Showing posts with label ကိုရီးယားသတင်း. Show all posts
Showing posts with label ကိုရီးယားသတင်း. Show all posts

Wednesday, March 25, 2015

၁၅ ကြိမ်မြောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး


 မြန်မာအသင်း(ကိုရီးယား)

၁၅ ကြိမ်မြောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး

၂၀၁၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ (အကြိုနေ့)တွင် ကိုရီးယားနိုင်ငံ ဘူချွန်းမြို့ မြို့မအားကစားကွင်း 부천종합운동장 မှာ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြန်မာအသင်း(ကိုရီးယား)မှ ကြီးမှူးကာ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး အဖွဲ့အစည်းများမှ စုပေါင်းကျင်းပပါမယ်။
စတုဒိသာ မဏ္ဍပ်များ
ပွဲတော်မှာ ပါဝင်ပြီး စတုဒီသာများ ကျွေးမွေးနိုင်ရန်အတွက် မဏ္ဍပ်များ ရယူနိုင်မည့် အဖွဲ့အစည်းများ အနေနဲ့ ကြိုတင် စာရင်းပေးသွင်းရန် မြန်မာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ရင်ထံသို့ မတ်လ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
စည်းကမ်းရှိရှိ ပျော်ပျော်ပါးပါး
ဒီနှစ် သင်္ကြန်မှာ ကိုရီးယားနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ဥပဒေများအရ လူအများပါဝင်တဲ့ ပွဲတော်တွေတိုင်းမှာ အရက်သေစာ သောက်စားမူးယစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းအောင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်းများကို ကိုရီးယား အစိုးရအနေနဲ့ လုံးဝ လုံးဝ ခွင့်မပြုပါ။ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ အဲဒါကြောင့် ဒီနှစ် သင်္ကြန်မှာ စည်းကမ်းတကျ ပျော်ရွှင်ကြပါရန် လေးစားစွာနဲ့ အသိပေးပါတယ်။
လူမှုအကျိုးဆောင်
အဲဒါအပြင် သင်္ကြန်ပွဲတော်ကို ပျော်ပျော်ပါးပါးနဲ့ စည်းကမ်းတကျ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးမယ့် လုပ်အားပေး လူမှုအကျိုးဆောင် Volunteer များ လိုအပ်ပါတယ်။ Volunteer အဖြစ် ကူညီပေးကြမယ့် သူများကို ဖိတ်ခေါ်ပါတယ်။ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါတယ်။ ကူညီပေးမယ့်သူများ အနေနဲ့ မြန်မာအသင်း ဥက္ကဋ္ဌဆီမှာ ဆက်သွယ် စာရင်း ပေးသွင်းနိုင်ပါတယ်။
ညှိနှိုင်းစည်းဝေး
၂၀၁၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ နေ့လယ် ၁ နာရီတိတိတွင် ပါဝင်ဆင်နွဲမည့် မဏ္ဍပ်ယူမည့်သူများ၊ ဖျော်ဖြေရေး အဖွဲ့များ၊ လုပ်အားပေးကြမည့် သူများနှင့် အခြား သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အားလုံးနဲ့ ညှိနှိုင်း စည်းဝေးမှာကြမှာမို့ အစည်းအဝေးကျင်းပမယ့် မြန်မာအသင်းရုံးခန်းသို့ မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ခေါ်ပါတယ်။ အထူးသဖြင့် မဏ္ဍပ်တာဝန်ခံများအနေနဲ့ မပျက်မကွက် တက်ရောက်ပေးပါရန် တကယ်လို့ မတက်ရောက်ပါက မဏ္ဍပ်စာရင်းမှ ပယ်ဖျက်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။

သိလိုတဲ့ အချက်များကို မေးမြန်းရန် အောက်ပါ ပုဂ္ဂိုလ်များနဲ့ ဆက်သွယ်နိုင်ပါတယ်။

ဦးခင်မောင်ရင် (ဖုန်း) 010- 2788-7153
ဦးသန့်ဇင်အောင် (ဖုန်း) 010- 9054-4727
ဦးဝင်းနိုင်ဦး (ဖုန်း)  010- 8648-4533

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, November 18, 2014

မြန်မာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄ ကျင်းပမည်



ကိုရီးယားနိုင်​ငံတွင်​ အခြေစိုက် ​လှုပ်​ရှား​ဆောင်​ရွက်​​နေကြသည့်​ လူမှု​ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အနုပညာ၊ ပညာရေး၊ မီဒီယာ၊ အားကစားစသည့် မြန်မာအဖွဲ့အစည်းများ အားလုံး မျက်​နှာစုံညီ ​တွေ့ဆုံ​ဆွေး​နွေးပွဲကို နိုဝင်​ဘာ ၃၀ ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​ပါမည်​။

မြန်​မာအဖွဲ့အစည်းများ ရင်းနှီးမှု၊ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာစေရန်၊ မြန်မာအသိုင်းအ၀န်းအတွက် လိုအပ်နေသော အကြောင်းအရာများကို ၀ိုင်းဝန်းဆွေးနွေး၍ အသိအမြင် ဖလှယ်နိုင်ရန်၊ အရေးကြီးသော အခြေအနေမျိုးတွင် အဖွဲ့အစည်းများ စုပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဆွေးနွေးရှာဖွေရန်စသည့်​ ရည်​ရွယ်​ချက်​များဖြင့်​ "မြန်​မာအဖွဲ့အစည်းများ ​တွေ့ဆုံ​ဆွေး​နွေးပွဲ ၂၀၁၄"ကို ပြုလုပ်​ခြင်း ဖြစ်​ပါသည်​။

နေ့ရက်- ၂၀၁၄ နိုဝင်ဘာလ ၃၀
အချိန်- နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ နာရီ
နေရာ- မြန်မာအသင်းခန်းမ၊ ဘူချွန်းရွှေ့ပြောင်းအလုပ်သမားရိပ်​သာ


လမ်းညွှန် = 부천외국인노동자의집 (부천시근로자종합복지관) * ဘူချွန်းဘူတာ부천역 ထွက်ပေါက် 4,5 >> ဘတ်စကား버스 8, 12, 50, 71, 72 >> 춘의테크노파크 မှတ်တိုင်ဆင်းပါ။

*** ​တွေ့ဆုံ​ဆွေး​နွေးပွဲသို့ စိတ်​ပါဝင်​စားသူ မည်​သူမဆို တက်​​ရောက်​​လေ့လာပါရန်​ ဖိတ်​ကြားပါသည်​။***

# အဖွဲ့အစည်း အသီးသီးသို့ ဖိတ်​ကြားစာများ ​ပေးပို့ပြီး ဖြစ်​ပါသည်​။

# ဖိတ်​စာရပြီးသည့်​ အဖွဲ့အစည်းများအ​နေနှင့်​ အ​ကြောင်းပြန်​ကြားရမည့်​ ပုံစံနှစ်​ခုကို ၂၃.၁၁.၂၀၁၄ တနင်္ဂ​နွေ​နေ့ ည​နေ ၄-နာရီထက်​ ​နောက်​မကျ​စေဘဲ ပြန်​လည်​​ပေးပို့ပါရန်​ နှိုး​ဆော်​ပါသည်​။

# ဖိတ်​စာမရ​သေးသည့်​ အဖွဲ့အစည်းများ ရှိပါက ​ကော်​မတီသို့ အမြန်​ဆုံး ဆက်​သွယ်​ပါ။

# ၂၃.၁၁.၂၀၁၄ ​နေ့အထိ ​ဆွေး​နွေးပွဲသို့ တက်​​ရောက်​မည်​ဖြစ်​​ကြောင်း အတည်​မပြုနိုင်​သည့်​ အဖွဲ့အစည်းများ၊ အချက်​အလက်​ မပြည့်​စုံသည့်​ အဖွဲ့အစည်းများကို "အဖွဲ့မိတ်​ဆက်​"အစီအစဉ်​တွင်​ ထည့်​သွင်း​ပေးနိုင်​လိမ့်​မည်​ မဟုတ်​ပါ။ ၎င်းတို့အ​နေနှင့်​ ​လေ့လာသူအဖြစ်​သာ တက်​​ရောက်​နိုင်​မည်​ ဖြစ်​ပါသည်​။

# အဖွဲ့အစည်းများမှ တက်​​ရောက်​ရန်​ အမည်​စာရင်း​ပေးထားသည့်​ ကိုယ်​စားလှယ်​များ ပွဲစချိန်​ နံနက်​ ၁၀-နာရီအ​ရောက်​ လုံးဝ​နောက်​မကျကြပါရန်​ အထူး​မေတ္တာရပ်​ခံပါသည်​။

# ဘူဆန်​၊ ဒယ်​ဂူး၊ ဂွမ်​ဂျူး စသည့်​ အ​ဝေးမြို့များမှ လာ​ရောက်​မည့်​ ကိုယ်​စားလှယ်​များ တည်းခို​ရေးအတွက်​ လိုအပ်​ပါက ​ကော်​မတီသို့ ကြိုတင်​ဆက်​သွယ်​ပါ။

အ​သေးစိတ်​သိလိုပါက ကျင်းပ​ရေး​ကော်​မတီသို့ ဆက်​သွယ်​စုံစမ်းပါ။

Tel: 010-2788-7153, 010-4744-4084
Email: khinmgyinkorea@gmail.com


ကျင်းပ​ရေး​ကော်​မတီ
မြန်​မာအသင်း (ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, July 20, 2014

ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်အစစ် ဘူချွန်းမြို့တွင် တည်ထားကိုးကွယ်

ရေးသားသူ — ကျော်စွာလင်း


ယခုနှစ်ဆန်းပိုင်း နေပြည်တော်တွင် ဆရာတော်ကြီးကို ဒေါ်အောင်ဆန်းစုကြည် အိမ်၌ အတူတွေ့ရစဉ်

တောင်ကိုရီးယားနိုင်ငံ ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဓာတ်တော်အစစ် နှစ်ဆူကို တည်ထားကိုးကွယ်မည် ဖြစ်သည်။

ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်မှ ဆရာတော် လင်မ်ယောင်ဒမ်သည် ဇူလိုင်လ ၂၃ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံသို့ ကြွရောက်ကာ ဗုဒ္ဓဓာတ်တော်အစစ် နှစ်ဆူကို ပင့်ဆောင်လာမည်ဖြစ်ပြီး၊ သြဂုတ်လ ၁ ရက်နေ့ နံနက်တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိ၍ ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည် ဖြစ်ပါသည်။

ဆရာတော် လင်ယောင်ဒမ်သည် ၂၀၁၂ နှစ်တွင် ဆင်ဖြူတော်ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ဆင်းရဲနွမ်းပါးသော နိုင်ငံများရှိ ကလေးငယ်များ မိဘမဲ့ကလေးများအတွက် ပညာရေး ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီပေးခြင်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိပါသည်။ ထိုအထဲတွင် သီရိလင်္ကာနိုင်ငံလည်း အပါအဝင် ဖြစ်ပါသည်။ ဆရာတော်ကြီး၏ စေတနာနှင့် အကူညီပေးမှုများကို သီရိလင်္ကာနိုင်ငံ သမ္မတကြီးက အသိမှတ်ပြုသောအားဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်တစ်ဆူ၊ သီရိလင်္ကာ ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များတည်ရှိရာ ကျောင်းတော်မှ ဆရာတော်ကြီးက ဓာတ်တော်တစ်ဆူ စုစုပေါင်း နှစ်ဆူကို ပေးအပ်လှူဒါန်းခြင်း ဖြစ်ပါသည်။

လင်ယောင်ဒမ်ဆရာတော်သည် မြန်မာလူမျိုးများ အပေါ်တွင်လည်း ကျေးဇူးကြီးမားသော ဆရာတော်ဖြစ်ပါသည်။ ဘူးချွန်းမြို့ နိုင်ငံခြားသား အလုပ်သမားရိပ်သာကို စတင်တည်ထောင်ပေးခဲ့ကာ ဆော့ဂွမ်ဆာကျောင်းဝန်းအတွင်း၌ ရုံးခန်းနေရာပေး၍ ကူညီပံ့ပိုးပေးခဲ့ပါသည်။ မြန်မာ့ဒီမိုကရေစီအရေးကိုလည်း နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးပေးနေသူ ဖြစ်ပြီး၊ မြန်မာဒုက္ခသည်များကိုလည်း ကူညီပေးနေပါသည်။ မြန်မာပြည်တွင်း၌ ယခုလက်ရှိ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းဆောက်လှူခြင်း၊ ငွေကြေးဖြင့် ထောက်ပံ့ပေးခြင်းတို့ဖြင့် ပညာရေး ကျန်းမာရေး အတွက် ကူညီပေးနေပါသည်။

ထို့ပြင် ဆရာတော်သည် ကိုရီးယား နိုင်ငံရေးအသိုင်းအဝန်း ခေါင်းဆောင်ပိုင်း၏ လေးစားရိုသေမှုကိုခံရသူလည်း ဖြစ်ပါသည်။

ယခုအခါ ဆရာတော်၏ အစီအစဉ်ဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များ မကြာမီ ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ပြီး၊ အမြဲ ဖူးမျှော်နိုင်တော့မည် ဖြစ်ကြောင်း ၀မ်းသာစရာ သတင်းကောင်းကို သဒ္ဓါပီတိများစွာဖြင့် အသိပေးအပ်ပါသည်။

အသေးစိတ် အချက်လက်များကို ဆက်လက် ဖော်ပြပေးပါမည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များနှင့် ပတ်သတ်သော အကြောင်းရာများကို အောက်ပါလင့်များတွင် ကြည့်နိုင်ပါသည်။

http://piprahwajewels.co.uk/index.html
http://sharira.org/h_e.html
http://www.youtube.com/watch?v=CidvwfIorPE

ကျော်စွာလင်း
(ဆင်ဖြူတော်ဖောင်ဒေးရှင်း အကျိုးတော်ဆောင်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 23, 2013

မြန်မာနိုင်ငံသား တစ်ဦး သင်္ဘောပေါ်မှ ပြုတ်ကျ သေဆုံး

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် စနေနေ့ ည ၈ နာရီ ၁၅ မီနစ် ကိုရီးယားနိုင်ငံ တောင်ဘက်ပိုင်း ဖိုဟန်မြို့ ဒုန်ချုန်မြို့နယ် ဖိုဟန် သင်္ဘောဆိပ်ကမ်း သစ်၌ တန် ၁၁၃၆တန်ရှိ SEAORION သင်္ဘောတွင် အလုပ်လုပ်ကိုင်နေသော ပဲ့ချိပ်ကိုင် အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦးက သင်္ဘောပေါ်က ပြုတ်ကျ သေဆုံးသွားကြောင်း ကပ္ပတိန် မစ္စတာ ယိ ( ၇၁ နှစ်က) ဖုန်းဆက် တိုင်ကြားလာကြောင်းနဲ့ ကမ်းခြေစောင့် ရဲများက သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေကြောင်း ကိုရီးယားနိုင်ငံထုတ် ဂယောန်ဘုဂ် သတင်းစာအရ သိရပါတယ်။ အဆိုပါ သင်္ဘောတွင် သင်္ဘောသား ၁၀ ဦး ပါဝင်ပြီး ဒီဇင်ဘာ ၂၀ ရက် ညနေ ၅ နာရီက ဂျပန်နိုင်ငံမှ ထွက်ခွာလာပြီး ကိုရီးယားနိုင်ငံ ဂျဲဂျူကျွန်းတွင် ပစ္စည်းများ ချရန် ဆိုက်ကပ်ထားခြင်းဖြစ်ပါတယ်။ မူရင်း သတင်းကို အောက်တွင် ဖော်ပြထားပါတယ်။ http://www.kbmaeil.com/news/articleView.html?idxno=306814 မူရင်း သတင်းကို အောက်တွင် ဖော်ပြထားပါတယ်။ http://www.kbmaeil.com/news/articleView.html?idxno=306814

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, November 30, 2013

Busan Christmas Tree Festival (부산크리스마스트리문화축제) ပွဲတော်ကို သွားကြမယ်


ကိုရီးယားနိုင်ငံ ဘူဆန်တွင် တွင် ကျင်းပမည့် Busan Christmas Tree Festival (부산크리스마스트리문화축제) ပွဲတော်ကို နိုဝင်ဘာလ(၃၀) ရက်နေ့မှ ဇန်န၀ါရီလ(၅) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါ ခရစ်စမတ် သစ်ပင် ပွဲတော်ကို Gwangbok-dong, Jung-gu, Busan (부산 중구 광복동 ) တွင် ကျင်းပခဲ့သည်မှာ ( ၅) နှစ်မြောက် ရှိပြီးဖြစ်ပါသည်။ ပွဲတော်တွင် အရောင်အသွေး ပုံသဏ္ဍာန်အမျိုးမျိုး နဲ့ ထွန်းညှိထားသော မီးရောင်စုံများကို  လှပစွာ တွေ့မြင်ကြရပါမည်။ အနုပညာမြောက် တင်ဆင်မှုများကိုလည်း တွေ့မြင်ကြရပါမည်။ နေ့စဉ် ညနေ (၆) နာရီ မှ ည (၁၁) အထိ မီးများကို လှပစွာ ထွန်းညိုထားမည်ဖြစ်ပါသည်။

အဆိုပါ ပွဲတော်တွင် တေးဂီတ ဖျော်ဖြေပွဲများ ၊ ခရစ်စမတ်သစ်ပင်တွင် ဆုတောင်းစာများ ရေးသားခြင်း ၊ လမ်းမပ်ါမှ ဖျော်ဖြေပွဲများ ၊ ဓါတ်ပုံရိုက်သူများ ၊ ဗီဒီယို ရိုက်ကူးသူများကို အများအပြား တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ဒီနှစ် မှာတော့ အဓိက ခရစ်စမတ်သစ်ပင်ကြီးကို အမြင့် မီတာ (၂၀)ခန့်ပြုလုပ်ထားရှိပြီး အရင်နှစ်တွေထက် ပိုကြီးကျယ်ခမ်းနား အံ့မခန်းအောင် ကျင်းပမည်လို့ သိရပါတယ် ။ ပွဲတော်သို့ ကမ္ဘာလှည့်ခရီးသွားများလည်း အများအပြားလာရောက်ကြမည်လို့သိရပါသည်။ 
ထို့ကြောင့် ရွှေမြန်မာများ ခရစ်စမတ်သစ်ပင် ပွဲတော်ကျင်းပမည်နေရာကို သွားရောက်ကြကာ ဘူဆန် ရဲ့ ဆောင်းအရသာကို ခံစားရင်း ခရစ်စမတ် အထိမ်းအမှတ်နေရာများသို့ သွားရောက် လေ့လာနိုင်ပါသည်။ ဘူဆန်မြို့သားတွေရဲ့ ထူးခြားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ် ၊ ပွဲတော်သို့ လူကြီး ၊ လူငယ် ၊ အရွယ်အစားမရွေး လာရောက်ပြီး ပျော်ကြပါတယ် ၊ နောက်ပြီး မှာချင်တာ တစ်ခုကတော့ အရောင်အသွေးမျိုးစုံ တောက်ပနေတဲ့ မီးရောင်စုံ သစ်ပင်တွေရှေ့မှာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ဖို့ပါ ၊ ပြီးတော့ ဆုတောင်းလေးတွေ ရေးပြီး ခရစ်စမတ်သစ်ပင်မှာ ချိတ်ဆွဲခဲ့ဖို့ မမေ့ခဲ့ပါနဲ့၊
အလုပ်တွေနဲ့ ပင်ပန်းနေကြတဲ့ ရွှေညီအစ်ကိုများအတွက် အပြောင်းအလဲလေးတစ်ခုတင်မကပဲ ဗဟုသုတရကြစေဖို့အတွက် ရေးသားလိုက်ပါတယ် Period ........ November 30, 2013 – January 5, 2014 *Lights are on from 6 p.m. to 11:30 p.m. Venue: ........ Areas around Gwangbok-ro, Jung-gu, Dynamic Busan Transportation [Subway] Nampo Station (남 포 역 ) (Busan Subway Line 1), Exit 1.
Walk ahead for about 165m and take a right at Gudeok-ro.
Take a left at the 2nd alley, continue for about 71m and turn right at the first alley.
Go straight for 67m until you see the Gwangbok-ro area.
[Bus] Take Bus 8, 15, 17, 26, 27, 30, 41, 58-1, 61, 70, 71, 103, 113, 126, 134, 139, or 1003 and get off at Nampo Station. မြေအောက်ရထားနဲ့ဆိုရင် Namop ဘူတာ (남 포 역 ) ရောက်ရင် ထွက်ပေါက် (၁) ကနေ ထွက်ပြီး ရှေ့တည့်တည့် လမ်းလျှောက်လိုက်၇င် ပွဲတော် ကြီးကို တွေ့ပါလိမ့်မယ်

Bus ကားတွေကတော့ 8, 15, 17, 26, 27, 30, 41, 58-1, 61, 70, 71, 103, 113, 126, 134, 139, or 1003 စီးပြီး  Nampo ဘူတာမှာဆင်းပါ။


http://www.youtube.com/watch?v=4Fyri26kAek

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 13, 2013

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဖိတ်ကြားခြင်း

ရေးသားသူ — အမည် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ

(၆၆)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းနှင့်
(၂၅)နှစ်ပြည့် ရှစ်လေးလုံး အောက်မေ့ဖွယ်အခမ်းအနား ကျင်းပနိုင်ရေးအတွက်
ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ဖိတ်ကြားခြင်း

တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံဖွား
           သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမ အပေါင်းတို့ -

      ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက် သောကြာနေ့တွင် ကျရောက်မည့် (၆၆)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ ရုံးခန်းမဆောင်တွင် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္ဂနွေနေ့၊ မွန်းတည့် (၁၂)နာရီတွင် စတင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ 
     တဆက်တည်းမှာပင် အဆိုပါအခမ်းအနား ကျင်းပပြုလုပ်ပြီး ခေတ္တခဏ အနားယူပြီးနောက် သြဂုတ်လ
(၈)ရက် ကြာသပတေးနေ့တွင်ကျရောက်မည့် (၂၅)နှစ်မြောက် ရှစ်လေးလုံး အောက်မေ့ဖွယ်အခမ်းအနား
ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ညနေ(၄)နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။
     သို့ပါသောကြောင့် တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း ညီ 
အစ်ကို မောင်နှမ အပေါင်းတို့အနေဖြင့် မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါ
 သည်။ 

   သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာပိုင် အစုရှယ်ရာ ပိတောက်ရိပ် ကုမ္ပဏီကို ဘာလို့တည်ထောင်ဖြစ်တာလဲ

ရေးသားသူ —စိုးမိုးသူ


 မြန်မာပိုင် အစုရှယ်ရာ ပိတောက်ရိပ် ကုမ္ပဏီကို ဘာလို့တည်ထောင်ဖြစ်တာလဲလို့ ကျနော်တို့ကို မေးကြတယ်လေ။

နှလုံးသားထဲက ထွက်လာတဲ့ ကျနော်တို့ အဖြေက

- အလုပ်သမားဘ၀နဲ့ ကိုရီးယားရောက်လာသူတွေ အလုပ်သမားဘ၀ သံသရာရှည် လည်ပတ်မှု ရပ်ဆိုင်းကာ လုပ်ငန်းရှင်ဘ၀နဲ့ ကိုရီးယားကနေ ပြန်ထွက် သွားစေချင်တဲ့ ဆန္ဒ။

- လူနည်းစုဖြစ်ပြီး အဘက်ဘက်က အင်အားနဲသူတွေကိုယ်တိုင် မိမိရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ အခွင့်အရေးရှိတဲ့ society တခုကို ဖန်တီးပြချင်တဲ့ ဆန္ဒ။

- မြန်မာနိုင်ငံသားတွေ နောင်တချိန် ပွင့်လာမယ့် အနာဂတ်ရဲ့ အသီးအပွင့်တွေကို စားစေချင်လို့ သစ်ပင် စတင်စိုက်ချင်တဲ့ ဆန္ဒ။

- တယောက်အားဖြင့် မစွမ်းသာပေမယ့် အများအားဖြင့် စွမ်းဆောင်နိုင်ခြင်းကို သက်သေပြချင်တဲ့ ဆန္ဒ။

- လုပ်ငန်းတူ အရည်အချင်းတူရင် ပြိုင်ဘက်မဟုတ် တူတာတွေ ခွန်အားဖြစ်ပြီး မတူတာတွေ စွမ်းအားတွေ အဖြစ်သို့ ပြောင်းလဲကာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး အတူတကွ ဘ၀တိုးတက်စေလိုတဲ့ ဆန္ဒ။

- မိမိအကျိုးအမြတ် တဘို့တည်းသာ ကြည့်တတ်တဲ့ အတ္တသမားများမဟုတ်ကြပဲ၊ 
သင့်တင့်မျှတသော ဈေးနှုန်းဖြင့် မေတ္တာဖြင့် ဈေးရောင်းကာ ကုသိုလ်ယူတတ်သော လုပ်ငန်းရှင်များ၊ အများအကျိုးကို ရှေ့ရှုဆောင်ရွက်တတ်သော လုပ်ငန်းရှင်များကို မွေးထုတ်ချင်သော ဆန္ဒ။

ခြုံပြောရရင်တော့
- ရောင်းသူ ၀ယ်သူ ၂ဘက် မျှတသော၊ကျေနပ်သော စီးပွားရေးစနစ်၊
- အကျိုးအမြတ်ကို မိမိ၊သူတပါး ၂ဘက် ခံစားနိုင်သော စီးပွားရေးစနစ်၊
- နောင်လာနောက်သားများအတွက် အတုယူဖွယ်ရာ စီးပွားရေးစနစ်
အဲဒီ စနစ်တွေကို တန်ဘိုးထားပြီး မိမိဘ၀ရဲ့ တိုးတက်မှုအတွက် ကိုယ်စွမ်းရှိသမျှ ကြိုးစားလိုသော်လည်း ငွေကြေးပိုင်ဆိုင်မှု အင်အားအပါအ၀င် လုပ်ငန်းဆိုင်ရာဆောင်ရွက်ရန် အခက်အခဲရှိသူ မြန်မာနိုင်ငံသားများအတွက် လုပ်ငန်းလုပ်ကိုင်နိုင်သည့် အခွင့်အရေးကို ဖန်တီးပေးရန် ရည်ရွယ်ပြီး တည်ထောင်ထားပါတယ်။


Enjoy with Fairness!!



Padauk Glory Co.,Ltd.  ㈜브더욱 글로리
2nd fl, No. 924 Kyeongin ro ,Bupyeong gu, Inchon City, South Korea
Tel : + 82 + 32- 517- 5218   Hp: : + 82 + 10- 4187- 5218  
Fax : + 82 + 32- 517- 5219
Email : padaukglory@gmail.com  
https://www.facebook.com/pdglory
www.pdglory.com 

 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 15, 2013

ရေးသားသူ — အမည် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ

တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံဖွား 
တိုင်းရင်းသား ညီအစ်ကို မောင်နှမများ

   မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ် မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယား ဌာနခွဲ၏ ဖိတ်ကြားလွှာဖြစ်ပါသည်။ မွေးနေ့ပွဲကျင်းပမည့်အစီအစဉ်များတွင် ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင် ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

                                                                               

           သတင်းနှင့်ပြန်ကြားရေး
       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, June 11, 2013

ကိုရီးယား ဝေါလ်ဂျူ ဆရာတော်အား သဒ္ဓမ္ဓ ဇောတိကဓရ ဘွဲ့ ဆက်ကပ်ခြင်း

၂၀၁၃ ခုနှစ် ဇွန် ၇ ရက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ် ( ဆောအုလ် ) ရှိ ကိုရီးယားနိုင်ငံလုံးဆိုင်ရာ မြန်မာသံရုံး၌ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ပေးခဲ့သည့် ဝေါလ်ဂျူ ဆရာတော်အား သမတ ဦးသိန်းစိန် ကိုယ်စား သံအမတ်ကြီး ဦးညွှန့်လှိုင်က သဒ္ဓမ္ဓ ဇောတိကဓရ Saddhamma Jotikadhaja ဘွဲ့တော်ကို ဆက်ကပ်ခဲ့ပါသည်။ ဝေါလ်ဂျူ ဆရာတော်သည် ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံသို့ နာဂစ် လေမုန်တိုင်း ၀င်ရောက်ခဲ့စဉ်က ဆန်များ လှူဒါန်းခြင်း၊ ပညာရေးနှင့် သောက်ရေသန့် ရရှိရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါသည်။ ဒေါ်လာ ၁သန်း တန်ဘိုးရှိ ကျောင်းပေါင်း ၈ခု၊ သောက်ရေသန့် ကန်များ ၈ ခုတို့ကို တည်ဆောက်ပေးကြောင်း ကိုရီးယားနိုင်ငံထုတ် ဗုဒ္ဓဘာသာ သတင်းစာက ဖော်ပြထားပါသည်။
 ဇော်မိုးအောင် (ကိုရီးယား)
 ဂါထာ ဆိုဒ်က ဖော်ပြပေးထားသော သတင်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 29, 2013

မြန်မာစင်တာ ပထမအကြိမ်လေ့လာရေးခရီး(민속촌)

ရေးသားသူ — ရဲနိုင်ဝင်း မြန်မာစင်တာမှ ပထမအကြိမ်လေ့လာရေးခရီးအဖြစ် ကိုရီးယားရုပ်ရှင်ရိုက်ကွင်းလည်းဖြစ်၊ ကိုရီးယားလူမျိုးတို့၏ ရိုးရာဓလေ့နေထိုင်မှု တောရွာလေးအဖြစ် ဖန်တီးထားသော (민속촌)သို့ သွားခဲ့ကြပါတယ်... မြန်မာစင်တာတွင် ကူညီဆောင်ရွက်ပေးနေသော အမှုဆောင်များနှင့်ကိုရီးယားစာ၊ကိုရီးယားစကား၊ကွန်ပြူတာ..စသဖြင့် သင်ကြားပေးနေကြသော ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများ စုပေါင်း၍ သွားရောက်ခဲ့ကြခြင်းဖြစ်ပါတယ်...  
လက်မှတ်ဝယ်စဉ် 
မှတ်ချက်၊ ၊ ပုံမှန်တစ်ယောက်ချင်းဝယ်မယ်ဆိုရင် ၂သောင်းခွဲဝမ်၊ အဖွဲ့အစည်းလိုက် ဝယ်မယ်ဆိုရင် ၁သောင်းနှစ်ထောင်ဝမ် 
ဆရာ၊ဆရာမများနှင့်ကျောင်းသူ၊ကျောင်းသားများ အမှတ်တရ



မိုက်ခဲတို့အဖွဲ့
လှလှလေးရိုက်ကြစို့...
 လက်မှတ်ဝယ်အပြီး

 ရေတံခွန်အမှတ်တရ
ဘယ်သူပြိုင်လို့....ပါ့။
ရှေးခေတ်မင်သားကြီး...(နာမည်မသိ)


မြန်မာစင်တာနှင့် ကျောင်းသူ၊ကျောင်းသား၊ဆရာ၊ဆရာမများကို ကျေးဇူးတင်ရှိပါသည်။ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, May 28, 2013

ရေးသားသူ — အမည် - ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)

                             စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်

ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

       စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့ရှိ ဆိုးဆာမြို့ တော်ခန်းမတွင် ၂၀၁၃ ခုနှစ်၊ မေလ(၂၆)ရက်၊ တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ပါသည်။
       ၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် မြန်မာနိုင်ငံတွင် နိမ့်ကျယိုယွင်းလျက်ရှိနေသော မြန်မာ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး၏ ပညာရေးကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ လုပ် ဆောင်လျက်ရှိနေပြီး၊ မူလတန်းပညာရေးအစ တက္ကသိုလ်ပညာရေးအလယ် ပညာတတ်ပါရဂူများ ပေါ် ထွက်လာရေးအဆုံး မြန်မာနိုင်ငံပညာရေး မြင့်မား တိုးတက်လာစေရေးအတွက် ကြိုးပမ်းလုပ်ဆောင် နေသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်” ကို ဂုဏ်ပြုချီးမြှင့်လိုက်ပါသည်။
     ပြည်သူ့ဂုဏ်ရည်ဆု အထူးဆု (၃)ဆုကို မြန်မာနိုင်ငံတွင် အများအကျိုးအတွက် မိမိကိုယ်ကျိုးမငဲ့ဘဲ စွမ်းစွမ်းတမံ စွမ်းအားရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်နေကြသောသူများကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
-  မြန်မာပြည်သူတို့ရဲ့ ဆင်းရဲကျပ်တည်းမှု ခံစားချက်များကို သီချင်းစာသားများမှတဆင့် ရေးသားဖော် ထုတ်ခဲ့သူ၊ ပြည်သူလူထု၏ ပေါက်ကွဲသံစဉ်များနှင့်အတူ ရပ်တည်ခဲ့သူ၊ မငြိမ်းချမ်းသေးသော မြန်မာတိုင်း ရင်းသား ပြည်သူလူထု ကိုယ်စား ‘ပွင့်လင်းငြိမ်းချမ်း ပန်းရဲ့လမ်း”မှာ မမောတမ်း ဦးဆောင် လျှောက်လှမ်း နေသူ၊ မြန်မာပြည်သူများနှင့်အတူ  ‘ ပန်းခရမ်းပြာအိပ်မက်များ’၏ အနာဂတ်အတွက် ဦးရဲလွင်(မဇ္ဈိမလှိုင်း) ဖြစ်ပါတယ်။
-   မြန်မာနိုင်ငံရဲ့အလယ်ပိုင်း မိုးခေါင်ရေရှားဒေသများတွင် အဖိုးတန်ဆုံးဖြစ်သည့် ရေကောင်းရေသန့် ရရှိဖို့အတွက် နောက်ကျိနေသာရေဆိုး၊ ရေနှောက်မှတဆင့် သောက်သုံးရန် သင့်လျော်သော ရေကောင်း ရေသန့်ဖြစ်လာစေရန် မိမိတတ်မြောက်ထားသော အသိပညာ/အတတ်ပညာများဖြင့် တန်ဖိုးနည်း မီးဖို ချောင်သုံးပစ္စည် များဖြင့်သာ တီထွင်ပြုလုပ်ထားသော တန်ဖိုးနည်း ရေသန့်ထုတ်လုပ်ခြင်းကို တီထွင်ပြုလုပ် ခဲ့သော ဦးသန်းနိုင် ဖြစ်ပါတယ်။
-   မြန်မာနိုင်ငံသားများရဲ့ လိုအပ်နေသော ထောင့်အသီးသီးမှ ကွက်လပ်ဖြည့်ပေးနေသူ၊ ဆုံးရှုံးနေသော အခွင့်အရေးများ၊ အဓမ္မ လယ်မြေသိမ်းပိုက်ခံနေရမှုတို့ကို တရားဥပဒေဘောင်အတွင်းမှနေ၍  တောင်သူ လယ်သမားများ၏ရှေ့မှ မားမားမတ်မတ်ရပ်တည်၍ ဦးဆောင်လှုပ်ရှားနေသော ဦးနေမျိုးဇင် (ဗိုလ်ကြီး ဟောင်း) ဖြစ်ပါတယ်။
      ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနား၏ အထူးအစီအစဉ်တရပ်ဖြစ်တဲ့ “လူထုနဲ့ သူတို့” ဆိုသည့် ပြည်သူ့အကျိုး ပြုလူထုလှုပ်ရှားမှုများအပေါ် ရှု့ထောင့်အသီးသီးမှသုံးသပ်ပြောဆိုကြမည့် ပြည်သူ့ဂုဏ်ရည်စကားဝိုင်းဖြစ်ပါသည်။ လူထု အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ဆောင်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်၊ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှ ဦးအေးလွင်၊ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီမှ ဦးအောင်မိုးဇော်နှင့် ပြည်သူ့ဂုဏ်ရည်အသင်း (လော့အန် ဂျဲလိစ်ဌာနခွဲ)မှ ဦးကိုလေး တို့မှ ပါဝင်သုံးသပ်ကြသည့် ပြည်သူ့ဂုဏ်ရည်စကားဝိုင်းကို တက်ရောက်လာသည့် ဧည့်ပရိသတ်မှ အထူးနှစ်ခြိုက် အားပေးခဲ့ကြပါသည်။
       HAJA PRODUCTION SCHOOL မှ ကျောင်းသား/ကျောင်းသူများ၏ မြန်မာသီချင်းများ၊ ကိုရီးယားရိုးရာအက တို့ဖြင့် ဖျော်ဖြေတင်ဆက်ပုံများ၊ ၈၈ မျိုးဆက် ကိုဂျင်မီ ကိုယ်တိုင်ရေးသားသီဆိုသော “အကျဉ်းကျ နှလုံးသားများ” ၊ ပြည်သူ့ဂုဏ်ရည်အသင်း ဂုဏ်ပြုတေးဖြစ်သော “ဂုဏ်ရည်”သီချင်းကို Yမြစ်ချို မှ သီကုံးရေးဖွဲ့ပြီး နေသစ်၊ ဆုတောင်း တို့၏ THE KIMCHI BAND၏ ဖျော်ဖြေတင်ဆက်မှုနှင့် ကိုမျိုးဇော် (RAINBOW)၏ “နိုင်ငံတကာ ရင်သွေးငယ်များ” သီချင်းတို့ဖြင့် ဧည့်ပရိသတ်တို့ကို ဧည်ခံဖျော်ဖြေ တင် ဆက်ခဲ့ပါသည်။
       ခမ်းနားစွာဖြင့် ကျင်းပပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားသို့ ကိုရီးယားလူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယားရှိ မြန်မာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ် များနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား (၁၀၀)ခန့် တက်ရောက် ဂုဏ်ပြုခဲ့ပါသည်။
       ၂၀၁၄ ခုနှစ် ပဉ္စမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည် နယ်၊ အော်ရီဂွန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, May 25, 2013

ရေးသားသူ — အမည် - ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)

 ၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို တိုက်ရိုက်ကြည့်ကြရအောင် 

 http://www.afreeca.com/burma21
&
http://www.citizenofburma.org 
 ၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည့်
စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို 
အင်တာနက်မှတိုက်ရိုက်လွှင့်တင်ပါမည်။ 
ကိုရီးယားစံတော်ချိန်- နေ့လည် (၀၁း၀၀)နာရီမှ မွန်းလွဲ (၀၄း၀၀)နာရီအထိ 
အောက်ဖော်ပြပါလင့်များတွင် ကြည့်ရှု့နိုင်ပါသည်။
 http://www.afreeca.com/burma21 
&
http://www.citizenofburma.org 
                                                                        ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 24, 2013

ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားသို့ ကြွရောက်ကြပါရန် ဖိတ်ကြားခြင်း

ရေးသားသူ — ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)

    ၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်၊ တနင်္ဂနွေနေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊ 소사구청ခန်းမ၌ နေ့လည် (၁၂း၃၀)နာရီမှ (၁၆း၀၀)နာရီအထိ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ကျင်းပမည်ဖြစ်ပါသည်။
 ဆုချီးမြှင့်သည့် အခမ်းအနားတွင် စိတ်ဝင်စားဖွယ် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ
အထူးအစီအစဉ်အဖြစ် …..

  ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားသို့ ကြွရောက်ကြပါရန် ကိုရီးယားရောက် မြန်မာနိုင်ငံသားများအားလုံးကို ဖိတ်ကြားခြင်း 

   ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)သည် မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကို ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသော လူမှုရေး သူရဲကောင်းများ၊ အဖွဲ့အစည်းများကို ပြည်ပ ရောက် မြန်မာတိုင်းရင်းသား မိသားစုများ၏ စုစည်းညီညွှတ်မှုဖြင့် လူသိရှင်ကြား တရားဝင်အခမ်းအနား များကျင်းပကာ ဖော်ထုတ်ဂုဏ်ပြုသွားရန်ဟူသော လုပ်ငန်းစဉ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့လုပ် ကိုင်ဆောင်ရွက်လျက် ရှိနေပါသည်။ 
   မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကင်းဝေး၍ သာယာသော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ပေါ်ထွန်းလာစေ ရေးဟူသည့် ပန်းတိုင်သို့ ချီတက်ရန်အတွက် တစ်ဦး တစ်ယောက်ချင်း၊ အဖွဲ့အစည်းအလိုက် စုပေါင်းလုပ် ဆောင်ကြသည့် ပြည်သူ့ဂုဏ်ဆောင် လူမှုရေးသူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုခဲ့သည်မှာ စတုတ္ထ အကြိမ်မြောက်သို့ ရောက်ရှိလာပါပြီ။ 
  ၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်၊ တနင်္ဂနွေနေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊
 소사구청ခန်းမ၌ နေ့လည် (၁၂း၃၀)နာရီမှ (၁၆း၀၀)နာရီအထိ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ကျင်းပမည်ဖြစ်ပါသည်။ ဆုချီးမြှင့်သည့် အခမ်းအနားတွင် စိတ်ဝင်စားဖွယ် 
ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ 
အထူးအစီအစဉ်အဖြစ် ….. 
- ဒေါ်ဆွေဇင်ထိုက်    (ရုပ်ရှင်သရုပ်ဆောင်၊ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက် 
                              နေသူ) 
-  ဦးဂျင်မီ               ( ၈၈ကျောင်းသားခေါင်းဆောင်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) 
-  ဦးသံခဲ                ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) 
-  ဦးအောင်မိုးဇော်    ( လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) 
…… တို့ပါဝင် ဆွေးနွေးကြမည့် TALK SHOW ။ 
    အခမ်းအနားမစတင်မှီ နံနက် (၁၁း၀၀)နာရီမှ နေ့လည် (၁၂း၁၅)နာရီအထိ မြန်မာ့ရိုးရာ အုန်းနို့ခေါက် ဆွဲ ဖြင့် တည်ခင်းဧည့်ခံပါမည်။ ထို့ကြောင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံးမှ ၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားသို့ ကြွရောက် ဂုဏ်ပြုချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
 ဆက်သွယ်ရန်
                   ကိုဝင်းမြင့်ဦး- (011-292-9542)၊ ကိုခင်မောင်ရင်- (010-2788-7153)၊
                   ကိုသန့်စင်အောင်- (010-9054-4727)၊ ကိုဝင်းနိုင်ဦး- (010-8648-4533)၊
                   ကိုမောင်ဇော်- (010-9160-9319)၊ ကိုဝင်းမင်း- (011-9013-1034)

 ရထားလမ်းညွှန်
               အင်ချွန်း နံပါတ်(၁)လိုင်း စီးပြီး၊ ဆိုဆာ (소사) ဘူတာတွင်ဆင်းပါ။ နံပါတ် (၁)ထွက်ပေါက်မှ ထွက်၍ ရဲစခန်းရှေ့မှလမ်းကူးပြီး အောက်ပါ မြေပုံလမ်းညွှန်အတိုင်း (၅)မိနစ်ခန့် လမ်းလျှောက်လာပါက ရောက်ပါမည်။ ဘူတာရှေ့မှစပြီး လမ်းညွှန်စာရွက်များ ကပ်ပေးထားပါမည်။

အခမ်းအနားသို့ လာရောက်ရန် မြေပုံလမ်းညွှန်

ဘတ်စ်ကားလမ်းညွှန်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 15, 2013

ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)မှ အသိပေးကြေညာခြင်း

ရေးသားသူ — ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)


 ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)
ငွေစာရင်းရှင်းတမ်း

       ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)သည် စတင်ဖွဲ့စည်းခဲ့သော ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့မှစတင်၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ ရောက် မြန်မာနိုင်ငံသားများထံမှ အလှူငွေများကောက်ခံခြင်း၊ ရန်ပုံငွေရှာဖွေပွဲ ကျင်းပပြုလုပ်ခြင်း၊ အဖွဲ့ဝင်များ ထည့်ဝင်သော လစဉ်ကြေးများဖြင့် ရန်ပုံငွေ ရှာဖွေစုဆောင်းခဲ့ပါသည်။ အများပြည်သူ သိသာရှင်းလင်းစေရန် ရည်ရွယ်၍ အောက်ပါ ငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်အပ်ပါသည်။


၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ~ ၂၀၁၃ ခုနှစ်၊ ဧပြီလ


စဉ်
အကြောင်းအရာ
ရရှိငွေ
စဉ်
အကြောင်းအရာ
သုံးစွဲငွေ
၁။
‘မ’တည်ငွေ
     ၅၀ ၀၀၀
၁။
ရုံးအသုံးစားရိတ်
      ၉၅ ၀၀၀
၂။
အဖွဲ့ဝင်များ၏ လစဉ်ကြေး
   ၆၀၅ ၀၀၀
၂။
၂၀၁၂ သင်္ကြန်ပွဲ စတုဒီတာ
    ၁၈၉ ၁၀၀
၃။
မြန်မာနိုင်ငံသားများ  လှူဒါန်းငွေ
   ၃၄၀ ၀၀၀
၃။
၂၀၁၂၊ ဇူလိုင်လတွင် ရခိုင် ပြည်နယ်သို့ လှူဒါန်းငွေ
 ၁ ၀၈၀ ၀၀၀
၎။
ငွေလက်ခံဖြတ်ပိုင်းဖြင့် အလှူခံငွေ
   ၃၄၀ ၀၀၀
၎။
၂၀၁၂ တိလောကမုနိ ဗုဒ္ဓ   ပူဇနိယပွဲတော် စတုဒီတာ
    ၁၁၀ ၀၀၀
၅။
ကိုရီးယားဘုန်းတော်ကြီးမှ လှူဒါန်းငွေ
   ၆၀၀ ၀၀၀
၅။
၂၀၁၃ ဒေါ်အောင်ဆန်းစု ကြည် ခရီးစဉ် ရန်ပုံငွေ
    ၂၀၀ ၀၀၀
၆။
၂၀၁၂/၉/၁၆  ရန်ပုံငွေ   ရှာဖွေပွဲမှ ရရှိငွေ
၃ ၃၄၈ ၆၅၀


၇။
ရခိုင်ပြည်နယ်သို့ လှူဒါန်းရန် ကောက်ခံရရှိငွေ
 ၁ ၀၈၀ ၀၀၀
ရရှိငွေစုစုပေါင်း
၆ ၃၆၃ ၆၅၀
သုံးစွဲငွေစုစုပေါင်း
 ၁ ၆၇၄ ၁၀၀
စာရင်းဖွင့်လက်ကျန်
-၀-
စာရင်းပိတ်လက်ကျန်
 ၄ ၆၈၉ ၅၅၀
စုစုပေါင်း
၆ ၃၆၃ ၆၅၀
စုစုပေါင်း
 ၆ ၃၆၃ ၆၅၀

                                                    
 
၂၀၁၃ခုနှစ်၊ ဧပြီလ ၁၄ရက်နေ့အထိ ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)၏ ဘဏ္ဍာရေး ငွေစာရင်းရှင်းတမ်းအရ စုစုပေါင်း (၄၆၈၉၅၅၀)ဝမ်ကို ရန်ပုံငွေအဖြစ် ရရှိထားကြောင်း ကြေညာအပ်ပါသည်။

 အသ

 ထုတ်ပြန်ကြေညာချက်




ရက်စွဲ။       ။၂၀၁၃ ခုနှစ်၊ ဧပြီလ ၄ရက်။


                                                                  ပြည်သူ့ဂုဏ်ရည်အသင်း(ကိုရီးယားဌာနခွဲ)သည် မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကို ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသော လူမှုရေးသူရဲကောင်းများ၊ အဖွဲ့အစည်းများကို ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ၏ စုစည်းညီညွှတ်မှုဖြင့် လူသိရှင်ကြား တရားဝင်အခမ်းအနားများ ကျင်းပကာ ဖော်ထုတ် ဂုဏ်ပြုသွားရန်ဟူသော လုပ်ငန်းစဉ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပါသည်။
       မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကင်းဝေး၍ သာယာသော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ပေါ်ထွန်းလာစေရေးဟူသည့် ပန်းတိုင် သို့ ချီတက်ရန်အတွက် တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းအလိုက် စုပေါင်းလုပ်ဆောင်ကြသည့် ပြည်သူ့ဂုဏ်ဆောင် လူမှုရေး သူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုခဲ့သည်မှာ စတုတ္ထအကြိမ်မြောက်သို့ ရောက်ရှိလာပါတော့မည်။
          ပထမအကြိမ်         - အမေရိကန်နိုင်ငံ၊ လော့အန်ဂျဲလိစ်မြို့။
          ဒုတိယအကြိမ်        - အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်ကိုမြို့။
          တတိယအကြိမ်      - အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့။
       ယခု စတုတ္ထအကြိမ်မြောက်အဖြစ် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
 
၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊ 소사구청ခန်းမ၌ နေ့လည် (၁၂း၃၀) နာရီမှ (၁၆း၀၀)နာရီအထိ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ကျင်းပမည်ဖြစ်ပါသည်။

အခမ်းအနားမစတင်မှီ  နံနက် (၁၁း၀၀)နာရီမှ (၁၂း၁၅)နာရီအထိ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံပါမည်။ အစီ အစဉ်အသေးစိတ်ကို ဆက်လက်၍ အသိပေးကြေညာသွားပါမည်။
       ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရည်ရွယ်ကာ အထူး ဧည့်တော်များအဖြစ် လူမှုရေးလုပ်ငန်း များကို စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်နှင့် ၈၈ကျောင်းသားခေါင်းဆောင် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးဂျင်မီတို့ကိုလည်း ဂုဏ်ပြုဟောပြောပေးရန် ဖိတ်ကြားထားပါသည်။
        ထို့ကြောင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး တတ်အားသရွေ့ ဝိုင်းဝန်း ကူညီအားပေးကြပါရန် အသိပေး ကြေညာအပ်ပါသည်။
    ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)
ဆက်သွယ်ရန် :   ၀၁၁ ၂၉၂ ၉၅၄၂၊     ၀၁၀ ၈၆၄၈ ၄၅၃၃၊     ၀၁၁ ၉၀၁၃ ၁၀၃၄။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>