Showing posts with label သာဓုအနုမောဒနာ. Show all posts
Showing posts with label သာဓုအနုမောဒနာ. Show all posts

Friday, February 20, 2015

ကုသိုလ် ၊ အမျှ အမျှ အမျှ ယူတော်မူကြပါလေလော့

ဓမ္မဒူတ(ကိုရီးယား) ၂၀၁၅ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီးစဉ်မှ ပိုလျှံငွေ ဝမ် ၃၂သိန်း ၅ သောင်းအား သာသနာနော်အဓွန့်ရှည်တည်တန့်ပြန့်ပွါးရေးအတွက် ရည်စူးလျက် ၊ ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီးဖြစ်ပါကြောင်း နှင့် လှူဒါန်းမှု ကုသိုလ် အဖို့ဘာဂကို ၃၁ ဘုံသားတို့အား ဝမ်းမြောက်စွာ အမျှပေးဝေအပ်ပါသည် ။

ဓမ္မဒူတ (ကိုရီးယား) ၂၀၁၅ ဆောင်းရာသီ ခရီးစဉ် အောင်မြင်ရေးအတွက် ဝိုင်းဝိုင်းကူညီပံ့ပိုးပေးခဲ့ကြသည့် မိတ်ဆွေ ညီအစ်ကိုမောင်နှမများအား ကျေးဇူး အထူးတင်ရှိပါကြောင်း ဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည် ။

ဝမ်းမြောက်စွာ သာဓုခေါ်ကြပါလေကုန် ။

မေတ္တာဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၅-၀၂-၂၀

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, November 9, 2014

ဓမ္မဒူတ (ကိုရီးယား) စုပေါင်းမဟာဘုံကထိန် အလှူတော် ရေစက်ချ မင်္ဂလာ ဖိတ်ကြားစာ

တောင်ကိုရီးယားနိုင်ငံ၊ အင်ချောန်းမြို့တော် ဘူးဖြောင်းမြို့ရှိ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) အဋ္ဌမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော် လျာသင်္ကန်းကြီးကို နိုဝင်္ဘာလ ၁ ရက်နေ့က လှူဒါန်းခဲ့ကြပြီး ၊ ကထိန်အာနိသင်ရ ဆရာတော် သံဃာတော် အရှင်သူမြတ်များကလည်း အလှူတော်ကိုလက်ခံတော်မူ၍ ကထိန်ခင်းခြင်းအမှုကိုလည်း ဝိနည်းတော်နှင့်အညီ ဆောင်ရွက်တော်မူခဲ့ကြပြီးဖြစ်ပါသည် ။ မဟာဘုံကထိန် အခြံအရန် ပစ္စည်း ပစ္စယများ ထပ်ဆောင်းလှူဒါန်းခြင်းနှင့် မဟာဘုံကထိန်အလှူတော် ရေစက်ချမင်္ဂလာကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူကြပါရန် လေးစားစွာဖိတ်မန္တကပြုအပ်ပါသည်-

နေရာ -
ဓမ္မဒူတ (ကိုရီးယား)

အလှူတော်နေ့ -
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၀ ) ရက်၊ ( ၁၆ . ၁၁. ၂၀၁၄ ) တနင်္ဂနွေနေ့။

အချိန်-
- နံနက် ( ၇း၀၀ )နာရီမှ နေ့လည် ၁ နာရီ ၃၀ မိနစ် ထိ

အလှူတော် အစီအစဉ် -
- နံနက် (၇း၀၀) အချိန် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမည် ။
- နံနက် ( ၁၁း၁၅ ) နာရီ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည် ။
- နံနက် (၁၁း၂၀) နာရီ ဧည့်ပရိသတ်များအား အာဟာရဒါနဖြင့် ဧည့်ခံပါမည် ။
- နေ့လည် ( ၀၁း၃၀ ) နာရီ စုပေါင်း မဟာဘုံကထိန်အလှူတော် အနုမောဒနာ တရားနာကြားပါမည် ။

အာဟာရဒါန နှင့် အလှူရှင်-
အရုဏ်ဆွမ်း အလှူ ၊
- ရှမ်းရိုးရာ ထူးကဲရသာ မြီးရှည် (စစ်ကိုင်းလူငယ်များအလှူတော်)

နေ့ဆွမ်း အလှူ
- မြန်မာ့အကြိုက် ရသာစုံ ထမင်း ဟင်း (စိန်ပန်းပြာ မိသားစုအလှူတော်) ။

စုပေါင်းမဟာ ဘုံကထိန်အလှူတော်တွင် ပါရမီရှင်တို့ အာသီတရှိသည့်အတိုင်း ကထိန် အကျိုး အာနိသင်ရရှိစေမည့် အောက်ဖော်ပြပါ ကထိန် အခြံအရန် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်-
- ပရိက္ခရာအစုံ ဝမ် ၅၀,၀၀၀
- တိစီဝရိတ် ဝမ် ၃၀,၀၀၀
- သင်္ကန်းဒွိစုံ ဝမ် ၂၀,၀၀၀
- ထီး, ဘိနပ်, ယပ် ဝမ် ၅, ၀၀၀ စီ
- သပိတ် ဝမ် ၁၀,၀၀၀

ထို့ပြင် ကျောင်းတွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များ ၁-နှစ်ပတ်လုံး အဆင်ပြေစွာသီတင်းသုံးနိုင်ကြရန်အလို့ငှာ အောက်ဖော်ပြပါ ကထိန်အခြံအရန် အလှူတော်များကိုလည်း တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်-
- ၁- နှစ်စာ ရေအလှူ
- ၁-နှစ်စာ မီးအလှူ
- ၁-နှစ်စာ ဆွမ်းဆန်အလှူ
- ၁-နှစ်စာ ဆီအလှူ

ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု-

အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ခုနှစ် နိုဝင်္ဘာလ ၉ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, August 21, 2014

ဝမ်းမြောက်စွာ သာဓုခေါ်ပါလေကုန်

ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးစဉ် ၃ ခု အနက် ၊ ခရီးစဉ်အမှတ်၃ ဆုတ်ချိုခရီးစဉ်မှ အသုံးစရိတ်ထက် ပိုလျှံငွေ စုစုပေါင်း ဝမ် ၁၀ သိန်းတိတိအား သာသနာတော် အဓွန့်ရှည်တည်တန့်ပြန့်ပွါးရေးအတွက် ရည်စူးလျက် ၊ ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီးဖြစ်ပါကြောင်း နှင့် လှူဒါန်းမှု ကုသိုလ် အဖို့ဘာဂကို ၃၁ ဘုံသားတို့အား ဝမ်းမြောက်စွာ အမျှပေးဝေအပ်ပါကြောင်း ။

- ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးသွား မိတ်ဆွေ ညီအစ်ကိုမောင်နှမများနှင့် သာသနာချစ်ခင် သူတော်စင်အပေါင်းတို့ ဝမ်းမြောက်စွာ သာဓုခေါ်ကြပါလေကုန် ။

မေတ္တာဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၄-၀၈-၂၁

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, August 7, 2014

ဝမ်းမြောက်စွာ သာဓုခေါ်ပါလေကုန်

ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးစဉ် ၃ ခု အနက် ၊ နတ်ဆန်ဆာ နှင့် ဘူဆန်ဟဲအွန်ဒဲခရီးစဉ်တို့မှ ပိုလျှံငွေ စုစုပေါင်း ဝမ် ၅ သိန်း ၅ သောင်းအား သာသနာနော်အဓွန့်ရှည်တည်တန့်ပြန့်ပွါးရေးအတွက် ရည်စူးလျက် ၊ ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီးဖြစ်ပါကြောင်း နှင့် လှူဒါန်းမှု ကုသိုလ် အဖို့ဘာဂကို ၃၁ ဘုံသားတို့အား ဝမ်းမြောက်စွာ အမျှပေးဝေအပ်ပါကြောင်း ။

- ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးသွား မိတ်ဆွေ ညီအစ်ကိုမောင်နှမများနှင့် သာသနာချစ်ခင် သူတော်စင်အပေါင်းတို့ ဝမ်းမြောက်စွာ သာဓုခေါ်ကြပါလေကုန် ။


မေတ္တာဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၄-၀၈-၀၆

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, July 13, 2014

ဓမ္မဒူတ(ကိုရီးယား) စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

၂၀၁၄ခုနှစ် ဓမ္မဒူုတ (ကိုရီးယား) စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူပူဇော်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ၊ အတူတကွ ကုသိုလ်ယူ ပူဇော်နိုင်ကြစေရန် ကိုရီးယားနိုင်ငံရောက် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား နိဗ္ဗာန် အကျိုးမျှော်၍ လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်-
အလှူပွဲ အစီအစဉ်များ-
- ရက်စွဲ ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၀ ရက် (တနင်္ဂနွေနေ့)
- နေရာ ။ ဓမ္မဒူတ (ကိုရီးယား)
- နံနက် ၇နာရီ တွင် ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ်များအား ကြာဇံအာဟာရဖြင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမည် ။
- နံနက် (10:00) အချိန်မှ စတင်၍ ဧည့်သည်တော်များအား ထောပတ် ဆီဥ ထမင်းဖြင့် ကျွေးမွေး ဧည့်ခံပါမည်။
- နံနက် (11:15) အချိန် တွင် ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်ပူဇော်ပါမည် ။
- ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် အနုမောဒနာ တရားပွဲ ကို နေ့လည် (1:00) တွင် စတင်ပါမည်။

မှတ်ချက် -
- တယ်လီတော်ကီဘောလုံးအသင်းနှင့် တယ်လီတော်ကီဖုန်းဆိုင် မိသားစုတို့က အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း အလှူ ကုသိုလ်တော်ယူကြပါမည် ။
- ဝါဆို သင်္ကန်း တစ်စုံလျှင် ဝမ် ၃၀,၀၀၀ ဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ပါသည်။
- အဝေးရောက် ကုသိုလ်ရှင်များ အောက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ် ပါဝင်လှူဒါန်းနိုင်ပါသည် -
- စကားဝါ
- မြန်မာသူကြီး
- အမေ့အိမ်
- ရွက်လှအိမ်
- တယ်လီတော်ကီ
- ဆုံဆည်းရာ
- စိန်ပန်းပြာ

အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄-၀၇-၁၃

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 15, 2014

သီတဂူဆရာတော်ဘုရားကြီးနှင့် ၉၀ ခုနှစ် နှောင်းပိုင်းကာလများ

ရေးသားသူ — ခန့်နေသူတိုး



သီတဂူ ဆရာတော်ဘုရားကြီး ဒီတစ်ခေါက် ကိုရီးယားကို ကြွရောက်တဲ့ ခရီးစဉ်မှာ အခြားသူတော်စင် ညီအကို မောင်နှမများကဲ့သို့ ဆရာတော်ဘုရားကြီးကို အနီးကပ် ဝတ်ကြီးဝတ်ငယ် ပြုစုခွင့် မရတဲ့အတွက် ကျနော့်အနေနဲ့ ဆရာတော်ဘုရားကြီး အပေါ် ဆောင်းပါးလေး တစ်ပုဒ်နဲ့ ပူဇော်ဂုဏ်ပြု ရေးသားရရင် ကောင်းမယ်ဆိုတဲ့ ကုသိုလ်စိတ် ဖြင့် ယခု ဒီစာကို ရေးသားလိုက်ပါတယ် ။ ခေါင်းစဉ်ကိုတော့ “ သီတဂူ ဆရာတော်ဘုရားကြီးနှင့် ၉၀ ခုနှစ် နှောင်းပိုင်းကာလများ ” ဆိုပြီး ဆရာတော်ဘုရားကြီးကို ဘဝမှာ ပထမဆုံးအကြိမ် လူကိုယ်တိုင် အနီးကပ် ဖူးတွေ့ခွင့် ရခဲ့တဲ့ ၉၀ ခုနှစ် နှောင်းပိုင်း ၊ အတိအကျပြောရင်တော့ ၁၉၉၉ ခုနှစ် ဆောင်းရာသီကာလ ဆရာတော်ကြီးရဲ့ တရားတော်ကို နာကြားရပြီးတဲ့နောက် ဗုဒ္ဓဘာသာအပေါ် အနည်းငယ် စတင်နားလည်နိုင်ခွင့် ရခဲ့တဲ့ အကြောင်းကို ရေးသားတင်ပြမှာ ဖြစ်ပါတယ် ။

ကိုရီးယားကို ရောက်ပြီး တစ်နှစ်ကျော်အကြာ ၉၉ ခုနှစ် နှစ်ဦးပိုင်း ဆောင်းရာသီမှာ သီတဂူ ဆရာတော်ဘုရားကြီး ကိုရီးယားကို ကြွလာပါတယ် ။ ဘူချွန်းက ဆော့်ဂွမ်ဆာ ဘုန်းတော်ကြီးကျောင်းမှာ တရားဟောပါတယ် ။ မြန်မာတွေ အများကြီးလာပါတယ် ။ တရားနာကြွလာသူတွေထဲမှာ တရားချစ်ခင် သူတော်စင်တွေလည်း ပါသလို ဆရာတော်ကြီး ဘုန်းကြီးတော်မူလို့ နာမည်ကြီးတော်မူလို့ တွေ့ချင် မြင်ချင် ဖူးမျှော်ချင်လို့ လာကြတဲ့ သူတွေလည်း ရှိပါတယ် ။ မည်သို့ပင်ဆိုစေ .. အဆိုပါ တရားပွဲကို လာကြမယ်ဆိုရင်တော့ စည်းကမ်းတော့ ရှိဖို့ လိုအပ်သည်ပေါ့ ။ တရားပွဲကို ကျနော်တို့နဲု့ အတူ လိုက်ပါရစေဆိုပြီး ပါလာတဲ့ ဘာသာခြား သူငယ်ချင်း (မြန်မာနိုင်ငံသား ဘာသာခြား) က ပြောတဲ့ စကားတစ်ခွန်းကြောင့် အဲဒီနေ့က ရင်ထဲ ဆို့သွားရပါတယ် ။ “ လူတွေကလည်းဗျာ .. ဒီလောက် နာမည်ကြီး ဆရာတော်ကြီး ကြွလာတာတောင်မှ အချို့က အရက်တွေ သောက်လာကြသေးတယ် .. တရားပွဲလာတာပဲ တစ်ရက်လောက် မသောက်တော့ ဘာဖြစ်မှာမို့တုန်း .. ကျနော်တို့ဆို ဝတ်ပြုရင် ခြေတွေ လက်တွေကို ပြောင်နေအောင် ဆေးရတာ ” တဲ့ ။ ဆို့သွားတဲ့ ရင်ဟာ ဒေါသအဖြစ် ပြောင်းသွားတော့တယ်။ “ခင်ဗျားကလည်း ဖင်းခေါင်းလာကျယ်နေပြန်ပြီ .. ခင်ဗျားတို့က ခြေလက်ပဲ ဆေးတာ .. ရင်ထဲကို ဆေးလို့လား ” လို့ ပြန်ပြောလိုက်တော့ .. သူငယ်ချင်းက “အဲလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူးဗျာ .. ဆရာတော်ကြီးကို ခင်ဗျားတို့ ကိုယ်စား ကျနော်က အားနာလို့ပါ” တဲ့ ။ ကျနော့်ကို ဒေါသပြန်မထွက်တဲ့ အဲဒီ ဘာသာခြားရဲ့ စကားကြောင့် ထွက်ခဲ့မိတဲ့ ကျနော့်ရဲ့ အဓိပ္ပါယ်မဲ့ ဒေါသအပေါ် ခုထိ နောင်တရနေမိတုန်းပါ ။ ဘာလို့ ကျနော်ဟာ ကျနော့်လူမျိုး .. ကျနော့် ဘာသာဝင်တွေ အပေါ် မျက်ကန်းတစ္ဆေမကြောက် ကာကွယ်နေရတာလဲ .. ဘာလို့ သင့်မသင့်ဆိုတဲ့ စဉ်းစားချင့်ချိန်နိုင်မှုတွေ မထားနိုင်ရတာလဲ .. ဘာလို့ ရဲရဲရင့်ရင့် မှားရင်မှားတဲ့အပေါ် မဝေဖန်ရဲ ဖြစ်နေရတာလဲ .. ဘာလို့ အခြားသူတွေ ဝေဖန်လာတာကို ကြက်ခေါင်းဆိတ်မခံ တုန့်ပြန်ချင်နေရတာလဲ .. ကိုယ့်ကိုယ်ကို ပြန်မေးမိတဲ့ မေးခွန်းတွေနဲ့အတူ များစွာသော အတွေးတွေလည်း ပေါက်မိပါတယ် ။

တရားပွဲစတော့ ဆရာတော်ဘုရားကြီးက တရားနာ ပရိသတ်ကို ဝေ့ဝိုက်ကြည့်တော်မူပြီး တစ်ဆက်တည်းမှာပဲ ပြုံးတော်မူပါတယ် ။ “ အေးကွာ .. မင်းတို့ကောင်တွေကို အရမ်း အမြင့်ကြီးတွေ ဟောနေရင်လည်း ငါပဲ ပင်ပန်းမယ် .. အပြင်ဖက်မှာကလည်း မိုက်ကြီးနဲ့ အော်နေသံကြားတယ် .. ဆေးလိပ်တိုတွေကို တွေ့ကရာ မပြစ်ကြပါနဲ့ .. တဲ့ ။ ဆေးလိပ်သောက်တာတောင် လွန်လှပြီ .. ဆေးလိပ်တိုကို အမှိုက်ပုံးထဲ ပြစ်ဖို့အထိ လိုက်ပြောနေရသေးတော့ လွန်တာပေါ့ကွာ .. အဲတော့ ဒီကနေ့ မင်းတို့နဲ့ ကိုက်ညီတာ .. လိုက်လို့ မှီတာလောက်ပဲ ဟောမယ်” ဆိုပြီး တဟားဟားနဲ့ ဒေါသမပါ ရယ်မောရင်းက တရားပွဲကို စတော်မူပါတော့တယ် ။ ဗုဒ္ဓဘာသာဝင် သူတော်စင် တရားနာ ပရိသတ်ကြီးထဲက အချို့ကလည်း ဟဲဟဲ ဟဲဟဲ နဲ့ လိုက်ရယ်ကြပါတယ် ။ ကောင်းပါတယ် ။ (စိတ်ညစ်ဖို့ )

“Buddhism is not religion. ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဝါဒဆိုတာ ကိုးကွယ်မှု မဟုတ်ဘူး .. ကိုးကွယ်ရမယ့် အရာ မဟုတ်ဘူး” တဲ့ ။ အရင်းမရှိ အဖျားမရှိ ကောက်ကာငင်ကာ မိန့်ကြားလိုက်တဲ့ ဆရာတော်ကြီးရဲ့ စကားကို ကြားလိုက်ရတော့ ကျနော့် နရင်းပါးရင်းတွေ ပူထူသွားပါတော့တယ် ။ အရွယ်ကလည်း ငယ်သေးတယ် ။ တရားနာ အတွေ့အကြုံ ကလည်း သိပ်မရှိသေး .. ဗုဒ္ဓဘာသာဟာ ကိုးကွယ်ရာ မဟုတ်ရင် ဘာတုန်း .. ကျနော့် မျက်လုံးနှလုံးဟာ ဆရာတော်ဘုရားကြီးဆီ ရောက်သွားပါတော့တယ် ။ ဆရာတော်ဘုရားကြီးက စကားကို ခေတ္တ ဆိုင်းထားလိုက်ရင်း ပရိသတ်ကို တစ်ဦးချင်းစီ လိုက်ကြည့်တော်မူနေပါတယ် ။ အဲဒီမှာ ကျနော်နဲ့ မျက်လုံးချင်းဆုံမိတယ် ။ ကျနော် ရင်တွေ ခုန်နေတယ် ။ အသက်ရှူသံတွေလည်း ပြင်းနေတယ် ။ ဗုဒ္ဓဘာသာဟာ ကိုးကွယ်ရာ မဟုတ်ရင် ဘာတုန်း .. ရှင်းပြတော်မူပါဘုရား .. လို့ ရင်ထဲနေ လျှောက်ထားလိုက်ပါတယ် ။ အဲဒီအချိန်မှာပဲ ဆရာတော်ဘုရားကြီးက ကျနော့်မျက်လုံးတွေထဲကို စိုက်ကြည့်ရင်း .. “Buddhism is not religion. ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဝါဒဆိုတာ ကိုးကွယ်မှု မဟုတ်ဘူး .. ကိုးကွယ်ရမယ့် အရာ မဟုတ်ဘူး .. Buddhism is just belief. သက်ဝင်ယုံကြည်မှုသာ ဖြစ်တယ်” တဲ့ ။ လုံးဝပွင့်သွားတယ် .. လင်းသွားတယ် .. ပြီးတော့ ရှင်းသွားတယ် .. တိမ်တိုက်တွေထဲကို ပြုတ်ကျသွားသလို အိကနဲ စိမ့်ကနဲ့ ။ ဆရာတော်ဘုရားကြီးက ဆက်လက်မိန့်ကြားတယ် .. သက်ဝင်ယုံကြည်ဖို့အတွက် “ understanding ” လို့ခေါ်တဲ့ သိမြင်နားလည်မှုဆိုတာ လိုအပ်တယ် ။ နားမလည်ပဲနဲ့ ဘယ်လိုမှ သက်ဝင်ယုံကြည်မှုဆီ ရောက်မှာ မဟုတ်ဘူး ။ သက်ဝင်ယုံကြည်မှု မပါပဲ ကိုးကွယ်မှုသက်သက်နဲ့ ဗုဒ္ဓဘာသာ အမည်ခံထားရင်လည်း မင်းတို့ စောစောက မိုက်နဲ့ လိုက်ပြောနေရတဲ့ ဆေးလိပ်တိုတွေကို ဘုန်းကြီးကျောင်းထဲမှာ မပြစ်ကြပါနဲ့ ဆိုတဲ့ အဆင့်လောက်ပဲ ရောက်မှာပဲ .. အဲဒီက တက်မှာ မဟုတ်ဘူး .. အဟေးဟေးဟေး ( ဆရာတော်ဘုရားကြီး ရယ်သံ) ငါပြောတာကို နားလည်ကြရဲ့လားဟေ့ .. လုပ်ကြစမ်းပါ .. ဗုဒ္ဓကို နားလည်ဖို့ ဓမ္မကို နားလည်ဖို့ .. ကျိုးစားကြစမ်းပါကွ .. လူငယ်တွေ .. တက်လူတွေ .. မင်းတို့ အနာဂါတ်အတွက် .. မင်းတို့ ဘဝအတွက်ပြောတာ .. ဗုဒ္ဓကို နားလည်ဖို့ ကျိုးစားနေတဲ့လူ .. ဓမ္မကို နားလည်ဖို့ ကျိုးစားနေတဲ့လူ .. ဘယ်တော့မှ မတိမ်ကောဘူးဟေ့ .. အေး နားမလည်ပဲ ကိုးကွယ်ရုံပဲ ကိုးကွယ်နေလို့ကတော့ တို့ ဗုဒ္ဓဘာသာ ကမ္ဘာမှာ တစ်နေ့ ပျောက်သွားမယ်မှတ် .. အေး ဒီနေ့တော့ ဒီလောက်ပဲဟေ့ .. ရှေ့နှစ်ခါကျ တစ်ခါ ပြန်လာခဲ့မယ် .. အဲတော့မှ မင်းတို့ကို ဒီထက် နဲနဲ မြင့်တဲ့ တရားတွေ ဟောပေးမယ် .. ဟုတ်ပလား ”

ဒါ .. သီတဂူ ဆရာတော်ဘုရားကြီးကို ဘဝမှာ ပထမဆုံးအကြိမ် ဖူးတွေ့ခဲ့ရစဉ်က အတွေ့အကြုံပါ ။ ဒီလိုနဲ့ ၁၉၉၉ ခုနှစ်က စတင်ပြီး ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးတော်ကြောင့် ဘာသာတရားတွေအပေါ် အထူးသဖြင့် ဗုဒ္ဓဘာသာ အပေါ် ထားရှိရမယ့် .. ခံယူရမယ့် .. သုံးသပ်ရမယ့် .. ဆုံးဖြတ်ရမယ့် .. တိုင်းတာရမယ့် .. နှိုင်းစာရမယ့် .. အလေ့အကျင့် အယူအဆတွေ ဖြစ်တည်လာခဲ့ပါတော့တယ် .. လို့ တင်ပြရင်း .. ဆရာတော်ဘုရားကြီးအား လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ တပည့်တော် မောင်ခန့်နေသူတိုးမှ ရှစ်ခိုးဦးတင်လိုက်ပါတယ် .. ဘုရား ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, September 13, 2013

ရေးသားသူ — စိုင်းဒြား

ဖခင်ကြီးနှစ်လည်ဆွမ်းအလှူဖိတ် ကြားစာ


လွန်ခဲ့သော ၁နှစ်က ဘဝ တစ်ပါးသို့ပြောင်းသွားသည့်ကိုစောအောင်သင်း(ရခိုင်အသင်း(ကိုးရီးယား)) ၏ချစ်လှစွာသောဖခင်ကြီး အားရည်စူး၍ မြတ်စွာဘုရားအမှူးပြူသော သံဃာတော် အရှင်သူမြတ်တို့အားဆွမ်းခဲဘွယ်ဘောဇဉ်အာဟာရတို့ကို ဆက်ကပ်လှူဒါန်း ပြီးကုသိုလ်ပြု အမျှအတန်းပေးဝေ လိုပါသဖြင့် ကြွ ရောက်ကုသိုလ် ယူတော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ် ပါသည်။

နေ့စွဲ- ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၅ရက် (တနင်္ဂနွေနေ့)

အချိန်- နံနက် ၆နာရီ ၃၀မိနစ် မှ နေ့လည် ၁နာရီ၃၀မိနစ်ထိ

နေရာ- မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော် ကိုးရီးယား (အလုပ်သမားကျောင်း)
 


အာရုံဆွမ်း(ရခိုင်မုန့်တီ) ၊ နေ့ဆွမ်း( ရခိုင်ချက်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, July 25, 2013

ပထမအကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဝါဆိုဦး အထူးတရားပွဲတော်ဖိတ်ကြားခြင်း

ရေးသားသူ — ကိုမွန်လေး



        ကိုးရီးယားနိုင်ငံ ချိုချီဝမ်မြို့  အဖြူရောင်သူငယ်ချင်းများမှ ပထမကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ နှင့်ဝါဆိုဦး အထူးတရားပွဲကို ဝေါဆရာတော် အရှင်သုမင်္ဂလ မြန်မာဗုဒ္ဓ သာသနာ ပြု ကျောင်းတော် (ကိုရီးယား)အား အမှူးထား၍   အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ မည်ဖြစ်ပါသဖြင့်ကျနော်တို့နှင့်အတူကုသိုလ်တော်ယူကြပါရန်အဝေးရောက်သူငယ်ချင်းများအားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ။
နေရာ
   ဒယ်ဆောင် ရောင်းမား (ချိုချီဝမ်)

အချိန်
 (စနေနေ့ ည ၈ နာရီ ၃၀ )

နေ့ရက်
၁။  ၂၀၁၃ခုနှစ် ဇူလိုင်လ ၂၇ ရက် ညနေ  
၂။  ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်  (တနင်္ဂနွေ နေ့ မနက် )

အစီအစဉ် (၁)
ဝေါ ဆရာတော် အရှင် သုမင်္ဂလ မြန်မာဗုဒ္ဓသာသနာပြုကျော်တော် (ကိုရီးယား)မှ
ဝါဆိုဦး အထူးတရားပွဲ ဟောကြားမည်ဖြစ်ပါသည် ။ ။

အစီအစဉ်(၂)
အာရုံဆွမ်းကပ်လှုပြီး သီလခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက် ကပ်လှူဒါန်းခြင်း၊တရားနာယူခြင်း၊အလှူတော်အစုစုအတွက်ရေစက်ချအမျှအတန်းပေးဝေခြင်းတို့ ဖြစ်ပါသည်။ ။
                                                   
လေးစားစွာဖြင့်

ချိုချီဝမ်မှ အဖြူရောင်သူငယ်ချင်းများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, May 5, 2013

ကွယ်လွန်သူ မိခင်ဖြစ်သူအား ရည်စူး လှူဒါန်း အမျှပေးဝေ

၂၀၁၃ ခုနှစ် မေ ၅ ရက် တနင်္ဂနွေနေ့  ဂယောင်ဂီဒို အာန်ဆာန်မြို့ရှိ သန္တိကရ၀ိဟာရကျောင်း၌ လွန်ခဲ့သော တစ်ပတ်က ကွယ်လွန်သွားရှာသော မိခင်ကြီး ဒေါ်မြလွင် (ခ) မပေ့န် အသက် ၄၉ နှစ်အား ရည်စူးပြီး သားဖြစ်သူ ကိုတင်အောင်မိုးက ကျောင်းထိုင်ဆရာ ဦးသုဝဏ္ဏနှင့်အတူ ပင့်သံဃာတော်များဖြစ်ကြသည့် ကိုရီးယားနိုင်ငံသို့ ဆေးကုသရန် ထပ်မံ ရောက်ရှိလာသော ထီးချိုင့်မြို့ ကြက်တကောင်းကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇာဂရ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)က ဦးသုမင်္ဂလ (ဝေါ်ဆရာတော်၊ ပဲခူးမြို့)နှင့် ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းတော် (ကိုရီးယား)က ဦးကိတ္တိသာရတို့အား ဆွမ်းခဲဘွယ် ဘောဇဉ်များ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှပေးဝေကြပါသည်။ ကြွရောက်လာကြသူများကိုလည်း မြန်မာ့ထမင်း၊ ဟင်းများနှင့် ဧည့်ခံပါသည်။  ကွယ်လွန်သူ ဒေါ်မြလွင် (ခ) မပေ့န်နှင့်အတူ နတ်လူ သာဓု ခေါ်စေသော်။
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, April 29, 2013

ဒေါ့ဆာန် ဘုန်းတော်ကြီး မွေးနေ့

၂၀၁၃ခုနှစ် ဧပြီ ၂၉ ရက် တနင်္လာနေ့ နံနက် ၁၁ နာရီခွဲအချိန် ဂယောင်န်ဂီပြည်နယ် ယုန်အင်န်မြို့ရှိ ဂျိုဂယဲဂျူန်ဝင် ဘိုမု(န်)ဂျောန်ဆာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဒေါ့ဆာန် ဘုန်းတော်ကြီး၏ ၅၈ နှစ်မြောက် မွေးနေ့ ဆုတောင်း မေတ္တာ ပို့သပွဲသို့ ဦးဥာဏိသရ (အိန္ဒိယ၊ ကုသိနာရုံဆရာတော်)၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)က ဦးသုမင်္ဂလ (ဝေါ်ဆရာတော်)နှင့် ဦးဥတ္တရ၊ အန်ဆန် သန္တိကရ၀ိဟာရကျောင်း ဆရာတော် ဦးသုဝဏ္ဏ၊ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) က ဦးကိတ္တိသာရတို့ တက်ရောက်ကြပါသည်။ ကြွရောက်လာကြသော မြန်မာဘုန်းတော်ကြီးများနှင့် ကိုရီးယား ဘုန်းတော်ကြီးများကို ရွှေရတု ဒေါ်သန်းတင်က ၀တ္တုများ လှူဒါန်း၍ မွေးနေ့ရှင် ဒေါ့ဆာန် ဆရာတော်ကလည်း လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြုသမျှ ကုသိုလ်အပေါင်းကို ရေစက်ချ အမျှပေးဝေကြပါသည်။ နတ် လူ သာဓု ခေါ်စေသော်။ အဆိုပါ ဘိုမု(န်)ဂျောန်ဆာ ကျောင်းတော်တွင် ဗုဒ္ဓ မြတ်စွာဘုရား၏ ပါဒစေတီကို ပူဇော်ထားသော ကျောင်းတော်ဖြစ်ပါသည်။

 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 20, 2013

KBJ သင်တန်းသား မိသားစုတို့၏ နေ့ဆွမ်း အလှူနှင့် တရားနာ ဖိတ်ကြားလွှာ


၂၀၁၃ ခုနှစ် ဧပြီ ၂၀ ရက် စနေနေ့ နံနက် ၁၁နာရီ ၁၅ မီနစ်အချိန် ဦးအောင်ကိုကိုလတ် KBJ (Ko Bu Jar) နှင့် သင်တန်းသား မိသားစုများက မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် သီတင်းသုံးနေကြသော ဦးသုမင်္ဂလ (ဓမ္မကထိက - ဝေါဆရာတော်)နှင့် ဦးဥတ္တရတို့အား နေ့ဆွမ်း ဆပ်ကပ် လှူဒါန်းကြပါသည်။ နတ်၊ လူ သာဓုခေါ်စေသော်။
ယနေ့ ည ၈ နာရီ ၃၀ မီနစ်အချိန်တွင် ဦးသုမင်္ဂလ (ဝေါဆရာတော်)က ဘာကို တန်ဘိုးထားမလဲ? ခေါင်းစဉ်ဖြင့် တရားချီးမြှင့်၍ အလှူဒါနအတွက် ရေစက်ချ အမျှတန်းပေးဝေမှာ ဖြစ်ပါသဖြင့် တရားနာကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။. 
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

လှရတနာဆရာတော်၏ ပါဒစေတီတော် ပူဇော်ပွဲ အောင်မြင်စွာ ပြီးဆုံး

၂၀၁၃ခုနှစ် ဧပြီ ၁၉ ရက် သောကြာနေ့ ည မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား) တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ညောင်တုန်းကျောင်းတိုက် လှရတနာကျောင်း (ကျော်လေးကျော်)ဆရာတော် ဦးနာရဒါဘိဝံသက မြတ်စွာဘုရား၏ ပါဒစေတီတော် ပူဇော်ကန်တော်ကြပြီး ပါဒစေတီတော်အကြောင်း တရားတော်ကို ဟောတော်မှု၍ ရေစက်ချ အမျှပေးဝေတော်မှုကြပါသည်။ နတ်လူသာဓု ခေါ်စေသော်။

 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 8, 2013

ကြက်တကောင်း ဆရာတော် အသျှင် ဇာဂရ ဇီဝိတ ဒါနအလှူ ဝမ် သိန်း ၇၀ ကျော်ပါပြီ

ဇန်နဝါရီ ၈ ၊ အင်ချောန်း ။
ကြက်တကောင်း ဆရာတော် အသျှင် ဇာဂရ ကျောက်ကပ်ခွဲစိတ်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ တစ်နံတစ်လျားမှ ဒါယကာ ဒါယိကာမများက ဇီဝိတဒါနအဖြစ် ဆက်လက်လှူဒါန်းလျက်ရှိကြရာ ၊ ယမန်နေ့က အလှူငွေပေါင်း ဝမ် ၉ သိန်း ၆သောင်း ၅ထောင် ထပ်မံရှိခဲ့ကြောင်း နှင့် ယမန်နေ့အထိ ရရှိပြီး အလှူငွေစုစုပေါင်းမှာ 72 သိန်း 6 သောင်း 7 ထောင် နှင့် 13 ဝမ် (7,267,013) ဖြစ်ပြီး ၊ အလှူရှင်များစာရင်းကို(ဤနေရာ)တွင် ကြည့်ရှုနိုင်ကြောင်းသိရသည် ။

ဆရာတော်ကြီး၏ ကျောက်ကပ်အား ၊ အပြီးသတ်ခွဲစိတ်နိုင်ရန်အတွက် အလှူငွေများကို ဆက်လက် လက်ခံသွားမည်ဖြစ်ကြောင်း နှင့် ၊ အောက်ပါအတိုင်း ဆက်လက်လှူဒါန်းနိုင်ကြောင်း သိရပါသည် -
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, January 6, 2013

ကြက်တကောင်း ဆရာတော် အသျှင် ဇာဂရ ကျောက်ကပ် အနာ ဒုတိယဆင့် အောင်မြင်စွာ ခွဲစိတ်ပြီးစီး ၊ အပြီးသတ် ၃ကြိမ် ဆက်လက်ခွဲစိတ်မည်

ဇန်နဝါရီ ၆ ၊ အင်ချောန်း ။
ကြက်တကောင်း ဆရာတော် အသျှင် ဇာဂရသည် မြန်မာဗုဒ္ဓသာသနာပြုကျောင်း (ကိုရီးယား)တွင် ခေတ္တ သီတင်းသုံးပြီး ဆိုးလ် (ဆောအုလ်) အန်ဆန် ဆေးရုံကြီးတွင် ဒီဇင်ဘာ ၂၅ ရက်က တက်ရောက်၍ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ကျောက်ကပ်အတွင်းရှိ ကျောက်ခဲများကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါသည်။
ကုန်ကျစရိတ်မှာ ဝမ် သိန်း ၁၀၀ ကျော် ဖြစ်သည်။

နောက်ထပ် ဇန်န၀ါရီ ၂ ရက်နေ့တွင် အန်ဆန်း ဆေးရုံကြီးသို့ ပြန်လည် တက်ရောက်ပြီး ဇန်န၀ါရီ ၃ ရက် ညနေ ၃ နာရီအချိန်တွင် ကျောက်ကပ်အတွင်းရှိ ကျောက်ခဲများကို အောင်မြင်စွာ ဆက်လက် ခွဲစိတ် ကုသနိုင်ခဲ့ပါသည်။ ဘယ်ဘက် ကျောက်ကပ်အတွင်းရှိ အဓိက ပိတ်ဆို့နေသည့် ကျောက်ခဲလုံးကြီးများကို အောင်မြင်စွာ ခွဲစိတ်ကုသပြီးသွားပြီ ဖြစ်ပါသည်။ ကျောက်ကပ် ဘယ် ၊ ညာ ၂ ဘက်စလုံးတွင် ကျန်ရှိသေးသည့် ကျောက်အကြွင်းအကျန်များကို လာမည့် ဇန်န၀ါရီလ ၇ ရက်၊ ၉ ရက်၊ ၁၁ ရက်နေ့များတွင် လေဆာဖြင့် ဆက်လက် ခွဲစိတ် ကုသမှု ခံယူရပါဦးမည်။

ဆက်လက်ပြုလုပ်မည့် ခွဲစိတ်မှုများ သည် ကျောက်ကပ်ထောင့် အသီးသီးတွင် ရှိနေသော ကျောက်ခဲလေးများကို လေဆာဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်မည့် ခွဲစိတ်မှုဖြစ်ပါသည် ။

ဆရာတော် အသျှင် ဇာဂရသည် ယခု အန်ဆန်း ဆေးရုံကြီး ၁၁ထပ်ရှိ အခန်းအမှတ် ၃၃ တွင် ကျန်းမာစွာ ဆေးကုသခံယူ လျက်ရှိပါကြောင်း ဆရာတော်အနေနှင့်လည်း အခက်အခဲများစွာထဲက ကိုရီးယား မြန်မာနိုင်ငံသားများ ကိုရီးယားသားများ၏ လှူဒါန်းမှုကို အထူး ၀မ်းသာ ကျေးဇူးတင်လျက် ရှိနေပြီး မေတ္တာများ ပွားများလျက် ရှိပါကြောင်းသိရသည်။

ဆရာတော်၏ သတင်းမေးမြန်းလိုပါက ဦးဇော်မိုးအောင် ၀၁၀ ၈၈၉၄ ၄၇၇၀ သို့ ဖုန်းဆက် မေးမြန်းနိုင်ကြောင်း၊ ယမန်နေ့အထိ ရရှိပြီး အလှူငွေမှာ 63 သိန်း 2 ထောင် 13 ဝမ် (6,302,013) ဖြစ်ပြီး ၊ အလှူရှင်များစာရင်းကို(ဤနေရာ)တွင် ကြည့်ရှုနိုင်ကြောင်းသိရသည် ။

ထို့ပြင် အခြေအနေအရ အလှူငွေများကို ဆက်လက် လက်ခံသွားမည်ဖြစ်ကြောင်း နှင့် ၊ အောက်ပါအတိုင်း ဆက်လက်လှူဒါန်းနိုင်ကြောင်း သိရပါသည် -
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 4, 2013

ကြက်တကောင်း ဆရာတော် ကျောက်ကပ် အလှူ ၊ ဇန္နဝါရီ ၃ရက်နေ့ ၁၄သိန်းကျော်ရရှိ

ဇန္နဝါရီလ ၄ ၊ အင်ချောန်းမြို့တော်
ထီးချိုင့်မြို့ ကြက်တကောင်းကျေးရွာ ကြက်တကောင်း ကျောင်းထိုင်ဆရာတော်ကြီး အရှင် ဇာဂရ ကျောက်ကပ် ခွဲစိတ်မှုအလှူတော်အတွက် ဇီဝိတဒါနအလှူတော်အဖြစ် စုပေါင်း ပါဝင်ကူညီလှူဒါန်းလျက် ရှိကြရာ ယမန်နေ့က အလှူတော်ငွေ ဝမ် ၁၄ သိန်း ၂ သောင်းရရှိကြောင်း ၊ ယနေ့အထိ ရရှိပြီး အလှူငွေစုစုပေါင်းမှာ ဝမ် ၄၉ သိန်း ၇ သောင်း ၂ ထောင် ၁၃ ဖြစ်ကြောင်း နှင့် အလှူရှင်များစာရင်းကို (ဤနေရာCLICK) တွင် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည် ။

အလှူငွေများကို ၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၇ ရက်နေ့ ထိ လက်ခံသွားမည်ဖြစ်ပြီး ၊ အောက်ပါ ပုဂ္ဂိုလ်များထံမှ တစ်ဆင့် လှူဒါန်းနိုင်ကြကြောင်းသိရသည်-
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, January 3, 2013

ကြက်တကောင်း ဆရာတော်အရှင် ဇာဂရ ကျောက်ကပ် အလှူတော် ဆက်လက်လှူဒါန်းကြဆဲ

ဇန္နဝါရီ ၃ ၊ အင်ချောန်းမြို့တော်
ထီးချိုင့်မြို့ ကြက်တကောင်းကျေးရွာ ကြက်တကောင်း ကျောင်းထိုင်ဆရာတော်ကြီး အရှင် ဇာဂရ ကျောက်ကပ် ခွဲစိတ်မှုအလှူတော်အတွက် ကိုရီးယားနိုင်ငံရှိ ၊ အလှူရှင်များက ဇီဝိတဒါနအလှူတော်အဖြစ် ဆက်လက် ပါဝင်လှူဒါန်းလျက် ရှိကြရာ လွန်ခဲ့သော ဒီဇင်ဘာ ၃၁ ရက်က မြန်မာဗုဒ္ဓသာသနာပြုကျောင်း (ကိုရီးယား)၊ ကျောင်း ဝေယျာဝစ္စ အလုပ်အမှုဆောင်အဖွဲ့နှင့် ခေတ္တ နေထိုင်သူ မိတ်ဆွေများ တစ်စုက ဝမ် ၁၇သိန်း ၅ သောင်း လှူဒါန်းခဲ့ကြပြီး၊ အလှူတော်ငွေများကို ဆရာတော် အရှင်ဇာဂရ ကိုယ်စား ဦးဇော်မိုးအောင်က ကပ္ပိယကာရက အဖြစ် ဆောင်ရွက်လက်ခံပေးခဲ့ကြောင်း သိရသည်။


(ဓာတ်ပုံ ၊ ကပ္ပိယအဖွဲ့)

ယမန်နေ့အထိ အလှူတော်ငွေ ဝမ် ၃၅ သိန်း ၅ သောင်း ၂ ထောင် နှင့် ၁၃ ရရှိပြီးဖြစ်ကြောင်း နှင့် အလှူရှင်များစာရင်းကို (ဤနေရာCLICK) တွင် ကြည့်ရှုပြီး သာဓု အနုမောဒနာပြုနိုင်ကြကြောင်း သိရသည် ။

အလှူငွေများကို ၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၇ ရက်နေ့ ထိ လက်ခံသွားမည်ဖြစ်ပြီး ၊ အောက်ပါ ပုဂ္ဂိုလ်များထံမှ တစ်ဆင့် လှူဒါန်းနိုင်ကြကြောင်းသိရသည်-
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 1, 2013

ကြက်တကောင်း ဆရာတော်အရှင် ဇာဂရ ကျောက်ကပ် အလှူတော် ဆက်လက် လှူဒါန်း

ဇန္နဝါရီ ၁ ၊ အင်ချောန်းမြို့တော်
ထီးချိုင့်မြို့ ကြက်တကောင်းကျေးရွာ ကြက်တကောင်း ကျောင်းထိုင်ဆရာတော်ကြီး အရှင် ဇာဂရ ကျောက်ကပ် ခွဲစိတ်မှုအလှူတော်အတွက် ကိုရီးယားနိုင်ငံရှိ ၊ အလှူရှင်များက ဇီဝိတဒါနအလှူတော်အဖြစ် တတ်စွမ်းသမျှ စုပေါင်း ပါဝင်ကူညီလှူဒါန်းလျက် ရှိကြရာ ယမန်နေ့က အလှူတော်ငွေ ဝမ် ၅ သိန်း ၃ သောင်းထပ်မံရရှိကြောင်း ၊ ရရှိပြီး စုစုပေါင်းအလှူငွေမှာ ၁၃ သိန်း ၇ သောင်းဖြစ်ကြောင်း နှင့် အလှူရှင်များစာရင်းကို (ဤနေရာCLICK) တွင် ကြည့်ရှုပြီး သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြောင်း သိရှိရပါသည် ။

အလှူငွေများကို ၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၇ ရက်နေ့ ထိ လက်ခံသွားမည်ဖြစ်ပြီး ၊ အောက်ပါ ပုဂ္ဂိုလ်များထံမှ တစ်ဆင့် လှူဒါန်းနိုင်ကြကြောင်းသိရသည်-
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 31, 2012

ကြက်တကောင်း ဆရာတော်အရှင် ဇာဂရ ကျောက်ကပ် အလှူတော်စာရင်း ထုတ်ပြန်

ဒီဇင်္ဘာလ ၃၁ ၊ အင်ချောန်းမြို့တော်
ထီးချိုင့်မြို့ ကြက်တကောင်းကျေးရွာ ကြက်တကောင်း ကျောင်းထိုင်ဆရာတော်ကြီး အရှင် ဇာဂရ ကျောက်ကပ် ခွဲစိတ်မှုအလှူတော်အတွက် ကိုရီးယားနိုင်ငံရှိ ၊ အလှူရှင်များက ဇီဝိတဒါနအလှူတော်အဖြစ် တတ်စွမ်းသမျှ စုပေါင်း ပါဝင်ကူညီလှူဒါန်းလျက် ရှိကြရာ ယမန်နေ့က အလှူတော်ငွေ ဝမ် ရှစ်သိန်း ၄ သောင်းရရှိကြောင်း နှင့် အလှူရှင်မျာဒစာရင်းကို (ဤနေရာCLICK) တွင် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည် ။

အလှူငွေများကို ၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၇ ရက်နေ့ ထိ လက်ခံသွားမည်ဖြစ်ပြီး ၊ အောက်ပါ ပုဂ္ဂိုလ်များထံမှ တစ်ဆင့် လှူဒါန်းနိုင်ကြကြောင်းသိရသည်-
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, November 8, 2012

ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ


ရေးသားသူ — သန္တိကရဝိဟာရကျောင်းတော်

၁၃၇၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက် (11.11 2012) တနင်္ဂနွေနေ့တွင် ကျောင်းကော်မတီ အဖွဲ့ ၊ ဘုရားအလှူရှင်“စိတ္တသာမဂ္ဂီ”သူငယ်ချင်းများနှင့် အားလုံးစုပေါင်း၍ သံဃာတော် အရှင်သူမြတ် များနှင့် ဧည့်ပရိသတ် အပေါင်းအား ကိုရီးယား ဘူဖေးဖြင့် အာဟာရ ဒါနပြု၍ အန်ဆန်းမြို့ သန္တိကရ ဗုဒ္ဓဝိဟာရ၌ ပထမအကြိမ် စုပေါင်း ဘုံမဟာကထိန် အလှူတော်မင်္ဂလာပွဲ ပြုလုပ်မည်ဖြစ်ပါ၍ တစ်ဦးချင်း သော်လည်းကောင်း၊ သူငယ်ချင်းများ စုပေါင်း၍ သော်လည်းကောင်း သင်္ကန်းစသည့် လှူဒါန်းဖွယ်ရာ အဖြာဖြာနှင့် ဆွမ်းဆက်ကပ်မှု အတွက်လည်း သဒ္ဓါတတ်အား နည်းများမဆို လာရောက်လှူဒါန်း ကုသိုလ် ပွားများနိုင်ရန် နိုးဆော် တိုက်တွန်းလျှက် ကြွရောက်ကြပါရန် ဖိတ်ကြား အပ်ပါသည်။ ပဒေသာပင် သီးလိုသူ များအတွက်လည်း အဆင်ပြေအောင် စီစဉ်ထားပါသဖြင့် ကြိုက်နှစ်သက်ရာ ပစ္စည်းများဖြင့် ပဒေသာပင်၌ အသီး သီးနိုင်ပါသည်။

ကြိုတင်၍ ဆက်သွယ်လှူဒါန်းလိုသူများအတွက်

*ကိုကျော်မိုး (ဝ၁ဝ-၅၁၀၂-၉၉၂၆)          *ကိုဖိုးထောင် (ဝ၁ဝ-၅၅၉၅-၆၆၄၉)
*ကိုလွင်အောင် (ဝ၁ဝ-၉၄၅၂-၇၄၇၅)      *ကိုယဉ်ထွေး (ဝ၁ဝ-၂၆၂၁-၉၂၄၃)
*ကိုဆန်းလွင်ထွန်း (ဝ၁ဝ-၃၄၂၉-၀၃၂၄   * ကိုမောင်မောင်-လမင်းအိမ် (ဝ၁၁-၄၇၂-၂၈၃၈)

နေရာ = သန္တိကရဝိဟာရကျောင်းတော် အန်ဆန်းမြို့
အချိန် = နေ့လည် ၁ နာရီတွင် ရေစက်ချ တရားတော်နာ
ဧည့်ခံမှု = ကိုရီးယား ဘူဖေးဖြင့် မနက် ၁၁ နာရီမှစတင် ဧည့်ခံပါမည်။

ကျောင်းအကျိုးတော်ဆောင်အဖွဲ့ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, September 20, 2012

ကိုရီးယားချူးဆောက်(၂၀၁၂) ပိတ်ရက် ၊ ဆရာတော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယား ဓမ္မဒူတခရီး ကြွရောက်ချီးမြင့်တော်မူမည်



ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒသည် ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ ၁) အတွင်း ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း နှင့် ဆရာတော်ကြီး၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်-


၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၉ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဒေါ်စန်း(မိုးညှင်း)နှင့် ရွှေကချင်ညီနောင်များ (ကိုရီးယား) လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာသို့ ချီးမြှောက်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။

၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၃၀ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် တတိယအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သတ္တမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။


၂၀၁၂ခုနှစ် အောက်တိုဘာလ ၁ ရက် (တနင်္လာနေ့)
နံနက် ၆နာရီ ၄၅ မိနစ်အချိန်တွင် ၊ ဓမ္မဒူတဝေယျာဝစ္စအဖွဲ့က ကလှူဒါန်းမည့် အရုဏ်ဆွမ်းအလှူတော်ကိုလည်းကောင်း ၊ နေ့လည် ၁၁နာရီ ၁၅မိနစ်အချိန်တွင် နေ့ဆွမ်းအလှူတော်ကို လည်းကောင်း ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁နာရီ ၃၀မိနစ် အချိန်တွင် ၊ ၂၀၁၂ခုနှစ် ချူးဆောက် အထူးတရားပွဲကို ချီးမြှင့်တော်မူပြီး ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွရောက်တော်မူပါမည် ။



ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၀ ရက် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>