Monday, December 30, 2013

တယ်လီတော်ကီ ကံစမ်းမဲအစီအစဉ် ကြေညာခြင်း

တယ်လီတော်ကီအနေဖြင့် မိမိတို့ အရောင်းဆိုင်တွင် ဖုန်းလိုင်း (ကတ်ဖုန်း ၊ လိုင်းဖုန်း) ဖွင့်လှစ်ထားသည့်မိတ်ဆွေများအနက် ကံထူးသူရွှေးချယ်ပြီး ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဆုကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ကြေညာခဲ့ပါသည် ။
(ရည်ညွှန်းစာ)

အဆိုပါ ကံစမ်းမဲအစီအစဉ်ကိုအောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဖြည့်စွက် ပြင်ဆင်ကြေညာအပ်ပါသည်-
ကံစမ်းမဲဖွင့်မည့် ရက်စွဲနှင့်အချိန်
၂၀၁၄ ခုနှစ် ဇန္နဝါရီလ ၃၁ ရက် နံနက် ၁၀ နာရီ

ကံစမ်းမဲဖွင့်မည့်နေရာ
တယ်လီတော်ကီ (အများပြည်သူများရှေ့တွင် ပျော်ရွှင်ဖွယ်အစီအစဉ်များဖြင့် ရွေးချယ်ဖွင့်ပါမည်)

မေတ္တာဆု ရွေးချယ်မည့် သူများ
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး

ချီးမြှင့်မည့် မေတ္တာဆုငွေ
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။

အကျုံးဝင် သက်ဆိုင်သူများ
- တယ်လီတော်ကီ စတင်ဖွင့်လှစ်ချိန်လှစ်ခဲ့ချိန်မှအစပြု၍ ၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီထိ လိုင်း(ကတ်ဖုန်း၊လိုင်းဖုန်း)ဖွင့်ထားသူများအားလုံးအကျုံးဝင်ပါမည်။
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၄ခုနှစ် ဇန္နဝါရီ ၃၀ ရက်နေ့ (ညနေ၆ နာရီ) တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
-၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့(ညနေ၆နာရီ)မတိုင်မှီ လိုင်းဖြတ် ၊ လိုင်းပြောင်းထွက်သွားသူများ အကျုံးဝင်မည်မဟုတ်ပါ။
- ဖုန်းအမည်ပေါက် သုံးစွဲနေသူကိုသာ ချီးမြှင့်ပါမည် ။ (အမည်ငှားဖြင့် သုံးစွဲနေသူများ ကံစမ်းမဲပေါက်လျင် အဆိုပါ ပေါက်မဲကို ဖျက်သိမ်းပြီး အခြားသူတစ်ဦးကို ထပ်မံရွေးချယ်ပါမည်။)
- တယ်လီကောမ်မှ မှတ်တမ်းတင်ထားသော ဒေတာဘေ့စ်ကိုအခြေပြု၍ ၊ ဒေတာဘေ့စ်ပါ အမှတ်စဉ်များကို မဲနှိုက်ရွေးချယ်ပါမည်။


မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -

တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ ဒီဇင်္ဘာလ ၃၀ ရက်
အင်ချောန်းမြို့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

၂၇၅၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဖိတ်ကြားလွှာ

ရေးသားသူ — ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ 

 တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမအပေါင်းတို့ခင်ဗျား။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် နတ်တော် လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်အထိ ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဘူချွန်း အလုပ်သမား အဆောက်အအုံရှိ မြန်မာအသင်း (ကိုရီးယား) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်အားပေးချီးမြင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။  

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့ ကြွရောက်လာသော ဧည့်ပရိတ်သတ်များကို ပျော်ပျော်ရွင်ရွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျနော်များ ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော် ကျင်းပရေးကော်မတီက စီစဉ်ထားသော ကရင် သက္ကရာဇ်၂၇၅၃ခုနှစ် နှစ်သစ်တွင် ကံကောင်းခြင်းများလက်ဆောင်အဖြစ် ကံစမ်းမဲများ ဖောက်ပေးခြင်း၊ ကရင်ရိုးရာ ဒုံးအကနှင့် တေးဂီတများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းတို့နှင့်အတူ တက်ရောက်လာကြသော ဧည့်သည်တော်များအား ငါးသားလောက်ပေါင်းဟင်း၊ ၀က်သားချိုဟင်း၊ ကရင်လူမျိုးတို့၏ ရိုးရာ တာလပေါဟင်းတို့ဖြင့် အားရပါးရ တည်ခင်း ဧည့်ခံမည် ဖြစ်ပါသောကြောင့် ပျော်ရွင်စွာ ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော်သို.ကြွရောက် အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 


 ဧည့်လမ်းညွှန်။ ။ ရထားဖြင့်စီးလာပါက လိုင်းနံပတ် ၁ မှစီးပြီး 부천역 ( Bucheon Station ) ဘူချွန်းဘူတာတွင် ဆင်း၍ တက္ကဆီဖြင့် စီးလာပါက လိပ်စာမှာ အောက်ပါအတိုင်း ပြောပြီး စီးလာနိုင်ပါတယ်။ 우 420 - 850 부천시 원미구 중2동 1093-1 근로자종합지관 3F 

ဆက်သွယ်ရန်ဖုံး ။ ။စောလှိုင်မျိုးသိန်း ( ၀၁၀ ၆၈၄၉ ၃၀၆၁ )၊ စောကြည်မင်းကို ( ၀၁၀ ၂၆၀၉ ၈၇၄၇ )၊ စောအောင်လွင်မွန်( ၀၁၀ ၂၆၉၆ ၅၆၈၉ )၊ မန်းတင်ယဉ် ( ၀၁၀ ၂၂၇၁ ၈၃၃၃)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 28, 2013

သင်ယူစရာ အရာတခု

ရေးသားသူ —စိုးမိုးသူ

ကနေဒါနိုင်ငံက ရထား အ၀င်ဂိတ်က ပုံးပေါ်မှာ ငွေတွေပုံနေတာ တွေ့ရပါလိမ့်မယ်။
ဘာဖြစ်လို့လို့ ထင်ပါလဲ။

အဖြေက ရထား ဂိတ်ပေါက်ဝ လက်မှတ်ငွေချေတဲ့ စက်က ပျက်နေလို့ ငွေမပေးပဲ ၀င်စီးလည်း ဖြစ်ရဲ့သားနဲ့  ရထားစီးသူ အများစုဟာ ကျသင့်တဲ့ငွေကို ဂိတ်အ၀င် ပုံးပေါ်တင်ပြီး ရထားကို စီးကြပါတယ်။

အခွင့်ရသော်ငြားလည်း
အချောင်မယူချင်တဲ့ စိတ်၊
တာဝန်သိတဲ့ စိတ်ဓာတ်တွေ စုစည်းလိုက်ရင် ကြည်နူးစရာ သင်ယူစရာအရာတခုဖြစ်သွားပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အငတ်တိုင်းပြည်

ရေးသားသူ — ကျော်စွာလင်း(ရိုးမ)


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာစင်တာရဲ့ ရန်ပုံငွေပွဲ

ရေးသားသူ — စိုးမိုးသူ
လက်မှတ်ကို ပိတောက်ရိပ်ကုမ္ပဏီ၊ မြန်မာစင်တာလှုပ်ရှားသူများထံမှ ၀ယ်ယူအားပေးနိုင်ပါတယ်။
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဒီနေ့ ကိုရီးယားမှာ ပွဲကြမ်းနေပါပြီ။

ရေးသားသူ — စိုးမိုးသူ

ဒီနေ့ ကိုရီးယားမှာ ပွဲကြမ်းနေပါပြီ။

-လက်ရှိအစိုးရရဲ့ အာဏာရှင်ဆန်မှုအပေါ် မကျေနပ်မှုတွေ၊
-ပြည်သူပိုင်အား ပုဂ္ဂလိကပိုင် အတင်းအကြပ်ပြုတာတွေ
-ဒီိမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာတွေ
-လက်ရှိ ရွေးခြယ်ခံ သမတအတွက် ထောက်လှမ်းရေးက လွန်ခဲ့တဲ့ သမတ ရွေးကောက်ပွဲမှာ တိတ်တိတ်ပုန်း အွန်လိုင်းလှုပ်ရှားမှုတွေ ၀င်လုပ်ပေးခဲ့တာတွေ
စသည်စသည်အပေါ်

ပြည်သူတွေရဲ့ မကျေနပ်မှုများကို ပေါက်ကွဲဖော်ထုတ်ဖို့ ယနေ့ကို အထွေထွေသပိတ်မှောက်နေ့အဖြစ် သတ်မှတ်ကာ ဆိုးလ်မြို့တော် ခမ်းမရှေ့မှာ လူစုနေကြပါပြီ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပိတောက်ရိပ် ကဖေးတွင် အတူအလုပ် လုပ်မည့်သူ အလိုရှိပါတယ်(ဗီစာရှိသူများသာ)

ရေးသားသူ — ပိတောက်ရိပ်

ပိတောက်ရိပ် ကဖေးတွင် မိသားစုကဲ့သို့ အတူတကွ အလုပ်လုပ်ရန် အောက်ပါအတိုင်း ဖိတ်ခေါ်ပါတယ်။

၁) အချိန်ပြည့် အလုပ်လုပ်နိုင်သူ အမျိုးသမီး ၁ဦး
-အလုပ်ချိန် : မနက်၈ ည၈
-နားရက် : အင်္ဂါ ဗုဒ္ဓဟူး
-လစာ : အင်တာဗျူးပြုလုပ်သည့်အခါ ဆွေးနွေးပါမယ်။
- စနေ တနင်္ဂနွေအား ပျက်ကွက်ခြင်းမရှိ အလုပ်လုပ်နိုင်သူအား ဦစားပေးပါမယ်။

၂) စနေတနင်္ဂနွေတွင်
အချိန်ပိုင်း အလုပ်လုပ်နိုင်သူ ၁ဦးနှင့်
လက်ဘက်ရည်နှင့် ပလာတာ လုပ်နိုင်သူ ၁ဦး

-အလုပ်ချိန် : မနက်၈ ည၈(အင်တာဗျူးတွင် အလုပ်ချိန်အား ထပ်မံ ညှိုနှိုင်းလို့ရ)
အလုပ်လျောက်ထားလိုသူအနေဖြင့် မိမိကိုယ်ရေးမှတ်တမ်း အိုင်ဒီကတ်နှင့်အတူ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ
မေးလ် smthu2006@gmail.comသို့ပေးပို့လျောက်ထားနိုင်ပါတယ်။

ဆက်သွယ်ရန် ဖုန်းနံပတ်
ဦးဇေမင်းအောင် ၀၁၀-၈၉၀၃-၆၆၉၃


ပိတောက်ရိပ်ကဖေးလိပ်စာ
http://map.naver.com/?elat=37.4870673&elng=126.7226016&eText=브더욱글로리&edid=32875904

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Someday



မြန်မာစင်တာ မီဒီယာသင်တန်းမှ ကိုမင်းတေဇာထွန်းရဲ့ ပရောဂျက်အဖြစ် တင်သွင်းတဲ့ ရုပ်သံဖြစ်ပါတယ်။ တယောက်တည်း နေထိုင်ရသူတဦးရဲ့ ခံစားချက်ကို ပုံဖော်ထားပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

My Opinion

မြန်မာစင်တာ မီဒီယာသင်တန်းမှ သင်တန်းဆင်းလက်ရာ တစ်ခု ဖြစ်ပါတယ်။ ရိုက်ကူးတင်ပြသူ- ကိုပြည့်ဖြိုးကျော် ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 23, 2013

ထာဝရဒါန ကျောင်းအလှူတော်မင်္ဂလာ နှိုးဆော်လွှာ

ရေးသားသူ —  ဓမ္မယာန ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ

 တောင်ကိုးရီးယားနိုင်ငံရှိ ပထမဦးဆုံးနှင့် တစ်ခုတည်းသော မြန်မာပိုင် သာသနာပြုကျောင်း ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် တောင်ကိုးရီးယားနိုင်ငံ ဖူဆန်းမြို.တွင် ပထမဦးဆုံးသော မြန်မာပိုင်ကျောင်း တစ်ကျောင်း ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပါပြီ။ ဓမ္မယာနမဇ္ဈိမယာန အဖွဲ.ဝင် ကိုးရီးယား မြန်မာ ဗုဒ္ဓဘာသာ ဝင်တို.ဧ။် သဒ္ဓါအစွမ်းနှင့် ကြိုးပမ်းမှု၏ ရလဒ်ဖြစ်ပါသည်။

 တောင်ကိုးရီးယားနိုင်ငံ ဖူဆန်းမြို. တောင်ပိုင်းခရိုင် နဂါးမြေရပ်ကွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးလမ်းရှိ တိုက်အမှတ်(၁၃၆-၁)၏ တတိယအလွှာ အခန်းအမှတ် (၃၀၁)ကို ၂၈ရက် ၁၁လ ၂၀၁၃ခု၌ ကိုရီးယားဝမ် သိန်း၂၅၀၀နီးပါး အကုန်အကျခံ၍ ဓမ္မယာန ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ၏ အမည်ပေါက်အဖြစ် ဝယ်ယူလှူဒါန်းနိုင်ခဲ့ ပါသည်။ တောင်ကိုးရီးယားနိုင်ငံ ဖူဆန်းမြို. တောင်ပိုင်းခရိုင် နဂါးမြေရပ်ကွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးလမ်းရှိ တိုက်အမှတ်(၁၃၆-၁)၏ တတိယအလွှာ အခန်းအမှတ် (၃၀၁)ကို ၂၈ရက် ၁၁လ ၂၀၁၃ခု၌ ကိုရီးယားဝမ် သိန်း၂၅၀၀နီးပါး အကုန်အကျခံ၍ ဓမ္မယာန ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ၏ အမည်ပေါက်အဖြစ် ဝယ်ယူလှူဒါန်းနိုင်ခဲ့ ပါသည်။ ယခုကဲ့သို. မြန်မာ ရဟန်းတော်တပါး၏ အမည်ပေါက် ပိုင်ဆိုင်မှုဖြင့် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်ကို တည်ထောင်နိုင်ခဲ့ခြင်းသည် တောင်ကိုးရီးယား နိုင်ငံတွင် ပထမဦးဆုံးသော မြန်မာပိုင်ကျောင်းအဖြစ် အမျိုးဘာသာသာသနာ အတွက် သာသနာ့အောင်လံကို ဂုဏ်ယူဝမ်းမြောက်စွာ လွှင့်တလူလူ စိုက်ထူနိုင် လိုက်ခြင်းပင် ဖြစ်ပါသည်။ 
မူလက ကျန်းမာရေးလေ့ကျင့်ခန်း သင်တန်းဌာနဖြစ်ခဲ့သော ထိုတိုက်ခန်း၏ အတွင်းပိုင်း အပြင်အဆင်ကို အလုံးစုံဖြိုဖျက်၍ ယခုအခါ သာသနာပြုကျောင်း တစ်ကျောင်း၏ အင်္ဂါရပ်နှင့်အညီဖြစ်အောင် အသစ်တဖန်ပြန်လည် ပြင်ဆင် တည်ဆောက်နေပြီဖြစ်ပါသည်။ ကိုးရီးယားနိုင်ငံတွင် အစစအရာရာ ဈေးနှုန်း ကြီးမားသည့်အပြင် လုပ်အားခ အလွန်မြင့်မားသောကြောင့် မူလအတွင်းပိုင်း အပြင် အဆင်ကို ဖျက်သိမ်းရာ၌ပင် ဝမ် သိန်း ၁၂၀ခန်. ကုန်ကျခဲ့ပါသည်။ 

အသစ် ပြန်လည် ဖွဲ.စည်း တည်ဆောက်ရာ၌ 
၁။ ဉာဏ်တော်၅ပေရှိ စကျင်ကျောက် ဘုရားဆင်းတုတော်ကို ကိုးကွယ် ထားရှိမည့် ပေ၃၀x၂၅ပေကျယ် အပူအအေးစနစ်ပါ ဘုရားခန်း ဝမ်သိန်း ၅၀၀
၂။ ပေ၃၀xပေ၂၀ကျယ် အပူအအေးစနစ်ပါ သင်တန်းခန်းမ/ ဆွမ်းစားခန်း+ ဆွမ်းချက်ခန်း ဝမ် သိန်း ၃၅၀ 
၃။ ပေ၃၀xပေ၂၀ကျယ် အပူအအေးစနစ်ပါ ဧည့်ခန်းမ ဝမ် သိန်း ၂၅၀ 
၎။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ ဆရာတော်အိပ်ခန်း ဝမ် ၄၅သိန်း 
၅။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ ဆရာတော့်ဧည့်ခန်း ဝမ် ၄၅သိန်း 
၆။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ အာဂန္တုအိပ်ခန်း ဝမ် ၄၅သိန်း 
၇။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ အမျိုးသမီးယောဂီ အိပ်ခန်း+ရေချိုးခန်း ဝမ် ၄၅သိန်း 
၈။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ အမျိုသားယောဂီ အိပ်ခန်း+ရေချိုးခန်း ဝမ် ၄၅သိန်း 
၉။ ၁၅ပေx၁၂ပေကျယ် ရုံးခန်း ဝမ် ၂၅သိန်း 
၁၀။ ၁၂ပေx၂၅ပေကျယ် မ သန်.စင်ခန်း ၂ခန်းတွဲ ဝမ် ၃၅သိန်း 
၁၁။ ၁၂ပေx၂၅ပေကျယ် ကျား သန်.စင်ခန်း ၂ခန်းတွဲ ဝမ် ၃၅သိန်း 
၁၂။ အော်ဒီယို အတွက် ဝမ် သိန်း ၃၀ 
၁၃။ မျက်နှာကြက် ပရိုဂျက်တာ ဝမ်သိန်း၂၀ အသီးသီး ကုန်ကျမည် ဖြစ်ပြီး ၂၀၁၄နှစ်ဦးပိုင်းတွင် အစစအရာရာ ပြီးစီးပြည့်စုံစေရန် ရည်မှန်း ဆောင်ရွက်လျက် ရှိပါသည်။ 

၂၀၁၄ခု ၅လ ၁၁ရက်မှစ၍ မြန်မာနိုင်ငံမှ ကျေးဇူးရှင် ဆရာတော်ကြီးများကို ပင့်ဆောင် ပြီး တနင်္ဂနွေနေ.တွင် မြန်မာဒကာဒကာမများအတွက် ကျောင်းဖွင့်ပွဲနှင့် အထူးတရားပွဲ၊ ၁၃ရက် ကဆုန်လပြည့် ဗုဒ္ဓနေ.တွင် ကိုးရီးယားဒကာဒကာမများ အတွက် အလှူအောင်တရားပွဲ အပါအဝင် ၇ရက်တိုင်တိုင် တရားပွဲနှင့် ကျောင်းဖွင့်ပွဲ အလှူ စိတ်တူကိုယ်မျှ ပြုလုပ်ကြမည်ဖြစ်ပါသည်။ 
သို.ဖြစ်ပါ၍ ကိုရီးယားရောက် ကုသိုလ်ရှင်များ မြန်မာပြည်တွင်းနှင့် အခြားပြည်ပရှိ ကုသိုလ်ရှင်များအနေဖြင့် ထာဝရဒါနကျောင်းအလှူ သဒ္ဓါကြည်ဖြူ အတူတကွ ပါဝင် ကုသိုလ်ယူတော်မူကြပါရန် တိုက်တွန်း နိုးဆော်လိုက်ပါသည်။ အလှူရှင်များအနေဖြင့် မြို.အလိုက်ဖြစ်စေ အဖွဲ.အစည်းအလိုက်ဖြစ်စေ စက်ရုံအလိုက်ဖြစ်စေ တသီးပုဂ္ဂလ အနေဖြင့်ဖြစ်စေ အလှူခေါင်းစဉ် တမျိုးမျိုးကို တာဝန်ယူ ကုသိုလ်ပြုနိုင်ပါကြောင်း အသိပေးနိုးဆော်လိုက်ပါသည်။ 

ဓမ္မယာန ပြည်တော်ဦးဆရာတော်အား အမှူးထား၍` ဓမ္မယာနမဇ္ဈိမယာန အဖွဲ. (ကိုးရီးယား) မှတ်ပုံတင်အမှတ် ၆၁၇-၈၀-၁၇၃၆၈ 
ဓမ္မယာနမဇ္ဈိမယာန အဖွဲ. (မြန်မာ) မှတ်ပုံတင်အမှတ် 
ဓမ္မယာန ကျောင်းသားအဖွဲ.(ကိုးရီးယား) 
အဝေးရောက်မြန်မာလူငယ်များအဖွဲ.(ကိုးရီးယား) 

အလှူတော် လက်ခံရာ ဘဏ်နံပါတ် KB 39020104 015315 아신빠디짜 

ဆက်သွယ်ရန် ကိုစိန်ဝင်း(ယာန်ဆန်း) 010-5931-1011, ကိုခိုင်(ကင်မ်ဟဲ) 010-8671-1877, ကိုဇော်လွင်ဦး(ကင်မ်ဟဲ) 010-2843-1980, ကိုမျိုးဇော်ဦး(ကင်မ်ဟဲ) 010-2690-1707, ကိုဖြိုးဇော်လင်း(ကင်မ်ဟဲ) 010-8937-2768, ကိုလင်းလင်း(ကင်မ်ဟဲ) 010-3161-2210, ကိုပိုင်စိုးကို(ဖူဆန်း) 010-4375-0575

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာနိုင်ငံသား တစ်ဦး သင်္ဘောပေါ်မှ ပြုတ်ကျ သေဆုံး

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် စနေနေ့ ည ၈ နာရီ ၁၅ မီနစ် ကိုရီးယားနိုင်ငံ တောင်ဘက်ပိုင်း ဖိုဟန်မြို့ ဒုန်ချုန်မြို့နယ် ဖိုဟန် သင်္ဘောဆိပ်ကမ်း သစ်၌ တန် ၁၁၃၆တန်ရှိ SEAORION သင်္ဘောတွင် အလုပ်လုပ်ကိုင်နေသော ပဲ့ချိပ်ကိုင် အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦးက သင်္ဘောပေါ်က ပြုတ်ကျ သေဆုံးသွားကြောင်း ကပ္ပတိန် မစ္စတာ ယိ ( ၇၁ နှစ်က) ဖုန်းဆက် တိုင်ကြားလာကြောင်းနဲ့ ကမ်းခြေစောင့် ရဲများက သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေကြောင်း ကိုရီးယားနိုင်ငံထုတ် ဂယောန်ဘုဂ် သတင်းစာအရ သိရပါတယ်။ အဆိုပါ သင်္ဘောတွင် သင်္ဘောသား ၁၀ ဦး ပါဝင်ပြီး ဒီဇင်ဘာ ၂၀ ရက် ညနေ ၅ နာရီက ဂျပန်နိုင်ငံမှ ထွက်ခွာလာပြီး ကိုရီးယားနိုင်ငံ ဂျဲဂျူကျွန်းတွင် ပစ္စည်းများ ချရန် ဆိုက်ကပ်ထားခြင်းဖြစ်ပါတယ်။ မူရင်း သတင်းကို အောက်တွင် ဖော်ပြထားပါတယ်။ http://www.kbmaeil.com/news/articleView.html?idxno=306814 မူရင်း သတင်းကို အောက်တွင် ဖော်ပြထားပါတယ်။ http://www.kbmaeil.com/news/articleView.html?idxno=306814

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, December 15, 2013

တယ်လီတော်ကီ နှစ်သစ်ကြိုဆို ဖုန်းလိုင်းများဆောင်ရွက်ခမယူ အခမဲ့ဖွင့်လှစ်ပေးမည်

ဒီဇင်္ဘာ၁၅ ၊ အင်ချောန်း

တယ်လီတော်ကီသည် ၂၀၁၄ ခုနှစ် ကိုရီးယားနှစ်သစ်ကိုကြိုဆိုသောအားဖြင့်လည်းကောင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖုန်းဆက်သွယ်မှုကို လွယ်ကူသက်သာစွာ ခံယူဆောင်ရွက်နိုင်ကြစေရန်လည်းကောင်း ၊ ယနေ့မှစ၍ (ကိုရီးယားနှစ်သစ်ကူးကာလပြီးဆုံးချိန်အထိ) ဖုန်းလိုင်း (ကတ်ဖုန်း ရော ၊ လိုင်းဖုန်းပါ) ဖွင့်ခြင်း နှင့် ဖုန်းလိုင်းပြောင်းခြင်းတို့ကို ဆောင်ရွက်ခမယူဘဲ (Without extra-charges) အောက်ပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါသည် -
- ကိုးရီးယားနိုင်ငံရှိ (KT, SK, LG) ဆက်သွယ်ရေးလိုင်းကြီး ၃ ခုအနက် မိတ်ဆွေတို့ကြိုက်နှစ်သက်ရာလိုင်းတွင် ဖွင့်လှစ် အသုံးပြုနိုင်ပါသည်။
- မိတ်ဆွေကြိုက်နှစ်သက်ရာ(Handset)များကို ယူလာနိုင်ပါသည် ။(မြန်မာနိုင်ငံအပါအဝင် အသက်သာဆုံးနေရာမှ ဝယ်ယူလာပါ။)
- နှစ်ရှည်စာချုပ်ဖြင့် ချည်နှောင်ပြီး ၊ ဘာကြေးညာကြေး လစဉ်အပိုကြေးများဖြတ်ယူမည်မဟုတ်ပါ။ (အနည်းဆုံး၃လ သုံးပြီးလျင် လိုင်းဖြတ်ခြင်းလိုင်းပြောင်းခြင်း စသည်တို့ကိုအခမဲ့ဆောင်ရွက်ပေးပါမည်။)
- ကေတီ ၊ အက်စ်ကေ ၊ အယ်လ်ဂျီ တစ်လိုင်းမှ အခြားတစ်လိုင်းသို့ လိုင်းပြောင်းခြင်း ကိုလည်း အခမဲ့ဆောင်ရွက်ပေးပါသည် ။
- လက်ရှိသုံးစွဲနေသည့် နံပါတ်အတိုင်း ကတ်ဖုန်းမှ လိုင်းဖုန်း ၊ လိုင်းဖုန်းမှကတ်ဖုန်းပြောင်းခြင်း ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
M:010-2331-2457
T:070-7761-2457
F:032-425-2457

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မင်္ဂလာ Mini Store မှရရှိနိုင်မည့် ဝန်ဆောင်မှုများ

၁။ လေယဉ်လက်မှတ်များကို ဈေးနှုန်းချိုသာစွားဖြင့် ရောင်းချပေးခြင်း။ ၂။ လေယဉ်မှ သတ်မှတ်ထားသော ကီလိုများကို ရောင်းချလိုပါက ဝယ်ယူပေးခြင်း။ ၃။ ပြည်တွင်း/ပြည်ပ ပါဆယ်များကို သတ်မှတ်ရက်အတွင်း သတ်မှတ်ထားသော နေရာများသို့ ပို့ ဆောင်ပေးခြင်း။ ၄။ ကိုရီယားစကားပြောသင်တန်း တက်ရောက်လိုသော်လည်း အကြာင်းအမျိုးမျိုးကြောင့် လက်ရှိသင်ကြားပေးလျှက်ရှိသော သင်တန်းများကို မတက်ရောက်နိုင်သူမျာကို ကိုရီးယားစကား ပြောဆိုရန် အခက်အခဲရှိသူများအတွက် ကိုရီးယားစကားပြော သင်တန်းများကို စီစဉ်ပေးခြင်း။ ၅။ ကွန်ပျူတာ၊ Phone၊ Tablet များကို Window, Root,Font (မြန်မာစာ), စသည့် Service များကိုပြုလုပ်ပေးခြင်း ၆။ Line, Phone, Card Phone, အရစ်ကျ Phone များနှင့် Modle စုံ၊ Desing စုံ phone များကို စိတ်တိုင်းကျပြုလုပ်ပေးခြင်း။ ၇။ အခန်းများကို တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊ သုံးယောက်ခန်း စသဖြင့်နေထိုင်လိုသူများ စိတ်တိုင်းကျ ဆောင်ရွက်ပေးခြင်း ၈။ ကိုရီးယားနိုင်ငံထုတ် စက်ပစ္စည်းများနှင့် ကြိုက်နှစ်သက်ရာ ကုန်ပစ္စည်းများကို လက်လီ/လက္ကား သင့်လျှော်ရာဈေးနှုန်းများဖြင့် ဝယ်ယူပို့ ဆောင်ပေးခြင်း။ ဆိုင်တည်နေရာ ဘူဖျောင်းဘူတာနှင့် ကားဂိတ်များဆုံရာကြား(နမ့်ယင်းဆိုင်ရှေ့) ရေးသားသူ-AKT

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အလင်းရောင် ဆိုင်ဖွင့် လစ်ပြီ ဖြစ်ကြောင်း

အန်ဆန်းမြို့ မြန်မာ အလင်းရောင်စားသောက်ဆိုင် ကို ၁၉.၁၂.၂၀၁၃ ရက်နေ့ တွင် စတင်ဖွင့်လစ်မည်ဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံရောက် ရွှေမြန်မာများအားလုံး သတင်းကောင်းပါးအပ်ပါသည်။

ရေးသားသူ-AKT

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 14, 2013

၂၀၀၈ဖွဲ့စည်းပုံ အနုလုံပဋိလုံ



စစ်အုပ်စုရဲ့ပကတိစိတ်နေစိတ်ထား


ဒီနေ့ကျနော်တို့နိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနဲ့ အခန်း(၁၄) ကူးပြောင်းရေးကာလပြဌာန်းချက်များထဲက အချက်တချို့ကို ထုတ်နှုတ်ဆွေးနွေးချင်ပါတယ်။

အခန်း(၁၁) ပုဒ်မ(၄၁၀)ရဲ့ဆိုလိုရင်းကတော့ မြန်မာနိုင်ငံဒေသတစ်ခုခုမှာ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း မဆောင်ရွက်နိုင်တဲ့ခါ သမ္မတက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်း၊ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အဲဒီအရေးပေါ်အခြေအနေကြေညာလိုက်ပြီဆိုတာနဲ့ စစ်အုပ်စုက ထင်တိုင်းကြဲတာတွေကို ကျနော်တို့ပြည်သူတွေက တရားစွဲအရေးယူလို့မရအောင် အခန်း(၁၁) ပုဒ်မ(၄၃၂)မှာ “အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားစဉ်ကာလအတွင်းတွင် နိုင်ငံတော်သမ္မတကိုယ်စားဖြစ်စေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့်ကာလအတွင်းဖြစ်စေ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုပြုနိုင်ရန် လုပ်ပိုင်ခွင့်နှင့်တာဝန်များ ပေးအပ်ခြင်းခံရသည့် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦး၊ နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦး၊ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦးဧ။် တရားဝင်ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်။ ယင်းတရားဝင် ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် တရားစွဲဆိုခွင့်မရှိစေရ။” ဆိုပြီး ပြဌာန်းထားတာပါ။

ဒီပုဒ်မအရ သူတို့ကို ကုလားထိုင်ကနေ ဖယ်ပေးရတော့မယ့်အခြေအနေ ရောက်တိုင်းမှာ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးစတဲ့ စကားလုံးတွေကို အကာအကွယ်ယူပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနာမည်နဲ့ စစ်တပ်က အာဏာပြန်သိမ်းလို့ရအောင် ပြဌာန်းထားတာဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုကျောထောက်နောက်ခံ ပြုထားတဲ့ လက်ရှိကြံ့ဖွံ့အစိုးရဟာ နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ ဘယ်လောက်ပဲပြောနေပြောနေ သူတို့အာဏာကိုထိပါးလာရင်တော့ နောက်ကြောင်းပြန်လှည့်လို့ရအောင်ကို တရားဝင် လုပ်ထားတာပါ။ ဒီပုဒ်မတစ်ခုတည်း ကြည့်လိုက်ရုံနဲ့ကို စစ်အုပ်စုက သူတို့အလိုကျအာဏာကို ချုပ်ကိုင်လို့ရနေသရွေ့တော့ အရပ်သားအစိုးရယောင်ယောင်နဲ့ ရှိနေမှာဖြစ်ပေမဲ့ သူတို့အလိုမကျလာရင်တော့ စစ်ဘီလူးဆိုင်းနဲ့ ကဖို့တော့ အဆင်သင့်ရှိနေတယ်ဆိုတာ သိပ်သိသာပါတယ်။

အခုဆွေးနွေးချင်တဲ့ အခန်း(၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များနဲ့ဆိုင်တဲ့ ပုဒ်မ(၄၄၅)မှာတော့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့ဧ။် မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော်ငြမ်ဝပ်ပိပြာမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ဧ။် ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦးဧ။် တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။” ဆိုပြီးပြဌာန်းထားပါတယ်။

ပုဒ်မ(၄၄၅)အရ န၀တ၊ နအဖ အဆက်ဆက်က တာဝန်အရဆိုတဲ့ခေါင်းစဉ်ကို အသုံးချပြီး ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ အရေးယူလို့မရအောင် သူတို့ကိုယ်သူတို့ အကာအကွယ်ပေးထားတယ်ဆိုတာ ရပ်သိ ရွာသိ ကမ္ဘာသိဖြစ်ပါတယ်။ တိတိကျကျပြောရရင် မဆလအရေခြုံထားတဲ့ ဗိုလ်နေ၀င်းစစ်အုပ်စုဆီကနေ အာဏာလွှဲပြောင်းယူလိုက်တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ကစပြီး လက်ရှိပါတီစုံအရေခြုံထားတဲ့ ဦးသိန်းစိန်စစ်အုပ်စုက အာဏာကိုလွှဲပြောင်းယူလိုက်တဲ့အချိန်အထိကို ဆိုလိုပါတယ်။

ဒီပုဒ်မနှစ်ခုလုံးကို ကြည့်လိုက်ရင် စစ်အုပ်စုက သူတို့အတိတ်က ကျူးလွန်ခဲ့တဲ့ပြစ်မှုပေါင်း သောင်းခြောက်ထောင်ရယ်၊ နောင်အရေးပေါ်ကာလအတွင်းမှာ ကျူးလွန်ဦးမယ့် ပြစ်မှုတွေအတွက်ကိုပါ ဘယ်လိုမှအရေးယူလို့မရအောင် သူတို့လုံခြုံမှုအတွက် ထောင့်စေ့စေ့ ပြဌာန်းထားတာကို တွေ့ရမှာပါ။

ဒီနေရာမှာ မနေ့တနေ့က ဒေါ်နော်အုံးလှကို ၂၀၀၇ မေလတုန်းက ရွှေတိဂုံစေတီရင်ပြင်တော်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းတာကို ဘာသာရေးဆိုင်ရာပုဒ်မတစ်ခုနဲ့ တရားစွဲလိုက်တာ အားလုံးသိကြမှာပါ။ ၂၀၀၇ ကာလဆိုတာ နအဖစစ်အုပ်စုလက်ထက် ဖြစ်ပါတယ်။ သူတို့စစ်အုပ်စုရဲ့ အာဏာတည်မြဲရေး၊ အရေးယူမခံရရေး၊ စည်းစိမ်တည်မြဲရေးအတွက်ကျတော့ သိတတ်လိုက်ကြတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကို ပြဌာန်းထားလိုက်သေးတယ်။ သာမန်ပြည်သူတစ်ယောက်ကိုတော့  နအဖလက်ထက်က အဖြစ်အပျက်တစ်ခုကို မတရားသဖြင့် အညှိုးကြီးကြီးနဲ့ အခုလိုတရားစွဲလိုက်တာကတော့ ဒီစစ်အုပ်စုရဲ့ ပကတိစိတ်နေစိတ်ထားပေါ့ဗျာ။

သက်နိုင်(၁၄၊ ၁၂၊ ၂၀၁၃)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, December 12, 2013

ခရစ္စမတ်ပွဲတော် ဖိတ်ကြားစာ

ရေးသားသူ — ခရစ်ယာန်အသင်း

သို့
ကိုးရီယားရောက် မြန်မာမိတ်ဆွေများအားလုံး

မြန်မာအသင်းတော်များရဲ့၁၂ ကြိမ်မြောက် စုပေါင်းခရစ္စမတ်ပွဲတော်ကို တက်ရောက်ဖို့ မေတ္တာဖြင့် ဖိတ်ကြားလိုပါသည်။
သင့်ရဲ့ မွန်းကြပ်နေတဲ့စိတ်ကို သီဆိုခြင်း၊ ဖျော်ဖြေမှုကို ရှုစားခြင်း၊ သင့်အတွက်ဖြစ်တဲ့ သတင်းကောင်းကို ကြားနာခြင်းဖြင့် လာရောက်ပါဝင် အပန်းဖြေပါ။

အစီအစဉ် အကြမ်းဖျင်း
၁။ ခရစ္စမတ်တေးများ အတူတကွသီဆိုခြင်း
၂။ အသင်းတော်အသီးသီးမှ အဖွဲ့လိုက် သီဆိုခြင်း
၃။ ခရစ္စမတ်သတင်းကောင်း ကြားနာခြင်း
၎။ တေးသရုပ်ဖော် ဖျော်ဖြေမှု ရှုစားခြင်း
၅။ ခရစ္စမတ်လက်ဆောင် မဲဖောက်ခြင်း
၆။ ညစာစားခြင်း၊ မိတ်ဖွဲ့ခြင်း
၇။ ခရစ္စမတ်လက်ဆောင်ဝေခြင်း

် ရပ်နီး ရပ်ဝေး မိတ်ဆွေအားလုံးကိုလည်း တဆင့် ဖိတ်ကြားပေးဖို့လည်း မေတ္တာရပ်ခံလိုပါသည်။



2014 နှစ်သစ် မှစပြီး
Face book (1): MCC Korea (မြန်မာ ခရစ်ယာန်များအဖွဲ့ ) နှင့်
Face book (2): Mary Nuam (ဆရာမ မေရီ)
မှလည်း ကိုးရီယားနိုင်ငံတွင်းနေထိုင်သည့် မြန်မာလူမျိုးများအတွက် အထောက်အကူ ဖြစ်စေမည့် information ကောင်း မျိုးစုံကိုလည်း share လုပ်သွားပါမည်။ (ဘာသာစကား၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသည်တို့ကို အလျင်းသင့်သလို တင်ပြသွားပါမည်။)
ကျေးဇူးတင်ပါသည်။

ကိုးရီးရောက် မြန်မာခရစ္စယာန်အသင်းတော်များ ကိုယ်စား

ကိုသောမားစ်ထန် နှင့် ဆရာမ မေရီနွမ်
Bucheon city
S.Korea

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 11, 2013

မြန်မာစင်တာ ရုပ်ရှင်ပြပွဲက ဖိတ်ကြားအပ်ပါတယ်

2013 이주노동자 미디어교육 상영회 2013 Migrant Workers' Film festival
발언(發言-한자)하다
Express Your Opinion Season 4

နေ့ရက်= ၂၀၁၃ ဒီဇင်ဘာ ၁၅ ရက်နေ့
အချိန်= မွန်းလွဲ ၂ နာရီမှ ၄ နာရီ
နေရာ= Cine Space Ju-an Screen#3 (영화공간 주안 3관)

မြန်မာစင်တာ မီဒီယာသင်တန်း ၂၀၁၃ မှ သင်တန်းဆင်းသူများရဲ့ ဖန်တီးမှုလက်ရာ မှတ်တမ်းရုပ်ရှင်များကို ပြသမယ့် “အတွေးကိုယ်စီ ဖွင့်ဟမယ်” ရုပ်ရှင်ပြပွဲသို့ အထက်ပါ အစီအစဉ်အတိုင်း လာရောက် အားပေးကြည့်ရှုကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

၁) စေတနာရောင်ပြန်
၂) Something
၃) ပတ်ကူ
၎) My Poinion
၅) My Life
၆) Someday
၇) Crazy ကားများ ပါဝင်ပြသပါမယ်။

လမ်းညွှန်= ရထားလိုင်း နံပတ် ၁၊ ဂျူအန်းဘူတာ ထွက်ပေါက် ၈ မှထွက်၍ မီတာ ၂၀၀ ခန့် လမ်းလျှောက်ပါ။

ဤသင်တန်းနှင့် ရုပ်ရှင်ပြပွဲကို 미얀마센터 Myanmar Center, 이주노동자미디어교육기획단(인천인권영화제 이주노동자미디어교육교사네트워크 한국이주인권센터 Migrant Workers' Media Class Planning Team (Incheon Human Rights Film Festival, Migrant Workers' Media Class Teacher Network Korea Migrant Workers' Human Rights Center) တို့ ပူးတွဲ ဆောင်ရွက်သည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 10, 2013

လက်နှီး

ရေးသားသူ — ကျော်စွာလင်း(ရိုးမ)

8.12.2013 ရက်နေ့က ဆိုးလ်မြို့ မြန်မာသံရုံး ခေါင်းမိုးပေါ်တွင် လွှင့်ထူထားသော အာစီယံ အလံအားတွေ့ရလို့ ညီတယောက်က ဓါတ်ပုံရိုက်ပြီး ကဗျာအတင်းစပ်ခိုင်းတော့တာပါပဲ ၊ ကျနော်လဲ မနေနိုင် မထိုင်နိုင် ကဗျာရေးပေးလိုက်တယ်ဗျာ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Let's study english by singing songs (2)

Micheal Learn To Rock





Let’s Study English by Singing Songs
သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာကြရအောင်

အမှတ်စဉ်(၂)

ဒီတခါ Michael Learns to Rock(MLTR) ဆိုတဲ့ ဒိန်းမတ်က Pop/Soft Rock Band အဖွဲ့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ (ဒိန်းမတ်နိုင်ငံသားက အင်္ဂလိပ်သီချင်းဆိုတယ်ဆိုတော့ သူ့ရဲ့ မိခင်ဘာသာစကား(Mother Language)မဟုတ်ဘူးပေါ့။ ဒါဆို သူရဲ့ ဒုတိယဘာသာစကား(Second Language)နဲ့ဆိုတာပေါ့။ ကိုယ်တွေရော ကြိုးစားရင် ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှ လူတုံးလူအဆိုတာ မရှိဘူး။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူ့အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံရဲ့အခြေအနေတွေကြောင့်သာ အဆင့်အတန်းတွေ ကွာနေရတာပါ။ စိတ်မပျက်ပါနဲ့။ ဥာဏ်ရည်ချင်းက အတူတူပဲ။ ဒီနေရာမှာ စာရေးသူက အင်္ဂလိပ်လို ကြားညှပ်ပြောပြနေတာဟာ လူငယ်တွေ ဝေါဟာရတိုးအောင်သာ ရည်ရွယ်ပါတယ်။) မြန်မာပြည်ကို ဟိုတလောက လာဖျော်ဖြေသွားတဲ့အဖွဲ့ပေါ့။ ဒီအဖွဲ့ရဲ့ အဓိကအဆိုတော်(Lead Singer)က Jascha Richter ဖြစ်ပါတယ်။ ကီးဘုတ်တီးတဲ့သူပါ။ ၁၉၈၈ ခုနှစ်မှာ ဒီအဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ကတည်းက ဓာတ်ပြားချပ်ရေ ၁၁ သန်းကျော်ရောင်းရတယ်လို့ ဆိုပါတယ်။ အခုဒီအဖွဲ့ရဲ့ Sleeping Child ဆိုတဲ့ သီချင်းကို အတူတူဆိုကြည့်ရအောင်။

Sleeping Child (အိပ်ပျော်နေတဲ့ ကလေး)
The Milky Way upon the heavens is twinkling just for you
ထက်ကောင်းကင်က နဂါးငွေ့တန်း( ကြယ်တွေ)က မင်းအတွက် ပြိုးပြက်လက်နေတယ်။
And Mr. Moon he came by to say goodnight to you
ဖိုးလမင်းကြီးကတော့ မင်းဆီကို တာ့တာလို့ လာနှုတ်ဆက်သွားလေရဲ့။
I’ll sing for you, I’ll sing for mother
ငါ မင်းကို သီချင်းဆိုပြမယ်။ မင်းမိခင်ကိုရောပေါ့။
We’re praying for the world and for the people everywhere
ငါတို့ဟာ လောကကြီးအတွက် ဆုတောင်းပေးနေတယ်။ ကမ္ဘာ့လူသားတွေ အတွက်လေ။
Gonna show them all we care
ငါတို့ မေတ္တာဓာတ်တွေ ပြကြမယ်(ပို့ကြမယ်)။
Chorus (Oh my sleeping child, the world’s so wild
ကလေးရေ….လောကကြီးက သိပ်ရိုင်းစိုင်းတယ်ကွာ။
But you build your own paradise
ဒါပေမဲ့ မင်းရဲ့နိဗာန်ဘုံကို မင်းဟာမင်း တည်ဆောက်ထားလိုက်(ဇိမ်ကျကျ အိပ်နေပေတော့ကွာ)။.
That’s one reason why I’ll cover you sleeping child)
မင်းကို အကာအကွယ်ပေးချင်တဲ့ အကြောင်းက အဲဒါပဲ(မင်း လန့်နိုးသွားမှာ စိုးလို့ပါ)။
If all the people around the world
လူတွေသာ
They had a mind like yours
မင်းလိုစိတ်မျိုး ရှိကြမယ်ဆိုရင်
We’d have no fighting and no wars
တို့တွေ(ငါတို့ လူကြီးဆိုတဲ့ ကောင်တွေပေါ့) ခိုက်ရန်တွေ၊ စစ်ပွဲတွေ ဘယ်ရှိတော့မလဲကွာ။
There would be lasting peace on Earth
ဒီကမ္ဘာကြီးမှာ အရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေး ရလာမှာလေ။
If all the kings and all the leaders could see you here this way
ဘ၀ရှင်မင်းတရားကြီးတွေ၊ ခေါင်းဆောင်တွေသာ မင်းကို(မင်းရဲ့ဖြူစင်တဲ့စိတ်ကို) သိများသိရင်တော့
They would hold the Earth in their arms
ဒီကမ္ဘာကြီးကို သူတို့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားမှာကွ။
They would learn to watch you play (Cho) I’d really cover you sleeping child
သူတို့က မင်းဆော့နေတာကို ကြည့်ဖို့ ပြန်သင်ယူကြလိမ့်မယ်။ (Cho) မင်းကို ငါတကယ် ကာကွယ်ပေးပါ့မယ် ကလေးရယ်။
Keep you away from the world so wild
ဒီရိုင်းစိုင်းတဲ့ လောကကြီးရဲ့အဝေးမှာ မင်းကို ထားပေးပါ့မယ်။

Visit at http://www.youtube.com/watch?v=zkSlZGCiJ8U. MLTR ရဲ့သီချင်းအချို့( Blue Night; 25 Minutes; The Actor; Someday Someway; Breaking My Heart; That’s Why You Go Away; You Took My Heart Away; More Than A Word)။

ရှင်းလင်းချက်
heaven ကတော့ paradise နဲ့ဆင်တူစကာလုံး(synonym)ပါ။ နိဗ္ဗာန်ပေါ့။ ဒါပေမဲ့ ဒီသီချင်းထဲက the heavens ကတော့ ကောင်းကင်(sky)ကိုပြောတာပါ။ စာပေအသုံးပါ။ မတူတာကို သေသေချာချာ မှတ်သားထားပါ။ just(exactly) for you မင်းအတွက်ပေါ့။ ဒီနေရာမှာ just က only; merely(မျှသာ)မဟုတ်ပါဘူး။Mr. Moon အစား Mrs. Moon လို့သာဆိုခဲ့ရင်တော့ ဖွားဖွားလမင်းပေါ့။ came by(made a short visit) တအောင့်တနား လာလည်လိုက်တာ။ Let’s not say goodbye. လမ်းခွဲစကား မပြောကြေး။ She prayed to God for an end to her sufferings. (pray to sb(for sb/ sth) သူဟာ ဘုရားသခင်ထံမှာ(to God) ဝေဒနာတွေ အကုန်ချုပ်ငြိမ်းဖို(for an end to her sufferings) ဆုတောင်းတယ်။ စကားစုတွဲတွေကို ကိုယ်တိုင်ပြန်ပြောတတ် ရေးတတ်ဖို့ ခေါင်းထဲစွဲအောင် မှတ်ထားပါ။ တခြားနည်းလမ်း မရှိဘူး။ ကိုယ့်ဘာသာသာစကားတောင် တကယ်တမ်းတော့ အဲဒီလိုမှတ်ထားရတာပဲ(သတိမထားမိလို့သာပါ)။ စကားလုံးတစ်လုံးရဲ့ အနက်ကိုပဲ ကျက်ထားရုံနဲ့ တတ်လာမှာမဟုတ်ဘူး။ အဲဒီစကားလုံးကိုသုံးပြီး ဘယ်လိုရေးတယ်၊ ပြောတယ်ဆိုတာကိုပါ မှတ်ထားရတယ်။ အဲဒါမှတတ်မှာ။ ကိုယ့်စကားလို ကိုယ့်ပတ်ဝန်းကျင်မှာ နေ့တဓူဝထိတွေ့နေတဲ့ စကားမဟုတ်တော့ ဒီနည်းကိုပဲသုံးရတယ်။

I’m gonna(going to) show you. I wanna(want to) show you. သီချင်းတွေမှာ သုံးလေ့ရှိတဲ့ စကားလုံးတွေပေါ့။ gotta က have got to or have got a ကိုဆိုလိုတာ။ He’s gotta go(He’s got to go). သူသွားရမယ်။ Gotta cigarette? စီကရက် ရှိလား။ the reason why ….က သူ့အသုံးပဲ။ I’d like to know the reason why you are so late. ခင်ဗျား ဘာလို့ ဒီလောက်တောင် နောက်ကျရတဲ့ အကြောင်း ကျနော်သိချင်တယ်။ cover က protect(ကာကွယ်တာ)ပါ။ ဒါပေမဲ့ He laughed to cover(hide) his nervousness. ဆိုရင်တော့ သူ့ရဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို ဖုန်းတဲ့အနေနဲ့ ရယ်ပြလိုက်တာ။ စကာလုံးတစ်လုံးမှာ အနက်တွေ အမျိုးမျိုး ရှိတတ်တယ်။ အဲဒါတွေ သိချင်ရင် အဘိဓာန်မှာကြည့်။ စာရေးသူလည်း ဒီလိုပဲကြည့်ရတာပဲ။ ဘုရားမှ မဟုတ်တာ။

around the world ဒါမှမဟုတ် around the globe အတူတူပဲ။ I have a book like yours. မင်းလို စာအုပ်မျိုး ငါ့မှာရှိတယ်။ ဒီမှာ like က ကြိုက်တာမဟုတ်ဘူး။ (ကဲ့သို့) ပါ။ everlasting(eternal) love ဆိုရင် ထာဝရအချစ်ပေါ့။ I don’t like the way she talked to me. သူငါ့ကို ပြောသွားတဲ့ပုံကို မကြိုက်ဘူး။ the way she sang/ the way she behaved လိုသလို အစားထိုး သုံးသွားတော့ပေါ့။ Come this way, please. ဒီက လာပါခင်ဗျာ။

လူငယ်တွေ နားယဉ်ပြီးသား ဒါမှမဟုတ် ကြိုက်တတ်တဲ့ သီချင်လေးတွေနဲ့ ကြိုးစားတင်ဆက်သွားပါ့မယ်။ Make sure you listen to the songs and sing them later. သီချင်းလေးတွေ နားထောင်ပြီးတော့ ဆိုလိုက်ကြပါ။ လုပ်ဖြစ်အောင်လုပ်ပါလို့ပဲ တိုက်တွန်းပါရစေ။ အချိန်ကုန်ရကျိုး နပ်ပါစေ။

ဝေဘန်အကြံပြုချက်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ thetnaing1988@gmail.com
Let’s share our knowledge.
သက်နိုင်(၀ါးပျံကုန်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အိုင်ဒီကတ်ပြားများ ကောင်းမွန်စွာ သိမ်းးဆည်းပေးထားပါကြောင်း

အောက်ဖော်ပြပါ နိုင်ငံခြားသားကတ်ပြားများကို တယ်လီတော်ကီက ကောင်းမွန်စွာ ထိန်းသိမ်းထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်-

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, December 8, 2013

ပိတောက်ရိပ်ကုမ္ပဏီရဲ့ ကေတီ လိုင်းဖုန်းဈေးနှုန်းများ

ရေးသားသူ — ပိတောက်ရိပ်


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပိတောက်ရိပ်ကုမ္ပဏီရဲ့ ဖုန်းစက် သတ်သတ် ဈေးနှုန်းများ

ရေးသားသူ — ပိတောက်ရိပ်

ပိတောက်ရိပ်ကုမ္ပဏီရဲ့ ဖုန်းစက် သတ်သတ် ဈေးနှုန်းများ
(ကတ်ဖုန်း၊ လိုင်းဖုန်း နှစ်သက်ရာလိုင်းကိုလည်း ဖွင့်ပေးပါတယ်)

==> SK,LG, KT လိုင်းဖုန်းဖွင့်လိုရင် ၂၅၀၀၀
==> ကတ်ဖုန်း KTလိုင်းဖွင်လိုရင် ၄၀၀၀၀(အသားကတ်တွင် ၃သောင်းဖိုးပါပြီး)
အလိုရှိသူများ 010-4187-5218 သို့ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

၁၂လ ၈ရက် တနင်္ဂနွေ တရက်တည်းအတွက် စမတ်ဖုန်း လိုင်းဖုန်း အထူးလျော့ဈေး

ရေးသားသူ — ပိတောက်ရိပ်ကုမ္ပဏီ

လက်ရှိသုံးနေတဲ့ တယ်လီကွန်မှ KTတယ်လီကွန်သို့ လိုင်းလွှဲပြောင်းသူများအတွက်
Galaxy Note2(32G),
Galaxy S4(32G) များကို
250,000 wonဖြင့်ပိတောက်ရိပ်တွင်ရောင်းချနေပါတယ်။
မှတ်ချက်။ တနင်္ဂနွေနေ့ ၁ရက်တည်းသာ ရောင်းချပေးပါတယ်။
(လက်ရှိKTတယ်လီကွန် သို့မဟုတ် ကတ်ဖုန်းသုံးစွဲနေသူများ မပါ)

မှတ်ချက်-
*တစ်လ 67000တန် လစဉ်ကြေးကို 3လတိတိ သုံးစွဲပေးရပါမယ်။
3လကျော်ပါက မိမိနှစ်သက်ရာ လစဉ်ကြေးသို့ ပြောင်းလည်းသုံးစွဲနိုင်ပါတယ်။
တစ်လ 67000တန် လစဉ်ကြေးကိုသုံးစွဲပါက
ဖုန်းခေါ်ခ kt လိုင်းအချင်းချင်း free၊ မက်ဆေ့ခ်ျ free၊ ဒေတာ 5G ကိုသုံးစွဲနိုင်မည့်အပြင် လစဉ်ကြေးအား လျော့ဈေးဖြင့် တစ်လ 56100won သာပေးဆောင်ရပါမယ်။

**လိုင်းအား ၂နှစ်တာ သုံးစွဲပေးရပါမယ်။
၂နှစ်မပြည့်မီ လိုင်းဖြတ်လိုပါက လျော့ပေးထားသည့် တန်ဘိုးအား ပြန်လည် ပေးခြင်း သို့မဟုတ် မိမိလိုင်းအား အခြားသူအား လွှဲပြောင်းပေးနိုင်ပါတယ်။

အလိုရှိသူများ 010-7155-6581သို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။
ဖုန်းများအား တနင်္လာနေ့တွင် လိုင်းဖွင့်ပြီး စက်ရုံ သို့မဟုတ် အိမ်သို့ ပါဆယ်ပို့ပေးပါမယ်။ ပါဆယ်ခ ၅ထောင်အား သတ်သတ်ပေးဆောင်ရပါမယ်။

ကျေးဇူးတင်ပါတယ်။
ပိတောက်ရိပ်ကုမ္ပဏီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 7, 2013

အခမဲ့ဆေးစစ်၊ ဆေးကုအစီအစဉ်

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

 ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအကို၊မောင်နှမအပေါင်းတို့ခင်ဗျာ-
လာမယ့် ဒီဇင်လာ ၈ ရက် တနင်္ဂနွေနေ့တွင် နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ မေတ္တာရှင် ကိုရီးယား နယ်လှည့် ဆေးကုဆရာဝန်များအသင်းမှနေ၍  မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ဘူချောန်းမြို့  ရွှေ့ ပြောင်းသူများရိပ်သာ (부천외국인 근로자의집) တွင် အောက်ဖော်ပြပါ ရောဂါများကို  ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည် ။  ။

 - အိပ်စ်ရေး ၊ ဓါတ်မှန် ရိုက်ပေးခြင်း၊
- အာလ်ထရာဆောင်း ရိုက်ပေးခြင်း၊
- သွား ရောဂါအမျိုးမျိုး၊
- မျက်စိရောဂါအမျိုးမျိုး၊
- မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါအမျိုးမျိုး
- သားဖွား နှင့် မီးယပ်ရောဂါအမျိုးမျိုး
တို့ကို အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးမည်ဖြစ်ပါသည်။ ။





ဆက်သွယ်ရန်-

032-6540664  ဘူချောန်းအလုပ်သမားရိပ်သာ
ဝ၁ဝ -၂၇၈၈-၇၁၅၃ (ဦးခင်မောင်ရင်)

မှတ်ချက်၊ ၊ လူများသောကြောင့် တိုကင်များကို ၁၁ နာရီတွင်ကြိုတင်လာယူကြပါရန်နှင့်
ယခုအပတ်သည် ၂၀၁၃ခုနှစ်၏ နောက်ဆုံးဆေးကုအပတ်ဖြစ်ကြောင်း သိရပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားခြင်း

ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

စာရေးဆရာ ဦးကျော်ဝင်း ဘာလဲ၊ ဘယ်လဲ

ရေးသားသူ - ဝင်းလှိုင်

                                                author U Kyaw Win

ကျနော်ဟာ ဆရာရဲ့ ပရိသတ် တစ်ယောက်ဖြစ်သလို၊ ဆရာရဲ့ စာပေဟောပြောပွဲတွေကိုလည်း မလွတ်တမ်းနားထောင်တတ်သူပါ။ ဆရာဟာ မကြာခင်အချိန်တွေကစပြီး စစ်အစိုးရအလိုကျစကားတွေကို ပြောလာသလို၊ ဒီိမိုကရေစီဖက်တော်သားတွေကို ထိုးနှက်တဲ့ စကားလုံးတွေကိုသုံးနှုံး လာတာကို သတိပြုမိလာပါတယ်။ ဆရာဟာပြည်သူလေးစားတဲ့စာရေးဆရာတစ်ယောက် ဖြစ်ရဲ့သားနဲ့ ပြည်သူတွေဖက်က မရပ်တည်ဘဲနဲ့ စစ်အစိုးရဖက်ကလိုက်ပြီးဘာလို့ပြောနေရတာလဲဆိုတာနားမလည်နိုင်အောင်ဖြစ်ရပါတယ်။ ဆရာကိုစစ်အစိုးရက ဝယ်လိုက်ပြီလား၊ ဒါမှမဟုတ် ဆရာကိုယ်တိုင်ကပဲ အလကားမတ်တင်းနဲ့ ကိုယ့်ကိုကိုယ်ထိုးရောင်းလိုက်ပြီလားဆိုတာကိုတော့ ဆရာကိုယ်တိုင်ပဲ သိမယ်ထင်ပါတယ်။

(၄၊၁၂၊၂၀၁၃) ရက်နေ့ကလာတဲ့ အာဖက်အေ ညပိုင်းအစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးသိန်းစိန်တို့အကြား ကမ်းလှမ်းမှု၊ တုန့်ပြန်မှု၊ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး အင်တာဗျူးထားတာကို ဆရာဖြေကြားပုံနဲ့ပတ်သက် ပြီး အလိုမကျတဲ့ အတွက် ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။ ကျနော်ဘာမှမဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ကာလာမ ရွာသားတွေကိုဟောကြားတဲ့တရားတော်ထဲမှာ ငါဟောကြားတဲ့တရားတွေကို ကိုယ်တိုင်မကျင့်ကြံဘဲနဲ့ မယုံကြည်ဖို့ ၊ ကိုယ်တိုင်ကျင့်ကြံ ပြီး အကျိုးရှိတယ်ဆိုမှ ယုံကြည်လက်ခံဖို့ ဟောကြားထားတာဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘုရားရှင်ကိုယ် တော်တိုင် သူဟောကြားတဲ့တရားတော်ကို အမှားအမှန်ဝေဖန်၊ ဆန်းစစ်ပြီး ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပြီး တကယ်အကျိုးရှိတယ်ဆိုမှ လက်ခံ ခိုင်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် စာရေးဆရာဦးကျော်ဝင်းကို ဝေဖန်အကြံပြုတာကို အားလုံးနားလည် လက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပထမဆုံးအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲထားတဲ့ နောက်ခံသမိုင်းကြောင်းကို ဆရာဖြေကြားထားတာကတော့ “ ၂၀၀၈ အခြေခံဥပဒေ ကတော့ အရင် အစိုးရလက်ထက်ပေါ့ဗျာ၊ တိုင်းပြည်မှာ နိုင်ငံရေးအရ crisis တခုဖြစ်နေတော့ အဲဒီ crisis ကနေ ထွက်ပေါက်တခုရအောင် ဆိုပြီးတော့ အဲဒီတုန်းက ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေ အလုပ်လုပ်လို့ ရအောင် ဆိုတဲ့သဘောမျိုးနဲ့ ဖြစ်ပေါ်လာတဲ့ constitution ပေါ့၊ အဲဒီ တော့ အခြေအနေတခုအောက်မှာ ရေးဆွဲရတာ ဖြစ်တဲ့အတွက် ဒီမိုကရက်တစ် စံတွေနဲ့ ပြောမယ်ဆိုရင်တော့ ပြောစရာတွေအများကြီးပဲပေါ့ဗျာ.. အဲဒီကတည်းက ကျနော်တို့က စံတွေနဲ့သိပ်မကြည့်ဘူးဗျ၊ အလုပ်လုပ်လို့ရမရ…….” ဆိုတဲ့ စကားရပ်ကိုကြည့်ခြင်းအားဖြင့် ဆရာဟာ သမိုင်းအမှန်ကို တကယ်မသိတာလို့တော့မထင်ပါဘူး။ သိရဲ့သားနဲ့ ဘာလို့ တမင်ချန်ထားခဲ့တာလဲ ဆိုတာကိုတော့ မေးချင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ပြည်သူတွေအတွက်ထွက်ပေါက်မဟုတ်ပါဘူးဆရာ။ စစ်အာဏာရှင်တွေအတွက်ထွက်ပေါက်ပါ။ ပြည်သူတွေအကျိုးအတွက်ရေးဆွဲခဲ့တာဆိုရင် ဒီလောက်နှစ်တွေကြာစရာမရှိပါဘူး။ တသက်လုံး မြန်မာပြည်ကို စစ်ကျွန်ပြုဖို့အတွက် ရေးဆွဲထားတာမို့ (၁၅)နှစ်ကြာခဲ့တာပါ။ သူတို့ရဲ့ အသက်အိုးအိမ်၊စည်းစိမ် လုံခြုံရေး အတွက်ရေးဆွဲထားတာဖြစ်တဲ့အတွက် ဒီအခြေခံဥပဒေကို ဘယ်သူမှမပြင်နိုင်အောင်လုပ်ထားခဲ့တာပါ။ ထပ်ရှင်းအောင်ပြောရရင် စစ်ခွေးတွေရေးဆွဲခဲ့တာမို့လို့ လူတွေပြင်ဖို့ခက်နေတာပါ။ NLD ဟာဘာကြောင့် ဒီညောင်နှစ်ပင်ညီလာခံက ထွက်ခဲ့ရသလဲ ဆိုရင် ဒီမိုကရက်တစ်စံတွေနဲ့ မရေးဆွဲဘဲ၊ စစ်ခွေးတွေအာဏာတည်မြဲရေးစံတွေနဲ့ ရေးဆွဲနေတာဖြစ်တဲ့အတွက် ဒီညီလာခံကို ကျောခိုင်းခဲ့တာဖြစ်ပါတယ်။ ယခုလက်ရှိ သမ္မတဦးသိန်းစိန်ဟာ အဲဒီတုန်းက ညီလာခံရဲ့ ဥက္ကဌတစ်ယောက်ပါ။

ဒုတိယမေးခွန်းကတော့ NLD ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုသဘောထားတွေ၊ ဆန္ဒတွေကောက်ယူနေတာနဲ့ ပတ်သက်ပြီး ဆရာသဘောထားကိုမေးတဲ့အခါ “ အဲဒါကတော့ဗျာ.. လူထုဆန္ဒခံယူပွဲဆိုတာ ကျနော်တို့ နိုင်ငံအခြေအနေမျိုးမှာ သိပ်အယုံအကြည် မရှိဘူးဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကောက်တဲ့သူ ဖြစ်စေချင်တဲ့ဖက်ကို ဖြစ်သွားတာပဲများပါတယ်။ နောက်တခုကလူထုပေါ့ ၊လူထုကအရေးကြီး တယ်ဆိုပေမယ့် လက်ရှိအခြေအနေမျိုးမှာ လူထုဟာ ဒီလိုမဟာဗျူဟာ သဘောဆောင်တဲ့ အပြောင်းအလဲတွေကို ချည်းကပ်ဖို့တာဝန်လည်းမရှိဘူး၊ လုပ်ချင်စိတ်လည်းမရှိဘူး၊ ဒီထက်ပိုရှင်းရှင်းပြောရရင်ဗျာ အခြေခံဥပဒေဖတ်ဘူးတဲ့သူဘယ်နှယောက်ရှိမလဲ………..” လွတ်လပ်စွာပြောဆိုပိုင်ခွင့် ဆိုတာလူတိုင်းမှာရှိပါတယ်ဆရာ။ ဒါပေမယ့် နာဂစ်လေမုန်တိုင်းကြောင့် ပြည်သူတွေဒုက္ခရောက်နေတဲ့ အချိန်၊ ၂၀၀၈ ဖွဲ့စည်းပုံလူထုဆန္ဒခံယူပွဲ လုပ်တုန်းက ပြည်သူ့စာရေးဆရာတယောက်က ဘာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲကို အယုံအကြည်မရှိပါဘူးလို့ မပြောခဲ့တာလဲ။ ဆရာမပြောရဲလို့မဟုတ်လား။ ဆရာဟာ NLD ကိုသာမကဘူး၊ လူထုကိုပါစော်ကားလိုက်တာလို့ခံစားရပါတယ်။ ဆရာပြောသလို ဒီအခြေခံဥပဒေဖတ် ဘူးတဲ့သူဘယ်နှယောက်ရှိသလဲတဲ့၊ မှန်ပါတယ်ဆရာ….အပြောင်းအလဲတွေလုပ်နေပါပြီဆိုပြီး ဝါဒဖြန့်လိမ်ညာနေတဲ့ ဗိုလ်သိန်းစိန်အစိုးရ လက်ထက်မှာ ပြည်သူတွေဟာ ပိုပြီးဆင်းရဲတွင်းနက်နေလို့၊ ထမင်းတလုတ် အတွက်ရုန်းကန်နေရလို့ ဒီအခြေခံဥပဒေကိုဖတ်ဖို့ အချိန်မရှိနိုင်ဘူးဆိုတာ ကိုလည်း ဆရာပိုသိမှာပါ။ ကျိန်းသေပေါက်ကျနော်ပြောနိုင်တာကတော့ ပြည်သူတွေအားလုံး ဒီအခြေခံဥပဒေစာအုပ်ကို ဖတ်ပြီးပြီဆိုရင်တော့ ပြင်ဖို့ တောင်းဆိုတော့မှာမဟုတ်ဘူးဆရာ။ အားလုံးမီးပုံရှို့ခိုင်းပြီး အသစ်ပြန်ရေးဆွဲခိုင်းလိမ့်မယ်။

တတိယမေးခွန်းကတော့ နိုင်ငံတကာ တောင်းဆိုနေကြသလို ဒီဖွဲ့စည်းပုံထဲမှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို ကန့်သတ်ထား တဲ့ အချက်တွေကို ဖယ်ရှားပေးဖို့လိုတဲ့ ပြင်ဆင်ချက်မျိုးအထိ ဆရာအနေနဲ့လုပ်လာလိမ့်မယ်လို့ ဘယ်လိုထင်ပါသလဲ။ တကယ်လို့ ဒီအချက်တွေကို မပြင်နိုင် ဘူးဆိုရင်ကော ဘာတွေဖြစ်လာမယ်မှန်းဆမိပါသလဲ။ “ နိုင်ငံတကာက အကြံပေးရုံ၊ တိုက်တွန်းရုံလောက်နဲ့ဆို ကိစ္စမရှိဘူး။ ဖိအားဆိုတဲ့ သဘောမျိုး နဲ့ချည်းကပ်မယ်ဆိုရင်တော့ ပိုရှုပ်ကုန်မယ်ဗျ။ ဒါကဘာလို့လဲဆိုတော့ ပြည်တွင်းရေးဖြစ်နေတော့ ပြည်တွင်းနိုင်ငံရေးပါတီတွေဆုံးဖြတ်တာအကောင်း ဆုံးပဲ…………” လုပ်ချလိုက်ပြန်ပြီဆရာကတော့….ပြောရင်းပြောရင်းနဲ့ကို ပိုပိုဆိုးလာတယ်။ အာဏာရှင်တွေအဆက်ဆက်သုံး လာတဲ့ စကားလုံးတွေ ဆရာပါးစပ်ထဲကိုအကုန်ရောက်ကုန်တာ အံ့သြမိပါတယ်။ ဘာတဲ့ ပြည်တွင်းရေးတဲ့ ဟုတ်လားဆရာ..သူများပြည်တွင်းရေး ကိုမဆိုင်တဲ့သူတွေလာမရှုပ်ကြနဲ့လို့ ပြောနေသလိုကိုခံစားမိနေပါတယ်ဆရာ။ ကမ္ဘာကြီးဟာရွာကြီးဖြစ်နေပြီ၊ ကမ္ဘာကြီးပြားသွားပါပြီလို့ ရေးရေး နေတဲ့ဆရာဟာ ကမ္ဘာကြီးထဲမှာရှိနေတဲ့မြန်မာပြည်ကြီးကို တခြားဂြိုလ်တခုခုမှာရောက်သွားပြီလို့များ ထင်နေသလားဆရာ။ ဒီကမ္ဘာကြီးငြိမ်းချမ်းဖို့၊ ဒီကမ္ဘာလောကကြီးထဲမှာ နေထိုင်နေကြတဲ့လူသားတွေ ငြိမ်းချမ်းဖို့အတွက် ယဉ်ကျေးတဲ့ ကမ္ဘာ့လူမှုအသိုင်းအဝိုင်းက ပြောဆိုဝေဖန်နေရမယ်ဆရာ။ လိုအပ်ရင် အရေးယူ အပြစ်ပေးရမယ်ဆရာ။ ကြီးနိုင်ငယ်ညှင်းခေတ်ကြီးက အာဏာရှင်တိုင်းပြည်တွေမှာ၊ အစွန်းရောက်တဲ့ ဘာသာရေး အကြမ်းဖက်တဲ့ တိုင်းပြည်တွေမှာပဲရှိတော့တယ်ဆရာ။

ဆရာကို ကျနော်ဘယ်လိုနားလည် ရပါ့မလဲ။

အားလုံးကိုလေးစားလျက်
ဝင်းလှိုင် (၆၊၁၂၊၂၀၁၃)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 4, 2013

မြန်မာစင်တာ သင်တန်းဆင်းပွဲ ဖိတ်ကြားစာ



ဘူဖျောင်းမြို့ မြန်မာစင်တာတွင် ၂၀၁၃ ဒုတိယနှစ်ဝက်အတွင်း ဖွင့်လှစ်ခဲ့တဲ့ သင်တန်းအသီးသီးမှာ စိတ်ဝင်တစား ကြိုးစားတက်ရောက်ခဲ့ကြတဲ့ သင်တန်းသားများကို ဂုဏ်ပြုတဲ့ သင်တန်းဆင်းပွဲသို့ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

နေ့ရက် = ၂၀၁၃ ဒီဇင်ဘာ ၈ ရက်
အချိန် = မွန်းလွဲ ၂း၀၀ မှ ၄း၀၀ နာရီအထိ
နေရာ = မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)

အစီအစဉ်- နှုတ်ခွန်းဆက်
- သင်တန်းဆိုင်ရာ တင်ပြခြင်း
- သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း
- ဆရာများကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း
- မြန်မာစင်တာအကြောင်း မှတ်တမ်းရုပ်သံ တင်ပြခြင်း

ပြီးဆုံးသည့် သင်တန်းများ

1) #2/8 TOPIK 3-4 Class
2) #3/8 TOPIK 3-4 Class
3) #4/7 TOPIK 1-2 Class
4) #5/7 TOPIK 1-2 Class
5) #3/7 SPOKEN Class
6) #4/7 SPOKEN Class
7) Advance Computer #4
8) Advance Computer #5
9) Media Class 2013
10) Community Organization 2013

လေးစားလျက်
မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 2, 2013

ဆက်နှစ်မယ့် ဆယ့်နှစ်


                                               constitution pic dvb.no

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့အတွက် ဒီမိုကရေစီစနစ်ကို သွားနေပါတယ်ပြောတဲ့ စစ်အုပ်စုတဖြစ်လဲ လက်ရှိအစိုးရဟာ ပြည်ထောင်စုလွှတ်တော်ကနေတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့ပြီး ပြင်ဆင်ဖို့ကြိုးစားနေတာကတော့ ရပ်သိရွာသိ ကမ္ဘာသိ ဟိုးလေးတကျော်ကျော် ဖြစ်နေလေရဲ့။ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုတဲ့ အခန်းကို ထည့်သွင်းရေးဆွဲထားတာပါလို့ ပြောခဲ့ဘူးပါတယ်။

ဒါဆို ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)မှာပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ဆိုင်ရာ ပုဒ်မတွေကို လေ့လာကြည့်ကြရအောင်။ ဒီအခန်းမှာ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ စုစုပေါင်း ပုဒ်မ (၄)ခု ပြဌာန်းထားပါတယ်။ ဒီထဲက အရေးပါတဲ့ ဒါမှမဟုတ် ပြင်လို့မရနိုင်အောင်ပြဌာန်းထားတဲ့ အပိုင်းတွေကို ဖော်ပြရရင် ပုဒ်မ (၄၃၅)အရ “ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဧ။် (၂၀)ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည် “ ဆိုပြီးပြဌာန်းထားပါတယ်။ အဲဒီ (၂၀)ရာခိုင်နှုန်းဆိုတာ မခဲယဉ်းဘူးလို့ထင်နိုင်စရာရှိပေမဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အပေါ်ယံဟန်ပြ ပြင်တာမျိုးထက် ဒီမိုကရေစီစံနှုန်းနဲ့အညီပြင်ဖို့ စေတနာအမှန်ရှိတဲ့သူဆိုတာ လွှတ်တော်မှာ အချောင်ဝင်ထိုင်နေတဲ့ စစ်သား(၂၅)ရာခိုင်နှုန်းက လုံးဝမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်သားတွေကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတာမဟုတ်တာရယ်၊ ပိုဆိုးတာက သူတို့ကို ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းကသာ ရွေးချယ်ထားတာဖြစ်လို့ပါပဲ။

ရှေ့နေဦးကိုနီ ထောက်ပြသွားတဲ့အချက်က တကယ့်ကိုမှတ်သားလောက်ပါတယ်။ သူပြောတာက “လွှတ်တော်နှစ်ရပ်ပေါင်းမှာ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်က(၄၉၈)ဦးရှိပြီး ကာချုပ်ကရွေးပြီး လွှတ်လိုက်တဲ့ စစ်တပ်ကိုယ်စားလှယ်က(၁၆၆)ဦးရှိပါတယ်။ အချိုးချကြည့်ရင် မြန်မာပြည်လူဦးရေသန်း(၆၀)နဲ့ထားပြီးတွက်ကြည့်ရင်တောင် လူဦးရေ(၁၂၀ ၀၀၀)မှာ အရပ်သားကိုယ်စားလှယ်က(၁)ဦးနှုန်းပဲရှိပေမဲ့ အင်အား(၅၀၀ ၀၀၀)လောက်ရှိတဲ့စစ်တပ်ကတော့ စစ်သား(၃၀၀၀)မှာ စစ်တပ်ကိုယ်စားလှယ်က(၁)ဦးနှုန်းရှိနေပါတယ်။” လို့ ကွက်ကွက်ကွင်းကွင်း ထောက်ပြသွားပါတယ်။ ဒါကိုကြည့်ရင် စစ်အုပ်စုရဲ့ ပက်ပက်စက်စက် မတရားချက်၊ အာဏာကိုမောင်ပိုင်စီးထားချက်ကတော့ ကမ်းကုန်းနေတာကို တွေ့ရမှာပါ။

ဒီဖွဲ့စည်းပုံကိုပြင်ဖို့ လွှတ်တော်မှာအဆိုတင်သွင်းခဲ့တဲ့ ကြံ့ဖွံ့ပါတီကိုတောင် သူတို့ပြင်ချင်ပါတယ်ဆိုတဲ့ အချက်တွေကိုကြည့်ပြီးမှပဲ သူတို့ပြင်ချင်တဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို သိရမှာပါ။ အဲဒီအခါကျရင်တော့ တပ်မတော်ရဲ့သဘောထားအမှန်ကို အဲလေ ကြံ့ဖွံ့ပါတီရဲ့ သဘောထားအမှန်ကို သိရမှာပေါ့ဗျာ။

ပုဒ်မ(၄၃၆) (က)အရ “ဤဖွဲ့စည်းပုံအခြေခံဥပဒေဧ။် အခန်း(၁) ပုဒ်မ(၁)မှ (၄၈)အထိ၊ အခန်း(၂) ပုဒ်မ(၄၉)မှ (၅၆)အထိ၊အခန်း(၃) ပုဒ်မ(၅၉)၊ (၆၀)၊ အခန်း(၄) ပုဒ်မ(၇၄)၊ (၁၀၉)၊ (၁၄၁)၊ (၁၆၁)၊ အခန်း(၅) ပုဒ်မ(၂၀၀)၊ (၂၀၁)၊ (၂၄၈)၊ (၂၇၆)၊ အခန်း(၆) ပုဒ်မ(၂၉၃)၊ (၂၉၄)၊ (၃၀၅)၊ (၃၁၄)၊ (၃၂၀)၊ အခန်း(၁၁) ပုဒ်မ(၄၁၀)မှ (၄၃၂)အထိ၊ အခန်း(၁၂) ပုဒ်မ(၄၃၆)တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးဧ။်(၇၅)နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးဧ။် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” လို့ပြဌာန်းထားပါတယ်။ ဒီပုဒ်မတွေဟာ တည့်တည့်ပြောရရင် စစ်အုပ်စုက ပါတီစုံဒီမိုကရေစီကို အရေခြုံပြီး သူတို့ပဲရာသက်ပန် အာဏာကိုချုပ်ကိုင်ထားဖို့အတွက် ပြဌာန်းချက်တွေပဲဖြစ်ပါတယ်။ (၇၅) ရာခိုင်နှုန်း ဆိုတာကကို တရားလွန်နေပါပြီ။ တကယ်ဖြစ်သင့်တဲ့ နိုင်ငံတကာစံနှုန်းက (၆၆.၆၆) ရာခိုင်နှုန်းပါ။

ဒါကြောင့် ဒီပုဒ်မတွေကို ပြင်လို့မရနိုင်အောင် ပြဌာန်းထားတဲ့အတွက် နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေ ပညာရှင်တွေက ဒီဖွဲ့စည်းပုံဟာ ကမ္ဘာပေါ်မှာ ပြင်ဆင်ဖို့အခက်ဆုံးလို့ မှတ်ချက်ပေးကြတာဖြစ်ပါတယ်။ (၇၅)ရာခိုင်နှုန်းကျော် ထောက်ခံဖို့ဆိုတာက စစ်သားကိုယ်စားလှယ် မပါလို့မရပါဘူး။ အဲဒီစစ်သားကိုယ်စားလှယ် ပါဖို့ဆိုတာကလည်း ကာချုပ်က အမိန့်ပေးမှသာ ထောက်ခံရဲမှာပါ။ တကယ်တော့ သူတို့စစ်အုပ်စုက ပြင်ပေးမှရမယ့် အခြေအနေကို ဖန်တီးထားတာဖြစ်ပါတယ်။

အဲဒီပုဒ်မတွေထဲမှာ ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရနိုင်အောင် ပြဌာန်းထားတာ တနည်းအားဖြင့် ပြည်သူတွေကို စစ်ကျွန်ပြုနိုင်ဖို့ စစ်နွံထဲမှာနစ်နေအောင် ဆက်ပြီးနှစ်မဲ့ အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနဲ့ဆိုင်တဲ့ ပုဒ်မတွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ လက်ဦးမှုယူပြီး ပြင်ဆင်ဖို့က သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ ဒီအခန်းကိုသာ မပြင်ရင်တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ဖို့ဆိုတာ မလွယ်ရေးချ မလွယ်ကြောင်းပါခင်ဗျာ။

သက်နိုင် (၃၀. ၁၁. ၂၀၁၃)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, December 1, 2013

ဘူဆန် အနီးအနားရှိ ရွှေမြန်မာညီအကိုမောင်နှမများ၏ မိတ်ဆုံညစာစားပွဲ ၊ ဂီတနှင့် အကဖျော်ဖြေပွဲ ~

ကိုရီးယားနိုင်ငံ ဘူဆန် ဂယောင်နမ်ဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် ကိုရီးယားပညာတော်သင်  ကျောင်းသား/ကျောင်းသူများ အတူတကွ ပူးပေါင်းလက်တွဲကာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအကြောင်း  မိတ်ဆက်ပွဲနှင့် မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားသူ ကိုရီးယားနိုင်ငံသားများ နှင့် ရွှေမြန်မာညီအကို မောင်နှမများ၏ မိတ်ဆုံစားပွဲကို လာမည့် တနင်္ဂနွေနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၈ )ရက် တနင်္ဂနွေနေ့တွင် အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရွှေမြန်မာ ညီအကိုမောင်နှမ အပေါင်းတို့အား မပျက်မကွက် တက်ရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျား ... ။


ကျင်းပမည့် နေ့ရက် - ၈-၁၂-၂၀၁၃ (တနင်္ဂနွေနေ့)

ကျင်းပမည့် အချိန် - နေ့လည် (၂ )နာရီ မှ ညနေ (၅) နာရီအထိ

ကျင်းပမည့်နေရာ - 사상여 성인력개발센터

ဆာဆန်းဘူတာအနီး 부산광역시 사상구 광장로 76 송원센터빌딩 9층 Tel. (051)326-7600 Fax.(051)326-4004
(ဆာဆန်းဘူတာ နံပါတ် ၁ ထွက်ပေါက်မှထွက်ကာ တွေ့တွေ့ချင်း အဆောက်အဦး ၉ ထပ်မြောက် ) 

ကျင်းပမည့် အစီအစဉ်များ ..
၁။ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ (မိနစ် ၂၀ ခန့် ) ဆရာ လှမင်းထွန်းမှ  ဗီဒီယိုဆလိုက်များဖြင့် ရှင်းလင်းပြောပြမည် ။

၂။ ဘူဆန်းမြို့ရှိ ကိုရီးယားပညာတော်သင် ကျောင်းသား/သူ ညီအကို မောင်နှမများ၏ ရွှေစွန်ညို အက ၊ ရိုးရာ သင်္ကြန် အက ၊ တေးသီချင်း သီဆိုဖျော်ဖြေမှု 
( ကိုပိုင်စိုးကိုမှ ဦးဆောင်စီစဉ်သည် )

၃။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တိုင်းရင်းသားရိုးရာဝတ်စုံပြည့်ဖြင့် သီဆိုကပြဖျော်ဖြေမည့် စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ၊ ဇာတိမာန်သီချင်း တစ်ပုဒ် ဖြင့် သီဆိုကြမည် ......
(ကိုစဟိန်းမင်းလတ်မှ ဦးဆောင်စီစဉ်သည် )

၎။ မြန်မာ့ရိုးရာပြခန်း ပြသမှု .......     ( ကိုဇော်မင်းမှ ဦးဆောင်စီစဉ်သည်)

၅။ ဘူဆန်ဂယောင်နမ် ရွှေမြန်မာညီအကိုများ၏ ရော်ခ်ဂီတအဖွဲ့ဖြစ်သော AN ERA BAND ၏ ခောတ်ပေါ်တေးဂီတ တီးခတ်ဖျော်ဖြေမှု
(တီးဝိုင်းမန်နေဂျာ ကိုတောင်ငူမှ ဦးဆောင်စီစဉ်သည် ) .. အပြင်

ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား မြန်မာစားသောက်ဖွယ်ရာ 
(၁) ကြာဇံကြော် (၂)ဆီထမင်း (၃)ကော်ပြန့် (သို့) စမူဆာ (၄) အုန်းနို့ခေါက်ဆွဲ များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပါမည်။

(မိဘမေတ္တာ စားသောက်ဆိုင် ကိုလင်းလင်းမှ စီစဉ်သည် ) 


ဤအစီအစဉ်အား ဘူဆန်မြို့ ယဉ်ကျေးမှုစင်တာနှင့် ဘူဆန်နိုင်ငံခြားသား အလုပ်သမား အကူအညီပေး ရေးစင်တာတို့မှ ထောက်ပံ့ကူညီကာ အဆိုပါပွဲတွင် ပါဝင်ကပြဖျော်ဖြေကြမည့် မြန်မာညီအကို မောင်နှမ များအား တစ်ဦးချင်းစီ ဆုငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ အဆိုပါ ရရှိမည့် ဆုကြေးငွေများအား ရွှေမြန်မာ ညီအကိုမောင်နှမများမှ ရွှေအလင်းတန်း မြန်မာအသင်းသို့ ထပ်ဆင့်ပြန်လည်လှူဒါန်းကြမည် ဖြစ်ကြောင်းလည်း ဝမ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည် ခင်ဗျား ..... ။


ရွှေအလင်းတန်းမြန်မာအသင်း ..


https://www.facebook.com/groups/goldenlight009/


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>