Showing posts with label ချီးကျူးဂုဏ်ပြုလွှာ. Show all posts
Showing posts with label ချီးကျူးဂုဏ်ပြုလွှာ. Show all posts

Monday, June 9, 2014

ကုသိုလ်အပေါင်း သာဓု ခေါ်စေသော်


ကုသိုလ်အပေါင်း သာဓု ခေါ်စေသော် 
ကျနော်များ ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)၏ ပထမဦးဆုံးအကြီမ် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်)အား ပင့်ဖိတ် ပူဇော်ခဲ့ပါသည်။ ဒုတိယ အကြီမ်မြောက်အဖြစ် ပင့်ဖိတ်ချက်အရ မှော်ဘီ စံကျောင်းတိုက် ရွှေည၀ါ ဆရာတော် ဘဒ္ဒန္တ ပညာသီဟသည် ၂၀၁၄ ခုနှစ် မေ ၂၅ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံမှ ကိုရီးယား ပြည်သူ့ သမတနိုင်ငံတော်သို့ ကြွချီတော်မူခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဇွန် ၉ ရက် တနင်္လာနေ့ ညနေ လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ကြွချီတော်မူသွားခဲ့ပါသည်။
  
ရွှေည၀ါ ဆရာတော်သည် ကိုရီးယားနိုင်ငံအတွင်း ကြွချီတော်မှုစဉ် ကာလအတွင်း 
၁။ တည်းခိုခွင့်နှင့် ဓမ္မသဘင်ကို အသုံးပြုခွင့် ပြုခဲ့သည့် မြန်မာဗုဒ္ဓ သာသနာပြုကျောင်းတော် (ကိုရီးယား) ၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလ (ဝေါဆရာတော်)၊ ဘဒ္ဒန္တ ဥတ္တရတို့နှင့် ကျောင်းအကျိုးတော်ဆောင်များ၊ အဘက်ဘက်က ၀န်းရံ ကုသိုလ်ယူကြသည့် ကျောင်းတော်တွင် ခေတ္တ နားခိုနေကြသည့် ညီအကိုများ၊ 
၂။ တတ်စွမ်းနိုင်သည့်ဘက်က ကူညီ အားပေးခဲ့ကြသည့် ဓမ္မဒူတ (ကိုရီးယား ကျောင်းတော်)က ဘဒ္ဒန္တ က၀ိသာရနှင့် ဘဒ္ဒန္တကိတ္တိသာရနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ 
၃။ ဦးကျော်ဝင်းနိုင် (ခ) ကိုဗိုက်တို့က ဦးဆောင်သည့် ဂယောန်ဂီပြည်နယ် ဂွာန်ဂျူမြို့ သဒ္ဓါထက်သန် အားတက် မာန် ညီအကိုတို့ စီစဉ်သည့် တရားပွဲတော် ဖြစ်မြောက်ရေး အကျိုးတော်ဆောင်များ၊ 
၎။ ဓမ္မယာနကျောင်းတော် (ဘူဆာန်)က ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စနှင့် ဘဒ္ဒန္တ သြဒါတနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ 
၅။ ဓမ္မယာနကျောင်းတော် (ကင်းမ်ဟဲ) ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ မဏ္ဍိလနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ 
၆။ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒဲဂု)က ကျောင်း အကျိုးတော်ဆောင်များ၊ မြန်မာနိုင်ငံက ဖုန်းဆက်ပေးလာသည့် (မနာပဒါယီ) ဘဒ္ဒန္တ ဝိစိတ္တ (ဒိုက်ဦး) အားလည်းကောင်း၊ 
၇။ ဓမ္မယာနကျောင်းတော် (ဂွာန်ဂျူ) ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ၀ဏ္ဏနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ 
၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ 
၉။ သန္တိကရ၀ိဟာရကျောင်းတော် ( အာန်ဆာန် ) ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏနှင့် ကျောင်း အကျိုးတော်ဆောင်များ 
၁၀။ ဆွမ်း အလှူရှင် ဦးဟန်ဆွေဦးနှင့် ညီအကိုများ 
၁၁။ ဆွမ်း အလှူရှင် အမေ့အိမ် မိသားစု၊ 
၁၂။ ဆွမ်း အလှူရှင် သူကြီး မြန်မာ စားသောက်ဆိုင် မိသားစု၊ 
၁၃။ ဆွမ်း အလှူရှင် လေပြေ စားသောက်ဆိုင် မိသားစု
၁၄။ မိဘမေတ္တာ စားသောက်ဆိုင် (ကင်းမ်ဟဲ) မိသားစု 
၁၅။ ရွှေအလင်းတန်း စာကြည့်တိုက် (ကင်းမ်ဟဲ)တို့အား လည်းကောင်း၊ အလှူတော်ငွေ စုစုပေါင်း ၀ါန် သိန်း ၉၀ကျော်နှင့် လက်ဆောင် ပစ္စည်းများ လှူဒါန်းကြသည့် ရဟန်း၊ ရှင်လူ အလှူရှင်များအား လည်းကောင်း အဘက်ဘက်က ကူညီ ကုသိုလ် ယူပေးကြသည့် ကုသိုလ်အရှင်အပေါင်းတို့ကို အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။

 ပြုပြုသမျှ ကုသိုလ်အပေါင်းတို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့ သာဓုခေါ်စေသော်။ 

ကျနော်များ ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား) သို့ ပါဝင် ပူးပေါင်း ကုသိုလ်ယူလိုကြသည့် ပုဂ္ဂိုလ်များ၊ ရှေ့လျှောက် ဆရာတော်ကြီးများအား ပင့်ဖိတ်နိုင်ရန်အတွက် အလှူတော်ငွေများ လှူဒါန်းလိုကြသည့် ပုဂ္ဂိုလ်များသည် အောက်ပါ တာဝန်ရှိသူများထံသို့ ဆက်သွယ်နိုင်ကြပါသည်။ 
ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား) 
ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ 
၁။ ဦးကျော်ဇင် ဥက္ကဌ ( ၀၁၀ ) ၈၈၉၄ - ၄၇၇၀ 
၂။ ဦးရဲဝင်းနိုင် ဒု ဥက္ကဌ ( ၀၁၀ ) ၃၃၆၇ - ၂၂၀၈ 
၃။ ဦးအေးမျိုး အတွင်းရေးမှူး ( ၀၁၀ ) ၂၅၃၅ - ၈၁၇၅ 
၎။ ဦးသိန်းထိုက်ဝင်း တွဲဘက် အတွင်းရေးမှူး ( ၀၁၀ ) ၂၈၉၂ - ၉၂၉၇ 
၅။ ဦးကိုကိုအောင် ဘဏ္ဍာရေး တာဝန်ခံ ( ၀၁၀ ) ၄၈၃၇ - ၉၇၃၄ 
၆။ ဦးသိန်းဇော်နိုင် တွဲဘက် ဘဏ္ဍာရေး တာဝန်ခံ ( ၀၁၀ ) ၅၉၅၃ - ၀၄၄၀ 
၇။ ဦးလှမျိုး (တော်ကူး) စာရင်းစစ် ( ၀၁၀ ) ၂၈၁၈ - ၁၉၈၄ 
၈။ ဦးလှထွန်းအောင် အလုပ်အမှုဆောင် အဖွဲ့ဝင် ( ၁ ) ( ၀၁၀ ) ၂၆၈၃ - ၁၉၇၅ 
၉။ ဦးသိန်းလွင် အလုပ်အမှုဆောင် အဖွဲ့ဝင် ( ၂ ) ( ၀၁၀ ) ၃၄၉၈ - ၇၇၁၁
 ကောဇာ သက္ကရာဇ် ၁၃၇၅ ခုနှစ် တပေါင်း လဆန်း ၉ ရက် တနင်္ဂနွေနေ့၊ ခရစ်သက္ကရာဇ် ၉ ရက် မတ်လ ၂၀၁၄ ခုနှစ်တွင် စတင် တည်ထောင်သည်။

 အောက်ပါ ဘဏ်စာရင်းသို့ လှူဒါန်းနိုင်ကြပါသည်။ 
ဘဏ် စာရင်း စာအုပ် အမှတ် ။ ၂၁၆၀၁၂ ၅၁ ၂၉၅၃၆၇ 
ဘဏ် အမည်။ NH (Nonghyup) 
ဘဏ်စာရင်းဖွင့်သူ အမည် ။ MAUNG ZAW

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 11, 2013

ဦးဝင်းတင်၏ ၈၃ နှစ်မြောက် မွေးနေ့


၂၀၁၃ ခုနှစ် မတ် ၁၂ ရက် အင်္ဂါနေ့တွင် အသက် ၈၃ နှစ် ပြည့်ပြီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာပတိ အဖွဲ့ဝင် အဘ ဦးဝင်းတင်သည် မွေးနေ့မှသည် သက်ရှည် ကျန်းမာ ဘေးရန် ကွာ၊ အရာရာကို အောင်နိုင်မြဲ အောင်နိုင်သူ ဖြစ်ပါစေလို့ အဝေးကနေ ဆုတောင်း မေတ္တာပို့သလိုက်ယင်း အဆိုတော် Yမြစ်ချို ၏ ရာဇ၀င်ထဲက ခွပ်ဒေါင်း တေးစီးရီး ခွေထဲက ကျားရဲ သီချင်းနှင့် ဂုဏ်ပြုလိုက်ပါသည်။
အဆိုတော် Yမြစ်ချိုသည် ကဗျာဆရာ တာရာ မင်းခိုက် (ခ) ရွှေပြည်ငြိမ်းချမ်း ( ပျော်ရွှင်စရာများကို ရေးသားသူ )ဖြစ်သလို ကိုကျော်မိုးလွင် (ခ) ကိုရွှေမိုးသည် ဘူဖြောန်း စာတိုက် ကားမှတ်တိုင် အနီးရှိ တို့ပိုင်တဲ့ မြေ စားသောက်ဆိုင် ဖွင့်လှစ်ထားသူဖြစ်ပါကြောင်း မိတ်ဆက်ပေးလိုက်ပါရစေ ခင်ဗျာ။ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, July 25, 2012

မွန်အသင်း(ကိုရီးယား)က ကျေးဇူးတင်


မွန်အသင်း(ကိုရီးယား)က ကျေးဇူးတင်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသော ဘင်္ဂါလီ အရေးခင်းတွင် ဒုက္ခမျိုးစုံကြုံတွေ့ ခံစားနေကြသော ရခိုင်တိုင်းရင်းသားညီအစ်ကိုများအား စာနာထောက်ထားသောအားဖြင့် မွန်အသင်း (ကိုးရီးယား) က တဖက်တလှမ်းမှ ပါဝင်ကူညီနိုင်ရန်အတွက် ကိုးရီးယားရောက် မွန်အမျိုးသား များအား စုပေါင်းပြီး အလှူငွေ ၁ ၁၂၃ ၀၀၀ ဝမ် ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။
ထိုအလှူငွေကို ဒုက္ခမျိုးစုံ ကြံတွေ့ခံစားနေရသော ရခိုင်အမျိုးသားများထံသို့ (ရခိုင်အသင်း - ကိုးရီးယား) မှတဆင့် ပေးအပ်လှူဒါန်းခဲ့သည်။
ဒုက္ခရောက်နေကြသော ကျနော်တို့ ပြည်ထောင်စုပွား တိုင်းရင်းသား ညီအကိုများ အား အခုလို ကူညီထောက်ပံ့နိုင်အောင် ပါဝင်လှူဒါန်းပေးခဲ့သောကိုးရီးယားရောက် မွန်အမျိုးသား အပေါင်းတို့အား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း......

မွန်အသင်း (ကိုးရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 14, 2012

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရန် ဖိတ်ကြားခြင်း

ရေးသားသူ — အမည် ရခိုင်အသင်း
                                                  ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ကြရသော တိုင်းရင်းသားများအား ကိုရီးယားရှိ လူမှုအဖွဲ့ အစည်းများ၊အလှူရှင်များသည်
မိသားစုစိတ်ဓာတ် အပြည့်ဖြင့် ထောက်ပံ့ကူညီခဲ့ကြသည်ကို ရခိုင်အသင်း(ကိုရီးယား)အနေဖြင့်
များစွာ ၀မ်းမြောက်ဂုဏ်ယူမိပါသည်။၂၀၁၂-၀၇-၁၅ ရက်(တနင်္ဂနွေ)နေ့ တွင် မြန်မာ ဗုဒ္ဓသာသနာပြုကျောင်း
(ဘူဖျောင်း)၌ ရခိုင်အရေးအတွက် ကူညီခဲ့ကြသော လူမှုအဖွဲ့ အစည်းများ၊အလှူရှင်များအား
ရခိုင်အသင်း (ကိုရီးယား)မှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မည် ဖြစ်ပါသဖြင့် မပျက်မကွက်
တက်ရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။  ။ကြွရောက်လာမည့် ပုဂ္ဂိုလ်များအား ရခိုင် ထမင်းဟင်းလျာ များဖြင့် ဧည့်ခံပါမည်။
                             

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, September 26, 2011

ချီးကျူး ဂုဏ်ပြုအပ်ပါသည်

ယမန်နေ့ (စက်တင်ဘာ၂၅)က ဂျမ်ရှီးလ် အိုလံပစ် အားကစားကွင်း၌ ၊ အပြည်ပြည်ဆိုင်ရာဓမ္မကထိကများအသင်းက ကြီးမှူးကျင်းပသော နိုင်ငံခြားသားပေါင်းစုံ အားကစားပြိုင်ပွဲ ၊ ဘောလုံးကစားနည်းတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော မြန်မာကိုယ်စားပြု ဘောလုံးအသင်း (မြန်မာအသင်းလက်ရွေးစင်) အား ဓမ္မဒူတယဉ်ကျေးမှုအသင်း (ကိုရီးယား)က လေးစားစွာ ချီးကျူး ဂုဏ်ပြုအပ်ပါကြောင်း ။

ဓမ္မဒူတ ယဉ်ကျေးမှုအသင်း(ကိုရီးယား)
၂၀၁၁ခုနှစ် စက်တင်ဘာလ ၂၆ ရက်
အင်ချောန်းမြို့တော်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 1, 2011

လှိုက်လှဲစွာ ချီးကျူး ဂုဏ်ပြုအပ်ပါသည်

လှိုက်လှဲစွာ ချီးကျူး ဂုဏ်ပြုအပ်ပါသည်
၁၁ ကြိမ်မြောက် မြန်မာအသင်း(ကိုရီးယား) ဥက္ကဋ္ဌဖလားဘောလုံးပွဲတွင် ပထမဆု ဆွတ်ခူးရရှိသွားသည့် ဂေါ်ဂျယ်ဒယ်ဝူးမြန်မာဘောလုံးအသင်းကြီးအား ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုအပ်ပါသည် ။
နောင်နှစ်များတွင်လည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်ပြီး အောင်ပွဲများဆက်လက် ရရှိနိုင်ပါစေကြောင်းလည်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည် ။

ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>