Showing posts with label ကဗျာ ၊လင်္ကာ. Show all posts
Showing posts with label ကဗျာ ၊လင်္ကာ. Show all posts

Tuesday, July 30, 2013

နုတ် 2 တလုံးအတွက် မေတ္တာစာ

ဖုန်းတလုံးကို ခိုးယူသုံးမှ လူလုံးလှမယ့် မိတ်ဆွေရေ ၊
မိသားစု ဝမ်းရေး အနှောက်အယှက်တွေ ကင်းဝေးပြီး ၊
ရှာကျွေးသောအစာ အဆိပ်အပင်း ကင်းရှင်းပါစေ ၊
ရေကြည်ရာ မြက်နုရာ မျက်နှာငယ် ကျွန်ဘဝမှ လွတ်မြောက်ပြီး ၊
နိမ့်ကျသော စောရနက္ခတ်ဖွား ငတက်ပြား အဖြစ်မှ ၊
သံသရာ အဆက်ဆက် ရုန်းထွက်နိုင်ပါစေ ၊
ဤမှန်သော မေတ္တာ စကားကြောင့် ၊
ကျနော့်ဖုန်း မ, သွား ထိုလူသားသည် ၊
ရေလိုအေး ပန်းလိုချမ်းေ့မြ့၍ ၊
သွားလေရာ လာလေရာ ဘေးမသီရန်မခဘဲ ၊ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ခြင်းမှ ကင်းဝေးပြီး ၊
နှလုံးစိတ်ဝမ်းငြိမ်းချမ်းနိုင်ပါစေ။

မေတ္တာမွန်ဖြင့် -
ကိုရွှေမိုး
တို့ ပိုင်တဲ့မြေ

**နုတ် 2 = Samsung Galaxy Note 2 .
***တို့ပိုင်တဲ့မြေ သည် ယနေ့မှစ၍ နွေရာသီပိတ်ရက်မရှိနေ့စဉ်ဖွင့်လှစ်လျက်ရှိပါကြောင်း။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, June 24, 2012

မြစ်ရဲ့...ဂီတ

အချစ်ရဲ့..မြစ်မှာ
ယစ်မူးပြီး......
ရူးသွားတဲ့..ကဗျာ...
ကာရံပါချင်မှ..ပါမယ်...


မူးမူးရီရီ...ဆည်းဆာမှာ
နေ၀င်ချိန်ရဲ့...အလှဘုရင်မကို
တောင်တန်းပြာတွေ....
ရိုသေခယနေကြတယ်....


ရင်ဘတ်ခြင်း...ကြိုးညှိရင်း
စောင်းသံတွေ...ကျပျောက်
လွမ်းနေသေးသလောက်တော့...
ကဗျာတွေနဲ့ ....ရဲရဲတောက်
လောင်ကျွမ်းပစ်လိုက်ချင်သေးရဲ့...
နှင်းဆီလိုလည်း...ပွင့်ခဲ့ဖူးတယ်
ဆူးမပါပဲ.............
စံပါယ်တွေလည်း.....ကြဲခဲ့ဖူးတယ်
ရနံ့ မပါပဲ....................
တစ်ကယ်တော့....ကောင်မလေးရေ
ငါဟာ..................
ရေမစီးတဲ့မြစ်တစ်စင်းလို.....
စင်းစင်းကြီးသေနေတဲ့.....
ကဗျာတစ်ပုဒ်ဖြစ်တယ်



အမည်မသိ နောက်စာဆို

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 24, 2012

ချစ်သမီးလေးသို. လွမ်းချင်းတစ်ပုဒ်

ချစ်သမီးလေးသို. လွမ်းချင်းတစ်ပုဒ်
မနေ.က ဖုန်းဆက်ခဲ့တယ်
ချစ်သမီးလေး မွေးနေ.
ဟိုး.........အဝေးက မိသားစုအိမ်လေး
တိမ်တွေကိုစီးပြီး
တိတ်တိတလေး ခိုးပြန်ခဲ့တယ်.....
သက်မဲ့အပြုံးတွေကြား အားတင်းထားရင်း
ဖေ့ဖေ့မျက်ဝန်းမှာ
ပုလဲလုံးတွေ သီးနေတယ် ချစ်သမီးရယ်...
ရေပူရေချမ်း ကမ်းလှမ်းသူမဲ့
ကိုရီးယား မိုးကောင်းကင်မှာ
မေတ္တာမိုးတွေ ခေါင်နေတယ်သမီး....
ငွေဆိုတာ အဖေနဲ.သမီးကြား ဝေးကွာခြားအောင်
ပိုင်းဖြတ်တတ်တဲ့ ဓါးထက်တစ်လက်ပါပဲ.....
မျော်လင့်ချက်ကြီးမားချင်းရဲ့ အခြားတစ်ဖက်
မိသားစုမေတ္တာ ငတ်မွတ်ခြင်းက ကပ်လျက်ပါပဲ....
အပြင်မိုးတွေ ရွာနေတယ် သမီး
တိမ်တွေပြိုတာလား..
အိမ်ဝေးသူတွေ ငိုကြတာလား မကွဲပြားဘူး...
ဆန်းပြားတဲ့ ခေတ်အလှတွေကြားထဲ
သမီးလေး ပျော်ဝင်စီးမျောနေမလား..
သမီးလေးတစ်ယောက် ခေတ်နောက်ကိုလိုက်နေမလား.
ခေတ်က သမီးလေးနောက် တကောက်ကောက်လိုက်နေမလား..
ရင်ပူစိတ်မောတယ် ချစ်သမီးလေးရယ်....
အမှားတစ်ခု ပြုတော့မယ်ဆိုရင်
နှင်းကြားအန်တု လုံ.လပြုနေရတဲ့
ဖေ့ဖေ့ဘဝကို စာနာပြုပေးပါသမီး..
ပြုံးပျော်ဘဝ သမီးလေး
ထာဝရပိုင်ဆိုင်ဖို.ရည်ရွယ်ရင်း
မိသားစုထမင်းဝိုင်းလေးမှာ
ဖေ့ဖေ့နေရာ အချိန်ကြာကြာလွတ်နေလိမ့်....

ကိုရီးယားရောက် ချစ်သမီးလေးများနဲ.ခွဲခွာနေရသော အဖေများကိုဂုဏ်ပြုညွန်းဖွဲ.ပါသည်.....

မောင်မောင်(အိမ်လွမ်းသူ)
ခေတ္တကိုရီးယား
၂၁-၄-၂၀၁၂

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 31, 2012

ရေချိုမြစ်ရဲ့စီးဆင်းသံ(သို့)မေမေ့စာ

ရေးသားသူ — အမည်မသိ နောက်စာဆို

အလွမ်းပြေအမေရေးတဲ့
ရောက်နေသူဟိုအဝေးနယ်က
သားဖြစ်သူလူကလေးရယ်သို့
မာစေကြောင်းဆုတောင်းစာ။

တိုင်းနယ်ရွာတစိမ်းတွေကြားမှာလ
ရိုင်းဖယ်ကွာလူယဉ်ကျေးပါလို့
ကြိုးစားရှာပညာရေးရယ်နဲ့
ရှားရှောင်ပါအသောက်စားပြင်
ဘေးကင်းကာရန်စွယ်ကွာဖို့
ပို့သတဲ့အမေ့မေတ္တာ။
ဟိုရင်လိုနေမနီးသော်လဲ
အမေ့မှာစေတနာဓါတ်တွေက
စီးဆင်းကာဝေေ၀ဖြာ။

ဘေးရံမှာအမေမရှိသော်လည်း
ပြေးပြန်ကာဖွေရှာကြည့်ပြန်တော့
ဒီလွမ်းစာဒီလက်ရေးရယ်က
ဆန်းထည်စွာလှမာန်မ၀င့်သော်လဲ
ဖြူစင်စွာစေတနာသန့်တာမို့
အမေ့စာတကယ်ခန့်တယ်
အံ့မိပါတကား။
အမည်မသိ နောက်စာဆို

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 31, 2011

တခါက အဖိုးစကား

ရေးသားသူ — တော်ကူးသား လွမ်းနောင်
ဒို့မြန်မာတွေ ဥာဏ်မွဲလေသမျှ ကံပဲလေဆိုရမလား .........
အမှန်တိုင်းပင် ဆင်ခြင်မပြုလေတော့ ပြဿနာစုံလင် ပြောပြန်မပြင် သူလှည့်စကား
ကျွန်တော်ကပြစ်မတင် ပြောပြောသမျှ ၊
ဒို့ပြည်သူက အမှန်ထင် ကမ္ဘာတခွင်မှာ မြန်မာအမြင်တခုပေါ့နော် ။
အနာဂတ်ဆီ ရောင်နီသန်းလှ ကြာကြာခဲ့ပေါ့နှစ်တွေလီ
ဒို့တတွေကြံခက်သမို့ ပြန်လှည့်ကာ စဉ်းစားရရင်
ကြာခဲ့ပါပြီ မြေးလေးရယ် အဖိုးရှိစဉ်သူ့စကား ပြောတော့လည်း ပြောပါမေ ။
ဒါပေမယ့် လက်တွေ့သဘောလေးတော့
နားလည်သဘောပေါက်ရောပေါ့နော်......။



တော်ကူးသား လွမ်းနောင်
( 25 .12.2011 )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, November 12, 2011

သူသိစေ

ရေးသားသူ — အင်ကြင်း
သူသိစေ
ပျော်ရာမှာ မနေရ
တော်ရာမှာနေရပေမယ့်
ရင်ထဲအစဉ်သတိရ ...

ပျော်သလိုနေရပေမယ့်
တော်သလို ဟန်ဆောင်အပြုံးနဲ့
ရင်ထဲကို မမြင်အောင်ဖုံးလို့
ပြုံးရခက်တာ
သူသိစေ ...

အင်ကြင်း

10:17 am
18 Sept. 2011

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 8, 2011

အို ၊ ဖခင်

ရေးသားသူ — မောင်ဂျစ်

သမာဖုထွက်
ပုခုံးထက်သို.
ကုန်းရုံးကြုံးတင်
ဖော့ရိုးမျှင်လို
ပြုလုပ်ဝန်နှောင်
မောင်လုပ်ဆောင်သည်
ရှေ့နောက်နေမြဲ
ပြေးလွှားဆဲနှင့်
ကျိတ်ခဲအားတင်း
ခရီးပြင်းကို
နှင်လျှင်းသွက်လက်
ချွေးဒီးထွက်လျက်
ချမ်းအေးနေလည်း
မမှုသေးဘဲ
ပြင်းသက်ရှိုက်ရှု
မောဟိုက်မူလည်း
မငြူမငြီး
ချစ်ဇနီးနှင့်
သမီးသားတွေ
စားဝတ်နေနှင့်
ထွေထွေကွက်လပ်
စဉ်ဖြည့်စွက်ဖို.
အဝေးရောက်တယ်
ဘ၀လယ်က
မောပန်းမထင် ---------
---------------အို ဖခင်


မောင်ဂျစ်
ကိုဝိုင်း....
ကိုရီးယားရောက်ထဲက အိမ်က မိသားစုကို သတိယလို.စပ်ထားတဲ.ကဗျာလေးတစ်ပုဒ်ကို ဟန်းဂုရွာမှာ တင်ပေးလို့အဆင်ပြေမလားအကို ။
တကယ်လို့အဆင်ပြေခဲ့ရင် ပေးပို့သူ ( မောင်ဂျစ် ) နဲ. ဖော်ပြပေးပါနော်။
ကဗျာခေါင်းစဉ်က တော့ ( အို .... ဖခင် ) လို. ပေးထားပါတယ်ဗျာ။
ခင်မင်စွာဖြင့်

မောင်ဂျစ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>