သန္တိကရဝိဟာရ
ကိုရီးယား ကောက်သစ်စားပွဲ အားလပ်ရက် အလှူ
ကိုရီးယား ယဉ်ကျေးမှု ကောက်သစ်စားပွဲ အားလပ်ရက်မှာ ကိုရီးယားတွေက
တော့ မိသားစု တွေ့ဆုံကြ စားသောက် ပျော်ရွှင်ကြ၊ လပြည့်ဝန်းကြီးကို
ကြည့်ပြီး ဆုတောင်းကြနဲ့ ရိုးရာယဉ်ကျေးမှုကို ဖြတ်သန်းကြချိန်
ကိုရီးယားရောက် ကိုရွှေမြန်မာတွေကတော့ ဗဟုသုတလည်းရ ရောက်ဖူး
အောင် လျှောက်လည်ကြသူ ရှိသလို သူငယ်ချင်းများ စုပေါင်းကာ ကုသိုလ်ပြု
တရားနာရင်း အမြတ်ထုတ်ကြသူတွေလည်း မနည်းပေ
မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်းတွေ တစ်စုတည်း တွေ့ဆုံမှုကိုလည်း ဖြစ်စေနိုင်
ကုသိုလ်လည်းရ ဝမ်းလည်းဝ၊ သူတပါး၏ ကုသိုလ်ပါရမီကို ဖြည့်ဆည်းပေးဘို့
မြန်မာဘုန်းကြီးကျောင်းသို့ သွားရောက်ကြရင်း အာဟာရသုံးဆောင်နိုင်ရန်
ဖိတ်ကြားပါရစေ
အန်ဆန်းမြို့က သန္တိကရဝိဟာရမှာကတော့
၁။ (၂၇.၉.၂၀၁၅) တနင်္ဂနွေနေ့ မွန်ပြည်နယ် လမိုင်းမြို့မှ ညီအစ်ကိုများ
၂။ (၂၈.၉.၂၀၁၅) တနင်္လာနေ့ "သပွတ်အူအဖွဲ့" သူငယ်ချင်းများ
၃။ (၂၉.၉.၂၀၁၅) အင်္ဂါနေ့ "စိတ္တသာမဂ္ဂီလူငယ်များအဖွဲ့" သူငယ်ချင်းများ
အသီးသီးတို့က အာဟာရဒါနဖြင့် ကျွေးမွေးဧည့်ခံ ကုသိုလ်ယူကြမှာပါ။
တရားနာချင်ကြရင်ဖြင့် မနက် (၁၀) နာရီ အရောက်လာရောက်ကြဘို့
မမေ့ကြနဲ့နော်
တရားနာ ရေစက်ချပြီးမှ ဘုန်းတော်ကြီးများအား ဆွမ်းကပ်၊
ညီအစ်ကိုတို့အားလည်း ဧည့်ခံကျွေးမွေးမှာမို့ ဆက်ဆက်ကြွကြပါရန်
မေတ္တာများဖြင့်
ကျောင်းအကျိုးဆောင်အဖွဲ့
သန္တိကရဝိဟာရ
အန်ဆန်းမြို့
Showing posts with label သန္တိကရဝိဟာရ၏ အလှူဖိတ်ကြားလွှာ. Show all posts
Showing posts with label သန္တိကရဝိဟာရ၏ အလှူဖိတ်ကြားလွှာ. Show all posts
Tuesday, September 22, 2015
အားလပ်ရက် အလှူ ကြွရောက်ပါရန်
Thursday, November 6, 2014
အန်ဆန်းကျောင်း ကထိန်အောင်ပွဲ အလှူတော်ဖိတ်ကြားခြင်း
ကထိန်အောင်ပွဲ အလှူတော်မင်္ဂလာ
အန်ဆန်းမြို့ သန္တိကရဝိဟာရ၏
တတိယအကြိမ်မြှောက် ကထိန်အလှူတော်မင်္ဂလာကို
ကိုရီးယား၌ ဝါကပ်တော်မူကြသော
သံဃာတော်များကို ပင့်ဖိတ်လှူဒါန်း၍
ကထိန်အလှူတော်ကို အန်ဆန်း+ဟွာဆောင်း
(အန်ဆန်းဘုန်းကြီးကျောင်းသားများ)အဖွဲ့မှ
မတည်ကာ စုပေါင်းကုသိုလ်ပြုပွဲ အောက်ပါအစီအစဉ်အတိုင်း
ကျင်းပပြုလုပ်မည်ဖြစ်ပါ၍
ကထိန်အလှူတော်မင်္ဂလာသို့ သူတော်ကောင်းအပေါင်းတို့အား
ကြွရောက်ကြပါရန်
ခင်မင်ရင်းနှီးစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
(ကြိုတင်လှူဒါန်းလိုသူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ၊
ဘဏ်မှတဆင့်ဖြစ်စေ ဖေါ်ပြပါ ပုဂ္ဂိုလ်များထံသို့ဖြစ်စေ လွဲအပ်လှူဒါန်းနိင်ပါကြောင်း ကြိုတင်
အသိပေးအပ်ပါသည်။)
ဘဏ်အကောင့်
- IBK 기업은행 (630-021568-01-017)
SUVANNA
ဆရာတော်
(၀၁၀-၅၁၈၄-၃၅၇၈)
ကိုကျော်မိုး
(၀၁၀-၅၁၀၂-၉၉၂၆)
ကိုမျိုးဇော်ဦး
(မွန်လေး) (၀၁၀-၂၁၈၆-၁၇၂၈)
အစီအစဉ်
နေ့ရက် -
တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်၊ (၉-၁၁-၂၀၁၄) တနင်္ဂနွေနေ့
ရေစက်ချ တရားနာ
- မနက် (၁၀)
ဧည့်ခံမှု
- မြန်မာ့ ဒံပေါက်
နေရာ - သန္တိကရဝိဟာရ၊
အန်ဆန်းမြို့
Tuesday, September 2, 2014
အလှူ တော်မင်္ဂလာ ဖိတ်ကြားလွှာ
ကိုရီးယားရိုးရာယဉ်ကျေးမှု
ကောက်သစ်စားပွဲ (ချူးဆော့ဂ်)ကာလမှာ မိသားစုတွေ တွေ့ဆုံကြ၊ ပျော်ရွှင်ကြသလို အားလပ်ရက်မှာ
မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်းတွေ တွေ့ဆုံရင်း သံသရာအတွက် ရိက္ခာကိုလည်း ပျော်ရွှင်စွာ ရှာဖွေစုဆောင်းကြပါစို့။
ဘုရားအမှူးရှိသော
သံဃာတော်များအား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိဿတ်အပေါင်းကို
စားသောက်ဖွယ်တို့ဖြင့် ဧည့်ခံကာ ဘဝအတွက် သင်ခန်းစာယူဖွယ် သိမှတ်ဖွယ်ရာများကိုလည်း နာကြားမှတ်သားနိုင်စေရန်ကိုလည်း
စီစဉ်ထားရှိပါ၍ ကြွရောက်ကြပါရန် ကျွန်တော်တို့ အလှူရှင်များမှ ခင်မင်ရင်နှီးစွာ ဖိတ်ကြားအပ်ပါသည်။
အလှူတော် မင်္ဂလာအစီအစဉ်
၁။
အလှူရှင် - ရေး-လူငယ်သူငယ်ချင်းများ
နေ့ရက် - (၇၊ ၉၊ ၂၀၁၄) တော်သလင်းလ္ဆန်း (၁၄)ရက် တနင်္ဂနွေနေ့
၂။
အလှူရှင် - ပုညသဟာယလူငယ်များအဖွဲ့ (ပြည့်ဖြိုး
နှင့် ကျော်လင်းတို့ ဦးဆောင်သော)
နေ့ရက်- (၈၊ ၉၊ ၂၀၁၄) တော်သလင်းလပြည့် တနင်္ဂလာနေ့
တရားနာယူချိန်
- မနက် (၁၀း၀၀)
ဧည့်ခံချိန်
- မနက် (၁၁း၀၀) မှ စတင်ပါမည်
စားသောက်ဖွယ်
- မြန်မာရိုးရာ စားစရာ
နေရာ
- သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
Subscribe to:
Posts (Atom)