Showing posts with label ၊မောင်းသတင်း. Show all posts
Showing posts with label ၊မောင်းသတင်း. Show all posts
Thursday, July 17, 2014
ဘူဆန် ရှိ ယန်ဆန်း ဘူတာ ဘေးတွင် ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကျင်းပမည်
ကိုရီးယားနိုင်ငံ ဘူဆန် ၊ ယန်ဆန်း ဘူတာ ဘေးတွင် မကြာမီ ထုတ်ပြန်တော့မည့် ထွဲဂျီဂုမ် ဥပဒေသစ် ဆန့်ကျင်ပွဲကို ဇူလိုင်လ(၂၀) ရက် ညနေ(၅) နာရီတွင် ကျင်းပမည် ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ ဘူဆန် ၊ ဂမ်ဟဲ ၊ ယန်ဆန်း အနီးအနားရှိ အလုပ်သမားအဖွဲ့ အစည်းပေါင်းစုံ မှ စုပေါင်းကာ ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဟောပြောကြမည် ဖြစ်ပါသည်။
ဘူဆန် ၊ ဂမ်ဟဲ ၊ ယန်ဆန်း အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့မှလည်း မိမိတို့အတွက် ရပိုင်ခွင့်တွေကို အများနှင့်အတူ တောင်းဆို တိုက်ပွဲဝင်ကြရအောင်ပါ။
အများအကျိုးဆောင်လျှင် ကိုယ်ကျိုးအောင်မည်။
ကျွန်တော်တို့ လက်ရှိ ခံစားနေရသော အလုပ်သမားရပိုင်ခွင့်များသည် ရှေး နောင်တော်ကြီးများမှ တောင်းဆိုတိုက်ပွဲဝင်ခဲ့ခြင်းကြောင်း ခံစားခဲ့ရခြင်းဖြစ်ပါသည်။
ကဲ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
ထို့ကြောင့် လာမည့် ဇူလိုင်(၂၀) ရက်နေ့ ညနေ (၅) နာရီ ယန်ဆန်း ဘူတာမှာ တွေ့ဆုံကြပြီး ရွှေညီအစ်ကိုတွေ အားလုံးပူးပေါင်းကာ ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ကြပါစို့ ...
( ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မည့် ရွှေညီအစ်ကိုများ ကျွန်တော်နှင့် အမြန်ဆုံး ဆက်သွယ်ကြပါ..
ကိုဇော်မင်း- 010-5946-6694 )
နေ့ရက် ............. ၂၀-၇-၂၀၁၄ (တနင်္ဂနွေ)
အချိန် .............. ညနေ (၅း၀၀) နာရီ
နေရာ ............... ယန်ဆန်း ဘူတာ အဆုံး .. ဘေးရှိ 새들교 အရှေ့
(မြေအောက်ရထား အစိမ်းလိုင်း နံပါတ်(၂) လိုင်း အဆုံး )
Labels:
၊မောင်းသတင်း,
အလုပ်သမားဥပဒေ,
နိုင်ငံတကာ
Wednesday, June 18, 2014
တိပိဋကဓရ စွန်းလွန်းဆရာတော်ဘုရားကြီးအား ပူဇော်ပွဲ ဖိတ်ကြားလွှာ
ဆရာတော်ဘုရားကြီး၏ ဓာတ်ပုံတော်ကို ဒယ်ဂုအသံက ကူးယူဖော်ပြပါသည်။
ဆရာတော်ဘုရားကြီးသည် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတော် (ဒဲဂု)သို့လည်း ကြွရောက်တော်မူခဲ့ပါသည်။
ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ခေါင်းဆောင် ဆရာတော် ဘဒ္ဒန္တ ဗုဒ္ဓရက္ခိတ (ကိုရီးယားနိုင်ငံသား)နှင့် ဒါယိကာ၊ ဒါယိကာမတို့၏ ပင့်ဖိတ်ချက်အရ ကိုရီးယားနိုင်ငံသို့ ကြွချီတော်မူလာသော တိပိဋကဓရ တိပိဋက ကောဝိဒ စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရအား ပူဇ်ာပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် နိုးဆော်လိုက်ပါသည်။
ကျင်းပမည့် နေ့ရက်။ ။ ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက် တနင်္ဂနွေနေ့
ကျင်းပမည့် အချိန် ။ ။ ညနေ ၅နာရီခွဲ ( ဆရာတော်သည် ချု(န်)ချောန်ပြည်နယ်က ကြွလာပါမည်)
ကျင်းပမည့် နေရာ ။ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမ
ဆရာတော်ဘုရားကြီးသည် ၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် တနင်္လာနေ့ ညနေ ၆နာရီ ၄၀ မီနစ် ကိုရီးယား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ကြွချီတော်မူမည်ဖြစ်ပါသည်။
Friday, May 30, 2014
ဂွါန်ဂျူလေး၌ ရွှေည၀ါ ဆရာတော်၏ တရားပွဲတော် ဖိတ်ကြားလွှာ
ဂွါန်ဂျူလေး၌ ရွှေည၀ါ ဆရာတော်၏ တရားပွဲတော်
ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)၏ ဒုတိယကြီမ်မြောက်အဖြစ် ရွှေည၀ါဆရာတော်ကို ပင့်ဖိတ်ခဲ့ပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမ၌ တရားပွဲကို ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ယခု ထပ်မံ၍ ဂယောင်ဂီပြည်နယ် ဂွာန်ဂျူလေးတွင် သဒ္ဒါ ထက်သန် အားတက် မာန် စေတနာရှင် ညီအကိုတို့ စုပေါင်း၍ မှော်ဘီ စံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါ ဆရာတော်) ၏ တရားပွဲတော်ကို အောက်ပါ တရားပွဲ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် တရားတော် နာ ကြွရောက်ကြပါရန် အကျိုးမျှော်ကာ နိုးဆော်လိုက်ပါသည်။
တရားပွဲတော် ကျင်းပမည့် နေ့ရက်
၂၀၁၄ ခုနှစ် ဇွန် ၁ ရက် တနင်္ဂနွေနေ့
တရားပွဲတော် ကျင်းပမည့် နေရာ
ဂယောင်ဂီဒို၊ ဂွာန်ဂျူရှီး၊ ဂိုန်ဂျီအာမ်
နံနက် ၁၁ နာရီ အချိန်တွင် ဘုရား အမှူးထာ၍ ပင့်သံဃာတော် အသျှင်သူမြတ်တို့အား နေ့ ဆွမ်းအဖြစ် ဆွမ်း ဘောဇဉ် ခဲဘွယ်တို့ကို ဆက်ကပ် လှူဒါန်းမည်ဖြစ်ပါသည်။
လမ်းညွှန်
ဂွာန်ဂျူလေးမှ ခရီးသည်တင် ကား အမှတ် ၃၀၀၊ ၁၁၄၊ ၁၁၁၃-၁တို့ကို စီး၍ ဂို(န်)ဂျီအာမ် တာမီနယ်မှာ ဆင်းလာပါ။ ထိုမှ တဆင့် တက္ကစီကို စီးလာပါ။
ဆက်သွယ်ရန်
ဦးကျော်ဝင်းနိုင် (ခ) ကိုဗိုက် ( ၀၁၀ ) ၄၂၄၄ ၅၅၇၅
ဦးသောင်းထွန်း (၀၁၀) ၇၇၄၀ ၈၇၀၅
ဦးကျော်စွာ (၀၁၀) ၇၇၅၇ ၇၉၁၉
ဦးချစ်တိုး (၀၁၀) ၅၄၂၀ ၄၅၄၀
ဦးသားငယ် (၀၁၀) ၈၆၉၁ ၆၂၁၄
ဦးမင်းဇော်သန်း (၀၁၀) ၂၁၄၅ ၁၄၉၀
ဦးမိုးစက် (၀၁၀) ၂၉၀၀ ၂၈၆၀
ဦးဇော်ဟိန်း (ခ) တောင်သာ (၀၁၀) ၂၅၂၆ ၂၉၉၄
ဦးကိုကိုအောင် (၀၁၀) ၂၁၄၅ ၂၂၇၁
Type rest of the post here
Friday, May 16, 2014
၂၀၁၄ ခုနှစ် မေ ၁၅ ရက် သီတဂူ ဆရာတော်ကြီး၏ ကင်းမ်ဟဲ၊ ဘူဆာန် ဓမ္မ ခရီးစဉ်
Sayataw Badanttha Nyanissara (D.Litt)၊ သပိတ်အိုင် ဆရာတော်၊ သဲကုန်း ဆရာတော်၊ သီတဂူ ဆရာတော် စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဥာဏိဿဿသ ရ ဆရာတော်ဘုရားကြီးသည် မြန်မာ ကိုးရီးယား ဒကာဒကာမများကို မေတ္တာရှေ့ထားလျက် မအားလပ်သည့်ကြားကပင် အချိန်ပေးပြီး ဘူဆာန် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန် ကျောင်းသစ် ဖွင့်ပွဲတွင် ကြွရောက် တရား ချီးမြင့်ရာ ၂၀၁၄ ခုနှစ် မေ ၁၅ ရက် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ကင်းမ်ဟဲ ဓမ္မယာန ကျောင်းတော်သို့ ကြွချီတော်မူပြီးနောက် ညပိုင်းတွင် ဓမ္မယာနကျောင်းတော် (ဘူဆာန်)၌ ကိုရီးယား လူမျိုးများအား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မှုခဲ့ပါသည်။ အများသူငှာ ကြည်ညို ဖူးမျှော်နိုင်ရန်အတွက် ဒဂုံ ဆရာမင်း၊ မင်းခန့်၊ ကိုကိုဒွေး FBတို့က ကူးယူ ဖော်ပြလိုက်ပါသည်။
Tuesday, April 22, 2014
ကိုဟိန်းထက်ဇော်(ခ)ကိုကျော်လွင် ရုတ်တရက် ကွယ်လွန်
ရေးသားသူ — ရန်နိုင်ထွန်း
ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင်
အသက်(၄၀) နှစ်
(၂၁ ၊ ၄ ၊ ၂၀၁၄) တနင်္လာနေ့ ည( ၁၁နာရီ ၂၀) မိနစ်တွင် ကွယ်လွန်သည်။
အင်ချွန်း မြို့(Incheon City ) ဆောလ်ဂု (Seo-Gu ) ဖုခမ်းရို (Bukhang – Ro)၀မ်ချမ်းဒေါင်(Won Chang Doung) ၇၆-၅၂ တွင်တည်ရှိသည့် ဟန်လင်:(HAN LIM) သစ်စက်ရုံတွင် ထိုနေ့ ည ၇နာရီ ၁၅ မိနစ် အချိန်တွင် အထပ်သား သစ်သားဖြတ်စက်(CNC) ပေါ်တွင် ထု ၁၅ မီလီ အနံ ၁၂၂၀ မီလီ အလျား ၂၄၄၀ မီလီ ဆိုဒ်ရှိသည့် အထပ်သား တစ်ချပ်ကို ဖြတ် တောက်နေစဉ် ဖြတ်စက်မှ ထွက်လာသော ပို လျှံ သစ် သားဒေါင့် စွန်းနှင့် အနောက်ရှိ သစ်သားတင်ထားသည့် သံဘောင်ဘားတန်းတို့ အကြား ရင်ညွန့်နှင့် ကြားမှ ခံထား လိုက်သကဲ့သို့ မမျှော်လင့်ပဲ ညှပ်ဖိ တွန်းကန်လိုက်ခြင်းဒဏ်ကို ခံလိုက်ရပြီး အဆိုပါ ပြင်းထန်သည့် ဒဏ်ကြောင့် ရင်တွင်းရှိ အသည်းနှင့် အတွင်းအစိတ်အပိုင်း အချို့ထိခိုက်ခဲ့ရပါသည်။
ဖြစ်လျင်ဖြစ်ခြင်း အရေးပေါ်ဌာန ၁၁၉ ကို ဖုံးဆက်ခေါ်ကာ အင်ချွမ်း International ST.MARY’S Hospital ရှိ အရေးပေါ် အထူးလူနာဌာနတွင် အလျှင်အမြန် ဆေးဝါးကုသမှုကို ရရှိစေရန် ကြိုးစားသော်လည်း ရင်တွင်းရရှိထားသော အတွင်းကြေ ဒဏ်ရာမှ ကိုယ်တွင်းသွေးစိမ့်ယိုအား များပြားသဖြင့် ဆရာဝန်များမှ ခွဲစိတ်ကုသနိုင်ရန်အတွက် အစားထိုးရန် လိုအပ်နေသည့် သွေးမှာ အလွန်တရာ ရှားပါးသည့် RH(-) သွေးအမျိုးအစား ဖြစ်နေသဖြင့် သွေးရရှိရန် ကိုရီးယားနိုင်ငံ အတွင်း စုံစမ်းသောအခါ လိုအပ်သည့် သွေးမမာဏထက် မဖြစ်သလောက် သွေးသာရှာဖွေနိုင်ခဲ့ပြီး ထို RH(-) သွေးအမျိုးအစားသည် အာရှတိုက်ထဲမှာ အလွန်ရှားပါးတဲ့ သွေးအမျိုးအစား ဖြစ်ပြီး မိသားစု သွေးအမျိုးအစားဖြစ်သဖြင့် ကိုရီးယားနိုင်ငံ ရောက် မြန်မာ နိုင်ငံ သားများ ကို Face Book မှ ဆက်သွယ် အကူအညီ တောင်းသောလည်း ရှာ မတွေ့နိုင်လောက်အောင် ရှားပါးနေသဖြင့် အမြန်ခွဲစိတ်နိုင်ရန်ကိစ္စရပ်မှာ မအောင်မြင်နိုင်ခဲ့ချေ။ အကယ်၍ သွေး အဆင်ပြေကာ ခွဲစိတ်နိုင်ပါကလည်း အသက်ရှင်နိုင်စေရေးအတွက် အဖြေမှာ ရာခိုင်နူန်း အား အလွန်နည်းပါးနေသည့် အခြေ အနေတွင် တည်ရှိနေသဖြင့် ပြင်းထန်စွာရရှိထားသည့် အတွင်းကြေဝေဒနာကို သက်သာအောင်အစွမ်းကုန် ပြုစု စောင့်ရှောက်နေရင်း ထိုနေ့ည ဒေသစံတော်ချိန် ည ၁၁နာရီ ၂၀ မိနစ် အချိန်တွင် ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင် တစ်ယောက် ကွယ်လွန် အနိစ္စ ရောက်ရှိခဲ့ပါသည်။
လက်ရှိ အခြေအနေတွင် ကြွင်းကျန်သည့် ရုပ်ကလပ်ကို International ST.MARY’S Hospital ရှိ အအေးခန်းတွင် ထားရှိထားပြီး ကိုရီးယား ပြည်သူ့ ရဲအဖွဲ့၏ သေမှုသေခင်း စစ်ဆေးချက် ပြီးဆုံးပါက ဖူချွန်းမြို့ ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရားကျောင်းဝင်းအတွင်းရှိ အအေးခန်းသို့ ပြောင်းရွေ့ထားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကွယ်လွန်သူ၏ ဇနီး၊သမီးနှင့်အတူ ညီမ ဖြစ်သူတို့ ကိုရီးယားနိုင်ငံသို့ ရောက်လာသည့် အချိန်အထိ စောင့်ဆိုင်းကာ တနင်္ဂနွေနေ့ တစ်ရက်ရက်တွင် ဖူပြောင်းသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ် မည်ဖြစ်ပါသည်၊။
အသေးစိတ် အခြေအနေ အရပ်ရပ်ကို သိလိုပါက
ရန်နိုင်ထွန်း
၀၁၀-၈၇၂၃-၄၇၇၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်
Subscribe to:
Posts (Atom)










