင်းပေးသွင်းရန်-
ဒေါ်နန်းစန္ဒာထွန်း (သင်တန်းတာဝန်ခံ) (010-7215-3940) ထံ ၊ ၁၆-၂-၂၀၁၂ ညနေ ၇ နာရီ နောက်ဆုံးထား မေးမြန်း/စုံစမ်း စာရင်းပေးသွင်းကြပါရန် ။
မှတ်ချက်များ ။
- နေရာအနေအထားအရ ၊ သင်တန်းသား အများဆုံး ၁၀ ဦးသာ လက်ခံပါမည်။
- သင်ထောက်ကူပစ္စည်းလိုအပ်ချက်အရ ၊ ကွန်ပျူတာ (Laptop) ယူဆောင်လာနိုင်သူများကိုသာ လက်ခံသင်ကြားပေးပါမည် ။
မြန်မာစင်တာကော်မတီ
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်
အင်ချောန်းမြို့တော် ၊ ဘူဖြောင်းမြို့
Tuesday, February 7, 2012
KBJ ဆရာမများနှင့် တပည့် သူငယ်ချင်းများ၏ အလှူတော်မင်္ဂလာဖိတ်ကြားလွှာ
ဆွမ်းလှူအကျိုး ၊ဤ ၅မျိုး အဖိုးထိုက်လှစွာ...ဟူသော
တရားတော်နှင့်အညီ ဒါန အမှု၌ အထုံအလေ့ရှိသော
ရွှေပြည်သာ ညီအစ်ကိုများ ဓမ္မဒူတ မြေအလှူတော် ရေစက်ချမင်္ဂလာ ဖိတ်ကြားလွှာ
ကျနော်များ ရွှေပြည်သာ ညီအစ်ကိုများနှင့် မိတ်ဆွေတစ်စုတို့က ၊ ကျနော်တို့၏ လုပ်အားခချွေးနှည်းစာများကို စုဆောင်းပေါင်းစုပြီးသကာလ ၊ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူတော်ငွေ ထည့်ဝင်လှူဒါန်းပွဲနှင့် အလှူတော် ရေစက်ချမင်္ဂလာကို အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ၊ ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
အလှူတော် အစီအစဉ်
ရက်စွဲ ။ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်(တနင်္ဂနွေနေ့)
အချိန် ။ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီခွဲထိ
အကျွေးအမွေးအစီအစဉ်
အညာထမင်းဟင်းအဖြစ် သရက်ချဉ် ၊ ငံပြာရည် ၊ ငါးသလောက် ၊ ငါးခြောက်ကြွပ်ကြော် ၊ ပဲတီချဉ် ၊ ဧရာဝတီဟင်းချို စသည်ဖြင့် ဖွယ်ဖွယ်ရာရာ ဧည့်ခံလှူဒါန်းပါမည် ။
အနုမောဒနာတရားအစီအစဉ်
နေ့လည် ၁ နာရီခွဲ တိတိတွင် အလှူတော် အနုမောဒနာတရားနာကြားမည်ဖြစ်ပါသည် ။
ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။
ရွှေပြည်သာ ညီအစ်ကိုများ နှင့် မိတ်ဆွေများ
မှတ်ချက် ။
အကြောင်းအမျိုးမျိုးကြောင့် အလှူတော်တွင် မပါဝင်ကြရသေးသော ရွှေပြည်သာ ညီအစ်ကိုများ ၊ 010-2251-1792 ထံဆက်သွယ်နိုင်ကြပါကြောင်း ။
Monday, February 6, 2012
မွေးနေ့ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ
မြန်မာ အလုပ်သမား ၂ ဦး အလိုရှိသည်
ဖိုင်ဘာ ပရိဘောဂစက်ရုံ ။
ရွှေခံရှိသည် ။
လစာမှန်သည် ။
နေစရာပေး ၊ စရိတ်ငြိမ်း ။
ဗီဇာရှိဖို့မလို ။
ဂွါန်ဂျူးမြို့(ဂယောင်းဂီဒို)
ဆက်သွယ်ရန် -
010-3614-2213
Saturday, February 4, 2012
တောင်ကိုရီးယားသို့ မြန်မာလုပ်သားနှစ်ထောင်ကျော် နှစ်လအတွင်း စေလွှတ်မည်
ရန်ကုန် ၊ ဇန်နဝါရီ ၂၉
အလုပ်သမားအခွင့်အရေး ၊ ခံစားခွင့်များကောင်းမွန်၍ မြန်မာအလုပ်သမားအများစု သွားရောက်လုပ်ကိုင်လိုကြသည့် တောင်ကိုရီးယားနိုင်ငံသို့ EPS (Employment Permit System)စနစ်ဖြင့် မြန်မာအလုပ်သမား နှစ်ထောင်ကျော်ကို နှစ်လအတွင်းစေလွတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံက မြန်မာအလုပ်သမားခေါ်ယူရန် ဇန်နဝါရီလ ၃၁ရက်နေ့အထိ အလုပ်ခေါ်စာ (Job Offer) နှစ်ထောင်ကျော်ကျလာပြီး အလုပ်သမားများမှာ နှစ်လခန့်ကြာလျှင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်ခန့်စာရထားသောအလုပ်သမားများအနက် တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင်နေထိုင်ဖူးသူ ၊ ကျန်းမာရေးစစ်ဆေးချက်မအောင်မြင်သူ၊ တောင်ကိုရီးယားနိုင်ငံကချမှတ်ထားသည့် စည်းကမ်းချက်များနှင့် ငြိစွန်းသူဖြစ်ပါကသွားရောက်လုပ်ကိုင်ခွင့်ရမည်မဟုတ်ကြောင်း အဆိုပါဌာနက တရားဝင်ထုတ်ပြန်ထားသည်။
''ဇန်နဝါရီလ ၁၇ရက်နေ့ထိ အလုပ်သမားခေါ်စာ ခြောက်ရာကျော်ကျတယ်။ ထပ်ပြီးတော့ ၂၇ရက်နေ့အထိ နောက်ထပ် တစ်ထောင်ကျော် ထပ်ကျလာတော့တစ်ထောင့်ကိုးရာလောက်ရှိပြီ။ အခုဆက်တိုက်ကိုကျနေတယ်''ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
အဆိုပါအလုပ်ခေါ်စာကျလာသည့် မြန်မာအလုပ်သမားများသည်အလုပ်ရှင်က ကမ်းလှမ်းသည့် အလုပ်ကို သဘောတူညီပါက အလုပ်စာချုပ် (Standard Labor Contract) ချုပ်ဆိုပေးရမည်ဖြစ်ပြီး ၊ ကိုရီးယားအလုပ်ရှင်ထံပြန်လည်တင်ပြပေးရကာ အလုပ်သမားကျွမ်းကျင်မှုသင်တန်းတက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့တင်ပြပြီးပါက အလုပ်ရှင်လည်းသဘောတူညီလျှင် အလုပ်ခန့်စာ ဟု ယူဆရမည့် ဗီဇာထုတ်ပေးရန်သက်သေခံလက်မှတ် (CCVI) ပေးပို့လာမည်ဖြစ်ကြောင်း၊ ဗီဇာထုတ်ပေးရန်သက်သေခံလက်မှတ် (CCVI) ကျလာလျှင် အလုပ်သမားကိုကျန်းမာရေးဆေးစစ်ချက်များရယူမည်ဖြစ်ပြီး ဗီဇာယူခြင်း ၊ အလုပ်သမားကတ်ထုတ်ခြင်း စသည့်မြန်မာနိုင်ငံဘက်တွင် လုပ်ဆောင်ရမည့်အရာများကို လုပ်ပြီးပါက သွားရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီထံ စုံစမ်းသိရသည်။
''အလုပ်ခန့်စာ (CCVI) ကျလာပြီးရင်တစ်ပတ်၊ နှစ်ပတ်လောက်ဆိုသွားနိုင်ပါတယ်။ တစ်လအတွင်း အလုပ်သမားကို စေလွှတ်ပေးရမယ်''ဟု အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
မြန်မာအလုပ်သမားခေါ်ယူရန်တောင်ကိုရီးယားနိုင်ငံက အလုပ်ခေါ်စာ(Job Offer) များနှစ်ထောင်ကျော် ကျလာရာတွင် ရော်ဘာစက်ရုံလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းစက်ရုံလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများအတွက်ခေါ်ယူသည့် အလုပ်များဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ယူဆောင်ရွက်စဉ် ယင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် မဖြစ်မနေဖြေဆိုရသည့် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (Topik) ကို နှစ်ကြိမ်စစ်ဆေးခဲ့ရာ စာမေးပွဲအောင်မြင်ပြီး အလုပ်လျှောက်လွှာတင်ထားသူ ခြောက်ထောင်ကျော်ရှိကာ ကိုရီးယားနိုင်ငံသို့ အလုပ်သမား လေးရာကျော် စေလွှတ်ထားပြီးဖြစ်ကြောင်း ၊ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီထံမှ သိရသည်။
အလုပ်ခေါ်စာ (Job Offer) ကျလာသော်လည်း အချို့အလုပ်သမားများမှာ အဆက်အသွယ်မရဖြစ်နေသဖြင့် အစိုးရ ပြည် ပ အလု ပ်အကိုင်အေဂျင်စီ ထံသို့လာရောက် စုံစမ်းရန်လိုအပ်ကြောင်းယင်းအေဂျင်စီထံမှ သိရသည်။
''အခုအလုပ်ခေါ်စာတွေ ဆက်တိုက်ကျလာတာတွေ့ရတယ်။ ပါ မပါတော့သွားကြည့်ရမယ်။ မပါသေးရင်လည်း အရင်ထက်စာရင် ကိုရီးယားကို အလုပ်သွားလုပ်ဖို့ မျှော်လင့်ချက်ပိုရှိလာပါပြီ''ဟု အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦးကဆိုသည်။
Sources:
- The Voice Weekly (8/8)
မြန်မာ အီးပီ လုပ်သား ၁ ဦး အလိုရှိသည်
ပိုက်ဖြတ် အလုပ်ရုံ ။
ရွှေခံရှိသည် ။
နေစရာပေး ၊ ထမင်းကျွေး။
ရှီဟွာ စက်မှုဇုံ(시화공단) ။
အမြန်ဆက်သွယ်ရန်-
ရွှေခံ- 010-2354-1678
ကိုရီးယား(မန်နေဂျာ)- 010-9164-5095
KIIP (Korea Immigration and Integration Program) သင်တန်းများမကြာမှီဖွင့်လှစ်မည်
ကိုရီးယားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ဗီဇာ (F-5) ၊ အခြေချနေထိုင်ခွင့်ဗီဇာ(F-2) နှင့် အထူးအလုပ်လုပ်ခွင့်ဗီဇာ(E-7)တို့ လျှောက်ထားရာမှာ “ကိုရီးယားစကား ကျွမ်းကျင်မှု အဆင့် ၃ (TOPIK Level-3) အထက် သို့မဟုတ် ကိုရီးယား ယဉ်ကျေးမှုသင်တန်း(Completion of Social Integration Program : KIIP) (သင်ရိုးကုန်) တက်ရောက်ပြီးသူဖြစ်ရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲ အဆင့် ၃ (TOPIK Level-3) အောင်လက်မှတ် မရရှိနိုင်သူများအဖို့ ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနမှ ကြီးမှူးကျင်းပတဲ့ ကိုရီးယား ယဉ်ကျေးမှုသင်တန်း (KIIP) ကို တက်ရောက်ထားသင့်တယ်လို့ ယူဆပါတယ် ။
သင်ရိုးကုန်တက်ဖို့လိုအပ်တယ်ဆိုပေမယ့် ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲရှိပြီး ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲမှာ ရရှိတဲ့ အမှတ်အခြေအနေ (사전평가점수) အရ ၊ မိမိနှင့် သင့်တော်တဲ့ အတန်းကစပြီး သင်ယူနိုင်ကြောင်းလည်း သိရပါတယ် ။ ယခုအခါ ၂၀၁၂ခုနှစ်အတွက် သင်တန်းလမ်းညွှန်နှင့် အချိန်ဇယား (Click Here and Download) ထွက်လာပြီဖြစ်ကြောင်း ၊ မကြာခင်မှာ အဲသည်သင်တန်းတွေ ကိုရီးယားနိုင်ငံနှင့်အဝှမ်း စတင်တော့မှာဖြစ်ကြောင်း ၊ ပထမအသုတ် သင်တန်းသားလောင်းများ လျှောက်လွှာကို အောန်လိုင်း [Click Here] မှတစ်ဆင့် ၊ အောက်ဖော်ပြပါကာလအတွင်း ၊ လက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ် -
- from 9:00AM, Monday, 6 February 2012 to 5:00PM, Friday, 17 February 2012.
http://www.socinet.go.kr စာမျက်နှာ soci-Net တွင် အဖွဲ့ဝင် (회원가입) အဖြစ် ဦးစွာမှတ်ပုံတင်ပြီးမှသာ ၊ KIIP တွင် သင်တန်း လျှောက်လွှာ တင်သွင်း (사회통합프로그램신청) ရမည်ဖြစ်ကြောင်း ၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အင်တာနက်စာမျက်နှာ (http://www.kiip.kr/) တွင်ဝင်ရောက်ကြည့်ရှုနိုင်သလို အောက်ဖော်ပြပါ လူဝင်မှုကြီးကြပ်ရေးဌာန ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည် ။
- Seoul (02-2650-6229)/ 158-076 서울시 양천구 목동동로 121
- Pusan (051-461-3082)/ 600-814 부산시 중구 충장대로 20
- Incheon (032-890-6404, 6411)/ 400-800 인천시 중구 항동7가 1-31
- Suwon (031-695-3821~2)/ 441-340 수원시 영통구 영통동 1012-6
- Jeju (064-722-0080)/ 690-800 제주시 임항로 277
- Daegu (053-980-3558~9)/ 701-040 대구시 동구 안심로 117
- Daejeon (042-220-2192)/ 301-840 대전시 중구 목동길 150
- Yeosu (061-689-5517)/ 555-110 전남 여수시 무선로 267
- Yangju (031-828-9487)/ 480-848 경기도 양주시 덕계동 467-2
- Kwangju (062-381-1345)/ 502-838 광주시 서구 화정로 196
- Changwon (055-222-9279)/ 631-410 경남 창원시 마산합포구 해안로 260
- Chuncheon (033-269-3215~6)/ 200-882 강원도 춘천시 동내면 사암길 12
- Cheongju (043-235-4905)/ 361-825 충북 청주시 흥덕구 새터1길 23
- Jeonju (063-245-6164)/ 561-211 전북 전주시 덕진구 호성로 213
အောင်မြင်ကြပါစေ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Sources:
- http://www.kiip.kr/
- http://dhammaduta.info/others/KIIP-2012-Poster.pdf
Thursday, February 2, 2012
၃-နှစ်ဗီဇာ (ဗီဇာကြီး) ကုန်ခါနီး အီးနိုင်းကိုကိုများ သတိထား
ဗီဇာကြီး နှင့် နောက်တိုးဗီဇာ
ကိုရီးယားမှာ အီးနိုင်း(E-9)ဗီဇာကိုင်ဆောင်ထားကြတဲ့ အီးပီလုပ်သားများရဲ့ ဗီဇာနှင့်ပတ်သက်ပြီး ၊ နည်းနည်းပြောစရာရှိလာလို့ သည်ဆောင်းပါးကိုရေးဖြစ်ပါတယ် ။ အီးနိုင်းဗီဇာကို ထပ်ပြီးခွဲမယ်ဆိုလျင် ၊ မူလပထမ ပေးထားတဲ့ ၃-နှစ် ဗီဇာရှိတယ် ။ အဲဒါကိုတော့ ဗီဇာကြီးလို့ ကျနော်သုံးပါမယ် ။ အလုပ်ရှင်က ကြိုက်လို့ ၃-နှစ်ပြီးတော့ ၊ ၁-နှစ်နှင့် ၁၀-လ ထပ်တိုးခွင့်ရတဲ့ ဗီဇာကိုတော့ နောက်တိုးဗီဇာ(Re-employment Visa) လို့ခေါ်ချင်ပါတယ် ။ ကြားကာလမှာ တိုးတဲ့ဗီဇာ ၊ ရတဲ့ဗီဇာကိုတော့ ဗီဇာလေးလို့ခေါ်ပါမယ် ။ အလုပ်ပြောင်းရွှေ့ကာလမှာ တိုးပေးတဲ့ ၃-လဗီဇာကိုတော့ အလုပ်ရှာဗီဇာ သို့မဟုတ် အလုပ်ဂိန်ဗီဇာလို့ ခေါ်ပါမယ် ။
မအိုချင်ဘဲ အိုလိုက်ရတဲ့သူ
မကြာသေးခင်က အီးပီညီငယ်တစ်ယောက် မအိုချင်ဘဲ အိုသွားခဲ့ရပါတယ် ။ အင်မတန်မှ ကြိုးစားတဲ့ သူပါ ။ ကိုရီးယားစာ (ကိုရီးယားစကား)ကိုလည်း ကြိုးစားသင်ယူနေသလို ၊ အလုပ်ကိုလည်း အင်မတန်ကြိုးစားတဲ့ သူပါ ။ သူဌေးကလည်း ကြိုက်မှကြိုက် ။ ဒါပေမယ့် ၃-နှစ်ဗီဇာကြီးကုန်လို့ နောက်တိုးဗီဇာ လျှောက်တော့ ပြဿနာတက်ပါတယ် ။
လုပ်ငန်းရှင်တွေမှာလည်း အကန့်အသတ်ရှိတယ်
ကိုရီးယားလုပ်ငန်းရှင်တွေဟာ ၊ နိုင်ငံခြားသားတွေကို ခိုင်းစေခွင့်ရှိတယ်ဆိုပေမယ့် ၊ အလုပ်ရှင်တွေ လိုက်နာရတဲ့ စည်းကမ်းချက်တွေလည်း အများကြီးပါ ။ ပထမဦးစွာ ကိုရီးယားသားများကို ဦးစားပေး ခေါ်ယူရပါတယ် ။ ကိုရီးယားသားများက လျှောက်ထားခြင်းမရှိမှသာ နိုင်ငံခြားသားများကို ငှားရမ်းခိုင်းစေခွင့် ရတာပါ ။ အဲသလို ခိုင်းစေခွင့်ရပေမယ့် ၊ စက်ရုံမှာ ရှိတဲ့ လူအင်အားအချိုးအစားအလိုက်သာ ခိုင်းစေခွင့်ရှိတာပါ ။ (ကိုရီးယားသား ဘယ်နှယောက်ရှိလျင် နိုင်ငံခြားသားဘယ်နှယောက်ထက်မပိုစေရဆိုတာမျိုးပေါ့ဗျာ။)
နောက်ပြီး ၊ နိုင်ငံခြားသားငှါးရမ်းခွင့်တားမြစ်ခံထားရတဲ့ အလုပ်ရှင်တွေလည်း ရှိပါတယ် ။ ဥပမာ - တရားမဝင်နိုင်ငံခြားသားခိုင်းစေတာကိုသက်ဆိုင်ရာက ဖမ်းမိ (သိ) သွားလို့ ၊ တားမြစ်ခံထားရတာမျိုး ။
အချိုးအဆမညီလို့ ငှါးရမ်းခွင့်မရ
အဲသည်ညီငယ်စက်ရုံကဖြစ်ပုံကတော့ ၊ သည်လိုပါ ။ မူလက စက်ရုံမှာ ကိုရီးယားအလုပ်သမားတွေ အများကြီးရှိပါတယ် ။ နောက်တော့ လူအင်အားလျှော့လိုက်ပါတယ် ။ ကိုရီးယားအလုပ်သမားတွေကို လျှော့လိုက်တာပါ ။ ခိုင်းကောင်းပြီး ဈေးပေါတဲ့ နိုင်ငံခြားသားများကိုချန်ထားတဲ့ သဘောပေါ့ခင်ဗျာ ။
အဲ ၊ ခုနက ညီငယ် ၃-နှစ်ဗီဇာကြီးကုန်ခါနီး ၁လနှင့် ၂ ရက်အလိုမှာ နောက်တိုးဗီဇာလျှောက်ဖို့သွားပါတယ် ။ အဲသည်မှာ စက်ရုံက နိုင်ငံခြားသား ငှါးရမ်းခွင့်ရ အချိုးအစားအရ ၊ အီးနိုင်း ညီငယ်ကို ထပ်မံငှါးရမ်းခွင့် မရတော့ပါဘူး ။ သည်တော့ အဲသည် ညီငယ် အလုပ်ပြောင်းရွှေ့ဖို့ လုပ်ရပါတော့တယ် ။ အလုပ်ကြိုးစားသူ ဆိုတော့ သူဌေးကလည်း တစ်ခြားသူဌေးနှင့် မိတ်ဆက်ပေးရှာပါတယ် ။ တစ်ခြားသူဌေးက စာချုပ်ချုပ်မယ် လုပ်တော့ ဗီဇာက ၂၈-ရက်ပဲကျန်ပါတော့တယ် ။
နောက်တိုးဗီဇာလျှောက်ထားရာမှာ သတိပြုစရာ
အဲသည်မှာ ပြဿနာအကြီးကြီးတက်ပါတော့တယ် ။ နောက်တိုးဗီဇာ လျှောက်ထားရာမှာ ပြဋ္ဌာန်းချက်တွေက ၊ တစ်ဆက်တည်းလုပ်လာတဲ့ စက်ရုံ အလုပ်ရုံမှာဆို ဗီဇာ မကုန်မှီ ၇-ရက်အလိုမှာ နောက်တိုးဗီဇာ လျှောက်လို့ရပေမယ့် ၊ ရုံပြောင်းမယ့် သူများအဖို့ နောက်ဆုံးစက်ရုံ အလုပ်ရုံဟာ အလုပ်စာချုပ် (ဗီဇာ) အနည်းဆုံး(၁)လ ရှိရမယ်ဆိုတော့ အဲဒီပုဒ်မနှင့် ညှိပြီး ၊ နောက်တိုးဗီဇာ လျှောက်ထားခွင့် ဆုံးရှုံးသွားပါ တော့တယ် ။
/외국인근로자의 고용 등에 관한 법률 제18조의 2에 따라 국내에 신규 입국한 후 3년의 취업기간이 만료되는 외국인근로자에 대해 사용자의 요청이 있는 경우 해당 외국인근로자는 출국하지 않고도 1회에 한정하여 재취업기간연장이 가능합니다.(1년 10개월 한도)
• <재고용신청 대상 기준> : 재고용 신청 대상 사용자는 동법 제8조 제4항에 따라 최초 입국하여 고용된 외국인근로자(E-9)와 고용종속 관계를 유지하고 있는 자.
• <재고용신청 가능기간> : 사용자가 법 법 제18조의 2에 따른 재고용 허가를 받으려면 취업활동기간 만료일 전의 근로계약기간이 1개월 이상인 외국인근로자를 대상으로 당해 근로자의 취업활동 기간만료일의 7일전까지 신청가능.
/
ဘကြီးပွဲလည်းမမှီ ၊ ထီးတင်ပွဲလည်းမမှီ
မြန်မာပြည်ပြန် ၊ အထူးစာမေးပွဲဖြေဖို့ဆိုရာမှာလည်း ၊ ကိုရီးယားမှာ အနည်းဆုံး ၄-နှစ် ၁၀လ နေပြီးသူများသာ ဖြေဆိုခွင့်ရှိတာမို့ ၊ အဲသည်စာမေးပွဲလည်း ဖြေဆိုခွင့်မရရှာပါဘူး ။
နောက်တစ်ခေါက်ပြန်လာဖို့ဆိုရာမှာလည်း ……………………။
သည်လိုနှင့်ပဲ ၊ မအိုချင်ဘဲနှင့် အိုလိုက်ရပါသတဲ့ ။
၃-နှစ်ဗီဇာကြီး ကုန်ခါနီး အီးနိုင်းကိုကိုများ ၊ သတိရှိကြပါကုန် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Wednesday, February 1, 2012
မြန်မာစင်တာကော်မတီဖွဲ့စည်းရန် ဖိတ်ကြားခြင်း
ညီအစ်ကို မောင်နှမများ မင်္ဂလာပါခင်ဗျား~
ကိုရီးယားနိုင်ငံအတွင်း ကိုရီးယားရောက်မြန်မာများ၏ အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် မြန်မာများ၏အခန်းကဏ္ဍမြင့်မားလာစေရန်နှင့် မြန်မာပြည်တွင်း ပရဟိတာ လူမှုရေးလုပ်ငန်း များအား ထောက်ပံ့ကူညီမှုများ လုပ်ဆောင်သွားရန်အတွက်ဟူသော ရည်ရွယ်ချက်ဖြင့်၊ မြန်မာစင်တာတစ်ခု ဖြစ်မြောက်လာစေရန် လွန်ခဲ့သော နိုင်ဝင်ဘာလမှပင် စတင်၍ပြင်ဆင် လုပ်ဆောင်ခဲ့ကြပါသည်။
ထိုအတွက်လည်း မအားလပ်သည့်ကြားမှပင် မိမိတို့တတ်နိုင်သည့်ဘက်မှ အချိန်ပေး ပါဝင် ဆွေးနွေးခဲ့ကြသည့် ညီအစ်ကိုမောင်နှများ၏ ၀ိုင်းဝန်းမှုကြောင့် စင်တာအဖြစ်ဖွင့်လှစ်မည့် အဆောက်အဦနှင့် ထိုအဆောက်အဦအား လိုအပ်သည်များ ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ရန်အတွက် ယာယီစင်တာကော်မတီကိုလည်း ဒုတိယအကြိမ် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပါသည်။ ဒီဇင်ဘာလမှ စတင်အသုံးပြုနိုင်ပြီဖြစ်သော စင်တာတွင် နှစ်ကူးကာလ မိတ်ဆုံပွဲများနှင့်၊ လူမှုရေးလုပ် ငန်းအချို့၏ ဆွေးနွေးမှုများလည်း လာရောက်လုပ်ဆောင်နေကြပြီဖြစ်သည်။
ယခုအခါတွင် စင်တာအနေဖြင့် ရည်ရွယ်ထားသည့် ပန်းတိုင်ကို ရောက်ရှိနိုင်မည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲ ချမှတ်လုပ်ဆောင်ရန်လိုအပ်လာပါသဖြင့် စိတ်ပါဝင်စား တက်ကြွလုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှများ စုံလင်စွာ ပါဝင်သည့် စင်တာကော်မတီကို ပီပြင်စွာ ဖွဲ့စည်းသွားရမည်ဟု ယူဆပါသည်။ သို့ပါ၍ မြန်မာစင်တာကော်မတီ ဖွဲ့စည်းနိုင်ရန် မိမိတို့တတ် နိုင်သည့် အကြံဥာဏ်၊ ဆွေးနွေးမှုများနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်မှုများ ပြုလုပ်ပေးပါရန် စင်တာယာယီကော်မတီမှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
စင်တာကော်မတီဖြစ်မြောက်ရေး အစည်းအဝေးကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်ပါသည် -
၁။ စင်တာ ဖြစ်မြောက်လာရသည့် ဦးတည်ချက်နှင့် နောက်ခံအခြေအနေများကို ရှင်းလင်းတင်ပြခြင်း
၂။ လက်ရှိအချိန်အထိ စင်တာ၏ ရပ်တည်မှုနှင့် လုပ်ဆောင်ခဲ့သည်များကို ရှင်းလင်းတင်ပြခြင်း
၃။ ယာယီကော်မတီအား မိတ်ဆက်ပေးခြင်းနှင့် တက်ရောက်လာသူများထဲမှ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခြင်း၊
၎။ စင်တာကော်မတီ ရွေးချယ် တင်မြောက် ဖွဲ့စည်းခြင်း။
၅။ ဖွဲ့စည်းပြီးသော ကော်မတီမှ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် လုပ်ငန်းများအား မှတ်တမ်းတင်ခြင်း
၆။ လုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်မည့် စင်တာကော်မတီ အလုပ်ရုံဆွေးနွေးပွဲကို အတည်ပြုသတ်မှတ်ခြင်း။
၇။ စင်တာဖွင့်ပွဲရက်သတ်မှတ်ခြင်း။
၈။ အစည်းအဝေးပြီးဆုံးခြင်း။
နေရာ။ ။ မြန်မာစင်တာ အဆောက်အဦ(Click Here)
အချိန်။ ။ နံနက် ၁၀နာရီ
နေ့ရက်။ ။ ဖေဖော်ဝါရီလ ၅ရက် တနင်္ဂနွေနေ့
အစည်းအဝေးတက်ရောက်မည့် ညီအစ်ကိုမောင်နှများအနေဖြင့် အစည်းအဝေးအချိန်မှီတက်ရောက်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်သည်။
မြန်မာစင်တာကော်မတီ(ယာယီ)
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်
၂၀၁၂ခုနှစ် ကိုရီးယားအစိုးရ ပညာသင်ဆု အစီအစဉ် တက္ကသိုလ်များစာရင်း
University Information for 2012 KGSP (Korean Government Scholarship Program)
၂၀၁၂ခုနှစ် ကိုရီးယားအစိုးရ ပညာသင်ဆု အစီအစဉ် တက္ကသိုလ်များစာရင်း ဆွဲချယူရန် (Click Here)
Sources:
- http://jmsupercuteinkorea.blogspot.com/2012/01/2012-korean-government-scholarship.html
- http://infoyouthhope.blogspot.com/
- http://dhammaduta.info/others/GKS_20120131-0528411.pdf



