ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)
Tuesday, September 16, 2014
မြန်မာစင်တာဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ
Friday, September 12, 2014
အင်ချွန်း - ရွှေ့ပြောင်းသူတို့ အားကစားပွဲတော်
ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)
အချိန် ။ ။ င်္နနက် (၉း၀၀)နာရီမှ ညနေ (၆)နာရီအထိ။
နေရာ ။ ။ ဒုန်းဂူ - ဂူမင်း အွန်ဒုံးဂျန်း။
Wednesday, September 4, 2013
၂၀၁၃ ခုနှစ် ဂွာန်ဂျူ လူမှုရေးအသင်း ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ
Saturday, April 20, 2013
KBJ သင်တန်းသား မိသားစုတို့၏ နေ့ဆွမ်း အလှူနှင့် တရားနာ ဖိတ်ကြားလွှာ
ယနေ့ ည ၈ နာရီ ၃၀ မီနစ်အချိန်တွင် ဦးသုမင်္ဂလ (ဝေါဆရာတော်)က ဘာကို တန်ဘိုးထားမလဲ? ခေါင်းစဉ်ဖြင့် တရားချီးမြှင့်၍ အလှူဒါနအတွက် ရေစက်ချ အမျှတန်းပေးဝေမှာ ဖြစ်ပါသဖြင့် တရားနာကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။.
Wednesday, March 27, 2013
တယ်လီတော်ကီဘောလုံးကလပ်ပြန်လည်စုဖွဲ့မည်
တယ်လီတော်ကီ ဘောလုံးကလပ်(Telatalki Football Club) အားပြန်လည်စုဖွဲ့မည်ဖြစ်ပါသည်။
စိတ်ပါဝင်စားသူများလာမည့် တနင်္ဂနွေ(၁-၄-၂၀၁၃)နေ့တွင် ၊ ဘူဖြောင်းဘူတာ(မြောက်)ရှေ့သို့ နံနက် ၈နာရီခွဲအရောက်ကြွရောက်တော်မူကြပါ။
ဆက်သွယ်ရန်မှာ-
- ဦးသန်းဌေး ။ ၀၁၀-၃၀၁၉-၇၁၁၀ ။
- ဦးအောင်ကြည်စိုး ။ ၀၁၀-၂၈၉၇-၈၆၂၁ ။
- ကိုကိုအောင် ။ ၀၁၀-၄၈၃၇-၉၇၃၄ ။
လေးစားသမှုဖြင့်-
TeletalkiFC
Saturday, November 10, 2012
Sunday, August 26, 2012
2012 Happy World Together အားကစားပွဲတော် ဖိတ်ကြားလွှာ
ကိုရီးယားနိုင်ငံ ဗုဒ္ဓဘာသာဂျိုဂဲ ဗုဒ္ဓဘာသာအသင်း ၊ မဟာ အီဂျုမင်ဆင်တာနှင့် အပြည်ပြည်ဆိုင်ရာ ဓမ္မကထိကများအသင်းတို့က ကြီးမှူးလျက် ၊ 2012 Happy World Together ခေါင်းစဉ်ဖြင့် လာမည့် (၂-၉-၂၀၁၂) ရက် တနင်္ဂနွေနေ့တွင် (ဆိုးလ်မြို့ ဂျမ်ရှီးလ် အိုလံပစ်အားကစားကွင်း) အတွင်း၌ (၁၀) နိုင်ငံ အားကစားစုံညီပွဲတော် ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ၊ စိတ်ပါဝင်စားသူများ စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်-
ရက်စွဲ~~~~~
- ၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂ ရက် (တနင်္ဂနွေနေ့)
အချိန်~~~~
- နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ
နေရာ~~~~
- 잠실 종합운동장 보조경기장 Subway lines 2, Sports Complex, Exit #6
ကြိုပို့ယာဉ်~~~~
- ဘူချောန်းဘူတာ မှ တစ်စီး ၊ ဘူဖြောင်းဘူတာမှ တစ်စီး ။
- နံနက် ၈ နာရီ ၃၀ မိနစ်ထွက်ပါမည်
ပြိုင်ပွဲများ~~~~
ဘောလုံးပွဲ ၊ လွန်ဆွဲပွဲ ၊ မီတာ ၄၀၀ လက်ဆင့်ကမ်းပြေး ၊ ဘောလီဘော ၊ သီချင်းဆို ၊ ရိုးရာအက
ဖျော်ဖြေရေးအစီအစဉ်~~~~
- ကိုရီးယား နာမည်ကြီး ရော့ခ် အဆိုကျော်များက အထူးဧည့်သည်တော်များအဖြစ် မိနစ် ၃၀ ဖျော်ဖြေပါမည်
ပါဝင်မည်နိုင်ငံ ~~~~
၁၀ နိုင်ငံ (မြန်မာ၊ ကိုရီးယား ၊ တရုတ် ၊ ထိုင်း ၊နီပေါ ၊ သီရိလင်္ကာ ၊ ထိုင်း ၊ ကမ္ဗောဒီးယား၊ မွန်ဂို ၊ဘင်္ဂလားဒေ့ရှ်)
ချစ်ကြည်ရေးအစီအစဉ်များ~~~~
- နေ့လည်စာကျွေးမည်
- (ဖုန်းကတ်များ) နှင့် အမှတ်တရ လက်ဆောင်များပေးမည်
- သွားအခမဲ့ကုသပေးမည်
စာရင်းပေးသွင်းနိုင်သည့် ဖုန်းနံပါတ်များ
- ၀၁၀-၉၉၃၈-၆၉၅၃
- ၀၁၀-၂၃၂၇-၂၄၅၇
- ၀၇၀-၄၂၀၄-၂၄၅၇
Friday, July 13, 2012
Thursday, June 28, 2012
မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းအလုပ်အမှုဆောင်အဖွဲ့ ပထမအကြိမ်အစည်းအဝေး
ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
သို့/
လေးစားရပါသော မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းအလုပ်အမှုဆောင်အဖွဲ့ နှင့်
အသင်းအသီးသီးရှိ အုပ်ချုပ်သူများနှင့် အသင်းခေါင်းဆောင်များခင်ဗျား
အကြောင်းအရာ။ ။ အစည်းအဝေးဖိတ်ကြားခြင်း
အထက်ပါအကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ (၂၀၁၂)ခုနှစ် တွင် အသစ်ပြန်လည်ဖွဲ့စည်းထားသော လက်ရွေးစင်
ဘော်လုံးအသင်း၏ အလုပ်အမှုဆောင်အစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ပါသဖြင့် မပျက်မကွက်
(မပျက်မကွက်) တက်ရောက်ဆွေးနွေးပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။
စည်းဝေးမည့်အကြောင်းအရာများ -
- (က) ဘဏ္ဍာရေး
- (ခ) တာဝန်ယူခြင်း
- (ဂ)ရွေးချယ်ထားသည့် လက်ရွေးစင်ဘော်လုံးသမားများနှင့်ပတ်သက်၍ဆွေးနွေးခြင်း
- (ဃ)အထွေထွေကိစ္စရပ်များ
နေရာ။ ။ မြန်မာအသင်းရုံးခန်း(ပူချွန်း)
နေ့ရက်။ ။၁၊၇၊၂၀၁၂ (1.7.2012) တနင်္ဂနွေနေ့
အချိန်။ ။ ညနေ(၄)နာရီမှ (၆)နာရီထိ
(ခင်မောင်ရင်)
ဥက္ကဌ
မြန်မာအသင်း(ကိုရီးယား)
Friday, June 1, 2012
အားကစားရေးရာ
ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
အင်ချွန်းနိုင်ငံခြားသား အလုပ်သမားစင်တာမှ ကြီးမှူးကျင်းပသော နိုင်ငံခြားသားအလုပ်သမား နိုင်ငံပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ၃၊ ၆၊ ၂၀၁၂ (တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင်အသင်း(ကိုရီးယား)မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါသဖြင့် ဘောလုံးဝါသနာရှင် ညီအကိုအပေါင်းတို့ လာရောက်ကြည့်ရှုအားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
남동공단 근린공원
인천 남동구 고장동 445 번지
ဘူဖြောင်းဘူတာရှေ့ ကားမှတ်တိုင်မှ ၃၄၊ ၁၀၃ ဘတ်စ်ကားများ စီးပါက 남동공단 근린공원 မှတ်တိုင်တွင် ဆင်းပါ။
အင်ချွန်းတာမီနယ်ဘူတာမှနေ တက်စီကားဖြင့်လည်း လာရောက်နိုင်ပါသည်။
(မြန်မာလက်ရွေးစင်အသင်းမှ ကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရာသို့ နံနက် ၈ နာရီအရောက် လာရောက်စုဝေးပေးကြပါရန် ပန်ကြားအပ်ပါသည်။)
ဆက်သွယ်ရန်
ဦးသန့်စင်အောင် ၀၁၀ ၉ ၀၅၄ ၄၇၂၇
ဦးခင်မောင်ဝင်း ၀၁၀ ၉ ၉ ၃၈ ၆၉ ၅၃
ဦးဝင်းအောင်ကျော် ၀၁၀ ၂၅၀၇ ၉ ၂၉ ၁
Wednesday, April 4, 2012
ပထမအကြိမ် ကွင်းဖွင့်ဖလား ဘောလုံးပြိုင်ပွဲ
ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

မြန်မာအသင်း(ကိုရီးယား) အားကစားရေးရာဌာန၏ ကြိုးစားမှုဖြင့် နှစ်စဉ် မြန်မာအသင်း(ကိုရီးယား)ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအား ကျင်းပနိုင်ခဲ့ပြီး ယခုတဖန် အားကစားရေးရာဌာန၏ ကြိုးပမ်းမှု ခြေလှမ်းသစ်အဖြစ် ပထမအကြိမ် မြန်မာအသင်းဥက္ကဌ ကွင်းဖွင့်ဖလား ဘောလုံးပြိုင်ပွဲအား မေလ ၁၃ ရက်နေ့တွင် ကျင်းပယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း ဘောလုံးအသင်းများ၊ ဘောလုံးအားကစားသမားများ၊ ပရိသတ်များအား အသိပေးကြေငြာအပ်ပါသည်။
ပြိုင်ပွဲ ကျင်းပခြင်းနှင့် ပါတ်သတ်ပြီး အစည်းအဝေးကျင်းပမည် ဖြစ်ပါသဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည့် နေရာဒေသအသီးသီးမှ ဘောလုံး အသင်းများ၏ တာဝန်ရှိသူများ မြန်မာအသင်း(ကိုရီးယား)ရုံးခန်း (ဘူချွန်းမြို့)သို့ ဧပြီလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီတွင် မပျက်မကွက် လာရောက်ပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
Friday, November 18, 2011
မြန်မာအသင်း (ကိုရီးယား) ဘော်လုံး ဦးဆောင် ကော်မတီ ဖွဲ့စည်း ၊ ကော်မတီမသိဘဲ နိုင်ငံတကာ ပြိုင်ပွဲဝင်မည့် ကလပ်အသင်းများ သတိထား
ဘူချောန်းမြို့ ၊ နိုဝင်ဘာလ ၁၇ ရက်
လွန်ခဲ့သော နိုဝင်္ဘာ ၁၃ ရက် တနင်္ဂနွေ နေ့ မြန်မာအသင်း(ကိုရီးယား) တွင်ကျင်းပသော အစည်းအဝေးက ၊ ကိုရီးယားနိုင်ငံတွင်းရှိ မြန်မာဘောလုံး ကလပ် ၁၃ သင်းမှဦးစီး ဦးဆောင် တစ်ဦးကျစီ ပါဝင် သော မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်း (ဘော်လုံး) ကော်မတီ ကို ဖွဲ့စည်း လိုက်ကြောင်း နှင့် ၄င်းကော်မတီတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည် -
- (၁) ကိုနေသူလှိုင် (ဂေါ်ဂျယ်ဘော်လုံးအသင်း)
- (၂) ကိုစိုးလင်းစိုး (ဒေဂူးဘော်လုံးအသင်း)
- (၃) ကိုဥာဏ်ထွန်း (ရက္ခပူရဘော်လုံးအသင်း)
- (၄) ကိုဝန့်လျန်းမုန်(ခ)ကိုဝီလျံ (ချင်းလူငယ်ဘော်လုံးအသင်း)
- (၅) ကိုကျော်ဝေ (ချောင်းဦးဘော်လုံးအသင်း)
- (၆) ကိုဝင်းနိုင် (အင်ချွန်း စောဂူ ဘော်လုံးအသင်း)
- (၇) ကိုကျော်မိုးမြင့်(ခ)ကိုကျော်လေး (အင်ချွန်းယူနိုက်တက်)
- (၈) ကိုကျော်မိုး (အန်စန်းဘော်လုံးအသင်း)
- (၉) ကိုဖိုးရဲ (မိုးကြိုးဘော်လုံးအသင်း)
- (၁၀) ကိုဝင်းအောင်ကျော်(ခ)ဗိုလ်ဝင်း (ဧရာဝတီဘော်လုံးအသင်း)
- (၁၁) ကိုအောင်ကျော်လင်း (ဂရောင်းဆန် ဒေဂူးဘော်လုံးအသင်း)
- (၁၂) ကိုသားငယ် (ဂွမ်ဂျုးဘော်လုံးအသင်း)
- (၁၃) ကိုပြည့်ဖြိုးအောင်း (ခ) ကိုဖြိုး (အောင်ဆန်းဘော်လုံးအသင်း)
ထို့ပြင် အဆိုပါ မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းကြီး ပိုမိုအဆင်ပြေချောမွေ့စွာ လှုပ်ရှား လည်ပတ် နိုင်စေရေးအတွက် ဦးဆောင်ကော်မတီ ကိုလည်း အောက်ပါ ပုဂ္ဂိုလ် (၇)ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု ဆိုပါသည် -
- (၁) ကိုဝင်းအောင်ကျော်(ခ)ဗိုလ်ဝင်း (မြန်မာအသင်းအားကစားရေးရာမှူး)
- (၂) ကိုကျော်ဇောအေး(ခ)ကိုကျားကြီး (အန်စန်း)
- (၃) ကိုကျော်မိုးမြင့်(ခ)ကိုကျော်လေး (အင်ချွန်းယူနိုက်တက်)
- (၄) ကိုဖိုးရဲ (မိုးကြိုး)
- (၅) ကိုပိုင်(ဧရာဝတီ)
- (၆) ဘဏ္ဍာရေးမှူး - ကိုဝန့်လျန်းမုန်(ခ)ကိုဝီလျံ (ချင်း)
- (၇) ပြန်ကြားရေးမှူး- ကိုဝင်းလှိုင် (အောင်ဆန်း)
ကိုရီးယားနိုင်ငံရောက် မြန်မာဘော်လုံးသမားများ စုစည်းနိုင်ရေး နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်နိုင်မှုရရှိစေရေးအတွက် ၊ နိုင်ငံတကာဘော်လုံးပြိုင်ပွဲများတွင်ယခုဖွဲ့စည်းလိုက်သော မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်း အနေဖြင့်သာ မြန်မာကိုယ်စားပြုအသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၊ မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းအတွက် လက်ရွေးစင်အားကစားသမားများကို မူ ကလပ်အသင်းအသီးသီးမှ အနည်းဆုံး(၂)ဦး ကျစီရွေးချယ်ဖွဲ့စည်းမည်ဖြစ်ကြောင်း ၊ ကလပ်အသင်းများအနေဖြင့် နိုင်ငံတကာဘော်လုံးပြိုင်ပွဲများသို့ ပါဝင်ရန် ဖိတ်ကြားခြင်းခံရပါက ကလပ်အသင်းတာဝန်ရှိသူများ အနေဖြင့် မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းထံ မပျက်မကွက် အကြောင်းကြားရမည် ဖြစ်ကြောင်း ၊ ဖိတ်ကြားခံ ကလပ်အသင်းများအနေဖြင့် မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းမှ တာဝန်ရှိသူများအား အကြောင်းမကြားဘဲ နိုင်ငံတကာ ဘော်လုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါက မြန်မာအသင်းမှ ကြီးမှူးကျင်းပမည့် အားကစားပြိုင်ပွဲများတွင် အချိန်အကန့်အသတ်မရှိ ပိတ်ပင် ခြင်းခံရမည်ဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ် မှစတင်ပြီး မြန်မာအသင်းမှ ဦးစီးပြီးဘော်လုံးပြိုင်ပွဲကို အကြိုဖွင့်ပွဲအဖြစ် (၅)လပိုင်းတွင်တစ်ကြိမ် ပြုလုပ်ပြီး၊ (၁၀)လပိုင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၊ မရှင်းမလင်းသည်များရှိပါက ကော်မတီဝင်များဖြစ်စေ မြန်မာအသင်းဥက္ကဌ ဦးခင်မောင်ရင် (၀၁၁-၉၃၈၆-၇၁၅၃)ထံဖြစ်စေ မေးမြန်းနိုင်ကြောင်း သိရသည် ။
Tuesday, September 27, 2011
ကိုရီးယားမှာ “ကုသိုလ်လည်းရ ၀မ်းလည်းဝ” စေမည့် အရောင်းဈေးသည်များ အလိုရှိကြောင်း
ရေးသားသူ — စိုးမိုးသူ
မြန်မာပြည်တွင်းရှိ လူငယ် လူရွယ်များ၏ ပညာရည်တိုးတက်မြင့်မားရေး လုပ်ငန်းစဉ်များနှင့် ဒေသတွင်း အထွေထွေဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီထောက်ပံ့ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ၏ အချက်အခြာကျသော နေရာများတွင် “လက်တွန်းလှည်း” နှင့် ဈေးရောင်းပြီး ရန်ပုံငွေရှာဖွေမည့် လုပ်ငန်းစဉ်တခုကို စီစဉ်ဆောင်ရွက်လျှက် ရှိပါသည်။ အဆိုပါလုပ်ငန်းစဉ်အတွက် ပူးပေါင်းပါဝင်မည့် အရောင်းဈေးသည်များ လိုအပ်နေ၍ ဖိတ်ခေါ်အပ်ပါသည်။
ဈေးရောင်းကြမဲ့ ပုံစံက ဒီလိုပါ
မိမိတို့ တတ်ကျွမ်းတဲ့ အစားအစာ တခုခုကို လက်တွန်းလှည်းနဲ့ ရောင်းချခြင်းဖြစ်ပါတယ်။
(ရောင်းချမဲ့ အစားအစာ အပေါ်မူတည်ပြီး လှည်းတစီးကို တစ်ယောက်(သို့မဟုတ်)အကူနှင့် နှစ်ယောက်တွဲပြီး ရောင်းနိုင်ပါတယ်။)
ဘယ်လိုကူညီပံ့ပိုးမှုတွေ ရမလဲ
အပြည့်အစုံ ဖတ်ရန် ကလစ်
Saturday, September 24, 2011
စုံညီ အားကစားပွဲတော်
ရွှေမြန်မာညီအကိုအပေါင်းတို့ခင်ဗျား ၂၀၁၁ ရွှေ့ပြောင်းလုပ်သား စုံညီအားကစားပွဲတော်ကြီးကို (၂၅.၉.၂၀၁၁) တနင်္ဂနွေနေ့တွင်
ဆိုးလ်မြို့ ဆုန်ဖာမြို့နယ်၊ ၂၅ အိုလံပစ်လမ်း ဂျန်းရှီ (၁၀)ရှိ အားကစားကွင်းကြီး၌ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ရွှေမြန်မာညီအကိုများအားလုံး ဘောလုံး ၊ ဘော်လီဘော ၊ လွန်ဆွဲ ၊လက်ဆင့်ကမ်းအပြေး ၊ရိုးရာခြင်းဝိုင်း ၊ ရိုးရာ အဆို အက ပြိုင်ပွဲများ၌ ကိုယ်တိုင်ပါဝင်ကစားနိုင်ပြီး ပျော်ရွှင်ကြည်နူး အထူးအားပေးကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်ခင်ဗျား...
(နံနက်စာနှင့် နေ့လည်စာ အဆင်ပြေအောင် စီစဉ်ထားပါသည်။)
အစီအစဉ် - ယခုနှစ်တွင် ဓမ္မဒူတ(ကိုရီးယား)ကျောင်းနှင့် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တို့မှ
ယင်းနေ့ နံနက် ၇း၀၀ နာရီအချိန်တွင် စီစဉ်ထားသော ကားများဖြင့် ပို့ဆောင်ပေးပါမည်၊ နီးစပ်ရာ မိမိတို့ အစီအစဉ်ဖြင့်လည်းလာရောက်နိုင်ပါသည်။
ဘတ်စကားတစ်စီးမှာ ဘောလုံးသမားများနှင့် မိတ်ဆွေများအတွက် ဘူချောန်း ဆော့ဂွါန်ဆာ ဘုန်းတော်ကြီးကျောင်းမှထွက်ခွါမည်ဖြစ်ပြီး ၊ လိုက်ပါမည့်သူများ ဦးခင်မောင်ဝင်း(၀၁၀-၉၉၃၈-၆၉၅၃)ထံဆက်သွယ်ကြစေလိုပါသည် ။
ဘတ်စ်ကား နောက်တစ်စီးမှာ အခြားသော အားကစားသမားများအတွက်ဖြစ်ပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းရှေ့မှ ထွက်ခွါပါမည် ။
မိမိအစီအစဉ်ဖြင့် သွားရောက်လိုသူများ အမှတ်၂ ရထားလိုင်း ဂျုံဟပ်အွန်ဒုံဂျန်ဘူတာ ထွက်ပေါက် ၆ (2호선 종합운동장역 6번 출구)မှ ထွက်လာလျင် ရောက်ပါမည် ။ (နံနက် ၉ နာရီတိတိတွင် ပွဲတော်ဖွင့်ပွဲ ကျင်းပပါမည် ။)
(မှတ်ချက်) ပါဝင်ယှဉ်ပြိုင်မည့်သူများ အားလုံး အားကစားဝတ်စုံ (T-shirt)ကို ပွဲတော်ကျင်းပရေးကော်မတီကပေးမည်ဖြစ်ပြီး၊ ဘောင်းဘီ ဖိနပ် စသည်တို့ကိုမူ မိမိအစီအစဉ်ဖြင့် ယူဆောင်လာကြပါရန် ။
ဂုဏ်ယူဖွယ်ရာ ရွှေမြန်မာအကျိုးတော်ဆောင်များ...
ပါဝင်မည့်နိုင်ငံများ - အိမ်ရှင်ကိုရီးယားနှင့် မွန်ဂိုလီးယား ၊ နီပေါ ၊ မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် ၊ သီရိလင်္ကာ ၊ ထိုင်း ၊ ကမ္ဘောဒီးယား ၊ဗီယက်နမ် စုစုပေါင်း ၉ နိုင်ငံဖြစ်ပါသည်။
ိ
Saturday, July 30, 2011
မြန်မာအသင်း ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ
ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော မြန်မာအသင်း (ကိုရီးယား)၏ ၁၁ ကြိမ်မြောက် ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပရာ 부천 종합운동장 (ပူချွန်းဂျုံဟပ်အွန်ဒုံဂျန်) ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့ (သင်္ကြန်ပွဲ ကျင်းပရာ အားကစားကွင်းနေရာ) odkY ပြိုင်ပွဲဝင် ဘောလုံးအသင်းများနှင့် ကြည့်ရှုအားပေးလိုသူများ မနက် ၈ နာရီအရောက် လာရောက်ပြင်ဆင် နေရာယူပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ကစားသမားကျောနံပါတ်စာရင်း ပေးပို့ရန် ကျန်ရှိနေသေးသော အသင်းများ အနေဖြင့်လည်း တပါတည်း ယူဆောင်လာခဲ့ကြပါရန်။ (ကစားသမား ကျောနံပါတ်၊ အမည်၊ ဖုန်းနံပါတ်)

ပြိုင်ပွဲကျင်းပရာနေရာမှာ ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့ (သင်္ကြန်ပွဲ ကျင်းပရာ အားကစားကွင်းနေရာ) *** စိုးစာဘူတာ ထွက်ပေါက် ၁ အနီးမှ အမှတ် ၉၅၊ ၆၀၊ ၉ ဘတ်စ်ကားများ *** သို့မဟုတ် ပူချွန်းဘူတာမှ ဘတ်စ်ကား အမှတ် ၃ စီး၍ 부천 종합운동장 (ပူချွန်းဂျုံဟပ်အွန်ဒုံဂျန်) တွင် ဆင်းပါ။
Wednesday, July 13, 2011
၁၁ ကြိမ်မြောက် မြန်မာအသင်း(ကိုရီယား)၏ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ
ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

မြန်မာအသင်း (ကိုရီးယား)၏ နှစ်စဉ် ကျင်းပမြဲဖြစ်သော ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအား ၁၁ ကြိမ်မြောက်အဖြစ် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံအတွင်းရှိ ဒေသဆိုင်ရာ မြန်မာဘောလုံးအသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်ကစားကြမည့် မြန်မာဘောလုံး အသင်းများမှာ -
၁ > အင်ချွန်းယူနိုက်တက် ဘောလုံးအသင်း
၂ > အောင်ဆန်းလူငယ် ဘောလုံးအသင်း
၃ > ဂွမ်ဂျူး ဘောလုံးအသင်း
၎ > အန်ဆန်းရှီဟွာ ဘောလုံးအသင်း
၅ > မိုးကြိုးလူငယ် ဘောလုံးအသင်း
၆ > ချောင်းအူး (ယော်ဂျူး) ဘောလုံးအသင်း
၇ > ဧရာဝတီ ဘောလုံးအသင်း
၈ > ဒယ်ဂူး ဘောလုံးအသင်း
၉ > ဂရောင်ဆန်း ဘောလုံးအသင်း
၁၀ > ဂေါ်ဂျယ် ဒယ်ဝူး မြန်မာ ဘောလုံးအသင်း
၁၁ > အင်ချွန်း စောဂူ ယူနိုင်တက် ဘောလုံးအသင်း
၁၂ > Rakhapura ရက္ခပူရ ဘောလုံးအသင်း
၁၃ > Hornbil Club ဘောလုံးအသင်း
တို့ ဖြစ်ကြပါသည်။
ပြိုင်ပွဲကျင်းပရာနေရာမှာ ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့ (သင်္ကြန်ပွဲ ကျင်းပရာ အားကစားကွင်းနေရာ) *** စိုးစာဘူတာ ထွက်ပေါက် ၁ အနီးမှ အမှတ် ၉၅၊ ၆၀၊ ၉ ဘတ်စ်ကားများ *** သို့မဟုတ် ပူချွန်းဘူတာမှ ဘတ်စ်ကား အမှတ် ၃ စီး၍ 부천 종합운동장 (ပူချွန်းဂျုံဟပ်အွန်ဒုံဂျန်) တွင် ဆင်းပါ။

(ပြိုင်ပွဲဝင်အသင်းများမှ အသင်းတာဝန်ရှိသူများ ပွဲစဉ်ဇယား မဲနှိုက်ရန်အတွက် လာမည့် တနင်္ဂနွေနေ့ (၁၇၊ ၇၊ ၂၀၁၁)တွင် ပူချွန်းမြို့ မြန်မာအသင်း ရုံးခန်းသို့ နေ့လည် ၁၂း၃၀ မပျက်မကွက် အရောက်လာပေးကြပါရန်နှင့် ကစားသမားကျောနံပါတ်၊ နာမည်၊ ဖုန်းနံပါတ် စသည်တို့အား စာရင်းဖြည့်စွက်ကာ တပါတည်း ယူဆောင်လာကြပါရန်)
(အဝေးရောက် ဒေသဆိုင်ရာ ဘောလုံး အသင်းများအနေဖြင့် ကစားသမားကျောနံပါတ်၊ နာမည်၊ ဖုန်းနံပါတ် စသည်တို့အား စာရင်းပြုစုကာ မြန်မာအသင်းသို့ E-Mail, Fax တို့နှင့် ကြိုတင်ပို့ဆောင်ပေးကြပါရန်)
Fax - 032 668 0077
E-Mail - ဦးခင်မောင်ရင် (mgyin2003@gmail.com) ဦးဝင်းနိုင်ဦး (oowin2002@hotmail.com)
Sunday, June 12, 2011
အားကစား စုံညီပွဲတော် ဖိတ်ကြားခြင်း
ကိုရီးယားရောက် မြန်မာညီအစ်ကိုမောင်နှမများခင်ဗျား
ကိုရီးယားနိုင်ငံ ဗုဒ္ဓဘာသာ ဂျိုဂေးဆာမှ ကြီးမှူးကျင်းပသော ရှစ်နိုင်ငံ ဘော်လီဘော အားကစားပြိုင်ပွဲကို ဆိုးလ်မြို့တွင်
လာမည့် တနင်္ဂနွေ(19.6.2011) ရက်နေ့ ကျင်းပမည် ဖြစ်ပါသဖြင့် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကိုယ်စား
ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် မြန်မာအသင်းအား တက်ရောက်အားပေးကြပါရန် လေးစားစွာ မေတ္တာဖြင့်
ဖိတ်ကြားအပ်ပါသည်။
အမှတ်တရလက်ဆောင်အဖြစ် Shirt အင်္ကျီနှင့် အခြားပစ္စည်းများ ပေးဝေပါမည်။
ခရီးစဉ် - Air con Bus ဖြင့် အသွားအပြန်ခရီးကို ကျောင်းတော်မှ စီစဉ်ထားပါသည်။
အကျွေးအမွေး - နံနက်-မုန့်ဟင်းခါး
နေ့လည် -ကြက်ဆီထမင်း
ထွက်ခွာမည့်နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
ထွက်ခွာမည့်အချိန်- နံနက် ၇ နာရီ
မှတ်ချက် - ၇ နာရီထွက်ခွာမည်ဖြစ်ပါသဖြင့် (18.6.2011)စနေနေ့ ည ကျောင်းတော်သို့ လာရောက် အိပ်ကြပါရန်
ဆက်သွယ်ရန်ဖုန်းနံပါတ်များ ၀၁၀-၉၄၁၉-၄၂၄၃
၀၁၀-၂၃၂၇-၂၄၅၇

-1.jpg)
-2.jpg)


.jpg)





