Showing posts with label မြန်မာစိတ်ဓာတ်. Show all posts
Showing posts with label မြန်မာစိတ်ဓာတ်. Show all posts
Saturday, April 12, 2014
Sunday, December 1, 2013
ဘူဆန် အနီးအနားရှိ ရွှေမြန်မာညီအကိုမောင်နှမများ၏ မိတ်ဆုံညစာစားပွဲ ၊ ဂီတနှင့် အကဖျော်ဖြေပွဲ ~
ကိုရီးယားနိုင်ငံ ဘူဆန် ဂယောင်နမ်ဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် ကိုရီးယားပညာတော်သင် ကျောင်းသား/ကျောင်းသူများ အတူတကွ ပူးပေါင်းလက်တွဲကာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအကြောင်း မိတ်ဆက်ပွဲနှင့် မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားသူ ကိုရီးယားနိုင်ငံသားများ နှင့် ရွှေမြန်မာညီအကို မောင်နှမများ၏ မိတ်ဆုံစားပွဲကို လာမည့် တနင်္ဂနွေနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၈ )ရက် တနင်္ဂနွေနေ့တွင် အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရွှေမြန်မာ ညီအကိုမောင်နှမ အပေါင်းတို့အား မပျက်မကွက် တက်ရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျား ... ။
ကျင်းပမည့် နေ့ရက် - ၈-၁၂-၂၀၁၃ (တနင်္ဂနွေနေ့)
ကျင်းပမည့် အချိန် - နေ့လည် (၂ )နာရီ မှ ညနေ (၅) နာရီအထိ
ကျင်းပမည့်နေရာ - 사상여 성인력개발센터
ဆာဆန်းဘူတာအနီး 부산광역시 사상구 광장로 76 송원센터빌딩 9층 Tel. (051)326-7600 Fax.(051)326-4004
(ဆာဆန်းဘူတာ နံပါတ် ၁ ထွက်ပေါက်မှထွက်ကာ တွေ့တွေ့ချင်း အဆောက်အဦး ၉ ထပ်မြောက် )
ကျင်းပမည့် အစီအစဉ်များ ..
၁။ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ (မိနစ် ၂၀ ခန့် ) ဆရာ လှမင်းထွန်းမှ ဗီဒီယိုဆလိုက်များဖြင့် ရှင်းလင်းပြောပြမည် ။
၁။ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ (မိနစ် ၂၀ ခန့် ) ဆရာ လှမင်းထွန်းမှ ဗီဒီယိုဆလိုက်များဖြင့် ရှင်းလင်းပြောပြမည် ။
၂။ ဘူဆန်းမြို့ရှိ ကိုရီးယားပညာတော်သင် ကျောင်းသား/သူ ညီအကို မောင်နှမများ၏ ရွှေစွန်ညို အက ၊ ရိုးရာ သင်္ကြန် အက ၊ တေးသီချင်း သီဆိုဖျော်ဖြေမှု
( ကိုပိုင်စိုးကိုမှ ဦးဆောင်စီစဉ်သည် )
၃။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တိုင်းရင်းသားရိုးရာဝတ်စုံပြည့်ဖြင့် သီဆိုကပြဖျော်ဖြေမည့် စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ၊ ဇာတိမာန်သီချင်း တစ်ပုဒ် ဖြင့် သီဆိုကြမည် ......
(ကိုစဟိန်းမင်းလတ်မှ ဦးဆောင်စီစဉ်သည် )
၎။ မြန်မာ့ရိုးရာပြခန်း ပြသမှု ....... ( ကိုဇော်မင်းမှ ဦးဆောင်စီစဉ်သည်)
၅။ ဘူဆန်ဂယောင်နမ် ရွှေမြန်မာညီအကိုများ၏ ရော်ခ်ဂီတအဖွဲ့ဖြစ်သော AN ERA BAND ၏ ခောတ်ပေါ်တေးဂီတ တီးခတ်ဖျော်ဖြေမှု
(တီးဝိုင်းမန်နေဂျာ ကိုတောင်ငူမှ ဦးဆောင်စီစဉ်သည် ) .. အပြင်
ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား မြန်မာစားသောက်ဖွယ်ရာ
(၁) ကြာဇံကြော် (၂)ဆီထမင်း (၃)ကော်ပြန့် (သို့) စမူဆာ (၄) အုန်းနို့ခေါက်ဆွဲ များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပါမည်။
(မိဘမေတ္တာ စားသောက်ဆိုင် ကိုလင်းလင်းမှ စီစဉ်သည် )
ဤအစီအစဉ်အား ဘူဆန်မြို့ ယဉ်ကျေးမှုစင်တာနှင့် ဘူဆန်နိုင်ငံခြားသား အလုပ်သမား အကူအညီပေး ရေးစင်တာတို့မှ ထောက်ပံ့ကူညီကာ အဆိုပါပွဲတွင် ပါဝင်ကပြဖျော်ဖြေကြမည့် မြန်မာညီအကို မောင်နှမ များအား တစ်ဦးချင်းစီ ဆုငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ အဆိုပါ ရရှိမည့် ဆုကြေးငွေများအား ရွှေမြန်မာ ညီအကိုမောင်နှမများမှ ရွှေအလင်းတန်း မြန်မာအသင်းသို့ ထပ်ဆင့်ပြန်လည်လှူဒါန်းကြမည် ဖြစ်ကြောင်းလည်း ဝမ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည် ခင်ဗျား ..... ။
ရွှေအလင်းတန်းမြန်မာအသင်း ..
https://www.facebook.com/groups/goldenlight009/
Labels:
ယဉ်ကျေးမှု,
မြန်မာစိတ်ဓာတ်,
ရွှေ့ပြောင်းအလုပ်သမား
Subscribe to:
Posts (Atom)


