ဇန္နဝါရီ ၃၁ ၊ အင်ချောန်း
ကိုရီးယားနှစ်- ၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၄-ခုနှစ်ဖေဖေါ်ဝါရီလ ၁) တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အထူးဓမ္မသဘင် ကို ဓမ္မဒူတဆင်တာ(ကိုရီးယား)တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ ၊ တရားနာကြွရောက်တော်မူကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်-
ရက်စွဲ-
၂၀၁၄-ဖေဖော်ဝါရီ၁ (စနေ)
အချိန်-
နေ့လည် ၁နာရီခွဲမှ ၃ နာရီထိ
နေရာ-
ဓမ္မဒူတခမ်းမ
- ဓမ္မသဘင်သို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူပါမည် ။
- ယနေ့ ဓမ္မဒူတလူငယ်များနှင့်အတူ ရေခဲတောင်အပမ်းဖြေခရီးစဉ်လိုက်ပါခဲ့ကြသည့် မိတ်ဆွေအပေါင်းတို့၏ စုပေါင်းအလှူငွေကိုလည်း ဓမ္မသဘင်တွင် ရေစက်ချလှူဒါန်းပါမည်။
ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ဇန် ၃၁
Friday, January 31, 2014
ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူး အထူး ဓမ္မသဘင် ဖိတ်ကြားလွှာ
တယ်လီတော်ကီ ကံထူးရှင် (2014) အမည်စာရင်းကြေညာ
၂၀၁၄ ဇန် ၃၁
တယ်လီတော်ကီ ကံစမ်းမဲဖောက်ပွဲ(၂၀၁၄) အစီအစဉ်ကို ယနေ့ ည ၉ နာရီအချိန် တယ်လီတော်ကီ အရောင်းဆိုင်တွင် မဲနှိုက်ရွေးချယ်ခဲ့ပါသည် ။
- ကတ်ဖုန်း(Prepaid Phone) ကံထူးရှင် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ဆုအတွက် ၊ ကိုနေမျိုးဦး (၀၁၀-၈၆၈၇-၁၃၄၄)က မဲနှိုက်ရွေးချယ်ပေးရာ ပေါက်မဲအမှတ်စဉ် ၃၇ ၊ ပြုံးကိုကို (၀၁၀-၃၀၄၅-၂၀၆၈) ကလည်းကောင်း ၊
- လိုင်းဖုန်း(Postpaid Phone) ကံထူးရှင် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) ဆုအတွက် ကိုကျော်ဇင်လတ်(၀၁၀-၃၀၈၇-၅၅၇၈)က မဲနှိုက်ရွေးချယ်ပေးရာ ၊ ပေါက်မဲအမှတ်စဉ် ၁၂၃ ၊ ရန်နိုင်ထက် (၀၁၀-၉၁၆၂-၇၆၆၁)က လည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားကြပါကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည် ။
ကံစမ်းမဲဖောက်ပွဲသို့ ကြွရောက်အားပေးကြသည့် ညီအစ်ကိုမောင်နှမများနှင့် ၊ ကံစမ်းမဲနှိုက်ပေးကြသည့် ကိုနေမျိုးဦးနှင့် ကိုကျော်ဇင်လတ်တို့အားလည်းကောင်း ၊ တယ်လီတော်ကီကို အစဉ်အမြဲအားပေးလျက်ရှိကြသည့် မိတ်သစ်မိတ်ဟောင်းအပေါင်းတို့အားလည်းကောင်း ကျေးဇူးအထူးတင်ရှိပါသည်။
တယ်လီတော်ကီအား ဆက်လက်အားပေးချီးမြောက်ကြသည့် မိတ်ဆွေတို့၏ စေတနာကို တုန့်ပြန်သောအားဖြင့် ၊ နောင်နှစ်များတွင်လည်း ကံထူးရှင်များရွေးချယ်၍ သင့်တင့်ရာ ဆုငွေတို့ကို ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။
မေတ္တာဖြင့် -
တယ်လီတော်ကီ
၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီ၃၁ ရက်
Thursday, January 30, 2014
ပိတောက်ရိပ်ကုမ္ပဏီရဲ့ အမြန်ချောပို့ဝန်ဆောင်မှု
ရေးသားသူ — ပိတောက်ရိပ်ကုမ္ပဏီ
- နေ့မအား ညမအား အလုပ်များ ကြားရက်များမှာ စာတိုက်ကိုမသွားအားသူများ
- မြန်မာပြည်ရှိ မိသားစု၊ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းများအတွက် လက်ဆောင်ပါ...ဆယ်၊ဖုန်းပါဆယ် ပို့လိုသူများအတွက် EMSစနစ်ဖြင့် တပတ်အတွင်း ရောက်အောင် အထူး သက်သာသည့် ဈေးနှုန်းများဖြင့် ပို့ပေးနေပါတယ်။
- ပါဆယ်ပို့လိုသူများ အနေဖြင့် ပို့လိုသည့် ပစ္စည်းအား ပိတောက်ရိပ်ကုမ္ပဏီသို့ လာရောက်ပေးအပ်ပါက EMSပါဆယ် ဘောက်စ်ဖြင့် လုံခြုံစွာထုတ်ပိုးပြီး လက်ခံသူ လက်ဝယ် ကောင်းမွန်စွာရောက်ရှိအောင် တာဝန်ယူ ပို့ဆောင်ပေးပါမယ်။
- ပါဆယ် အလေးချိန် ၂၀ကီလိုအထိ ပို့နိုင်ပါတယ်။
Wednesday, January 29, 2014
ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူး အလှူတော်များ ဖိတ်ကြားလွှာ
ပါရမီရှင်အပေါင်းတို့ခင်ဗျား
ကိုရီးယားသက္ကရာဇ် ၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၄ခုနှစ် ဇန်နဝါရီ ၃၀ မှ ဖေဖေါ်ဝါရီလ ၂) အတွင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများနှင့် ဓမ္မဓူတလူငယ်များက ဘုရားအမှူးရှိသော ပင့်သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းတို့ကို ဆက်ကပ်ပြီး ကြွရောက် လာကြသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း အာဟာရဒါနဖြင့် ဧည့်ခံလှူဒါန်းကျွေးမွေးကြမည်ဖြစ်ရာ ၊ အောက်ပါအစီအစဉ်များအတိုင်း ၊ ကြွရောက်သုံးဆောင် ကုသိုလ်တော်ယူကြပါမည့်အကြောင်း လေးစားစွာ ဘိတ်မန္တကပြုအပ်ပါသည်-
အလှူတော် အစီအစဉ်များ
၁။ ဇန်န၀ါရီ ၃၁ ရက်၊ သောင်္ကြာနေ့
ဂုံဂျီအမ် လူငယ်များ
၂။ ဖေဖော်ဝါရီ ၁ ရက် စနေနေ့
ပဲခူးဘုရားကြီးလူငယ်များ
၃။ ဖေဖော်ဝါရီ ၂ ရက် တနင်္ဂနွေနေ့
ဓမ္မဒူတလူငယ်များ
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ ( ကိုရီးယား)
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်
ရွှေ့ ပြောင်းအလုပ်သမားများအားလုံးအတွက် သွားအထူးကု (အခမဲ့)
Tuesday, January 28, 2014
မမီးမီးကြိုင်၏ နှလုံးအပေါက် ပိတ်ဆို့ရန် အတွက် တတ်အား သ ရွေ့ လှူကြပါအုံး ခင် ဗျာ ...
Golden Mobile Store ၏ ကိုရီးယားနှစ်ကူး အထူးအစီအစဉ်
ရေးသားသူ — Golden Mobile Store & Little HANOI Restaurant
လေးစားစွာဖြင့်
Golden Mobile Store & Little HANOI Restaurant
PH: 010-4758-6788
Monday, January 27, 2014
RAINBOW Band & Restaurant က ကြိုဆိုပါတယ်
ရေးသားသူ — ရိန်းဘိုး
နှစ်သစ်ကူး ပိတ်ရက်အတွင်း ရိန်းဘိုးမှာ လာရောက် အပန်းဖြေကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။
ဒီလို စားဖွယ်ရာတွေ စီစဉ်ထားပါတယ်...
- ကုန်းဘောင်၊ မုန်ညင်း၊ ချဉ်စပ်၊ ချိုချဉ်၊ ပဲငါးပိ၊ အစိမ်းကြော်၊ ထမင်းကြော်၊ ထမင်းပေါင်း
**(အားလုံး ၀က်/ကြက် ကြိုက်ရာရွေးနိုင်ပါတယ်)
- အမဲကြော်၊ ငါးငြုပ်ကြော်၊ ၀က်သားတုတ်ထိုး၊ ကြက်ဖက်ဖယ်
- ၀က်သားနှပ်၊ အမဲနှပ်၊ ကြက်သည်းမြစ်၊ ငါးခူကြော်နှပ်
- တုန်ယမ်းဟင်းချို၊ ဆယ့်နှစ်မျိုးဟင်းချို၊ ၀က်စွတ်ပြုတ်၊ ၀က်နံရိုးကြံမဆိုင်
- သျှမ်းခေါက်ဆွဲ၊ ကွတ်တီယို (အသုပ်/အရည်)၊ သင်္ဘောသီးထောင်း
- ငုံးကြော်၊ ငါးမုန့်ကြော်၊ တို့ဟူးကြော်/သုပ်၊ ဗယာကြော်/သုပ်၊ မြင်းခွာရွက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ ဆေးဘဲဥသုပ်၊ ၀က်နားရွက်သုပ်၊ ၀က်သားလုံးကြော်၊ ၀က်အူချောင်း
ကိုရီးယားနှစ်သစ်ကူး အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ
ကိုရီးယားနိုင်ငံ၏ နှစ်သစ်မင်္ဂလာ အချိန်အခါကာလ သမယတွင် မိမိတို့ ကာယ ဥာဏ ဝိရီယအားတို့ဖြင့် ရရှိထားသော သန့်ရှင်းမွန်မြတ်သော ဝတ္ထုငွေကြေးထဲမှ ထုတ်နှုတ်၍ မိဘ ဆရာသမားတို့၏ ဂုဏ်ကို ဦးထိပ်ရွက် ပန်ဆင်လျှက် ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) တွင် ဘုရားအမှူးရှိသော ပင့်သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းတို့ကို ဆက်ကပ်ပြီး ကြွရောက် လာကြသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း ဧည့်ခံကျွေးမွေးပါမည်။
၁။ ဇန်န၀ါရီ ၃၀ ရက်၊ ကြာသာပတေးနေ့
ဂေါ်ဂျယ် (MGDSME) ရွှေညီအကိုများ
အရုဏ် ဆွမ်း ။ ကြာဇံချက်
နေ့ဆွမ်း ။ ဧရာဝတီလွမ်းပြေ ငါးခြောက်ထောင်း၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ သီးစုံဟင်း။
၂။ ဇန်န၀ါရီ ၃၁ ရက်၊ သောင်္ကြာနေ့
အရုဏ် ဆွမ်း ။ နန်းကြီးသုပ်။ အလှူရှင် - ကိုစည်သူနှင့်သူငယ်ချင်းများ။
နေ့ဆွမ်း ။ ဒံပေါက်။ အလှူရှင် ကိုအောင်မြတ်သိန်းနှင့် သူငယ်ချင်းများအဖွဲ့။
၃။ ဖေဖော်ဝါရီ ၁ ရက် စနေနေ့
အရုဏ် ဆွမ်း ။ နန်းကြီးသုပ်။ အလှူရှင် - Over Sea မေတ္တာရှင်လေးများ။
နေ့ ဆွမ်း ။ ထောပတ် ထမင်း။ အလှူရှင် - မြင်းခြံ ညီအကိုများအဖွဲ့။
၎။ ဖေဖော်ဝါရီ ၂ ရက် တနင်္ဂနွေနေ့
အလှူရှင် - ရွာမ (အင်းစိန်) လူငယ်များ အဖွဲ့။
အရုဏ် ဆွမ်း ။ မုန့်ဟင်းခါး
နေ့ ဆွမ်း ။ မြန်မာ ထမင်း၊ ဟင်း
ဆရာတော်နှင့် အကျိုးတော်ဆောင်များ
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား)
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်
၁၃၇၅ ခုနှစ် ပြာသို လဆုပ်၁၂ ရက်၊ တနင်္လာနေ့
Sunday, January 26, 2014
အလှူတော်မင်္ဂလာဖိတ်ကြားလွှာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ညီအစ်ကို မိသားစု၏ နှစ်စဉ်ပြုလုပ်နေကျ ကိုရီးယား နှစ်သစ်ကူး နှစ်ဦးဆွမ်းကပ်အလှူကို အန်ဆန်းမြို့ သန္တိကရဝိဟာ၌ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်သည်တော်များအား မြန်မာထ္မင်းဟင်းဖြင့် ဧည့်ခံပြီး ကျင်းပပြုလုပ်မည်ဖြစ်သည်။
မိတ်ဟောင်းများနှင့် တွေ့ဆုံပြီး မိတ်သစ်များနှင့်လည်း မိတ်ဖွဲ့ရင်း အလှူရှင်များ၏ ကုသိုလ်ပါရမီကို ဖြည့်ဆည်းသည့်အနေဖြင့် လာရောက်နိုင်ကြစေရန် ဖိတ်ကြားအပ်ပါသည်။
အလှူတော်မင်္ဂလာကို
မနက် (၁၀း၀၀)နာရီတွင် တရားတော်နာ ရေစက်ချပါမည်
မနက် (၁၁း၀၀)မှစ၍ ဧည့်ခံပါမည်။
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
နေ့၇က် - ၃၁၊ ၁၊ ၂၀၁၄ (သောကြာနေ့)
ဆက်သွယ်ရန်
ကိုသန်းလွင် (၀၁၀-၄၁၃၉-၄၂၄၁)
ကိုဘီဂျေ (၀၁၀-၉၈၈၁-၅၄၂၅)
Saturday, January 25, 2014
မိသားစုကို ကိုရီးယားသို့ အလည်ခေါ်လိုသူများအတွက် ပိတောက်ရိပ်ရဲ့ ၀န်ဆောင်မှု
ရေးသားသူ — ပိတောက်ရိပ်ကုမ္ပဏီ
မြန်မာပြည်က မိသားစုကို Koreaကို အလည်ခေါ်ချင်သူများ အနေနဲ့ ပိတောက်ရိပ်ကုမ္ပဏီကို ဆက်သွယ်နိုင်ပါတယ်။
အသေးစိတ်ကို
ဖုန်း 032-517-5218
padaukglory@gmail.com
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
စကားချပ်။
ဥပဒေအရ အီးပီအက်စ် အလုပ်သမားတွေအနေနဲ့ မိမိမိသားစုခေါ်ခွင့်ပိတ်ထားပါတယ်။
အတူနေခွင့်မရအောင်ပေါ့ဗျာ၊ အတူနေခွင့်ရရင် သူ့နိုင်ငံက မပြန်မှာစိုးလို့၊
ဒါပေမယ့် ဒါဟာ မိသားစုနဲ့ နေခွင့်ရရမယ့် လူ့အခွင့်အရေးကို ချိုးဖောက်တာလို့ မြင်လို့ ကျနော်တို့က အတူနေခွင့်ရဖို့ စီစဉ်ပေးတာပါ။
ဒါပေမယ့် ဥပဒေကိုလည်း ချိုးဖောက်ခြင်းမရှိရအောင် အလည်ဗီစာနဲ့ ၁လမှ ၃လထိ နေခွင့်ရအောင် စီစဉ်ပေးနိုင်ပေမယ့် မြန်မာပြည်ကို မပြန်ဘူးဆိုသူတွေအတွက်တော့ ကျနော်တို့ စီစဉ်ပေးနိုင်စွမ်း မရှိပါဘူး၊ဗီစာပြည့်ရင် မြန်မာပြည်ပြန်မယ့်သူများသာ ကျနော်တို့ကို ဆက်သွယ်ပေးပါ။
ကျေးဇူးတင်ပါတယ်။
ချစ်မြတ်နိုးသော မိသားစုနဲ့အတူ လူတိုင်းနေထိုင်နိုင်ကြပါစေ။
ပိတောက်ရိပ်
၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ဓမ္မဒူတဆရာတော် ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်

ဇန္နဝါရီ၂၅ ၊ အင်ချောန်း
ကိုရီးယားနှစ်- ၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၄-ခုနှစ်ဖေဖေါ်ဝါရီလ ၁) တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အထူးဓမ္မသဘင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၊ ဓမ္မသဘင်သို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
ဆရာတော်ကြီးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကိုရီးယားသို့ရောက်ရှိတော်မူပြီး ၊ နေ့လည် ၁ နာရိ ၃၀ မိနစ်တွင် ဓမ္မဒူတသိမ်တော်ခမ်းမတွင် ကျင်းပမည့် နှစ်ကူးအထူးဓမ္မသဘင်တွင် ၊ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပြီး ဖေဖေါ်ဝါရီလ ၂ ရက်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သို့ ပြန်လည် ကြွချီတော်မူမည်ဖြစ်ပါသည် ။
ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ဇန် ၂၅
လိုအပ်သော နည်းပညာ၊အတတ်ပညာ ရှာဖွေလိုလျှင် ဆက်သွယ်ပါ။
ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျာ…
ကျနော်တို့မြန်မာအသင်း(ကိုရီးယား)ရုံးစိုက်ရာ ဘူချွန်းအလုပ်သမားရိပ်သာသည် မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းအလုပ်သမားတို့၏အကျိုးအတွက် ကျန်းမာရေး၊အလုပ်သမားရေး၊လူမှုရေးစသဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ကိုရီးယားနိုင်ငံရောက် ရွှေ့ ပြောင်းအလုပ်သမားတို့၏လိုအပ်ချက်များကို ရှေ့ ရှုကာ အလုပ်သမားများအတွက် လုပ်ငန်းခွင်ပညာရေး၊အသိပညာ၊အတတ်ပညာများကိုလည်း လိုအပ်သလို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ယခုတဖန် အလုပ်သမားများမှ မိမိတို့အားလပ်ချိန်အတွင်း သင်ကြားလိုသော မိမိတို့ဘဝအတွက် လိုအပ်လျက်ရှိသော ၊အထောက်အကူဖြစ်စေသောသင်တန်းများကိုရှာဖွေ၍ အုပ်စုဖွဲ့ကာ သင်ကြားပေးသောစနစ်ဖြင့် သင်တန်းများကိုလည်း ဖွင့်လှစ်ဖို့ပြင်ဆင်လျက်ရှိပါသည်။မိမိတို့ မြန်မာရွှေ့ ပြောင်း အလုပ်သမားများအနေဖြင့် မိမိတို့သင်ကြားလိုသောသင်တန်းအတွက် အလုပ်သမားများအချင်းချင်း စုဝေး၍သော်လည်းကောင်း၊သူငယ်ချင်းများဖွဲ့၍သော်လည်းကောင်း သင်တန်းတစ်ခုအဖြစ်သီးသန့်ပုံစံဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ မိမိတို့မြန်မာအသင်း(ကိုရီးယား)အနေဖြင့် လိုအပ်သော သင်တန်းအတွက် နေရာနှင့်သင်တန်းဆရာများအား ရှာဖွေပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပေးလိုက်ပါသည်။ သင်တန်းတစ်ခုကို အနည်းဆုံးလူဦးရေ ၅ ဦးထက်ရှိရပါမည်။ ထို့အပြင် သင်တန်းကိုလည်း သင်တန်းကာလတခု ပြီးဆုံးသည်အထိ တက်ရောက်ပေးရပါမည်။ သို့မှသာ မိမိတို့ အနေဖြင့် သီးသန့်သင်တန်းများကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။
အသေးစိတ်သိလိုပါက…
ဦးခင်မောင်ရင် ... ၀၁၀ - ၂၇၈၈ - ၇၁၅၃
မနက်ဖြန် အခမဲ့ဆေးစစ်၊ဆေးကုရှိပါသည်။
မေတ္တာရှင် ကိုရီးယား နယ်လှည့် ဆေးကုဆရာဝန်များအသင်းက လာမည့် ၂ဝ၁၄ ဇန်နဝါရီ ၂၆ရက်၊ တနင်္ဂနွေနေ့ ၊ နေ့ လည် ၂ နာရီမှ ညနေ ၄ နာရီထိ ၊ မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ဘူချောန်းမြို့  ရွှေ့ပြောင်းသူများရိပ်သာ (부천외국인 근로자의집) တွင် အောက်ဖော်ပြပါ ရောဂါများကို ဦးရာလူစနစ်ဖြင့် ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ။
- အာလ်ထရာဆောင်း ရိုက်ကူးပေးခြင်း
- သွား ရောဂါအမျိုးမျိုးကုသပေးခြင်း
- မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါအမျိုးမျိုးကုသပေးခြင်း
- သားဖွား နှင့် မီးယပ်ရောဂါအမျိုးမျိုးတို့ဖြစ်သည်။
ဆက်သွယ်ရန်၊ ၊
ဦးခင်မောင်ရင် ... ၀၁၀ - ၂၇၈၈ - ၇၁၅၃
မှတ်ချက်၊ ။လူဦးရေများပြားသောကြောင့် ကြိုတင်သွားရောက်၍တုံကင်များယူထားရန်
Friday, January 24, 2014
အယောက် ၃၀ သာ လိုတော့တဲ့ ဂျဲဂျူ ခရီးစဉ်
Tuesday, January 21, 2014
ရေခဲတောင်(နှင်းတောင်)သွား အပမ်းဖြေကြမည့် ဓမ္မဒူတ လူငယ်များအတွက် မေတ္တာစာ
ဆောင်းရာသီ ရေခဲတောင်တက် အပမ်းဖြေကြမည့် မောင်မယ်အပေါင်းတို့ ခင်ဗျား
ကိုရီးယားမှာ ရေခဲတောင်တက် နှင်းလျှောစီးတယ်ဆိုတဲ့ ကိစ္စတာ ၊ ကိုရီးယားကို မကြာသေးမှီက ရောက်လာကြတဲ့ ကျနော်တို့မြန်မာလူငယ်များအဖို့ စိမ်းနေမှာအမှန်ပါ။
ရေခဲတောင်မှာ အလှပြ နှင်းလျှောစီးနေကြတာတွေ ၊ တီဗီဇာတ်လမ်းတွဲမှာ မြင်ဖူးတာတွေကို အားကျပြီး ၊ ရေခဲပြင် နှင်းလျှောစီးချင်ကြတဲ့ ညီအစ်ကိုမောင်နှမများလည်း ရှိမှာပါ ။
ရေခဲပြင်နှင်းလျှောစီးတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး ။ စက်ဘီးစီးသလိုမျိုး အလေ့အကျင့်ရှိဖို့လိုအပ်ပါတယ် ။ ပြောချင်တာကတော့ လေ့ကျင့်မှုမရှိဘဲ ရေခဲပြင်နှင်းလျှောစီးခြင်းမပြုကြဖို့ပါပဲ ။
အဲသည်ကိုရောက်လျင် တွေ့ကြရမှာပါ ။ ထိမိခိုက်မိ ကျိုးပဲ့ ဒဏ်ရာရသူတွေကို အချိန်နှင့်အမျှ တစ်ယောက်ပြီး တစ်ယောက် ထမ်းစင်နှင့်ထမ်းထုတ် ၊ တွန်းလှည်းနှင့်တွန်းထုတ် စွပ်ဖားနှင့်ဆွဲထုတ်သွားတာတွေ ပေါ့ ။
ရေခဲတောင်မှာ စကီတ်ဝတ်စုံဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ချင်ကြတယ်ဆိုလျင် ၊ (အုပ်စုလိုက်) စကိတ်ဝတ်စုံ ၁ စုံ ၂ စုံ ဆို လုံလောက်မယ်လို့ ယူဆပါတယ်။(လူတိုင်း ဝတ်စုံငှားဖို့မလိုပါ) ။ စကိတ်မစီးလျင် အနှံ့လျှောက်လည်လို့ရပါတယ် ။
စကိတ် ဝတ်စုံဝတ် ၊ စကီဖိနပ် (Ski-board) စီးပြီးလျင် စကိတ်စီးဖို့ မဆိုထားနှင့် ၊ ပုံမှန်လမ်းလျှောက်ရတဲ့ကိစ္စတောင် လွယ်ကူတဲ့ကိစ္စ မဟုတ်ပါ ။ (ဝတ်စုံစကိတ်ဘုတ်ပြားဝတ်ပြီး သွားရလာရတာ အဆင်မပြေတတ်ပါ )
စကိတ်ဝတ်စုံ (ဘုတ်အပါအဝင်) ငှားရာမှာ ၊ ကစားကွင်း အငှားဌာနမှာ ငှားလို့ရသလို အနီးအနားရှိ အငှားဆိုင်တွေမှာလည်း ငှားလို့ရပါတယ် ။ သတ်မှတ်ဈေးရှိပေမယ့် ဈေးဆစ်လို့ရပါတယ်။ တစ်ဦးချင်း ငှားရတာထက် အုပ်စုလိုက်ငှားတာက ဈေးသက်သာပါတယ် ။ (မလိုအပ်ပဲ ဝတ်စုံမငှားပါနှင့် ၊ ပိုက်ပိုက်အလကားဖြစ်မယ် ။)
စကိတ်စီး လေ့ကျင့်လိုသူများ တောင်ခြေ မြေပြန့်မှာ လေ့ကျင့်ပေးနေတာတွေရှိပါတယ် ။ နည်းပြဝန်ထမ်းတွေ(အခမဲ့) ပြသပေးတာတွေရှိသလို ၊ အခကြေးငွေဖြင့် လေ့ကျင့်ပေးနေတာတွေလည်းရှိပါတယ် ။ အဲသည်မှာ သင်ယူလေ့ကျင့်လို့ရပါတယ် ။ တောင်ပေါ်ကိုတက်သွားပြီး နှင်းလျှောစီးလမ်းကြောင်းပေါ်ရောက်သွားလျင်ဖြင့် စကိတ်ကို ကျွမ်းကျင်စွာ မစီးတတ်ဘူးဆိုလျင် တောင်အောက်သို့ ပုံမှန်အနေအထားဖြင့် ပြန်ရောက်ဖို့မလွယ်ဘူးဆိုတာလည်း မှတ်ထားကြစေချင်ပါတယ် ။
တောင်ပေါ်ကိုတက်ရာမှာ သည်အတိုင်းတက်ဖို့မလွယ်ပါဘူး ။ ယာဉ်စီးပြီး တက်ကြရမှာပါ ။ အဲသည်စီးတဲ့ယာဉ်ကို ကိုရီးယားလို ဂေါန်ဒိုလာ(Gondola: 곤돌라) လို့ခေါ်ပါတယ် (မွေးစားစကားပါ) ။ ကေဘယ်လ်ခါး(Cable-car) လို့ ပြောပြီး တောင်တက်ယာဉ်စီး လက်မှတ်ဝယ်လို့ ရမည်မဟုတ်ပါ ။ ဒါလေးလည်း မှတ်ထားကြစေချင်ပါတယ်။
စကိတ်စီးဖို့ သို့မဟုတ် စကိတ်စီးလေ့ကျင့်ဖို့အစီအစဉ်မရှိသူတွေ ၊ သင့်တော်ရာ ဖိနပ်များ မိမိ အစီအစဉ်ဖြင့် ယူသွားလို့ရပါတယ် ။ ဂေါန်ဒိုရာ လက်မှတ်ဝယ်ရာမှာရော စီးရာမှာပါ တန်းစီဝယ် တန်းစီစီးရတာမို့ တန်းစီရတာနှင့်တင် အချိန်ကုန်တတ်တာကိုလည်း သတိပြုကြစေချင်ပါတယ် ။
မိတ်ဆွေတို့ ရေခဲတောင်တက် သွားကြမည့် ရက်ဟာ ပိတ်ရက်ကြီးဖြစ်တာမို့ ယာဉ်ကြောတွေ ပိတ်တတ်ပါတယ် ။ (တရံရောအခါက ကျနော်တို့အဖွဲ့ လမ်းမှာတင် တစ်ရက်ကုန်သွားတဲ့ အဖြစ်တောင်ရှိခဲ့ဖူးပါတယ် ၊ခုတော့ သိသွားပြီမို့ အဲသလို ဖြစ်မည်မဟုတ်တော့ပါ)။ ဘယ်လိုကြောင့်ဖြစ်ဖြစ် ယာဉ်ကြောပိတ်လို့ မိတ်ဆွေတို့ သွားလိုတဲ့ ရည်မှန်းချက်နေရာကို အချိန်မှီ မရောက်နိုင်ခဲ့လျင်ဖြင့် တစ်ရက်တာ ခန္တီပါရမီဖြည့်ဆည်းကြဖို့ ကိုလည်း တစ်ပါတည်း မေတ္တာစာ ပါးလိုက်ပါတယ် ။
နောက်ပြီး မိတ်ဆွေတို့ သွားမည့် ခရီးဟာ အုပ်စုခရီး ၊ ယဉ်ကျေးမှုစင်တာခရီး ဖြစ်တာမို့ မိမိတစ်ဦးတစ်ယောက်အတွက် အများရဲ့ အချိန် ၊ အများရဲ့ ဂုဏ်သရေကို မထိခိုက်စေဖို့ကိုလည်း ဂရုပြုကြစေချင်ပါတယ် ။
နောက်ပြီး မိတ်ဆွေတို့ သွားမယ့်ခရီးဟာ စီးပွါးရေးအကျိုးအမြတ်အတွက် သွားတဲ့ခရီးမဟုတ်ဘဲ ၊ ပိုမိုတဲ့ အကျိုးအမြတ်ကို ဓမ္မဒူတ စင်တာသို့ လှူဒါန်းမှာ ဖြစ်လို့ မသွားမှီကတည်းက မိတ်ဆွေတို့ သွားတဲ့ခရီးဟာ အလှူတော်ဒါနပါရမီခရီးအဖြစ် ကြိုတင် နှလုံးသွင်းထားကြစေလိုကြောင်း မေတ္တာစာပါးလိုက်ပါတယ် ။
နှလုံးသွင်းတတ်လျင် ၊ အပမ်းဖြေခရီးသွားတာတောင်ကုသိုလ်ရသတဲ့ ။
မေတ္တာဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၄-ဇန်-၂၁
ဂင်မ်ဟဲ ဓမ္မယာနကျောင်း အလှူတော် ဖိတ်ကြားလွှာ
Monday, January 20, 2014
ရွှေအလင်းတန်း မြန်မာအသင်း၏ နှစ်ဦး ဆွမ်းကပ်ပွဲ ဖိတ်ကြားလွှာ
ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့အား ရွှေအလင်းတန်း မြန်မာအသင်း၏ နှစ်ဦး ဆွမ်းကပ်ပွဲသို့ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
တယ်လီတော်ကီ အရောင်းဆိုင်တွင် (အိတ်ဆောင် အင်တာနက် ဖမ်းစက်) WiBro Egg များ အလွတ်ရောင်းချပေးနေပါပြီ
- လိုင်းကြေး (MEMBERSHIP FEE) မရှိ
- လစဉ်ကြေး- ဝမ်၂၄,၀၀၀
- လစဉ် ဒေတာ (GIGA) - ကန့်သတ်မဲ့(UNLIMITED)
- ကြိုတင်ငွေပေးစနစ်ဖြင့် ကတ်ဖြည့်ပြီး အသုံးပြုရသည့်စနစ်ဖြစ်သည်
- စာချုပ်ချုပ်ဖို့ မလိုပါ ၊ (ဘဏ်စာအုပ်မိတ္တူမလို ၊နိုင်ငံခြားသားကတ်မလို)
- အသုံးမပြုလိုလျင် ၊ လိုင်းဖြတ်ဖို့မလို (ကြိုတင်ငွေမဖြည့်ဘဲ ထားလျင်လိုင်းပြတ်သည်)
- မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူအသုံးပြုနိုင်ပါသည်
- အခြားသူတစ်ဦးဦးသို့ လွတ်လပ်စွာ လွဲပြောင်းပေးနိုင်ပါသည်
- အလုံးရေ ကန့်သတ်ထားသည်
- အလိုရှိသူများ ဖေဖေါ်ဝါရီလ ပထမပတ် မတိုင်မှီ မှာကြားတော်မူကြပါ
လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန် ၂၁
Saturday, January 18, 2014
ရွှေအလင်းတန်း မြန်မာအသင်း လုပ်ဆောင်ချက်များကို ၂၀၁၄-၂၀၁၅ နှစ်အတွင်း အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်မည်
ကိုရီးယားနိုင်ငံ ဂမ်ဟဲမြို့ရှိ ရွှေအလင်းတန်းမြန်မာအသင်းသည် ယခု အချိန်တွင် အဖွဲ့ဝင် (၅၉၁) ယောက်ဖြင့် အဖွဲ့၏ လုပ်ဆောင်ချက်များကို ၂၀၁၄-၂၀၁၅ နှစ်အတွင်း အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်မည် ဖြစ်ပါသည်။
အဖွဲ့၏ လုပ်ဆောင်ချက်များတွင် ဘာသာရေး ၊ ပညာရေး ၊ စီးပွားရေး ၊ လူမူရေး ၊ နိုင်ငံရေး ၊ အလုပ်သမားရေး ကိစ္စများကို တက်တက်ကြွကြွဖြင့် လုပ်ဆောင်ကြပါမည်။
လက်ရှိအလုပ်များတွင် အဆင်မပြေသဖြင့် အလုပ်ထွက်လာကြသော ရွှေမြန်မာများအတွက် စာကြည့်တိုက်တွင် တည်းခိုဖို့ရန်အတွက်ပါ အဆင်ပြေအောင် စီစဉ်ပေးပါမည်။
ငှားရမ်းမည့် နေရာအတွက်လည်း ရွှေမြန်မာ ညီအစ်ကိုများ အတွက် အားလုံး အဆင်ပြေမှာသာ ငှားရမ်းမည် ဖြစ်ပါသည်။ အသင်းနေရာသစ်သို့ ပြောင်းရွေ့ရေးအတွက် ရှာဖွေ စုံစမ်းနေပါသည်။
ကိုရီးယားတွင် နှစ်ပြည့်ပြီး မြန်မာပြည် ပြန်မည့်သူများအတွက် ပြန်တော် ပြန်ရောက်သည့်အခါ စီးပွားရေး အမြင်များသင်ကြားပေးမည့် "ပြည်တော်ပြန် အထောက်အကူပြု သင်တန်း"ကိုလည်း ကိုရီးယားလုပ်ငန်းများနှင့် ပူးပေါင်းကာ သင်တန်းဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။
ဘူဆန် နိုင်ငံခြားသားအကူအညီပေးရေး ရုံးမှ လည်း ၂၀၁၄-ခုနှစ် အတွက် အလုပ်သမားဥပဒေ နှင့် ရပိုင်ခွင့်များကိုလည်း ရွှေမြန်မာများကို ဟောပြောပို့ချပေးမည် ဖြစ်ပါသည်။
မကြာမှီ ရောက်ရှိလာတော့မည့် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် သိကောင်းစရာများများ နှင့် ခေါင်းဆောင်ကောင်း ရွေးချယ်နိုင်ကြစေရန် အတွက် နိုင်ငံရေး ဟောပြောပွဲများကိုလည်း ကျင်းပပေးပါမည်။
ရွှေအလင်းတန်း မြန်မာအသင်း နေရာသစ်သို့ ပြောင်းရွေ့နိုင်ရေးအတွက် ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ အလှူငွေများကို မိမိတို့ တတ်အားသရွေ့ ထည့်ဝင်လှူဒါန်းကြပါအုံး ခင်ဗျား..
------------
ဘူဆန်ဘဏ်
황금빛살 (ရွှေအလင်းတန်း မြန်မာအသင်း)
101-2015-2350-05 (부산은행)
--
ကိုမင်းလတ် - 010-7459-3070
ကိုတိုးသူရ - 010-8916-7619
ကိုဇော်မင်း - 010-5946-6694
email - goldenlight009@gmail.com
https://www.facebook.com/groups/goldenlight009/
Thursday, January 16, 2014
တက်တူး (Tattoo)၀ါသနာရှင်များအတွက်သတင်းကောင်း
//ကြော်ငြာ// //ကြော်ငြာ// //ကြော်ငြာ// //ကြော်ငြာ//
မင်္ဂလာပါ....
မြန်မာလူမျိုးများရဲ့တောင်းဆိုမှု့နှင့် လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့မြန်မာလူမျိုး (Tattoo Artist- Young Gun Tattoo) ... ကိုယ်တိုင်
မြန်မာလူမျိုးတွေရဲ့ အများဆုံးတွေ့ဆုံရာအရပ်.... ဘူဖျောင်း ကိုရောက်ရှိ လာပါပြီ.....
တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်မှာ....သေသပ်ခန့်ညားတဲ့ ဒီဇိုင်းတွေနဲ့...
လေးစားယုံကြည်မှု့တွေအပြည့်အ၀ရရှိစေဖို့ တာဝန်ယူပါရစေ။
အရည်အသွေးမြင့်မားတဲ့ စက်ပစ္စည်းများ....
တစ်သက်တာဖျက်လို့မရနိုင်တဲ့ စွဲမြဲစွာကျန်ရစ်စေမဲ့ ဆေးအရောင်စုံ...
တိကျသေသပ်တဲ့ လက်ရာတွေနဲ့ ခေတ်မှီနည်းစံနစ်တွေ စုပေါင်းပြီး၊ အကောင်းဆုံး ပုံထွက်တွေကို ဖန်တည်းပေးပါရစေ...
မိတ်ဆွေ...သူငယ်ချင်းများးအားလုံးကို လေးစား၊ ကျေးဇူးတင်လျှက်
(Young Gun Tattoo) 010-6624-7583
Facebook : youngguntattoo123@gmail.com
မှတ်ချက်..... ဒီဇိုင်းလိုချင်သူများ ကြိုတင်ရက်ချိန်း ယူပေးပါ..
24 နာရီ..365 ရက် ပိတ်ရက်မရှိပါ...
ကြိုက်တဲ့အချိန် အဆင်ပြေတဲ့ နေရာဆက်သွယ်ပါ။
Tuesday, January 14, 2014
မြန်မာအသင်း (ကိုရီးယား) နဲ့ ဂျဲဂျူဒိုသို့ သွားကြမယ်။
မဇ္ဈိမသတင်း
Monday, January 13, 2014
ဓမ္မဒူတ လူငယ်များ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီး ထွက်မည်
ဇန္နဝါရီ ၁၃ ၊ အင်ချောန်း
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား) အနေဖြင့် ၂၀၁၄-ခုနှစ် ၊ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီးအဖြစ် ဇန္နဝါရီလ ၂၆ ရက်(တနင်္ဂနွေ) နှင့် ၃၁ ရက်နေ့ (ဆောလားပိတ်ရက်)တို့တွင် ဂန်ဝေါန်ဒို (Ganweon Do) ရှိ vivaldipark (ဤနေရာနှိပ်ပါ) သို့ အပမ်းဖြေခရီး ထွက်ခွါရန် စီစဉ်ထားပါသည် ။
အဆိုပါ ရေခဲတောင် အပမ်းဖြေ ခရီးစဉ်သို့ လိုက်ပါလိုသူများ ကားခ အသွားအပြန်စရိတ် တစ်ဦးလျင် ဝမ် ၂ သောင်း ၅ထောင်(ဝမ်နှစ်သောင်းငါးထောင်) နှုန်းဖြင့် လိုက်ပါနိုင်ပါသည်။
ဝမ်နှစ်သောင်းငါးထောင်မှာ အသွားအပြန်ကားခ သက်သက်သာ ဖြစ်ပြီး ၊ အခြားစရိတ်များမှာ ညီအစ်ကို ခရီးသည်များ၏ လွတ်လပ်သည့်ဆန္ဒအရ ရွေးချယ်အသုံးပြုနိုင်ပါသည် ။
ဝင်ကြေးမရှိပါ။
လိုက်ပါလိုသူများ အောက်ဖော်ပြနေရာများတွင် ကြိုတင်စာရင်းသွင်းမှာယူနိုင်ပါသည်-
- 032-521-7571: Sagawar
- 032-518-1792: Myanmar Thagyi
- 032-521-2290: Mother’s House
- 032-507-3236: Son See Yar
- 070-7761-2457: Teletalki
- 010-4303-0399: Ywet Hla Ein
အသက်သာဆုံးသော ဝန်ဆောင်မှုများဖြင့် ၊ မြန်မာတို့၏ အကျိုးကိုဆောင်ပါအံ့ ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)လူငယ်များ
http://www.vivaldipark.com/
Sunday, January 12, 2014
အမှန်တရားအတွက် လာရောက် ပူးပေါင်းကြတဲ့ မြန်မာညီအကိုများကို လေးစားဂါရဝပြုပါတယ်
ရေးသားသူ — စိုးမိုးသူ
ကမ်ဘောဒီးယား အလုပ်သမား အယောက်၅၀၀ကျော၊် မြန်မာအလုပ်သမားများ၊ကိုရီးယားအလုပ်သမားသမဂ္ဂနဲ့ကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။
အေးချမ်းတဲ့ရာသီကို အံတုကာ အမှန်တရားအတွက် လာရောက် ပူးပေါင်းကြတဲ့ မြန်မာညီအကိုများကို လေးစားဂါရဝပြုပါတယ် ။
ပိတောက်ရိပ်ကုမ္ပဏီ- ကိုရီးယားနှစ်သစ်ကူးပိတ်ရက် ဂန်ဝန်ဒို နှင်းတောင်သွား အပန်းဖြေခရီး

ဂျန်န၀ါရီ ၃၁ရက် နေ့ချင်းပြန်
စရိတ်ငြိမ်း 150,000 ၀မ်
(အသွားအပြန် ဘတ်စ်ကားခ၊ နေ့လယ်စာ၊ ဆော်လက်တောင်တက်/ဆင်း ကေဘယ်လ်ကားခ၊
နှင်းတောင်တက် ကေဘယ်လ်ကားခ၊နှင်းလျောစီး ၀င်ကြေး၊ ၀တ်စုံ၊စကီးဘုတ် ငှားခ အားလုံးအပါအ၀င်)
ခရီးအစီအစဉ်။။
၁) မနက် ၆နာရီ ဘူဖြောင်း ပိတောက်ရိပ်ကဖေးရှေ့မှ ကားထွက်ပြီး မနက် ၁၀နာရီ ဆော်လက်တောင် ရောက်ရှိ၊ အပန်းဖြေ၊ အမှတ်တရဓာတ်ပုံရိုက်
(တောင်တက်၊ တောင်ဆင်းကို ကေဘယ်လ်ကားဖြင့်)
၂) နေ့လယ်စာ စားသောက်ပြီး ယုန်ဖြောင်း နှင်းတောင်သို့ထွက်ခွာ
၃) နှင်းတောင်သို့ ကေဘယ်ကားဖြင့်တက်မည်၊ ၀တ်စုံ၊စကီးဘုတ်ငှားပြီး နှင်းလျောစီး အပန်းဖြေမည်
၎) ည၁၀နာရီ ဘူဖြောင်းသို့ပြန်လည်ရောက်ရှိ
လိုက်ပါလိုသူများ စရန်ငွေ ၁သိန်းကို
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင် (သို့မဟုတ်)
- Kookmin Bank 392801-04-104589 ZAY MIN သို့  ပေးပို့ နိုင်ပါတယ်။
( ဂျန်န၀ါရီ ၁၉ရက်နေ့ထိ နောက်ဆုံးထား စာရင်းပေးသွင်းပေးပါရန်)
ဆက်သွယ်ရန်။ 010-4187-5218 010-7155-6581
Saturday, January 11, 2014
ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့ အစည်းအဝေးတက်ရောက်ပါရန် ဖိတ်ကြားခြင်း
ဆွေနွေးမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ရွှေအလင်းတန်း မြန်မာအသင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အပေါ်
ဆွေးနွေးတင်ပြခြင်း
(၂) ၂၀၁၄ ခုနှစ် ကိုရီးယားအလုပ်သမားဥပဒေ နှင့် ရပိုင်ခွင့်များအကြောင်း ဆွေးနွေးခြင်း
(၃) မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု အကြောင်း နှင့် မြန်မာနိုင်ငံ၏ စီးပွားရေး
ပေါ်လစီများအကြောင်းကို ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များမှ လာရောက်ဆွေးနွေးခြင်း
(၄) မြန်မာနိုင်ငံအတွက် လက်ရှိအရေးကြီးနေသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ
ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကိုရီးယားရှိ အဖွဲ့အစည်းပေါင်းစုံသဘောတူညီချက်ဖြင့်
ထုတ်ပြန်မည့် " ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကြေငြာချက် " အပေါ်
တင်ပြဆွေးနွေးခြင်း
စသည့်အကြောင်းများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။
နေ့ရက် ။ ။ ၁၂-၁-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန် ။ ။ ညနေ (၄း၀၀) နာရီ
နေရာ ။ ။ ဂမ်ဟဲမြို့ ၊ ရွှေ့အလင်းတန်း စာကြည့်တိုက် သို့
ရွှေအလင်းတန်း မြန်မာအသင်း ကို ဆက်သွယ်ရန် -
ကိုတိုးသူရ 010-8916-7619 (တာဝန်ခံ-၁)
ကိုမင်းလတ် 010-7459-3070 (တာဝန်ခံ-၂)
ကိုဇော်မင်း 010-5946-6694 (ပြန်ကြားရေးတာဝန်ခံ)
https://www.facebook.com/groups/goldenlight009/photos/
နက်ဖြန် လာရောက် ပူးပေါင်းပေးကြပါ
ရေးသားသူ — စိုးမိုးသူ
ဒီပွဲကို ကိုရီးယားရောက် ကမ်ဘောဒီးယားအလုပ်သမားများ၊ ကိုရီးယားအလုပ်သမားသမဂ္ဂ၀င်များ၊ ကျောင်းသားပြည်သူများ ပူးပေါင်းပါဝင်ကြမှာဖြစ်ပါတယ်။...
လွန်ခဲ့တဲ့အပတ်က အခြေခံလစာ တိုးမြင့်ပေးဖို့တောင်းဆိုတဲ့ ကမ်ဘောဒီးယား အလုပ်သမားတွေကို ကမ်ဘောဒီးယားအစိုးရမှ စစ်တပ်ကို စေလွှတ်ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခိုင်းခဲ့တာကြောင့် သေဆုံးသူ ဒဏ်ရာရရှိခဲ့သူများ ရှိခဲ့ပါတယ်။ ဒီလို စစ်တပ်ကို ၀င်ရောက်နှိမ်နင်းစေခဲ့တဲ့သူတွေထဲမှာ ကိုရီးယားအစိုးရကို ကိုယ်စားပြုတဲ့ ကိုရီးယားသံရုံးနဲ့ ကိုရီးယားလုပ်ငန်းရှင်တွေ ပါဝင်နေကြပါတယ်။
ကျနော်တို့ နိုင်ငံဟာလည်း လက်ရှိ အလားတူ ဝေဒနာကို ခံစားနေရပါတယ်။ တိုင်းတပါးအစိုးရနဲ့ တိုင်းတပါးလုပ်ငန်းရှင်တွေရဲ့ မြန်မာပြည်တွင်း ၀င်ရောက်နယ်ချဲ့မှု၊ အရည်အချင်းမဲ့မြန်မာအစိုးရကို သူတို့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးပြုကာ ကျနော်တို့ပြည်သူတွေ အလုပ်သမားတွေကို ဖိနှိပ်နေတာမို့ မြန်မာပြည်သူတွေနဲ့ အလုပ်သမားတွေရဲ့ နာကျင် ငြီးတွား အောင်ဟစ်သံများဟာ ခုထိ နေရာအနှံ့အပြားမှာ ဆူလောင်နေဆဲပါ။
ဘ၀တူ အလုပ်သမားများရဲ့ မတရား ဖိနှိပ်ခံရမှုကို ကျနော်တို့ တာဝန်သိတတ်တဲ့ မြန်မာအလုပ်သမားများအနေနဲ့ ဒီအတိုင်း ကျော်လွန်သွားဖို့ဟာ မသင့်တော်ပါ။ တက်ရောက်နိုင်သူ အားလုံးကို ဖိတ်ခေါ်ပါတယ်။
မနက်ဖြန် ဆန္ဒပြပွဲကို လာရောက် ပူးပေါင်းမည့် ညီအကိုများအားလုံးကို နံပတ်၁လိုင်း 종각ဘူတာ(city hallဘူတာရဲ့နောက်တဘူတာ) ထွက်ပေါက်၎မှာ မနက်၁၀နာရီ ၅၀မိနစ်ထိ ကျနော် စောင့်နေပါ့မယ်။
ဒီလင့်မှာ သွားပြီး ကမ်ဘောဒီးယားအစိုးရရဲ့ ရက်စက်မှုကို လက်မှတ်ရေးထိုး ကန့်ကွက်နိုင်ပါတယ်။
Labor is the one!!
တယ်လီတော်ကီကံစမ်းမဲအစီအစဉ် စည်းကမ်းချက် ဖြည့်စွက်ခြင်း
တယ်လီတော်ကီ မိတ်ဆွေအပေါင်းတို့ခင်ဗျာ
တယ်လီတော်ကီ၏ လာမည့် ကိုရီးယားနှစ်ကူးကံစမ်းမဲအစီအစဉ်တွင် ၊ အမည်ငှားဖြင့်ကိုင်ဆောင်နေသူများ အကျုံးဝင်မည်မဟုတ်ကြောင်း ကြေညာထားခဲ့ပါသည် ။ သို့ရာတွင် အချို့သောမိတ်ဆွေများမှာ ၄င်းတို့ မိတ်ဆွေများအား လူမှုရေးအရ ခေတ္တငှားရမ်းပေးထားရကြောင်းနှင့် အဆိုပါပုဂ္ဂိုလ်များ အကျုံးမဝင်ဝင်ဘူးဆိုလျင် ၊ မူလဖုန်းပိုင်ရှင်ကို ပေးသင့်ကြောင်း အဆိုပြုလာသူများရှိပါသည် ။
အဆိုပါ အကြံပြုချက်အား လေးစားတန်ဘိုးထားသောအားဖြင့် လည်းကောင်း ၊ ဤ ကံစမ်းမဲအစီအစဉ်မှာ မြန်မာမိတ်ဆွေများအတွက် စီစဉ်ထားခြင်း ဖြစ်သဖြင့်လည်းကောင်း ကံစမ်းမဲအစီအစဉ်တွင် အောက်ပါစည်းကမ်းချက်များထပ်မံ ဖြည့်စွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည် -
- ကံစမ်းမဲပေါက်သည့် ဖုန်းနံပါတ်အား ချက်ချင်းခေါ်ဆိုမည်ဖြစ်ရာ အမည်ငှားကိုင်ဆောင်နေသူဖြစ်ပါက မူလဖုန်းပိုင်ရှင်၏ အမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်အား ဖြေကြားပေးနိုင်လျင် ကံစမ်းမဲ ချီးမြှင့်ပါမည် ။(ကိုင်ဆောင်သူနှင့်အမည်ရှင်တို့ ညှိနှိုင်းယူကြရန်ဖြစ်ပါသည်)
- မြန်မာနိုင်ငံသားများမှ အပ ကိုရီးယားများ အပါအဝင် အခြားသောနိုင်ငံသားများအား ထည့်သွင်းစဉ်းစားမည်မဟုတ်သဖြင့် အဆိုပါ ပုဂ္ဂိုလ်များကံစမ်းမဲပေါက်ခဲ့သော် ပယ်ဖျက်ပြီး ပေါက်မဲဂဏန်း အသစ်ထပ်မံ နှိုက်ယူပါမည် ။
-
လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန္နဝါရီလ ၁၁ ရက်
Friday, January 10, 2014
အခမဲ့ ဆေးစစ်၊ဆေးကု အစီအစဉ်
မေတ္တာရှင် ကိုရီးယား နယ်လှည့် ဆေးကုဆရာဝန်များအသင်းက လာမည့် ၂၀၁၄ ဖေဖေါ်ဝါရီ ၉ရက်၊ တနင်္ဂနွေနေ့ ၊ နေ့ လည် ၂ နာရီမှ ညနေ ၄ နာရီထိ ၊ မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ဘူချောန်းမြို့ ရွှေ့ပြောင်းသူများရိပ်သာ (부천외국인 근로자의집) တွင် အောက်ဖော်ပြပါ ရောဂါများကို ဦးရာလူစနစ်ဖြင့် ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ။
- အိပ်စ်ရေး ၊ ဓါတ်မှန် ရိုက်ကူးခြင်း
- အာလ်ထရာဆောင်း ရိုက်ကူးပေးခြင်း
- သွား ရောဂါအမျိုးမျိုးကုသပေးခြင်း
- မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါအမျိုးမျိုးကုသပေးခြင်း
- သားဖွား နှင့် မီးယပ်ရောဂါအမျိုးမျိုးတို့ဖြစ်သည်။
ဆက်သွယ်ရန်၊ ၊
ဦးခင်မောင်ရင် ... ၀၁၀ - ၂၇၈၈ - ၇၁၅၃
မှတ်ချက်။ လူဦးရေများပြားသောကြောင့် ကြိုတင်သွားရောက်၍ တိုကင်များကိုယူထားရန်
Tuesday, January 7, 2014
ဒါန်ဂိုဂဲ ဘူတာတွင် မြန်မာ အိတ်တစ်လုံး ကောက်ရထား
Monday, January 6, 2014
ပိတောက်ရိပ်ကုမ္ပဏီရဲ့ ကိုရီးယားနှစ်သစ်ကူးပိတ်ရက် (၁/၃၁~၂/၁) ၁ညအိပ်၂ရက် ဂျဲဂျူးကျွန်း အပန်းဖြေခရီးစဉ်
ရေးသားသူ — ပိတောက်ရိပ်ကုမ္ပဏီ
- ဂျဲဂျူးကျွန်းသို့ အသွား လေယာဉ်စားရိတ်
- အပြန်သဘောင်္စားရိတ်
-အသွားအပြန် ကင်ပို လေဆိပ်၊အင်ချွန်းသင်္ဘောဆိပ်သို့ ဘတ်စ်ကားဖြင့် အကြိုအပို့စားရိတ်
-ဂျဲဂျူးကျွန်းအနှံ့ ဘတ်စ်ကားစင်းလုံးငှားစားရိတ်
-တည်းခိုစရိတ်၊ အစားအသောက် စားရိတ်
- ပြတိုက်ဝင်ကြေးများ၊
- ရေငုတ်သင်္ဘောစီးပြီး ပင်လယ်ကြမ်းပြင်အောက်လေ့လာရေးခရီးစားရိတ်
-မြင်းစီး
အားလုံး စရိတ်ငြိမ်း ၀မ် ၄၇၀,၀၀၀
- ၁လ ၃၁ရက် မနက်၆နာရီ ပိတောက်ရိပ်ကုမ္ပဏီရှေ့မှ စတင်ထွက်ခွာပြီး
၂လ ၂ရက်နေ့ မနက် ပြန်လည်ရောက်ရှိပါမယ်။
ဆက်သွယ်ရန်။ ။010 4187 5218 ၊ 010 7155 6581
လိုက်ပါလိုသူများ စရန်ငွေ ၂သိန်း၅သောင်းကို
- ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင်
(သို့မဟုတ်)
- Kookmin Bank 392801-04-104589 ZAY MIN သို့  ပေးပို့ နိုင်ပါတယ်။
( လူဦးရေ ကန့်သတ်ထားတာကြောင့် ဂျန်န၀ါရီ ၁၂ရက်နေ့ထိ နောက်ဆုံးထား စာရင်းပေးသွင်းပေးပါရန်)
Sunday, January 5, 2014
ကိုတင်အောင်လွင်အား မြန်မာ ဆရာတော်များက အားပေးစကားပြောကြား
မြန်မာညီအကိုတစ်စုရဲ့ အလှူ သာဓုခေါ်စေသော်။
Let’s Study English by Singing Songs
သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာကြရအောင်
အမှတ်စဉ် (၃)
အခုတစ်ခေါက်တော့ အော်စီက ရော့(ခ်)အပျော့စားအဖွဲ့( A Soft Rock Band)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီအဖွဲ့လည်း မြန်မာပြည်ကို လာဖျော်ဖြေသွားသေးတယ်။ ၁၉၇၅ ခုနှစ်က ဒီအဖွဲ့ကို ကိုယ်တိုင်တေးရေးတေးဆို ဂစ်တာသမား Graham Russell နဲ့ အဓိကအဆိုတော် Russell Hitchcock တို့က စတင်တည်ထောင်ခဲ့တဲ့ အတွဲညီတဲ့သူတွေ soft rock duo(နှစ်ယောက်တွဲ) ဖြစ်ပါတယ်။ တစ်ဦးချင်းကော စုံတွဲသီချင်းတွေပါ ဆိုကြတယ်။ အခု မိန်းကလေးသံနဲ့ ပိုင်ပိုင်နိုင်နိုင်ဆိုတတ်တဲ့ Russsell Hitchcock ရဲ့သီချင်းကို မြည်းစမ်းကြည့်ကြရအောင်။
Lonely Is The Night
Really thought that I could live without you
မင်းမရှိလည်း ကိုယ်နေနိုင်တယ်လို့ တကယ်ထင်မိခဲ့တယ်။
Really thought that I could make it on my own
ကိုယ့်ဖာသာ ရှင်သန်နေနိုင်တယ်လို့ တကယ်ထင်မိခဲ့တယ်။
Sent you away yeah, I said “I didn’t need you”
“ငါနင့်ကို မလိုအပ်တော့ဘူး” လို့ ပြောပြီး နှင်ထုတ်ခဲ့မိတယ်။
I let you go I let you go I let you go
မင်းကို မတားမိခဲ့ဘူး။
Now I’m so lost without you
အခုတော့ ကိုယ်လေ မင်းမရှိလို့ မဖြစ်တော့ဘူး။
Now you’re not here and now I know
အခု မင်းမရှိတော့ ကိုယ်သိလိုက်ပါပြီ။
(Lonely is the night when I’m not with you lonely is the night
မင်းမရှိတော့ ညကအထီးကျန်လိုက်တာ။
Ain’t no/there’s no light shining through
(ကိုယ့်ဘ၀ရဲ့)အလင်းရောင်လေး မရှိတော့ဘူး။
Till you’re in my arms till you’re here by my side Lonely am I)
မင်း ကိုယ့်ရင်ခွင်ထဲ ရောက်တဲ့အထိ မင်း ကိုယ့်နဘေးမှာ ရှိတဲ့အထိ ကိုယ်အထီးကျန်နေရပြီ။
Never thought that I That I would need you
မင်းကို ကိုယ်လိုအပ်လိမ့်အုံးမယ်လို့ မထင်ခဲ့မိဘူး။
Never thought I That I’d be missing you
မင်းကို ကိုယ်လွမ်းနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။
Gotta get you back I’ve just got to find a way now
မင်း ပြန်လာမှဖြစ်မှာ။ ဒီအတွက် ကိုယ်နည်းလမ်းရှာမှ ဖြစ်တော့မယ်။
To let you know to let you know to let you know
မင်း သိစေဖို့
That I’m so lost without you and now this world just ain’t right (……there’s no light shining……. )
အခုတော့ ကိုယ်လေ မင်းမရှိလို့ မဖြစ်တော့ဘူး။ အခုတော့ လောကကြီးတစ်ခုလုံး ကမောက်ကမနဲ့ပါလား။
I can make it through the day I can fake it OK
ဟန်မပျက် နေနိုင်လိမ့်မယ်၊ အေးအေးဆေးဆေးပဲဆိုပြီး
I just smile and pretend and I tell myself I’ll be alright but lonely………..
ဟန်ဆောင်ပြုံးပြီး ကိုယ့်ကိုယ်ကို အေးအေးဆေးဆေးပဲလို့ နှစ်သိမ့်နေပေမဲ့……….
ရှင်းလင်းချက်
သီချင်းကို သေသေချာချာ နားထောင်ပါ။ စကားလုံး တစ်လုံးနဲ့တစ်လုံး အသံဆက်ယူသွားတာတွေ(link-up)ကို ဂရုစိုက်နားထောင်ပါ။ အဓိပ္ပါယ်သိရင် အလွတ်ရဖို့ သိပ်မခက်ပါဘူး။ စာရေးသူ ဘာသာပြန်ပေးတဲ့ နေရာမှာပဲ လမ်းမဆုံးပါစေနဲ့။ စာကြောင်းတစ်ကြောင်းကို နည်းလမ်းတကျ နားလည်လာတဲ့အခါ ကိုယ်ပိုင်ဥာဏ်နဲ့ကွန့်မြူးပြီး ဒီထက်ပိုကောင်းတဲ့ စကားလုံးတွေနဲ့ ဘာသာပြန်တတ်အောင် ကြိုးစားရမယ်ဆိုတဲ့စိတ်ကို ပြဌာန်းထားပါ။ နေရာတကာ ဆရာကိုအားကိုးတဲ့စိတ်ကို ဖျောက်ပါ။ တကယ်တတ်ချင်ရင် ကိုယ်တိုင်လေ့လာ(self-study)ပါ။ အင်္ဂလိပ်စာ တတ်ချင်တဲ့လူ တော်တော်များများက သဒ္ဒါစာအုပ်၊ အီဒီယမ်(idiom) လေ့လာတာနဲ့ပဲလမ်းဆုံးနေကြတယ်။ အင်္ဂလိပ်စာအုပ်တွေကို ဖတ်ဖို့တော့ စိတ်မကူးပုံမရကြဘူး။ အင်္ဂလိပ်စာသင်တဲ့ ဆရာတွေဆိုလည်း အများအားဖြင့်တော့ သူတို့သင်တဲ့ပြဌာန်းစာအုပ်ကိုတော့ ပိုင်ပိုင်နိုင်နိုင်သင်နိုင်ကြပေမဲ့ ကိုယ်တိုင် အင်္ဂလိပ်စာအုပ်တွေကို မဖတ်ကြတော့ တပည့်တွေကိုလည်း အင်္ဂလိပ်စာတတ်အောင် လမ်းမညွှန်နိုင်ကြတော့ တက်လူငယ်တွေလည်း အဲဒီနေရာမှာပဲ လမ်းဆုံးနေကြရရှာတယ်။ ဘယ်အကိစ္စ၊ ဘယ်အခြေအနေမှာမဆို (တရားအားထုတ်တာအဆုံး) ရောက်နေတဲ့နေရာလေးမှာပဲ သာယာကြေနပ်နေရင် ရှေ့မတက်နိုင်တော့ဘူး။ နားရည်ဝချင်ရင် များများနားထောင်၊ ပြောတတ်ချင်ရင် များများပြော၊ ရေးတတ်ချင်ရင် များများရေးပေါ့။ နားထောင်စမရှိရင် အစမှာတော့ သိပ်အရသာတွေ့မှာမဟုတ်ဘူး။ သီချင်းတွေကို စနစ်တကျလေ့လာ၊ လိုက်ဆိုရင်း အလွတ်ရလာပြီ ဒါမှမဟုတ် စကားလုံးတွေကို လိုက်ဖမ်းမိလာရင် နောက်ဆိုကိုယ်မသိတဲ့ သီချင်းတစ်ပုဒ်နားထောင်ရင် ဒီစကားလုံးပြီးရင် နောက်လာမဲ့ စကားလုံးကိုတောင် ခန့်မှန်းနိုင်လာပါလိမ့်မယ်။ နောက်မှ အလျဉ်းသင့်သလို ပြောသွားပါ့မယ်။
ဒီအဖွဲ့ရဲ့ သီချင်းတချို့ကို တွဲဖက်လေ့လာနိုင်အောင် ဖေါ်ပြပေးလိုက်ပါတယ်။ Every woman in the world; All out of love; Making love out of nothing at all; Even the nights are better; Just as a man; One more chance; Two less lonely people in the world; Goodbye; Without you; Young love (Visit at http://www.youtube.com/results?search_query=air+supply.)
Lonely is the night. Lonely am I. ဆိုတာတွေက အလေးအနက်ထား ပြောတဲ့အခါသုံးတဲ့ ပုံစံတွေပေါ့။ The night is lonely. I am lonely.ပါပဲ။ ကြော်ငြာတစ်ခုမှာဆိုရင် Impossible is nothing.လို့ရေးထားတာ မှတ်မိတယ်။ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ Permanent is nothing. ဘာမှ မမြဲဘူး။ I can make it on my own. ငါ့ဖာသာ ဖြေရှင်းနိုင်တယ်။ make it ဆိုတာ သူ့အသုံးပဲ။ ကိုင်တွယ် ဖြေရှင်းနိုင်တယ်ပေါ့။ (on his own; on her own) She did it on her own. အဲဒါကို သူ့ဟာသူ လုပ်တာ။ She lives on her own. ဆိုရင်တော့ သူ တစ်ယောက်တည်း နေတာ။ Let me know when he comes here. သူဒီကိုလာရင် ငါ့ကို ပြောပါ(ငါ သိပါရစေ)။ I’ll let you know about it. မင်းကို အဲဒီအကြောင်း ပြောပြမယ်။ Let me see. ကြည့်ပါရစေ။ ဒီသီချင်းမှာ lost (unable to deal successfully with a particular situation) အခြေအနေ တစ်ခုအောက်မှာ အောင်မြင်အောင် မလုပ်နိုင်တာ။ We would be lost without your help. မင်းအကူအညီမှမရရင် ငါတို့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ We are completely lost. ငါတို့တော့ လုံးလုံးလျားလျား မျက်စိလည်နေပြီ။ We always get lost in London. ငါတို့ လန်ဒန်မှာ အမြဲမျက်စိလည်တယ်။ အဓိပ္ပါယ် မတူတာကို သတိပြုပါ။ He regretted the lost (=wasted) opportunity to apologize to her. တောင်းပန်ဖို့ အခွင့်အရေး လက်လွတ်သွားတာကို နောင်တရသွားတာ။ the lost opportunity(ဆုံးရှုံးသွားတဲ့ အခွင့်အရေး)။ I wish you were in my arms. ကိုယ့်ရင်ခွင်ထဲမှာ မင်းရှိနေရင် ကောင်းမှာ။ Sit by me. ငါ့အနားမှာထိုင်။ by my side ကိုယ့်ဘေးမှာ။
I miss you so much. အရမ်းလွမ်းတယ်။ I missed the 9:30 train. ၉နာရီခွဲရထားကို မမီတော့ဘူး။ Don’t miss your opportunity. အခွင့်အရေးကို လက်လွတ်မခံနဲ့။ The police are looking for the missing child. ပျောက်နေတဲ့ ကလေးကို ရှာနေကြတာ။ အသုံး မတူတာကို သတိပြုပါ။ gotta (=has/have got to) ရမယ်။ I’ve just got to find her. သူ့ကို ရှာတွေ့မှ ဖြစ်မယ်။ When there is a will, there is a way. လိုလျင်ကြံဆ နည်းလမ်းရ။ ain’t (=is not/ are not/has not/have not) မဟုတ်တာ။ မရှိတာ။ ဒီနေရာမှာ fake က pretend ဟန်ဆောင်တာ။ fake leather ဆိုရင် သားရေအတု။ fake ရဲ့ antonym(ဆန့်ကျင်ဘက် စကားလုံး)က genuine ပါ။ genuine(authentic) leather သားရေအစစ်။ Are you alright?(= Are you OK?) အဆင်ပြေတယ် မဟုတ်လား။ shine through (of a quality) to be easy to see or notice အရည်အသွေးကို အလွယ်တကူ မြင်နိုင်၊ သတိပြုနိုင်တာ။ ဒီသီချင်းမှာ through က အစကနေ ဆုံးခန်းတိုင်အောင်လို့ ဆိုလိုတဲ့ ၀ိဘတ်ပေါ့။ The kids are too young to sit through a concert. ကလေးတွေက ငယ်လွန်းတော့ ပွဲပြီးတဲ့အထိ ဘယ်ထိုင်နိုင်မလဲ။ too….to ပုံစံကို သုံးရင် negative sense ပါတာကိုသတိထားပါ။ ကလေးတွေ မထိုင်နိုင်ဘူးလို့ပြောတာ။ အငြင်းအဓိပ္ပါယ်မဖြစ်ချင်ရင် The coffee is so hot. တော်တော်ပူတယ်။ သောက်လို့ ရနိုင်သေးတယ်။ The coffee is too hot for me/him/her to drink. ဒါဆိုရင် မသောက်နိုင်ဘူး ဆိုတဲ့အဓိပ္ပါယ် ဖြစ်သွားပြီ။
လူငယ်တွေ အင်္ဂလိပ်စာအုပ်တွေဖတ်တတ်ဖို့ဆိုရင် အင်္ဂလိပ်လိုရေးထားတာတွေကို တစ်နေ့ကို တစ်နာရီတော့ ဖတ်စေချင်တယ်။ နာရီဝက်ဆိုလည်း မဆိုးပါဘူး။ ပုံမှန်ဖတ်ဖို့ပဲ လိုပါတယ်။ စာအုပ်တွေ လက်လှမ်းမမီရင် အင်္ဂလိပ်သတင်းစာနဲ့ စပါ။ စစချင်း ကိုယ်နဲ့ ရင်းနှီးပြီးသား ပြည်တွင်းသတင်းကို စဖတ်ပါ။ အထက်တန်းအဆင့် ကျောင်းသားတစ်ယောက်ဟာ(ပုံမှန် လေ့လာခဲ့မယ်ဆိုရင်) အဓိပ္ပါယ်ကိုခြုံငုံမိအောင်တော့ ဖတ်နိုင်ပါလိမ့်မယ်။ အစမှာ ကြုံရမဲ့ အခက်အခဲကို မကြောက်ပါနဲ့။ ရဲရဲရင်ဆိုင်လိုက်ပါ။ စာရေးသူ ပြောတဲ့အတိုင်းသာလုပ်မယ်ဆိုရင် အသက် ၂၅၊ ၃၀ တန်းလောက်ရောက်ရင် အင်္ဂလိပ်စာအုပ်တွေကို အေးအေးဆေးဆေး ဖတ်နိုင်လာမှာပါ။ လူငယ်တွေ ကြိုးစားကြစမ်းပါ။ ကုန်သွားရင် ပြန်မရနိုင်တော့တဲ့ လက်ရှိအချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ပါစေ။ ဝေဘန် အကြံပြုတာတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ thetnaing1988@gmail.com
Let’s share our knowledge.
သက်နိုင် (၀ါးပျံကုန်း)



















