Wednesday, December 5, 2012
Monday, February 27, 2012
Tuesday, January 31, 2012
Saturday, August 13, 2011
အမေနဲ့ သမီး ရေကူးကန်မှာ
ရေးသားသူ — (မသိပါ)
*အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ
ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ"
ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ *
**
*ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ
ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။*
**
* ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး"
ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ *
**
*နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ
မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊
အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။
*
**
* လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို
ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ
ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ
ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း
ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ ။
ရယ်သောသူသည် အသက်ရှည်၏ ။
မှတ်ချက် ။
ဝါးလုံးကွဲဟာသ ခေါင်းစည်းဖြင့် အီးမေးလ်မှလာသော ဟာသဖြစ်ပါသည် ။ မိတ်ဆွေများအတွက် မျှဝေလိုက်ခြင်း ဖြစ်ပါသည် ။ မူလ ရေးသူ (ဘာသာပြန်သူ) ဖော်ပြနိုင်ခြင်းမရှိသည်ကို နားလည်မှုပေးကြစေလိုပါသည် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Friday, April 1, 2011
ဧပြီ ၁ ရဲ့ သတင်းထူး
Wednesday, March 30, 2011
အညာက ဆေးရိုး

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဖြစ်သည်။ ထုံးစံအတိုင်း ကိုရီးယားဘာသာသင်တန်းချိန် ပြီးဆုံးသည်နှင့် သင်တန်းဆရာနှင့် ကျနော်တို့ သူငယ်ချင်းတစ်စု လ္ဘက်ရည်ဆိုင်ဘက် ထွက်ခဲ့ကြသည်။ ကျနော်နှင့်အတူ ကိုရီးယားဘာသာ လေ့လာခဲ့ကြသော သင်တန်းဖော်များထဲတွင် ကိုရီးယားပြန်တွေလည်း တော်တော်များသည်။ ထိုအထဲတွင် ကျနော်တို့အခေါ် အညာသားဆိုသူလည်း အပါအ၀င် ဖြစ်သည်။ သူ၏ ကိုရီးယားဘ၀အတွေ့အကြုံတွေက ကျနော်တို့လို ကိုရီးယားအိပ်မက် မက်နေကြသူတွေအဖို့ ဆောင်ရန် ရှောင်ရန်တွေ အပြည့်။
တစ်နေ့…။
ကိုရီးယားဘာသာစကားနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးကြခိုက် အညာသားက သူ့အတွေ့အကြုံကို ထုံးစံအတိုင်း ဖောက်သည်ချလေသည်။
“ ဟာ… ဆရာ၊ အဲဒီ ကကြီးတွေက အတော်တော့ ရယ်(ရီ)ရတယ် ဆရာ။ ကျနော်တော့ ကိုရီးယားမှာ (၁၀) နှစ်လုံးလုံး ကိုယ့်အရပ်ဒေသ အကြောင်းလေးတွေနဲ့ပဲ အဆင်ပြေခဲ့တယ် ဆရာ…”
“ ဟ!! အညာသားရ…၊ ဘယ်လို ဘယ်လို ကိုရီးယားမှာ မင်းတို့ အညာက အကြောင်းတွေနဲ့ အဆင်ပြေခဲ့တာလဲကွ။ လုပ်စမ်းပါဦး…” ဟု ဆရာဖြစ်သူက စကားခေါ်လိုက်လေရာ အဆိုပါ အညာသားကလည်း သူ၏ ၁၀ နှစ်တာ အတွေ့အကြုံများထဲမှ တစ်ချို့ကို အခုလို အားပါးတရ ပြောပြပါလေတော့သည်။
“ ဆရာ…၊ အခု ကျနော် ကိုရီးယားကနေ မြန်မာပြည်ပြန်ရောက်လို့ ကိုရီးယားဘာသာသင်တန်းတွေ တက်ပြီး ကိုရီးယားစာကို လေ့လာနေရလို့သာ မင်္ဂလာပါ…ဆိုတာကို ကိုရီးယားလို အန်ညော်ဟာဆယ်ယိုး… လို့ သင်နေရတာ ဆရာရေ…။ ကျနော် ဟိုမှာ အညာက ဆေးရိုး…လို့ ပြောတာပဲ ကြားခဲ့တယ် ဆရာရဲ့…။ ကျနော်တော့ ကိုရီးယားမှာ ၁၀ နှစ်လုံးလုံး ဘယ်သူနဲ့တွေ့တွေ့ အညာက ဆေးရိုး..လို့များ ပြောလိုက်ရင် ကကြီးတွေက ပြုံးပြီး သဘောတွေ ကျနေတာ ဆရာရဲ့…။” ဟု ပြောလိုက်ရာ ကျနော်တို့ သူငယ်ချင်းတစ်စုလည်း ဆရာနှင့်အတူ ပြုံးရုံသာ ပြုံးနိုင်ကြလေတော့သတည်း။
Wednesday, March 9, 2011
လူလိမ်

ယာဉ်ထိန်းရဲအရာရှိတစ်ယောက်ဟာ လူတစ်ယောက်ကို မြန်နှုန်းကျော်ပြီး မောင်းတဲ့အတွက် လမ်းဘေး ကားထိုးရပ်ခိုင်းလိုက်တယ်။
“ခင်ဗျားရဲ့ ယာဉ်မောင်းလိုင်စင်ကို ကြည့်ခွင့်ပြုပါ။”
“ကျုပ် အရက်မူးပြီး ကားမောင်းတဲ့အတွက် လိုင်စင်ရုပ်သိမ်းခံထားရတယ်။”
“ဒါဆို ကားပိုင်ရှင်ကတ်ပြား ကြည့်ခွင့်ပြုပါ။”
“ကျုပ် ဒီကားကိုခိုးလာတာ။ ဒါပေမယ့် ကျုပ်သေနတ်ကို လက်အိတ်ပုံးထဲ ထည့်လိုက်တဲ့ အချိန်မှာ အဲဒီကတ်ပြားကို ပုံးထဲမှာ တွေ့မိတယ်။”
“လက်အိတ်ပုံးထဲက သေနတ်”
“ဟုတ်တယ်။ အဲဒီမှာ ကျုပ်သေနတ်ထည့်ထားတယ်။ ဒီကားပိုင်ရှင် အမျိုးသမီးကြီးကို သတ်ပြီးတော့ပေါ့။ သူ့ကိုတော့ ကားနောက်ဖုံးထဲမှာ ထိုးသိပ်ထည့်ထားတယ်။”
ဒါတွေကြားပြီးတဲ့နောက် ရဲအရာရှိဟာ စခန်းမှူးကို ဖုန်းဆက်ခေါ်လိုက်တယ်။
ကားဟာ ခဏတွင်းချင်းပဲ ရဲအ၀ိုင်းခံလိုက်ရတယ်။
စခန်းမှူးဟာ ယာဉ်မောင်းနားကို တိုးကပ်သွားတယ်။
“ခင်ဗျားလိုင်စင်ကို ကျနော်ကြည့်နိုင်မလား။”
“အသေအချာပေါ့။ ရော့ ဟောဒီမှာ။”
“ဒီကားက ဘယ်သူ့ကားလဲဗျ။”
“ကျုပ်ကားပါဗျာ။”
“ခင်ဗျားရဲ့ လက်အိတ်ပုံးကို တဖြေးဖြေး ဖွင့်ပြနိုင်မလား။”
လက်အိတ်ပုံးထဲမှာ ဘာမျှမရှိ။
“ခင်ဗျားရဲ့ ကားနောက်ဖုံးကိုကော ဖွင့်ပြနိုင်မလား။”
ကားနောက်ဖုံး ပွင့်သွားတယ်။ ဘယ်သူမျှမရှိ။
“ဒီရဲအရာရှိကတော့ ကားနောက်ဖုံးထဲမှာ အလောင်းတစ်လောင်ရှိတယ်လို့ သူ့ကို ခင်ဗျား ပြောဆိုခဲ့တယ် ဆိုပါလား။”
“အဲဒီလူလိမ် ကျုပ် မြန်နှုန်းကျော်မောင်းတယ်လို့လည်း ခင်ဗျားကို ရွှီးခဲ့ဦးမယ်ဆိုတာ ကျုပ် လောင်ကြေးထပ်ပြီးတော့တောင် ပြောရဲပါရဲ့ဗျာ။”
Thursday, February 24, 2011
တွေးခေါ်မှု
ဟိုး အဝေးက မိုးကောင်းကင်ကို ကြည့်ရင်း
တွေးခေါ်ကြည့်စမ်း…။
သုံးနှစ်…၊ ဟုတ်လား !!!!!!
အင်း…၊ ငါ တွေးမိပြီ။
လွန်ခဲ့တဲ့ ၃ နှစ်က နင့်ကို
ပိုက်ဆံ ချေးထားတာ ရှိတယ်။
Sunday, October 31, 2010
အိဂေါ ဒူးဘတ်
ကိုရီးယားကို သင်တန်းသားပို့ခဲ့တဲ့ သွားလေသူ ကုမ္ပဏီကြီးတစ်ခုမှာပေါ့ခင်ဗျာ။ မြန်မာပြည်ပြန်ပြီး ကိုရီးယားကို ပြန်ရောက်နေကြတဲ့သူတွေ လာခဲ့ကြရတဲ့ ကုမ္ပဏီကြီးပေါ့ဗျာ။ အဲဒီအခါတုန်းက အခုလို အေးအေးဆေးဆေး လာခဲ့ကြရတာ မဟုတ်ဘူးဗျ။ ကိုရီးယားမလာခင် ဗျိုင်းပျံ၊ ဖားခုန်၊ ဒိုက်ထိုးနဲ့ အမျိုးစုံလုပ်ခဲ့ကြရတာကလား။ အဲဒီမှာ ရွေးချယ်ခံပြီးသူတွေထဲက အချို့ဟာ အကြောင်းကြောင်းနဲ့ ဗီဇာအခက်အခဲတွေ ဖြစ်ပြီး ကိုရီးယားလာရမလို မလာရမလိုနဲ့ ဒုက္ခတွေ အတော်လေးကို ရောက်ခဲ့ကြတာပေါ့။ အားလုံး ဟိုနေ့သွားရနိုး၊ ဒီနေ့ သွားရနိုးနဲ့ ဆင့်ဟိုဒင်း ဘာမျှော်ဆိုသလိုပေါ့။ ငွေပူလေးတွေ ကိုယ်စီကိုယ်စီ ရှိနေကြပြန်တော့လည်း ကိုရီးယား လာရဖို့ စိတ်လောမိကြတာပေါ့ခင်ဗျာ။ အားလုံး ကြံရာမရတဲ့အဆုံး ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို တွေ့ပြီး မေးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြရတော့တာပါပဲဗျို။ ခက်တာက အနှီပုဂ္ဂိုလ်ကြီးကလည်း သူ့ကို ကိုရီးယားဘယ်တော့သွားရမလဲလို့ မေးလိုက်တာနဲ့ သူ့စကားပြန်ခေါ်ပြီး ကိုရီးယားစာ ဘယ်လောက်ရပြီလဲ မေးတော့တာကလား။ ဘယ်နေ့သွားရမှန်းမသိလို့ ငွေပူတွေနဲ့ ဖင်မထိုင်နိုင်ဖြစ်နေတဲ့သူတွေအဖို့ ကိုရီးယားစာ ဘယ်မှာလာ စိတ်ဝင်စားနိုင်ကြမလဲဗျာ။ အဲဒီတော့ ကိုရီးယားဘယ်တော့သွားရမလဲလို့ မေးချင်ပေမဲ့ လက်တွန့်နေကြတာပေါ့။ အဲဒီအထဲ စိတ်မြန်လူမြန် တစ်ယောက်ကတော့ သည်းမခံနိုင်တဲ့အဆုံး အဲဒီ ပုဂ္ဂိုလ်ကြီးကို တွေ့အောင်ကြိုးစားပြီး မေးတော့တာကလား။ သူ ၀င်သွားပြီဆိုကတည်းက စကားပြန်ခမျာ ရင်တထိတ်ထိတ်နဲ့ပေါ့။ ခေါ်ပြီး စာမေးခိုင်းရင် ဗီဇာစောင့်ပြီး ဒုက္ခရောက်နေသူတွေအပူလည်း သိနေသူဖြစ်လေတော့ မေးရင်လည်း အခက်၊ မမေးရင်လည်း အခက်ပေါ့။ မကြာပါဘူး။ အနှီပုဂ္ဂိုလ်ကြီးက စကားပြန်ကို အော်ခေါ်ပါလေတော့တယ်။ စကားပြန်ခမျာလည်း လွယ်တာလေးတွေ လှည့်ပတ်မေးရတော့တာပေါ့။ မေးသမျှ ရနေတော့ ဗီဇာဘယ်တော့ကျမယ်ဆိုတာ ပြောရမယ့်အခြေအနေဖြစ်နေလေတော့ အနှီပုဂ္ဂိုလ်ကြီးက စိတ်မရှည် လက်မရှည် ဖြတ်မေးလေပါလေရောဗျို။
သူ့ရုံးခန်းထဲက စားပွဲပေါ်မှာ တင်ထားတဲ့ ရေနွေးဓာတ်ဗူးကြီးကို ထိုးပြပြီး “အေး…၊ ဒါဆို ဒါကို ကိုရီးယားကို ဘယ်လို ခေါ်သလဲ…” တဲ့ဗျာ။ သူတို့ လေ့လာဖို့ ပေးထားတဲ့ စာအုပ်ထဲမှာ မပါတဲ့ ဝေါဟာရဖြစ်လေတော့ ကိုစိတ်မြန်ခမျာလည်း ဘာဖြေလို့ ဖြေရမှန်း မသိဖြစ်နေတော့တာပေါ့။ ဘေးနားက စကားပြန်ခမျာလည်း ရင်တထိတ်ထိတ်။ အပြင်က ချောင်းကြည့်နေကြတဲ့ ကျနော်တို့မှာလည်း ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့အောင်ပါပဲ။ အင်မတန် ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကိုစိတ်မြန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြေချလိုက်ပုံကတော့…
“ အိဂေါ ဒူးဗတ်” တဲ့လေ။
ကျနော်တို့တတွေလည်း ရုတ်တရက်နားမလည်နိုင်ကြပါဘူး။ အဲဒီမှာ အနှီပုဂ္ဂိုလ်ကြီးက ဘေးနားက စကားပြန်ကို ဟေ့၊ သူပြောတာမှန်လားလို့ မေးလိုက်တော့ စကားပြန်ကလည်း ဟုတ်ကဲ့၊ မှန်ပါတယ် အန်ကယ်ကြီးလို့ ဖြေလိုက်တော့တာပေါ့။ ဟုတ်လည်း ဟုတ်ပါတယ်။ ကိုရီးယားလို အိဂေါဆိုတာက ဤအရာသည် ဒူးဗတ် ဓာတ်ဗူး။ မှန်လိုက်လေဗျို။ ကျနော်တို့မှာတော့ အဲဒီ ကုမ္ပဏီပိုင်ရှင်ပုဂ္ဂိုလ်ကြီးမြင်တိုင်း အိဂေါ ဒူးဗတ်လို့ ပြော ပြောပြီး ရယ်လို့ မဆုံးတော့ပါဘူး။
Sunday, March 21, 2010
Saturday, November 7, 2009
Tuesday, October 27, 2009
ကျွန်ုပ်၏ ကိုရီးယား နိုင်ငံအတွင်း စွန့်စားခန်းများ (၁)
နိုင်ငံခြား ထွက်ရတော့မယ်လို့ သူ့ကို ရုတ်တရက် ပြောလိုက်မိတော့ ပြောနေတဲ့သူ့စကား ချက်ချင်း ရပ်သွားကာ ကျ နော့ကို တွေဝေစွာစိုက်ကြည့်လျက် စကားလုံးကို ထိန်းရင်း သူကြိုစားပြီး မှာရှာပါတယ်... ကြိုးစားပါ။ လိုအပ်တဲ့ ငွေကြေး အတိုင်းအတာရရင် အမြန်ဆုံးပြန်လာခဲ့၊ အဲဒီအချိန်ထိ သူစောင့်နေမှာပါတဲ့၊ မျက်ရည်မကျအောင် သူကြိုးစားထိန်းရင်း ပြောနေရှာတယ်...
ကျနော့မှာလဲ ချစ်သူကိုရော၊မိသားစုကိုပါ ဘယ်ခွဲချင်ပါ့မလဲ၊ ဘယ်သူကိုမှ မခွဲချင်ပါဘူး၊ မချန်ထားခဲ့ချင်ပါဘူး...သို့ပေမယ့်လည်း ကြပ်တည်းလာတဲ့ မိသားစု စီးပွားရေးကြောင့် ဘယ်လိုမှ ရင်းနှီး ရုန်းကန် မရသဖြင့် ဒီလမ်းကို ရွေးလိုက်ရတာဖြစ်ကြောင်း ရှင်းပြရင်း နားလည်ပေးဖို့ အပြန်အလှန် နှစ်သိမ့်အားပေးရင်း ဂတိ၊သစ္စာတွေ ထားစရာမရှိအောင်ပေးကာ ရီဝေစွာနဲ့ လမ်းခွဲနှုတ်ဆက် လိုက်ကြတယ်...အိမ်ပြန်ရောက်တော့ ပစ္စည်းဝယ်သူဝယ်... ထည့်သူကထည့်၊ ဆေးရှာသူရှာနဲ့ အလုပ်တွေရှုပ်လို့...ကျနော့မှာသာ လူရှင်းတဲ့ နောက်ဖေးက ထောင့်လေး တစ်ထောင့်မှာထိုင်ရင်း ရင်ဆိုင်ရမယ့် ရှေ့အနာဂတ်ရေး ကြိုတွေးရင်း ရင်မောနေမိတယ်... ပွဲစားကတော့ စိတ်မပူဖို့၊ ဟိုရောက်ရင် အားလုံး အဆင်ပြေလိမ့်မယ်၊ လာကြိုတဲ့ သူနဲ့သာလိုက်သွား ..အလုပ်က ရှာရအရမ်းလွယ်တယ်... စကားတတ်စရာမလို၊ အလုပ်သာ ကြိုးစားလုပ်ပြ၊ ၆-လဆိုအရင်းကျေမယ်...စသဖြင့် မစားရ ၀မခန်းပြောရင်း သူပေးလိုက်တဲ့ လိပ်စာကဒ်ကို မပျောက်အောင် သေသေချာချာ သိမ်းရင်း အိမ်သားတွေနဲ့အတူ ပစ္စည်း ကူထည့်နေမိတယ်... ညရောက်တော့ သူငယ်ချင်း၊မိတ်ဆွေအချို့ ကို နှုတ်ဆက်ပွဲလေးလုပ်ရင်း သူတို့ရင်ထဲက ကျနော့အပေါ် စိုးရိမ်ပူပန်မှုနဲ့ပြောတဲ့ စကားတွေကို “ကျနော့အား မစိုးရိမ်ကြဖို့နဲ့ ကျနော်လူလယ်ပါ ” ဟု စိုးရိမ်မှုလေးတွေ လျော့သွားစေရန် ဟာသနှော ပြောနေမိတယ်... ကျနော်လူလယ်ပါ။
လေဆိပ်အ၀င်ရောက်တော့ ‘ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့’ ဆိုတဲ့ ဆိုင်းဘုတ်ကို တစ်ချက် ကြည့်ပြီးပြုံးတော့ ကျနော့ကို လိုက်ပို့တဲ့ သူငယ်ချင်းတွေက ဘာပြုံးတာလဲတဲ့။ ငါတို့နိုင်ငံကို အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်ကျော်တွေက တကယ့်ပညာရှိတွေ၊ ဥာဏ်ကောင်းကြတယ်.. မင်းဆိုင်းဘုတ်ကို သေသေချာချာ ဖတ်ကြည့်ပါလား ဆိုတော့မှ ဟုတ်သားပဲဟုဆိုကာ ငြိမ်သွားပါတယ်... လေဆိပ်ထဲရောက်တော့ အချိန် အနည်းငယ် စောနေသေးတာကြောင့် စားသောက်ဆိုင်တစ်ဆိုင်မှာ ခဏသွားထိုင်လိုက်ကြတယ်... ဟိုလူကမှာ. ဒီလူကမှာ နဲ့ မို့ “ အင်း၊ဟုတ်ကဲ့ ” နဲ့သာ ဒီနှစ်လုံးကို မထပ်အောင် အဖြေပေးနေမိတယ်...နောက်ဆုံးတော့ ငါလူလည်ပါ။ ငါ့ကိုစိတ်ချပါ။ ဆိုတော့မှ အားလုံး ကိုယ်စားစရာလေးတွေ အမြန်ဖြတ်ကာ ငြိမ်သက်သွားကြပါတယ်... လေယဉ်ပေါ်တက်ခါနီး သူငယ်ချင်းတစ်ယောက်က အခက်အခဲရှိရင် ဒီလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ဖို့၊ သူအစ်ကို ရှိကြောင်း စာရွက်လေး လာပေးရှာသည်။ ဖတ်ကြည့်လိုက်တော့ ကင်ပို။ဖုန်းနံပါတ်.၀၁၀-၄၇၉၉-၄၃၂၂ တဲ့......
ကိုရီးယား ရောက်တော့ (လ၀က)က မြန်မာဆို အရမ်းချစ်တယ် ထင်ပါတယ်. ပတ်စ်ပို့စာအုပ် အနီရောင်လေး တွေ့ရင်ပဲ ၀မ်းပန်းတသာနဲ့ ကြိုဆိုရှာတယ်... အထူးအခွင့်အရေး ပေးတယ် ထင်ပါတယ်...မှန်ခန်းထဲ ခေါ်ပြီး ဗျူးပါလေတော့တယ်...သူ့နိုင်ငံလာတဲ့ မြန်မာမိတ်ဆွေ ဆိုတော့လည်း ပိုရင်းနှီးအောင်ထင်တယ်... (၄)နာရီလောက် ကြာမှ ဗီဇာထုပေးလိုက်တယ်...အပြင်ရောက်တော့ (agent)ပြောတဲ့ လာကြိုမယ့်သူ ရှာမတွေ့ခဲ့ဘူး၊ ဆိုင်းဘုတ်လေးတွေ ထောင်ပြီး ရှာနေတဲ့သူတွေတော့ တွေ့ပါရဲ့ ကိုယ်နံမည်ကပါမလာ။ ဖုန်းရုံနားသွားပြီး အကြွေစေ့လေးထည့် ဖုန်းခေါ်ကြည့်တော့ ဖုန်းပိတ်ထားတယ်... ကဲခက်ပြီ... ခေါင်းတွေလဲမူး၊ ရင်တွေလဲခုန်၊ ဖုန်းရုံနဲ့ နားနေခန်းက ထိုင်ခုံဆီလျှောက်ရတာလဲ မရေနိုင်တော့...စိတ်ထဲမှာ ပွဲစားကိုရည်စူးပြီး မေတ္တာပို့တာလဲ မရေတွက်နိုင် ။ လုပ်ရက်လေခြင်း... ဒါနဲ့ ဟိုရှာ၊ဒီရှာလုပ်တော့ လေယဉ်ပေါ်တက်ခါနီး သူငယ်ချင်းပေးလိုက်တဲ့ လိပ်စာ စာရွက်လေးပါလာတယ်... ဖုန်းဆက်ကြည့်တော့ ကံကောင်းထောက်မစွာ ကိုယ်တော်နဲ့ တည့်တည့်တိုးပြီး ၊ အခု အလုပ်ချိန်ဖြစ်နေလို့ သူလာမကြိုနိုင်ကြောင်း၊ လိပ်စာအတိုင်း Taxi ငှားပြီး လာခဲ့ဖို့ပြောကာ ဖုန်းချသွားပါသည်။ အင်း ဘယ်လောက် အလုပ်များနေလဲမသိဘူး၊ စကားဆုံးအောင် မပြောလိုက်ရဘူး ဖုန်းချသွားပုံထောက်ရင်.. ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုး တစ်ယောက်နဲ့ အဆက်အသွယ် ရနေပြီပဲ၊ ကြောက်စရာမလိုတော့ဘူး ။ စိတ်ထဲမှာ အားတင်းလျက် Taxi stand ရှိရာ လျှောက်လာမိတယ်... လိပ်စာကြည့်တော့ ကင်ပိုပဲပါတယ်...
ကိုရီးယားလိပ်စာက တိုလှချေလား၊ ဘာပဲဖြစ်ဖြစ် ကားသမားတော့ သိမှာပါပဲလေ ဆိုတဲ့အတွေးနဲ့ ကားကို ထိုင်စောင့်နေမိတယ်... ကားဂိတ်ရောက်တော့ taxi တွေက များပြီး စီးမယ့်သူက နည်းတော့ တစ်စီးနဲ့တစ်စီး ထွက်ဖို့က တော်တော်ကြာပုံရတယ်၊ ကားတွေအများကြီး တန်းစီလို့။ ကျနော့အလှည့်ရောက်တော့ ကင်ပိုဆိုတော့ ကားသမားက ကျနော့ကိုကြည့်တယ်.. ဘယ်ကိုသွားမှာလဲ? ကင်ပို ၊နောက်တစ်ခါထပ်မေးတော့ စိတ်က မရှည်ချင်တော့ အသံမာသွားပုံရတယ်. ကားသမားမောင်းထွက်သွားတယ်... သိပ်မမောင်းလိုက်ရဘူး ၊ကားတွေရှုပ်နေတာနဲ့ ၅မိနစ်လောက်ကြာတော့ ရောက်ပြီတဲ့၊ ကျနော်လည်း ပတ်ဝန်းကျင် ဝေ့ကြည့်လိုက်တော့ လေဆိပ်ဝင်းအပြင်ပဲ ရှိသေးတယ်... ရောက်ပြီ၊ ဒါကင်ပိုတဲ့၊ ဒါနဲ့ ဘယ်လောက်လဲ ဆိုတော့ ၀မ်တစ်သောင်းတဲ့။ မများဘူးလား ? ဆိုတော့ ပုံမှန်ပဲတဲ့ ၊ အချိန်မရှိဘူးဆိုသဖြင့် မပေးချင်ပေးချင် ပေးလိုက်ရတယ်... စိတ်ထဲမှာတော့ များတယ်လို့ထင်တယ်... ဘာကြောင့် လဲဆိုတော့ မီတာတောင် ကျိုးမယ့်ပုံမပေါ်သေးလို့ပါ။
ထို့နောက် ကျနော်ရောက်ပြီ ဆိုတဲ့အကြောင်း ဖုန်းဆက်တော့ အနီးအနား သိသိသာသာ မြင်နိုင်မယ့် အဆောက်အဦ ဘာရှိလဲဆိုတော့ ကျနော်လည်း လေဆိပ်ဝင်းအပြင်ဆိုတော့ ဒါလေဆိပ်ပဲ ရှိသေးကြောင်း ပြောရာ နီးစပ်ရာ taxi သမားကို ဖုန်းပေးပြောလိုက် သူလမ်းညွှန်ပေးမယ်ဟု ဆိုသဖြင့် တွေ့ရာ taxi ကို ငှားကာ သူနဲ့ ဖုန်းပြောခိုင်းလိုက်ပါသည်။ ဘာတွေပြောနေလဲမသိ ၊ ဒရိုင်ဘာကြီး ယဲ့၊နဲ့ ဟုဆို ကာ ကျနော်ကို ကားပေါ်တင်ကာ ခေါ်ဆောင်သွားပါတော့သည်။ စိတ်ထဲမှာတော့ ဘယ်ရမလဲ ငါလူလည်ပါဟု ကျိန်းဝါးလိုက်မိပါသည်။ နောက်မှ ပြန်မေးကြည့်ရာ တစ်ထောင်လောက်သာ တန်သည့် ခရီးကို တစ်သောင်း ယူလိုက်ကြောင်း သိရပါသည်။ပထမဦးဆုံး ကိုရီးယားရောက် လူလယ်တစ်ယောက်ရဲ့  စွန့်စားခန်း ယခုလို စတင်လိုက်ပါတော့သည်။
ကိုရီးယားနိုင်ငံ၏ တက္ကစီ ပို့ဆောင်ရေး...
ကိုရီးယားနိုင်ငံတွင် တက္ကစီသည် ၂၄ နာရီပြေးဆွဲပါတယ်.. ကားရဲ့ ခေါင်းမိုးပေါ်တွင် အရောင်မျိုးစုံ အမှတ်အသား မီးလုံးများ တပ်ဆင်ထားသောကြောင့် ကိုယ်ပိုင်ကားများနှင့် အလွယ်တကူ ခွဲခြား၍ သိနိုင်ပါသည်။ တက္ကစီ စီးမည်ဆိုပါက တက္ကစီဂိတ်များတွင် စောင့်ပြီးစီးနိုင်သလို ၊ လမ်းဘေးမှလည်း တား၍သွားလာနေသော တက္ကစီများကို ငှားစီးနိုင်ပါသည်။ ထို့အပြင် တယ်လီဖုန်းဖြင့် ခေါ်ယူ၍ရသော (ခေါလ်) တက္ကစီများကို စီးမည်ဆိုပါက တက္ကစီ မီတာခအပြင် သီးသန့်ငွေအပို (ပုံမှန်အားဖြင့် ၀မ်၁၀၀၀ )ပိုပေးရပါသည်။ ကိုရီးယားတွင် နယ်မြေအလိုက် များစွာသော တက္ကစီ ကုမ္ပဏီများ ဖွင့်လှစ် လုပ်ကိုင်သောကြောင့် တက္ကစီ ဖုန်းနံပါတ်များကို ပတ်ဝန်းကျင်ရှိ သူများကို အလွယ်တကူ မေးမြန်း စုံစမ်းနိုင်ပါသည်။
တရားမ၀င်အောက်ဆိုဒ်ကား (သို့) နာလာစီ
ကိုရီးယားတွင် ကိုယ်ပိုင်ကားဖြင့် တက္ကစီကဲ့သို့ ခရီးသည်တင်ကာ မောင်းသည့် နာလာစီခေါ် အောက်ဆိုဒ်ကားသည် တရားမ၀င်ဖြစ်ပါသည်။ တရားမ၀င်ကားကို စီးရာတွင် ယဉ်တိုက်မှု (သို့မဟုတ်) တစ်စုံတစ်ရာ ဖြစ်ပါက အာမခံလုပ်ငန်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအခက်အခဲရှိသည်။ တက္ကစီသည် ခရီးသည်ယာဉ် ဖြစ်ကြောင်း အသိပေးသည့်စာကို ကပ်ထားပြီး ၊ ကိုယ်ပိုင်ကားများမှာ ကပ်ထားခြင်းမရှိချေ။ထို့ပြင် ကိုယ်ပိုင်ကား၏ နံပါတ်ပြားမှာ အစိမ်းရောင်ဖြစ်ပြီး ၊အငှားကား၏ နံပါတ်ပြားမှာ အ၀ါရောင်ဖြစ်ပါသည်။

ရိုးရိုးတက္ကစီ
ရိုးရိုးတက္ကစီသည် ၃-ယောက်မှ ၄-ယောက်ထိစီးနိုင်ပါသည်။ ကျသင့်ငွေ တွက်ချက်ပေးသော မီတာ တပ်ဆင်ထားပြီး အခြေခံယာဉ်စီးခမှာ ၀မ်၂၄၀၀ မှ စတင်ပါသည်။ နံနက် ၁၂ နာရီမှ နံနက် ၄ နာရီအထိ အခြေခံယာဉ်စီးခမှာ ၀မ် ၂၈၈၀ ဖြစ်သည်။ ထို့ပြင် မြို့ နယ်နိမိတ်ကျော်သွားလျင်လည်း အပိုငွေ ထပ်ဆောင်းပေးရပါသည်။ ဥပမာ- ဆိုးလ်မြို့မှ ဆူဝမ်မြို့သို့ သွားလျှင် မီတာမှ ပြသသော ဈေးနှုန်းအပြင် သတ်မှတ်တက္ကစီခ၏ ၂၀ ရာခိုင်နှုန်းကို ထပ်ပေါင်းပေးရသည်။

အထူးတက္ကစီ
အထူးတက္ကစီသည် အင်ဂျင်အား ၃-ထောင်စီစီ အထက်ရှိသော ဇိမ်ခံကားများဖြင့် ပြေးဆွဲပေးသည်။ အများအားဖြင့် အနက်ရောင် ကားများဖြစ်ကြပြီး၊ မြို့တော်နှင့် အနီးတ၀ိုက် မြို့များတွင် အဓိကထား ပြေးဆွဲပေးကြသည်။ အခြေခံယာဉ်စီးခမှာ ၄၅၀၀-၀မ်ဖြစ်ပြီး၊ ရိုးရိုး တက္ကစီထက် များစွာဈေးကြီးသည်။ သို့သော် ညဘက် အချိန်များနှင့် ခရီးဝေးသွားရာတွင် မီတာမှတောင်းသော ယာဉ်စီးခသာ ပေးရ၏။ အပိုကြေး ပေးစရာမလိုပေ။

ဝန်ကျယ်တက္ကစီ
အများဆုံး ၉-ယောက် စီးနင်းနိုင်သော တက္ကစီ အကြီးစားများ ဖြစ်ကြသည်။ အထုပ်အပိုးများခြင်း၊ ပျော်ပွဲစားသွားခြင်း မျိုးများတွင် အသုံးပြုပါက အလွန်အဆင်ပြေပါသည်။ ထိုကားများ အားလုံးသည် ဆက်သွယ်ရေး စနစ်များ တပ်ဆင်ထားသောကြောင့် မည်သည့်အချိန်၊မည်သည့်အရပ်မှ ဖြစ်စေ ဖုန်းဆက်ရုံဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ အခြေခံစီးနင်းခံမှာ အထူးတက္ကစီနှင့် အတူတူ ၀မ် ၄၆၀၀ ဖြစ်သော်လည်း ၊ ခရီးသည်နှင့် ယာဉ်မောင်းတို့ ညှိနှိုင်း၍လည်း စီးနိုင်ပါသည်။
ဆက်လက်ဖော်ပြပါဦးမည်။
Thursday, October 1, 2009
တစ်မီးလိုသေးတယ်...
ဗေဒင်လို့ ဆိုလိုက်တာနဲ့ ယတြာကိုပါ တွဲပြီးမြင်တတ်ကြလိမ့်မယ် ထင်ပါရဲ့ ။ ကျနော်ငယ်ငယ်လေးထဲက ဗေဒင်၊ ယတြာ တို့ဆိုတာ ရင်းနှီးကျွမ်းဝင်လှတဲ့ စကားတွေပါ။ ကျနော်တို့အိမ်၊ ပတ်ဝန်းကျင်၊ မြို့ နယ်..စသဖြင့် ပြန့်နှံ့ရှင်သန်နေတာ ယနေ့ ထိပါပဲ။ ။
အောက်ဆုံး ဆင်းရဲသားကစလို့ ဟိုးထိပ်ဆုံး အကြီးအကဲတွေထိ ဗေဒင်၊ယတြာကို ကင်းကြမယ်လို့ မထင်ပါဘူး။ (ချွင်းချက်တော့ရှိမှာပေါ့) စီးပွားရေးအဆင်မပြေရင်၊ ကျန်းမာရေးမကောင်းရင်၊ နိုင်ငံရေးမတည်ငြိမ်ရင်၊ ရာထူးတိုးချင်ရင်.. စသဖြင့် ဗေဒင်မေးကာ ယတြာချေပြီး ၊ အဆိုးတွေကို ပယ်ပျောက်အောင် ၊လိုချင်တာတွေမရ၊ ရအောင်၊လိုင်အင်ဆန္ဒတွေပြည့် အောင် လုပ်တတ်ကြပါတယ်.. ယတြာဆိုတာကလည်း တိကျမှ အကျိုးပေးထူးတာလေ…တစ်ခုခုများလွဲချော်ခဲ့ရင်တော့ ပြောင်း ပြန်အကျိုးပေးတတ်တယ်မဟုတ်ပါလား…
ဒီလိုနဲ့ တစ်နေ့ တိုင်းပြည်ကချွတ်ခြုံကျ၊ နိုင်ငံရေးက မတည်ငြိမ်လို့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အကြီးအကဲတို့ မိသားစု ခမျာ တိုးတိုးတိတ်တိတ် ဗေဒင်မေးပြီး၊ ၁၁ မီးငြိမ်းအောင်ဆိုလား ယတြာချေဖို့ လုပ်နေလေရဲ့ ။ မြန်မာပြည်တွင်း ရှာမရလို့ ကောင်းကင်ကနေ ပင့်ခေါ်ထားတဲ့ ဆရာတစ်ဆူ ဘဘိုးတော်ဆရာအီးတီတဲ့။
ခုတော့ ဘဘိုးတော် ဆရာအီးတီနဲ့ မိသားစုဝင်တွေတော့ ရောက်နေကြပါပြီ။ မိသားစုဝင်ဆိုလို့ “စိန်စီသောည” နဲ့နာမည် ကြီး ခဲ့တဲ့ စိန်ဝက်မ တစ်ယောက်သာ သူ့အမျိုးသားနဲ့ လိုက်ပါသွားသောကြောင့် လိုနေလျက်ရှိပါတယ်.. ကျန်သောသူတွေကတော့ အားလုံးစုံစုံလင်လင်….
စမယ့်အချိန်က ၁၁ နာရီ၊ ၁၁မိနစ်၊၁၁ စက္ကန့်။ မစခင် ဘဘိုးတော်ဆရာအီးတီက -“ ၁၁ မီးငြိမ်းအောင် လက်ဖွဲ့ဆောင်၊ ယတြာကောင်းမှ အာဏာမြဲကြ။” ဟု ဆိုသဖြင့် ဗိုလ်ချုပ်မှူးကြီးကတော်မှာ ၀မ်းသာလွန်းလို့ ပီတိတွေလျံတက်နေလေရဲ့ … ဗိုလ်ချုပ်မှူးကြီးကတော့ ရောက်မလာသေး… အချိန်က နီးနေပြီဖြစ်သောကြောင့် နီးရာလူကို အမြန်သွားခေါ်ခိုင်းမှ အူတူတူ အိပ်ချင်မူးတူးနဲ့ ပါလာရှာတယ်… ညက မြန်မာနေရှင်နယ်လိဂ်ဘောပွဲ ကြည့်ကောင်းနေလို့တဲ့! အချိန်က ၁၁ နာရီ ၊ ရေ၊မီး၊ ဖယောင်းတိုင်၊ အမွှေးတိုင် …စသဖြင့် အားလုံးပူးဇော်ထွန်းညှိရန် အဆင်သင့် !
ဘိုးတော်ဆရာအီးတီနဲ့ ဒေါ်ကြိုင်ကြိုင်ကတော့ အလုပ်တွေ ရှုပ်နေလေရဲ့ … ဗိုလ်ချုပ်မှူးကြီးကတော့ ထိုင်ခုံမှာ ငိုက်စဲ။
ဘိုးတော်အီးတီက ဒေါ်ကြိုင်ကြိုင်ရေးပေးထားသော ၎င်းတို့မိသားစုကို အပူမီးလောင်မြိုက်စေတဲ့ ၁၁ မီးစာရွက်ကို ယူကြည့်လိုက်ရာ ၁၀ မီးပဲရေးထားတာတွေ့သောကြောင့် တစ်မီးလိုနေပါလားလို့ လှမ်းမေးလိုက်ရာ…
ရုတ်တရက်ဗိုလ်ချုပ်မှူးကြီးမှာ- “ သမီးလိုရင်လဲ ဒီနေ့အမြန် ပြန်ခေါ်ထားလိုက်မယ် ဘဘိုးတော်ဆရာအီးတီ ”ဟု ဆိုသဖြင့် ကျန်မိသားစုများမှာ ၀ါးကနဲ ရယ်လိုက်ကြသဖြင့် ကျိတ်ဝိုင်း ယတြာချေပွဲဟာ ပျက်ပြယ်သွားခဲ့ရပါတော့တယ်….
ဒါကြောင့် အကျိုးဆက်ကိုတော့ မကြာခင် ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားတော်မူကြပါကုန်!
အားလုံးပြုံးပျော်နိုင်ကြပါစေ…
Friday, August 28, 2009
ခါချဉ်
ဘုရားပေါ်ရောက်တော့ စိတ်ထဲမှာ နွမ်းလျပင်းပန်းတာတွေ ပျောက်ကွယ်ပြီး၊ အလွန်အေးချမ်းသွားမိတယ်...ငြိမ်းချမ်းလိုက်တာ ...ဒီလိုနဲ့ ဘုရားပေါ် လက်ယာရစ်တစ်ပတ် ပတ်နေတုန်း ထူးထူးဆန်းဆန်း ထောင့်တိုင်းထောင့်တိုင်းမှာ ပန်းပေါင်းစုံဘုရားတွေ တွေ့နေရတယ်.. သေသေချာချာ ကြည့်လိုက်တော့ နိုင်ငံတော်အကြီးအကဲကြီး မိသားစုများလှူဒါန်းထားတယ်လို့ ရေးထားတာတွေရတယ်..
အဲ့ဒီလိုကြည့်နေတုန်း အရင်ရောက်နှင့်နေတဲ့ အဖွားအိုနဲ့ သူ့မြေးလေးတစ်ယောက် စကားပြောနေကြတယ်...နောက်ပြီး ဘိုးတော်လိုလို ပုတီးကြီးလည်ပင်းစွဲ အဖြူရောင်ဝတ်စုံနဲ့ ပုဂ္ဂိုလ်တစ်ယောက်ရယ် ၊ ဘုရားရဲ တစ်ယောက်နဲ့ယနေ့ခေတ်စားနေတဲ့ Hip Hop စတိုင်နဲ့ ကောင်လေးနှစ်ယောက်ကို တွေ့ရတယ်...
အဖွားအို- အင်း.. အဖွားတစ်သက် ရွှေတိဂုံဘုရားပေါ်လာတာ ခုလိုပန်းပေါင်းစုံဘုရား တစ်ခါမှ မတွေ့ဖူးဘူး၊ လှလိုက်တာနော်...
မြေးမလေး- ဟုတ်တယ်နော်အဖွား၊ ပန်းတွေကလဲစုံ၊ အနံ့တွေကလဲမွှေးကြိုင်နေတာမို့ စိတ်ထဲလန်းဆန်းသွားတာပဲ။
ဘုရားရဲ -ဟုတ်တယ်ကွယ့် ၊ အဲဒါ နိုင်ငံတော်အကြီးအကဲမိသားစု နံနက်စောစော လာလှူသွားတာ၊ သူတို့လာတော့ လုံခြုံရေးအရ ဘုရားတံခါးတွေ အကုန်လုံးပိတ်ပြီး ၊ ပတ်ပတ်လည် အစောင့်တွေချထားရသေးတယ်...ပြီးတော့ဘယ်သူမှ တက်ခွင့်မရှိဘူး။
ဘိုးတော်- ဟုတ်မယ်...‘‘ပန်းပေါင်းစုံဘုရားလှူ ’’ ဆိုတော့
ပန်း ဆိုတာက အနံ့အဆင်းနဲ့ပြည့်စုံပြီး မွှေးကြိုင်တယ်. ဘုရားကတော့ ပူဇော်အထူးကို ခံယူထိုက်တယ်... အင်း ဒါဆို ပြည်သူတွေရဲ့ ကြည်ညိုမှုကို ရယူပြီး သင်းပျံ့ ကြိုင်လှိုင် မွှေးပျံ့ စေချင်တဲ့ သဘောနဲ့ယတြာချေတာဖြစ်မယ်ကွ။
Hip Hop လူငယ်လေးတစ်ယောက်က- အာ... ဦးလေးကလဲ
ဟုတ်ပါ့မလား? သူတို့က “ ခါချဉ်’’ ဗျ။ ပြည်သူတွေက ကြည်ညို ၊မကြည်ညိုတော့မသိဘူး ။ခုနက ကျနော်လိုက်ကြည့်တဲ့ ပန်းပေါင်းစုံဘုရားတိုင်း ခါချဉ်တွေ ၀ဲနေတာတွေ့ရတယ်..
ဘိုးတော်- ပန်းဆိုတော့လဲ ၀ဲမှာပေါ့ကွ
Hip Hop လူငယ်- မဟုတ်ဘူးဗျ ။ ဦးလေးအဓိပ္ပါယ်ကောက်သလိုပြောရရင် တိရိစ္ဆာန်တွေက ပြည်သူတွေကိုယ်စား သူ့နာမည်လို့ ပြောလိုက်တာပဲ။ အားလုံး လူငယ်လေးစကားကို ဘာအဓိပ္ပါယ်လဲဟူသော အကြည့်ဖြင့်...ထိုအခါလူငယ်လေးက အဖွားတို့၊ ဘိုးတော်တို့ကလဲဝေးလိုက်တာ ၊ အဲဒါ နိုင်ငံတော်အကြီးအကဲကြီး မိသားစုအားလုံးကို ပြည်သူတွေက ‘‘ ခါချဉ်’’လို့ပြောလိုက်တာပဲ၊ ခါလည်းခါ၊ ချဉ်လည်းချဉ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ...
ပြုံးပျော်နိုင်ပါစေ...
ပြည်သူတွေအရမ်းပျော်မှာ
ဥက္ကဌ(ဗိုလ်ချုပ်မှူးကြီး)မှ - ခုနေ ဒေါ်လာတစ်ရာတန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့သူ တစ်ယောက်တော့ပျော်မှာ...
ဒု-ဥက္ကဌမှ - ကျနော်ဆို ၅၀ -တန် နှစ်ရွက်ပစ်ချမယ်... ဒါဆိုကောက်တဲ့သူ နှစ်ယောက်တောင်ပျော်ကြမှာ...
ဝန်ကြီးချုပ် ကလည်း ကျနော်သာဆိုရင် ၂၀ -တန် ၅-ရွက်ပစ်ချမယ်. ကောက်ရတဲ့သူ ၅-ယောက်ပျော်အောင်လို့...
အတွင်းရေးမှူး ကလည်း မနေသာ - ကျနော်သာဆို ၁၀ တန် ၁၀-ရွက်ပစ်ချမယ်လေ.. ဒါမှ ၁၀-ယောက်တောင်ပျော်ကြမှာ...
နောက်ဆုံးလေယဉ်မှူးကြီး အလှည့်ရောက်လေရာ..ခုနေများ ဗိုလ်ချုပ်မှူးကြီးတို့ (၄)ယောက်သာ ခုန်ချလိုက်ရင်ပြည်သူတွေအရမ်းပျော်မှာဟူသတည်း။
ပြုံးပျော်နိုင်ပါစေ...
Friday, July 31, 2009
Tuesday, June 2, 2009
Monday, April 13, 2009
ပြတင်းပေါက်ကလေး
ငါဟာ
ပြတင်းပေါက်ကလေးပါ။
သူ့ကို
ဖွင့်ကြည့်လိုက်ရင် အထဲမှာ
တုန်ယင်နေတဲ့ အလွမ်းတွေကို တွေ့ရမယ်…
အလွမ်းဆိုတာ
မိုးစိုနေတဲ့ ငှက်ကလေးတစ်ကောင်ရဲ့
မပျံသန်းနိုင်တဲ့ ကောင်းကင်ပေါ့…
ကောင်းကင်ကတော့
မျှော်လင့်ချက်တွေကို နေရောင်ခြည်အဖြစ်
ကမ္ဘာမြေပေါ်က ချစ်သူတွေဆီကို ပေးပို့လို့…
မင်းသိရဲ့လား…
နေရောင်ခြည်တွေ အပြည့်နဲ့
ပြတင်းပေါက်ကလေးဟာ… ငါပေါ့…။ ။
Tuesday, March 24, 2009
အနှောက်အယှက်ပေးသူ
အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။ "ဟေ့လူ. နေကောင်းလား…"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
"ကောင်းပါတယ်. ကျေးဇူး"
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.
" ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ…. စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
"ခင်ဗျားလိုပဲပေါ့ဗျာ." ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား"
ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ… ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။ ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။
"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..
" ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့…."
***************
မှတ်ချက်-
နိုဝင်္ဘာပေးပို့လာသည့်အီးမေးလ်ကို တင်ပြထားခြင်းပါ။
Wednesday, March 4, 2009
အားနာရင် ခါးပါတတ်တယ်နော်...
ပေးပို့သူ ၊ နှင်းဆီဖြူ
တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။
ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .
အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။
တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးက အားနာလာပါ တယ်။
ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊
နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတယ်။
ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။
ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိ အတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။
ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့် ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို့  ပြောပြပါတယ်။
ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။
တခြားဆုတောင်းချေ လို့  ပြောရှာတယ်။ ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီးအင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်း နည်းလမ်းတစ်ခုတော့ရှိတယ်။
ဒါပေမယ့် နင်ကတိတည်ရမယ်
ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်
ကောင်းပြီ။ နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှားလိုက်မယ်။
ဒါပေမယ့် တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ဆိုပြီး ကတိတောင်းတယ်။
ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်။. . .
ဒီလိုနဲ့ ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။
ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ ကောင်လေးဖြစ်သွားတာကြောင့်
သူ့ အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။
ရုက္ခစိုးမကြီးကလည်းသူ့ ဗိမာန်မှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။ တစ်နေ့ မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကို တခြားကရုက္ခစိုးတစ်ပါး Transfer နဲ့  ပြောင်း လာပါတယ်။
ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်း ရုက္ခစိုးမကြီးကိုတွေ့ သွားပါလေရော။
တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော့ ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီး
ကြောင် တော့တာပဲ။ ရုက္ခစိုးမကြီးရဲ့ ညောင်ပင်ဆီ ကို အကြောင်းမရှိအကြောင်းရှာပြီးသွားလည်၊
အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေကြိုက်တတ်တဲ့ဟာလေးတွေနဲ့  ချုပ် ရတာအမော။
ရုက္ခစိုးမကြီးကလည်း သူ့ အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။
ဒါပေမယ့် နေ့ တိုင်းနေ့ တိုင်း နားပူနားဆာလုပ်နေတာကြာတော့
ရုက္ခစိုးမကြီးကအားနာနာနဲ့ ပဲ . . . . . . . ။
ဒီလိုနဲ့ 
တစ်နှစ်ပြည့်တော့ကတိအတိုင်း ကောင်မလေးကရုက္ခစိုးကြီးရဲ့ ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်။
ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ ကောင်မလေးအရမ်းအံ့သြသွားပါတယ်။
မယုံနိုင်စရာပါပဲ။ ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။ ဗိုက်ကလေးကပူလို့  . . .။
ဒီတော့ ကောင်မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မကတိအတိုင်း တစ်နှစ်အတိမှာပြန်လာခဲ့ပါတယ် ဒါပေမယ့်
ဒီပုံစံကြီးနဲ့ တော့ပြန်မလဲနိုင်ပါဘူး လို့ ပြောပြောဆိုဆိုနဲ့ ပြန်ပြေးသွားပါလေရော။
အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ့  . . .






