Showing posts with label ရွှေ့ပြောင်းအလုပ်သမား. Show all posts
Showing posts with label ရွှေ့ပြောင်းအလုပ်သမား. Show all posts

Saturday, September 6, 2014

ကိုရီးယားနိုင်ငံ Gimhae မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ Asia Food Festival ကျင်းပမည်








ကိုရီးယားနိုင်ငံ  Gimhaw မြို့တွင် ပထမဆုံး အကြိမ် ရွှေ့ပြောင်းအလုပ်သမားများ၏  Asia Food Festival ပွဲတော်ကို စက်တင်ဘာလ (၉) ရက်နေ့ နေ့လည် (၂) နာရီ မှ ညနေ (၅) အထိ Gimhae ဈေး လမ်းဆုံ အနီးတွင် ကျင်းပမည်ဖြစ်ပါသည်။ 

အဆိုပါ ပွဲတော်ကျင်းပနိုင်ရေး အတွက် နီပေါ ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ သီရိလင်္ကာ ၊ ဘင်္ဂလာဒေရှ် ၊ ပါကစ္စတန် နိုင်ငံပေါင်း (၆) နိုင်ငံမှ ရိုးရာ အစားအစားများကို ပြသသွားမည် ဖြစ်ပါသည်။

Korea Immegrant Network  ကို Gimhae မြို့တွင် ဖွဲ့စည်းနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါသည်။

ယခု ပွဲတော် ကျင်းရခြင်း၏ ရည်ရွယ်ချက်မှ Gimhae မြို့တော်သူ/သားများ နှင့် ရွေ့ပြောင်းအလုပ်သမားများ ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြစေရေး ၊ အာရှ ယဉ်ကျေးမှုများ နှင့် ကိုရီးယား ယဉ်ကျေးမှုတို့ ဖလှယ်နိုင်ကြစေရေး တို့ဖြစ်ပါသည်။ 

ပွဲတော်သို့ လာရောက် သူများကို  တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ပါသည်။ 

Busan ၊ Gimhae အနီးအနားရှိ ရွှေမြန်မာညီအကိုများ လာရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ........  ၉-၉-၂၀၁၄ (အင်္ဂါနေ့)
အချိန်   ........ နေ့လည်(၂း၀၀) နာရီ မှ  ညနေ (၅း၀၀) နာရီ အထိ
နေရာ   ........ Gimhae ဈေး လမ်းဆုံ အနီး

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 29, 2014

လုပ်ငန်းခွင်ထိခိုက်မှု အာမခံ နှစ် (၅၀) ပြည့် ဟောပြောပွဲ .. အကျဉ်းချုပ်

ရေးသားသူ — ခန့်နေသူတိုး




တစ်ခါတုန်းက နဖူးပြောင်ပြီး ဒူးမချောင်တဲ့သူရယ် .. ဒူးချောင်ပြီးတော့ နဖူးမပြောင်တဲ့သူရယ် .. နဖူးလည်းပြောင် ဒူးလည်းချောင်သူရယ် .. နဖူးမပြောင် ဒူးလည်း မချောင်သူရယ် .. သူငယ်ချင်း ၄ ဦးတို့ဟာ အဖြူရောင် အပြာရောင် အနီရောင် အဝါရောင် စက်ဘီး လေးစီးကို အစဉ်လိုက် တစ်စီးစီ စီးရင်း လမ်းလေးခွဆုံကို ရောက်လာကြတယ် ။ ရှုပ်တော့မယ်နော် သေချာလေး လိုက်မှတ်ကြ ။ နောက်တော့ အဖြူရောင် စီးသူရယ် အနီရောင် စီးသူရယ် တစ်တွဲ ၊ ၊ အပြာရောင် စီးသူရယ် အဝါရောင် စီးသူရယ် တစ်တွဲ အပြန်အလှန် စက်ဘီးချင်း လဲလိုက်ကြတယ် ။ ကဲ .. အခု ဘယ်သူက ဘာအရောင် စက်ဘီးကို စီးထားကြသလဲ သေချာရော မှတ်မိကြရဲ့လား ။ ဒီအထိက ဂျိမ်းစဘွန်း ရုပ်ရှင်ကားလို ဇာတ်ကားအစမှာ နဲနဲ အာရုံစုစည်းမှု ဖြစ်အောင် အက်ရှက်ကွက်လေး ပြပေးတဲ့ သဘောပါ။ တစ်ကယ်တော့ ဒီနေ့ ပြောမယ့် အကြောင်းက ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ရင်း လုပ်ငန်းခွင် ထိခိုက်မှု ဖြစ်ပွားတဲ့အခါ အာမခံကို ဘယ်လို လျှောက်ထားရယူမလဲ .. ဆိုတာရယ် .. ဆေးကုသမှု ခံယူခွင့်နဲ့ လုပ်အားခ ၊ လျှော်ကြေးငွေ အစရှိတာတွေကို ဘယ်လို တောင်းခံရရှိနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးတင်ပြပေးသွားမှာ ဖြစ်ပါတယ်။ အားလုံး မင်္ဂလာပါ .. ကျနော့်နာမည် ခန့်နေသူတိုးပါ ။ပထမဦးစွာ လုပ်ငန်းခွင် ထိခိုက်မှုအကြောင်း မပြောခင်မှာ ကိုရီးယားနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်အားခ အကြောင်း နဲနဲ တင်ပြပေးပါမယ်။ ကိုရီးယားနိုင်ငံအတွင်း အားလုံးသော နိုင်ငံခြားသား အလုပ်သမားများဟာလည်း ကိုရီးယားလူမျိုး အလုပ်သမားများ နည်းတူ အလုပ်သမားအဖြစ် အသိအမှတ်ပြုခံရကာ အခြေခံအလုပ်သမား ဥပဒေရဲ့ အကာအကွယ် ပေးမှုကို ခံယူနိုင်ပါတယ်။ ဒါက ဥပဒေရဲ့ အဖွင့်စကားပါ။ ဥပဒေက ဒီလိုပြောထားရက်နဲ့ လုပ်ငန်းရှင်တွေက ခွဲခြားထားတယ်ဆိုရင်တော့ ဒါဟာ လုပ်ငန်းရှင်တွေ ဥပဒေကို ချိုးဖောက်တာပဲပေါ့။ ဒီတော့ ဘာလုပ်ရမလဲ .. ရဲရဲတင်းတင်း ပြောပြီး တောင်းယူရမှာပေါ့ ။ လုပ်ငန်းရှင်တွေ ဥပဒေကို ချိုးဖောက်တယ် မချိုးဖောက်ဘူးဆိုတာကို သိဖို့အတွက် အရေးအကြီးဆုံးကတော့ အလုပ်သမားဖြစ်တဲ့ ကိုယ်ကိုယ်တိုင်က ဥပဒေကို သိထားဖို့တော့ လိုပါတယ်။ လက်ရှိ အနိမ့်ဆုံး လုပ်အားခသတ်မှတ်ချက်က ဘယ်လောက်လဲ .. ကိုရီးယား ဝမ်ငွေနဲ့ သတ်မှတ်ထားချက်ပါ။

အောက်မှာ ဇယားနဲ့ ဖော်ပြထားပါတယ် ။



လက်ရှိကုန်ဈေးနှုန်းနဲ့ ကြည့်မယ်ဆိုရင် အခြေခံလုပ်အားခဟာ အင်မတန် နဲတယ်။ ဒီတော့ အလုပ်သမားတွေဟာ အချိန်ပိုတွေ လုပ်ကြရတယ်။ ပိတ်ရက်တွေပါ အလုပ်ဆင်းကြရတယ်။ ကြာတော့ ပင်ပန်းလာတယ် ။ Energy တွေ ကျလာတယ်။ self-control တွေလျှော့လာတယ်။ မျက်စိတွေ အားနည်းလာတယ် ။ အန္တရာယ်ကို ကောင်းကောင်း မရှောင်နိုင်တော့ဘူး။ ကိုရီးယားမှာ တစ်ရက်ကို အလုပ်သမား ၈ ဦး လုပ်ငန်းခွင် ထိခိုက်မှုကြောင့် နေ့စဉ် သေဆုံးနေကြရတယ်။ ရိုးရိုး ထိခိုက်ရုံ ထိခိုက်တဲ့ ဦးရေကတော့ ရာနဲ့ချီတယ်။ အချို့က ထိခိုက်မှုဖြစ်ပေမယ့် အာမခံ မလျှောက်ပေးပဲ ဒီအတိုင်းပဲ ဆေးကုပေးလိုက်တော့ စာရင်းဇယားက အထက်ကို တက်မလာတော့ဘူးပေါ့။ ဒီတော့ တကယ့် စာရင်းအမှန်အရဆိုရင် လက်ရှိစာရင်းထက် ထိခိုက်မှုဖြစ်တဲ့ ဦးရေဟာ ပိုများဖို့ပဲ ရှိတယ်လို့ ဆိုနိုင်တယ်။

ဟုတ်ပြီ .. အလုပ်လုပ်ရင်း ထိခိုက်မိတယ် ဆိုပါစို့ ။

(ဒီနေရာမှာ အလုပ်လုပ်ရင်း ထိခိုက်တာ ဟုတ်မဟုတ် အငြင်းပွားစရာ အခြေအနေတွေ အကြောင်း နောက်တစ်ခါကျမှ သတ်သတ် ဆွေးနွေးပေးပါအုံးမယ် .. ဥပမာအားဖြင့် စက်ရုံဖယ်ရီကားနဲ့ အလုပ်ကိုအလာ လမ်းမှာ ကားတိုက်တာမျိုး .. နေ့လည် ထမင်းစားချိန် စက်ရုံနားက ထမင်းဆိုင်ကို အသွား လမ်းမှာ ချော်လဲတာမျိုး .. ၁၀ မိနစ်နားချိန် အိမ်သာသွားအတက်မှာ ဖင်ကြီးသူများ ၊ ဖင်မှာ အဆီများသူများ အိမ်သာကြွေအိုးက ဖင်ရဲ့ အလေးချိန်ကို မခံနိုင်ပဲ ကွဲတော့ ဖင်ကို ကြွေကွဲစ ရှသွားတာမျိုး .. ဒါတွေလည်း လုပ်ငန်းခွင် ထိခိုက်မှုလို့ သတ်မှတ်ပါတယ် .. အလားတူတွေ အများကြီး ကျန်သေးတာမို့ နောက်တော့ ထပ်တင်ပြပေးပါမယ်) လုပ်သားအင်အား တစ်ဦးနဲ့အထက် စက်ရုံတွေရယ် .. လုပ်ငန်းခွင် တန်ဘိုး ဝမ်သိန်း ၂၀၀ အထက် ဆောက်လုပ်ရေး လုပ်ငန်းများရယ်မှာ အလုပ် လုပ်ကိုင်နေတဲ့ လုပ်သားများ လုပ်ငန်းခွင် အတွင်း ထိခိုက်ခြင်း နဲ့ လုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့ ရောဂါ ဖြစ်ပွားခြင်းကြောင့် ၄ ရက်နဲ့ အထက် ဆေးရုံတက်ရောက်ရပါက အဆိုပါ ထိခိုက်မှုဖြစ်စဉ်ဟာ အလုပ်သမား၏ မှားယွင်းမှုဖြစ်သည် မဖြစ်သည်နဲ့ မဆိုင်ပဲ ထိခိုက်မှုအာမခံ လျှောက်ထားကာ ဆေးကုသမှုနဲ့ လျှော်ကြေးငွေ တောင်းခံရရှိနိုင်ပါတယ်။ 


အချို့က ပြောတယ် .. ဗီဇာမရှိလို့ အာမခံ လျှောက်လို့မရဘူးဆိုတာ ဟုတ်လား .. တဲ့ ။
လုံးဝ မဟုတ်ပါ ။
ဗီဇာမရှိတဲ့ အလုပ်သမားတွေလည်း ထိခိုက်မှုအာမခံ ဥပဒေပါ ခံစားခွင့်တွေကို ခံစား ရရှိနိုင်ပါတယ်။ လုပ်ငန်းခွင် ထိခိုက်မှု အာမခံဆိုတာ ဗီဇာရှိခြင်း မရှိခြင်းနဲ့ လုံးဝ မသက်ဆိုင်ပဲ အလုပ်ကြောင့် ထိခိုက်မှု ဖြစ်ပွားရတဲ့ အားလုံးသော အလုပ်သမားများ ခံစားပိုင်ခွင့် ရှိပါတယ် ။

လုပ်ငန်းခွင် ထိခိုက်မှုဖြစ်ပွားစဉ် ထောက်ပံ့ကြေးတွေ အကြောင်း ရှင်းပြပါမယ် ။

၁။ အလုပ်ကြောင့် ထိခိုက်မှု ဖြစ်ပွားပြီး ၄ရက်နဲ့ အထက် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူရသူများကို ဆေးကုသစရိတ် ထောက်ပံ့ပါတယ် ။

၂။ ဆေးကုသမှု ခံယူနေစဉ် အချိန်ကာလတွေမှာ အလုပ်ပျက်ကွက်ရတဲ့ အတွက် အဲဒီကာလတွေအတွက် ပျမ်းမျှ လုပ်အားခရဲ့ ၇၀% ကို လစဉ် ထောက်ပံ့ပေးပါတယ်။

၃။ ပြင်းထန်စွာ ထိခိုက်မိသူတွေ .. ဒါမှမဟုတ် နာတာရှည်ရောဂါ ဖြစ်ပွားရသူတွေ အဆိုပါ ရောဂါကို ကုသချိန်ဟာ ၂ နှစ်ကျော်သည့်တိုင် ပျောက်ကင်းမှု မရှိသေးဘူး ဆိုရင် အဆိုပါ လူနာများအတွက် လစဉ် ပျမ်းမျှလုပ်အားခရဲ့ ၇၀% ထက် ကျော်လွန်သော လုပ်အားခ ထောက်ပံ့ပေးပါတယ်။

၎။ ဆေးကုသမှုတွေ ပြီးဆုံးသွားတဲ့ အခါ ကိုယ်အင်္ဂါချို့တဲ့မှု ကျန်ရစ်ခဲ့တယ်ဆိုရင် ချို့တဲ့မှု အနဲအများပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ အဆင့်တွေအရ လျှော်ကြေးငွေ ထောက်ပံ့ပေးပါတယ်။ သတ်မှတ်အဆင့်တွေက (၁) ကနေ (၁၄) အထိ ရှိပါတယ်။ အဆင့် (၁) ကတော့ အပြင်းထန်ဆုံးထိခိုက်မှုပေါ့ ။ ဒါအပြင် ဆေးရုံတက်စဉ်မှာ လူနာစောင့် ကြေးတို့ .. သေဆုံးမှုဖြစ်ပါက မိသားစုကြေးတို့ .. အသုဘစရိတ်တို့ကိုလည်း ထောက်ပံ့ပေးပါတယ်။

ကိုယ်အင်္ဂါချို့တဲ့မှု သတ်မှတ် အဆင့်တွေကို ဆက်လက်ရှင်းပြပါမယ်။

စိတ်ပိုင်းဆိုင်ရာအရ .. ကိုယ်အင်္ဂါပိုင်းဆိုင်ရာအရ ချို့တဲ့သွားရတဲ့ သူတွေကိုထောက်ပံ့ပေးတာပါ။ ဇယားထဲမှာ အဆင့်နံပါတ်ရယ် .. ခံစားခွင့်ရှိတဲ့ ရက်အရေအတွက်ရယ်ကို တွဲပြီးရေးပေးထားပါတယ်။ ကာယကံရှင်ရဲ့ တစ်ရက်ပျမ်းမျှ လုပ်အားခနဲ့ ခံစားခွင့်ရှိတဲ့ ရက် အရေအတွက်ကို မြှောက်လိုက်ရင် ခံစားခွင့်ရှိတဲ့ ငွေပမာဏ ထွက်လာမှာပါ။ အောက်မှာ ဇယားနဲ့ ဖော်ပြထားပါတယ်။ 





အဆင့် (၁) ကနေ (၇) အထိက နှစ်အလိုက် တစ်နှစ်ကို တစ်ကြိမ်စီ ခံစားမလား တစ်ကြိမ်တည်း အပြတ် ယူလိုက်မလား ဆိုပြီး ရွေးချယ်ခွင့် ရှိပေမယ့် အဆင့် (၈) ကနေ (၁၄) အထိကတော့ နှစ်စဉ် တစ်ကြိမ်စီ ယူချင်လို့ မရပဲ တစ်ခါတည်း အပြတ်ယူရပါတယ်။ အပြတ်ယူတာနဲ့ နှစ်စဉ်ယူတာနဲ့ အားသာချက် အားနဲချက် ဘာတွေ ရှိသလဲ နောက်တော့ ပြန်ဆွေးနွေးကြတာပေါ့ ။ မေးစရာရှိတာတွေလည်း အဲဒီတော့မှ စုထားပြီးမေးကြပါ။ ကဲ .. ဆက်မယ် ။

ထိခိုက်မှုအာမခံကို ဘယ်သူက ဘယ်လိုလျှောက်ထားမလဲ ..

ပထမဦးစွာ ဆေးကုသခွင့်လျှောက်လွှာကို နယ်မြေအတွင်းရှိ လုပ်သားဖူလုံရေးရုံးသို့ လျှေက်ထား တင်ပြပြီး အတည်ပြုချက် ရယူရပါမယ်။ ဒီနေရာမှာ ကိုရီးယား အခေါ်အဝေါ်တွေကို ရှုပ်မှာစိုးလို့ ထည့်မပြောတော့ဘူးနော်။ အကြောင်းအရာ လုပ်ထုံးတွေကိုသာ မျက်စိထဲမြင်အောင် ပြောသွားပါမယ်။ အသေးစိတ် သိချင်ရင်နောက်တော့ ဖုန်းနဲ့ သပ်သပ်ထပ်မေးလို့ ရပါတယ်။ ရုံးမှာ လျှောက်လွှာနမူနာတွေလည်း လာရောက်တောင်းယူ လေ့လာလို့ ရပါတယ်။ အဲလို လျှောက်လွှာမှာ ဖြည့်စွက်ပြီး တက်ရောက်ကုသတဲ့ ဆေးရုံရဲ့ ထိခိုက်မှုအာမခံ တာဝန်ခံကို ပေးလိုက်ရင် သူက ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ ထပ်ဆင့် ပေးပို့ပေးပါလိမ့်မယ်။ လျှောက်ထားရာမှာ လျှောက်လွှာ ဖြည့်စွက်မှုပိုင်းကို သေချာ ဂရုစိုက်ရပါမယ်။ ထိခိုက်မှုဖြစ်စဉ်ကို သေချာစွာ ရေးသားဖြည့်စွက်ရပါမယ်။ မျက်မြင် သက်သေတွေ ရှိရင် ထည့်ပါ။ လစာကိုလည်း မှန်အောင်ဖြည့်စွက်ပါ။ ပျှမ်းမျှလုပ်အားခ တွက်တဲ့အခါ မှန်အောင်လို့ပါ။

ဒါနဲ့ ပျှမ်းမျှလုပ်အားခဆိုတာ ဘာလဲ သိကြပါသလား ..

ကိုရီးယားမှာ ကိစ္စတော်တော်များများမှာ ဒီ ပျှမ်းမျှလုပ်အားခ ဆိုတာကို အသုံးပြုကြပါတယ်။ ထွဲဂျစ်ဂူမ်တို့ ၊ အလုပ်နား လုပ်အားခတို့ ၊ ထိခိုက်မှုလျှော်ကြေးတို့ အစရှိသဖြင့်ပေါ့ ။ ဟုတ်ပြီ ပျှမ်းမျှလုပ်အားခဆိုတာ .. အခင်းမဖြစ်ခင် ( အခင်းဆိုတာက ထိခိုက်မှုဖြစ်တာတို့ .. အလုပ်ကနေ ထွက်တာတို့ကို ဆိုလိုပါတယ်) ၃ လအတွင်းရဲ့ လုပ်အားခ စုစုပေါင်းကို အဲဒီ ၃ လအတွင်းမှာ ရှိတဲ့ စု⁠စုပေါင်း ရက်အရေအတွက်နဲ့ စားပြီး ထွက်လာတဲ့ ပမာဏကို တစ်ရက်အတွက် ပျှမ်းမျှလုပ်အားခလို့ ခေါ်ပါတယ်။ လုပ်အားခလို့ ဆိုတာထဲမှာ အလုပ်လုပ်လို့ရတာ အကုန်ထည့်ပါ။ လစာအပြင် ဘောနပ်စ်တို့ ဘာကြေးညာကြေးတို့ အကုန်ပါပါတယ်။

သူဌေးက ထိခိုက်မှုအာမခံ မလျှောက်ပေးဘူး ပြောနေတယ် .. တဲ့

ရတယ် .. အားနာစရာကြီး.. ကျေးဇူးတင်တယ် .. မလျှောက်ပေးနဲ့လို့ ပြန်ပြောလိုက်ပါ။ ထိခိုက်မှုအာမခံဆိုတာ သူဌေးမလျှောက်ပေးလည်း ကိုယ့်ဘာသာ လုပ်သားဖူလုံမှုရုံးကို လျှောက်လို့ရပါတယ်။ အာမခံနဲ့ ဆေးကုသနေတာ ကြာလာတော့ သူဌေးက အလုပ်ကနေ ထွက်ဖို့ တွန်းအားပေးပြောဆိုနေတယ် ..

ထိခိုက်မှုအာမခံနဲ့ ဆေးကုသနေချိန်မှာ အလုပ်ကနေ ထုတ်ပယ်ခွင့် မရှိပါဘူး။ ဒါ့အပြင် ဆေးကုသမှုခံယူအပြီး ရက်ပေါင်း ၃၀ အတွင်းမှာလည်း အလုပ်ကနေထုတ်ပယ်ပိုင်ခွင့် မရှိပါဘူး။ တစ်ခုတော့ ရှိပါတယ်.. အလုပ်စာချုပ် သက်တမ်း ပြည့်ဝကုန်ဆုံးသွားရ့င်တော့ အဲဒီရက် နေ့စွဲနဲ့ အလုပ်ကနေ ရပ်နားပြစ်လိုက်နိုင်ပါတယ်။

ဆးကုသနေတုန်း ကိုရီးယားကနေ နှင်ထုတ်ခံရမှာ စိုးရိမ်တယ် .. တဲ့

ဗီဇာမရှိတဲ့သူတွေကို ထိခိုက်မှုအာမခံနဲ့ ဆေးကုသနေစဉ်မှာ နိုင်ငံကနေ နှင်ထုတ်ခွင့် မရှိပါဘူး။ ထိခိုက်မှု အာမခံ လျှောက်ထားပြီး ခွင့်ပြုမိန့် ကျတာနဲ့ တပြိုင်နက် လုပ်သားဖူလုံမှုရုံး အထောက်အထား ၊ ဆရာဝန်ထောက်ခံချက်၊ နိုင်ငံကူးလက်မှတ်တို့နဲ့ အတူ လဝက ရုံးမှာ နေထိုင်ခွင့်ဗီဇာ လျှောက်ထား ရယူပြီး တရားဝင် အနေအထားနဲ့ ဆေးကုသမှု ခံယူနိုင်ပါသည်။

အာမခံဌါန၏ ထောက်ပံကြေးများအပေါ် သံသယရှိရင် .. တဲ့

အာမခံဌါနကနေ ပေးချေတဲ့ ထောက်ပံကြေးတွေအပေါ် သံသယ ရှိရင်ဖြစ်စေ၊ မှားယွင်းနေကြောင်း သိရှိရင်ဖြစ်စေ ရက်ပေါင်း ၉၀ အတွင်းမှာ လုပ်သားဖူလုံမှုရုံးသို့ အယူခံဝင်ခွင့်ရှိပါတယ်။ အဲလို အယူခံဝင်လို့ ထွက်ပေါ်လာတဲ့ အဖြေကို ထပ်ပြီး လက်မခံနိုင်ရင်လည်း ထပ်ပြီး အယူခံဝင်ခွင့် ရှိပါသေးတယ်။

ထိခိုက်မှုအတွက် သူဌေးကို နစ်နာကြေး တောင်းခံနိုင်ပါသလား .. တဲ့

တောင်းခံနိုင်တာပေါ့ .. ။ ထိခိုက်မှုအတွက် လုပ်ငန်းရှင်ထံ တရားရုံးကနေ တဆင့် အမှုဖွင့်ပြီး သီးသန့် နစ်နာကြေး တောင်းခံရယူခွင့် ရှိပါတယ်။ ဘာလို့လည်းဆိုတော့ အလုပ်သမား တစ်ဦး ထိခိုက်မှုဖြစ်တာမှာ တာဝန်အရှိဆုံးက လုပ်ငန်းရှင် ဖြစ်လို့ပဲ ဖြစ်တယ်။

ဆက်ပါအုံးမည် ။ ခန့်နေသူတိုး၏ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ အကြောင်း ဟောပြောပွဲမှ ကောက်နှုတ်တင်ပြချက် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, April 9, 2014

ဘူဆန် ၊ ဂင်မ်ဟဲ မြို့တွင် ရှိသော ရွှေအလင်းတန်း မြန်မာအသင်း(ကိုရီးယား) မှ ပြည်တွင်းသို့ ကျပ်သိန်း (၂၀) ကို လှူဒါန်းခဲ့



ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း(ရွေ့လျား စကြည့်တိုက်) သို့ ရွှေအလင်းတန်း မြန်မာအသင်း ဥက္ကဌ ဦးလှထွန်းမှ Project Director Dr. Thant Thaw Kaung သို့ ရွှေအလင်းတန်း မြန်မာအသင်း ကိုယ်စား အလှူငွေ ကျပ် (၁၀)သိန်း ကို သွားရောက် လှူဒါန်းခဲ့ပါသည်။


ပျော်ဘွယ်မြို့ အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းသို့လည်း ကျပ်(၂) သိန်း လှူဒါန်းခဲ့ပါသည်။

ထို့အပြင် လှော်ကားရှိ ဥက္ကဌ ဦးလှထွန်းသို့ ရွှေအလင်းတန်း စာကြည့်တိုက် အသစ် ဖြစ်မြောက်ရေးအတွက် အလှူငွေ ကျပ်(၈) သိန်း ကို လှူဒါန်းခဲ့ပါသည်။

မြန်မာပြည်တို့ ပေးပို့ လှူဒါန်းလိုက်သော အလှူငွေ အသီးသီးအတွက် အသင်းသားများ အားလုံး သာဓု အနုမောဓနာ ခေါ်ဆို နိုင်ကြစေဖို့...



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, April 4, 2014

ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာများအတွက် သင်္ကြန် ပွဲတော် ကျင်းပနိုင်ရေး အစည်းအဝေး ဖိတ်ကြားလွှာ


ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာများအားလုံး ဘူဆန် သင်္ကြန် ပွဲတော် ကျင်းပနိုင်ရေးအတွက် တိုင်ပင်ဆွေးနွေး လိုပါသဖြင့် မပျက်မကွက် (မပျက်မကွက်) တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ............ ၆-၃-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန်   ............  ညနေ (၃း၀၀) နာရီ
နေရာ   ............  ဂင်မ်ဟဲမြို့ ၊ ရွှေအလင်းတန်း မြန်မာအသင်း စာကြည့်တိုက် 
                         경남 김해시 서상동 115-1 번지    
                         အမှတ် ၁၁၅ - ၁ ၊ တတိယထပ် ၊ ဂင်မ်ဟဲမြို့ ဆော်ဆန်းရပ်ကွက်       
                         Ph:  ၀၅၅-၃၃၆-၃၀၇၀

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 19, 2014

ကိုရီးယားနိုင်ငံ ဘူဆန် ဂင်မ်ဟဲ မြို့ရှိ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်ဖွင့်ပွဲ ဖိတ်ကြားလွှာ




ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂင်မ်ဟဲ မြို့ အနီးအနားရှိ ရွှေမြန်မာ ညီအစ်ကိုများ၏ စုပေါင်းမတည်ငွေများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော ရွှေအလင်းတန်း မြန်မာအသင်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ဘုရားအမှူးးရှိသော သံဃာတော် အရှင်သူမြတ်များကို ဆွမ်းဆက်ကပ်လှူဒန်းပြီး ရပ်ဝေး ၊ ရပ်နီးမှ မိတ်ဆွေ သင်္ဂဟ များ နှင့် ရွှေညီအစ်ကိုများ အားလုံးကို အကျွေးအမွေးများဖြင့် တည်ခင်း ဧည့်ခံမည် ဖြစ်ပါ၍ ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်သည် ။ 

နေ့ရက်...... ၁၃၇၅-ခုနှစ် ၊ တပေါင်းလပြည့်ကျော် (၈) ရက် ၊ ၂၃-၃-၂၀၁၄
                (တနင်္ဂနွေနေ့)

အချိန်....... ဧည့်ခံကျွေးမွေးမည့်အချိန် နံနက်(၁၀း၀၀)နာရီ မှ
                နေ့လည် (၁း၀၀)နာရီ အထိ

                နေ့လည်(၁၁း၀၀) တွင် ဆွမ်းကပ်လှူမည်

                 တရားဟောကြားမည့်အချိန် နေ့လည် (၁၂း၀၀) နာရီ

နေရာ.......... 경남 김해시 서상동 115-1 번지
                   အမှတ် ၁၁၅ - ၁ ၊ တတိယထပ် ၊ ဂင်မ်ဟဲမြို့ ဆော်ဆန်းရပ်ကွက်-
                   ဖုန်း---၀၅၅-၃၃၆-၃၀၇၀

ဆက်သွယ်ရန်-----ကိုမင်းလတ် 010-7459-3070 ( တာဝန်ခံ )
ကိုတိုးသူရ 010-8916-7619 ( တာဝန်ခံ )
ကိုဇော်မင်း 010-5946-6694 ( ပြန်ကြားရေး တာဝန်ခံ )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, January 20, 2014

ရွှေအလင်းတန်း မြန်မာအသင်း၏ နှစ်ဦး ဆွမ်းကပ်ပွဲ ဖိတ်ကြားလွှာ

ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့အား ရွှေအလင်းတန်း မြန်မာအသင်း၏ နှစ်ဦး ဆွမ်းကပ်ပွဲသို့ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ 


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, January 18, 2014

ရွှေအလင်းတန်း မြန်မာအသင်း လုပ်ဆောင်ချက်များကို ၂၀၁၄-၂၀၁၅ နှစ်အတွင်း အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်မည်

ကိုရီးယားနိုင်ငံ  ဂမ်ဟဲမြို့ရှိ ရွှေအလင်းတန်းမြန်မာအသင်းသည် ယခု အချိန်တွင် အဖွဲ့ဝင် (၅၉၁) ယောက်ဖြင့် အဖွဲ့၏ လုပ်ဆောင်ချက်များကို ၂၀၁၄-၂၀၁၅ နှစ်အတွင်း အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်မည် ဖြစ်ပါသည်။

အဖွဲ့၏ လုပ်ဆောင်ချက်များတွင် ဘာသာရေး ၊ ပညာရေး ၊ စီးပွားရေး ၊ လူမူရေး ၊ နိုင်ငံရေး ၊ အလုပ်သမားရေး ကိစ္စများကို တက်တက်ကြွကြွဖြင့် လုပ်ဆောင်ကြပါမည်။


လက်ရှိအလုပ်များတွင် အဆင်မပြေသဖြင့် အလုပ်ထွက်လာကြသော ရွှေမြန်မာများအတွက် စာကြည့်တိုက်တွင် တည်းခိုဖို့ရန်အတွက်ပါ အဆင်ပြေအောင် စီစဉ်ပေးပါမည်။

ငှားရမ်းမည့် နေရာအတွက်လည်း ရွှေမြန်မာ ညီအစ်ကိုများ အတွက် အားလုံး အဆင်ပြေမှာသာ ငှားရမ်းမည် ဖြစ်ပါသည်။ အသင်းနေရာသစ်သို့ ပြောင်းရွေ့ရေးအတွက် ရှာဖွေ စုံစမ်းနေပါသည်။

ကိုရီးယားတွင် နှစ်ပြည့်ပြီး မြန်မာပြည် ပြန်မည့်သူများအတွက် ပြန်တော် ပြန်ရောက်သည့်အခါ စီးပွားရေး အမြင်များသင်ကြားပေးမည့် "ပြည်တော်ပြန် အထောက်အကူပြု သင်တန်း"ကိုလည်း ကိုရီးယားလုပ်ငန်းများနှင့် ပူးပေါင်းကာ သင်တန်းဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။

ဘူဆန် နိုင်ငံခြားသားအကူအညီပေးရေး ရုံးမှ လည်း ၂၀၁၄-ခုနှစ် အတွက် အလုပ်သမားဥပဒေ နှင့် ရပိုင်ခွင့်များကိုလည်း ရွှေမြန်မာများကို ဟောပြောပို့ချပေးမည် ဖြစ်ပါသည်။

မကြာမှီ ရောက်ရှိလာတော့မည့်  မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် သိကောင်းစရာများများ နှင့် ခေါင်းဆောင်ကောင်း ရွေးချယ်နိုင်ကြစေရန် အတွက် နိုင်ငံရေး ဟောပြောပွဲများကိုလည်း ကျင်းပပေးပါမည်။

ရွှေအလင်းတန်း မြန်မာအသင်း နေရာသစ်သို့ ပြောင်းရွေ့နိုင်ရေးအတွက် ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ အလှူငွေများကို မိမိတို့ တတ်အားသရွေ့ ထည့်ဝင်လှူဒါန်းကြပါအုံး ခင်ဗျား..
------------
ဘူဆန်ဘဏ်
황금빛살 (ရွှေအလင်းတန်း မြန်မာအသင်း)
101-2015-2350-05 (부산은행)
--
ကိုမင်းလတ်  - 010-7459-3070
ကိုတိုးသူရ    - 010-8916-7619
ကိုဇော်မင်း   - 010-5946-6694

email - goldenlight009@gmail.com
https://www.facebook.com/groups/goldenlight009/

           

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, January 11, 2014

ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့ အစည်းအဝေးတက်ရောက်ပါရန် ဖိတ်ကြားခြင်း

ကိုရီးယားနိုင်ငံ ဂင်မ်ဟဲမြို့ ရွှေအလင်းတန်း စာကြည့်တိုက်တွင် ရွှေအလင်းတန်း မြန်မာအသင်း၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများ ၊ အလုပ်သမားရေးရာကိစ္စများ ၊ ပြည်တော်ပြန် မည့်သူများအတွက် အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ရေး ၊ ၂၀၀၈ ဖွဲစည်းပုံ ပြင်ဆင်ရေး ကိစ္စများ ကို ဆွေးနွေးမည် ဖြစ်ပါသဖြင့် ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့အား မပျက်မ ကွက် တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ဆွေနွေးမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ရွှေအလင်းတန်း မြန်မာအသင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အပေါ်
ဆွေးနွေးတင်ပြခြင်း

(၂) ၂၀၁၄ ခုနှစ် ကိုရီးယားအလုပ်သမားဥပဒေ နှင့် ရပိုင်ခွင့်များအကြောင်း ဆွေးနွေးခြင်း

(၃) မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု အကြောင်း နှင့် မြန်မာနိုင်ငံ၏ စီးပွားရေး
ပေါ်လစီများအကြောင်းကို ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များမှ လာရောက်ဆွေးနွေးခြင်း

(၄) မြန်မာနိုင်ငံအတွက် လက်ရှိအရေးကြီးနေသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ
ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကိုရီးယားရှိ အဖွဲ့အစည်းပေါင်းစုံသဘောတူညီချက်ဖြင့်
ထုတ်ပြန်မည့် " ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကြေငြာချက် " အပေါ်
တင်ပြဆွေးနွေးခြင်း

စသည့်အကြောင်းများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

နေ့ရက် ။ ။ ၁၂-၁-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန် ။ ။ ညနေ (၄း၀၀) နာရီ
နေရာ ။ ။ ဂမ်ဟဲမြို့ ၊ ရွှေ့အလင်းတန်း စာကြည့်တိုက် သို့

ရွှေအလင်းတန်း မြန်မာအသင်း ကို ဆက်သွယ်ရန် -
ကိုတိုးသူရ 010-8916-7619 (တာဝန်ခံ-၁)
ကိုမင်းလတ် 010-7459-3070 (တာဝန်ခံ-၂)
ကိုဇော်မင်း 010-5946-6694 (ပြန်ကြားရေးတာဝန်ခံ)
https://www.facebook.com/groups/goldenlight009/photos/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

နက်ဖြန် လာရောက် ပူးပေါင်းပေးကြပါ

ရေးသားသူ — စိုးမိုးသူ


နက်ဖြန် မနက် ၁၁နာရီ ဆိုးလ် 보신각ဘူတာ ထွက်ပေါက်၎မှာ ကမ်ဘောဒီးယားအလုပ်သမားအရေး မတရား ဖိနှိပ်မှုအား ကန့်ကွက်တဲ့ ဆန္ဒပြပွဲရှိပါတယ်။

ဒီပွဲကို ကိုရီးယားရောက် ကမ်ဘောဒီးယားအလုပ်သမားများ၊ ကိုရီးယားအလုပ်သမားသမဂ္ဂ၀င်များ၊ ကျောင်းသားပြည်သူများ ပူးပေါင်းပါဝင်ကြမှာဖြစ်ပါတယ်။...

လွန်ခဲ့တဲ့အပတ်က အခြေခံလစာ တိုးမြင့်ပေးဖို့တောင်းဆိုတဲ့ ကမ်ဘောဒီးယား အလုပ်သမားတွေကို ကမ်ဘောဒီးယားအစိုးရမှ စစ်တပ်ကို စေလွှတ်ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခိုင်းခဲ့တာကြောင့် သေဆုံးသူ ဒဏ်ရာရရှိခဲ့သူများ ရှိခဲ့ပါတယ်။ ဒီလို စစ်တပ်ကို ၀င်ရောက်နှိမ်နင်းစေခဲ့တဲ့သူတွေထဲမှာ ကိုရီးယားအစိုးရကို ကိုယ်စားပြုတဲ့ ကိုရီးယားသံရုံးနဲ့ ကိုရီးယားလုပ်ငန်းရှင်တွေ ပါဝင်နေကြပါတယ်။

ကျနော်တို့ နိုင်ငံဟာလည်း လက်ရှိ အလားတူ ဝေဒနာကို ခံစားနေရပါတယ်။ တိုင်းတပါးအစိုးရနဲ့ တိုင်းတပါးလုပ်ငန်းရှင်တွေရဲ့ မြန်မာပြည်တွင်း ၀င်ရောက်နယ်ချဲ့မှု၊ အရည်အချင်းမဲ့မြန်မာအစိုးရကို သူတို့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးပြုကာ ကျနော်တို့ပြည်သူတွေ အလုပ်သမားတွေကို ဖိနှိပ်နေတာမို့ မြန်မာပြည်သူတွေနဲ့ အလုပ်သမားတွေရဲ့ နာကျင် ငြီးတွား အောင်ဟစ်သံများဟာ ခုထိ နေရာအနှံ့အပြားမှာ ဆူလောင်နေဆဲပါ။

 ဘ၀တူ အလုပ်သမားများရဲ့ မတရား ဖိနှိပ်ခံရမှုကို ကျနော်တို့ တာဝန်သိတတ်တဲ့ မြန်မာအလုပ်သမားများအနေနဲ့ ဒီအတိုင်း ကျော်လွန်သွားဖို့ဟာ မသင့်တော်ပါ။ တက်ရောက်နိုင်သူ အားလုံးကို ဖိတ်ခေါ်ပါတယ်။

မနက်ဖြန် ဆန္ဒပြပွဲကို လာရောက် ပူးပေါင်းမည့် ညီအကိုများအားလုံးကို နံပတ်၁လိုင်း 종각ဘူတာ(city hallဘူတာရဲ့နောက်တဘူတာ) ထွက်ပေါက်၎မှာ မနက်၁၀နာရီ ၅၀မိနစ်ထိ ကျနော် စောင့်နေပါ့မယ်။

ဒီလင့်မှာ သွားပြီး ကမ်ဘောဒီးယားအစိုးရရဲ့ ရက်စက်မှုကို လက်မှတ်ရေးထိုး ကန့်ကွက်နိုင်ပါတယ်။

Labor is the one!!

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, December 1, 2013

ဘူဆန် အနီးအနားရှိ ရွှေမြန်မာညီအကိုမောင်နှမများ၏ မိတ်ဆုံညစာစားပွဲ ၊ ဂီတနှင့် အကဖျော်ဖြေပွဲ ~

ကိုရီးယားနိုင်ငံ ဘူဆန် ဂယောင်နမ်ဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် ကိုရီးယားပညာတော်သင်  ကျောင်းသား/ကျောင်းသူများ အတူတကွ ပူးပေါင်းလက်တွဲကာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအကြောင်း  မိတ်ဆက်ပွဲနှင့် မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားသူ ကိုရီးယားနိုင်ငံသားများ နှင့် ရွှေမြန်မာညီအကို မောင်နှမများ၏ မိတ်ဆုံစားပွဲကို လာမည့် တနင်္ဂနွေနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၈ )ရက် တနင်္ဂနွေနေ့တွင် အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရွှေမြန်မာ ညီအကိုမောင်နှမ အပေါင်းတို့အား မပျက်မကွက် တက်ရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျား ... ။


ကျင်းပမည့် နေ့ရက် - ၈-၁၂-၂၀၁၃ (တနင်္ဂနွေနေ့)

ကျင်းပမည့် အချိန် - နေ့လည် (၂ )နာရီ မှ ညနေ (၅) နာရီအထိ

ကျင်းပမည့်နေရာ - 사상여 성인력개발센터

ဆာဆန်းဘူတာအနီး 부산광역시 사상구 광장로 76 송원센터빌딩 9층 Tel. (051)326-7600 Fax.(051)326-4004
(ဆာဆန်းဘူတာ နံပါတ် ၁ ထွက်ပေါက်မှထွက်ကာ တွေ့တွေ့ချင်း အဆောက်အဦး ၉ ထပ်မြောက် ) 

ကျင်းပမည့် အစီအစဉ်များ ..
၁။ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ (မိနစ် ၂၀ ခန့် ) ဆရာ လှမင်းထွန်းမှ  ဗီဒီယိုဆလိုက်များဖြင့် ရှင်းလင်းပြောပြမည် ။

၂။ ဘူဆန်းမြို့ရှိ ကိုရီးယားပညာတော်သင် ကျောင်းသား/သူ ညီအကို မောင်နှမများ၏ ရွှေစွန်ညို အက ၊ ရိုးရာ သင်္ကြန် အက ၊ တေးသီချင်း သီဆိုဖျော်ဖြေမှု 
( ကိုပိုင်စိုးကိုမှ ဦးဆောင်စီစဉ်သည် )

၃။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တိုင်းရင်းသားရိုးရာဝတ်စုံပြည့်ဖြင့် သီဆိုကပြဖျော်ဖြေမည့် စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ၊ ဇာတိမာန်သီချင်း တစ်ပုဒ် ဖြင့် သီဆိုကြမည် ......
(ကိုစဟိန်းမင်းလတ်မှ ဦးဆောင်စီစဉ်သည် )

၎။ မြန်မာ့ရိုးရာပြခန်း ပြသမှု .......     ( ကိုဇော်မင်းမှ ဦးဆောင်စီစဉ်သည်)

၅။ ဘူဆန်ဂယောင်နမ် ရွှေမြန်မာညီအကိုများ၏ ရော်ခ်ဂီတအဖွဲ့ဖြစ်သော AN ERA BAND ၏ ခောတ်ပေါ်တေးဂီတ တီးခတ်ဖျော်ဖြေမှု
(တီးဝိုင်းမန်နေဂျာ ကိုတောင်ငူမှ ဦးဆောင်စီစဉ်သည် ) .. အပြင်

ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား မြန်မာစားသောက်ဖွယ်ရာ 
(၁) ကြာဇံကြော် (၂)ဆီထမင်း (၃)ကော်ပြန့် (သို့) စမူဆာ (၄) အုန်းနို့ခေါက်ဆွဲ များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပါမည်။

(မိဘမေတ္တာ စားသောက်ဆိုင် ကိုလင်းလင်းမှ စီစဉ်သည် ) 


ဤအစီအစဉ်အား ဘူဆန်မြို့ ယဉ်ကျေးမှုစင်တာနှင့် ဘူဆန်နိုင်ငံခြားသား အလုပ်သမား အကူအညီပေး ရေးစင်တာတို့မှ ထောက်ပံ့ကူညီကာ အဆိုပါပွဲတွင် ပါဝင်ကပြဖျော်ဖြေကြမည့် မြန်မာညီအကို မောင်နှမ များအား တစ်ဦးချင်းစီ ဆုငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ အဆိုပါ ရရှိမည့် ဆုကြေးငွေများအား ရွှေမြန်မာ ညီအကိုမောင်နှမများမှ ရွှေအလင်းတန်း မြန်မာအသင်းသို့ ထပ်ဆင့်ပြန်လည်လှူဒါန်းကြမည် ဖြစ်ကြောင်းလည်း ဝမ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည် ခင်ဗျား ..... ။


ရွှေအလင်းတန်းမြန်မာအသင်း ..


https://www.facebook.com/groups/goldenlight009/


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 26, 2013

ဘူဆန်တွင် (၁၀)ကြိမ်မြောက် အာရှရိုးရာယဉ်ကျေးမှုပွဲတော် ကျင်းပမည်

ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဒီမိုကရေစီပန်းခြံတွင် (၁၀) ကြိမ်မြောက် အာရှရိုးရာ ယဉ်ကျေးမှုပွဲတော်ကို အောက်တိုဘာလ (၂၇) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်ပါသည်။ အခမ်းအနားကို နံနက် (၁၀) နာရီ မှ ညနေ(၅)နာရီ အထိကျင်းပမည် ဖြစ်ပါသည်။



 ပွဲတော်တွင် မြန်မာ ၊ နီပေါ ၊ ဖိလစ်ပိုင် ၊ ဗီယက်နာမ် ၊ ကမ္ဘောဒီးယား ၊  တရုတ် စသော နိုင်ငံများ၏  ရိုးရာအစားအစာများ ၊ ရိုးရာ ကစားပွဲများ ၊ ရိုးရာယဉ်ကျေးမှု ပြခန်းများ ၊ ရိုးရာ အ၀တ်အစားများကို ၀တ်ဆင်၍ ဓါတ်ပုံရိုက်ခြင်းများ ပါဝင်မည် ဖြစ်ပါသည်။ ဒီမိုကရေစီ ခန်းမ အပြင်တွင်လည်း တေးသီချင်းများဖြင့် ဧည့်ခံ ဖျော်ဖြေပါမည် ။

 ဒီမိုကရေစီ ခန်းမထဲတွင် နေ့လည် (၃)နာရီမှ (၅) နာရီအထိ နိုင်ငံအလိုက် ရိုးရာ သီချင်းများ နှင့် ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင် စီစဉ်တင်ဆက်ထားသော ပြဇတ်ကပြမှုကိုလည်း ကြည့်ရှုနိုင်ပါသည် ။

 မြန်မာပြခန်းတွင် ရိုးရာယဉ်ကျေးမှု ပစ္စည်းများ ၊ မြန်မာ့ယဉ်ကျေးမှု ဓါတ်ပုံများ ၊ အာရှလုပ်သား သတင်းစာများ နှင့် ဗီနိုင်းများ ပြသထားမည် ဖြစ်ပါသည်။ မြန်မာပြခန်းတွင် လာရောက်လည်ပတ်ကြသော ပရိသတ်များကိုလည်း  ကြာဇံချက် နှင့် ကျောက်ကျောများ ကျွေးမွေးမည် ဖြစ်ပါသည်။ ဘူဆန် ၊ ဂင်ဟဲ အနီးအနားရှိ ရွှေညီအစ်ကိုများ လာရောက်လည်ပတ် လေ့လာကြည့်ရှုကြပါရန် ဖိတ်ကြားအပ်သည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 19, 2013

ဂမ် ဟဲမြို့ ပြည် တော် ဦး (ဓမ္မယာန -မဇ္ဈိမယာန )ရိပ်မွန် တွင် မဟာဘုံကထိန် အောင်ပွဲ အလှူတော် မင်္ဂလာ ကျင်းပမည်



ရတနာ သုးံပါး ဦးထိပ် ပန်ဆင် လျက် ဗု ဒ္ဓသာသနာ ကြာရှည် တည်တံ့ပါ စေ ခြင်း အလို့ ငှာ တောင် ကို ရီးယားနိုင် ငံBusan မြို့ ၌ကျောင်း ထိုင် သီတင်း သုးံလျက် ရှိသော ပြည် တော် ဦး ကျောင်း ဆရာ တော် "အရှင် ပဏ္ဍိစ္စ "Busan ဆရာ တော် ဘုရား အား အမှူးထား၍ ဘူဆန် (ဓမ္မယာန -မ ဇ္ဈိ မ ယာန အ ဖွဲ့  ) ၏ဦး ဆောင် မှု ဖြင့် ဘူဆန် ၊  ဂျင် ယောင်း ( ဂ ယောင်း ဂုးံဂီ ဂုးံ - CNC စက် ရုံ )မှ ရွှေ မြန် မာ သူ ငယ် ချင်း တစု တို့ ၏အဟာရဒါန လှူ ဒါန်း မှု ကို ရီးယားနိုင် ငံ ရောက် ဗု ဒ္ဓဘာသာ ဝင် သဒ္ဓါ ကြည် ရွှင် သူ တော် စင် အ ပေါင်း တို့ ၏ ပါ ဝင် လှူ ဒါန်း မှု တို့ ဖြင့် စု ပေါင်း ကျင်း ပမည့် စုပေါင်း မဟာ ဘုံကထိန် အောင် ပွဲ အလှူ တော် ကို အောက် ဖော် ပြပါ အစီအစဉ် အတိုင်း စည် ကား သိုက် မြိုက် စွာ ကျင်းပ ပြုလုပ် မည် ဖြစ်ပါသဖြင့် ကြွ ရောက် ကြပါ ရန် လေးစားစွာဖြင့်  ဖိတ် ကြား အပ် ပါ သည် ။


နေ့ ရက် ......20.10.2013 (sunday)


နေရာ..........ဂင် ဟဲ ပြည် တော် ဦး (ဓမ္မယာန -မဇ္ဈိမယာန )ရိပ်မွန် ရွှေအလင်း တန်း စာ ကြည့် တိုက်


ဧည့် ခံ ချိန် .............နံနက် ၁၀ မှ နေ့ လည် ၂ နာ ရီ အထိ ကြွရောက် လာ ကြ သော ပရိသတ် များ ကို 
                            အထူး စပါယ် ရှယ် ( ကြက် သားကြာဇံချက် )ဖြင့် ဧည့် ခံကျွေး မွေး ပါ မည် ။

နေ့ လည် ၁၁နာရီတွင် ဆရာတော် နှင့် သံဃာတော် အရှင် သူ မြတ် များ .ကိုရီးယား ဆရာတော် များ ကို နေ့ ဆွမ်း ဆပ်ကပ် လှူဒါန်း ပါ မည်။


နေ့ လည် ၁ နာရီ တွင် ပင် မ အလှူ ရှင် (ဂ ယောင်း ဂုးံဂီဂုးံ) သူငယ် ချင်း တစု မှ ဆရာ တော် တရားပွဲများတွင် အသုးံပြု နိုင် ရန် (ကြိုးမဲ့မိုက် ကရိုဖုန်း ) နှင့် ဓမ္မယာန -မဇ္ဈိမယာန ရိပ် မွန် တွင် အသုးံပြု နိုင် ရန် ဂတ် စ် မီးဖို လှူဒါန်း ခြင်း.သဒ္ဓါ ကြည် ရွှင်  သူတော် စင် များ မှ  ဆရာ တော် နှင့် သံဃာတော် အရှင် သူမြတ် များအား ကထိန် သင်္ကန်း များ နှင့် လှူဖွယ် ဝတ္ထု ပစ္စည်း များဆပ်ကပ် လှူ ဒါန်း ပြီး လှူ ဒါန်း မှုကုသိုလ် အစုစု တို့ အတွက် ရေစက် သွန်းချ တရား တော် နာကြားမည် ဖြစ် ပါသည်။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, October 13, 2013

ဂမ်ဟဲ(Gimhae) မြို့တွင် (၁၀) ကြိမ်မြောက် အာရှယဉ်ကျေးမှုပွဲတော် ကျင်းပခဲ့



ကိုရီးယားနိုင်ငံ ဂမ်ဟဲမြို့တွင်  (၁၀) ကြိမ်မြောက် အာရှယဉ်ကျေးမှုပွဲတော်ကို  ဂါယာယဉ်ကျေးမှု နယ်မြေ၌ အောက်တိုဘာလ (၁၂၊ ၁၃ ) ရက်များက  ကျင်းပခဲ့ပါသည်။  ပွဲတော်ကို ဂမ်ဟဲမြို့ မြို့တော်သူ/သားများ နှင့် လာရောက် အခြေချနေထိုင်သူများ ၊ အလုပ်လုပ်နေသူများမှ ပူးပေါင်းကျင်းပခဲ့ကြပါသည်။
အဆိုပါ ပွဲတော်သို့  YMCA ၊ Gimhae Club၊ တူရကီ ၊ ဂျာမနီ ၊ ဗီယက်နမ် ၊ ထိုင်း ၊  နီပေါ ၊ အင်ဒိုနီးရှား နိုင်ငံများမှ ပြခန်းများ နှင့် ရိုးရာ အစားအသောက်များကို ပြသခဲ့ပါသည်။

ပွဲတော် အထိမ်းအမှတ် အဖြစ် ကိုရီးယားရိုးရာ သီချင်းများ ၊ ခေတ်ပေါ်သီချင်းများ နှင့် နိုင်ငံခြားသားများအတွက်  ကိုရီးယားသီချင်းဆို ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ညနေပိုင်းတွင် ဆုများကို ချီးမြှင့်ပေးခဲ့ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 29, 2013

ကိုရီးယားနိုင်ငံ ဘူဆန်မြို့ တွင် (၁၀) ကြိမ်မြောက် အာရှ ယဉ်ကျေးမှုပွဲတော်အတွက် အစည်းအဝေးကျင်းပ

 
ဘူဆန်မြို့ ဆာဆာန်တွင် (၁၀)ကြိမ်မြောက် အာရှ ယဉ်ကျေးမှုပွဲတော် ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာလ (၂၉) ရက် တနင်္ဂနွေနေ့ ညနေ(၄) နာရီ မှ (၅း၃၀) အထိ  ဘူဆန်နိုင်ငံခြားသား အကူအညီပေးရေးစင်တာ(Busan Foreign Worker Support Centre) တွင်ကျင်းပခဲ့ပါသည်။


အခမ်းအနားသို့ မြန်မာ ၊ နီပေါ ၊ ဖိလစ်ပိုင် ၊ တရုတ် ၊ ဘင်္ဂလာဒေရှ် ၊ အင်ဒိုနီးရှား စသော နိုင်ငံများမှ အဖွဲ့အစည်းကိုယ်စားလှယ်များ စုစုပေါင်း (၁၅)ဦးခန့် တက်ရောက်ကြပါသည်။ ဘူဆန်မြို့ ဒီမိုကရေစီ ပန်းခြံတွင် (၁၀)ကြိမ်မြောက် အာရှယဉ်ကျေးမှုပွဲတော်ကို အောက်တိုဘာလ (၂၇) ရက် တနင်္ဂနွေနေ့  မနက် (၁၀)နာရီ မှ ညနေ (၅)နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။

 ပွဲတော်တွင် အာရှနိုင်ငံများမှ မိမိနိုင်ငံအလိုက် ယဉ်ကျေးမှုပြခန်းများနှင့် ရိုးရာအစားအသောက်များကို ကျွေးမွေးမည်ဖြစ်ပါသည်။ အခမ်းအနားပြင်ပတွင်လည်း ရိုးရာသီချင်းများကိုလည်း သီဆိုကပြကြမည် ဖြစ်ပါသည်။ ညနေ(၃) နာရီ မှ (၅) နာရီအထိ ဒီမိုကရေစီခန်းမကြီးတွင် နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု သီချင်းများ နှင့် ပြဇတ် များကိုလည်း တင်ဆက်ကပြကြမည်ဖြစ်ပါသည်။


 မြန်မာနိုင်ငံပြခန်းတွင် ယဉ်ကျေးမှုဆိုင်ရာ ဓါတ်ပုံများ နှင့် ရိုးရာ ပစ္စည်းများကို ပြသကြမည်ဖြစ်ပါသည်။ မြန်မာရိုးရာ အစားအသောက်အတွက် ကြာဇံချက်နှင့် အုန်းနို့ကျောက်ကျော ကို ဧည့်ခံကျွေးမွေးကြ မည်ဖြစ်ကြောင်း သိရပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 1, 2013

ကိုရီးယားနိုင်ငံ ဘူဆန် ကမ်းခြေတွင် နိုင်ငံခြားသားအလုပ်သမားများတွေ့ဆုံပွဲ ကျင်းပ






ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ၊ ဟဲဟွန်ဒယ် ကမ်းခြေတွင် နိုင်ငံခြားသား အလုပ်သမားများ တွေ့ဆုံပွဲကို သြဂုတ်လ(၃၁) ရက် နှင့် စက်တင်ဘာ(၁)နေ့ထိ နှစ်ရက်တိုင် ကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို ဘူဆန် နိုင်ငံခြားသားအကူအညီပေးရေးစင်တာမှ ကျင်းပပေးခြင်းဖြစ်ပြီး  ၊ အလုပ်သမားရေးအတွက် ကူညီဆောင်ရွက်ပေးသူများ ၊မြန်မာ ၊ နီပေါလ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား  နိုင်ငံခြားသားအလုပ်သမားများ စုစုပေါင်း အင်အား (၇၀)ခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပထမဦးစွာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် လာရောက်လုပ်ကိုင်နေကြသူများ၏ အခက်အခဲဒုက္ခရောက်ကြရပုံကို ဗီဒီယိုဖိုင်ဖြင့် ပြသခဲ့ပါသည်။ ဆက်လက်၍ အလုပ်ရွေ့ပြောင်းရာတွင် အခက်အခဲများအကြောင်းကို မြန်မာအဖွဲ့အတွက် ကိုနေသူ နှင့် ကိုဇော်မင်းတို့မှ ရှင်းပြခဲ့ပါသည်။ ထို့နောက် တရားမ၀င် အလုပ်သမားများ အတွေ့အကြုံကို ဖိလစ်ပိုင်အသင်းမှ  Tess နှင့် Mente တို့မှ ရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ ဖိလစ်ပိုင်အသင်း SPINAKO မှ Demmy လည်းကောင်း ၊ နီပေါလ်အသင်း NCC အကြောင်းကို Laxman Dahal ၊ မြန်မာအသင်း ရွှေအလင်းတန်း မြန်မာအသင်းအကြောင်းကို ကိုနေသူမှ အသီးသီးရှင်းပြခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသော နိုင်ငံခြားသားအလုပ်သမားများကို ညနေစာဖြင့် တည်းခင်းဧည့်ခံကြပြီး အသီးသီးမိတ်ဆက်ခဲ့ကြပါသည်။ သီချင်းများကို သီဆိုခဲ့ကြပါသည်။

အစီအစဉ် ဒုတိယနေ့တွင် တက်ရောက်လာကြသူများမှ တွေ့ဆုံပွဲအတွေ့အကြုံများကို ရှင်းပြရာတွင် ကမ္ဘောဒီယား အလုပ်သမားတစ်ဦးမှ ပြောကြားရတွင် " အခုလို တွေ့ဆုံပွဲကို တက်ရောက်ရတဲ့ အတွက် စိုက်ပျိုးရေးသမားတွေရဲ့ဒုက္ခတွေ ၊ အလုပ်သမားတွေ ရပိုင်ခွင့်တွေကို သိရှိခဲ့ရပါတယ် " ဟုပြောကြားခဲ့ပါသည်။

မြန်မာအသင်းမှ ကိုဇော်မင်းမှ ပြောကြားရတွင် " အလုပ်သမားများ အတူတကွတွေ့ဆုံရပြီး ၊ တစ်ဦးအမြင်တစ်ဦးဖလှယ်ရတဲ့အတွက် အခက်တွေကို သိရပါကြောင်း ၊ အလုပ်သမား အခွင့်အရေးတွေ ဆက်လက်ပြီးအတူတကွ တောင်းဆိုကြရမည် ဖြစ်ကြောင်း " ပြောကြားခဲ့ပါသည်။

ဘူဆန် နိုင်ငံခြားသား အကူအညီပေးရေးရုံးမှ ကိုနေသူ မှ ပြောကြားရတွင် " အလုပ်သမားဥပဒေတွေကို သိသွားအောင် ၊ အခက်အခဲတွေကို ၀ိုင်းဝန်းပြီး ဘယ်လိုဖြေရှင်းမလဲ ၊ စင်တာကနေပြီး အတူဖြေရှင်းတဲ့ နည်းလမ်းတွေကို လက်ဆင့်ကမ်းပေးတာပါ ၊ နောက်ပြီး လာပြီး အကူအညီပေးတဲ့ လူတွေကို နိုင်ငံခြားသားတွေရဲ့ အခက်အခဲတွေကို သိသွားအောင်လို့ ပါလို့ " လို့ ပြောကြားခဲ့ပါသည်။

အဆိုပါ နိုင်ငံခြားသားအလုပ်သမားတွေဆုံပွဲများကို (၁)နှစ်လျှင် နှစ်ကြိမ် ကျင်းပပေးကြောင်း သိရှိခဲ့ရပါသည်။











ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, August 18, 2013

တာဝန်နဲ့ဝတ္တရားကို ထမ်းဆောင်ခြင်းမှ ထိုက်တန်တဲ့ အခွင့်အရေးသို့

ရေးသားသူ —စိုးမိုးသူ

အီးမေးလ်ကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးတောင်းဆို ဆန္ဒပြပွဲကို ဖိတ်ခေါ်တဲ့ အကြောင်းပါ စာပါ။
အင်း ပြီးခဲ့တဲ့ ဆန္ဒပြပွဲမှာတက်ရောက်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၀၀လောက်ကြားမှာ ကျနော်အပါအ၀င် မြန်မာ၂ယောက်တောင် တက်ခဲ့ပါတယ်။

ကဲ ဒီတကြိမ် ဆန္ဒပြပွဲမှာကော?
သေချာတာက
အခွင့်အရေးဟာ တာဝန်နဲ့ ၀တ္တရားကို ထမ်းဆောင်ရာမှ ဆင်းသက်လာတာ ဖြစ်သလို
တာဝန်နဲ့ ၀တ္တရားပျက်ကွက်သူအနေနဲ့ အခွင့်အရေးဟာ မထိုက်တန်ဘူးဆိုတာပါပဲ။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 12, 2013

(ရင်တွင်းဖြစ် ကဗျာစစ်စစ်ပါ) မင်္ဂလာပါ

ရေးသားသူ —စိုးမိုးသူ(ကိုယ်စားတင်ပေးသည်)

(ဟန်းဂုရွာ ဖေ့စ်ဘွတ်မှာ လုလင်ပျို ခေတ္တ Koreaဆိုသူ တင်ထားတဲ့ ကဗျာလေးကို ကိုယ်စားတင်ပေးလိုက်ပါတယ်။
ကဗျာထဲက မြန်မာအချင်းချင်း ဟောက်စားလုပ်သူ မြန်မာကိုယ်စားလှယ်ဆိုသူရေ ကံကြုံရင်တော့ တို့တွေ ဆုံကြမယ်နော်၊ ကင်မ်ချီသာ ၀အောင်စားထားပေတော့)


ကိုရီးယားကိုစပြီးခြေချမိတာနဲ့

အလင်းမဲ့ကောင်းကင်ဖျော့ဖျော့လေး

တခုထဲစီးပါလိုက်မျောရင်းကနေ

ဝုန်းဒိုင်းကြဲမိုးရွာပါလေရော......

ဆိုလ်းလေဆိပ်အရောက်

သံရုံးကဘာဆိုလားပဲ

တန်းစီဆိုလို့တန်းတွေစီ

လူစစ်ဆိုလို့လူတွေစစ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, August 7, 2013

နီပေါမှာ ဆန္ဒပြပြီ

ရေးသားသူ — စိုးမိုးသူ

 
 

ကိုရီးယားကို EPSနဲ့ အလုပ်သွားလုပ်ဖို့အတွက် ၂၀၁၁ခုနှစ်က ကိုရီးယားဘာသာ စာမေးပွဲအောင်ထားပြီး သူ နီပေါနိုင်ငံသား၆၅၀၀ရဲ့ ဆန္ဒပြပွဲပါ။
သူတို့က ခုထိ callingမကျသေးပါဘူး။
 ဒါပေမယ့် နီပေါအစိုးရကတော့ ကိုရီးယားဘာသာစာမေးပွဲဖြေဆိုပွဲတွေကို ဆက်လက် ကျင်းပပေးနေ ပါတယ်။

ဒါကြောင့် ယခုနှစ်ကျင်းပမယ့် ကိုရီးယားဘာသာစာမေးပွဲကို မကျင်းပဖို့ ၊ အရင်အောင်ပြီးသားသူတွေကို ကိုရီးယားကို အရင် စေလွှတ်ပေးဖို့ကို ကိုရီးယားအစိုးရနဲ့ ညှိနှိုင်းပေးပါလို့ နီပေါအစိုးရထံ ဆန္ဒပြတောင်း ဆိုနေကြပါတယ်။

မြန်မာပြည်မှာလည်း အလားတူ ဖြစ်ရပ်တွေ ရှိနေတယ်လို့ ကြားသိရပေမယ့် အခုလို အများဆိုင်ပြသနာ လို့မြင်ပြီး ဘ၀တူတွေ စုစည်း လှုပ်ရှားတာကတော့ မတွေ့ရသေးပါဘူး။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 27, 2013

တဒင်္ဂနဲ့ တဘ၀ကို မလဲမိစေဖို့ သတိပြုကြစို့

ရေးသားသူ — စိုးမိုးသူ

2011ခုနှစ်က အမျိုးသမီးများအား မဖွယ်မရာပြုသူ နိုင်ငံခြားသားအား ဖမ်းဆီးလာစဉ်

ပင်လယ်ကမ်းခြေစောင့် ရဲဌာနရဲ့ လိင်စော်ကားမှုဆိုင်ရာ စုံစမ်းရေးဌာန ရဲများဟာ ယခုလ ၂၄ရက်နေ့က ဘူဆန်း ဟဲအွန်းဒဲ ပင်လယ်ကမ်းခြေ ရေကူးစပ်တွင် ရေကူးဝတ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးများအား ဓာတ်ပုံ ခိုးရိုက်သူ အင်ဒိုနီးရှားနိုင်ငံသား K(၄၀နှစ်)တဦးကို ဖမ်းဆီးခဲ့ပါတယ်။ အလားတူ ပြစ်မှုဖြင့် အဖမ်း ခံရတဲ့ နိုင်ငံခြားသား ၃ဦးထပ်ရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံသားKဟာ ၂၁ရက်နေ့ နေ့လယ်တွင် ဟဲအွန်းဒဲ ကမ်းခြေတွင် နေပူစာ လှုံနေသူ၊ ရေကူးနေသူ အမျိုးသမီး ၁၉ဦးရဲ့ ဖုံးကွယ်အပ်တဲ့ ခန္ဓာကိုယ် အပိုင်းများကို ဒီဂျစ်တယ် ကင်မရာဖြင့် ခိုးဝှက် ရိုက်ကူးခဲ့ပါတယ်။

မလေးရှားနိုင်ငံသားL(၂၂နှစ်)ဟာလည်း ၂၀ရက်နေ့ နေ့လယ်၂နာရီခွဲခန့်မှာ ဒီဂျစ်တယ်ကင်မရာဖြင့် အမျိုးသမီး ၁၂ဦးရဲ့ ခန္ဓာကိုယ်ကို ခိုးဝှက် ရိုက်ကူးခဲ့သလို ဥဇဘက်ကစ္စတန်D(၂၉နှစ်)နှင့် L(၃၀နှစ်)တို့ဟာ လည်း အဲဒီနေ့မှာ အမျိုးသမီး၉ဦးကို ရုပ်သံ၊ဓာတ်ပုံများ ရိုက်ကူးခဲ့တာကြောင့် အထိမ်းသိမ်းခံခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံရဲ့ လိင်စော်ကားမှုဆိုင်ရာ ဥပဒေအရ အမျိုးသမီး သို့မဟုတ် အမျိုးသားဟာ မိမိအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသူအား တရားစွဲဆိုနိုင်ခွင့်ရှိသလို တရားစွဲဆိုခြင်း မပြုပဲ ကျူးလွန်သူထံမှာ နစ်နာကြေးကို ယူပြီးလည်း ကြေအေးနိုင်ပါတယ်။
ဒါပေမယ့် ယခုနှစ် ၂၀၁၃ခုနှစ် ဂျွန် ၁၉ရက်နောက်ပိုင်းမှ စပြီး ပြောင်းလဲလိုက်တဲ့ ဥပဒေအရ
လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူကို ကာယကံရှင် မဟုတ်သူကလည်း ၀င်ရောက် တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။
ကာယကံရှင်က ကြေအေးသည်ပဲထား ကာယကံရှင် မဟုတ်သူ(ရဲဌာန၊ မိဘဆွေမျိုး၊ မောင်နှမ၊ သူငယ်ချင်း ၊ မျက်မြင်သက်သေ) မည်သူမဆို ကြားဝင်ကာ ကျူးလွန်သူအား တနှစ်အတွင်း တရားစွဲဆိုပိုင်ခွင့်ရှိတာမို့ ကျူးလွန်သူအဖို့  မဖြစ်မနေ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

နှစ်စဉ် နွေရာသီ ပိတ်ရက်တွင် နိုင်ငံခြားသား အများစုဟာ ပင်လယ်ကမ်းခြေများ(အထူးသဖြင့် ဟဲအွန်းဒဲ)သို့ အပမ်းဖြေ ခရီးထွက်ကြပါတယ်။ အဲဒီအထဲက အချို့ဟာ တဒင်္ဂ သာယာမှုအား ရှေ့တန်း တင်ကာ ရေကူးနေသူ အမျိုးသမီးများအား မဖွယ်မရာပြုလုပ်ခြင်း၊ ခိုးဝှက် ရုပ်သံ ဓာတ်ပုံရိုက်ကူးခြင်း၊ မိမိတို့အချင်းချင်း ဓာတ်ပုံရိုက်ချင်ယောင်ဆောင်ကာ အမျိုးသမီးများအား ဓာတ်ပုံ ခိုးရိုက်ခြင်း များကို ပြုလုပ်ကြတာကြောင့် ကမ်းခြေစောင့် ရဲစခန်းများမှာ အထိမ်းသိမ်းခံကြရပါတယ်။

မိမိဘ၀ရည်မှန်းချက်အတွက် ကိုရီးယားသို့ ခက်ခဲစွာ ၀င်ရောက် အလုပ် လုပ်ကိုင်နေကြသူ ရွှေ့ပြောင်း အလုပ်သမားများ အားလုံး တဒင်္ဂနဲ့ တဘ၀ကို မလဲမိစေဖို့ စေတနာ ရှေ့ထား သတင်းပါး လိုက်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများ အားလုံး အတွက် Happy Summer Vacation ဖြစ်ကြပါစေဗျာ။

 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, June 25, 2013

စတိုးဆိုင်တွင်း ငွေခိုးသူ မြန်မာငတက်ပြား

ရေးသားသူ — စိုးမိုးသူ

တောင် အူလ်ဆန်းရဲဌာနဟာ လွန်ခဲ့တဲ့ ၂၄ရက်နေ့က စတိုးဆိုင်တွင်း ငွေခိုးယူသူ မြန်မာနိုင်ငံသား A(၄၃နှစ်)ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Aဟာ လွန်ခဲ့တဲ့ ၂၂ရက် မနက် ၆နာရီခွဲမှာ နမ်ဂူး ဂျန်ဆိန်းဖိုဒုန်ရှိ စတိုးဆိုင်တဆိုင်တွင်း ၀င်ရောက်ကာ ဆိုင်ပိုင်ရှင် အမျိုးသမီးက ဖုန်းစကားပြောနေတုန်း ငွေသား ၃သိန်း၅သောင်းအား ခိုးယူ ထွက်ပြေးသွားခဲ့ပါတယ်။
ရဲများရဲ့ စစ်ဆေးချက်အရ ဂျန်ဆိန်းဖိုဒုန်ရှိ တခုသော ငါးဖမ်းကုမ္ပဏီမှာ အလုပ်လုပ်သူ Aဟာ စတိုးဆိုင်သည် မနက်ပိုင်းတွင် အမျိုးသမီးတယောက်တည်း ရှိသည်ကို သိထားကာ အခုလို အမျိုးသမီးတယောက်တည်းရှိစဉ် အခွင့်ကောင်းယူကာ ငွေခိုးယူမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မူရင်းသတင်းလင့်ခ်  http://news1.kr/articles/1188939

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>