အချို့သော ကတ်ဖုန်းကိုင်ဆောင်သူများမှာ ၊ မိမိကိုင်သောဖုန်းသည် -
- ဘယ်လိုင်းဆိုတာ မသိ ၊
- အသက်ကတ်ဘာကတ် ဖြည့်ရသလဲဆိုတာလဲ မသိ ၊
- ဘယ်လိုဖြည့်ရ (နှိပ်ရ) သလဲဆိုတာဝေလာဝေး ၊
- အသက်ကတ် ဘယ်မှာ ဝယ်သလဲဆိုတာလဲ မသိ ၊
- ကိုရီးယားတွေမေးကြည့်တော့လည်း ကတ်ဖုန်းဆိုတာ နားမလည် ၊
- သည်လိုနှင့် ဖုန်းနံပတ်တွေ ခဏခဏပြောင်း ၊ ကတ်ဖုန်းစိတ်ပျက် လိုင်းဖုန်းကိုင်ရ ၊ အချို့လိုင်းဖုန်း ဘီလ်တွေ သိန်း ဆယ်ချီဆောင်ကြရ ။
အဲသည်အခက်အခဲ ရှိသူတွေအတွက် ၊ ဘဏ်(စာရင်း)မှ တစ်ဆင့် ဖုန်းကတ်ဖြည့်နည်းလေး တင်ပြပေးချင်ပါတယ် ။
- ဖုန်းတိုင်း (လိုင်းဖုန်းဖြစ်ဖြစ် ၊ ကတ်ဖုန်းဖြစ်ဖြစ်) မှာ (가산계좌/ Virtual Account) လို့ခေါ်တဲ့ စာရင်းရှင်းအကောင့် (လယ်ဂျာစာရင်း) တစ်ခုစီရှိကြပါတယ် ။ အမည်ပေါက် ဖုန်းပိုင်ရှင်ရဲ့ အမည်နှင့်ပဲ ရှိနေတာပါ ။ ကျနော်တို့ ထည့်လိုက်တဲ့ ကတ်ဖိုး (ပိုက်ဆံ)ဟာ အဲသည် စာရင်းထဲပဲ ရောက်ပြီး ၊ ကျနော်တို့ သုံးလိုက် (ပြောလိုက်) တဲ့ (ပိုက်ဆံ)ဟာလည်း အဲသည် စာရင်းထဲကပဲ ထွက် (နှုတ် ၊ လျှော့) သွားတာပါ ။
- သည်တော့ အဲသည် အကောင့်နံပတ် အမှန်ကို သိထားပြီဆိုရင် အဲသည်အကောင့်ထဲ ပိုက်ဆံရောက်အောင် ကိုယ်တိုင်ဖြစ်စေ ၊ အခြားသူတစ်ယောက်ယောက်ကဖြစ်စေ တစ်နည်းနည်းဖြင့် လွှဲထည့်လိုက်ရုံနှင့် ဖုန်းအသက်ကတ်ဖြည့်ပြီးဖြစ်တယ်လို့ သိထားကြစေချင်ပါတယ် ။
- ဖုန်းကတ် ဝယ်ဖို့ ၊ ဖြည့်ဖို့အခက်အခဲဖြစ်နေပါသလား ။ မိတ်ဆွေရဲ့ ဖုန်းနံပတ်နှင့် စာရင်းရှင်းအကောင့် (가산계좌/ Virtual Account) ကို တောင်းယူလိုက်ပါ ။ သက်ဆိုင်ရာ ဖုန်းလိုင်းရဲ့ Access နံပတ်သိရင် အလိုအလျောက်ဖြေကြားတဲ့စနစ်ဖြင့်လည်း တောင်းယူနိုင်ပါတယ် ။ နောက် အဲ သည်အကောင့်ထဲ မိတ်ဆွေ ပိုက်ဆံ ဖြည့်ချင်သလောက်သာ လွဲထည့်လိုက်ပါ ။ ပိုက်ဆံ လွဲပြီးတာ နှင့် ဖုန်းကတ်ဖြည့်ပြီး ဖြစ်သွားပါကြောင်း ။
အားလုံး အဆင်ပြေကြပါစေ ။
လေးစားမှုဖြင့်-
တယ်လီတော်ကီ မြန်မာဖုန်းဆိုင်
၂၀၁၅-၀၄-၀၉
ကြော်ငြာ = အမှန်တကယ် အခက်အခဲရှိသူများ တယ်လီတော်ကီထံ အကူအညီ ရယူနိုင်ပါကြောင်း
Thursday, April 9, 2015
ကတ်ဖုန်းများ အသက်ကတ်ဖြည့်ခြင်းကို ဘဏ်မှတစ်ဆင့် ဖြည့်တဲ့နည်း
Sunday, December 21, 2014
ဆဋ္ဌမအကြိမ် EPS-TOPIK စာမေးပွဲအောင်ပြီး အလုပ်ခေါ်စာစောင့်နေသူများ သိရှိရန်
Thursday, October 23, 2014
ဖုန်းဆားဗစ်စ်ကတ်သုံးစွဲသူများသက်သာချောင်ချိရေး(ဆားဗစ်) အသင်း ထူထောင်မည်
ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ မရှိမဖြစ် အသုံးပြုနေကြရသည့် ဖုန်းများနှင့်ပတ်သက်၍ အတော်များများမှာ အသက်ကတ် ၊ ပြည်ပကတ် ၊ ပြည်တွင်းကတ် ၊ အင်တာနက်(ဒေတာ) ကတ် စသည်များ ဝယ်ယူသုံးစွဲကြရာတွင် အောက်ပါအခက်အခဲများ ရှိနေကြသည်ကို တွေ့ရှိနေရပါသည် -
- ဝယ်ယူရန်အခက်အခဲ (အမျိုးအစားမသိခြင်း ၊ ဆိုင်ရှာမရခြင်း ၊ ငွေမရှိခြင်း)
- သုံးစွဲရန်အခက်အခဲ (သုံးစွဲနည်းမသိခြင်း ၊ ဖြည့်ရမည့်အချိန်မသိခြင်း)
ထို့ပြင် မြန်မာ မိတ်ဆွေအတော်များများမှာ ဖော်ပြပါ ဖုန်းဆားဗစ်ကတ်များကို မူရင်းဈေးထက် ပိုမို၍ အမြတ်တင်ထားသည့် စားသုံးသူ (လက်လီ) ဈေးနှုန်းများဖြင့်သာ ဝယ်ယူ သုံးစွဲနေကြရသည်ကိုလည်း သိရှိပါသည် ။
အဆိုပါ အခက်အခဲများကို အဆင်ပြေစေမည့်အပြင် ၊ ဖုန်းဆားဗစ်ကတ်များကို အချိုသာဆုံးသော လက်ကားအရင်းဈေးနှုန်းများဖြင့် အချိန်မရွေး အဆင်ပြေလွယ်ကူစွာ ရယူသုံးစွဲနိုင်ကြစေရန် ရည်ရွယ်လျက် ဖုန်းဆားဗစ်ကတ်သုံးစွဲသူများ သက်သာချောင်ချိရေးအသင်း ကို ဖွဲ့စည်း ထူထောင်မည်ဖြစ်ကြောင်း နှင့် အသင်းအဖွဲ့ထူထောင်ရေးဆိုင်ရာ အစည်းအဝေးကို အောက်ပါအတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည် -
ရက်စွဲ = ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၅ ရက်
အချိန် = ညနေ ၈ နာရီမှ ၉ နာရီ
နေရာ = တယ်လီတော်ကီ
သို့ဖြစ်ရာ အဆိုပါ အသင်းအဖွဲ့ထူထောင်ရေးတွင် စိတ်ပါဝင်စားသူ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အစည်းအဝေးသို့ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။
မှတ်ချက် -
- ဖုန်းဆားဗစ်စ်ကတ် သုံးစွဲသူမည်သူမဆို အစည်းအဝေးသို့ တက်ရောက်နိုင်ပါသည် ။
- အစည်းအဝေးသို့ မည်သူမဆိုတက်ရောက်နိုင်သော်လည်း အဖွဲ့ဝင်ဖြစ်ရန်မှာ (ဥပဒေအရ) ကိုရီးယားနိုင်ငံတွင် ဗီဇာ တစ်ခုခုဖြင့် တရားဝင်နေထိုင်သူဖြစ်ရပါမည် ။
- အသင်းဝင်များအနေဖြင့် ဖုန်းဆားဗစ်ကတ်များကို မိမိတို့ စမတ်ဖုန်းမှတစ်ဆင့် ဈေးရင်းအတိုင်း အချိန်မရွေး လွယ်ကူစွာ ရယူသုံးစွဲနိုင်မည့်အပြင် ၊ အကြောင်းအမျိုးမျိုးကြောင့် အသင်းဝင်မဟုတ်သူ မိမိတို့မိတ်ဆွေများကိုလည်း မိမိတို့နည်းတူ ဈေးရင်းအတိုင်းဖြစ်စေ အမြတ်တင်ဈေးဖြင့်ဖြစ်စေ လွယ်ကူစွာ ရယူသုံးစွဲခွင့်ရရှိစေမည်ဖြစ်ပါသည် ။
- အသေးစိတ် အစီအစဉ်များ သိရှိလိုပါက ၀၇၀-၇၇၆၁-၂၄၅၇ သို့ မေးမြန်းနိုင်ပါသည် ။
လေးစားမှုဖြင့်-
ကိုဝိုင်း
(အော်ဂနိုက်ဇာ)
၂၀၁၄-၁၀-၂၃
Sunday, September 7, 2014
မြန်မာလုပ်သားများအတွက် ချူးဆောက်ပိတ်ရက်အတွင်း ဘဏ်စာအုပ် နှင့် ဘဏ် ဝန်ဆောင်မှုများ ပြုလုပ် ဆောင်ရွက်ပေးမည်
အလုပ်ဖွင့်ရက်များအတွင်း ဘဏ်သို့ သွားရောက်ရန် အခက်အခဲရှိသူများအတွက် ၊ ဘဏ်ဝန်ဆောင်မှုများ လွယ်ကူ အဆင်ပြေစွာ လက်ခံဆောင်ရွက်နိုင်ကြစေရန် အလို့ငှာ ၊ အူးရီဘဏ်မှ ဝန်ထမ်းများက ယခုလာမည့် ချူးဆော့က်ပိတ်ရက်ကာလ (စက်တင်္ဘာလ ၉ ရက်) ဘူဖြောင်း မြန်မာစီတီတွင် အခြေစိုက်ရုံး ဖွင့်လှစ် ပြီး ၊ အောက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
- ဘဏ်စာအုပ်ပြုလုပ်ပေးခြင်း ၊(ပုံသေငွေစုစာအုပ်နှင့် ငွေသွင်းထုတ်ဘဏ်စာအုပ်)
- ဘဏ်ကတ်များပြုလုပ်ပေးခြင်း ၊
- (မိမိအမည်ဖြင့် မြန်မာပြည်သို့ တိုက်ရိုက် ငွေလွဲပို့လိုသူများအတွက်) နိုင်ငံခြား ငွေလွဲသူအဖြစ်မှတ်ပုံတင်ပေးခြင်း၊
- စမတ်ဖုန်းဖြင့် ငွေလွဲလိုသူများအတွက် ၊ စမတ်ဘင့်ကင်း ပြုလုပ်ပေးခြင်း ၊
- အင်တာနက်အသုံးပြုပြီး ငွေလွဲလိုသူများအတွက် ၊ အင်တာနက်ဘင့်ကင်း ပြုလုပ်ပေးခြင်း၊
- မိမိဘဏ်စာရင်းမှ ငွေဝင်ငွေထွက်များကို အချိန်နှင့်တပြေးညီ သိရှိလိုသူများအတွက် ၊ မက်ဆေ့ဂ်ျ ဆားဗစ် ပြုလုပ်ပေးခြင်း နှင့် ၊
- အခြား ဘဏ်ဝန်ဆောင်မှုကိစ္စများ ဆွေးနွေးပေးခြင်း ။
ဆောင်ရွက်ပေးမည့် အချိန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- အချိန် ။ နေ့လယ် ၁၁း၃၀ နာရီမှ ညနေ ၅း၃၀ နာရီထိ ။
-
မြန်မာစီတီ မှ မြန်မာဝန်ထမ်းများက ဖောင်ဖြည့်ခြင်းစသည်များနှင့် လိုအပ်သည်များကို မေတ္တာဖြင့် ကူညီ ဆောင်ရွက်ပေးသွားပါမည် ။
လေးစားမှုဖြင့်-
မြန်မာစီတီ
၀၇၀-၄၂၀၄-၂၄၅၇
၀၁၀-၅၅၄၉-၂၄၅၇
인천광역시 부평구 경원대로 1361-2 (부평동 341-131)
မှတ်ချက် ။ အထက်ပါ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စိတ်ပါဝင်စား သိရှိလိုသည်များ အထက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။
Thursday, August 14, 2014
မြန်မာလုပ်သားများအတွက် ၊ တနင်္ဂနွေနေ့များတွင် ဘဏ်စာအုပ် နှင့် ဝန်ဆောင်မှုများ ပြုလုပ် ဆောင်ရွက်ပေးမည်
သြဂုတ် ၁၄ ၊ အင်ချောန်း
တနင်္လာ~သောကြာ အလုပ်ဖွင့်ရက်များအတွင်း ဘဏ်သို့ သွားရောက်ရန် အခက်အခဲရှိသူများအတွက် ၊ ဘဏ်ဝန်ဆောင်မှုများ လွယ်ကူ အဆင်ပြေစွာ လက်ခံဆောင်ရွက်နိုင်ကြစေရန် အလို့ငှာ ၊ အူးရီဘဏ်မှ ဝန်ထမ်းများက ယခုလာမည့် တနင်္ဂနွေနေ့မှ အစပြု ၍ မြန်မာစီတီတွင် အခြေစိုက်ရုံး ဖွင့်လှစ် ပြီး ၊ အောက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
- ဘဏ်စာအုပ်ပြုလုပ်ပေးခြင်း ၊
- ဘဏ်ကတ်များပြုလုပ်ပေးခြင်း ၊
- (မိမိအမည်ဖြင့် မြန်မာပြည်သို့ တိုက်ရိုက် ငွေလွဲပို့လိုသူများအတွက်) နိုင်ငံခြား ငွေလွဲသူအဖြစ်မှတ်ပုံတင်ပေးခြင်း၊
- စမတ်ဖုန်းဖြင့် ငွေလွဲလိုသူများအတွက် ၊ စမတ်ဘင့်ကင်း ပြုလုပ်ပေးခြင်း ၊
- အင်တာနက်အသုံးပြုပြီး ငွေလွဲလိုသူများအတွက် ၊ အင်တာနက်ဘင့်ကင်း ပြုလုပ်ပေးခြင်း၊
- မိမိဘဏ်စာရင်းမှ ငွေဝင်ငွေထွက်များကို အချိန်နှင့်တပြေးညီ သိရှိလိုသူများအတွက် ၊ မက်ဆေ့ဂ်ျ ဆားဗစ် ပြုလုပ်ပေးခြင်း နှင့် ၊
- အခြား ဘဏ်ဝန်ဆောင်မှုကိစ္စများ ဆွေးနွေးပေးခြင်း ။
ဆောင်ရွက်ပေးမည့် ရက်နှင့် အချိန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ရက်များ ။ သြဂုတ် ၁၇ မှ အစပြု၍ အောက်တိုဘာ ၁၂ ထိ တနင်္ဂနွေနေ့တိုင်း ။ နိုဝင်္ဘာမှ အစပြု၍ လစဉ် ဒုတိယပတ် တနင်္ဂနွေ ။
- အချိန် ။ နေ့လယ် ၁၁း၃၀ နာရီမှ ညနေ ၅း၃၀ နာရီထိ ။
-
မြန်မာစီတီ မှ မြန်မာဝန်ထမ်းများက ဖောင်ဖြည့်ခြင်းစသည်များနှင့် လိုအပ်သည်များကို မေတ္တာဖြင့် ကူညီ ဆောင်ရွက်ပေးသွားပါမည် ။
လေးစားမှုဖြင့်-
မြန်မာစီတီ
၀၇၀-၄၂၀၄-၂၄၅၇
၀၁၀-၅၅၄၉-၂၄၅၇
인천광역시 부평구 경원대로 1361-2 (부평동 341-131)
မှတ်ချက် ။ အထက်ပါ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စိတ်ပါဝင်စား သိရှိလိုသည်များ အထက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။
Saturday, April 5, 2014
တယ်လီတော်ကီ နှစ်သစ်ကြို ၊ အီးနိုင်းကိုလူသစ်များအတွက် ဖုန်းလိုင်းအခမဲ့ ဖွင့်ပေးမည်
မြန်မာသင်္ကြန် နှင့် နှစ်သစ်အခါသမယကို ကြိုဆိုသောအားဖြင့်လည်းကောင်း ၊ ကိုရီးယားနိုင်ငံသို့ စီးပွါးရှာရန် ရောက်ရှိလာကြသည့် အီးနိုင်း (လူသစ်) ညီငယ်များအား တစ်ဖက်တစ်လမ်းမှ ကူညီသောအားဖြင့်လည်းကောင်း ၊ တယ်လီတော်ကီ အနေဖြင့် ယနေ့မှ စ၍ ဧပြီလ လကုန်အထိ ၊ ကတ်ဖုန်း(Prepaid Phone) များကို အခမဲ့ လိုင်းဖွင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
- ရှင်ကတ်(USIM) = အခမဲ့ ။
- Charged = ဝမ် ၁ သောင်းဖိုးပါရှိပါမည် ။
- ဝန်ဆောင်ခ= မယူပါ ။
မိမိတို့ ကြိုက်နှစ်သက်ရာ (KT, SK, LG) လိုင်း တစ်ခုခု ရယူနိုင်ပါသည် ။
ဆိုင်သို့ကိုယ်တိုင်မလာနိုင်သူများ နှင့် ရပ်ဝေးနေသူများဖြစ်လျင် လိပ်စာအတိအကျ(ဆက်သွယ်ရန် ဖုန်းနံပါတ်တစ်ခုခုပါရှိစေ) ပြောပြရပါမည် ။ စာတိုက်မှ ပေးပို့မည်ဖြစ်သဖြင့် စာပို့ခ ၄၅၀၀ ကို ကျခံရပါမည်။
အားလုံးအဆင်ပြေကြပါစေ ။
မေတ္တာဖြင့်-
တယ်လီတော်ကီ
Mobile: ၀၁၀-၂၃၃၁-၂၄၅၇
Phone: ၀၇၀-၇၇၆၁-၂၄၅၇
Fax: ၀၃၂-၄၂၅-၂၄၅၇
(၂၀၁၄၀၄၀၂၀၉၀၀)
Friday, February 21, 2014
7 Ladies Show ရုံဝင်လက်မှတ်များ ရောင်းချပေးနေပြီ
ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ အပမ်းပြေစေရေးအစီအစဉ်အဖြစ် ၊ ဆုံဆည်းရာမှ စီစဉ်တင်ဆက်သော-ဆဲဗင်းလေဒီရှိုး(7 Ladies Show) ရုံဝင်လက်မှတ်များ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှစ၍ ဆုံဆည်းရာ (ဘူဖျောင်း) နှင့် ရွှေမြို့သူ(ဂင်မ်ဟဲ)တို့တွင် တစ်စောင်လျင် ဝမ် ၅၀၀၀၀ (ငါးသောင်း) နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း -

ပွဲနေ့
၂၀၁၄ ခုနှစ် မတ်လ ၁၆ (တနင်္ဂနွေ)
အချိန်
နေ့လည် ၂ နာရီမှ ၆ နာရီထိ
နေရာ
ဘူဖြောင်းအတ်စ်ဆင်တာ(Bupyeong Art Center/부평아트센터)
လမ်းညွှန်-
ဘက်ကွန်(Baegun Station/백운역)ဘူတာ ထွက်ပေါက်(၂)မှ ဘယ်ဖက် မီတာ ၃၀
- ပွဲနေ့ ၊ ခမ်းမတွင် ရုံဝင်လက်မှတ် ရောင်းချမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
-ထိုင်ခုံနေရာများမှာ ဦးရာလူ ကြိုက်ရာနေရာရွေးစနစ်ဖြစ်ပါသည်။
Friday, January 31, 2014
တယ်လီတော်ကီ ကံထူးရှင် (2014) အမည်စာရင်းကြေညာ
၂၀၁၄ ဇန် ၃၁
တယ်လီတော်ကီ ကံစမ်းမဲဖောက်ပွဲ(၂၀၁၄) အစီအစဉ်ကို ယနေ့ ည ၉ နာရီအချိန် တယ်လီတော်ကီ အရောင်းဆိုင်တွင် မဲနှိုက်ရွေးချယ်ခဲ့ပါသည် ။
- ကတ်ဖုန်း(Prepaid Phone) ကံထူးရှင် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ဆုအတွက် ၊ ကိုနေမျိုးဦး (၀၁၀-၈၆၈၇-၁၃၄၄)က မဲနှိုက်ရွေးချယ်ပေးရာ ပေါက်မဲအမှတ်စဉ် ၃၇ ၊ ပြုံးကိုကို (၀၁၀-၃၀၄၅-၂၀၆၈) ကလည်းကောင်း ၊
- လိုင်းဖုန်း(Postpaid Phone) ကံထူးရှင် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) ဆုအတွက် ကိုကျော်ဇင်လတ်(၀၁၀-၃၀၈၇-၅၅၇၈)က မဲနှိုက်ရွေးချယ်ပေးရာ ၊ ပေါက်မဲအမှတ်စဉ် ၁၂၃ ၊ ရန်နိုင်ထက် (၀၁၀-၉၁၆၂-၇၆၆၁)က လည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားကြပါကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည် ။
ကံစမ်းမဲဖောက်ပွဲသို့ ကြွရောက်အားပေးကြသည့် ညီအစ်ကိုမောင်နှမများနှင့် ၊ ကံစမ်းမဲနှိုက်ပေးကြသည့် ကိုနေမျိုးဦးနှင့် ကိုကျော်ဇင်လတ်တို့အားလည်းကောင်း ၊ တယ်လီတော်ကီကို အစဉ်အမြဲအားပေးလျက်ရှိကြသည့် မိတ်သစ်မိတ်ဟောင်းအပေါင်းတို့အားလည်းကောင်း ကျေးဇူးအထူးတင်ရှိပါသည်။
တယ်လီတော်ကီအား ဆက်လက်အားပေးချီးမြောက်ကြသည့် မိတ်ဆွေတို့၏ စေတနာကို တုန့်ပြန်သောအားဖြင့် ၊ နောင်နှစ်များတွင်လည်း ကံထူးရှင်များရွေးချယ်၍ သင့်တင့်ရာ ဆုငွေတို့ကို ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။
မေတ္တာဖြင့် -
တယ်လီတော်ကီ
၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီ၃၁ ရက်
Monday, January 20, 2014
တယ်လီတော်ကီ အရောင်းဆိုင်တွင် (အိတ်ဆောင် အင်တာနက် ဖမ်းစက်) WiBro Egg များ အလွတ်ရောင်းချပေးနေပါပြီ
- လိုင်းကြေး (MEMBERSHIP FEE) မရှိ
- လစဉ်ကြေး- ဝမ်၂၄,၀၀၀
- လစဉ် ဒေတာ (GIGA) - ကန့်သတ်မဲ့(UNLIMITED)
- ကြိုတင်ငွေပေးစနစ်ဖြင့် ကတ်ဖြည့်ပြီး အသုံးပြုရသည့်စနစ်ဖြစ်သည်
- စာချုပ်ချုပ်ဖို့ မလိုပါ ၊ (ဘဏ်စာအုပ်မိတ္တူမလို ၊နိုင်ငံခြားသားကတ်မလို)
- အသုံးမပြုလိုလျင် ၊ လိုင်းဖြတ်ဖို့မလို (ကြိုတင်ငွေမဖြည့်ဘဲ ထားလျင်လိုင်းပြတ်သည်)
- မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူအသုံးပြုနိုင်ပါသည်
- အခြားသူတစ်ဦးဦးသို့ လွတ်လပ်စွာ လွဲပြောင်းပေးနိုင်ပါသည်
- အလုံးရေ ကန့်သတ်ထားသည်
- အလိုရှိသူများ ဖေဖေါ်ဝါရီလ ပထမပတ် မတိုင်မှီ မှာကြားတော်မူကြပါ
လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန် ၂၁
Monday, January 13, 2014
ဓမ္မဒူတ လူငယ်များ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီး ထွက်မည်
ဇန္နဝါရီ ၁၃ ၊ အင်ချောန်း
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား) အနေဖြင့် ၂၀၁၄-ခုနှစ် ၊ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီးအဖြစ် ဇန္နဝါရီလ ၂၆ ရက်(တနင်္ဂနွေ) နှင့် ၃၁ ရက်နေ့ (ဆောလားပိတ်ရက်)တို့တွင် ဂန်ဝေါန်ဒို (Ganweon Do) ရှိ vivaldipark (ဤနေရာနှိပ်ပါ) သို့ အပမ်းဖြေခရီး ထွက်ခွါရန် စီစဉ်ထားပါသည် ။
အဆိုပါ ရေခဲတောင် အပမ်းဖြေ ခရီးစဉ်သို့ လိုက်ပါလိုသူများ ကားခ အသွားအပြန်စရိတ် တစ်ဦးလျင် ဝမ် ၂ သောင်း ၅ထောင်(ဝမ်နှစ်သောင်းငါးထောင်) နှုန်းဖြင့် လိုက်ပါနိုင်ပါသည်။
ဝမ်နှစ်သောင်းငါးထောင်မှာ အသွားအပြန်ကားခ သက်သက်သာ ဖြစ်ပြီး ၊ အခြားစရိတ်များမှာ ညီအစ်ကို ခရီးသည်များ၏ လွတ်လပ်သည့်ဆန္ဒအရ ရွေးချယ်အသုံးပြုနိုင်ပါသည် ။
ဝင်ကြေးမရှိပါ။
လိုက်ပါလိုသူများ အောက်ဖော်ပြနေရာများတွင် ကြိုတင်စာရင်းသွင်းမှာယူနိုင်ပါသည်-
- 032-521-7571: Sagawar
- 032-518-1792: Myanmar Thagyi
- 032-521-2290: Mother’s House
- 032-507-3236: Son See Yar
- 070-7761-2457: Teletalki
- 010-4303-0399: Ywet Hla Ein
အသက်သာဆုံးသော ဝန်ဆောင်မှုများဖြင့် ၊ မြန်မာတို့၏ အကျိုးကိုဆောင်ပါအံ့ ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)လူငယ်များ
http://www.vivaldipark.com/
Saturday, January 11, 2014
တယ်လီတော်ကီကံစမ်းမဲအစီအစဉ် စည်းကမ်းချက် ဖြည့်စွက်ခြင်း
တယ်လီတော်ကီ မိတ်ဆွေအပေါင်းတို့ခင်ဗျာ
တယ်လီတော်ကီ၏ လာမည့် ကိုရီးယားနှစ်ကူးကံစမ်းမဲအစီအစဉ်တွင် ၊ အမည်ငှားဖြင့်ကိုင်ဆောင်နေသူများ အကျုံးဝင်မည်မဟုတ်ကြောင်း ကြေညာထားခဲ့ပါသည် ။ သို့ရာတွင် အချို့သောမိတ်ဆွေများမှာ ၄င်းတို့ မိတ်ဆွေများအား လူမှုရေးအရ ခေတ္တငှားရမ်းပေးထားရကြောင်းနှင့် အဆိုပါပုဂ္ဂိုလ်များ အကျုံးမဝင်ဝင်ဘူးဆိုလျင် ၊ မူလဖုန်းပိုင်ရှင်ကို ပေးသင့်ကြောင်း အဆိုပြုလာသူများရှိပါသည် ။
အဆိုပါ အကြံပြုချက်အား လေးစားတန်ဘိုးထားသောအားဖြင့် လည်းကောင်း ၊ ဤ ကံစမ်းမဲအစီအစဉ်မှာ မြန်မာမိတ်ဆွေများအတွက် စီစဉ်ထားခြင်း ဖြစ်သဖြင့်လည်းကောင်း ကံစမ်းမဲအစီအစဉ်တွင် အောက်ပါစည်းကမ်းချက်များထပ်မံ ဖြည့်စွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည် -
- ကံစမ်းမဲပေါက်သည့် ဖုန်းနံပါတ်အား ချက်ချင်းခေါ်ဆိုမည်ဖြစ်ရာ အမည်ငှားကိုင်ဆောင်နေသူဖြစ်ပါက မူလဖုန်းပိုင်ရှင်၏ အမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်အား ဖြေကြားပေးနိုင်လျင် ကံစမ်းမဲ ချီးမြှင့်ပါမည် ။(ကိုင်ဆောင်သူနှင့်အမည်ရှင်တို့ ညှိနှိုင်းယူကြရန်ဖြစ်ပါသည်)
- မြန်မာနိုင်ငံသားများမှ အပ ကိုရီးယားများ အပါအဝင် အခြားသောနိုင်ငံသားများအား ထည့်သွင်းစဉ်းစားမည်မဟုတ်သဖြင့် အဆိုပါ ပုဂ္ဂိုလ်များကံစမ်းမဲပေါက်ခဲ့သော် ပယ်ဖျက်ပြီး ပေါက်မဲဂဏန်း အသစ်ထပ်မံ နှိုက်ယူပါမည် ။
-
လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန္နဝါရီလ ၁၁ ရက်
Monday, December 30, 2013
တယ်လီတော်ကီ ကံစမ်းမဲအစီအစဉ် ကြေညာခြင်း
တယ်လီတော်ကီအနေဖြင့် မိမိတို့ အရောင်းဆိုင်တွင် ဖုန်းလိုင်း (ကတ်ဖုန်း ၊ လိုင်းဖုန်း) ဖွင့်လှစ်ထားသည့်မိတ်ဆွေများအနက် ကံထူးသူရွှေးချယ်ပြီး ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဆုကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ကြေညာခဲ့ပါသည် ။
(ရည်ညွှန်းစာ)
အဆိုပါ ကံစမ်းမဲအစီအစဉ်ကိုအောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဖြည့်စွက် ပြင်ဆင်ကြေညာအပ်ပါသည်-
ကံစမ်းမဲဖွင့်မည့် ရက်စွဲနှင့်အချိန်
၂၀၁၄ ခုနှစ် ဇန္နဝါရီလ ၃၁ ရက် နံနက် ၁၀ နာရီ
ကံစမ်းမဲဖွင့်မည့်နေရာ
တယ်လီတော်ကီ (အများပြည်သူများရှေ့တွင် ပျော်ရွှင်ဖွယ်အစီအစဉ်များဖြင့် ရွေးချယ်ဖွင့်ပါမည်)
မေတ္တာဆု ရွေးချယ်မည့် သူများ
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
ချီးမြှင့်မည့် မေတ္တာဆုငွေ
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။
အကျုံးဝင် သက်ဆိုင်သူများ
- တယ်လီတော်ကီ စတင်ဖွင့်လှစ်ချိန်လှစ်ခဲ့ချိန်မှအစပြု၍ ၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီထိ လိုင်း(ကတ်ဖုန်း၊လိုင်းဖုန်း)ဖွင့်ထားသူများအားလုံးအကျုံးဝင်ပါမည်။
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၄ခုနှစ် ဇန္နဝါရီ ၃၀ ရက်နေ့ (ညနေ၆ နာရီ) တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
-၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့(ညနေ၆နာရီ)မတိုင်မှီ လိုင်းဖြတ် ၊ လိုင်းပြောင်းထွက်သွားသူများ အကျုံးဝင်မည်မဟုတ်ပါ။
- ဖုန်းအမည်ပေါက် သုံးစွဲနေသူကိုသာ ချီးမြှင့်ပါမည် ။ (အမည်ငှားဖြင့် သုံးစွဲနေသူများ ကံစမ်းမဲပေါက်လျင် အဆိုပါ ပေါက်မဲကို ဖျက်သိမ်းပြီး အခြားသူတစ်ဦးကို ထပ်မံရွေးချယ်ပါမည်။)
- တယ်လီကောမ်မှ မှတ်တမ်းတင်ထားသော ဒေတာဘေ့စ်ကိုအခြေပြု၍ ၊ ဒေတာဘေ့စ်ပါ အမှတ်စဉ်များကို မဲနှိုက်ရွေးချယ်ပါမည်။
မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -
တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ ဒီဇင်္ဘာလ ၃၀ ရက်
အင်ချောန်းမြို့
Sunday, December 15, 2013
တယ်လီတော်ကီ နှစ်သစ်ကြိုဆို ဖုန်းလိုင်းများဆောင်ရွက်ခမယူ အခမဲ့ဖွင့်လှစ်ပေးမည်
ဒီဇင်္ဘာ၁၅ ၊ အင်ချောန်း

တယ်လီတော်ကီသည် ၂၀၁၄ ခုနှစ် ကိုရီးယားနှစ်သစ်ကိုကြိုဆိုသောအားဖြင့်လည်းကောင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖုန်းဆက်သွယ်မှုကို လွယ်ကူသက်သာစွာ ခံယူဆောင်ရွက်နိုင်ကြစေရန်လည်းကောင်း ၊ ယနေ့မှစ၍ (ကိုရီးယားနှစ်သစ်ကူးကာလပြီးဆုံးချိန်အထိ) ဖုန်းလိုင်း (ကတ်ဖုန်း ရော ၊ လိုင်းဖုန်းပါ) ဖွင့်ခြင်း နှင့် ဖုန်းလိုင်းပြောင်းခြင်းတို့ကို ဆောင်ရွက်ခမယူဘဲ (Without extra-charges) အောက်ပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါသည် -
- ကိုးရီးယားနိုင်ငံရှိ (KT, SK, LG) ဆက်သွယ်ရေးလိုင်းကြီး ၃ ခုအနက် မိတ်ဆွေတို့ကြိုက်နှစ်သက်ရာလိုင်းတွင် ဖွင့်လှစ် အသုံးပြုနိုင်ပါသည်။
- မိတ်ဆွေကြိုက်နှစ်သက်ရာ(Handset)များကို ယူလာနိုင်ပါသည် ။(မြန်မာနိုင်ငံအပါအဝင် အသက်သာဆုံးနေရာမှ ဝယ်ယူလာပါ။)
- နှစ်ရှည်စာချုပ်ဖြင့် ချည်နှောင်ပြီး ၊ ဘာကြေးညာကြေး လစဉ်အပိုကြေးများဖြတ်ယူမည်မဟုတ်ပါ။ (အနည်းဆုံး၃လ သုံးပြီးလျင် လိုင်းဖြတ်ခြင်းလိုင်းပြောင်းခြင်း စသည်တို့ကိုအခမဲ့ဆောင်ရွက်ပေးပါမည်။)
- ကေတီ ၊ အက်စ်ကေ ၊ အယ်လ်ဂျီ တစ်လိုင်းမှ အခြားတစ်လိုင်းသို့ လိုင်းပြောင်းခြင်း ကိုလည်း အခမဲ့ဆောင်ရွက်ပေးပါသည် ။
- လက်ရှိသုံးစွဲနေသည့် နံပါတ်အတိုင်း ကတ်ဖုန်းမှ လိုင်းဖုန်း ၊ လိုင်းဖုန်းမှကတ်ဖုန်းပြောင်းခြင်း ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
M:010-2331-2457
T:070-7761-2457
F:032-425-2457
Friday, November 29, 2013
မင်္ဂလာပါမီနီစတိုးနှင့်အထွေဝန်ဆောင်မှုဆိုင်ဖွင့်ပွဲ
ရေးသားသူ — အောင်ကျော်သူ
ရွှေမြန်မာများအားလုံးမင်္ဂလာပါ
မင်္ဂလာပါမီနီစတိုးနှင့်အထွေဝန်ဆောင်မှုဆိုင်ဖွင့်ပွဲကို ၂၀၁၃ခုနှစ်ဒီဇင်္ဘာလ၁ ရက် (Sweet December) နေ့တွင်ဓမ္မဒူတကျောင်းတော်တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ၊ ကြွရောက်ချီးမြင့်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်မဏ္ဍကပြုအပ်ပါသည်။
အရုဏ်ဆွမ်း နှင့် နေ့ဆွမ်းဆပ်ကပ်လူဒါန်းမှုအစုစုကို ရေစက်ချတရားတော်နာယူရင်းသာဓုအနုမောဒနာခေါ်ယူနိုင်ရန်ပါထပ်လောင်း၍ ဖိတ်မဏ္ဍကပြုအပ်ပါသည်။
ဖုန်း၀၁၀၆၄၈၁၁၄၁၈နှင့် ဖုန်း၀၁၀၂၈၇၂၅၃၃၇သို့ အသေးစိပ်သိလိုသောအချက်အလက်များကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်ခင်ဗျာ
လေးစားစွာဖြင့်ေ၇ွှမြန်မာညီအကိုမောင်နှမများအားလုံးကိုမင်္ဂလာပါမီနီစတိုးနှင့်အထွေထွေဝန်ဆောင်မှုလုပ်ငန်းမှလှိုက်လှဲပြူငှာစွာဖြင့်ဆိုင်ဖွင်ပွဲကိုလည်းထပ်လောင်း၍ဖိတ်မဏ္ဏကပြုအပ်ပါသည်။
Saturday, October 5, 2013
စမတ်ဖုန်းအမျိုးမျိုး ရု-တ်ဖောက်ပြီး ဖောင့်ထည့်သည်
ဆမ်ဆောင်း ဂလက်ဆီ နုတ်-၃ အပါအဝင် ဆမ်ဆောင်းဂလက်ဆီစီးရီးဖုန်းအမျိုးမျိုး ၊ အိုင်ဖုန်း-၅ အပါအဝင် အိုင်ဖုန်း စီးရီးဖုန်းအမျိုးမျိုး ၊ အယ်လ်ဂျီ ဖုန်းအမျိုးမျိုး၊ ကေတီ ဖုန်းအမျိုးမျိုး ၊ စကိုင်း (ပင်တက်) ဖုန်းအမျိုးမျိုးနှင့် အိတ်ခ်ျတီစီ စသည့် စမတ်ဖုန်းအမျိုးမျိုးတို့အား ရု-တ် ဖောက်ခြင်း နှင့် မြန်မာစာဖောင့်ထည့်သွင်းပေးခြင်းတို့ကို အောက်ပါနှုန်းထားများအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်-
- တယ်လီတော်ကီမှ ဝယ်ယူ(ထား)သော ဖုန်းများ- အခမဲ့
- အခြားဆိုင်များမှ ဝယ်ယူ(လာ)သောဖုန်းများ - ဝမ် ၃ သောင်း
လေးစားမှုဖြင့်-
တယ်လီတော်ကီ (၀၁၀-၆၈၆၉-၂၉၈၄)
2013-10-05
အူထရား (ULTRA) ဖုန်းဆိုင်မှကြိုဆိုပါ၏
ကိုရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေများအတွက် အူထရား (ULTRA) ဖုန်းဆိုင်မှကြိုဆိုပါ၏ ။
သိလိုသည်များ ဤနေရာ(Click Here)တွင် လေ့လာနိုင်ပါကြောင်း-
ခင်မင်လေးစားမှုဖြင့်-
အူထရား
Tuesday, September 17, 2013
ကိုကိုရွှေမြန်မာတို့ရဲ့ မေတ္တာ ၊ တယ်လီတော်ကီရဲ့ တုန့်ပြန်စေတနာ
ယနေ့ တောင်ကိုရီးယားနိုင်ငံ၌ ၊ ကိုရီးယားနိုင်ငံသားများပိုင် တယ်လီဖုန်းဆားဗစ် လုပ်ငန်းငယ်များ တဖြုတ်ဖြုတ်ကြွေလွင့်နေသော်ငြား ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပိုင်တယ်လီတော်ကီဖုန်းဆားဗစ်လုပ်ငန်း ငယ်လေးတစ်ခု အမှတ်မထင် အတည်တကျ ရပ်တည်နေနိုင်ခြင်းအတွက် ဝမ်းသာပီတိဖြစ်ရပါသည် ။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများက မြန်မာအချင်းချင်းရိုင်းပင်းကူညီကြရမည်ဟူသော အသိဖြင့် ၊ အချင်းချင်းအလေးအနက်ထားကူညီပံ့ပိုးအားပေးကြသောကြောင့်သာလျင် ၊ တယ်လီတော်ကီက ထိုသို့ ရပ်တည်နေနိုင်ခြင်းဖြစ်သည်ဟု အကြေအလည် နားလည်သဘောပေါက်ပါသည် ။
မြန်မာအချင်းချင်းအလေးအနက်ထား အားပေးကြသည့် မိတ်ဆွေများအားလုံးကို တယ်လီတော်ကီက အစဉ်မြဲ ကျေးဇူးတင်လျက်ရှိပါကြောင်း နှင့် မိတ်ဆွေတို့၏ ကျေးဇူးတရားကိုလည်း အစဉ်အမြဲ နှလုံးသွင်းလျက် ရှိပါကြောင်း အလေးအနက် ဖော်ညွှန်းအပ်ပါသည် ။
တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ဆိုသကဲ့သို့ ၊ ကိုရီးယားနိုင်ငံရောက် ကိုကိုရွှေမြန်မာတို့အား တယ်လီတော်ကီက ကျေးဇူးတုန့်ပြန်လိုပါသည် ။
အစီအစဉ်မှာ ၊ တယ်လီတော်ကီစတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၊ လာမည့် ၂၀၁၃ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ညနေ ၆ နာရီ အချိန်ထိ ၊ တယ်လီတော်ကီထံတွင် အားပေးခဲ့ကြသည့် အားပေးနေကြသည့် အားပေးကြဦးမည့် မိတ်ဆွေများအနက် အောက်ဖော်ပြပါ မိတ်ဆွေများအား ၊ သင့်တင့်လျောက်ပတ်ရာ မေတ္တာဆုငွေများချီးမြှင့်သွားမည်ဖြစ်ပါသည်-
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
ချီးမြှင့်မည့် မေတ္တာဆုငွေမှာ ၊ အောက်ပါအတိုင်းဖြစ်ပါသည် -
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။
မှတ်ချက်-
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၃ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
- အသေးစိတ်အစီအစဉ် ထပ်မံကြေညာပါမည် ။
မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -
တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက်
Saturday, September 14, 2013
တယ်လီတော်ကီ နေရာပြောင်းပါမည်
လာမည့် စက်တင်္ဘာလ ၁၇ ရက် (အင်္ဂါနေ့) မှအစပြုပြီး တယ်လီတော်ကီ ဆိုင်ခန်း(ရုံးခန်း)နေရာအား အောက်ပါနေရာ(လိပ်စာ)သို့ပြောင်းရွှေ့မည်ဖြစ်ကြောင်း မိတ်သစ်မိတ်ဟောင်းအပေါင်းတို့အား လေးစားစွာအသိပေးအပ်ပါသည်-
လိပ်စာသစ်မှာ-
인천 부평구 부평동 341-131 (경원대로1361-2)
341-131 Bupyeong Dong, Bupyeong Gu, Incheon
ဆက်သွယ်ရန်မှာ-
ဖုန်း-070-7761-2457
ဖက်စ်-032-425-2457
မေးလ်-teletalki2011@gmail.com
လမ်းညွှန်(မြေပုံ)မှာ-
*** ဘူဖြောင်း(북인천우체국) စာတိုက်ကြီးရှေ့လမ်းမကြီးမှ ၊ တို့ပိုင်တဲ့မြေ(ကိုမိုးကြီး)ဆိုင်သို့အဝင် လမ်းထိပ်တွင်ဖြစ်ပါသည်။
အစဉ်လေးစားလျက်-
တယ်လီတော်ကီ
၂၀၁၃-၀၉-၁၄
Monday, August 26, 2013
အောန်လိုင်းမှာ မျက်နှာကြည့်ပြီးစကားပြောဖို့ အကောင်းဆုံး Smart Padများ ကွမ်းယာ တစ်ထုပ်တန်ဖိုးဖြင့် လဲလှယ်ဝယ်ယူနိုင်ပါပြီ
သြဂုတ် ၂၇ ၊ အင်ချောန်း
ဖေ့စ်ဘုခ်နေ့စဉ် ကြည့်ရမှ နေသာထိုင်သာရှိမယ့် ညီအစ်ကိုများအတွက် ၊
အောန်လိုင်းမှာ မျက်နှာကြည့်ပြီးစကားပြောရမှ အားရတယ်ဆိုတဲ့ ညီအစ်ကိုများအတွက် ၊
ခေတ်မီသော အီး-၉ ကိုကိုများအားလုံးအတွက် ၊
အကောင်းဆုံး စမတ်ပက် (Samsung Galaxy Tab 8.9 LTE) များ တယ်လီတော်ကီထံတွင် ၊ ကွမ်းယာ တစ်ထုပ်တန်ဖိုးဖြင့် လဲလှယ်ဝယ်ယူနိုင်ပါပြီ ။

စည်းကမ်းချက်များ နှင့် သိရှိထားရန်အချက်များမှာ-
- ဗီဇာ အနည်းဆုံး ၃ လ ရှိရမည် ။
- ၂၄ လ (၂-နှစ်) စာချုပ်ဖြစ်ပါသည် ။
- လစဉ်ကြေးမှာ ၆၅၀၀ (ဝမ်ခြောက်ထောင်ငါးရာ) ဖြစ်သည် ။
- လိုင်းကြေး(Membership Fee)မရှိ ၊ ဆင်ကတ်(USIM Card) ဖိုးမယူပါ ။
- လိုင်းတူ(Same Network)ဖုန်းများဖြင့် လစဉ် မီနစ် ၃၀၀၀ (နာရီပေါင်း၅၀) အခမဲ့ပြောနိုင်သည် ။
- လိုင်းစတင်ဖွင့်သည့်နေ့မှ ၁၈၅ ရက်အတွင်း ၊ လိုင်းပြောင်းခြင်း ၊ လိုင်းဖြတ်ခြင်း ၊နာမည်ပြောင်းခြင်း ၊ ခေတ္တရပ်ခြင်းမပြုရပါ ။ (လျော်ကြေး ဝမ် ၂သိန်း)
- လစဉ်အနည်းဆုံး ၃ကြိမ် အချိန်အားဖြင့် ၅ မိနစ်အထက် ခေါ်ဆိုမှုရှိရပါမည် ။
- ကေတီ (Korea Telecom) အင်တာနက်ဖုန်းလိုင်းဖြစ်သည် ။
- 070 ဖြင့် စသည့် ဖုန်းနံပါတ်တစ်ခုရပါမည် ။
လိုအပ်သော စာရွက်စာတမ်းများမှာ-
- နိုင်ငံခြားသားမှတ်ပုံတင် မိတ္တူ (ရှေ့၊နောက်)
- (နိုင်ငံခြားသားကတ်ဖြင့်ပြုလုပ်ထားသည့်)ဘဏ်စာအုပ်မိတ္တူ
- လိပ်စာ အပြည့်အစုံနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် တစ်ခုခု
ဆက်သွယ်ရန်-
- ၀၁၀-၂၃၃၁-၂၄၅၇
- ၀၇၀-၄၂၀၄-၂၄၅၇
- ဖက်စ်-၀၃၂-၄၂၅-၂၄၅၇
မှတ်ချက်-
- Samsung Galaxy Tab 8.9 LTE နှင့် ပတ်သက်သည့်အချက်အလက်များ (ဤနေရာတွင်CLICK ပြီး) လေ့လာနိုင်ပါသည်။
- အလုံး ၃၀ တည်းသာ ၊ ဦးရာလူရမည် ။
Saturday, August 10, 2013
2G ၊ 3G ၊ 4G မျိုးဆက် ၃ ခုစလုံး CDMA ရော GSMပါ သုံးနိုင်သည့် ရေစိမ်ခံCA-201L Smartphoneများ ရပါပြီ

မိုးထဲ ၊ ရေထဲမှာ အလုပ်လုပ်ကြရတဲ့ ညီအစ်ကိုများအတွက် ၊
အမှုံ အမှိုက်တွေနှင့်အလုပ်လုပ်နေကြရတဲ့ ညီအစ်ကိုများအတွက် ၊
ရေမှုံ ရေမွှား ၊ ရေခိုးရေငွေ့ကြားမှာ အလုပ်လုပ်ကြရတဲ့ ညီအစ်ကိုများအတွက် ၊
အထူးအဆန်း ကြိုက်တဲ့ ညီအစ်ကိုများအတွက် ၊
ဟင်းဆက် မကြာခဏ ပြုတ်ကျတတ်တဲ့မိတ်ဆွေများအတွက် ၊
အပေအတေခံ ၊ အကြမ်းခံပစ္စည်းကိုမှ လိုချင်ကြတဲ့ ညီအစ်ကိုများအတွက် ၊
ကမ္ဘာအနှံ့ခရီးဆန့်ပြီး အလုပ်လုပ်နေကြတဲ့ ညီအစ်ကိုများအတွက်-
မြန်မာပြည်က ညီအစ်ကို မောင်နှမနှင့် မိတ်ဆွေ များကိုလက်ဆောင်ပေးဖို့ စီဒီအမ်အေ ၈၀၀ ရှာနေကြသူများအတွက် -
2G Network
- CDMA 800 / 1900
- GSM 900 / 1800 / 1900
ဒေတာ(အင်တာနက်)တွေ ဘုန်းပေါလအောသုံးချင်တဲ့ မိတ်ဆွေများအတွက်-
3G Network
- CDMA2000 1xEV-DO
- HSDPA 2100
ဒေတာ(အင်တာနက်)ကို အမြန်ဆုံးသုံးချင်တဲ့ ညီအစ်ကိုများအတွက်-
4G Network
- LTE 850 / 1800
ရေစိမ်ခံ(Water Proofed) ဖုန်းဖြစ်သည်
CDMA ရော GSMပါ စနစ်၂မျိုး သုံးလို့ရသည်
2G ၊ 3G ၊ 4G မျိုးဆက် ၃ ခုစလုံးသုံးနိုင်သည်
Spec လေ့လာချင်တဲ့ ညီအစ်များအတွက် ၊ လင့်ခ်-
http://www.gsmarena.com/casio_g'zone_ca_201l-5384.php
ရေစိမ်ခံ စမ်းသပ်မှုကြည့်ချင်တဲ့ ညီအစ်များအတွက် ၊ လင့်ခ်-
http://www.youtube.com/watch?v=_bOhKu-3eQw
ရေစိမ်ခံပြီး
ဈေးနှုန်းချိုသာသည့်
CA-201L Smartphoneများ ၊ တယ်လီတော်ကီထံတွင်ရပါပြီ။
၀၁၀-၂၃၃၁-၂၄၅၇
