ဘူဖျောင်းမြို့ မြန်မာစင်တာမှာ စနေည တပတ်ခြား “စနေစကားဝိုင်း” ပြုလုပ်လျက်ရှိရာ ယခုတပတ်မှာ တတိယအကြိမ်မြောက် စကားဝိုင်းသို့ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် ၀ိုင်းဖွဲ့ဆွေးနွေးကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။
တတိယအကြိမ် အစီအစဉ် -
နေ့ရက် = ၂၀၁၃ မေလ ၂၅ (စနေနေ့)
အချိန် = ည ၇ နာရီမှ ၉ နာရီ အထိ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့
အဆိုပြုခေါင်းစဉ် =”အလုပ်ရှင်နဲ့ ဘယ်လို ဆက်ဆံမလဲ”
- အသိပညာ၊ ဗဟုသုတ၊ အနုရသ၊ အတွေ့အကြုံတို့ကို ဆွေးနွေးဖလှယ်ခြင်း
- ခေတ်ရေစီးကြောင်းအတွင်း ပါဝင်စီးမျောနေရသူတို့ရဲ့ ဘ၀အကြောင်း နားထောင်ခြင်း
- မတူကွဲပြားတဲ့ ပတ်ဝန်းကျင်တွေကို လေ့လာစူးစမ်း သုံးသပ်ဝေဖန်ခြင်း
- အမြင်အတွေး မတူသူတို့အကြား လွတ်လပ်ပွင့်လင်းစွာ စကားဝိုင်းဖွဲ့ခြင်း တို့ဖြင့်
ကိုရီးယားမှာ ရောက်ရှိနေကြတဲ့ မြန်မာလူငယ်အကြား တိုးတက်သစ်လွင်တဲ့ အသိအမြင် အလေ့အကျင့်တွေ ရရှိစေဖို့ ရည်ရွယ်ပါတယ်။
မြန်မာစင်တာ
Friday, June 7, 2013
တတိယအကြိမ် စနေစကားဝိုင်းမှ ဖိတ်ခေါ်ပါတယ်
အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြောဆွေးနွေးပွဲ

အလုပ်ခွင်အတွင်း ဖြစ်ပေါ်တတ်သော ထိခိုက်မှုများအတွက် ကြိုတင်ကာကွယ်ခြင်း၊ ရှောင်တခင် ကာကွယ်ခြင်း၊ အရေးပေါ် ဖြေရှင်းခြင်း၊ လုပ်ငန်းကြောင့် ဖြစ်သော ကျန်းမာရေး ချွတ်ယွင်းမှုများ၊ နောက်ဆက်တွဲ ပြဿနာများနှင့် စောင့်ရှောက်မှုဆိုင်ရာ နည်းစနစ်များ စသည်တို့ကို ဟောပြောဆွေးနွေးမည့် “အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြောဆွေးနွေးပွဲ”သို့ မည်သူမဆို လာရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါတယ်။
နေ့ရက် = ၂၀၁၃ ဇွန် ၉ (တနင်္ဂနွေနေ့)
အချိန် = နံနက် ၁၀း၃၀ မှ မွန်းလွဲ ၁၂း၃၀
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့
미얀마센터 နှင့် (사)노동인권회관/외국인이주노동자인권을위한모임 တို့ ပူးပေါင်းစီစဉ်၍ ကျွမ်းကျင်သူများက သရုပ်ပြ ဟောပြောကြမှာ ဖြစ်ပါတယ်။
Friday, May 10, 2013
စနေစကားဝိုင်းမှ ဖိတ်ခေါ်ပါတယ်

ဘူဖျောင်းမြို့ မြန်မာစင်တာမှာ စနေည တပတ်ခြား “စနေစကားဝိုင်း” ပြုလုပ်ပါမယ်။
- အသိပညာ၊ ဗဟုသုတ၊ အနုရသ၊ အတွေ့အကြုံတို့ကို ဆွေးနွေးဖလှယ်ခြင်း
- ခေတ်ရေစီးကြောင်းအတွင်း ပါဝင်စီးမျောနေရသူတို့ရဲ့ ဘ၀အကြောင်း နားထောင်ခြင်း
- မတူကွဲပြားတဲ့ ပတ်ဝန်းကျင်တွေကို လေ့လာစူးစမ်း သုံးသပ်ဝေဖန်ခြင်း
- အမြင်အတွေး မတူသူတို့အကြား လွတ်လပ်ပွင့်လင်းစွာ စကားဝိုင်းဖွဲ့ခြင်း တို့ဖြင့်
ကိုရီးယားမှာ ရောက်ရှိနေကြတဲ့ မြန်မာလူငယ်အကြား တိုးတက်သစ်လွင်တဲ့ အသိအမြင် အလေ့အကျင့်တွေ ရရှိစေဖို့ ရည်ရွယ်ပါတယ်။
ပထမအကြိမ် အစီအစဉ် -
နေ့ရက် = ၂၀၁၃ မေလ ၁၁ (စနေနေ့)
အချိန် = ည ၇ နာရီမှ ၉ နာရီ အထိ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့
အဆိုပြုခေါင်းစဉ် = ရေမြေခြားမှာ ရှင်သန်ခြင်း (ကိုရီးယားမှာ နေစဉ်အတွင်း ဘာအပြောင်းအလဲတွေ ဖြစ်လာသလဲ)
စနေစကားဝိုင်းသို့ မည်သူမဆို လာရောက် ၀ိုင်းဖွဲ့ဆွေးနွေးကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။