အင်္ဂလိပ်လိုရေးသားသူ — ဒေါ်အောင်ဆန်းစုကြည်
မြန်မာဘာသာပြန်ဆိုသူ - ဒေါက်တာအောင်ခင်
Wednesday, July 23, 2014
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
Monday, June 16, 2014
ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂင်မ်ဟဲမြို့ရှိ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျင်းပမည်
နေ့ရက် .................. ၂၂-၆-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန် .................. ညနေ(၄း၀၀) နာရီ
နေရာ .................. ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်
경남 김해시 서상동 115_1 번지
( ko zaw min- 010-5946-6694 )
Sunday, March 17, 2013
အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း
မူရင်းကို ဖတ်ရန် ဒီနေရာ နှိပ်ပါ။
နှစ် ၆၀ ဆူးခင်းသောလမ်းခရီး ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။ အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။ ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။ နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့ စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။ Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။ အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို နည်းယူ အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။ ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar) ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။ ရာဂျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခြိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။ အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။
သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၃-၂၀၁၃
Monday, February 11, 2013
ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံသားများ အမေးအား ဖြေကြားသည့် အသံဖိုင်
ရေးသားသူ — အမည် စိုးမိုးသူ

တောင်ကိုရီးယားနိုင်ငံသို့၅ရက်တာ ရောက်ရှိလာသော
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ
ကိုရီးယားရောက်မြန်မာနိုင်ငံသားများ၏ မေးခွန်းများအား ဖြေဆိုသည့်
အသံဖိုင်ဖြစ်သည်။
နေရာ သမ္မတဟောင်း ကင်မ်ဒဲဂျွန်စာကြည့်တိုက် မြေအောက်ထပ် ခန်းမ
အချိန် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁ရက် နံနက် ၉နာရီ ၃၀မိနစ်
# တွေ့ဆုံပွဲ မှတ်တမ်းပုံများ
Monday, February 4, 2013
ဒေါ်စုက ကိုရီးယားပြည်သူများအား Myanmarမဟုတ် Burmaလို့ ခေါ်ရန်တောင်းဆို
ရေးသားသူ — စိုးမိုးသူ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားသို့ ရောက်ရှိစဉ်အတွင်း ဂယောင် ဟရန်း သတင်းစာအင်တာဗျူးတွင် လက်ရှိ ကိုရီးယားတွင် ခေါ်ဆိုနေသော မိမိအမည်အား
အောင်ဆန်းစုချီ မှ အောင်ဆန်းစုကြည်သို့၊ တိုင်းပြည်အမည်အား Myanmarမဟုတ် Burmaသို့
ပြုပြင်ပြောင်းလဲခေါ်ဆိုပေးရန် တောင်းဆိုလိုက်ပါတယ်။
၁လပိုင်း ၃၁ရက်နေ့ နံနက် ဂွမ်ဂျူးမြို့ရှိ ကင်မ်ဒဲဂျွန်ကွန်ဗန်းရှင်းစင်တာတွင် ကျင်းပသော
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုဂုဏ်ပြုချီးမြင့်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာ စစ်အာဏာရှင်က ပြောင်းလဲမှည့်ခေါ်ခဲ့သော တိုင်းပြည်အမည်အား လက်ခံနိုင်စွမ်းမရှိသဖြင့် BURMAဟု ဆက်လက် ခေါ်ဆိုပေးရန် တောင်းဆိုခဲ့ပါတယ်။
မူရင်း http://news.khan.co.kr/kh_news/khan_art_view.html?artid=201301311358501&code=940100
Sunday, February 3, 2013
ဒေါ်အောင်ဆန်းစုကြည်နှင့်ဆိုးလ်မြို့တော်ဝန် တွေ့ဆုံခဲ့ကြ
Saturday, February 2, 2013
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ချွန်းမြို့တော်ဝန်တို့ တွေ့ဆုံ၊
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားနိုင်ငံတွင်း ဒေသအချင်းချင်းရဲ့ ပဋိပက္ခများနှင့်
ပြန်ဆိုပါသည်။
Friday, February 1, 2013
ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ ဖြစ်သည့် ယနေ့တွင် ဆိုးလ်မြို့ ကင်မ်ဒဲဂျုံး စာကြည့်တိုက် ခန်းမ၌ ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံရာ - ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည် - ဟု ပြောဆိုလိုက်ပါသည်။
နံနက် ၉း၄၀ မှ ၁၀း၄၀ အထိ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ဒေါ်စုက ၁၀ မိနစ်ခန့် မိန့်ခွန်းပြောကြားရာ၌ တိုင်းရင်းသားများ အနေနှင့် အတိတ်ကို ထားခဲ့ပြီး အနာဂတ်ကို ရှေ့ရှု လုပ်ဆောင်ကြရန် တိုက်တွန်း ပြောဆို သွားပါသည်။ မိမိ အနေနှင့် ဟောပြောမှု လုပ်ခြင်းထက် ကိုရီးယားရောက် မြန်မာတို့ရဲ့ ခံစားမှုတွေ အမြင်တွေကို ပိုကြားချင်ပါကြောင်း ပြောဆိုပြီး အမေးအဖြေ ကဏ္ဍကို ဦးစားပေးသွားပါသည်။
ကြိုတင်မေးမြန်းထားသော မေးခွန်းများအနက်မှ ၁၃ ခုကို မေးဖြေသွားပြီး၊ ပြည်ပတွင် မွေးဖွားကြီးပြင်းလာသော ကလေးများ မြန်မာပြည် ပြန်သည့်အခါ ပညာ ဆက်လက် သင်ကြားနိုင်ရေးနှင့် သူတို့ ဘ၀ အခြေကျနိုင်ရေး မည်သို့ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိပါသလဲ ဆိုသည့် မေးခွန်းကို၊ ဒေါ်စုက - ဒီအချက်ကို မိမိ အနေနှင့် မစဉ်းစားမိခဲ့ကြောင်း၊ ယခု မေးမြန်းသည့်အတွက် စဉ်းစားမိသွားကြောင်း၊ လွှတ်တော် ပညာရေးကော်မတီသို့ တင်ပြပြီး ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားပါသည်။
ကိုရီးယားရောက် မြန်မာအလုပ်သမားများ အပါအ၀င် ပြည်ပတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများ အတွက် ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ - ဒီကိစ္စကို သိရှိပါကြောင်း၊ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ဖြစ်လာဖို့ လိုကြောင်း၊ မြန်မာသံရုံးများကလည်း နိုင်ငံသားတွေကို ကူညီပေးတဲ့ သူတွေ ဖြစ်လာဖို့ လိုကြောင်း၊ သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း - ဖြေကြားသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေ့လယ်ပိုင်းတွင် ဆိုးလ်တက္ကသိုလ်၌ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူမည် ဖြစ်ပြီး၊ ညနေပိုင်းတွင် မြန်မာပြည်သို့ ပြန်မည် ဖြစ်ပါသည်။
ရက်စွဲ။ ၂၀၁၃ ဖေဖော်ဝါရီလ ၁၊ သောကြာနေ့
ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
ကော်မတီ ဖေ့စ်ဘွတ် - http://www.facebook.com/pages/ဒေါ်အောင်ဆန်းစုကြည်-ကိုရီးယား-ခရီးစဉ်-ပူးပေါင်းဆောင်ရွက်မှု-ကော်မတီ/145538742264967
Thursday, January 31, 2013
ဒေါ်စုနှင့် တွေ့ဆုံပွဲ တိုက်ရိုက်ကြည့်နိုင်မယ်
http://www.ustream.tv/channel/dassk-korea
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို အင်တာနက်မှ တိုက်ရိုက် လွှင့်တင်ပါမယ်။ အောက်ပါ လင့်မှာ ကြည့်နိုင်ပါတယ်။
ကိုရီးယား အချိန် နံနက် ၉း၃၀ မှ ၁၁း၀၀ နာရီအထိ
GMT 00:30
http://www.ustream.tv/channel/dassk-korea
ပြန်ကြားရေး ဆပ်ကော်မတီ
Tuesday, January 29, 2013
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ဒုတိယနေ့
ဇန်န၀ါရီ ၂၉ ခရီးစဉ်
၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားနိုင်ငံခရီးစဉ် ဒုတိယနေ့ လုပ်ဆောင်မှုများ
(က) နံနက်ပိုင်း၌ ကိုရီးယား ဂရင်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌက ကိုရီးယားဝမ် သိန်းနှစ်ထောင် တန်ဖိုးရှိ ဘက်ထရီ မီးထွန်းစက် အလုံး ၁၀၀၀ ကို ဒေါ်အောင်ဆန်းစုကြည်အား တည်းခိုရာ ဂျိုဆောန်ဟိုတယ်တွင် လာရောက် ပေးအပ်သည်။ ဒေါ်စုက ထိုစက်များကို လျှပ်စစ်မီး မရှိသော ဒေသများရှိ ကျောင်းသားနှင့် ဆေးခန်းများသို့ ပေးလှူမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင် လူ ၅ ယောက်မှာ ၄ ယောက်က လျှပ်စစ်မီး မရှိကြောင်း ပြောဆိုလိုက်သည်။
(ခ) ထို့နောက် tvN မီဒီယာမှ ဘဲ့ဂျီယွန်းက ဒေါ်စုနှင့် သီးသန့် အင်တာဗျူး ပြုလုပ်သည်။ ‘Paek Ji-yoon’s People Insight’ အစီအစဉ် အတွက် ပြုလုပ်သည့် အင်တာဗျူးတွင် ကိုရီးယားနှင့် မြန်မာတွင် အမျိုးသမီး ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို အဓိက မေးမြန်း ဖြေဆိုခဲ့သည်။
(ဂ) ထို့နောက် ဆိုးလ်မြို့တော်ဝန် ဘတ်ဝန်ဆုန်းနှင့် တွေ့ဆုံဆွေးနွေးသည်။
(ဃ) နေ့လယ်ပိုင်းတွင် ကိုရီးယား သမ္မတ အီမြောင်ဘတ်နှင့် အိမ်ပြာတော်၌ တွေ့ဆုံသည်။ အီမြောင်ဘတ်က မြန်မာပြည် စီးပွားရေးနှင့် ပညာရေး ဖွံ့ဖြိုးမှုအတွက် ကူညီသွားမည် ဖြစ်ကြောင်း၊ လူငယ်တို့ အနာဂတ်အတွက် အလေးထားမည် ဖြစ်ကြောင်း ပြောဆိုသည်။
(င) ထို့နောက် သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဘတ်ဂုန်နဲနှင့် သူ၏ အိမ်တွင် တွေ့ဆုံဆွေးနွေးသည်။
(စ) ညနေပိုင်းတွင် ကင်ပိုလေဆိပ်မှ တဆင့် ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဂန်ဝန်ဒိုပြည်နယ်၊ ဖျောင်းချန်းဒေသ တွင် ပြုလုပ်သည့် ဖျောင်းချန်း အထူးအိုလံပစ် ဖွင့်ပွဲသို့ တက်ရောက်ကာ၊ အထူးဧည့်သည်တော် အဖြစ် မိန့်ခွန်း ပြောကြားသည်။
၂။ ယနေ့ည ဖျောင်ချန်းတွင် အနားယူပြီး မနက်ဖြန် နံနက်ပိုင်းတွင် “ဖျောင်ချန်း ဖွံ့ဖြိုးရေး ညီလာခံ”၌ အဓိက ဆွေးနွေးသူအဖြစ် တက်ရောက်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသို့ ဆိုက်ရောက်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ယနေ့ညနေ ၆း၃၀ တွင် အင်ချွန်း နိုင်ငံတကာလေဆိပ်သို့ ချောမောစွာ ဆိုက်ရောက်လာပါသည်။
ည ၈း၀၀ နာရီတွင် ဆိုးလ်မြို့ ဂျိုဆောန်ဟိုတယ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံသား တိုင်းရင်းသားများ၊ ကိုရီးယား အခြေစိုက် မြန်မာအဖွဲ့အစည်း အသီးသီးတို့က ရိုးရာဝတ်စုံများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုသူများကို လှိုက်လှဲဝမ်းသာ နှုတ်ခွန်းဆက်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန်မှ စ၍ စီစဉ်ထားသည့် ခရီးစဉ်နှင့် တွေ့ဆုံမှုများကို လုပ်ဆောင်မည် ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ ကျင်းပမည် ဖြစ်သည်။
Monday, January 28, 2013
Saturday, January 26, 2013
လေဆိပ်အစား ဟိုတယ်သို့ သွားကြပါ
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရေး အစီအစဉ်များအနက် အင်ချွန်းနိုင်ငံတကာလေဆိပ်တွင် လေဆိပ်လုံခြုံရေး တိုးမြှင့်ထားသည့် အတွက်ကြောင့် ကြိုဆိုရန် အခက်အခဲ ဖြစ်နေပါသည်။ မိမိအစီအစဉ်ဖြင့် လေဆိပ်သို့ သွားမည့်သူများ လေဆိပ်သို့ မသွားဘဲ ဟိုတယ်သို့ သွားကြပါရန် တိုက်တွန်းအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
၂၀၁၃ ဇန်န၀ါရီ ၂၆
လက်ကမ်းကြော်ငြာ

ယခု တင်ပေးလိုက်တဲ့ ဖိုင်တွေက ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ် အတွက် လက်ကမ်းကြော်ငြာ ဖြစ်ပါတယ်။ ဒေါင်းလုတ်၊ ပရင့်ထုတ်ပြီး သုံးနိုင်ပါပြီ။ မြန်မာဆိုင်တွေမှာလည်း ဖြန့်ဝေထားပါတယ်။
ဒီလင့်မှာ ဒေါင်းပါ...
http://www.4shared.com/office/rF4euU6Z/flyer-program_copy.html
Thursday, January 24, 2013
လုံခြုံရေးနှင့် စည်းကမ်းလိုက်နာရန် အချက်များ
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား
လုံခြုံရေးနှင့် စည်းကမ်းလိုက်နာရန် အချက်များ (သတင်းထုတ်ပြန်ချက် ၅)
၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်း ပြုလုပ်မည့် ကြိုဆိုပွဲ၊ ဆုပေးပွဲ၊ တွေ့ဆုံပွဲ စသည့် အခမ်းအနား အစီအစဉ်များ လုံခြုံ ချောမွေ့ အောင်မြင်စေရန်အတွက် ထောက်ခံအားပေး တက်ရောက်ကြသူတိုင်း အောက်ပါ အချက်များကို အလေးအနက် လိုက်နာကြပါရန် ကော်မတီက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါသည်။
၂။ အင်ချွန်းလေဆိပ်၊ ဂျိုဆောန်ဟိုတယ်ရှေ့၊ ကင်မ်ဒဲဂျုံးစာကြည့်တိုက်၊ ဂွမ်ဂျူး ဒီမိုကေရစီဖောင်ဒေးရှင်း တို့တွင် ကျင်းပမည့် အခမ်းအနားများသို့ တက်ရောက်လာသူများသည်~
- (က) ကွမ်းယာ၊ ဆေးလိပ်၊ စီးကရက်၊ မီးခြစ်၊ အရက်၊ အန္တရာယ် ဖြစ်စေနိုင်လောက်သော ပစ္စည်း အသုံးအဆောင် စသည်တို့ကို ပွဲကျင်းပရာ ပရ၀ုဏ်ဝန်းကျင်သို့ လုံးဝ ယူဆောင်လာခြင်း မပြုရပါ။
- (ခ) ခန်းမတွင်းသို့ ရေနှင့် မည်သည့် အစားအစာကိုမျှ ယူဆောင်ခြင်း မပြုရပါ။
- (ဂ) ပွဲကျင်းပနေစဉ်အတွင်း လက်ကိုင်ဖုန်းများကို စက်ပိတ်ထားရပါမည် သို့မဟုတ် လော့ဂ်ချထားရပါမည်။
- (ဃ) ဓာတ်ပုံ၊ ဗီဒီယို ရိုက်လိုလျှင် မိမိနေရာမှ နေ၍ ထိုင်ရာမထ ဣနြေ္ဒရှိရှိ ရိုက်နိုင်ပါသည်။ မတ်တပ်ထလျက် သို့မဟုတ် ဟိုလျှောက်ဒီလျှောက် ရိုက်ခွင့် မပြုပါ။
- (င) စင်ပေါ်သို့တက်၍ ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်ခြင်း၊ ပန်းစည်းပေးခြင်း၊ လက်ဆောင်ပေးခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်း စသည်တို့ကို လုံးဝ လုပ်ခွင့် မပြုပါ။
၃။ ပွဲသို့ လာရောက်သူတိုင်း ကော်မတီ လုံခြုံရေးတာဝန်ခံများ၏ စစ်ဆေးမှုကို ခံယူရပါမည်။
၎။ လက်ဆောင်ပစ္စည်းပေးသည့် အစီအစဉ်မှာ -
- (က) ဖေဖော်ဝါရီ ၁ ရက်နေ့ တွေ့ဆုံပွဲ တစ်ခုတည်းတွင်သာ ပေးအပ်နိုင်ပါမည်။
- (ခ) ပွဲမကျင်းပမီ စောစောလာရောက် ပေးအပ်ကြပါ။ ပွဲချိန်မတိုင်ခင် တစ်နာရီအလိုတွင် ကောင်တာ ပိတ်ပါမည်။
- (ဂ) လက်ဆောင်ပေးသူက စာရွက်လွတ်ပေါ်တွင် အမည်၊ အိုင်ဒီနံပါတ် သို့မဟုတ် ပတ်စပို့နံပါတ်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ နေရပ်လိပ်စာ၊ လက်ဆောင်ပစ္စည်း အမျိုးအစားနှင့် အရေအတွက် တို့ကို ပြည့်စုံစွာ ရေးသားပြီး တပါတည်းယူလာရပါမည်။ (အုပ်စုလိုက်ဖြစ်လျှင် ခေါင်းဆောင်တစ်ဦး၏ အချက်အလက် အပြည့်အစုံနှင့် ကျန်အဖွဲ့ဝင်များ၏ အမည်များကို တွဲလျက် ဖော်ပြပါ။)
- (ဃ) ပစ္စည်းကို ပါကင်အသေ ပိတ်မလာရပါ။ လုံခြုံရေးအဖွဲ့က ဖွင့်ဖောက် စစ်ဆေးတာကို လက်ခံရပါမည်။ ပစ္စည်းပေးအပ်သည့်အခါ စာရင်းနှင့်တကွ လက်ခံယူပါမည်။
၅။ ယခု ဖော်ပြပါ အချက်များကို လေးစားစွာ လိုက်နာခြင်းဖြင့် ဒေါ်စု၏ ကိုရီးယားခရီးစဉ် အောင်မြင်ရေး လက်တွဲ ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၄၊ ကြာသပတေးနေ့
ဒေါ်စုနှင့် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲ အစီအစဉ်
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား
၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ မှ ဖေဖော်ဝါရီ ၁ ရက်နေ့ အထိ ငါးရက်ကြာ လာရောက်မည့် ခရီးစဉ်တွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၂။ နေ့ရက် = ၂၀၁၃ ဖေဖော်ဝါရီ ၁ (သောကြာနေ့)
အချိန် = နံနက် ၉း၀၀ နာရီ တိတိ
နေရာ = ဆိုးလ်မြို့၊ မာဖိုဂူ၊ သမ္မတဟောင်း ကင်မ်ဒဲဂျုံး စာကြည့်တိုက်နှင့် ပြတိုက် အဆောက်အဦ
၃။ ရထားလိုင်း အမှတ် ၂ (အစိမ်းလိုင်း)၊ ဟုံးဒဲအိဂုဘူတာ၊ ထွက်ပေါက် ၅ သို့မဟုတ် ၆
ရှင်းချွန်းဘူတာ၊ ထွက်ပေါက် ၈ တို့မှ ၁၀ မိနစ်ခန့် လမ်းလျှောက်ပါ။
지하철 2호선 홍대입구역 5, 6번 출국, 신촌역 8번출구에서 10분거리
၎။ အခမ်းအနား ကျင်းပမည့် ခန်းမကို နံနက် ၉း၀၀ နာရီတိတိတွင် ပိတ်မည် ဖြစ်ပါ၍ အချိန်မီ ဆောလျင်စွာ လာရောက်ဖို့ တိုက်တွန်းပါသည်။
၅။ လက်ဆောင်ပစ္စည်း ပေးမည့်သူများ နံနက် ၈း၃၀ အရောက် လာရောက်ကြဖို့ တိုက်တွန်းပါသည်။
၆။ ဒေါ်စုနှင့် တွေ့ဆုံပွဲ အောင်မြင် ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးအတွက် ကိုရီးယားရောက် မြန်မာနိုင်ငံသား အားလုံး တက်တက်ကြွကြွ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကြရန်၊ ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုကို လေးစားကြရန်နှင့် လုံခြုံရေးအရ စည်းကမ်းတင်းကျပ်မှုကို နားလည်စွာ လိုက်နာကြရန် မေတ္တာရပ်ခံ တိုက်တွန်းပါသည်။
ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၃၊ ဗုဒ္ဓဟူးနေ့
ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
http://www.facebook.com/pages/ဒေါ်အောင်ဆန်းစုကြည်-ကိုရီးယား-ခရီးစဉ်-ပူးပေါင်းဆောင်ရွက်မှု-ကော်မတီ/145538742264967
Wednesday, January 23, 2013
ခွင့်တိုင်လိုသူများ အသုံးပြုရန် တိုက်တွန်းချက်
http://www.4shared.com/office/KYWVcYGV/Info-008-230122-DASSK__Korean_.html
ယခု တင်ပေးလိုက်တဲ့ ဖိုင်က ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အကျဉ်းကို မြန်မာ+ကိုရီးယား ၂ ဘာသာနဲ့ ရေးထားတာ ဖြစ်ပါတယ်။
စာထဲမှာ အလုပ်ကနေ ခွင့်ယူဖို့ ဘာသာစကား အခက်အခဲ ရှိနေသူများ အတွက် အလုပ်ရှင်တွေကို ကော်မတီကနေ ပြောဆို တိုက်တွန်းထားတာ ပါပါတယ်။
ဖိုင်ကို ဒေါင်းလုတ် လုပ်ယူပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ...
ဒီမှာ ကလစ်/Download
Tuesday, January 22, 2013
ဟိုတယ်ရှေ့တွင် ကြိုဆိုရေး အစီအစဉ်
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား
ဆိုးလ်မြို့ ဟိုတယ်ရှေ့တွင် ကြိုဆိုရေး အစီအစဉ် (သတင်းထုတ်ပြန်ချက် ၃-၁)
၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ငါးရက်ကြာ ကိုရီးယား ခရီးစဉ်အဖြစ် ၂၀၁၃ ဇန်န၀ါရီ ၂၈ နေ့ ၁၇း၃၀ နာရီတွင် ညအိပ်တည်းခိုမည့် ဆိုးလ်မြို့ ဂျိုဆွန်ဟိုတယ်သို့ ဆိုက်ရောက်လာမည် ဖြစ်ပါသည်။
၂။ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲဝမ်းသာ ကြိုဆိုမည့်သူများ Westin Chosun Hotel ရှေ့သို့ ၁၆း၃၀ ထက် နောက်မကျစေဘဲ မိမိ အစီအစဉ်ဖြင့် လာရောက်ရန် ဖြစ်သည်။ ရိုးရာဝတ်စုံ ၀တ်နိုင်သူများ မိမိ အစီအစဉ်ဖြင့် ၀တ်ဆင်ကြပါရန် တိုက်တွန်းပါသည်။ ကြိုဆိုသူများအတွက် ရင်ထိုး၊ အလံ၊ ပိုစတာများကို ကော်မတီ၏ အစီအစဉ်ဖြင့် ပြည့်စုံအောင် ဝေငှပေးမည်။
၃။ လမ်းညွှန် -
City Hall Station on Line No. 1 (Dark Blue Line) or Line No. 2 (Green Line) Exit Gates # 6, #7
지하철 1호선, 2호선 시청역에서 하차 6, 7번 출구 플라자 호텔 지하도 방향으로 직진
လိုင်းနံပါတ် ၁ (အပြာရင့်လိုင်း) သို့မဟုတ် လိုင်းနံပါတ် ၂ (အစိမ်းလိုင်း) စီးတီးဟောဘူတာ ထွက်ပေါက် ၆ နှင့် ၇ မှ ထွက်ပြီး ဆိုးလ်ပလာဇာ ရှေ့မှ တည့်တည့်ဆက်လျှောက်ပါ။

၆။ ဟိုတယ်ရှေ့ ကြိုဆိုရေးနှင့် ပတ်သက်၍ အခက်အခဲ ရှိပါက -
က) ကိုဝင်းမြင့်ဦး - 011-292-9542
ခ) ကိုဖြိုး - 010-2528-9976 တို့သို့ ဆက်သွယ်ပါ။
ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၁၊ တနင်္လာနေ့
အင်ချွန်းလေဆိပ် ကြိုဆိုရေး အစီအစဉ်
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား
အင်ချွန်းလေဆိပ်တွင် ကြိုဆိုရေး အစီအစဉ် (သတင်းထုတ်ပြန်ချက် ၃)
၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ငါးရက်ကြာ ကိုရီးယား ခရီးစဉ်အဖြစ် ၂၀၁၃ ဇန်န၀ါရီ ၂၈ နေ့ ၁၆း၃၀ နာရီတွင် အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်လာမည် ဖြစ်ပါသည်။
၂။ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲဝမ်းသာ ကြိုဆိုမည့် အစီအစဉ်မှာ -
(က) ဘူဖျောင်းဘူတာမှ ကား တစ်စီး၊ ဘူချွန်း အန်အယ်ဒီရုံးမှ ကားတစ်စီး၊ နေ့လယ် ၂ နာရီတိတိတွင် ထွက်ခွာမည်။
(ခ) လိုက်မည့်သူများ ကားထွက်ချိန်ထက် နောက်မကျစေဘဲ အရောက်လာကြပါ။
(ဂ) မိမိအစီအစဉ်ဖြင့် လာရောက်သူများ အင်ချွန်းလေဆိပ် 1F, Meeting Point (Gate 12) သို့ လာရောက်ပါ။
၃။ ရိုးရာဝတ်စုံ ၀တ်နိုင်သူများ မိမိ အစီအစဉ်ဖြင့် ၀တ်ဆင်ကြပါရန် တိုက်တွန်းပါသည်။
၎။ ကြိုဆိုသူများအတွက် ရင်ထိုး၊ အလံ၊ ပိုစတာများကို ကော်မတီ၏ အစီအစဉ်ဖြင့် ပြည့်စုံအောင် ဝေငှပေးမည်။
၅။ အင်ချွန်းနိုင်ငံတကာလေဆိပ်တွင် ကြိုဆိုရမည်ဖြစ်၍ လုံခြုံရေးအစီအမံ တင်းကျပ်မည် ဖြစ်ပါသောကြောင့် မလိုလားအပ်သည့် ဖြစ်ရပ်များ မပေါ်ပေါက်စေရန် ကော်မတီ၏ အစီအစဉ်အတိုင်း လေးလေးစားစား လိုက်နာ ဆောင်ရွက်ကြပါရန် အထူး မေတ္တာရပ်ခံပါသည်။
၆။ လေဆိပ် ကြိုဆိုရေးနှင့် ပတ်သက်၍ အခက်အခဲ ရှိပါက -
က) ကိုခင်မောင်ရင် - 010-2788-7153
ခ) ကိုဆန်းကိုကို - 010-4860-3581
ဂ) ကိုသက်နိုင် 010-8632-1966 တို့သို့ ဆက်သွယ်ပါ။
ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၁၊ တနင်္လာနေ့








