Showing posts with label နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမား. Show all posts
Showing posts with label နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမား. Show all posts

Friday, April 18, 2014

အားလုံးကောင်းဖို့ လုပ်ကြတာပဲ

ရေးသားသူ — ခန့်နေသူတိုး



အိုင်းစတိုင်းရဲ့ ရီလေးတီဗီတီ သီဝရီ ( နှိုင်းရ နိယာမ ) ကို တစ်ကယ့်ထဲထဲဝင်ဝင် နားလည်တဲ့လူဆိုလို့ ဒီကမ္ဘာ ပေါ်မှာ ၁၂ယောက်သာ ရှိတယ်လို့ .. ဆိုပါတယ် ။ သူ့သီဝရီကို ဘဘအိုင်းစတိုင်းက အလွယ်ဆုံးနည်း အနေနဲ့ ဘယ်လို ရှင်းပြခဲ့သလဲဆိုတော့ .. “ကိုယ့်ချစ်သူနဲ့ ချစ်တင်းနှောနေရတဲ့ အခါ တစ်နာရီကို တစ်မိနစ်လောက်သာ ကြာတယ်လို့ ထင်ရပေမယ့် .. ရှားမီးကျည်ခဲကို ဖင်ခုထိုင်ရတဲ့ အခါမှာတော့တစ်မိနစ်လေးကို တစ်နာရီလောက် ကြာတယ်လို့ ခံစားရမှာ ဖြစ်ပါတယ် ” တဲ့ ။ အဲဒါ အိုင်းစတိုင်းရဲ့ နှိုင်းရနိယာမ .. (တစ်နည်းအားဖြင့် အင်္ဂလိပ်လို ရီလေးတီဗီတီ သီဝရီ) ။ ရှင်းသွားတာပဲ ။ ဒါနဲ့ပဲ ကျနော်လည်း ၁၃ ယောက်မြောက် ထဲထဲဝင်ဝင် နားလည်သူ ဖြစ်သွားပါတော့တယ် ။ နောက်ပိုင်း ကျနော်က ဒီ အကြောင်းကို အနီးပါးနားက ကျနော့် မိတ်ဆွေ သူငယ်ချင်းတွေကို တစ်ဆင့် ပြန်ပြောပြတဲ့အခါ သူတို့တစ်တွေလည်း ဒီသီဝရီကို နားလည်တဲ့ လူစာရင်းထဲမှာ ၁၄ ယောက်မြောက်တို့ ၊ ၁၅ယောက်မြောက်တို့ အစရှိသဖြင့် ထပ်ဖြစ် သွားကြ ပြန်ပါတော့တယ် ။ ကဲ .. ဒီလောက် ခက်ခဲတဲ့ သီဝရီကြီးကိုတောင် ကျနော်တို့တတွေ တစ်ထိုင်ထဲနဲ့ နားလည်နိုင်သေးတာ .. အခု ဘာမဟုတ်တဲ့ ဒီ ပါးမွှား ထွဲဂျစ်ဂူမ်ကျကာမှ ဘာတွေ ဖြစ်နေကြတာတုန်း ။ လောဂျစ် နဲနဲပါးပါးတတ်တယ် .. ဦးနှောက် ရဲ့ မှတ်ညာဏ် ဘဏ်ထဲမှာ စကားလုံးလေးတွေ သူများထက် နဲနဲ ပိုကြွယ်တယ် အရာနဲနဲရောက်တယ် ဆိုတာနဲ့ပဲ လူတွေဟာ ငြင်းကြခုန်ကြဖို့ အားထုတ်တော့တာပဲ ။ ငြင်းတာခုန်တာမကောင်းဘူး မဟုတ် .. ကောင်းပါတယ် ။ ဒါပေမယ့် စည်းလွတ်ဝါးလွတ် မဖြစ်ဖို့တော့ လိုတာပေါ့ ။ကဲ .. ထွဲဂျစ်ဂူမ်ဆိုတာ ဘာလဲ .. လက်ရှိ ပွက်လောရိုက် နေတဲ့ ကိစ္စက အသစ်ပြင်ဆင်ဖြည့်စွက်လိုက်တာလား .. အရင်ကတည်းက သတ်မှတ်ထားချက်လား .. ပြီးတော့ ချူးလ်ဂူမန်ဂီဘိုဟူမ်း ဆိုတာနဲ့ ဘယ်လို ပါတ်သက်စပ်ယှက် နေသလဲ .. အစရှိတာတွေကို နားလည်နိုင်ဖို့ ကျနော်တို့တစ်တွေ စတင် ချဉ်းကပ်ကြည့်ကြရအောင် ။

အဲ .. မစခင် ကျနော် တစ်ခုတော့ ပြောချင်သေးတယ် ။ တစ်ချို့ကိစ္စတွေမှာ ရှိတယ်ဗျ .. အခြေခံ ရပ်တည်ချက် မတူရင် အမြင်တွေလည်း မတူနိုင်ဘူး ။ သူ့ဖက်က ကြည့်တော့ လက်ဖဝါး .. ငါ့ဖက်က ကြည့်တော့ လက်ဖမိုး ဆိုတာမျိုးတွေပေါ့ ။ လွတ်တော်တွေထဲမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ငြင်းကြခုန်ကြ ၊ ဆံပင်မွှေးတွေဆွဲကြ ၊ ခုန်တွေနဲ့ ပြစ်ပေါက်ကြဆိုတာက တိုင်းပြည်အတွက် ဆိုတဲ့ အခြေခံစိတ်ထား တူနေရင် ကြည့်ရတာ ဂုဏ်ယူဖို့တောင် ကောင်းပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ဖို့တာတွေ .. ပျက်စီးအောင် လုပ်တာတွေ .. သိက္ခာကျအောင် လုပ်တာတွေ မဟုတ်တဲ့ အတွက်ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် အခု ဒီနေရာမှာ ထွဲဂျစ်ဂူမ် နဲ့ ချူးလ်ဂူမန်ဂီဘိုဟူမ်း အကြောင်းကို ချဉ်းကပ်ကြတော့မယ် တစ်နည်းအားဖြင့် ငြင်းကြ ခုန်ကြတော့မယ် ဆိုရင် ကျနော်တို့ အားလုံးဟာ အခြေခံအားဖြင့်တော့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ဆိုတာကို လေးစားမြတ်နိုးတဲ့ စိတ်ထားတော့ ရှိဖို့လိုမှာ ဖြစ်ပါတယ် ။

ထွဲဂျစ်ဂူမ် ဆိုတာဘာလဲ .. ကျနော် ခဏခဏပြောခဲ့ပြီးသားပဲ .. အလုပ်ထွက် လုပ်သက် ဆုကြေးပါလို့ ။ ကိုရီးယါးပဲ ဖြစ်စေ .. နိုင်ငံခြားသားအလုပ်သမားပဲ ဖြစ်စေ တစ်နှစ်အထက် အလုပ်လုပ်ခဲ့ပြီး အလုပ်ထွက်တဲ့အခါ ရပိုင်ခွင့်ရှိတဲ့ ဆုကြေးငွေကို ဆိုလိုတာပါ ။ ဘယ်သူက ပေးရမှာလဲ .. အလုပ်ရှင်က ပေးရမှာပါ ။ ဟုတ်ပြီ .. ဒါဆို ချူးလ်ဂူမန်ဂီ ဘိုဟူမ်း ဆိုတာကရော ဘာလဲ .. ။ ဒီနေရာမှာ ချူးလ်ဂူတွေ မန်ဂီတွေကို အသာထားလိုက် ဘိုဟူမ်းဆိုတာကို အရင် ဂရုစိုက်ပြီးကြည့်ရမှာ ဖြစ်တယ် ။ လူတွေဟာ အခြေခံအားဖြင့် ကွန်ဆန်ထရေးရှင်းလို့ ခေါ်တဲ့ စိတ်အာရုံနှစ်မြှပ်မှုမှာ အားနည်းကြတယ် ။ ဒါကြောင့်လည်း ကမ္ဘာမှာ ဆွဲအားရှိတဲ့ အကြောင်းကို လူ့ဖြစ်စဉ် သမိုင်း အတော်ကြီးကြာမှ သိကြရတာနေမှာ ။ ဟိုး ရှေးရှေးကတည်းက ပန်းသီးတွေဟာ မြေကြီးပေါ် ပြုတ်ကျတဲ့ ဖြစ်စဉ် ဖြစ်နေခဲ့တာ နှစ်ပေါင်း သန်းနဲ့ချီ ရှိနေပြီ ။ မြင်တဲ့လူတွေလည်း မရေမတွက်နိုင်အောင်ပဲ .. ကဲ နယူတန်ကျမှပဲ အဲဒါကို မြင်ပြီး ကမ္ဘာမှာ ဆွဲအားရှိတဲ့ အကြောင်း ဘာလို့ သိသွားရသလဲ .. ။ အဖြေက ရှင်းနေတာပဲ .. နယူတန်က လူ့တကာ့ လူတွေထက် ကွန်ဆန်ထရေးရှင်း (စိတ်အာရုံနှစ်မြှပ်မှု) ကောင်းလို့ပေါ့ ။h

အခုလည်း အရှေ့က ချူးလ်ဂူတွေ မန်ဂီတွေကိုပဲ စိတ်ဝင်စားပြီး ဘိုဟူမ်းဆိုတာကို အာရုံမစိုက်နိုင်ဖြစ်နေကြတယ် ။ ဘိုဟူမ်းဆိုတာ အာမခံပဲ ။ ဘာကို အာမခံတာလဲ .. လုပ်ငန်းရှင်က အကယ်၍များ ထွဲဂျစ်ဂူမ်ကို မပေးနိုင်ပါက (မပေးပါက) အာမခံဌါနကနေ ထုတ်ပေးဖို့ အာမခံ ထားရတာပါ ။ အာမခံကို ဘယ်သူက ထားသလဲ .. လုပ်ငန်းရှင်ပဲ လစဉ် အာမခံကြေး ထည့်ဝင်ပြီး ထားရတာပါ ။ အာမခံဆိုတဲ့ စကားလုံးဟာ အကာအကွယ် ဖြစ်စေခြင်း ဆိုတဲ့ စပိန်ဘာသာကနေ နောက်ပိုင်း အင်္ဂလိပ်တွေက ယူမွေးစားလိုက်တဲ့ စကားလုံး ဖြစ်ပါတယ် ။ ဆိုတော့ သူ့ရဲ့အနက်က သူဌေးက ထွဲဂျစ်ဂူမ်မပေးတဲ့ အခါ အလုပ်သမားအတွက် အကာအကွယ်ဖြစ်စေဖို့ အာမခံဌါနက ထုတ်ပေးရမယ် .. (တောင်းယူနိင်တယ် ) ဒီလိုဖြစ်ပါတယ် ။ ဘယ်အချိန်မှာ ထုတ်ပေးရမလဲ .. နိုင်ငံကနေ ထွက်ခွာတဲ့ အဆုံးမှာ ထုတ်ပေးရမှာ ဖြစ်တယ် ။ ဆိုတော့ ဥပဒေကြောင်း အရဆို အလုပ်ထွက်တဲ့အခါ ထွဲဂျစ်ဂူမ်ကို သူဌေးဆီကပဲ တောင်းရမှာပါ ။ အာမခံဌါနက ပိုက်ဆံက သူဌေးက မပေးဘူး ဆိုတော့မှ လျှောက်ထားတောင်းခံ ရယူရမှာပါ ။ ဒါကို နားလှည့်ပါးရိုက်လုပ်ပြီး သူဌေးတွေက အာမခံဌါနကနေတောင်းယူကြဆိုပြီး လုပ်ပါတယ် ။ ဒီလိုနဲ့ပဲ အစဉ်အဆက် လုပ်ရိုးလုပ်စဉ် တစ်ခုလို ဖြစ်လာခဲ့ပါတော့တယ် ။ နှစ်ဖက်စလုံးကလည်း ဘာပြသနာမှထွေထွေထူးထူး မရှိတာမို့ ငြိမ်နေခဲ့ကြပါတယ် ။

ကဲ .. အခုတော့ လုပ်လာပါပြီ .. နိုင်ငံကနေ ထွက်မှ ပေးမယ်တဲ့ ။ အစကတည်းက အာမခံရဲ့ နာမည်ကိုက နိုင်ငံက ထွက်မှ ရမှာလို့ ဆိုလာပါတယ် ။ ဒါ .. သက်သက် ကလိမ်ကကျစ် လုပ်ကွက်ပါ ။ အချို့ကတော့ ဒါကို အသစ်ပြင်ဆင် ဖြည့်စွက်တာမဟုတ် အစကတည်းက သတ်မှတ်ထားချက် စည်းကမ်းကို အရင်က လျှော့ပေါ့ ပေးခဲ့ပြီး အခုမှ စတင်ကျင့်သုံးတာလို့ ပြောကြပါတယ် ။ လူ့အခွင့်အရေး ရှု့ထောင့်က ကြည့်ရင် ဒီလိုပြောတာဟာ ကိုယ်ချင်းစာစိတ် မရှိခြင်းနဲ့ တာဝန်ယူလိုမှု ကင်းမဲ့ခြင်းကို ဖော်ပြရာရောက်ပါတယ် ။ ဥပမာအနေနဲ့ ပြောရရင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရဟန်းတို့ လိုက်နာရမယ့် အကျင့်သိက္ခာ ပုဒ်တွေကို ၂၂၈ ခု တိတိပြဌါန်းထားခဲ့ပါတယ် ။ ရဟန်းတွေလည်း ဒါကို အားလုံး လိုက်နာနိုင်ကြတာတော့ မဟုတ်ပါဘူး ။ အချို့ရဟန်းတွေ အလွတ်တောင် ရကြတာ မဟုတ်ပါဘူး ။ ဒီလိုပဲ ကြိုးစားပြီး ရသလောက် လိုက်နာနေကြတာပါပဲ ။ ဒါကို အစိုးကတစ်ခုက ဒီလို ပြောလာပြီဗျာ .. သိက္ခာပုဒ် ၂၂၈ ခုလုံးနဲ့ မညီရင် မညီတဲ့ ရဟန်းကို လူဝတ်လဲပြစ်မယ်ဆိုပြီးတော့ပေါ့ .. ဒါဆို ဒါဟာ အသစ်ပြဌါန်းတာ မဟုတ်ပေဘူးလား ၊ ကလိမ်ကကျစ်လုပ်တာ .. ရဟန်းတို့အပေါ် ၊ ဗုဒ္ဓသာသနာအပေါ် ဆက်လက် သာသနာ မပြုနိုင်အောင် ၊ ဇာတ်သိမ်းအောင် ၊ သသနာကွယ်အောင် လုပ်တာ မဟုတ်ပေဘူးလား ။

ဒါပေမယ့် ဒီလိုလုပ်တာကြီးကို .. ဒါဟာ အစကတည်းက ဘုရားက လိုက်နာရမယ်လို့ ပြောထားပြီးသားပဲ .. အရင်တုန်းက ကာလတစ်ခုအထိ တစ်လျှောက်လုံး လျှော့ပေါ့ပေးခဲ့ပြီး အခုမှ စတင်ကျင့်သုံးတာပါ .. လို့ ဆိုမှာလား ။ ကိုရီးယားမှာလည်း နိုင်ငံရေးခိုလှုံခွင့် ဗီဇာဆိုတာရှိတယ် ။ ဗီဇာလျှောက်ထားခွင့်ရှိတဲ့ အမျိုးမျိုးသော အကြောင်းတွေ ထဲက ဒီမိုကရေစီလှုပ်ရှားမှုကြောင့် နိုင်ငံပြန်ရင် အန္တရာယ်ရှိနိုင်တာကြောင့် ကိုရီးယားမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားရယူခဲ့တယ် ဆိုပါစို့ ။ နိုင်ငံရေးခိုလှုံခွင့် ဗီဇာ အပိုဒ် ၂၂ (နိုင်ငံရေးခိုလှုံခွင့် ဗီဇာရရှိထားသူအား ဗီဇာပြန်လည်ဖျက်သိမ်းနိုင်ခွင့်) ခေါင်းစဉ်အောက်က နံပါတ် ၅ မှာ ဖတ်ကြည့်မယ်ဆို .. ဗီဇာထုတ်ပေးရန် ဆုံးဖြတ်ခဲ့သည့် အဓိက အကြောင်းအချက်သည် ပျက်ပျယ်သွားပြီးနောက် ကိုရီးယားနိုင်ငံမှ ၄င်းအား ဆက်လက် စောင့်ရှောက်ထားရန် မလိုအပ်တော့သည့် အခြေအနေဖြစ်ပါက ဗီဇာအား ပြန်လည် ဖျက်သိမ်းနိုင်သည်လို့ ဆိုထား ပါတယ် ။ ဒီလိုဆိုတာနဲ့ပဲ မြန်မာပြည် ဒီမိုကရေစီရဖို့ အားထုတ် ကြိုးပမ်းရင်း နိုင်ငံရေးခိုလှုံခွင့် ဗီဇာရထားသူ တွေကို အခု မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ဖြစ်နေပြီ .. ဗီဇာကို ဖျက်သိမ်းမယ် .. ပြန်ကြဆိုပြီး ကြေငြာချက် ထုတ်ရင် .. ဒါ တရားပါ့မလား .. ဥပဒေမှာ အစကတည်းက ပြဌါန်းထားတာပဲ .. အရင်က လျှော့ပေါ့ပေးခဲ့တာ .. အခုမှ စတင်ကျင့်သုံး တာ .. ဒါဟာ အသစ်ပြင်ဆင်တာ မဟုတ်ဘူးလို့ မျက်ကန်း တစ္ဆေ မကြောက် လျှောက်ပြောမှာလား ။ အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ ရပိုင်ခွင့်ရှိတာ ထွဲဂျစ်ဂူမ် (အလုပ်ထွက် လုပ်သက် ဆုကြေး) ပါ ။ ချူးလ်ဂူမန်ဂီအာမခံငွေ မဟုတ်ပါ ။ အလုပ်သမားဥပဒေမှာ ပြဌါန်းထားတာက အလုပ်ထွက်ပြီး ၁၄ ရက်အတွင်း အလုပ်ရှင်က အလုပ်သမားကို ထွဲဂျစ်ဂူမ်အား အပြည့် ပေးချေရမှာ ဖြစ်တယ်လို့ ပြဌါန်းထားပါတယ် ။ ဒါကို သူဌေးက .. အာမခံဌါနကနေ တောင်းယူကြကွာ .. လိုတဲ့ ပမာဏရှိရင် ငါ ထပ်ပေးမယ်တွေ ဘာတွေ ညာတွေ အီစီကလီ ကူလီကူမာ ရူးကြောင်မူးကြောင် လာမလုပ်နဲ့ .. ဥပဒေအရ မင်းကပဲ အပြည့်အဝ ပေးဖို့ တာဝန်ရှိတာမို့ မင်းဘာသာ မင်းတောင်းပြီး ငါ့တို့ကို ပေး .. အေး အလုပ်ထွက်ပြီး ၁၄ ရက်အတွင်း မပေးလို့ကတော့ အခြေခံအလုပ်သမား ဥပဒေကို ဖောက်ဖျက်မှုနဲ့ မင်းကို တရားစွဲမယ် .. ဆိုတဲ့ လမ်းကြောင်းနဲ့ သွားကြရမှာ ဖြစ်ပါတယ် ။

လောလောဆယ်တော့ အသစ်ပြင်ဆင်တဲ့ စနစ်ကို မလုပ်ဖြစ်အောင် ဝိုင်းဝန်း ကြိုးစားပိတ်ဆို့ပြုပြင် .. မရရင်တော့ လုပ်ငန်းရှင်ကို တရားစွဲတဲ့ နည်းလမ်းနဲ့ ခရီးဆက် ချီတက်ကြမယ် .. ။ အားလုံးကောင်းဖို့ လုပ်ကြတာပဲ .. စည်းစည်းလုံးလုံး သွားကြတာပေါ့ဗျာ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 5, 2013

ဘူဆန်နိုင်ငံခြားသားအလုပ်သမား အကူအညီပေးရေး စင်တာ(BFC) ၏ ပထမအကြိမ်မြောက် ကိုရီးယားဘာသာစကား အပြောပြိုင်ပွဲကျင်းပမည်

ဘူဆန်နိုင်ငံခြားသားအလုပ်သမား အကူအညီပေးရေး စင်တာ၏ ပထမအကြိမ်မြောက် ကိုရီးယား ဘာသာစကား အပြောပြိုင်ပွဲကို လာမည့် တနင်္ဂနွေနေ့ (၂၀၁၃ ခုနှစ် ၁၀လပိုင်း ၆ရက်) နေ့လည်
၁ နာရီမှ ၄ နာရီအထိ ဆာဆန်းမြို့ ဆာဆန်းဘူတာအနီးရှိ CATs ကက်စ် (ယဉ်ကျေးမှု့ခန်းမဆောင်) အဆောက်အဦး မြေညီထပ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ စကားပြောပြိုင်ပွဲတွင် နိုင်ငံပေါင်းစုံမှ ရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမား ( ၂ ) ဦး လည်း ပါဝင်မည်ဟုသိရပါသည်။ ရွှေမြန်မာများ လာရောက် အားပေးနိုင်ကြစေရန် အသိပေးနှိုးဆော်လိုက်ရပါသည် ။

ပထမဆု    -   လက်တော့ပ် (ဝမ် ၁၀ သိန်းကျော်တန်)
ဒုတိယဆု   -   အဆင့်မြင့် ထမင်းပေါင်းအိုး (အာကာသတွင်းပါ သုံးနိုင်)
တတိယဆု  -  အဆင့်မြင့် ဖျော်ရည်စက်
                   နှင့် အခြားဆုများစွာ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

လမ်းညွှန် -
ဆာဆန်းမှ ဂင်မ်ဟဲမြို့သို့သွားသော မိုးပျံရထား ဂိတ်စတင်ရာ ဆာဆန်းဘူတာ နှင့် ကပ်လျှက် တည်ဆောက်ထားသော CATs အဆောက်အဦး။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 29, 2013

ကိုရီးယားနိုင်ငံ ဘူဆန်မြို့ တွင် (၁၀) ကြိမ်မြောက် အာရှ ယဉ်ကျေးမှုပွဲတော်အတွက် အစည်းအဝေးကျင်းပ

 
ဘူဆန်မြို့ ဆာဆာန်တွင် (၁၀)ကြိမ်မြောက် အာရှ ယဉ်ကျေးမှုပွဲတော် ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာလ (၂၉) ရက် တနင်္ဂနွေနေ့ ညနေ(၄) နာရီ မှ (၅း၃၀) အထိ  ဘူဆန်နိုင်ငံခြားသား အကူအညီပေးရေးစင်တာ(Busan Foreign Worker Support Centre) တွင်ကျင်းပခဲ့ပါသည်။


အခမ်းအနားသို့ မြန်မာ ၊ နီပေါ ၊ ဖိလစ်ပိုင် ၊ တရုတ် ၊ ဘင်္ဂလာဒေရှ် ၊ အင်ဒိုနီးရှား စသော နိုင်ငံများမှ အဖွဲ့အစည်းကိုယ်စားလှယ်များ စုစုပေါင်း (၁၅)ဦးခန့် တက်ရောက်ကြပါသည်။ ဘူဆန်မြို့ ဒီမိုကရေစီ ပန်းခြံတွင် (၁၀)ကြိမ်မြောက် အာရှယဉ်ကျေးမှုပွဲတော်ကို အောက်တိုဘာလ (၂၇) ရက် တနင်္ဂနွေနေ့  မနက် (၁၀)နာရီ မှ ညနေ (၅)နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။

 ပွဲတော်တွင် အာရှနိုင်ငံများမှ မိမိနိုင်ငံအလိုက် ယဉ်ကျေးမှုပြခန်းများနှင့် ရိုးရာအစားအသောက်များကို ကျွေးမွေးမည်ဖြစ်ပါသည်။ အခမ်းအနားပြင်ပတွင်လည်း ရိုးရာသီချင်းများကိုလည်း သီဆိုကပြကြမည် ဖြစ်ပါသည်။ ညနေ(၃) နာရီ မှ (၅) နာရီအထိ ဒီမိုကရေစီခန်းမကြီးတွင် နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု သီချင်းများ နှင့် ပြဇတ် များကိုလည်း တင်ဆက်ကပြကြမည်ဖြစ်ပါသည်။


 မြန်မာနိုင်ငံပြခန်းတွင် ယဉ်ကျေးမှုဆိုင်ရာ ဓါတ်ပုံများ နှင့် ရိုးရာ ပစ္စည်းများကို ပြသကြမည်ဖြစ်ပါသည်။ မြန်မာရိုးရာ အစားအသောက်အတွက် ကြာဇံချက်နှင့် အုန်းနို့ကျောက်ကျော ကို ဧည့်ခံကျွေးမွေးကြ မည်ဖြစ်ကြောင်း သိရပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 23, 2013

အစိုးရက ဘာလို့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းရသလဲ

ရေးသားသူ — စိုးမိုးသူ 

မနေ့က သတင်းတပုဒ်တက်လာပါတယ်။
ချောင်းဂျူးလူဝင်မှုကြီးကြပ်ရေးဌာနဟာ လွန်ခဲ့တဲ့ မတ်လ၂၁ရက်နေ့က  ချောင်းဂျူးမြို့တွင်းရှိ
 ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၃ဦးကို ဖမ်းဆီး ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဖမ်းဆီးမိခဲ့သူများဟာ တရုတ်လူမျိုးများ ဖြစ်ကြပါတယ်။

ဌာနက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်စေခိုင်းသူ အလုပ်ရှင်ကိုလည်း လူဝင် မှုကြီးကြပ်ရေးဥပဒေအရ အရေးယူဖို့ စီစဉ်နေပါတယ်။ အလုပ်ရှင်ဟာ အထောက်အထားမဲ့ အလုပ်သ မားတွေဆိုရင် လစာနဲနဲပဲပေးလည်း ရတာမို့ အသုံးပြုခဲ့တာပါလို့ ဖြေကြားပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနမှူးက ကိုရီးယားနိုင်ငံသားတွေရဲ့ အလုပ်နေရာတွေ အထောက် အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလက်ထဲ မရောက်အောင် ဆက်လက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
သတင်း မူလ လင့်ခ် http://news.naver.com/main/read.nhn?mode=LSD&mid=sec&sid1=102&oid=001&aid=0006159791

သတင်းကို ဖတ်ရင်း လ၀ကဌာနမှုးပြောတဲ့ စကားအပေါ်အမြင်ကို စာတပုဒ်ရေးဖို့ ကြိုးစားလိုက်ပါတယ်။

ကိုရီးယားအစိုးရဟာ အထက်ပါ သတင်းမှာ ပါတဲ့အတိုင်း အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သ မားတွေကို ဖမ်းဆီးရတဲ့ အကြောင်းရင်းဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကိုရီး ယားနိုင်ငံသားတွေရဲ့ အလုပ်နေရာကို မောင်ပိုင်စီးထားတာကြောင့် ကိုရီးယားနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်နေကြရလို့ လို့ ဆိုပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 18, 2013

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး လှုပ်ရှားမှုအတွက် ရတက်မအေးနိုင် ဖွယ်ဖြစ်ရပ်တစ်ခု

ရေးသားသူ —စိုးမိုးသူ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး လှုပ်ရှားမှုအတွက် ရတက်မအေးနိုင် ဖွယ်ဖြစ်ရပ်တစ်ခု

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်ရပ်တည်နေထိုင်လုပ်ကိုင်နိုင်ရေး အတွက် မြန်မာအစိုးရ၊ ထိုင်းအစိုးရနှင့် နိုင်ငံတကာမှ အလုပ်သမားအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ ၀ိုင်းဝန်းဆောင်ရွက်ပေးနေသည်မှာ ကာလအတိုင်းအတာ တစ်ခုအထိရောက်ရှိနေပြီဖြစ်ပါတယ်။  

ယင်းသို့ဆောင်ရွက်မှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သန်းသုံးသိန်းခန့်ကို သက်သေခံ အထောက် အထားများ ထုတ်ပေးနိုင်ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တွင်ရောက်ရှိနေသော မြန်မာအလုပ်သမားများ အတွက် ရသင့်ရထိုက်သော အခွင့်အရေးများ ခံစား ရရှိနိုင်ဖို့ရာ တရားဝင်ရပ်တည်မှုက အလွန် အရေးပါပါတယ်။ 

ကာလရှည်ကြာစွာရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးဟာ  အတိတ်ကာလတွေ မှာ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ အစိုးရတို့နှင့်တကွ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာပါ အလေးထားခြင်း ခံရမှုတို့ အားနည်း ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ လူ့အသိုင်း အ၀ိုင်းအတွင်း ရွှေ့ပြောင်းအလုပ်သမားရေး ရာ ဆောင် ရွက်ပေးတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ များစွာပေါ်ပေါက်ခဲ့ပါတယ်။ 

မကြာသေးခင်အချိန်အတွင်းက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့အရေးကို တက်ကြွစွာဆောင်ရွက်နေတဲ့ တက်ကြွ လှုပ်ရှားသူတစ်ဦး အပေါ် ထိုင်းအလုပ်ရှင်တွေ ဘက်က တုံ့ပြန်လိုက်မှုကို နိုင်ငံတကာမီဒီယာများနှင့် INGO အသိုင်းအ၀ိုင်းက အံ့သြတစ်ကြီးဖြစ်ခဲ့ရပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>