ရေးသားသူ — ဆုတောင်း
ကိုရီးယားရောက် ကရင်လူငယ်များ၏ အလှူ တော်မင်္ဂလာဖိတ်ကြားလွှာ
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသား ညီအစ်ကို/မောင်နှမများခင်ဗျား။
တောင်ကိုရီးယားနိုင်ငံရောက် ကရင်လူငယ်များမှ ၂၀၁၄ခုနှစ် ဇွန်လ(၂၂)ရက် တနင်္ဂနွေနေ.တွင် ဓမ္မဒူတကျောင်းတော်(ကိုရီးယား)ဘူဖျောင်းတွင် ဘုရားအမှူးရှိသော သံဃတော်အရှင်သူမြတ်
တို.အား အာရုဏ်ဆွမ်း၊နေ.ဆွမ်းတို.ကိုဆက်ကပ်လှူ ဒါန်းပြီး အလှူ တရားတော်များကို နာယူကြမည်ဖြစ်ပါသဖြင့် လေးစားစွာဖိတ်ကြားအပ်ပါသည်။
အလှူ တော်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အလှူ တော်အစီအစဉ်
ရက်စွဲ။ ၂၂.၆.၂၀၁၄ တနင်္ဂနွေနေ.
အချိန်။ နံနက် ၈နာရီမှ နေ.လည် ၁နာ၇ီအထိ
နေရာ။ ဓမ္မဒူတကျောင်းတော်(ကိုရီးယား)
လမ်းညွှန် ။http://www.dhammaduta.info/guide/guide_address_m.html
အကျွေးမွေးအစီအစဉ်
အလှူ ပွဲတော်လာ ဧည့်ပရိတ်သတ်အပေါင်းတို.အား မြန်မာထ္မင်းဟင်းနှင့်အတူကရင်ရိုးရာ တာလပေါဟင်းဖြင့်
တည်ခင်းဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။
Friday, June 20, 2014
Wednesday, April 30, 2014
ကျောင်းလွှတ်ပူဇာ အလှူတော် မင်္ဂလာ ဖိတ်ကြားအလွှာ
Saturday, April 26, 2014
ဆရာသောင်းနှင့် ကျောင်းသားများ စတုတ္ထအကြိမ် အလှူမင်္ဂလာ ဖိတ်ကြားလွှာ
ဆရာသောင်းနှင့် ကျောင်းသားများ စတုတ္ထအကြိမ် အလှူမင်္ဂလာ ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ၊ ကြွရောက်တော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်-
အလှူရက်-
၂၀၁၄ခုနှစ် မေလ ၄ ရက်နေ့(တနင်္ဂနွေ)
အချိန်-
နေ့လည် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီထိ
နေရာ-
(ဘူဖြောင်း) မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
(နံနက်) အရုဏ်ဆွမ်း-
မုန့်တီသုပ်
နေ့လည်စာ-
မြန်မာအစားအစာ
လေးစားမှုဖြင့်-
ဆရာသောင်းနှင့် ကျောင်းသားများ
၂၀၁၄၀၄၂၆
Sunday, April 6, 2014
ကုသိနာရုံဆရာတော် အရှင် ဥာဏိသရ၏ တရားပွဲတော် ဖိတ်ကြားလွှာ
Saturday, April 5, 2014
ရေစကြိုဆရာတော် ကိုရီးယားသို့ ကြွချီလာ။
၂၀၁၄ ခုနှစ် ဧပြီ ၅ ရက် စနေနေ့ နံနက် ၈နာရီခွဲခန့်က တိပိဋကမဟာဂန္ထ၀င်နိကာယ်ကျောင်းတိုက်၊ တိပိဋကသန္တာဝါသ ပရိယတ္တိစာသင်တိုက် တို့၏ ပဓာန နာယကဆရာတော် တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသသည် ဓမ္မခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ကြွရောက်လာပြီဖြစ်ပါသည်။
ရေစကြိုဆရာတော်အား ဒေါဂ်ဆာန် ( Duk San - ဂျိုဂယဲဂျူန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတော် - ဘိုမု(န်မ)ဂျောန်ဆာ၊ ယုန်အင်)၊ အရှင် သီလ (ဖားအောက်ကျောင်းတိုက်)၊ အရှင် ဥတ္တရာ (မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၊ ဦးက၀ိသာရ (ဓမ္မဒူတကျောင်းတော် (ကိုရီးယား)၊ ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များတို့ လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ခရီးဦးကြိုဆိုကြပါသည်။
ဆရာတော်သည် လက်ရှိ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် သီတင်းသုံးနေပါသည်။
မနက်ဖြန် ၂၀၁၄ခုနှစ် ဧပြီ ၆ရက် တနင်္ဂနွေနေ့ နေ့လည် ၁နာရီအချိန်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမတွင် နှစ်သစ်ကူးအကြို တရားကို ဟောကြားမည်ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာတိုင်းရင်းသားများ အားလုံး တရားနာ ကြွရောက်ကြပါရန် နိဗ္ဗာန်ကို အကျိုးမျှော်၍ နိုးဆော်လိုက်ပါသည်။
ဆရာတော်သည် နှစ်သစ်ကူး အကြို တရားပွဲအပြီးတွင် ကင်းမ်မဲ၊ ဒဲဂုမြို့၊ ဘူဆာန်မြို့များသို့ ကြွရောက်ပြီး တရားများ ချီးမြှင့်မည်ဖြစ်ပါသည်။
Sunday, March 23, 2014
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော်ဘုရားကြီး ကိုရီးယားသို့ ကြွမည်။
Friday, March 14, 2014
ဝေါဆရာတော်၏ မွေးနေ့ မင်္ဂလာ ဖိတ်ကြားလွှာ
Sunday, February 16, 2014
ကျောင်းနှစ်ပါတ်လည် ဆွမ်းကပ်အလှူ
ရေးသားသူ — သန္တိက၇ဝိဟာရ
ကိုရီးယား၌ မြတ်ဗုဒ္ဓ၏ အဆုံးအမများကို ဟောကြားပြသရန်နှင့် တတ်စွမ်းသမျှ မြန်မာလူမျိုးများအား ကူညီမှုပေးရန် ရည်သန်လျက် သန္တိကရဝိဟာရကို အန်ဆန်းမြို့၌ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။
ယ္ခု ကျောင်းဖွင့်လှစ်ခြင်း နှစ်နှစ်မြှောက် နှစ်ပါတ်လည် အထိမ်းအမှတ်ကို သာသနာပြုလုပ်ငန်းများ ဆက်လက်ပြီး လုပ်ဆောင်နိုင်ဘို့ စိတ်ရည်သန်လျက် "မွေးနေ့ မွေး၇က်ကုသိုလ်ဆက် အသက်ပို၍ရှည်" ဆိုသည့်အတိုင်း ကုသိုလ်များဆထက်တိုးနိုင်စေဘို့ ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းစသည့်လှူဖွယ်များ ဆက်ကပ်လှူဒါန်းမှုများကို ကြိုးစားအားထုတ်ကြပါမည်။
ထိုကုသိုလ်ပြုအလှူကို ဘုရားဒကာများ ဖြစ်ကြသော "စိတ္တသာမဂ္ဂီ လူငယ်များ"မှ တာဝန်ယူပြီး မြန်မာဟင်းထ္မင်းဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းမှာ ဖြစ်သည့်အတွက် အားလုံးသော ရွှေမြန်မာများကို ကြွေ၇ာက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
နေ့၇က် - ဖေဖေါ်ဝါရီလ (၂၃) ရက် တနင်္ဂနွေနေ့
တရားတော်နာ - မနက် (၁၀) နာရီ
ဧည့်ခံမှု - မြန်မာဟင်းထ္မင်း (မနက် - ၁၁-နာရီမှစ၍)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း
ရက်လည်ဆွမ်းကပ်အလှူ
ရေးသားသူ — သန္တိကရဝိဟာရဆရာတော်
ကိုရီးယား၌ စီးပွါးရှာနေသော အန်ဆန်းကျောင်းအလှူအတန်း ဖြစ်မျြောက်အေင်မြင်စေ၇န် ချက်ပြုတ်မှု ဝေယျာဝစ္စကို အဓိက တာဝန်ယူပေးနေသော မြောက်ဥက္ကလာပမြိုနယ် တုသိတာ (၁)လမ်းနေ ကိုမြတ်မင်းဦး၏ အနန္တဂိုဏ်း ကျေးဇူးရှင်ဖခင်ကြီး ဦးစိန်ကြည် အသက် (၈၀)နှစ် သေည် (၁၅၊ ၂၊ ၂၀၁၄) စနေနေ့ နံနက် (၁၀)နာရီတွင် ဘဝတပါး ပြောင်းသွားကွယ်လွန်သွားခဲ့ပါသည်။
ကွယ်လွန်သူဖခင်ကြီးအတွက် သားသ္မီးတို့ဝတ္တရားရှိသည့်အတိုင်း ကုသိုလ်ကောင်းမှုပြုပြီး အမျှအတမ်းပေးဝေလိုပါသဖြင့် အန်ဆန်းမြို့ သန္တိကရယိဟာရ၌ ဘုရားအမှူးရှိသော သံဃာတော်တို့အား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းမှုကို ပြုလုပ်ပါမည်။
အချိန် - အရုဏ် မုံ့ဟင်းငါးဆွမ်း (ကိုယ်တိုင်ချက် လက်ရာ)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း
နေ့ရက် - ဖေဖေါ်ဝါရီလ ၂၃ ရက်၊ တနင်္ဂနွေနေ့






