Showing posts with label မြန်မာစင်တာ. Show all posts
Showing posts with label မြန်မာစင်တာ. Show all posts

Tuesday, March 10, 2015

မြန်မာစင်တာ၏ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ

ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)

 
မြန်မာစင်တာမှ ဖွင့်လှစ်နေသော သင်တန်းတစ်ခုကို မိတ်ဆက်ပေးပါရစေ။
 
ဆရာဦးဝင်းလှိုင် သင်ကြားသော -

" လုပ်ငန်းခွင်သုံး ကိုရီးယားစကားပြော သင်တန်း "
 
ဤသင်တန်းတွင် ---

- လုပ်ငန်းခွင်၌ အဆင်ပြေချောမောစွာ ပြောဆိုနိုင်ရေး။
- လုပ်ငန်းခွင် ပြင်ပတွင် ကိုရီးယား ဘာသာစကားကို အလွယ်တကူ ပြောဆိုနိုင်ရေး
တို့ကို အထူးအလေးထား သင်ကြားပေးပါသည်။]

(သင်တန်းချိန်- နံနက် ၁၁း၀၀နာရီမှ မွန်းလွဲ ၁း၀၀နာရီ အထိ)
 
ဆက်သွယ်စုံစမ်းရန် -
ကိုဇင်မိုးဦး ( သင်တန်းတာဝန်ခံ)
  010-686-96074
 မြန်မာစင်တာ လိပ်စာမှာ - 인천 부평구 부평동 654-3, 3층 (성모병원 အနီး)
 



-3, 3층 (성모병원 အနီး)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာစင်တာ၏ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှု

ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)

မြန်မာစင်တာ၏ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှု
 
တောင်ကိုရီးယားနိုင်ငံ ဘူဖြောင်းမြို့ရှိ မြန်မာစင်တာသည်
မြန်မာနိုင်ငံသား များအတွက် အခမဲ့ ဆေးစစ်ဆေးခြင်း
(ဆေးစစ်ဆေးခြင်း သီးသန့်) အစီအစဉ်များကို လုပ်ဆောင်ပေးနေပါပြီ - - -
 
- ကိုယ်အလေးချိန် နှင့် သွေးပေါင်ချိန် ပေးခြင်း။...
- သွေးစစ်ပေးခြင်းနှင့်ဆီးစစ်ပေးခြင်း။
- ဓာတ်မှန်ရိုက်ပေးခြင်း။
- လည်ချောင်း၊အဆုပ်၊အသည်း၊ကျောက်ကပ်တို့ကို
CD.X-ray ရိုက် စစ်ဆေးပေးခြင်း။
- မျက်စိစစ်ဆေးပေးခြင်း။
- အစာအိမ် အူလမ်းကြောင်းထဲသို့ ကင်မရာထည့် စစ်ဆေးပေးခြင်း။
(အစာအိမ် မှန်ပြောင်းကြည့်ခြင်း)
- ဆရာဝန်ကြီးနဲ့ ကိုယ်တိုင်တွေ့ပြီး ရောဂါအကြောင်း
တိုက်ရိုက် ဆွေးနွေးနိုင်ပါသည်။

(ဘာသာစကား အခက်အခဲ ရှိပါက ဘာသာပြန်ကူညီပေးပါမည်)
 
ဆေးစစ်ဆေးမည့် ရက်ကို သီးခြား ထပ်မံ ကြေငြာပေးပါ့မည်။








ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, October 3, 2014

မြန်မာစင်တာဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖိတ်ကြားလွှာ

ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)


တောင်ကိုရီးယားနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိလူကြီးမင်းများနှင့် ပိုက်ကျော်ခြင်းဝါသနာရှင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျားးး

မြန်မာစင်တာဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို 
အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မှာ ဖြစ်ပါသောကြောင့်
 ကြွရောက်အားပေးချီးမြှင့်ကြပါရန် လေးစားစွာ
 ဖိတ်ကြားအပ်ပါတယ်။

နေ့ရက် ။     ။ ၅.၁၀.၂၀၁၄ (တနင်္ဂနွေနေ့)
အချိန်   ။     ။ နံနက် ၈း၀၀ နာရီ (ဖွင့်ပွဲ)
                   ညနေ ၃း၀၀ နာရီ (ဆုပေးပွဲ)
နေရာ   ။     ။ ဘူဖြောင်းပန်းခြံ (စိန်ပန်းပြာ စားသောက်ဆိုင်အနီး ဘူဖြောင်မြို့)

ဆက်သွယ်ရန် - 
ကိုသူရ-010-4187-5218
ကိုရဲနိုင်ဝင်း- 010-4026-4322 
ကိုအောင်ကျော်ဇောလင်း 010-3271-7708 
ကိုဇေယျာအောင်010-5923-0565
ကိုဇင်မိုးဦး(မိုးပျံ) 010-6869-6074


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, September 18, 2014

မြန်မာပိုက်ကျော်ခြင်းအသင်း ကို အားပေးကြပါစို့။

ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)

(၁၇)ကြိမ်မြောက် (အင်ချွန်း) အာရှ အားကစားပွဲတော်တွင်
Myanmar Vs Vietnam ပိုက်ကျော်ခြင်း ပွဲစဉ်အား
မြန်မာ ညီအစ်ကိုများ အခမဲ့ ကြည့်ရှုအားပေးခွင့်ရရှိမည်။




(၁၇)ကြိမ်မြောက် (အင်ချွန်း)  အာရှ အားကစားပွဲတော်တွင်
Myanmar Vs Vietnam ပိုက်ကျော်ခြင်းပြိုင်ပွဲ (၂၁.၉.၂၀၁၄ တနင်္ဂနွေနေ့)ပွဲစဉ်အား
မြန်မာ ညီအစ်ကိုများ  ကြည့်ရှုအားပေးနိုင်ရန်အတွက် လက်မှတ်များကို (၂၀.၉.၂၀၁၄ စနေနေ့) 
နံနက် ၉း၃၀မှစတင်၍ ဘူဖြောင်းမြို့ မြန်မာစင်တာတွင် (လူဦးရေ ကန့်သတ်ထားပါသဖြင့်)
တစ်ဦးလျှင် လက်မှတ် (၁)စောင် နှုန်းဖြင့် (အခမဲ့) လာရောက်ထုတ်ယူနိုင်ပါပြီ ခင်ဗျာ . . .

မှတ်ချက် ။     ။လက်မှတ်တွင် ပြိုင်ပွဲအချိန်၊ နေရာ အပြည့်အစုံထည့်သွင်းဖော်ပြထားပါတယ်။







ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, September 16, 2014

မြန်မာစင်တာဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ

ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)


မြန်မာစင်တာဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ


တောင်ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား . . . 
လာမည့် ၂၀၁၄ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် မြန်မာစင်တာဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို ကျင်းပပြုလုပ်မှာဖြစ်ပါသောကြောင့် ပိုက်ကျော်ခြင်းဝါသနာရှင်များအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါရန်နှင့် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ထားကြပါရန် အသိပေးနှိုးဆော်လိုက်ပါတယ် . . .

အသင်းတစ်သင်းလျှင်း အားကစားသမား (၃)ယောက်မှ (၅)ယောက်ဖြစ်ပြီး 
၂၀၁၄ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့  
နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းကြပါရန် အသိပေးအပ်ပါတယ် ...

ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမှာဖြစ်ပါသောကြောင့် ဝင်ကြးအနေဖြင့် (၁ သိန်း) သတ်မှတ်ထားပါတယ် . . .

                                                           
                                                               ဆက်သွယ်ရန် ။    ။

ကိုရဲနိုင်ဝင်း                              010-4026-4322
ကိုအောင်ကျော်ဇောလင်း             010-3271-7708
ကိုဇေယျာအောင်                       010-2879-8336
    ကိုဇင်မိုးဦး(မိုးပျံ)                        010-6869-6074





ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, September 12, 2014

အင်ချွန်း - ရွှေ့ပြောင်းသူတို့ အားကစားပွဲတော်

ရေးသားသူ — အမည်  မေတ္တာမောင် (မြန်မာစင်တာ)

အင်ချွန်း - ရွှေ့ပြောင်းသူတို့ အားကစားပွဲတော်တွင် ပူးပေါင်းပါဝင်နိုင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။



နေ့ရက် ။     ။ ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်၊ တနင်္ဂနွေနေ့။
အချိန်   ။     ။ င်္နနက် (၉း၀၀)နာရီမှ ညနေ (၆)နာရီအထိ။
နေရာ   ။     ။ ဒုန်းဂူ - ဂူမင်း အွန်ဒုံးဂျန်း။

အားကစားကွင်းလမ်းညွှန် -
ဘူဖြောင်း စာတိုက်ရှေ့မှ ကားနံပါတ် ၂၄ကို စီးပါ။  의료원 မှာဆင်းပါ။
ကားလမ်းကူးပါ။ အားကစားကွင်းသို့ရောက်ပါမည်။ အချိန်အားဖြင့် ၁နာရီလောက် ကြာပါသည်။
ရထားစီးလျှင်လည်း ကားထပ်စီးရတာမို့ ဘူဖြောင်းကနေပဲ တစ်ခါတည်း ကားစီးသွားဖို့ လမ်းညွှန်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

နေ့လည်စာဖြင့် ဧည့်ခံပါမည်။

မှတ်ချက် ။      ။ မြန်မာနိုင်ငံ ကိုယ်စားပြု ဘော်လုံး (၂)သင်းနှင့် ပိုက်ကျော်ခြင် (၈)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားပါမည်။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, July 28, 2014

မြန်မာစင်တာ၏ နွေရာသီခရီးစဉ် အကြောင်း

ရေးသားသူ — အမည် မြန်မာစင်တာ

မြန်မာစင်တာ၏ နွေရာသီခရီးစဉ်တွင် လိုက်ပါကြမည့် ညီအစ်ကိုမောင်နှမများ သိစေရန် အကြောင်းကြားအပ်ပါတယ်။
မြန်မာစင်တာဧ။် နွေရာသီ ခရီးစဉ်တွင်လိုက်ပါကြမည့် ညီအစ်ကိုမောင်နှမများအတွက် မြန်မာစင်တာမှ ခရီးသွားအာမခံ ပြုလုပ်ပေးမည်ပါသောကြောင့် လိုက်ပါရန် စာရင်းပေးထားသူများ အားလုံးသည် -
၁။ အမည်
၂။ ဖုန်းနံပါတ်
၃။ ID (or) Passport number
၎။ လက်ရှိနေရပ်လိပ်စာ
တို့ကို ခရီးသွားတာဝန်ခံများထံသို့ ဖြစ်စေ၊ နီးစပ်ရာ မြန်မာစင်တာအမှုဆောင်များထံသို့ ဖြစ်စေ မနက်ဖြန် အင်္ဂါနေ့ ည ၁၀ နာရီနောက်ဆုံးထား ပေးပို့ကြပါရန် လေးစားစွာအသိပေး အကြောင်းကြားအပ်ပါတယ် ခင်ဗျာ။
မှတ်ချက် ။ ။ ခရီးစဉ်အတွက် လူဦးရေ (၁၆)ယောက်သာ လိုပါတော့၍ အမြန်စာရင်းပေးနိုင်ကြပါရန် အသိပေးအပ်ပါတယ် ခင်ဗျာ။

ခရီးသွားတာဝန်ခံများ၏ ဖုန်းနံပါတ်များ -
ကိုရဲနိုင်ဝင်း 010-4026-4322
ကိုဇေယျာအောင် 010-5923-0565
ကိုအောင်ကျော်ဇောလင်း 010-3271-7708

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, June 22, 2014

သစ်ကောင်းတစ်ပင် အသက်ဝင်ပြီ

ရေးသားသူ — မြန်မာစင်တာ

" သစ်ကောင်းတစ်ပင် အသက်ဝင်ပြီ "
................................................

ဘဝများမြောင်၊ ဤလူ့ဘောင်ဝယ်
သောကခက်ခဲ၊ ဒီငရဲက
လူတိုင်းအတိ၊ ရှိကြပါ၏။

သောကဒုက္ခ၊ ရှိပေကြလည်း
ဝမ်းစာနောင်ရေး၊ ဒို့မျှော်တွေးကာ
အမေ့နားကပ်၊ ဆိုင်မှာအပ်ရင်း
E P S ဖြေ၊ အောင်ခဲ့ချေပြီ
ရောက်ခဲ့ပါသည်၊ ကိုရီးယားပြည်သို့။

ရောက်လာသော်ငြား
မျက်စိသူငယ်၊ နားသူငယ်ဖြင့်
စကားမတတ်၊ ထမင်းငတ်သည်
လစာမမှန်၊ စိတ်ညစ်ပြန်သည်
ထွက်စာမပေး၊ ဒုက္ခပေးသည်
သောကသွယ်သွယ်၊ သနားစဖွယ်
မောင်ရွှေငယ်တို့။

နေထိုင်မကောင်း၊ ကိုယ်စိတ်ထောင်း၍
ဆေးရုံသွားရန်၊ အကြောင်းဖန်လာ
ဘယ်ကဆေးရုံ၊ ဘယ်သို့ပုံနှယ်
စကားခက်ခဲ၊ ရှိနေဆဲမို့
သောကဝဲလယ်၊ သနားစဖွယ်
မောင်ရွှေငယ်တို့။

ခက်ခဲများစွာ၊ ဒုက္ခရှာလို့
သောကဗျာဗွေ၊ ဆူမဝေနဲ့
သင်တို့အတွက်၊ ကောင်းစားကျက်နဲ့
အေးမြတိတ်ဆိတ်၊ ညောင်ညိုရိပ်က
ဘူဖြောင်းမြို့လယ်၊ ယု(၆)ဒုံရယ်က
မြန်မာစင်တာ၊ ရှိခဲ့ကြာပြီ
သစ်တစ်ပင်ကောင်းမို့၊ ငှက်အပေါင်းတို့ရေ ....

ကျန်းမာရေးတွင်၊ မပူပင်နဲ့
ဗီဇာမရှိ၊ စိတ်မဖိနဲ့
စကားမတတ်၊ အနေမကြပ်နဲ့
မြန်မာတို့အရေး၊ အစဉ်တွေးလို့
ခက်ခဲများစွာ၊ ဖေးမသူညီ
လာစေချင်သည်၊ ကြိုဆိုပါသည်
မြန်မာစင်တာ ဆီသို့ ....

အိုင်တီခေတ်ကြီး၊ ကမ္ဘာကြီးလယ်
နောက်ကျကျန်ရစ်၊ ဒို့မဖြစ်အောင်
ကွန်ပျူတာသင်တန်း၊ အခြေခံတန်းမှ
ဂရပ်ဖစ်ဒီဇိုင်း၊ ဘယ်အပိုင်းမဆို
အသိပိုစေ၊ တတ်ပါစေဟု
ရည်ရွယ်ထားသည်၊ သင်တန်းပေးသည်
လက်တွဲညီညီ၊ လာစေချင်သည်
မြန်မာစင်တာ ဆီသို့ ....

TOPIK ဖြေကာ၊ အနေကြာဖို့
စင်တာကတွေး၊ သင်တန်းပေးကာ
အောင်မြင်စေကြောင်း၊ ဆုမွန်တောင်းလျှက်
ထမ်းရွက်ညီညီ၊ ဖွင့်လှစ်နေပြီ
ရွှေညီကိုတို့ ....

ထို့ကြောင့်တစေ၊ မြန်မာတွေက
မြန်မာစင်တာအကျိုး၊ မြန်မာတို့အကျိုးမို့
ဒို့အမျိုးတစ်သက်၊ လက်ချင်းဆက်လို့
သယ်ပိုးထမ်းရွက်၊ ဖေးကူလျှက်နဲ့
ချီတက်ကြမည်၊ ဖိတ်ခေါ်ပါသည်
အောင်ဆုပန်ချီ၊ မြန်မာစင်တာ ဆီသို့ ....


မေတ္တာမောင်
မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, June 17, 2014

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ မှတ်တမ်းရုပ်သံ။

ရေးသားသူ — အမည် မြန်မာစင်တာ

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ မှတ်တမ်းရုပ်သံ။

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
ပြိုင်ပွဲဝင်အသင်းများမှ ယခုကဲ့သို့ အားသွန်ခွန်စိုက် ယှဉ်ပြိုင်ခဲ့ကြသည်။
(မြန်မာစင်တာ မီဒီယာမှ ရိုက်ကူးပါသည်)


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာ့ရိုးရာ ခြင်းလုံးအားကစားကို သရုပ်ပြ။

ရေးသားသူ — အမည် မြန်မာစင်တာ

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
ရေခြားမြေခြား တိုင်းတစ်ပါးမှာ  မြန်မာ့ရိုးရာ ခြင်းလုံး အားကစားကို
ကမ္ဘာသိစေရန် သရုပ်ဖော်ကြသူများ။
ပြိုင်ပွဲဖွင့်ပွဲကို ဤကဲ့သို့ စတင်ခဲ့ကြသည်။
(မြန်မာစင်တာ မီဒီယာမှ ရိုက်ကူးပါသည်)


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, June 16, 2014

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ

ရေးသားသူ — အမည် မြန်မာစင်တာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းဖြင့် ပြိုင်ပွဲဖွင့်ပွဲအား စတင်ဖွင့်လှစ်ခဲ့သော

မြန်မာစင်တာ(၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲ ရုပ်သံ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, June 8, 2014

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ မှတ်တမ်းရုပ်သံ

ရေးသားသူ — အမည် မြန်မာစင်တာ

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ မှတ်တမ်းရုပ်သံ
မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
ပြိုင်ပွဲဝင်အသင်းများမှ ယခုကဲ့သို့ အားသွန်ခွန်စိုက် ယှဉ်ပြိုင်ခဲ့ကြသည်။
(မြန်မာစင်တာ မီဒီယာမှ ရိုက်ကူးပါသည်)


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 11, 2013

မြန်မာစင်တာ ရုပ်ရှင်ပြပွဲက ဖိတ်ကြားအပ်ပါတယ်

2013 이주노동자 미디어교육 상영회 2013 Migrant Workers' Film festival
발언(發言-한자)하다
Express Your Opinion Season 4

နေ့ရက်= ၂၀၁၃ ဒီဇင်ဘာ ၁၅ ရက်နေ့
အချိန်= မွန်းလွဲ ၂ နာရီမှ ၄ နာရီ
နေရာ= Cine Space Ju-an Screen#3 (영화공간 주안 3관)

မြန်မာစင်တာ မီဒီယာသင်တန်း ၂၀၁၃ မှ သင်တန်းဆင်းသူများရဲ့ ဖန်တီးမှုလက်ရာ မှတ်တမ်းရုပ်ရှင်များကို ပြသမယ့် “အတွေးကိုယ်စီ ဖွင့်ဟမယ်” ရုပ်ရှင်ပြပွဲသို့ အထက်ပါ အစီအစဉ်အတိုင်း လာရောက် အားပေးကြည့်ရှုကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

၁) စေတနာရောင်ပြန်
၂) Something
၃) ပတ်ကူ
၎) My Poinion
၅) My Life
၆) Someday
၇) Crazy ကားများ ပါဝင်ပြသပါမယ်။

လမ်းညွှန်= ရထားလိုင်း နံပတ် ၁၊ ဂျူအန်းဘူတာ ထွက်ပေါက် ၈ မှထွက်၍ မီတာ ၂၀၀ ခန့် လမ်းလျှောက်ပါ။

ဤသင်တန်းနှင့် ရုပ်ရှင်ပြပွဲကို 미얀마센터 Myanmar Center, 이주노동자미디어교육기획단(인천인권영화제 이주노동자미디어교육교사네트워크 한국이주인권센터 Migrant Workers' Media Class Planning Team (Incheon Human Rights Film Festival, Migrant Workers' Media Class Teacher Network Korea Migrant Workers' Human Rights Center) တို့ ပူးတွဲ ဆောင်ရွက်သည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 4, 2013

မြန်မာစင်တာ သင်တန်းဆင်းပွဲ ဖိတ်ကြားစာ



ဘူဖျောင်းမြို့ မြန်မာစင်တာတွင် ၂၀၁၃ ဒုတိယနှစ်ဝက်အတွင်း ဖွင့်လှစ်ခဲ့တဲ့ သင်တန်းအသီးသီးမှာ စိတ်ဝင်တစား ကြိုးစားတက်ရောက်ခဲ့ကြတဲ့ သင်တန်းသားများကို ဂုဏ်ပြုတဲ့ သင်တန်းဆင်းပွဲသို့ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

နေ့ရက် = ၂၀၁၃ ဒီဇင်ဘာ ၈ ရက်
အချိန် = မွန်းလွဲ ၂း၀၀ မှ ၄း၀၀ နာရီအထိ
နေရာ = မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)

အစီအစဉ်- နှုတ်ခွန်းဆက်
- သင်တန်းဆိုင်ရာ တင်ပြခြင်း
- သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း
- ဆရာများကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း
- မြန်မာစင်တာအကြောင်း မှတ်တမ်းရုပ်သံ တင်ပြခြင်း

ပြီးဆုံးသည့် သင်တန်းများ

1) #2/8 TOPIK 3-4 Class
2) #3/8 TOPIK 3-4 Class
3) #4/7 TOPIK 1-2 Class
4) #5/7 TOPIK 1-2 Class
5) #3/7 SPOKEN Class
6) #4/7 SPOKEN Class
7) Advance Computer #4
8) Advance Computer #5
9) Media Class 2013
10) Community Organization 2013

လေးစားလျက်
မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, November 23, 2013

ဒီတပတ် ကျန်းမာရေး ဆေးစစ် သာသနာပြုကျောင်းမှာ ရှိပါတယ်

မြန်မာစင်တာနှင့် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တို့ ပူးပေါင်းပြီး ဆေးစစ်ဆေးမှု အစီအစဉ်တစ်ခုကို နိုဝင်ဘာ ၂၄ ရက်နေ့ (မနက်ဖြန်)မှာ ပြုလုပ်ဖို့ရှိပါတယ်။

ကျန်းမာရေး စစ်ဆေးလိုသူ မည်သူမဆို လာရောက်စစ်ဆေးခံကြဖို့ ဖိတ်ကြားနှိုးဆော်အပ်ပါတယ်။

နေ့ရက် - ၂၄.၁၁.၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် - ၁၂း၃၀နာရီ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)၊ ဓမ္မသဘင်ခန်းမ

စစ်ဆေး ကုသပေးမည့် အစီစဉ်များ -
- ကိုရီးယားရိုးရာ တိုင်းရင်းဆေး အပ်စိုက်ကုသခြင်း။
- သွား
- သွေးစစ်ဆေးခြင်း
- ခန္ဓာကိုယ် အတွင်း
- ခန္ဓာကိုယ် ပြင်ပ နှင့် အခြားသော စစ်ဆေးကုသမှုများကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

(မှတ်ချက်= ယခုအစီအစဉ်မှာ သီးခြားအစီအစဉ် တရပ်ဖြစ်ပြီး ယခင်ကြော်ငြာများနှင့် မသက်ဆိုင်ပါ။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, November 22, 2013

ဆေးစစ်မည့်သူများ မြန်မာစင်တာသို့ ဆက်သွယ်ပါ



ယခင်လက ကြော်ငြာခဲ့သည့် ကိုရီးယားနိုင်​ငံ ကျန်းမာ​ရေးဌာန အားကစား​ဆေးစစ်​အထူးဗျူရို၏ ပံ့ပိုးမှု အစီအစဉ်​အဖြစ်​ ခန္ဓာကိုယ်​ အတွင်းအပြင်​နှင့်​ ​ရောဂါမျိုးစုံကို အဆင့်​မြင့်​ စစ်​​ဆေး​ရန် စာရင်းပေးထားသူများ မြန်မာစင်တာ (070-4154-8824) သို့မဟုတ် ကိုကျော်စွာ (010-3056-2239) ထံသို့ ဆက်သွယ်ကြပါရန် လေးစားစွာ နှိုးဆော်အပ်ပါတယ်။

ဆေးစစ်မည့် အစီအစဉ်မှာ နိုဝင်ဘာလ ၂၇ နှင့် ၂၈ နံနက်ပိုင်း ဖြစ်ပြီး၊ မြန်မာစင်တာမှာ လူစု၍ ထွက်ခွာပါမယ်။
တနေ့လျှင် ဦးရေ ၂၀၊ စုစုပေါင်း အယောက် ၄၀ ဖြစ်ပါတယ်။

ယခုမှ စာရင်းပေးလိုသူများ ရှိပါက အမြန်စာရင်းပေးပါရန် တိုက်တွန်းပါတယ်။

မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, November 20, 2013

အင်ချွန်း ရုပ်ရှင်ပွဲမှာ မြန်မာကားများ ပါဝင်ပြသမယ်

၁၈ ကြိမ်မြောက် အင်ချွန်း လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ မြန်မာစင်တာ မီဒီယာသင်တန်းမှ သင်တန်းသား လေးဦးရဲ့ မှတ်တမ်းရုပ်သံ ၄ ကားကို ပါဝင်ပြသရန် ကျင်းပရေးကော်မတီက ရွေးချယ်ထားပါတယ်။

၂၀၁၃ နိုဝင်ဘာ ၂၁ မှ ၂၄ အထိ ပြုလုပ်မယ့် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ တို့အင်ချွန်းသား၊ အလုပ်သမားဘ၀ရဲ့ အလှ၊ လိင်ခွဲခြားမှု ကင်းစင်တဲ့လောက၊ ကျောင်းသားအခွင့်ရေးတွက် မကြောက်နဲ့၊ ငြိမ်းချမ်းရေးရဲ့ အခြားတဖက်၊ ကွာခြားနေသော နိုင်ငံခြားသား စသည့် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍများ ပါဝင်ပြီး၊ ရုပ်ရှင်ကားနှင့် သတင်းမှတ်တမ်း ၃၀ ကျော် ပါဝင်ပြသမှာ ဖြစ်ပါတယ်။

ယင်းအနက် မြန်မာစင်တာ မီဒီယာသင်တန်းမှ

၁) စေတနာရောင်ပြန် (စိုးမင်းသန်း)
၂) ဘယ်တော့များမှ (မင်းတေဇာထွန်း)
၃) ပတ်ကူ (အောင်စစ်နိုင်)
၎) ခရေဇီ (အောင်စိုင်း)
လေးကား ပါဝင်ပြသမှာ ဖြစ်ပါတယ်။

နေ့ရက်။ ၂၀၁၃ နိုဝင်ဘာ ၂၄
အချိန်။ ညနေ ၄ နာရီမှ ၅ နာရီ
နေရာ။ 인천광역시 남구 주안1동 주안프라자 7층
လမ်းညွှန်။ 지하철 1호선, 주안남부역 8번, 출구애서 200m

လာရောက် အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, October 16, 2013

အခမဲ့ အဆင့်​မြင့်​ ​ဆေးစစ်​ အထူးအစီအစဉ်



ကိုရီးယားနိုင်​ငံ ကျန်းမာ​ရေးဌာန အားကစား​ဆေးစစ်​အထူးဗျူရို၏ ပံ့ပိုးမှု အစီအစဉ်​ အဖြစ်​ ခန္ဓာကိုယ်​ အတွင်းအပြင်​နှင့်​ ​ရောဂါမျိုးစုံကို အဆင့်​မြင့်​ စစ်​​ဆေး​ပေးပါမည်​။

လူဦး​ရေ ၄၀ တိတိ၊ အခမဲ့

ယခုလ ​၂၄ မှ ၃၁ အတွင်း ရုံးဖွင့်​ရက် ဖြစ်ပါမည်။ (အတိအကျကို ထပ်​မံ ​ကြေညာ​ပေးပါမည်​။)


ဆေးစစ်လိုသူများ ယခုလ ၂၃ နောက်ဆုံးထားပြီး မြန်မာစင်တာသို့ လာ၍ဖြစ်စေ
ကိုကျော်စွာ (ဖုန်း 010-3056-2239) သို့ ဖြစ်စေ စာရင်းပေသွင်းပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 5, 2013

အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြော ဆွေးနွေးပွဲ



ကိုရီးယားမှာ အလုပ်လာလုပ်နေသူတိုင်း သိထားသင့်တဲ့ `အလုပ်ခွင် လုံခြုံရေးနဲ့ ထိခိုက်မှုများ´
အလုပ်ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာကို ဘယ်လိုဖြေရှင်း ဆောင်ရွက်မလဲ?
ကာကွယ်ရေးနဲ့၊ ခံစားပိုင်ခွင့်တွေ ဘယ်လိုရှိတယ် ဘာတွေလုပ်နိုင်တယ် စတဲ့… စတဲ့…
အကြောင်းအရာတွေကို ဟောပြော ဆွေးနွေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

အလုပ်ခွင်အတွင်း ဖြစ်ပေါ်တတ်သော ထိခိုက်မှုများအတွက် ကြိုတင်ကာကွယ်ခြင်း၊ ရှောင်တခင် ကာကွယ်ခြင်း၊ အရေးပေါ် ဖြေရှင်းခြင်း၊ လုပ်ငန်းကြောင့် ဖြစ်သော ကျန်းမာရေး ချွတ်ယွင်းမှုများ၊ နောက်ဆက်တွဲ ပြဿနာများနဲ့ စောင့်ရှောက်မှုဆိုင်ရာ နည်းစနစ်များ စသည်တို့ကို ဟောပြောဆွေးနွေးမယ့် “အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြောဆွေးနွေးပွဲ”သို့ မည်သူမဆို လာရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါတယ်။

ဆွေးနွေးပွဲ ဖြစ်တာကြောင့် မိမိတို့ သိလိုရာကို လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ လက်တွေ့ ပြဿနာကြုံတွေ့နေရသူတွေ၊ ကိုယ့်ပြဿနာကို ကိုယ်တိုင် လက်တွေ့ကျကျ ဖြေရှင်းလိုသူတွေ လာရောက် မေးမြန်းဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဆွေးနွေးပွဲ လာရောက်သူများကို မြန်မာလို ဘာသာပြန်ထားတဲ့`အလုပ်ခွင် လုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ စာအုပ်´များ အခမဲ့ ပေးဝေပါမယ်။

နေ့ရက် = ၂၀၁၃ အောက်တိုဘာ ၆ (တနင်္ဂနွေနေ့)
အချိန် = မွန်းလွဲ ၁း၀၀ မှ ၃း၀၀ နာရီထိ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့


미얀마센터 နှင့် (사)노동인권회관/외국인이주노동자인권을위한모임 တို့ ပူးပေါင်းစီစဉ်၍ ကျွမ်းကျင်သူများက သရုပ်ပြ ဟောပြော ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>