Showing posts with label နာရေး. Show all posts
Showing posts with label နာရေး. Show all posts

Monday, January 26, 2015

နာရေးဖိတ်ကြားခြင်း

ရေးသားသူ — ဦးသောင်းထွန်း





ကိုရီးယားရောက်ညီအကိုများ
ကိုသီဟလင်းထက်(ကယားလေး)၏ဈာပန ဖိတ်ကြားခြင်း

ကယားပြည်နယ် လွိုင်ကော်မြို့ အဖ ဦးတင်ဝင်းအောင် +အမိ ဒေါ်ရှေးမို တို့ ၏သားဖြစ်သူ ကိုသီဟလင်းထက် (ကယားလေး) အသက်(၂၄) နှစ်သည် ၂၀၁၅ခုနှစ်ဇန္န၀ါရီလ ၁၉ ရက်တနင်္လာနေ့ မနက်(၈နာရီ၃၀မိနစ်)အချိန်ခန့် တွင် ကွယ်လွန်သွားပြီဖြစ်ပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ၂၀၁၅ခုနှစ် ဖေဖေါ်ဝါရီလ၁ ရက်နေ့ တနင်္ဂနွေနေ့ (၁၁)နာရီအချိန်တွင် 성남시 သုဿန် တွင်သင်္ဂြိုဟ်မည်ဖြစ်ပါသည်။

경기도 광주시 곤지암읍 신대리 277-35 번지 연세장례식장 တွင် တရားနာယူပါမည်။

မိတ်ဆွေသူငယ်ချင်များအားလုံးအသုဘရှု့ တရားနာယူနိုင်ရန်နှင့် ကိုသီဟလင်းထက်၏ နောက်ဆုံးခရီးအားလိုက်ပါပို့ ဆောင် နိုင်ရန် အသိပေး ဖိတ်ကြားအပ်ပါသည်။

※ကားအစီအစဉ်။ ။ ကိုရဲ ပုဂံမြန်မာဆိုင် ဘတ်စ်ကား (၁)စီး
မြန်မာရွာဂွမ်ဂျူးလေးဆိုင် ဘတ်စ်ကား(၂)စီး

※ကားထွက်မည့်အချိန်။ ။ ၁-၂-၂၀၁၅ နံက်(၈)နာရီဆိုင်များမှကားစထွက်ပါမည်။

※နာရေးကူညီရန်။ ။ Saw Nay Chi Sal
ဘဏ် 351-0549-2599-33(농협)

ဆက်သွယ်ရန်။ ။ (၁)ကိုကျော်ဝင်းနိုင် (၀၁၀-၄၂၄၄ ၅၅၇၅)
(၂)ကိုချစ်တိုး (၀၁၀-၅၄၂၀ ၄၅၄၀ )
(၃)ဦးသောင်းထွန်း (၀၁၀-၇၇၄၀ ၈၇၀၅ )
(၄) ကိုရဲ (၀၁၀-၃၃၆၄ ၇၅၄၂)
(၅) ကိုသားငယ် (၀၁၀-၈၆၉၁ ၆၂၁၄)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 19, 2014

ဇင်သူအောင် နာရေး ဖိတ်ကြားစာ



ရန်ကုန်မြို့ မြောက်ဒဂုံနေ ဦးခင်ကြိုင် +(ဒေါ်ခင်မြ) တို့၏သား ကိုဇင်သူအောင် အသက် ၂၅ နှစ်သည် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဖိုချွန်းမြို့ ဂါဆန်းမြောင်တွင် ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ အချိန် ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက် အအေးခန်းမှ ဘူဖြောင်းသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိင်္ိုဟ်မည် ဖြစ်ပါ၍ လိုက်ပါပို့ဆောင်နိုင်ရန် မိတ်ဆွေအများအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်

နေရာ= ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်၊ အအေးခန်း၊ အသုဘခန်းမဆောင်
အချိန်= ၂၀၁၄ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့ ညနေ ၅ နာရီမှ စတင်၍ အသုဘရှု လာရောက်သူ မိတ်ဆွေများအား စတင်ဧည့်ခံပါမည်။
၂၀၁၄ ဇူလိုင်လ ၂၀ ရက်နေ့၊ တနင်္ဂနွေနေ့ နံနက် ၆း၃၀ နာရီတွင် ကွယ်လွန်သူအား ရည်စူး၍ ပင့်သင်္ဃာတော်တို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း အမျှပေးဝေပါမည်။
နံနက် ၁၁ နာရီအချိန်တွင် ကျောင်းတိုက်မှ ကားများ စတင်ထွက်ပါမည်။

ကျန်ရစ်သူမိသားစုနှင့်
မြန်မာအသင်း(ကိုရီးယား)

ဆက်သွယ်ရန်
ဦးခင်မောင်ရင် 010-2788-7153
ဦးသန့်ဇင်အောင် 010-9054-4727

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 26, 2014

ကွယ်လွန်သူ ကိုဟိန်းထက်ဇော် (ခ) ကိုကျော်လွင်၏ ဈာပနအစီအစဉ်

ရေးသားသူ — ရန်နိုင်ထွန်း


                       ကိုဟိန်းထက်ဇော် (ခ) ကိုကျော်လွင် အသက် (၄၀) နှစ်



၂၁ ၊ ၄ ၊ ၂၀၁၄ တနင်္လာနေ့ ည ၁၁နာရီ ၂၀ မိနစ်တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည့်ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင်အသက် ၄၀နှစ်၏ ဈာပန အစီအစဉ်
ကွယ်လွန်သူ ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင် အသက် ၄၀နှစ်၏
ဆွေမျိုး မိတ်သင်္ဂဟာ အပေါင်းတို့ခင်ဗျာ.........
၂၆ ၊၄ ၊၂၀၁၄ စနေနေ့ ညနေ ၃ နာရီမှ စတင်ပြီး ဖူချွန်းမြို့ ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရား ကျောင်းဝင်းအတွင်းရှိ ဈာပန ခမ်းမဆောင်အတွင်းတွင် ကွယ်လွန်သူအား နှုတ်ဆက် ဂါရ၀ပြုခြင်းအစီအစဉ်ကို စတင်မည်ဖြစ်သည်။ ရပ်နီးရပ်ဝေးမှ ဆွေမျိုး မိတ်သင်္ဂဟာ များအနေဖြင့် ကျန်ရစ်သူ မိသားစုဝင် များနှင့် တွေ့ဆုံ နှစ်သိမ့် အားပေး နိုင်ပါသည်။

၂၇၊၄၊၂၀၁၄ တနင်္ဂနွေနေ့ မနက် ၇နာရီ အချိန်တွင် ကွယ်လွန်သူအားရည်စူး၍ ဘုရားအမှူးရှိသော ပင့် သံဃာ တော် အရှင်သူမြတ် ၅ပါးအား ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရား ကျောင်းဝင်းအတွင်း ရှိ ဈာပန ခမ်းမဆောင် အတွင်းတွင် အာရုဏ် မုန့်ဟင်းခါး ဆွမ်းနှင့်အတူ သင်္ဃန်းနှင့်တကွ လှူဘွယ်ပစ္စည်း အစုစုကပ်လှူပြီး တရားနာ ရေစက်ချ အမျှဝေမည်ဖြစ်ပါသည်။

အသုဘ ရှု့တရားတော်နာကြွရောက်လာကြသည့် ဆွေမျိုး မိတ်သင်္ဂဟာ အပေါင်းတို့အား မြန်မာ မုန့်ဟင်းခါးဖြင့် ဒါနပြုကျွေးမွေးခြင်း ၂၇၊၄၊၂၀၁၄ တနင်္ဂနွေနေ့ မွန်းတည့် ၁၂ နာရီ တိတိ အချိန်တွင် ဖူချွန်းမြို့ ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရား ကျောင်းဝင်းအတွင်းမှ ကွယ်လွန်သူ၏ ရုပ်ကလပ်ကို ဖူပြောင်းသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ် မည်ဖြစ်ပါသည်။

အသုဘ ကမ္မဌန်းရှု့ ပို့ ဆောင်လာကြမည့်  သူများအတွက် ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရား ကျောင်းဝင်းအတွင်းတွင် ကားစီစဉ်ထားပြီး မွန်းတည့် ၁၂ နာရီ တိတိ အချိန်တွင် စတင်ထွက်ခွာမည် ဖြစ်ပါသည်၊၊

( မြန်မာ အသင်း (ကိုရီးယား)မှ ပံ့ပိုးကူညီ ပေးပါသည်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, April 23, 2014

ကုသိုလ်ပြု အမျှဝေရန် ဖိတ်ကြားစာ

မိတ်ဆွေများကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်-

အမေ ဒေါ်စောသင် အသက် ၉၃ နှစ်သည် ၂၀၁၄ ဧပြီ ၂၂ ရက်နေ့ ညနေ ၆း၃၀ နာရီက ရန်ကုန်မြို့ နေအိမ်၌ ဘ၀တပါးသို့ ပြောင်းရွေ့ကွယ်လွန်သွားပါသည်။ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဧပြီ ၂၃ ရက်နေ့ နံနက် ၁၁ နာရီက ရေဝေးသုသာန်တွင် ကောင်းမွန်စွာ သဂြုင်္ိင်္ိဟ်ပြီးစီးပါသည်။

ကွယ်လွန်သူ အမေ ဒေါ်စောသင်အား ရည်စူး၍ ဘုရားအမှူးပြုသော သံဃာတော်တို့အား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုတို့ကို ကောင်းမွန်စွာ ဆက်ကပ်လှူဒါန်းပြီး၊ ပြုလုပ်သော ကောင်းမှုကုသိုလ်၏ အဖို့ဘာဂကို အမေနှင့်တကွ ဝေနေယျသတ္တ၀ါ အပေါင်းအား အမျှပေးဝေမည် ဖြစ်ပါသည်။

အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည့် အမျှဝေအလှူပွဲသို့ အတူတကွ ကြွရောက်၍ ကောင်းမှုနုဘော် သာဓုခေါ်ဆိုနိုင်ကြပါရန် မိတ်ဆွေအများအား လေးစားစွာ ဖိတ်ကြားအပ်သည်။

နေ့ရက်= ၂၀၁၄ ဧပြီ ၂၇ ရက်နေ့
နေရာ= ဘူဖျောင်းမြို့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
စီအစဉ်=
နံနက် ၇း၀၀ နာရီ - အရုဏ်ဆွမ်းကပ်
နံနက် ၉း၃၀ နာရီ - တရားနာ အမျှဝေ

ကြွရောက်လာသူများကို မုန့်ဟင်းခါးဖြင့် လှူဒါန်းဧည့်ခံပါမည်။

ဝင်းပေါ်မောင်+မာလာရွှေ
သမီး စုမြတ်မောင် မိသားစု

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 22, 2014

ကိုဟိန်းထက်ဇော်(ခ)ကိုကျော်လွင် ရုတ်တရက် ကွယ်လွန်

ရေးသားသူ — ရန်နိုင်ထွန်း



  ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင်
အသက်(၄၀) နှစ်
(၂၁ ၊ ၄ ၊ ၂၀၁၄) တနင်္လာနေ့ ည( ၁၁နာရီ ၂၀) မိနစ်တွင် ကွယ်လွန်သည်။

အင်ချွန်း မြို့(Incheon City ) ဆောလ်ဂု (Seo-Gu ) ဖုခမ်းရို (Bukhang – Ro)၀မ်ချမ်းဒေါင်(Won Chang Doung) ၇၆-၅၂ တွင်တည်ရှိသည့် ဟန်လင်:(HAN LIM) သစ်စက်ရုံတွင် ထိုနေ့ ည ၇နာရီ ၁၅ မိနစ် အချိန်တွင် အထပ်သား သစ်သားဖြတ်စက်(CNC) ပေါ်တွင် ထု ၁၅ မီလီ အနံ ၁၂၂၀ မီလီ အလျား ၂၄၄၀ မီလီ ဆိုဒ်ရှိသည့် အထပ်သား တစ်ချပ်ကို ဖြတ် တောက်နေစဉ် ဖြတ်စက်မှ ထွက်လာသော ပို လျှံ သစ် သားဒေါင့် စွန်းနှင့် အနောက်ရှိ သစ်သားတင်ထားသည့် သံဘောင်ဘားတန်းတို့ အကြား ရင်ညွန့်နှင့် ကြားမှ ခံထား လိုက်သကဲ့သို့ မမျှော်လင့်ပဲ ညှပ်ဖိ တွန်းကန်လိုက်ခြင်းဒဏ်ကို ခံလိုက်ရပြီး အဆိုပါ ပြင်းထန်သည့် ဒဏ်ကြောင့် ရင်တွင်းရှိ အသည်းနှင့် အတွင်းအစိတ်အပိုင်း အချို့ထိခိုက်ခဲ့ရပါသည်။

ဖြစ်လျင်ဖြစ်ခြင်း အရေးပေါ်ဌာန ၁၁၉ ကို ဖုံးဆက်ခေါ်ကာ အင်ချွမ်း International ST.MARY’S Hospital ရှိ အရေးပေါ် အထူးလူနာဌာနတွင် အလျှင်အမြန် ဆေးဝါးကုသမှုကို ရရှိစေရန် ကြိုးစားသော်လည်း ရင်တွင်းရရှိထားသော အတွင်းကြေ ဒဏ်ရာမှ ကိုယ်တွင်းသွေးစိမ့်ယိုအား များပြားသဖြင့် ဆရာဝန်များမှ ခွဲစိတ်ကုသနိုင်ရန်အတွက် အစားထိုးရန် လိုအပ်နေသည့် သွေးမှာ အလွန်တရာ ရှားပါးသည့် RH(-) သွေးအမျိုးအစား ဖြစ်နေသဖြင့် သွေးရရှိရန် ကိုရီးယားနိုင်ငံ အတွင်း စုံစမ်းသောအခါ လိုအပ်သည့် သွေးမမာဏထက် မဖြစ်သလောက် သွေးသာရှာဖွေနိုင်ခဲ့ပြီး ထို RH(-) သွေးအမျိုးအစားသည် အာရှတိုက်ထဲမှာ အလွန်ရှားပါးတဲ့ သွေးအမျိုးအစား ဖြစ်ပြီး မိသားစု သွေးအမျိုးအစားဖြစ်သဖြင့် ကိုရီးယားနိုင်ငံ ရောက် မြန်မာ နိုင်ငံ သားများ ကို Face Book မှ ဆက်သွယ် အကူအညီ တောင်းသောလည်း ရှာ မတွေ့နိုင်လောက်အောင် ရှားပါးနေသဖြင့် အမြန်ခွဲစိတ်နိုင်ရန်ကိစ္စရပ်မှာ မအောင်မြင်နိုင်ခဲ့ချေ။ အကယ်၍ သွေး အဆင်ပြေကာ ခွဲစိတ်နိုင်ပါကလည်း အသက်ရှင်နိုင်စေရေးအတွက် အဖြေမှာ ရာခိုင်နူန်း အား အလွန်နည်းပါးနေသည့် အခြေ အနေတွင် တည်ရှိနေသဖြင့် ပြင်းထန်စွာရရှိထားသည့် အတွင်းကြေဝေဒနာကို သက်သာအောင်အစွမ်းကုန် ပြုစု စောင့်ရှောက်နေရင်း ထိုနေ့ည ဒေသစံတော်ချိန် ည ၁၁နာရီ ၂၀ မိနစ် အချိန်တွင် ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင် တစ်ယောက် ကွယ်လွန် အနိစ္စ ရောက်ရှိခဲ့ပါသည်။

လက်ရှိ အခြေအနေတွင် ကြွင်းကျန်သည့် ရုပ်ကလပ်ကို International ST.MARY’S Hospital ရှိ အအေးခန်းတွင် ထားရှိထားပြီး ကိုရီးယား ပြည်သူ့ ရဲအဖွဲ့၏ သေမှုသေခင်း စစ်ဆေးချက် ပြီးဆုံးပါက ဖူချွန်းမြို့ ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရားကျောင်းဝင်းအတွင်းရှိ အအေးခန်းသို့ ပြောင်းရွေ့ထားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကွယ်လွန်သူ၏ ဇနီး၊သမီးနှင့်အတူ ညီမ ဖြစ်သူတို့ ကိုရီးယားနိုင်ငံသို့ ရောက်လာသည့် အချိန်အထိ စောင့်ဆိုင်းကာ တနင်္ဂနွေနေ့ တစ်ရက်ရက်တွင် ဖူပြောင်းသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ် မည်ဖြစ်ပါသည်၊။

အသေးစိတ် အခြေအနေ အရပ်ရပ်ကို သိလိုပါက
ရန်နိုင်ထွန်း
၀၁၀-၈၇၂၃-၄၇၇၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 7, 2014

ကိုသွန်းငွေမင်းခေါ် ကိုမြင့်ကြိုင် ၏ ဈာပနအခမ်းအနား ဖိတ်ကြားစာ


ရန်ကုန်မြို့ ယုဇနအိမ်ယာနေ ၊ ဒေါ်စန္ဒာဖြိုး၏ ချစ်လှစွာသော ခင်ပွန်း ၊
မောင်ကျော်ဇင်ဟိန်းနှင့် မခိုင်ဇင်သက်တို့၏ ချစ်လှစွာသော မွေးသဖင် ကျေးဇူးရှင် -

ကိုသွန်းငွေမင်း ခေါ် ကိုမြင့်ကြိုင်
သည်
၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ၂၆ ရက်နေ့ နံနက်ပိုင်းက ၊ တောင်ကိုရီးယားနိုင်ငံ အင်ချောန်း ဆောဂု ဝါန်ဂီးဒုံ စက်ရုံဝင်းအတွင်းရှိ အိပ်ဆောင်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ ၊ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို မြန်မာဓလေ့ထုံးတမ်းနှင့်အညီ ၊ အောက်ပါအစီအစဉ်အတိုင်း ဈာပနအခမ်းအနားဖြင့် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသဖြင့် ကြွရောက်တော်မူကြပါရန် ရပ်နီးရပ်ဝေး မိတ်သင်္ဂဟအပေါင်းတို့အား ညှိုးငယ်သော စိတ်ထားဖြင့် အသိပေးဖိတ်ကြားအပ်ပါသည်-

အစီအစဉ်များ-
နှုတ်ဆက်၊ ဆုတောင်း (ဂါရဝပြု) အစီအစဉ်-
- ၂၀၁၄ခုနှစ် မတ်လ ၈ ရက် (စနေနေ့)
- ညနေ ၆ နာရီမှ ည ၁၂ နာရီထိ
- ဆော့ဂွါန်ဆာ (ဘူချောန်း)

ဆွမ်းအလှူနှင့် တရားတော်နာ
-၂၀၁၄ခုနှစ် မတ်လ ၉ ရက် (တနင်္ဂနွေနေ့)
-နံနက် ၇ နာရီ တရားတော်နာကြားပြီး ၊ နေ့လည် ၁၀နာရီခွဲထိ အာဟာရဒါန

ပို့ဆောင်သင်္ဂြိုဟ်ခြင်း အစီအစဉ်
-နေ့လည် ၁၁ နာရီတိတိ အချိန်တွင် ၊ ဆော့ဂွါန်ဆာမှ စတင်ထွက်ခွါမည်ဖြစ်ပြီး၊
-နေ့လည် ၁နာရီတိတိအချိန်တွင် ဘူဖြောင်းသုဿန်တွင် မီးသင်္ဂြိုဟ်ပါမည်။

ညှိုးငယ်သောစိတ်ထားဖြင့်-
ကျန်ရစ်သူမိသားစု နှင့်
မြန်မာအသင်း(ကိုရီးယား)

မေးမြန်းရန်ရှိပါက-
- ကိုသန်းထိုက်စိုး (၀၁၀-၄၇၅၈-၉၉၆၁)
- ဦးခင်မောင်ရင် (၀၁၀-၂၇၈၈-၇၁၅၃)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 31, 2012

ကြက်တကောင်း ဆရာတော်အရှင် ဇာဂရ ကျောက်ကပ် အလှူတော်စာရင်း ထုတ်ပြန်

ဒီဇင်္ဘာလ ၃၁ ၊ အင်ချောန်းမြို့တော်
ထီးချိုင့်မြို့ ကြက်တကောင်းကျေးရွာ ကြက်တကောင်း ကျောင်းထိုင်ဆရာတော်ကြီး အရှင် ဇာဂရ ကျောက်ကပ် ခွဲစိတ်မှုအလှူတော်အတွက် ကိုရီးယားနိုင်ငံရှိ ၊ အလှူရှင်များက ဇီဝိတဒါနအလှူတော်အဖြစ် တတ်စွမ်းသမျှ စုပေါင်း ပါဝင်ကူညီလှူဒါန်းလျက် ရှိကြရာ ယမန်နေ့က အလှူတော်ငွေ ဝမ် ရှစ်သိန်း ၄ သောင်းရရှိကြောင်း နှင့် အလှူရှင်မျာဒစာရင်းကို (ဤနေရာCLICK) တွင် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည် ။

အလှူငွေများကို ၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၇ ရက်နေ့ ထိ လက်ခံသွားမည်ဖြစ်ပြီး ၊ အောက်ပါ ပုဂ္ဂိုလ်များထံမှ တစ်ဆင့် လှူဒါန်းနိုင်ကြကြောင်းသိရသည်-
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, October 12, 2012

မြန်မာတဦး အလုပ်ခွင်အတွင်း သေဆုံး၊ ၁၄ ရက်နေ့ အသုဘချမည်

ဂျိုဂျီဝမ်မြို့ လျှပ်စစ်ကြိုး ထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော
ကိုဟန်ထွန်းအောင် သည် အောက်တိုဘာ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က အလုပ်ခွင်အတွင်း မတော်တဆ ထိခိုက်မိပြီး သေဆုံးသွားပါကြောင်း ဆွေမျိုးမိတ်ဆွေ အပေါင်းအား သိကြားစေအပ်ပါသည်။

ကွယ်လွန်သူ ကိုဟန်ထွန်းအောင်သည် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး၊ ကိုရီးယားနိုင်ငံသို့ အလုပ်ဗီဇာဖြင့် ၂၀၁၂.၀၆.၀၄ ရက်နေ့က ရောက်ရှိလာသူ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၂၈ နှစ်ရှိပြီး၊ ဇနီးနှင့် သားသမီးတစ်ဦး ကျန်ရှိခဲ့ပါသည်။

ကွယ်လွန်သူ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို မိသားစု၏ သဘောတူညီချက်ဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့)တွင် ဘူဖျောင်းသုဿန်၌ မီးသဂြုင်္ိင်္ိင်္ိဟ်မည် ဖြစ်ပါသည်။

အသုဘပို့ဆောင်မှု အစီအစဉ်မှာ-

၁။ ပူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်ရှိ အသုဘဧည့်ခံဆောင်တွင် နံနက် ၆ နာရီအချိန်၌ သံဃာတော်များအား မြေချဆွမ်းကပ်လှူခြင်း၊ ကွယ်လွန်သူအား ရည်စူး၍ သရဏဂုံတင်ခြင်း၊ အမျှအတန်း ပေးဝေခြင်း တို့ကို ဆောင်ရွက်ပါမည်။

၂။ နံနက် ၁၁ နာရီ တိတိတွင် ဆော့ဂွမ်ဆာကျောင်းတိုက် အအေးခန်းမှ ဘူဖျောင်းသုဿန်သို့ ပို့ဆောင်သဂြုင်္ိင်္ိင်္ိဟ်ပါမည်။

ရပ်နီးရပ်ဝေး မိတ်ဆွေများ ၁၃ ရက်နေ့ (စနေနေ့) ညနေ ၄ နာရီမှ စ၍ ဆော့ဂွမ်ဆာကျောင်းတိုက် အသုဘဧည့်ခံဆောင်သို့ လာရောက်နိုင်ပြီး၊ ၀ိုင်းဝန်းကူညီကြပါရန် အကြောင်းကြား ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု၊ မိတ်ဆွေများနှင့်
မြန်မာအသင်း (ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, September 12, 2012

အလှူဖိတ်ကြားလွှာ

မိခင်ကြီးအတွက် အမျှပေးဝေမှု
အနန္တဂိုဏ်းဝင် မွေးမိခင်ကြီးဖြစ်သော မြင်းခြံမြို့နယ်၊ ဒါးကျွန်း၇ွာ ဒေါ်ညွန့်ငွေ သည် လွန်ခဲ့သော နှစ်လက ဘဝတစ်ပါးပြောင်းသွားကွယ်လွန်ပြီးဖြစ်ပါသည်။ကျေးဇူးရှင် မိခင်ကြီးကို အမှတ်ရသည့်အနေဖြင့်လည်းကောင်း၊ ကျေးဇူးဆပ်သည့်အနေဖြင့်လည်းကောင်း သားဖြစ်သူ ကိုထွန်းထွန်းမင်း၊ ကိုလှမင်းထိုက် ညီအစ်ကိုတို့ မှ သံဃာတော်တို့ အား ဆွမ်းအစရှိသော လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ ကို ဆက်ကပ်လှူဒါန်းပြီး အမျှအတမ်းပေးဝေမှုကို ပြုလုပ်လိုပါသဖြင့် မိတ်ဆွေသူငယ်ချင်းအပေါင်းနှင့် ရွှေညီအစ်ကိုအပေါင်းတို့ အား လေးစားစွာဖိတ်ကြားအပ်ပါသည်။
(ရေစက်ချ တရားနာကို သင့်လျော်သောအချိန်၌ ပြုလုပ်ပါမည်)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း
နေ့ ရက် - ၁၆-၉-၂၀၁၂ (တန၈င်္နွေနေ့)ဧည့်ခံမှု - မြန်မာထ္မင်း ဟင်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, July 12, 2012

နာရေးသတင်း

အူဆန်းမြို့ရှိ 태양정공 စက်ရုံမှ အလုပ်လုပ်သော ကိုမင်းသန်း (အသက် ၃၃နှစ်) သည် ၆/၇/၂၀၁၂ နေ့တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါသည်။ ဖြစ်စဉ်မှာ ကိုမင်းသန်းသည် ညနေဘက် သူငယ်ချင်းနှင့်အတူ ဘောလုံးကန်အပြီး ချွေးအထွက်များ၍ ခဏနားလိုက်ပါသည်။ ချွေးတိတ်၍ ရေချိုးခန်းမှ ရေချိုးနေစဉ် ရုတ်တရက် နှလုံးခုန်ရပ်၍ လဲကျသွားပြီး သူငယ်ချင်းများက အရေးပေါ်ဆေးရုံသို့ ပို့ပေးခဲ့ပြီး ဆေးရုံးအရောက်တွင် ကိုမင်းသန်း တစ်ယောက် ကွယ်လွန်သွားခဲ့ရှာပါသည်။ ယခု အူဆန်းမြို့ရှိ ဆေးရုံရေခဲတိုက်တွင် မီးသင်္ဂြိုဟ်ရန်အတွက် မြန်မာသံရုံးရဲ့ ခွင့်ပြုချက်ကို စောင့်စိုင်းနေကြောင်း သတင်းရရှိပါသည်။ွ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 30, 2012

ရက်လည်ဆွမ်းကျွေး အလှူတော်

(၂၈၊ ၅၊ ၂၀၁၂) တနင်္ဂနွေနေ့ တွင် ကွယ်လွန်သွားသော မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်နေ ကိုဝင်းကျော်ကျော်(ခ)ကိုထင်အောင်ကျော်၏ ချစ်လှစွာသော မိခင်ကြီး ဒေါ်ခင်စီ အသက်(၆၃)နှစ်အရွယ်အား ရည်စူးပြီး 3/6/2012 တနင်္ဂနွေနေ့တွင် အန်ဆန်းမြို့ သန္တိကရဝိဟာရ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း နေ့ဆွမ်းများဖြင့် ဆပ်ကပ်လှူဒါန်းကာ အမျှပေးဝေမှုကို ပြုလုပ်မည်ဖြစ်ပါ၍ ကိုးရီးယားနိုင်ငံရောက် မိတ်ဆွေသူငယ်ချင်းအပေါင်းတို့အား ကြွရောက်၍ ကိုဝင်းကျော်ကျော်နှင့်အတူ ကုသိုလ်ပြု အမျှပေးဝေနိုင်ပါ၇န် ညှိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။

နေရာ။ ။သန္တိကရဝိဟာရ ကျောင်းတော်၊အန်ဆန်းမြို့ 

နေ့ရက်။  ။၂၀၁၂ခုနှစ် ဇွန်လ ၃ရက် တနင်္ဂနွေနေ့

အချိန်။  ။နံနက်(၇)နာရီမှ မွန်းလွဲ(၁)ထိ

ဧည့်ခံအကျွေးအမွေး။  ။မြန်မာထမင်ဟင်းလျာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 9, 2012

ဂေါ်ဂျယ်မှ မြန်မာတဦး ရုတ်တရက် ကွယ်လွန်၊ ရက်လည်ဆွမ်းသွပ် ဖိတ်ကြားစာ

ရေးသားသူ — မဇ္ဈိမယာန

ဂေါ်ဂျယ် ဒေ၀ူး သင်္ဘောကျင်းတွင် အလုပ် လုပ်ကိုင်နေသော ကိုတင်ထွန်းဦး (အသက် ၃၀)သည် ၂၀၁၂ ခုနှစ် မေလ ၆ ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ဘူဆန်မြို့ နှလုံးအထူးကု ဆေးရုံတစ်ခုတွင် ရုတ်တရတ် ကွယ်လွန်သွားပါသည်။

ကွယ်လွန်သူ ကိုတင်ထွန်းဦး အတွက် ရက်လည် ဆွမ်းသွပ် တရားနာ အမျှဝေပွဲကို ဘူဆန်မြို့ ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါ၍ မိတ်ဆွေသင်္ဂဟများ ကျန်ရစ်သူ မိသားစုနှင့် မိတ်ဆွေများက ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၀၁၂ မေလ ၁၂ ရက်၊ စနေနေ့
နေရာ = ပြည်တော်ဦးကျောင်း၊ ဘူဆန်မြို့၊ နာမ်ချောင်မြို့နယ်၊ စမ်းမစ်ဘိချိ တိုက် ၂၁၃၊ အခန်း ၂၀၅
အချိန် = နံနက် ၁၀ နာရီ မှ မွန်းလွဲ နာရီ


ကိုတင်ထွန်းဦးသည် လွန်ခဲ့သည့် တလကျော်မှစ၍ ဘူဆန်မြို့ ခွဲစိတ်အထူးကုဆေးရုံတွင် ဆေးကုသနေသော ဦးလေးတော်သူ ဦးသိန်းလွင်အား အနီးကပ် စောင့်ရှောက်ပေးနေသူ ဖြစ်သည်။ ဦးသိန်းလွင်မှာ ပရပ်(စ်)စက်ရုံ တခုတွင် အလုပ်လုပ်ရာမှ လက်တွင်ထိခိုက် ဒဏ်ရာရရှိ၍ ဆေးရုံတက်နေခြင်း ဖြစ်သည်။

တစ်လခန့် ဆေးရုံစောင့်အပြီး အလုပ်လုပ်ရန် မိမိစက်ရုံ ဂေါ်ဂျယ်သို့ တစ်ပတ်ခန့် ပြန်သွားခဲ့သည်။ စနေနေ့ညက ဆေးရုံသို့ ပြန်လာပြီး ညအိပ်စောင့်ပေးခဲ့သည်။

တနင်္ဂနွေနေ့၊ နံနက် ၅ နာရီခန့်တွင် အိပ်ရာထချိန်အထိ ပုံမှန်အကောင်းတိုင်း ဖြစ်သည်။ ထို့နောက် မကြာမီတွင် ရုတ်တရတ် အသက်ရှူကြပ်ပြီး နှလုံးခုန် ရပ်သွားခဲ့သည်။ ဆေးရုံရှိ အရေးပေါ်ဌာနမှ အောက်စီဂျင်ပေး၊ အသက်ရှူ ကိရိယာများ အသုံးပြု၍ ပြန်လည် အသက်ရှူလာစေရန် ကြိုးစားခဲ့သော်လည်း မရနိုင်သည့် အဆုံးတွင် အနီးရှိ နှလုံးအထူးကု ဆေးရုံသို့ ပေးပို့ခဲ့သည်။

၎င်း နှလုံးဆေးရုံသို့ ရောက်ပြီးနောက် ကိုတင်ထွန်းဦးမှာ ကွယ်လွန် သွားခဲ့ပါသည်။
ဆေးရုံမှ ဆေးစစ်ချက်မှာ နှလုံး ရုတ်တရက် ရပ်သွားခြင်း ဖြစ်ပြီး၊ ဖခင်ဖြစ်သူမှာလည်း အိပ်ရာထဲတွင် အိပ်နေရာမှ ရုတ်တရက် ဆုံးပါးခဲ့ခြင်းကြောင့် မျိုးရိုးဗီဇကြောင့်ဟု ကောက်ချက်ချခဲ့ပါသည်။

မေလ ၇ ရက်၊ တနင်္လာနေ့ နံနက်တွင် ၎င်းကွယ်လွန်ရာ ဘူဆန်မြို့၊ နာမ်ဆမ်းမြို့နယ် အတွင်းရှိ ချင်(မ်)နဲဆေးရုံတွင် ဆရာတော်ဦးဝိစိတ္တ (ဒယ်ဂူးဆရာတော်) ကြွရောက်၍ သက်ပျောက်တရား ဟောကြားပေးခဲ့ပြီး ဆရာတော်အား နေ့ဆွမ်းဖြင့် ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

မေလ ၈ ရက်၊ အင်္ဂါနေ့ နံနက်တွင် ဆရာတော် ဦးပဏ္ဍိစ္စ (ပြည်တော်ဦးဆရာတော်)အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်ပြီး သံဝေဂ ဆွမ်းသွပ်တရားတော် နာကြားပြီး၊ ကွယ်လွန်သူ၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို နံနက် ၉ နာရီခွဲတွင် မီးသဂြုင်္ိဟ်စက်သို့ ပိုဆောင်၍ မီးသဂြုင်္ိဟ် ခဲ့ကြပါသည်။

ကွယ်လွန်သူ ကိုတင်ထွန်းဦးမှာ မွန်လူမျိုးဖြစ်ပြီး၊ ဈာပနသို့ ကင်မဲ၊ ဘူဆန် ၀န်းကျင်ရှိ မိတ်ဆွေများနှင့် ဘူဖျောင်း မွန်အသင်း (ကိုရီးယား)မှ မိတ်ဆွေများ လာရောက်၍ ပို့ဆောင်ပေးခဲ့ကြပါသည်။

ကွယ်လွန်သူ ကိုတင်ထွန်းဦး အတွက် ရက်လည် ဆွမ်းသွပ် တရားနာ အမျှဝေပွဲကို ဘူဆန်မြို့ ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါ၍ မိတ်ဆွေသင်္ဂဟများ ကျန်ရစ်သူ မိသားစုနှင့် မိတ်ဆွေများက ဖိတ်ကြားအပ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 3, 2012

မိခင်ကြီးနှစ်လည်ဆွမ်း အလှူ ဖိတ်ကြားစာ

ဆူဝေါန် ၊ ဧပြီ ၃
လွန်ခဲ့သော ၁ နှစ်က ဘဝတစ်ပါးပြောင်းသွားသည့် ကျနော် မောင်ဘိုဘို (ဆူဝေါန်) ၏ ချစ်လှစွာသော မိခင်ကြီး အား ရည်စူး၍ ၊ မြတ်စွာဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအာဟာရ ဆက်ကပ်လှူဒါန်းပြီး ကုသိုလ်ပြု အမျှအတန်းပေးဝေ လိုပါသဖြင့် ကြွရောက် ကုသိုလ်ယူတော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည် ။
ရက်စွဲ
၂၀၁၂ခုနှစ် ဧပြီလ ၈ ရက် (တနင်္ဂနွေနေ့)
အချိန်
နံနက် ၆ နာရီ ၃၀ မိနစ်မှ နေ့လည် ၁ နာရီ ၃၀ မိနစ်ထိ
နေရာ
ဓမ္မဒူတကျောင်း(ကိုရီးယား) (Click Here)
မှတ်ချက် ။
အလှူတော်ရေစက်ချ ၊သာဓုအနုမောဒနာပြု ဆုတောင်း အမျှအတန်းပေးဝေခြင်းကို အရုဏ်ဆွမ်းကပ်အပြီး ၊ နံနက် ၉ နာရီတိတိတွင် ပြုလုပ်ပါမည် ။
မေတ္တာဖြင့် -
ဘိုဘို နှင့် ညီအစ်ကို မိတ်ဆွေများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 19, 2012

ကိုစံမောင် (ရသေ့တောင်) ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၈)


[Photo: By Dhammaduta_Korea/ကိုစံမောင်၏ ကျန်ရစ်သူ ဇနီးနှင့် မိတ်သင်္ဂဟများ အလှူမှတ်တမ်း]

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မိခင်ကြီး ဒေါ်ချစ်မြ ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၁)

မိခင်ကြီး ဒေါ်ချစ်မြ ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၁)

[Photo: By Dhammaduta_Korea/ မိခင်ကြီးဒေါ်ချစ်မြ၏ ကျန်ရစ်သူ သား ကိုခင်မောင်ရင် နှင့် မိတ်သင်္ဂဟများ အလှူမှတ်တမ်း]

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 8, 2012

တလပြည့် ဆွမ်းကျွေး ဖိတ်ကြားစာ

၂၀၁၂ ဖေဖော်ဝါရီ ၁၁ နေ့က ဘ၀တပါးသို့ ပြောင်းရွေ့ ကွယ်လွန်သွားသော ကျနော်၏ မိခင်ကြီး ဒေါ်ချစ်မြ (မိတ္ထီလာ) ကို ရည်စူး၍ သံဃာတော်များအား ဆွမ်း သင်္ကန်း ဒါတဗ္ဗ၀တ္ထု အစုစု ဆက်ကပ် လှူဒါန်းမည့် ကုသိုလ် အမျှဝေပွဲသို့ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ခင်မောင်ရင်
ဥက္ကဋ္ဌ၊ မြန်မာအသင်း (ကိုရီးယား)

နေ့ရက် - ၂၀၁၂ မတ်လ ၁၁ ရက်နေ့ (တနင်္ဂနွေ)
နေရာ -   ဓမ္မဒူတကျောင်းတော်၊ ဘူဖျောင်း
အချိန် -   နံနက် ၈း၀၀ မှ ၁၂း၀၀ နာရီ
            (မိတ်ဆွေ အပေါင်းအား မုန့်ဟင်းခါးဖြင့် ဧည့်ခံပါမည်။)
           တရားနာ ရေစက်ချ နံနက် ၉း၀၀ နာရီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 15, 2012

ဝမ်းနည်းကြေကွဲခြင်း

တောင်ကိုးရီးယားနိင်ငံ၊မြန်မာအသင်းဥက္ကဋ္ဌ.ဦးခင်မောင်ရင်၏မိခင်ကြီးဒေါ်ချစ်မြသည် (၁၁-၂-၂၀၁၂)ရက်နေ့ တွင်ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းခံစားရပါသည်။


ဥက္ကဋ္ဌဦးခင်မောင်ရင်၏ မိခင်ကြီးဒေါ်ချစ်မြမြင့်မြတ်သောဘုံဘ၀သို့ ရောက်ရှိနိင်ပါစေဟုဆုတောင်းမေတ္တာပို့ သပါသည်။




ရခိုင်အသင်း(တောင်ကိုးရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဝမ်းနည်းရပါကြောင်း

ကိုရီးယားရှိ လူမှုရေး နိုင်ငံရေး ကဏ္ဍများတွင် ဦးဆောင်လှုပ်ရှားနေသူ၊ မြန်မာအသင်း(ကိုရီးယား) ဥက္ကဋ္ဌ ဦးခင်မောင်ရင် ၏ မိခင်ကြီး ဒေါ်ချစ်မြ (မိတ္ထီလာ) အသက် ၈၇ နှစ်သည် ၂၀၁၂ ဖေဖော်ဝါရီ ၁၁ နေ့က ရန်ကုန်မြို့ မြောက်ဒဂုံ နေအိမ်၌ ဘ၀တပါးသို့ ပြောင်းရွေ့ ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့် ထပ်တူ ၀မ်းနည်းရပါကြောင်း ...

ဟန်းဂုရွာ ၀ိုင်းတော်သားများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 26, 2011

မိခင်ကြီးကွယ်လွန်ခြင်း တစ်လပြည့်ဆွမ်းကျွေး အလှူ ဖိတ်ကြားလွှာ

လွန်ခဲ့သော နိုဝင်္ဘာလ ၃၀ ရက်နေ့က ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည့် မိခင်ကြီး အားရည်စူးပြီး ဗုဒ္ဓ မြတ်စွာ အမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းနှင့် သင်္ကန်းပရိက္ခရာ အစရှိသည့် အလှူဝတ္ထု အစုစုတို့ ဆက်ကပ်လှူဒါန်းခြင်း ၊ ပရိတ်တရားတော် နာယူခြင်း နှင့် သာဓုအနုမောဒနာပြု အမျှအတန်းပေးဝေခြင်း တို့ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်လိုပါသဖြင့် ကြွရောက်တော်မူကြပါရန် ရပ်နီးရပ်ဝေးမိတ်ဆွေအပေါင်းတို့အား လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည် -

ရက်စွဲ ။ ၂၀၁၁ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက် (စနေ)
အချိန် ။ နံနက် ၇ နာရီမှ နေ့လည် ၁ နာရီထိ
နေရာ ။ ဓမ္မဒူတ (ကိုရီးယား)

ညှိုးငယ်သော စိတ်ထားဖြင့် -
ကျန်ရစ်သူ မောင်နှမများနှင့် မရွှေမာသန်း
၂၀၁၁ခုနှစ် ဒီဇင်္ဘာလ ၂၇ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>