Showing posts with label အားကစား၊ ယဉ်ကျေးမှု. Show all posts
Showing posts with label အားကစား၊ ယဉ်ကျေးမှု. Show all posts

Thursday, May 29, 2014

ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲအတွက် အစည်းအဝေးခေါ်ယူခြင်း

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

ကိုရီးယားနိုင်ငံရောက် မြန်မာဘောလုံး ဝါသနာရှင်များခင်ဗျာ…
လာမယ့် ဇွန်လ ၈ ရက်  (တနင်္ဂနွေနေ့) တွင် မြန်မာအသင်း(ကိုရီးယား)မှ ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲကို ရှင်းမ်ဝေါင်န် အလယ်တန်းကျောင်းဝင်း အတွင်းတွင် ကျင်းပမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လာမယ့် ဇွန်လ ၁ ရက် (တနင်္ဂနွေနေ့)
၁ နာရီတိတိတွင် ဘူချွန်းမြို့ ရှိ မြန်မာအသင်းရုံးခန်းမတွင် ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲအတွက် အစည်းအဝေးပြုလုပ်မည်ဖြစ်ပါသောကြောင့် ပူးပေါင်းပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းမှ ကိုယ်စားလှယ်(သို့)တာဝန်ခံများ အနေဖြင့် လာရောက်စည်းဝေးပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ ယင်းနေ့တွင် မဲနိုက်ကာ အုပ်စုများ ခွဲမည်ဖြစ်ပါသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ဘောလုံးအသင်းများအနေဖြင့် မပျက်မကွက် လာရောက်စေလိုပါသည်။        
အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များထံ မေးမြန်နိုင်ပါသည်။

ဦးခင်မောင်ရင်
010-2788-7153

ဦးသန့်ဇင်အောင်
010-9054-4727

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, May 12, 2014

ပထမအကြိမ် " မြန်မာစင်တာ ပိုက်ကျော်ခြင်းပြိုင်ပွဲ " ကျင်းပမည်။




ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသား ညီအကို၊မောင်နှမများခင်ဗျာ...
လာမည့် ၂၀၁၄ခုနှစ် ဇွန်လ ၈ ရက် (တနင်္ဂနွေနေ့)တွင် မြန်မာ့ရိုးရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာစင်တာမှပထမအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူ ပိုက်ကျော်ခြင်းဝါသနာရှင်များ အနေဖြင့် ကြိုတင်စာရင်းပေးကြပါရန် နှိုးဆော်လိုက်ပါတယ်…

အသင်းတစ်သင်းလျှင် (၃)ယောက် (သို့) (၅)ယောက်ဖြစ်ပြီး ၂၀၁၄ မေလ ၃၀ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းကြပါရန် အသိပေးလိုက်ပါတယ်…

ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမှာ ဖြစ်ပါသောကြောင့် ဝင်ကြေးအနေဖြင့် ဝမ် ၅ သောင်း သတ်မှတ်ထားပါသည်။

ဆက်သွယ်ရန်။ ။ 

ရဲနိုင်ဝင်း                      010-4026-4322
ဇေယျာအောင်               010-5923-0565
အောင်ကျော်ဇောလင်း     010-3271-7708
ဇင်မိုးဦး(မိုးပျံ)                010-6869-6074

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>