ရေးသားသူ —စိုးမိုးသူ
ယနေ့ လူမျိုး ဘာသာမတူတာကို အခြေခံပြီး လူလူချင်း ရန်လိုနေတာကို အပြင်းအထန် ကန့်ကွက်နေတဲ့ ကျနော် ကိုယ်တိုင်လည်း တချိန်က မွတ်စလင် ဘာသာကို အပြင်းအထန် မုန်းတီးခဲ့သူဖြစ်သလို မွတ်စလင် ဘာသာ ဆန့်ကျင်ရေး ဟောပြောပွဲမှာ တက်ပြီး ရဲရဲတောက် ဟောပြောခဲ့သူ တယောက်ပါ။
ဒီလိုပါ။
ကျနော် ငယ်ငယ်တုန်းက ၅တန်းကစပြီး ၁၀တန်းထိ နွေရာသီရောက်ပြီဆို မဟာစည် သာသနာ့ရိပ်သာမှာ ၁လခွဲကြာ ကိုရင်ဝတ်ပြီးတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကျောင်းကို တက်လေ့ရှိပါတယ်။
သင်တန်းမှာ နှစ်စဉ် အငယ်တန်း၊ အလတ်တန်း၊အထူးတန်းတွေကို အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့သ လို နောက်ဆုံး တက်စရာ အတန်းကုန်သွားလို့ အထူးတန်းကို ထပ်တက်ခဲ့ပါသေးတယ်။
ကျနော် ကိုရင်ဝတ်နဲ့ အလတ်တန်းတုန်းကပေါ့။
မွတ်စလင်ဘာသာဆန့်ကျင်ရေး ဟောပြောပွဲကို ရိပ်သာ ဓမ္မာရုံထဲမှာ ကျင်းပပေးပါ တယ်။

ဟောပြောသူတွေ ကတော့ ယဉ်ကျေးမှုသင်တန်းတက် ကိုရင်နဲ့
သီလရှင်လေးတွေ ပါ။
ဟောပြောလိုသူတွေ စာရင်းပေးပြီး ကိုယ်ပြောလိုတာကို
စာတမ်းပြုစုလာ အချိန်အကန့် အသတ်မရှိ တက်ပြောနိုင်ပါတယ်။