Showing posts with label သုခုမရင်ပြင်. Show all posts
Showing posts with label သုခုမရင်ပြင်. Show all posts

Tuesday, October 9, 2012

7 ကြိမ်မြောက် ရွှေ့ ပြောင်းသူများရုပ်ရှင်ပွဲတော်

၂၀၁၂ခုနှစ် ရွှေ့ပြောင်းသူများရုပ်ရှင်ပွဲတော်(2012 제7회 이주민영화제ါ် MWFF) 7th MIGRANT WORLD FILM FESTIVAL) ကို နေကာမျက်မှန်ချွတ်ကြစို့ (색안경을 벗자) ဆိုတဲ့ ခေါင်းစဉ်နှင့် ပြသဖို့စီစဉ်ထားပြီး ၊ ဖွင့်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမှာဖြစ်ကြောင်း သိရသည်-
ပွဲတော် ရက် ၊
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက် (စနေနေ့ )
ပွဲတော်နေရာ ၊
ဟဲဟွာ စီဂျီဗွီ (혜화 CGV)
ပွဲတော်အချိန် ၊
ညနေ ၅ နာရီမှ ည ၇ နာရီထိ
ပွဲတော် အစီအစဉ် -
희망을 위해 노래를 부른다 6’28”( မျှောလင့်ချက်သီချင်း)
환영합니다 18’38”( ကြိုဆိုပါ၏)
마침내 난 당신을 만났다 5’30” (အဆုံးမတော့ နင့်ကိုတွေ့တာပါပဲ)
외국 6’30”( နိုင်ငံခြား)
친국네 기숙사 4’40”( သူငယ်ချင်းရဲ့ အခန်း)
라이의 바꿔주세요 17’(လဲပေးပါ)
우리가 원하는 것 62’(ငါတို့လိုချင်တာက)

လမ်းညွှန်-
၀၁၀-၅၄၇၂-၂၈၂၆
www.mwff.org
www.mwtv.kr

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 30, 2012

ဗြဟ္မစိုရ်လမ်း

















ဦးခေါင်းတွေပေါ် မတ်တပ်ရပ်ချင်သူတွေ
များလွန်းတဲ့ ခေတ်ထဲ
ကျနော်က ခြေထောက်တွေ အောက်မှာ ပျော်မွေ့တယ်။

သစ်စေ့လေးတစ်စေ့ကို
ကမ္ဘာမြေကြီးက ပွေ့ပိုက်ထားသလို
ကျနော် အဲဒီ ခြေထောက်တွေကို တယုတယ ပွေ့ပိုက်မယ်။

အဲဒီ ခြေထောက်တွေ အောက်မှာ
နှလုံးသားကို ဖြန့်ခင်းရင်း ခြေထောက်တွေကို
သူတို့ရဲ့ မျှော်လင့်ချက်တွေဆီရောက်အောင် ပို့ပေးမယ်။

မျှော်လင့်ချက် တူရာကို လျှောက်လှမ်းမယ့်
ခြေထောက်တွေ များလာတဲ့အခါ
ကျနော့် နှလုံးသားပေါ် လမ်း ဖြစ်လာလိမ့်မယ်။

မျှော်လင့်ချက်လမ်းမပေါ်
လျှောက်လှမ်းနေတဲ့ ခြေထောက်တွေက
တစ်နေ့နေ့ ပန်းတွေ ပွင့်မလာဘူးလို့ ဘယ်သူ ပြောနိုင်လဲ။

ကမ္ဘာမြေပေါ်က
အခြားသော ပန်းပွင့်တွေလိုပဲ
အဲဒီ ခြေထောက်တွေက ပွင့်လာမယ့် ပန်းရနံ့တွေဟာ
မြစ်တွေလို ကျနော့် နှလုံးသားပေါ် စီးဆင်းရင်းက
ဟောဒီ ကမ္ဘာလောကကြီးကို ကျော်လွန်ပြီး
စကြာဝဠာအနှံ့ မွှေးရနံ့တွေပေးဖို့ တစ်ခုပဲ ကျနော် မျှော်လင့်တယ်။ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, September 7, 2012

ရန်ကုန်


ဘယ်လောက်သစ်လွင်တဲ့ အ၀တ်ပဲဖြစ်ဖြစ်
ဆီသည်မလက်သုတ်လိုက်ရင်
ချက်ခြင်းညစ်စုတ်သွားသလို
တချိန်ကခမ်းနားခဲ့တဲ့ ရန်ကုန်ဟာ
ရာစုနှစ်တစ်ဝက်မကျိုးခင် ချဉ်စုပ်ပုပ်သိုးနေပြီ။

ရန်ကုန်ဆိုတာ
အပေါ်ကစီးမိုးကြည့်တော့လည်း
သံချေးအထပ်ထပ်နဲ့
အောက်ကမော့ကြည့်ပြန်တော့လည်း
ချွေးတလုံးလုံးနဲ့
ဘယ်ပါးစပ်ပဲဖြဲကြည့်ဖြဲကြည့်
ငွေသံကြေးသံပဲထွက်ထွက်ကျလို့
ရန်ကုန်ဟာ
အိပ်ယာထဲထိအောင်ညှီစို့စို့အနံ့ရတယ်။

ရန်ကုန်ဆိုတာ
ဘယ်အရပ်ကိုပဲစီးဆင်းစီးဆင်း
လူနံ့နဲ့မွှန်ထူနေတာချည်းပဲ
အမှိုက်ပုံထဲနစ်မြုပ်သွားတာချည်းပဲ
ဒါပေမယ့်ခုထိ
ရန်ကုန်ဟာရန်ကုန်လို
ရန်ကုန်ကျင့်ရန်ကုန်ကြံ ကြံနေတုန်း။

ကိလေသာကိုညှို့ငင်ဖို့
အပေါစားမိတ်ကပ် လိမ်းကြရတဲ့
ငှက်ကလေးတွေလိုရန်ကုန်ဟာလည်း
ရွှေရောင်ဆံပင်နဲ့
ဘောင်းဘီဖင်ကျပ်နဲ့
ဆေးရောင်ခြယ်တက်တူးရုပ်နဲ့
ရယ်ဒီမိတ်စားသောက်ကုန်နဲ့
ခေတ်မီဇိမ်ခံကား
အဆင့်မြင့်ရွေ့လျားဓာတ်လှေကားနဲ့
ဘ၀တွေကိုလမ်းခင်း
ကမ္ဘာကြီးကိုညှို့ငင်နေတဲ့ ရန်ကုန်ဟာ
သူ့အိပ်ကပ်ထဲက
သမိုင်းစာမျက်နှာတွေကို
ငွေစက္ကူလိုအထပ်လိုက်ကိုင်လို့
မီနီမားကက်တွေတစ်ခုပြီးတစ်ခု
ကြယ်ငါးပွင့်ဟော်တယ်တွေတစ်ခုပြီးတစ်ခု
ယာဉ်ကြောပိတ်ဆို့မှုတွေတစ်ခုပြီးတစ်ခု
နားလည်မှုစာချွန်လွှာတွေ တစ်ခုပြီးတစ်ခု
သူ့ရင်ဘတ်ထဲ
မွေးမြူထားတဲ့မျက်နှာတွေကတော့
ပိုင်ရှင်မဲ့အခန်းလိုဟောင်းနွမ်းညစ်ထေးလို့နေရဲ့။

ပြောမဆုံးပေါင်တောသုံးတောင်ပါပဲ
ရန်ကုန်ဟာရန်ကုန်ဆိုတော့လည်း
ညရောက်ပြီဆိုတာနဲ့
အမှောင်ဒေါင့်မှာငြိမ်ကုပ်နေတဲ့
ဆင်ခြေဖုံးကိုအသာမီးမှိတ်
ရာဇ၀င်မဲ့မြို့တော်ကိုကြည့်ငေးရင်း
လရောင်ခြုံပြီးအိပ်ယာဝင်တယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, August 14, 2012

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲ(ဒီကာကို-၂၀၁၂)သို့ ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာရက် ၂လ ထပ်တိုး

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲ(ဒီကာကို-၂၀၁၂)သို့ ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာရက် ၂လ ထပ်တိုး


ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲ(ဒီကာကို-၂၀၁၂)သို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာကာတွန်းဆရာများအား ဖိတ်ခေါ်ထားပြီး မြန်မာကာတွန်းဆရာများ အနေဖြင့်လည်း စိတ်ပါဝင်စားမှုရှိကာ ပြိုင်ပွဲဝင်နိုင်ရန် ပြင်ဆင်မှုများလည်း ရှိသည်ဟု သတင်းရရှိသည်။ ယင်းကာတွန်းပြိုင်ပွဲသို့ ယခင်နှစ်များကလည်း မြန်မာကာတွန်းဆရာများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ရရှိခဲ့ဖူးသည်ဟု သိရသည်။

“ဒီပြိုင်ပွဲကအရင်ကလည်း မြန်မာကာတွန်းဆရာတွေ ၀င်ပြိုင်ခဲ့ဖူးသလို ဆုရရှိတာတွေလည်း ရှိခဲ့ဖူးတဲ့ အတွက် အခုနှစ်ကိုလည်း ထပ်ပြီး ပြိုင်ပွဲဝင်ကြဖို့ ဖိတ်ခေါ်တာပါ။ အဓိ ကတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိနိုင်တဲ့ အခွင့်အရေးရှိတာကြောင့် ကျွန်တော်တို့ လူငယ်ကာတွန်းဆရာတွေ အနေနဲ့လည်း စိတ်ပါဝင်စားမှု ရှိပါတယ်။ ပြိုင်ပွဲဝင်ဖို့ကိုလည်း ပြင်ဆင်နေကြတာတွေ ရှိတယ်” ဟု လူငယ်ကာတွန်းဆရာ ရွှေလူက ရှင်းပြခဲ့သည်။

ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon နိုင်ငံတကာ ကာတွန်းပြိုင်ပွဲတွင် New City& Eco Story ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကြိုက်နှစ်သက် ရာပုံစံ၊ အရောင်တို့ဖြင့် ရေးဆွဲယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။ ယှဉ်ပြိုင်လိုသူများ အနေဖြင့် မိမိရေးဆွဲထားသည့် ကာတွန်းလက်ရာနှင့်အတူ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အလုပ်အကိုင်နှင့် အသက်များကို တစ်ပါတည်း ရေးသားကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု မူလက ရက်သတ်မှတ်ခဲ့သော်လည်း ၊ ယခုအခါ သြဂုတ်လ ၃၁ ရက်နေ့ထိ ၂လ ရက်တိုးလိုက်ကြောင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာကာတွန်းဆရာကြီးများရော ဆရာလေးများပါ ပြိုင်ပွဲသို့ပါဝင်နိုင်ကြောင်း နှင့် အသေးစိတ်အချက်အလက်များကို DICACO2012 အင်တာနက်စာမျက်နှာ (CLICK HERE) တွင် လေ့လာဖတ်ရှုနိုင်ကြောင်းလည်း သိရသည်။

ဆုများအဖြစ် Grand prize ကိုဒေါ်လာ ၃၀၀၀၊ Gold prize ကို ဒေါ်လာ၁၀၀၀၊ Silver prize ကို ဒေါ်လာ ၅၀၀၊ Bronze prize ကို ဒေါ်လာ ၃၀၀ ဟု သတ်မှတ်ထားသည်ဟု သိရသည်။ ဆုရရှိ သည့် ကာတွန်းလက်ရာများကို အောက်တိုဘာလတွင် ဒေဂျောန်မြို့တော်နှင့် ကိုရီးယားမြို့တော်သစ် ဆေဂျုံမြို့(Sejong)တို့၌ ပြပွဲပြုလုပ် ပေးသွားမည် ဟု သိရှိရသည်။



အကိုးအကား-
-
- http://news-eleven.com/index.php?option=com_content&view=article&id=13659:--daejeon-----&catid=61:local&Itemid=133
- http://www.dicaco.com/contest.php
- http://www.rahimcartoon.com/news/1241-new-deadline-for-the-21st-daejeon-international-cartoon-contest-dicaco-korea-2012-
- http://dicaco.com/build/board.php3?table=guest&query=view&l=1&p=1&go=4
- http://www.rahimcartoon.com/festivals/1139-the-21st-daejeon-international-cartoon-contest-dicaco-korea-2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 28, 2012

ပန်းချီ မောင်လွင်၊ တကိုယ်တော် ပန်းချီပြခန်း ပြသ


ပန်းချီ မောင်လွင်၏ လက်ရာ ပန်းချီကား တချို့
ကိုရီးယား နိုင်ငံတွင် နေထိုင်သူ မြန်မာနိုင်ငံသားများ အနက် ဝါသနာရှင် အဆင့်သာ ဖြစ်သော်လည်း လက်ရာမြောက် ပန်းချီကားများ ရေးဆွဲနေသူ ပန်းချီ မောင်လွင်မှ ဘူချွှန်းမြို့တွင် တကိုယ်တော် ပန်းချီ ပြခန်း ပြသနေကြောင်း သိရှိရပါသည်။ ပန်းချီ မောင်လွင်သည် ယခင်ကလည်း ကိုရီးယား ၊ မြန်မာ ပန်းချီဆရာ များနှင့်လည်း ပြပွဲများ ပြုလုပ်ခဲ့ပြီး ယခု အကြိမ်တွင်မူ တကိုယ်တော် လက်ရာ ပန်းချီကား များကို ပြသနေခြင်း ဖြစ်ပါသည်။ ကိုရီးယား နိုင်ငံတွင် မြန်မာနိုင်ငံသား တဦးအနေဖြင့် တကိုယ်တော် ပန်းချီပြခန်း ပြသခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသား များကိုလည်း ပန်းချီကားများကို ကြည့်ရှု အပန်းဖြေနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ် ထားတယ်လို့လည်း သိရပါတယ်။

ပန်းချီ ပြခန်း နေရာက         = ဘူချွှန်းဘူတာ မြောက်အောက် နံပါတ် ၈ထွက်ပေါက် နားမှာပါ။
 
ပြသမယ့် ရက်တွေက          = ဇူလိုင်လ ၂၇ရက်နေ့ ကနေ သြဂုတ်လ ၂ရက်နေ့ အထိပါတဲ့။

အချိန်ကတော့                  = မနက် ၁ဝနာရီကနေ ညနေ ၇နာရီအထိ

အသေးစိတ် သိချင်ရင်တော့ = ဝ၁ဝ-၆၃ဝ၈-၆၇၁၉ ကို ဆက်သွယ်လိုက်ပါ။

ပန်းချီပြခန်း ဖွင့်ပွဲ အမှတ်တရအဖြစ် ဇူလိုင်လ ၂၉ရက်နေ့ မနက် ၁ဝနာရီမှာ ကောက်ညှင်းပေါင်းနဲ့ ဧည့်ခံမှာတဲ့ဗျို့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 31, 2012

ကာတွန်းဆရာ ဇော်မောင် နှင့် မိတ်ဆုံပွဲ

ကိုရီးယားနိုင်ငံ၊ ဂန်ဝမ်ဒိုတွင် ပြုလုပ်မည့်
နိုင်ငံတကာ ကာတွန်းဖိုရမ် (제3회 국제시사만화포럼) သို့ တက်ရောက်သူ
မြန်မာ ကာတွန်းဆရာ ဇော်မောင် နှင့် မိတ်ဆုံပွဲကို
၂၀၁၂ ဇွန်လ ၄ ရက် (တနင်္လာနေ့) ည ၇း၀၀ နာရီတွင်
ဘူဖျောင်းမြို့ နမ့်ယင်း စားသောက်ဆိုင်၌ ပြုလုပ်မည် ဖြစ်ပါ၍
စိတ်ပါဝင်စားသူများ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

ဆရာဇော်မောင်သည် ဇွန်လ ၁ ရက်နေ့တွင် ကိုရီးယားသို့ ရောက်ရှိပြီး၊ ဂန်ဝမ်ဒိုတွင် ဇွန် ၂ မှ ၄ အထိ ဖိုရမ် တက်ရောက်ကာ၊ ဇွန်လ ၅ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည် ဖြစ်ပါသည်။ ဂန်ဝမ်ဒိုခရီးစဉ်သို့ လိုက်ပါလိုသူများ ကိုဇော်မိုးအောင် (010 8894 4770) သို့ ဆက်သွယ်နိုင်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 24, 2012

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာ ကာတွန်းဆရာများအား ဖိတ်ခေါ်ထား

THURSDAY, 17 MAY 2012 13:27
ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာကာတွန်းဆရာများအား ဖိတ်ခေါ်ထားပြီး မြန်မာကာတွန်းဆရာများ အနေဖြင့်လည်း စိတ်ပါဝင်စားမှုရှိကာ ပြိုင်ပွဲဝင်နိုင်ရန် ပြင်ဆင်မှုများလည်း ရှိသည်ဟု သတင်းရရှိသည်။ ယင်းကာတွန်းပြိုင်ပွဲသို့ ယခင်နှစ်များကလည်း မြန်မာကာတွန်းဆရာများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ရရှိခဲ့ဖူးသည်ဟု သိရသည်။

“ဒီပြိုင်ပွဲကအရင်ကလည်း မြန်မာကာတွန်းဆရာတွေ ၀င်ပြိုင်ခဲ့ဖူးသလို ဆုရရှိတာတွေလည်း ရှိခဲ့ဖူးတဲ့ အတွက် အခုနှစ်ကိုလည်း ထပ်ပြီး ပြိုင်ပွဲဝင်ကြဖို့ ဖိတ်ခေါ်တာပါ။ အဓိ ကတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိနိုင်တဲ့ အခွင့်အရေးရှိတာကြောင့် ကျွန်တော်တို့ လူငယ်ကာတွန်းဆရာတွေ အနေနဲ့လည်း စိတ်ပါဝင်စားမှု ရှိပါတယ်။ ပြိုင်ပွဲဝင်ဖို့ကိုလည်း ပြင်ဆင်နေကြတာတွေ ရှိတယ်” ဟု လူငယ်ကာတွန်းဆရာ ရွှေလူက ရှင်းပြခဲ့သည်။

ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon နိုင်ငံတကာ ကာတွန်းပြိုင်ပွဲတွင် New City& Eco Story ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကြိုက်နှစ်သက် ရာပုံစံ၊ အရောင်တို့ဖြင့် ရေးဆွဲယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။ ယှဉ်ပြိုင်လိုသူများ အနေဖြင့် မိမိရေးဆွဲထားသည့် ကာတွန်းလက်ရာနှင့်အတူ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အလုပ်အကိုင်နှင့် အသက်များကို တစ်ပါတည်း ရေးသားကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု သိရသည်။ ဆုများအဖြစ် Grand prize ကိုဒေါ်လာ ၃၀၀၀၊ Gold prize ကို ဒေါ်လာ၁၀၀၀၊ Silver prize ကို ဒေါ်လာ ၅၀၀၊ Bronze prize ကို ဒေါ်လာ ၃၀၀ ဟု သတ်မှတ်ထားသည်ဟု သိရသည်။ ဆုရရှိ သည့် ကာတွန်းလက်ရာများကို အောက်တိုဘာလတွင် ပြပွဲပြုလုပ် ပေးသွားမည် ဟု သိရှိရသည်။


Ref:
http://news-eleven.com/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, April 27, 2012

ကိုရီးယားမီးထွန်းပွဲတော်တွင် မြန်မာ (ကိုယ်စားပြု) ယဉ်ကျေးမှု အစီအစဉ် ပါဝင်ဆင်နွဲရေး ဖိတ်ခေါ်စာ

လာမည့် မေလ ၁၈ ၊ ၁၉ ၊ ၂၀ ရက်များတွင် ဆိုးလ်မြို့တော်၌ ကျင်းပမည့် Lotus Lantern Festival (2012) တွင် မြန်မာကိုယ်စားပြု (မြန်မာ့ဂုဏ်ဆောင်) အသင်းတစ်သင်း ပါဝင်ဆင်နွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးလိုပါသဖြင့် ၊ စိတ်ပါဝင်စားသူများ ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
ရက်စွဲ
၂၀၁၂ခုနှစ် ဧပြီလ ၂၉ ရက် (တနင်္ဂနွေနေ့)
အချိန်
ညနေ ၃ နာရီမှ ၅ နာရီထိ
နေရာ
မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်း(ဘူဖြောင်း)
ဆွေးနွေးမည့် အစီအစဉ်များ-
- မြန်မာ့ယဉ်ကျေးမှုပြခန်း
- မြန်မာ့ယဉ်ကျေးမှု အလှ နှင့် အက
- မြန်မာ့ရိုးရာအစားအစာ
- အထွေထွေ
မှတ်ချက် ။
- - မြန်မာ့ယဉ်ကျေးမှု အလှနှင့် အက အစီအစဉ်ကို မြန်မာ့ဂုဏ်ဆောင် မြန်မာလူငယ်တစ်ဦးက တာဝန်ယူထားပြီး ဖြစ်သော်လည်း ၊ အခြားသော ကဏ္ဍများတွင် လိုအပ်ချက်များ ရာနှုန်းပြည့်ဖြစ်နေပါသည် ။ အခါအခွင့်ကြုံခိုက် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာများက ကိုရီးယားနိုင်ငံ၏ အခမ်းအနားဆုံးယဉ်ကျေးမှုပွဲတော်ကြီးမှတစ်ဆင့် ပွဲတော်လာ ကမ္ဘာ့ပြည်သူများသို့ မြန်မာ့ ဂုဏ်ဆောင် ယဉ်ကျေးမှု အစီအစဉ် ကို ခန့်ငြားထည်ဝါစွာ ပါဝင် ပြသနိုင်ရေး ဖိတ်ခေါ်ဆွေးနွေးရခြင်းဖြစ်ပါသည် ။ မြန်မာကိုချစ်၍ မြန်မာ့ဂုဏ်ပြသရန် ဆန္ဒရှိသူမည်သူမဆိုပါဝင်ဆွေးနွေး အကြံပေးနိုင်ပါသည် ။
ဆက်သွယ်ရန်-
- 010-2327-2457
- 010-2331-2457

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 21, 2012

ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ဖိတ်ကြားစာ

ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ဖိတ်ကြားစာ
ဆောင်းဘူးလ်အမ် (성불암) ဆရာတော်ကြီး ဦးပညာဝံသ ၏ စီစဉ် ကြီးကြပ်မှုဖြင့် ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသည် -
ရက်စွဲ
- ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက် (တနင်္ဂနွေ)
စတင်ထွက်ခွါမည့်နေရာ
- အမှတ် ၃ မြေအောက်ရထားလိုင်း ၊ ဆုဆောဘူတာ(3호선, 수서역) ထွက်ပေါက် ၆
ကျင်းပမည့်နေရာ
- (강원도 영월 주천강 )း ၈န်ဝေါန်ဒို ၊ ယောင်ဝေါ ဂျူချောန်းမြစ်
- (Click Here)
ထွက်ခွါမည့် အချိန်
- နံနက် ၇ နာရီ ခွဲ
ခရီးစရိတ်
- မြန်မာများ (အခမဲ့) ၊ ကိုရီးယားများ ၃သောင်း၅ထောင်
အစီအစဉ်များ
- နံနက်စာသုံးဆောင်ခြင်း
- နေ့လည် ၁၀ နာရီ ၃၀ မိနစ် မှ ၁၁ နာရီ ၃၀ - ငါးလွတ်ခြင်း ၊ ငြိမ်းချမ်းရေးဆုတောင်းခြင်း
- နေ့လည် ၁၁ နာရီ ၃၀ မိနစ် မှ ၁၂ နာရီ ၄၀ - ဂီတပွဲတော်
- နေ့လည် ၁၂ နာရီ ၄၀ မိနစ် မှ ၁ နာရီ ၁၅ - နေ့လည်စာသုံးဆောင်ခြင်း
- နေ့လည် ၁နာရီ ၁၅ မိနစ် နောက်ပိုင်း ၊ (단종대왕유적지)ဒန်ဂျုံးဘုရင်ကြီးယဉ်ကျေးမှုနယ်မြေ လေ့လာရေးခရီး
- ညနေ ၆ နာရီခွဲ ပြန်လည်ရောက်ရှိပါမည် ။
နံနက်စာ နေ့လည်စာအပါအဝင် ခရီးစဉ်စဆုံး အမခဲ့ဖြစ်ပါသည် ။
လူဦးရေကန့်သတ်ထားသည် ။ မြန်မာ ၁၀ ဦးတည်းသာ ၊ ဦးရာလူစနစ်ဖြင့် လက်ခံမည် ။
စာရင်းပေးသွင်းရန်-
010-2331-2457, (မတ်လ၂၈ ညနေ ၆ နာရီ နောက်ဆုံး)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, January 18, 2012

2012 ကိုရီးယားနှစ်ကူး (အင်ပါယာ) ဂီတပွဲတော် ထိုင်ခုံနံပါတ်(နေရာ)များ ရယူကြပါရန်

လာမည့် ဇန္နဝါရီလ ၂၂ ၊ ကိုရီးယားနှစ်ကူးပွဲ (အင်ပါယာ) ဂီတပွဲတော်ကို ၊ ဘူချောန်းမြို့တော် ပြည်သူ့ခမ်းမ (Bucheon Citizen Hall) (Click Here) တွင် ကျင်းပမည်ဖြစ်ကြောင်း ၊ ထိုင်ခုံနေရာပြဇယားမှာ (Click Here ) အတိုင်းဖြစ်ကြောင်း ၊ ထိုင်ခုံနေရာများကို ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း ၊ မူလ ထိုင်ခုံအမှတ်မပါ (နေရာလွတ်လက်မှတ်) ဝယ်ယူထားသူများ ထိုင်ခုံအမှတ် အမြန်ဆုံးရယူကြပါရန် လေးစားစွာ အသိပေးအပ်ပါကြောင်း နှင့် အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကြစေလိုကြောင်း ၊ သက်ဆိုင်ရာက ကြေညာထားပါသည် -
ဆက်သွယ်ရန် -
- 010-9086-2290
- 010-8330-1792
- 010-4129-2290

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 17, 2012

လာမည့် တနင်္ဂနွေနေ့ အီးဘီအက်စ် အသံလွင့်ဌာနမှ မြန်မာ့ကလေးငယ်များ မော်ကွန်းမှတ်တမ်းကား တင်ဆက်မည်

လာမည့် ဇန်နဝါရီလ ၂၂ ရက် တနင်္ဂနွေနေ့ ညနေ ၈ နာရီခွဲအချိန်တွင် EBS အသံလွင့်ဌာန ၊ ကျွန်ုပ်တို့၏ ရင်သွေးငယ်များ(우리아이들) အစီအစဉ် မှ မင်္ဂလာပါ (민글라바) ဟူသော ခေါင်းစဉ်ငယ်ဖြင့် မြန်မာကလေးငယ်များ ပြုစုပျိုးထောင်ပုံနှင့် ပညာရေးအခြေအနေ စသည်တို့ကို ထင်ဟပ်ပေါ်လွင်စေမည့် မြန်မာ့လူနေမှုအစိတ်အပိုင်း တစ်ခုကို မော်ကွန်းမှတ်တမ်းကား (Documentary) အဖြစ် ထုတ်လွင့် တင်ဆက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 31, 2011

ဒီချုပ်ချစ်သူများ ၊ ထဘီစ ခေါင်းပတ်ဖို့ အသင့်ပြင်ထားကြ

မြန်မာအရပ်သားအစိုးရက ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာလိုက်ပါပြီ ။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီ/ချုပ်) ကလည်း ရွေးကောက်ပွဲဝင်ဖို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြတာ ဟန်ဂုရွာသားများ သိရှိကြပြီးပါပြီ ။
အဲသည်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လှုံ့ဆော်ရေး အတွက်ဆိုပြီး ဒီချုပ်ရဲ့ ပထမဆုံး မဲဆွယ်သီချင်းလည်းထွက်လာပါတယ် ။ သီချင်းက ဟစ်ဟော့ လိုလို သံချပ်လိုလို သီချင်းအမျိုးအစားဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် အတိုင်အဖောက်နှင့် အော်ဟစ်သီဆိုတဲ့ သီချင်းမျိုးဖြစ်ပါတယ် ။
သီချင်းစာသားထဲမှာ
"အမေ့ထဘီစ ခေါင်းမှာပတ်လို့ အနာဂါတ်လှဖို့ မဲပေးကြစို့ "
" NLD အောင်ပွဲက မြန်မာတို့ရဲ့ထီးတင်ပွဲ "
" အမေ့ထဘီစက အန္တရာယ်လမ်းကို ပန်းခင်းတယ် "
" အမေ့ထဘီစကို နားတောင်းလုပ်လို့ နားမှာပန်လျင် ကျည်မီးမကူးဘူး "
" ဒေါ်စုကြည် အမေ့ထဘီစက ငါတို့အတွက် လမ်းပြအလင်း"
စတဲ့ စာသားတွေကကို ဆက်တိုက် ရွတ်ဖတ် ထားတယ်လို့ ဆိုပါတယ် ။
ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ မြန်မာ့ခေတ်သစ် ဂီတပညာရှင်လေးများ အဆိုတော်လေးများ ၊ ဝိုင်းဝန်း ဖေးမပြီး လက်စွမ်းရော နှုတ်စွမ်းပါ ပြထားကြတဲ့ NLD ရဲ့ ရွေးကောက်ပွဲမဲဆွယ်သီချင်းပါ ။
နားဆင် ခံစား ကြည့်တော်မူကြပါခင်ဗျာ ။

Election 2012 NLD by M-netizen
လေးစားမှုဖြင့်-
M-netizen

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 27, 2011

ကိုရီးယားနှစ်ကူးပွဲတော်ကာလ ၊ အင်ပါယာတီးဝိုင်း ဂီတပွဲတော်ကျင်းပမည်

လာမည့် ဇန္နဝါရီလ ၂၂ မှ ၂၄ ရက်အတွင်း ကျရောက်မည့် ကိုရီးယားနှစ်ကူးပွဲတော်အတွင်း ၊ ကိုရီးယားရောက် မြန်မာများ စိတ်လက်အပမ်းဖြေမှုရှိစေရေး နှင့် ကိုရီးယား မြန်မာ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး ၊ ရည်ရွယ်ချက်များဖြင့် မြန်မာ ဂီတပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါဂီတပွဲတော်မှာ ကိုရီးယားမြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း နှင့် ၊ ပွဲတော်တွင် အင်ပါယာတီးဝိုင်းနှင့်အတူ နာမည်ကျော် ဆူပါ တေးသံရှင်များဖြစ်ကြသည့် ဇော်ဝင်းထွဋ် ၊ နောနော် ၊ မယ်လိုဒီ နှင့် ချမ်းချမ်းတို့ ပါဝင်သီဆို ဖျော်ဖြေကြမည်ဟု ပွဲတော်စီစဉ်သူများက ပြောပါသည် ။
ယခုနှစ်တွင်လည်း ဂီတပွဲတော်ကို ဘူချောန်းမြို့တော် ပြည်သူ့ခမ်းမ (Bucheon Citizen Hall) တွင် ကျင်းပမည်ဖြစ်ပြီး ၊ ရုံဝင်ခမှာ ဝမ် ခြောက်သောင်းဖြစ်ကြောင်း ၊ ကြိုတင်လက်မှတ် ကိုမူ ဝမ် ၅ သောင်းဖြင့်ရောင်းချမည်ဖြစ်ကြောင်း ၊ မကြာမှီ အသေးစိတ်အစီအစဉ်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

တစ်ယောက်သောသူနှင့် တစ်ခါတည်းချစ်ချင်လို့ပါ

채연 (Chae Yeon) ရဲ့ တစ်ယောက်သောသူ


ချမ်းချမ်းရဲ့ တစ်ခါတည်း ချစ်ချင်လို့ပါ
ချမ်းချမ်းရဲ့ တစ်ခါတည်း ချစ်ချင်လို့ပါ


M-netizen ခံစားတင်ပြသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 12, 2011

မြတ်နိုးခြင်း

ရေးသားသူ — အင်ကြင်း
အချစ်ဆိုတာ
မြတ်နိုးခြင်းလား
ငါ သေခြာမပိုင်းခြားတတ်ပါ။
ဒါပေမယ့်...


နူးညံ့တဲ့ဖဲကတ္တီပါထက်
နင့်ရဲ့ ကြင်နာတဲ့ အထိအတွေ့ကို
ငါ ပိုမြတ်နိုးမိပါရဲ့။


ပြင်သစ်ရေမွှေးအကောင်းစားထက်
နင့်ရဲ့ ကိုယ်သင်းနံ့ကို
ငါ ပိုစွဲလန်းပါတယ်။


နာမည်ကျော် ပန်းချီကားတွေထက်
တောက်ပတဲ့ နင့် မျက်ဝန်းနဲ့ အပြုံးကို
ငါ ပိုနှစ်သက်ပါတယ်။



သံစဉ်ချိုမြတဲ့ တေးသွားတွေထက်
နင့်ရဲ့ ရီသံလွင်လွင်ကို
ငါ ပိုနှစ်ချိုက်မိပါရဲ့။



လေတိုက်လိုက်တိုင်း
လှုပ်ရှားသွားတဲ့ သစ်ရွက်လေးတွေထက်
နင့်ဆံနွယ်လေးတွေကို
ငါ ပိုသဘောကျပါတယ်။


ချစ်တယ်ဆိုတဲ့ စကားထက်
ငါ နင့်ကို ပိုမြတ်နိုးပါတယ်။


အင်ကြင်း
2:00 amး9 Dec.2011

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>