Showing posts with label အမှုအခင်း. Show all posts
Showing posts with label အမှုအခင်း. Show all posts

Friday, January 2, 2015

ကိုကို အီးနိုင်းများ သိထားသင့်သည့် လိင်စော်ကားမှု အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성폭력처벌법 )

ကိုရီးယားနိုင်ငံသို့ ခက်ခက်ခဲခဲ ရောက်လာပြီး မမျှော်လင့်ဘဲ ကိုရီးယားနိုင်ငံ အလုပ်ခွင်မှ စောစောစီးစီး ထွက်ခွါသွားကြရတဲ့ ကျနော်တို့ မြန်မာလူငယ်လေးတွေ ရှိပါတယ် ။ အချို့မှာ ထောင်နန်းစံလိုက်ရတဲ့သူတွေရှိသလို ၊ ဆိုင်းငံပြစ်ဒဏ်ကျပြီး ပြည်တော်ပြန်သွားရတဲ့သူတွေလည်း ရှိပါတယ် ။ လိင်စော်ကားမှုနှင့် ပတ်သက်လို့ ကျနော်တို့ မြန်မာလူငယ်များအတွက် ကျနော် စကားပြန်လုပ်ပေးခဲ့ရတဲ့ အမှု ဆယ်ဂဏန်းနီးလာပါပြီ ။
- ညအချိန် ကိုရီးယား ပျိုပျိုမေရဲ့ အခန်းထဲဝင်မိပြီး အမှုဖြစ်တဲ့သူ
- ဆောင်ကြာမြိုင်မှာ မကျေနပ်လို့ အမှုဖြစ်တဲ့သူ
- ကားပေါ်မှာ ကျောင်းသူမလေးတစ်ဦးကို နောက်က နှိုက်လို့အမှုဖြစ်တဲ့သူ
- ကာရာအိုကေမှာ ခလေးမလေးကို အနမ်း ဖွဖွလေးပေးမိလို့ အမှုဖြစ်တဲ့သူ
- စက်ရုံမှ ဘဝတူလုပ်သမား ကိုရီးယားမတစ်ဦးရဲ့ ဖုန်းသို့ ကိုယ်လုံးတီး ဓါတ်ပုံ မက်ဆေ့တွေ ပို့ရာမှ ဖုန်းသုံးစွဲခွင့်ပါ ပိတ်ခံရပြီး အမှုဖြစ်တဲ့သူ
- နိုင်ငံခြားသားများကို သဘောကျနေတဲ့ ပေါတောတော ကိုရီးယား ပျိုမေတစ်ဦး နှင့် အပေးအယူတည့်ပြီး ပျော်ပါးခဲ့ကြရာမှာ အခြားလူက တိုင်လို့ အမှုဖြစ်တဲ့သူများ

ကျနော်တို့ ညီတော်နောင်တော်များ လိင် နှင့် ပတ်သက်ပြီး မဖြစ်သင့်တာတွေ မဖြစ်ရအောင် အသိပေးဖို့ လိုမယ် ထင်မိလို့ သည်ဆောင်းပါးကိုရေးဖြစ်ပါတယ် ။

ကိုရီးယားနိုင်ငံမှာ လိင်နှောင့်ယှက်(စော်ကား)မှုအတွက် ပြစ်ဒဏ်ပေးခြင်း စသည်ဆိုင်ရာ အထူးဥပဒေ (성폭력범죄의 처벌 등에 관한 특례법) ဆိုတာ ရှိပါတယ် ။ ရှေးဦးစွာ လိင် နှောက်ယှက် (စော်ကား) မှုဆိုတာ ဘာလဲလို့ သိထားစေချင်ပါတယ် ။
လိင် နှောက်ယှက်(စော်ကား)မှုဆိုရာမှာ ဒီအမှုတွေ ပါဝင်တယ် -
မုဒိမ်းမှု ၊ ခလေး လိင်ထိပါးမှု (အသက် ၁၈ နှစ်အောက် လူငယ်များ လိင်ကို ထိကိုင်ခြင်း ၊ ဓါတ်ပုံရိုက်ယူခြင်း ၊ ကိုယ်လုံးတီးချွတ်စေခြင်း၊ လိင် ဆက်ဆံခြင်း စသည်) ၊ ဓါးပြ မုဒိမ်း ၊ လိင် အရောင်းအဝယ် (ဆောင်ကြာမြိုင်ပျော်ပါးမှု) အမှုများသာမဟုတ်မူဘဲ ၊ လိင်ပိုင်းဆိုင်ရာ မြူဆွယ်မှု ၊ လိင်အကြောင်း ဖုန်းဖြင့်ပြောဆိုမှု ၊ လိင်ကို ခြောင်းကြည့်ခြင်း ၊ လိင်ပိုင်းဆိုင်ရာ လှည့်ဖျားမှု ၊ လိင်ပုံများပြသခြင်း ၊ လိင်ပုံများ ဖန်တီး ရာတွင် အသုံးပြုခြင်း စသည်ဖြင့် တစ်ပါးသူက မနှစ်သက်သော အကြောင်းအရာ စသည်တို့ကို ၊ ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ အမြင်အားဖြင့်ဖြစ်စေ စိတ်ပိုင်းအရဖြစ်စေ အနှောက်အယှက်ဖြစ်စေမှု ။
ဒါ့ အပြင် လိင်(စော်ကား)နှောက်ယှက်ရန်အကြံဖြင့် ဆေးဝါးတိုက်ခြင်းသည်လည်း သွယ်ဝိုက်သောအားဖြင့် လိင်နှောက်ယှက်မှု ဖြစ်ကြောင်း ။
ခလေးသူငယ် သို့မဟုတ် မသန်စွမ်းသူစသည်တို့အား ၄င်းတို့၏ လိင်ပိုင်းဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းမရှိမှု စကားမပြောဆိုနိုင်မှုတို့ကို အသုံးချလျက် လိင်ပိုင်းဆိုင်ရာ ဆက်ဆံခြင်းတို့လည်း ပါဝင်ကြောင်း ။

အဲသည်ကျနော်စကားပြန်အဖြစ်ဆောင်ရွက်ခဲ့ရတဲ့အမှုတွေထဲမှာ ကျနော် စိတ်ဝင်စားမှုအရှိဆုံး အမှုကတော့ နောက်ဆုံး (လက်ရှိ စစ်ဆေးနေဆဲ) အမှုပါ ။ ခလေး သူငယ်များ ၊ မသန်မစွမ်းသူများနှင့် ပတ်သက်ပြီး ကိုရီးယား နိုင်ငံတော်က စီမံပေးထားတဲ့ ဥပဒေ အကာအကွယ်က ကျနော့်ကို စိတ်ဝင်စားမှုဖြစ်စေခဲ့တာပါ ။ ဥပဒေမှာတော့ -
ပုဒ်မ ၆ ( မသန်စွမ်းသူနှင့် ပတ်သက်သော မုဒိမ်းမှု ၊ လိင်စော်ကားမှုစသည်) ပြဋ္ဌာန်းချက်
(၁) ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသော သူနှင့်ပတ်သက်၍ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၇) မုဒိမ်းမှု ကို ကျူးလွန်သူသည် နှစ်အကန့်အသတ်မဲ့ ထောင်ဒဏ် သို့မဟုတ် ၇ နှစ် အထက်ထောင်ဒဏ်ကို ချမှတ်ခံရမည် ။
(၂) ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသော သူနှင့်ပတ်သက်၍ အနိုင်အထက်ပြု သို့မဟုတ် ခြိမ်းခြောက်၍ အောက်ဖော်ပြပါ တစ်ခုခုကို ကျူးလွန်သူအား ထောင်ဒဏ် ၅ နှစ်အထက်ကို ကျခံစေရမည်-
- ပါးစပ် သို့မဟုတ် စအိုအစရှိသည့် အင်္ဂါစပ်မှအပ ဒွါရပေါက်တစ်ခုခု တွင်းသို့ လိင်တန်အား ထိုးသွင်းခြင်း
- အင်္ဂါစပ်သို့မဟုတ် စအိုတွင်းသို့ လိင်တန်မှအပ လက်ချောင်း အစရှိသည့် ကိုယ်အင်္ဂါ၏ အစိတ်အပိုင်း တစ်ခုခု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုံး ထိုးသွင်းခြင်း
//
제6조(장애인에 대한 강간•강제추행 등)
- ① 신체적인 또는 정신적인 장애가 있는 사람에 대하여 「형법」 제297조(강간)의 죄를 범한 사람은 무기징역 또는 7년 이상의 징역에 처한다.
- ② 신체적인 또는 정신적인 장애가 있는 사람에 대하여 폭행이나 협박으로 다음 각 호의 어느 하나에 해당하는 행위를 한 사람은 5년 이상의 유기징역에 처한다.
- 1. 구강•항문 등 신체(성기는 제외한다)의 내부에 성기를 넣는 행위
- 2. 성기•항문에 손가락 등 신체 (성기는 제외한다)의 일부나 도구를 넣는 행위
//
ပုဒ်မ ၇ ( အသက် ၁၃ နှစ်အောက် အရွယ်မရောက်သေးသူ နှင့် ပတ်သက်သော မုဒိမ်းမှု ၊ လိင်စော်ကားမှုစသည်) ပြဋ္ဌာန်းချက်
(၁) အသက် ၁၃ နှစ်အောက် အရွယ်မရောက်သေးသူ နှင့်ပတ်သက်၍ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၇) မုဒိမ်းမှု ကို ကျူးလွန်သူသည် နှစ်အကန့်အသတ်မဲ့ ထောင်ဒဏ် သို့မဟုတ် ၇ နှစ် အထက်ထောင်ဒဏ်ကို ချမှတ်ခံရမည် ။
(၂) အသက် ၁၃ နှစ်အောက် အရွယ်မရောက်သေးသူ နှင့်ပတ်သက်၍ အနိုင်အထက်ပြု သို့မဟုတ် ခြိမ်းခြောက်၍ အောက်ဖော်ပြပါ တစ်ခုခုကို ကျူးလွန်သူအား ထောင်ဒဏ် ၇ နှစ်အထက်ကို ကျခံစေရမည်-
- ပါးစပ် သို့မဟုတ် စအိုအစရှိသည့် အင်္ဂါစပ်မှအပ ဒွါရပေါက်တစ်ခုခု တွင်းသို့ လိင်တန်အား ထိုးသွင်းခြင်း
- အင်္ဂါစပ်သို့မဟုတ် စအိုတွင်းသို့ လိင်တန်မှအပ လက်ချောင်း အစရှိသည့် ကိုယ်အင်္ဂါ၏ အစိတ်အပိုင်း တစ်ခုခု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုံး ထိုးသွင်းခြင်း

//
제7조(13세 미만의 미성년자에 대한 강간, 강제추행 등)
- ① 13세 미만의 사람에 대하여 「형법」 제297조(강간)의 죄를 범한 사람은 무기징역 또는 10년 이상의 징역에 처한다.
② 13세 미만의 사람에 대하여 폭행이나 협박으로 다음 각 호의 어느 하나에 해당하는 행위를 한 사람은 7년 이상의 유기징역에 처한다.
1. 구강•항문 등 신체(성기는 제외한다)의 내부에 성기를 넣는 행위
2. 성기•항문에 손가락 등 신체(성기는 제외한다)의 일부나 도구를 넣는 행위
//
ခလေးသူငယ် လိင်နှောက်ယှက် (စော်ကား)မှု ပုံစံတွေကတော့ -
- ခလေးရဲ့ လိင်ကို ထိ ကိုင်ခြင်း
- ခလေးအား လူကြီးရဲ့ လိင်ကို ထိကိုင်စေခြင်း
- ခလေးရဲ့ အင်္ဂါစပ် သို့မဟုတ် စအိုသွင်းသို့ လက်ချောင်း သို့မဟုတ် ကိုယ်အင်္ဂါရဲ့ အစိတ်အပိုင်း တစ်ခုခုရဲ့ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုံး ထိုးသွင်းခြင်း
- ခလေးရဲ့ ပါးစပ် ထဲသို့ လိင်တန်အား ထိုးသွင်းခြင်း သို့မဟုတ် ခလေး၏ အင်္ဂါအား မိမိပါးစပ်ဖြင့် လျှက်ခြင်း
- လိင်တန်ကို ထိုးသွင်းခြင်း
- နမ်း(ကစ်စ်)ခြင်း

လိင် နှောက်ယှက်မှု သဘောသက်ရောက်စေနိုင်သော အပြုအမူများကတော့-
- ကိုယ်လုံးတီးပုံများပြသခြင်း
- ခလေးကို အသုံးချလျက် ကိုယ်လုံးတီးပုံများ ပြုလုပ်ခြင်း
- ကိုယ်လုံးတီးပုံများကို ခလေးမြင်နိုင်အောင် ထားခြင်း
- ခလေးအား မိမိလိင်ကို ပြသခြင်း
- ခလေးလိင်စိတ် နှိုးကြွအောင် ပြုလုပ်ခြင်း
- လိင်အကြောင်း နားထောင်စေခြင်း
- ခလေးရဲ့ လိင်ကို ကြည့်ရှုခြင်း

ကျနော် လိုက်ပါပြီး စကားပြန်အဖြစ်ဆောင်ရွက်ပေးနေတဲ့ နောက်ဆုံး (လက်ရှိ စစ်ဆေးနေဆဲ) အမှုအကြောင်း အနည်းငယ်တင်ပြချင်ပါတယ် ။ ဖြစ်ပုံကတော့ ကိုရီးယားမ တစ်ယောက် ၊ နိုင်ငံခြားသားတွေကို တော်တော်လေး ခင်မင်တတ် ပြီး သံယောဇဉ်လည်း ရှိတယ်လို့ဆိုပါတယ် ။ သည်လိုနှင့် နိုင်ငံခြားသား အလုပ်သမားများ နှင့် တတွဲတွဲပေါ့ ။ မြန်မာလူငယ်များလည်း ဘာသားနှင့်ထုထားတာမှတ်လို့ပေါ့ဗျာ ။

သည်လိုနှင့် မြန်မာ လူငယ်တစ်စု လွန်ခဲ့သော ၆ လ လောက်ခန့်က ပိုက်ပိုက်လေးပေးပြီး ၊ တစ်ည အတူတူ ပျော်ပါးခဲ့ကြလေသည်တဲ့ ။ နောက်တော့ အဲသည် အမျိုးသမီးက အခန်း ခဏခဏလာ ၊ တစ်နေ့တော့ ပိုက်ဆံအိတ်ယူသွားလို့ ဆက်ဆံရေးတွေ ပျက်ခဲ့ကြတယ်လို့ဆိုပါတယ် ။

ခုတော့ သူမမှာ ကိုယ်လေးလက်ဝန်ရှိနေပြီ ။ မနေနိုင်တဲ့ တာဝန်သိ ပြည်သူတစ်ယောက်က ရဲစခန်းသို့ တိုင်ကြားရာမှာ ကာယကံရှင်က ထွက်ဆိုချက်ပေးရပါတယ် ။ သွေးစစ်တာတွေ ဒီအင်န်အေစစ်တာတွေ အသာထား ၊ ကိုယ်ဝန်ကာလ နှင့် နောက်ကြောင်းပြန် ခန့်မှန်းရက်တွေ အတွင်း အတူတတူ ပျော်ပါးခဲ့သူ စာရင်း ရေတွက်ကြည့်လိုက်တော့ ကံဆိုးသူမောင်ရှင် မြန်မာ လူငယ် ၄ ဦး ထွက်ရှိလာပါသတဲ့ ။ အဲသည် စာရင်းမှာ တစ်ယောက်ကိုတော့ နေရပ်မသိ ဆက်သွယ်ရန် မသိလို့ ရှာမရပေမယ့် ၊ ၃ ယောက်သော သူများကတော့ အခန်းကိုလည်း သိ ၊ ဆက်သွယ်ရန်လည်း ရှိနေလို့ ၊ အခုအခါမှာ လိင်စော်ကား မှုဆိုင်ရာ အပြစ်ပေးခြင်း ဥပဒေနှင့် ရင်ဆိုင်နေကြရပါတယ် ဆိုတဲ့ အကြောင်းပါ ။

ရဲ စွဲချက်မှာတော့ ၊ သူမဟာ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူ(အရူးမ)လို့ဆိုထားပါတယ် ။
အရူးမ ခေါင်းစဉ်တပ်ထားတာမို့ သူမရဲ့ ကာမကိုရယူရာမှာ သဘောတူညီချက်ရရ မရရ ၊ အင်အားသုံးမသုံး အမှုကမြောက်နေပါသတဲ့ ။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူဖြစ်နေတာမို့ ၊ လူမှုရေးအရ သူမကို ကူညီကာကွယ် ပေးရမယ့်တာဝန်လည်း အလိုလိုရှိ နေတယ်လို့ လည်း ဆိုပါတယ် ။

ဒါ့အပြင် စိတ်ပိုင်း မသန်စွမ်းသူဖြစ်နေတာမို့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်း ၊ ငြင်းဆန်နိုင်စွမ်း လည်း ချို့တဲ့နေသူမို့ အင်အားမသုံး အကြမ်းမဖက်သည့်တိုင် မသန်စွမ်းသူများဟာ မူလကတည်းက အင်အားချို့တဲ့ နေသူအဖြစ်ကို ရောက်ရှိနေပြီးဖြစ်နေပြီလို့လည်း ဆိုပါတယ် ။

ဒါတင် မကသေးပါဘူး အမှန်အတိုင်း ဆုံးဖြတ်နိုင်စွမ်းလည်း ချို့တဲ့နေတာမို့ သူမ ပေးခဲ့တဲ့သဘောတူညီချက်ကလည်း သဘောတူညီချက်အထမမြောက်ဘူးလို့ ဆိုပါတယ် ။

ဒါ့အပြင် ကာယကံရှင်က အကျိုးအကြောင်း နားမလည်လို့ အမှု တိုင်ကြားခြင်း မပြုသည့်တိုင် ၊ အုပ်ထိန်းသူ သို့မဟုတ် သူမရဲ့ ကောင်းကျိုးကိုလိုလားတဲ့ သို့မဟုတ် သူမ ရဲ့ အကျိုးကို ကာကွယ်ပေးလိုသူ တစ်ဦးဦးက တရားလိုပြုလုပ်ပြီး တိုင်ကြားနိုင်ခွင့်လည်း ရှိနေပါသတဲ့ခင်ဗျား ။

အရူးမပဲ ပေါချောင်ကောင်းဆိုပြီး စိတ်ကူးမလွယ် စိတ်ကူးမလွဲကြစေဖို့ပါ ။

ကလေးသူငယ်ပဲ အရူးမပဲ ဆိုပြီး မလေးမစား မလုပ်ကြစေလိုပါ ၊ သူတို့ရဲ့ အကျိုးလိုလားသူ သို့မဟုတ် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးလိုသူ တစ်ဦးဦး ရှိနေတတ်သည်ကို သတိပြု ဆင်ခြင်ကြဖို့ပါ ။

ကဲ ၊ ကျနော့် ညီအစ်ကိုများ စိတ်မနှံတဲ့ ပေါတောတော ကိုရီးယားမများနှင့် နှစ်ပါးသွားလိုလျင်…………………. ။


လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၅၀၁၀၂

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, November 26, 2013

ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် မြန်မာလုပ်သား တစ်ဦး အသတ်ခံရ

ရေးသားသူ — အောင်သူ(ဒေးဒရဲ) -Yangon Media Group

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ။ ။ မြန်မာ နိုင်ငံမှ EPS စာမေးပွဲကိုအောင် မြင်ပြီး ကိုရီးယားနိုင်ငံသို့ သွား ရောက်အလုပ်လုပ် ကိုင်နေသည့် မြန်မာ နိုင်ငံသားတစ်ဦးသည် ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် အသတ်ခံ ရကြောင်း သိရသည်။

အဆို ပါ အသတ်ခံရသူသည် မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်း မြို့နယ်ခွဲ ဗိုလ်ချုပ်လမ်း မြို့မ(၁) လမ်းတွင်နေထိုင်သူ အသက်၃၄ နှစ် အရွယ်ရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ရေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်မိ မြင့်သန်း က''အသတ်ခံရတာက ကျွန်မမောင်ဝမ်းကွဲပါ။ ဂျယ်ဂျူး ကျွန်းမှာ အလုပ်လုပ်ရတယ်လို့ ပြောတယ်။ လိမ္မော်ခြံမှာ လိမ္မော် သီးခူးရတာ။ အလုပ်သမားဆို လို့ သူတစ်ယောက်ပဲရှိတယ်လို့ ပြောတယ်။ ၂၃ရက်မှာ သူတို့ မန်နေဂျာလား၊ အလုပ်ရှင် လား တော့ မသိဘူး။ သူ့ကိုပြန်ဖို့ပြော ထားတာရှိတယ်။ တနင်္လာနေ့မှာ အဲဒီသူဌေးက ဆွဲထိုးတယ်လို့လဲ ပြောတယ်''ဟု ပြောသည်။

Employment Permit System (EPS) အောင်မြင်ပြီး ကိုရီးယားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသည့် အသတ်ခံရသူ မောင်လှမြင့်သည် ယခုလ၂၃ရက် မြန်မာစံတော်ချိန် ၅နာရီမှ ည ၁၁နာရီကျော်အထိ ဇနီးနှင့်ဖုန်း အဆက် အသွယ်ရခဲ့ကြောင်း ယင်း ၏ပြောပြချက်အရ သိရသည်။ ဒေါ်မိမြင့်သန်းက ''အဲလို အထိုးခံရတာကို ဟိုမှာရှိတဲ့ သူ့ ယောက်ဖပြောတယ်။ ပြီးတော့ သူစီးတဲ့စက်ဘီးကိုလဲ သိမ်းထား တဲ့အကြောင်းလဲ ပြောတယ်။ သူ့ ယောက်ဖက ဆိုးလ်မှာ နေတယ်။ ၂၄ရက်နေ့က သူ့ယောက်ဖနဲ့ ဖုန်း ပြောဖြစ်တယ်''ဟု ယင်းက ဆို သည်။

နိုဝင်ဘာ၂၄ရက် မြန်မာစံ တော်ချိန် နံနက်၅နာရီအထိ အ ဆက်အသွယ်ရရှိခဲ့သော်လည်း ယင်းနေ့ နံနက်၉နာရီတွင် အ သတ်ခံရသူနှင့် အဆက်အသွယ် ပြတ်သွားကြောင်း၊ ပြန်လည်ဆက် သွယ်သည့်အချိန်တွင် ယင်းကိုင် ဆောင်သည့် ဖုန်းကို ကိုရီးယား တစ်ယောက်မှ ကိုင်ဆောင်ထား ကြောင်း၊ ညနေ ၄နာရီထိုးတွင် ကိုရီးယားတစ်ယောက်က မောင် လှမြင့်မှာ ချွန်ထက်သည့်အရာ များဖြင့် လုပ်ကြံသတ်ဖြတ်ခံထားရ ကြောင်းပြောမှသာ သိခဲ့ရကြောင်း အစ်မဝမ်းကွဲဖြစ်သူ ဒေါ်မိမြင့်သန်း ၏ပြောပြချက်အရ သိရသည်။

ဒေါ်မိမြင့်သန်းက ''အခု ဒီ ကိစ္စကို အလုပ်သမားရေးရာဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးခင် အောင်တို့ကလဲ ကူညီဆောင်ရွက် နေတယ်လို့ပြောတယ်။ အချိန် တိုင်းမှာ သူတို့ဆီကို အစီရင်ခံစာ တွေ တက်နေတယ်လို့လဲ ပြော တယ်။ နှစ်နိုင်ငံ သံရုံး တွေနဲ့ အ ဆက်သွယ်လုပ်ပြီး ဆောင်ရွက်နေ တယ်လို့လဲပြောတယ်''ဟု ယင်းက ဆိုသည်။

အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက် တာဦးဝင်းမြင့်က ''မြန်မာနိုင်ငံ သား အသတ်ခံရတဲ့ကိစ္စနဲ့ပတ် သက်ပြီး ဟိုဘက်မှာရှိတဲ့အလုပ် သမားသံအရာရှိကိုယ်တိုင် အခင်း ဖြစ်တဲ့ဂျယ်ဂျူးကျွန်းကို လေယာဉ် နဲ့ သွားရောက် စုံစမ်းနေ ပါတယ်။ အခုကိစ္စက ရဲမှု ရဲခင်းဖြစ်တာ ကြောင့် ချက်ချင်းကြီး ဘာလုပ် မယ်ဆိုတာ ပြောလို့မရသေးဘူး။ အချိန်လေးနည်းနည်းနေရင် သိ ရမှာဖြစ်တယ်။ ဒါတွေပြီးသွားရင် အလုပ်သမားရသင့်ရထိုက်တဲ့အ ခွင့်အရေးကို ရအောင် ဆောင်ရွက် ပေးမယ်''ဟု ပြောသည်။

(သစ်ထူးလွင်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 27, 2013

တဒင်္ဂနဲ့ တဘ၀ကို မလဲမိစေဖို့ သတိပြုကြစို့

ရေးသားသူ — စိုးမိုးသူ

2011ခုနှစ်က အမျိုးသမီးများအား မဖွယ်မရာပြုသူ နိုင်ငံခြားသားအား ဖမ်းဆီးလာစဉ်

ပင်လယ်ကမ်းခြေစောင့် ရဲဌာနရဲ့ လိင်စော်ကားမှုဆိုင်ရာ စုံစမ်းရေးဌာန ရဲများဟာ ယခုလ ၂၄ရက်နေ့က ဘူဆန်း ဟဲအွန်းဒဲ ပင်လယ်ကမ်းခြေ ရေကူးစပ်တွင် ရေကူးဝတ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးများအား ဓာတ်ပုံ ခိုးရိုက်သူ အင်ဒိုနီးရှားနိုင်ငံသား K(၄၀နှစ်)တဦးကို ဖမ်းဆီးခဲ့ပါတယ်။ အလားတူ ပြစ်မှုဖြင့် အဖမ်း ခံရတဲ့ နိုင်ငံခြားသား ၃ဦးထပ်ရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံသားKဟာ ၂၁ရက်နေ့ နေ့လယ်တွင် ဟဲအွန်းဒဲ ကမ်းခြေတွင် နေပူစာ လှုံနေသူ၊ ရေကူးနေသူ အမျိုးသမီး ၁၉ဦးရဲ့ ဖုံးကွယ်အပ်တဲ့ ခန္ဓာကိုယ် အပိုင်းများကို ဒီဂျစ်တယ် ကင်မရာဖြင့် ခိုးဝှက် ရိုက်ကူးခဲ့ပါတယ်။

မလေးရှားနိုင်ငံသားL(၂၂နှစ်)ဟာလည်း ၂၀ရက်နေ့ နေ့လယ်၂နာရီခွဲခန့်မှာ ဒီဂျစ်တယ်ကင်မရာဖြင့် အမျိုးသမီး ၁၂ဦးရဲ့ ခန္ဓာကိုယ်ကို ခိုးဝှက် ရိုက်ကူးခဲ့သလို ဥဇဘက်ကစ္စတန်D(၂၉နှစ်)နှင့် L(၃၀နှစ်)တို့ဟာ လည်း အဲဒီနေ့မှာ အမျိုးသမီး၉ဦးကို ရုပ်သံ၊ဓာတ်ပုံများ ရိုက်ကူးခဲ့တာကြောင့် အထိမ်းသိမ်းခံခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံရဲ့ လိင်စော်ကားမှုဆိုင်ရာ ဥပဒေအရ အမျိုးသမီး သို့မဟုတ် အမျိုးသားဟာ မိမိအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသူအား တရားစွဲဆိုနိုင်ခွင့်ရှိသလို တရားစွဲဆိုခြင်း မပြုပဲ ကျူးလွန်သူထံမှာ နစ်နာကြေးကို ယူပြီးလည်း ကြေအေးနိုင်ပါတယ်။
ဒါပေမယ့် ယခုနှစ် ၂၀၁၃ခုနှစ် ဂျွန် ၁၉ရက်နောက်ပိုင်းမှ စပြီး ပြောင်းလဲလိုက်တဲ့ ဥပဒေအရ
လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူကို ကာယကံရှင် မဟုတ်သူကလည်း ၀င်ရောက် တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။
ကာယကံရှင်က ကြေအေးသည်ပဲထား ကာယကံရှင် မဟုတ်သူ(ရဲဌာန၊ မိဘဆွေမျိုး၊ မောင်နှမ၊ သူငယ်ချင်း ၊ မျက်မြင်သက်သေ) မည်သူမဆို ကြားဝင်ကာ ကျူးလွန်သူအား တနှစ်အတွင်း တရားစွဲဆိုပိုင်ခွင့်ရှိတာမို့ ကျူးလွန်သူအဖို့  မဖြစ်မနေ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

နှစ်စဉ် နွေရာသီ ပိတ်ရက်တွင် နိုင်ငံခြားသား အများစုဟာ ပင်လယ်ကမ်းခြေများ(အထူးသဖြင့် ဟဲအွန်းဒဲ)သို့ အပမ်းဖြေ ခရီးထွက်ကြပါတယ်။ အဲဒီအထဲက အချို့ဟာ တဒင်္ဂ သာယာမှုအား ရှေ့တန်း တင်ကာ ရေကူးနေသူ အမျိုးသမီးများအား မဖွယ်မရာပြုလုပ်ခြင်း၊ ခိုးဝှက် ရုပ်သံ ဓာတ်ပုံရိုက်ကူးခြင်း၊ မိမိတို့အချင်းချင်း ဓာတ်ပုံရိုက်ချင်ယောင်ဆောင်ကာ အမျိုးသမီးများအား ဓာတ်ပုံ ခိုးရိုက်ခြင်း များကို ပြုလုပ်ကြတာကြောင့် ကမ်းခြေစောင့် ရဲစခန်းများမှာ အထိမ်းသိမ်းခံကြရပါတယ်။

မိမိဘ၀ရည်မှန်းချက်အတွက် ကိုရီးယားသို့ ခက်ခဲစွာ ၀င်ရောက် အလုပ် လုပ်ကိုင်နေကြသူ ရွှေ့ပြောင်း အလုပ်သမားများ အားလုံး တဒင်္ဂနဲ့ တဘ၀ကို မလဲမိစေဖို့ စေတနာ ရှေ့ထား သတင်းပါး လိုက်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများ အားလုံး အတွက် Happy Summer Vacation ဖြစ်ကြပါစေဗျာ။

 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, June 25, 2013

စတိုးဆိုင်တွင်း ငွေခိုးသူ မြန်မာငတက်ပြား

ရေးသားသူ — စိုးမိုးသူ

တောင် အူလ်ဆန်းရဲဌာနဟာ လွန်ခဲ့တဲ့ ၂၄ရက်နေ့က စတိုးဆိုင်တွင်း ငွေခိုးယူသူ မြန်မာနိုင်ငံသား A(၄၃နှစ်)ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Aဟာ လွန်ခဲ့တဲ့ ၂၂ရက် မနက် ၆နာရီခွဲမှာ နမ်ဂူး ဂျန်ဆိန်းဖိုဒုန်ရှိ စတိုးဆိုင်တဆိုင်တွင်း ၀င်ရောက်ကာ ဆိုင်ပိုင်ရှင် အမျိုးသမီးက ဖုန်းစကားပြောနေတုန်း ငွေသား ၃သိန်း၅သောင်းအား ခိုးယူ ထွက်ပြေးသွားခဲ့ပါတယ်။
ရဲများရဲ့ စစ်ဆေးချက်အရ ဂျန်ဆိန်းဖိုဒုန်ရှိ တခုသော ငါးဖမ်းကုမ္ပဏီမှာ အလုပ်လုပ်သူ Aဟာ စတိုးဆိုင်သည် မနက်ပိုင်းတွင် အမျိုးသမီးတယောက်တည်း ရှိသည်ကို သိထားကာ အခုလို အမျိုးသမီးတယောက်တည်းရှိစဉ် အခွင့်ကောင်းယူကာ ငွေခိုးယူမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မူရင်းသတင်းလင့်ခ်  http://news1.kr/articles/1188939

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 29, 2013

ဗီစာမရှိတာကို အသုံးချ၊ ရွှေ့ပြောင်း အလုပ်သမကို ရိုက်နှက်သူ အရေးယူခံရ

ရေးသားသူ —စိုးမိုးသူ

ဒဲဂူးရဲဌာနဟာ အထောက်အထားမဲ့ အလုပ်သမားကို ထိုးကြိတ်သူ ဒဲဂူးရှိ အလုပ်ရုံတခုရဲ့ စက်ရုံမှူး B(အသက်၄၄)ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ သတင်းရပါတယ်။

ဘာဂ်ဟာ လွန်ခဲ့တဲ့ ၁၅ရက်နေ့ နံနက်၁၁နာရီမှာ စက်ရုံတွင်း အလုပ်လုပ်နေသူ ဖိလစ်ပိုင်နိုင်ငံသူ အ
ထောက်အထားမဲ့ အလုပ်သမ D(အသက်၂၂ အမျိုးသမီး)အား အလုပ်ခိုင်းတာ မနာခံလို့ဆိုပြီး ကြိမ်ဖန်
များစွာ ရိုက်နှက်ခဲ့ပါတယ်။ အမျိုးသမီးဟာ ရိုက်နှက်ခံရမှုကြောင့် ခေါင်းကွဲသွားပြီး ဆေးရုံတွင် ၄ပတ်ကြာ တက်ရောက်ကုသရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ရဲများက Bဟာ အထောက်အထားမဲ့ အလုပ်သမားတွေအနေနဲ့ အထိုးခံရလည်း နိုင်ငံကို ဖမ်းဆီးပြန်ပို့ခံရ
မှာ စိုးလို့ ရဲဌာနကို တိုင်ကြားရဲခြင်း မပြုနိုင်ဘူးဆိုတဲ့ အချက်ကို အသုံးချပြီး ထိုးကြိတ်ခဲ့တာ ဖြစ်တယ်လို့ ၀န်ခံကြောင်း ပြောဆိုပါတယ်။

ယခုလမှ စတင်ပြီး ပြောင်းလဲလိုက်သည့် ဥပဒေအရ ရဲဌာနအနေနဲ့ အထောက်အထားမဲ့ အလုပ်သမားများ ရဲ့ အမှုအခင်းများကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ အရင်လို အကြောင်းကြားရန် မလိုတော့တာမို့ ရှေ့ကို
လည်း အထောက်အထားမဲ့ အလုပ်သမားရဲ့ နေထိုင်ခွင့်ဆိုင်ရာ အားနဲချက်ကို အသုံးချပြီး လူ့အခွင့်အရေး
ချိုးဖောက်မှုများအား ဥပဒေအရ စီရင်နိုင်တော့မှာဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 1, 2013

ရဲမဖမ်းသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ နေရာပြောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂
ကချင်ပြည်နယ် ဟိုပင်မြို့ သဲဖြူချောင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများသည် ရဲမဖမ်းသော်လည်း ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့ တရုတ်သင်္ချိုင်းသို့ နေရာပြောင်းရွှေ့ ရောင်းဝယ်သုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ကပြောသည်။
“ပြီးခဲ့တဲ့ အပတ်က အင်တာနက်သတင်းတွေနဲ့ ဂျာနယ်တွေမှာ ပါ လာလို့ နေရာပြောင်းသွားတာ။ ရဲ ကတော့ မဖမ်းဘူး””ဟု မိုးညှင်းမြို့ နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဟိုပင် တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသော ဒိုင်သုံးဦးရှိပြီး မူးယစ်ဆေးဝါးရှူသည့် အခန်းသုံးခန်းရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ဘိန်းရှူရင်တော့ လုံတဲ့ ခန်းထဲမှာပဲ ရှူကြတယ်။ ဆေးထိုးတဲ့သူတွေကတော့ ဂူတွေကြားထဲမှာပဲ ထိုးကြတယ်” ဟု ဟိုပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ယခုအခါ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များ ၈၀ ရာခိုင်နှုန်းအထိရှိနေကြောင်း အမှတ်(၁၂) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဂျေယောဝူက ပြောသည်။ “တစ်ပြည်နယ်လုံး သုံးစွဲနေကြတာ၊ ဖမ်းတာကလည်း ရောင်းတဲ့ဆိုင်ကြီးတွေကို မဖမ်းဘဲ အောက်က အသေးစားတွေကိုပဲ ဖမ်းနေတာ”ဟု ဦးဂျေယောဝူကပြောသည်။
အဆိုပါ တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးဆေးထိုးလျှင် ကျပ် ၁၀၀၀ ဖိုးမှ စတင်ထိုးနိုင်ပြီး ဘိန်းရှူလိုလျှင် ကျပ် ၅၀၀၀ ဖိုးမှ စတင်ဝယ်ယူရကာ ရောင်းဝယ်သုံးစွဲနေကြသူများမှာ သဲဖြူချောင်းမှာကဲ့သို့ စည်ကားနေပြီး ကျောင်းသားများအပါအ၀င် နေ့စဉ်လူဦးရေ ရာနှင့်ချီရောင်းဝယ်သုံးစွဲနေကြောင်း ဒေသခံအချို့ကပြောသည်။
၂၀၁၂ ခုနှစ်တွင် ဟိုပင်မြို့၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၆၈ မှု ဖမ်းဆီးရရှိပြီး၊ ၂၀၁၃ ဇန်န၀ါရီလတွင် သုံးမှု၊ ဖေဖော်ဝါရီလတွင်တစ်မှု ဖမ်းဆီးရရှိထားကြောင်း ဟိုပင်မြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲစခန်းမှူးဦးမျိုးမြင့်ဦးက ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသော တရုတ်သင်္ချိုင်းသို့ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအဖွဲ့မှ နေ့စဉ် ဆေးထိုးအပ် အချောင်း ၁၅၀၀ ၀န်းကျင် သွားရောက်ပို့ဆောင်ပေးနေရကြောင်း သတင်းရရှိသည်။
အဆိုပါ တရုတ်သင်္ချိုင်းသည် ယခင်ရောင်းချသော သဲဖြူချောင်းနှင့် တစ်မိုင်ဝန်းကျင်သာ ကွာဝေးသည်။

7Day News Journal

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, February 26, 2013

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ သိရှိနိုင်ရန် ပေးပို့ အပ်ပါသည်။
ရဲရင့်
နေပြည်တော်။ ဖေဖော်ဝါရီ ၂၂
ဖေဖော်ဝါရီလ နွေဦးရောက်ပြီဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်မြို့တော်ကြီးရဲ့ အပူချိန်ကတော့ ရေနွေးအိုးမတည်ရဘဲ လက်ဖက်ခြောက်ခပ်သောက်လို့ရမယ့် အနေအထားပါပဲ.။ ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း အိမ်ရှေ့က မန်ကျည်းပင်ရိပ်အောက်မှာ အေးအေးလူလူ ဂျာနယ်တစ်စောင်ဖတ်နေတုန်း ဆက်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့ တူတော်မောင်အရာရှိ ရောက်လာပြီး
“ဘကြီး နေကောင်းလား . ဘာတွေဖတ်နေတာတုန်း” လို့ မေးရာ
“အေး. အတော်ပဲကွာ. ဘကြီးလည်း တူမောင်ကို မေးချင်. သိချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ” ဟု ပြန်ပြောလိုက်ပါတယ်
“ဘာတွေ သိချင်နေတာလဲ ဘကြီးရ” ဟု တူမောင်က ပြောရာ ကျွန်တော်လည်း
“ဟို တလောကကွာ ဂျာနယ်တစ်စောင်မှာ ဘကြီးဖတ်လိုက်ရတယ်။ တူမောင်တို့ ဝန်ကြီးဌာနက ဝန်ကြီး ဦးသိန်းထွန်းနဲ့ အထွေထွေမန်နေဂျာ/အင်ဂျင်နီယာချုပ်စတဲ့ အရာရှိကြီး(၈)ဦးကို မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာမှာ ပိုမိုတွက်ချက်တင်ပြပြီး ထုတ်ယူတာကြောင့်ရယ်၊ စက်ကိရိယာ ပစ္စည်းတွေ ၀ယ်ယူရာမှာလည်း ဈေးလျော့ဝယ်ယူတာတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နဲ့ ဥတ္တရသီရိမြို့နယ်က ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူတော့မယ်လို့ ဘကြီးဖတ်လိုက်ရတယ်ကွ၊
ဒါပေမယ့် အခုချိန်ထိ အဲဒီအကြောင်း ဘာမှထပ်မကြားတော့လို့ ပြီးများသွားပြီလား၊ ဘာတွေဖြစ်ကုန်ပြီလဲလို့ သိချင်နေတာ ကွ တူမောင်ရ” ဟု ပြောလိုက်ရာ
ကျွန်တော့တူတော်မောင်က ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး ဒါက ဒီလိုရှိတယ် ဘကြီးရဟုဆိုကာ သူတို့ဝန်ကြီးဌာနက သတင်းတွေအားလုံးကို ပြောပြပါတော့တယ်
“ဘကြီးပြောတဲ့ ပထမသတင်းက မှန်တယ်ဘကြီးရ. အမှုလည်းဖွင့်ပြီး နောက်နေ့မှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာနကို စသုံးလုံးကလူတွေရောက်လာပြီး လူကြီးပိုင်းတွေကို စပြီးစစ်တော့တာပဲ. သူတို့ရုံးခန်း တွေထဲက ကွန်ပျူတာတွေ၊ ဖိုင်တွေ၊ ဖုန်းတွေ အားလုံးကို သိမ်းဆည်းလိုက်ပြီး အကုန်စစ်တော့တာပဲ ဘကြီးရ.” ဟု ဆိုကာ ဆက်ပြောပါတယ်
“နောက်ပြီး စစ်နေတဲ့အချိန်မှာပဲ ဝန်ကြီးဆီကို ဦးသိန်းဝင်းက ငွေလွှဲပေးတဲ့ပြေစာတွေ အင်တာနက် ပေါ်ရောက်လာတော့ ပိုဆိုးတော့တာပေါ့ ဘကြီးရာ. စစ်စစ်ချင်း အစောပိုင်းမှာတင် စာရင်းကွာတာ တွေ၊ ငွေကွာတာတွေ၊ ပစ္စည်းဈေးနှုန်းကွာတာတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေတင်သွင်းဝယ်ယူတဲ့ နေရာမှာ နိုင်ငံတော်ကိုတန်ဖိုးများများစာရင်းပြ ကုမ္ပဏီနဲ့ညှိပြီး အရည်အသွေးနိမ့်တဲ့စက်ပစ္စည်းတွေ သွင်းတာတွေ တွေ့တာပေါ့ဘကြီးရာ. ကျွန်တော်တို့လည်း ဒီတစ်ခါတော့ နိုင်ငံတော်သမ္မတကြီး တကယ်အရေးယူပြီလို့ ထင်တာပေါ့ဘကြီးရာ. အခုကြတော့ အဲဒီလို မဟုတ်တော့ပြန်ဘူး ဘကြီးရ.” ဟု ပြောတော့
ကျွန်တော်လည်း အတော်စိတ်ဝင်စားသွားပြီး “ဟေ ဟုတ်လား ဘကြီးသိချင်နေတာ အဲဒါကွ. ဆက်ပြောပါအုံး” ဟု ပြောလိုက်ပါရာ
“စစချင်းတော့ သူတို့ပဲပေါ. နောက်တော့မှ ဘကြီးရေ- စစ်လိုက်တာ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပေါ့. အခုလိုအလွဲသုံးစားလုပ်မှုတွေက အခုဒီဝန်ကြီးလက်ထက်ကြမှ ရှိတာ မဟုတ်ဘူး၊ အရင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်လက်ထက်ကတည်းက ဖြစ်နေတာ ဘကြီးရ၊ ဇာတ်လမ်းက အရှုပ်ကြီးရယ်၊ စာရင်းဇယားတွေ အကုန်လုံးကို စစ်တာဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့ အပြင်ကကုမ္ပဏီတွေလည်း ပါတာပေါ့ ဘကြီးရာ၊ အဲဒီထဲမှာ ဆက်သွယ်ရေးရဲ့ Project တွေ အများဆုံးရတဲ့ ကုမ္ပဏီက RedLink ကုမ္ပဏီလေ.” “RedLink ကုမ္ပဏီကို ဘကြီးသိလား” လို့ တူတော်မောင်က စကားဖြတ်ပြီးမေးလိုက်ရာ
”အင်း မြင်တော့ မြင်ဘူးတယ်. ကြေငြာတွေထဲမှာ တွေ့တာလေ” ဟု ပြန်ပြောလိုက်ပါတယ်. ဒါနဲ့ တူတော်မောင်က
“အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းပိုင်တာ ဘကြီးရ၊ ဒါကြောင့်မို့ ဆက်သွယ်ရေးရဲ့ Project တွေ အများကြီးကို သူတို့ရတာပေါ့. အခုဒီမှာ ပြဿနာလည်းဖြစ်ရော ဟို.စသုံးလုံးအဖွဲ့တွေက သူတို့ကိုပါခေါ်ပြီးစစ်တာပေါ့. အဲဒါ ဆက်သွယ်ရေးနဲ့ RedLink နဲ့ပေါင်းပြီး စာရင်းလိမ်ပြထားတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ အများကြီး အများကြီး ပေါ်လာတာပေါ့ဘကြီးရာ.

ဇာတ်လမ်းက အဲဒီမှာ စတာ ဘကြီးရ. ဝန်ကြီးနဲ့ အစစ်ဆေးခံနေရတဲ့ လူကြီးတွေကလည်း သူတို့ကို ဖော်ထုတ်ရင်. သူတို့ကလည်း အရင် ဝန်ကြီးဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ လာဘ်စားထားတဲ့အကြောင်း တွေ၊ သူတို့ကို ခွဲဝေပေးရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဆွေမျိုးသားသမီး.တွေကို လုပ်ကိုင်ခွင့် Project တွေ ပေးရတဲ့အကြောင်းတွေကို ဖော်ကောင်လုပ်မှာလို့ ပြောလိုက်တယ်.

အခုကျွန်တော် နောက်ဆုံး သိရတာကတော့ သူတို့ကိုသာ အရေးယူမယ်ဆိုရင် သူတို့ဖော်ကောင်လုပ်မယ့် အချက်အလက်တွေကို ပြုစုပြီးပြီလို့ သိရတယ်ဘကြီးရ. အဓိကကတော့ RedLink ကုမ္ပဏီနဲ့ ပေါင်းပြီး နိုင်ငံတော်ကို ညာထားတဲ့အချက်တွေပေါ့ ဘကြီးရာ.
အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား ပိုင်တဲ့ကုမ္ပဏီဖြစ်နေတော့ သူပါ သိက္ခာကျ၊ အရှက်ကွဲရမယ့် အခြေအနေလေ. ဒါကြောင့်မို့ အခုတော့ ဝန်ကြီး ဦးသိန်းထွန်းနဲ့ အဖွဲ့ အရေးယူမခံရဘဲ ရှိနေတာကို လွှတ်တော်ကလည်း ဘာမှမပြောရဲ၊ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာပေါ့ ဘကြီးရ”လို့ ပြောလိုက်တော့မှ ကျွန်တော်လည်းသဘောပေါက်ပါတော့တယ်။



Ref:
http://www.searchmyanmar.com/link/frame/cid/19083

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 18, 2013

ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ဖော်ထုတ်အရေးယူမည့် ကလောင်ရှင်ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါး

2013-01-17
ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့ အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာမှာ အဆိုးမြင် ဝေဖန်ရေး သားဖော်ပြနေတဲ့ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ကလောင်ရှင်ကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်မင်း ဒေါက်တာစိုးရင် က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပြီး ၊ ဒေါက်တာစိုးရင် တင်သွင်းတဲ့အဆိုကို သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး၊ စုံစမ်းစစ်ဆေးကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အင်တာနက် စာမျက်နှာမှာ လွှတ်တော်ကို ဝေဖန်ရေးသားတဲ့ ဒေါက်တာ ဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီး အရေးယူပေးဖို့ အဆိုတင်သွင်းတဲ့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဒေါက်တာစိုးရင်ဟာ ရန်ကုန် တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်းတစ်ဦး ဖြစ်တဲ့ အပြင် ၊နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

ဒေါက်တာဆိပ်ဖွား၏ ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား (above the law) ဆိုတဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ရာဇဝင်တွင်ရစ်တော့မယ့် ဆောင်းပါး အပြည့်အစုံကို ဟန်ဂုရွာသားများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ကြစေရန် ထပ်ဆင့်မျှဝေတင်ပြလိုက်ပါတယ် ။

ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား


ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -

“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။
ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။

အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။

ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။

ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....


ဒေါက်တာဆိတ်ဖွါး


Ref:
http://doctorsatephwar.blogspot.com/2013/01/blog-post_4901.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, October 10, 2012

အမြန်ဆုံးဆက်သွယ်ပါရန်

အမြန်ဆုံးဆက်သွယ်ပါရန်
ကိုဇော်လင်းမြင့် (010-2672-2457/010-3058-2457) ၊ သင့်ရာနည်းဖြင့် အမြန်ဆုံးဆက်သွယ်စေလိုပါသည် ။

လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
10-10-2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, August 1, 2012

ပင်လယ်ကမ်းခြေ သွားမည့် မြန်မာများ ကာယိနြေ္ဒ ထိပါးမှု သတိပြု

မနေ့က တီဗီသတင်း ၊ အင်တာနက်သတင်းများမှာ ကမ္ဘာကျော် ဘူဆန် ဟဲအွန်ဒဲ ပင်လယ်ကမ်းခြေက သတင်းထူး သတင်းဦးများကို ဖတ်ဖြစ်ပါတယ် ။ ကိုရီးယားမိတ်ဆွေတစ်ဦးက မြန်မာသတင်းပါတယ် ဆိုပြီး အညွှန်းပေးလာလို့ ကြည့်ဖြစ် ဖတ်ဖြစ်တာပါ ။
ကျနော်ထင်ထားတဲ့အတိုင်းပါပဲ ။ ကိုရီးယားလို 성추행 (Sexual harassment) လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ဖြစ်စေမှု ပါ ။

ကိုရီးယားနိုင်ငံမှာ လွတ်လပ်ပွင့်လင်းမှုတွေရှိလာတာနှင့်အတူ လွတ်လပ်ပွင့်လင်းမှုကို အခွင့်အရေးယူပြီး ကျူးလွန်တဲ့ အမှုတွေမရှိရအောင် လွတ်လပ်ပွင့်လင်းလိုသူတွေအတွက် ဥပဒေအရ အကာအကွယ်ပေးထားတာတွေလည်း ရှိနေပြန်ပါတယ်။
သတင်းကို ဖတ်ကြည့်တော့ ၊” ဟဲအွန်ဒဲ ပင်လယ်အပမ်းဖြေစခန်း လိင်နှောက်ယှက်မှု ၊ ကမ်းခြေ နိုင်ငံခြားသား ၃ ဦးဖမ်းဆီး” တဲ့ ။
သတင်းအတိုချုပ်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ယောက်နှင့် ဗီယက်နမ်နိုင်ငံသား တစ်ယောက်ကို ၊ ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုဥပဒေအရ ဖမ်းပြီး ၊ မြန်မာနိုင်ငံသား ကိုကိုစီ(၃၄-နှစ်) ကိုတော့ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ဖြစ်စေမှု အရ ဖမ်းတယ်လို့ ဆိုပါတယ် ။

ကိုကိုဘင်္ဂလားဒေ့ရှ် နှင့် ကိုကိုဗီယက်နမ် တို့ကတော့ ဆယ်ကျော်သက်ရွယ် ကိုရီးယားမယ်လောင်းကလေး ၂ဦးကို ထိပါးရိပါးလုပ်လို့ ၊ ကိုကိုမြန်မာကတော့ တန်ဖိုးကြီး ခေတ်မီ စမတ်ဖုန်းကြီးနှင့် ကမ်းခြေပျော် ကိုရီးယား မယ်တော်များကို မှတ်တမ်းတင်မိတဲ့အမှုပါ ။

၂၀၁၂ နွေရာသီ မကုန်သေးပါဘူး ။ အစပဲ ရှိပါသေးတယ် ။ မနှစ်ကဆို ပင်လယ်ပျော်မှုနှင့် မြန်မာပြည်ပြန်ပို့ခံရတဲ့ သူ ရှိခဲ့ပါကြောင်း ထပ်လောင်းသတိပေးအပ်ပါတယ် ။

ထရံမှာ နားရှိတယ်ဆိုတဲ့ မြန်မာစကားပုံရှိပါတယ် ။ ကိုရီးယားမှာတော့ လေးဖက်လေးတန်မှာ စီစီတီဗီရှိတယ်လို့ စကားပုံထွင်ရမလိုဖြစ်နေပါတယ် ။ စီစီတီဗီကြောင့် ပြန်ပို့ခံရသူတွေမနည်းမနော ရှိနေပါပြီ ။ လူလစ်ပြီဆိုပြီး မဖွယ်မရာ မလုပ်မိကြဖို့ပါ ။ (နောင်အချိန်ပိုရှိပြီး အခွင့်ကြုံရင် သပ်သပ်ရေးပါဦးမယ် ။)

နောက် ကိုရီးယား ခေတ်ပေါ် အမှုများအကြောင်းလေးလည်း လက်တို့လိုက်ချင်ပါတယ် ။ အရှေ့မှာ ငါးစာချထားပြီး ၊ ဘေးနှင့် အနောက် မလှမ်းမကမ်းကနေပြီး တံငါတွေက စောင့်နေပြီး ၊ သက်သေ သက်ကာယ နှင့် ဂွင်ဖန်ပြီး ဖမ်းတဲ့အမှုပါ ။ ငွေညှစ်မယ် ၊ မရရင် အမှုဖွင့်မယ်ဆိုတာမျိုးပါ ။ မြန်မာမိန်းခလေးတွေ ပြောမထွက်တဲ့ စကားလုံးတွေနှင့် ပီပီပြင်ပြင် ပယ်ပယ်နယ်နယ် ကို ပြောပြပြီး တိုင်ချက်ဖွင့်တတ်တာမို့ အတိုင်ခံရရင် လွတ်ဖို့ ခက်ပါတယ် ။

နွေရာသီပိတ်ရက် ပျော်ပျော်ရွှင်ရွှင် အကျိုးရှိရှိကုန်ဆုံးနိုင်ကြပါစေလို့ ။
ခင်မင်လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
၂၀၁၂-သြဂုတ်-၁

ရည်ညွှန်းသတင်းများ-
- http://news.tv.chosun.com/site/data/html_dir/2012/07/29/2012072901143.html
- http://article.joinsmsn.com/news/article/article.asp?total_id=8910553&ctg=1200

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, July 31, 2012

၃-နှစ်စာချုပ်သမားတွေ ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ဘယ်လိုလုပ်ရင်အဆင်ပြေမလဲ

ရေးသားသူ — Myint Than


မင်္ဂလာပါ အကို ကျွှန်တော်ကဒီရောက်တာ ကိုးလရှိပါပြီ အကို တို့သုံးနှစ်တိုက်ဖြတ်ရေးကို ဟန်ဂုရွာမှာတွေ့ရတာဝမ်းသာမိပါတယ် ဒါပေမယ့် မြန်မာပြည် အနေအထားနဲ့က မလွယ်ဘူးဗျ ကျွှန်တော့် သူငယ်ချင်းတစ်ယောက်ဆို သူကဒီကိုရောက်ဘူးတယ် ရေလုပ်ငန်းနဲ့ကျလို့မလားဘူး စာချုပ်မချုပ်ဘူး ဒါကိုမှတ်ချက်ရေးခိုင်းတယ် ရေးပေးလိုက်တော့လည်း စာရေးတာများတယ် ငါတို့မကောင်းဖြစ်မှာပေါ့ နောက်လူတွေလည်းအားနာအုံး နင်တစ်ယောက်မသွားရလို့ ဘာမှမဖြစ်ဘူး ကျန်တဲ့သူတွေရောက်ဘို့အရေးကြီးတယ် ဆိုပြီးပြောတယ် အရင်လူတွေဘယ်လောက်တောင်စောင့်ခဲ့ရလဲ အခုရတုန်းသွား ဆိုပြီးတိုက်တွန်းနေတော့ လာခြင်နေတဲ့သူတွေကိုဘယ်လိုတားမလဲအကို အဲ့ဒီမှာသူတို့အဘလို့ခေါ်နေတဲ့ သူကဆို သူတို့ပြောတာနားမလည်လို့ ပြန်မေးမိတာ ထိုးခံထိတယ် မင်းကဘာကောင်လဲဘာလဲနဲ့ အဲ့ဒီလောက်ဖြစ်နေတဲ့ လေဘာရုံးကို ဒီလာခြင်တွေက ဘယ်လိုနည်းနဲ့ လှန်ရဲမှာလည်း ဒါတွေကို ထည့်စဉ်းစားရင် မလွယ်ဘူးထင်လို့ပြောပြတာပါ ။
နောက်တစ်ခုက ဒီရောက်ပြီး တစ်နှစ်စာချုပ် တွေကသူတို့တစ်နှစ်ပြည့်ရင် အလုပ်ရှင်ကကြိုက်နေရင်လည်း ပြောင်းလို့ရပါသလား သိခြင်ပါတယ်
သုံးနှစ်စာချုပ်သမားတွေထဲက တစ်နှစ်ပြည့်လို့ပြောင်းခြင်ရင် ဘယ်လိုဆောင်ရွက်လို့ အဆင်ပြေနိုင်မလည်းသိခြင်ပါတယ် ။

********
ကိုမြင့်သန်းခင်ဗျာ။
အကြံပေးတာ ကျေးဇူးတင်ပါတယ်။
၁-နှစ် စာချုပ် ဆို ၁-နှစ်ပြည့်ပြီးရင် ၊ ကိုယ်ပြောင်းချင်ရင်ပြောင်းလို့ရပါတယ်။
၁-နှစ်စာချုပ်ကုန်ရင် ၊ သူဌေးက သူ့စက်ရုံမှာ ဆက်ခိုင်းချင်တယ်ဆို ၊ စာချုပ်အသစ်ထပ်ချုပ်ရပါတယ်။
အဲသည်မှာ ကိုယ်က သဘောမတူရင် ၊ စာချုပ်ဆက်မချုပ်လည်းဖြစ်ပါတယ် ။
၃-နှစ်ဆိုတော့ ၊ ကိုယ်က ကြိုက်ကြိုက်မကြိုက်ကြိုက် သူဌေးက ကြိုက်နေရင် ၃-နှစ်ပြည့်သည်အထိ ဆက်လုပ်ပေးဖို့တာဝန်ရှိနေပါတယ်။
သူဌေးက သဘောတူ ခွင့်ပြုမှ အခြားစက်ရုံကို ပြောင်းလို့ရပါတယ် ။
၃-နှစ်စာချုပ်သမားတွေက ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ၊ သူဌေးခွင့်ပြုချက်ရအောင်လုပ်ရပါ့မယ်။ သူဌေးခွင့်ပြုချက်ရမှ အဆင်ပြေပါမယ် ။
ကျန်တဲ့ နည်းတွေရှိပေမယ့် ၊ မလွယ်ကူလှကြောင်း သိရပါတယ် ။
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂-ဇူလိုင်-၃၁

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, June 18, 2012

အကြမ်းဖက်ဘင်္ဂါလီရိုဟင်ဂျာကုလားမဲတို့၏ လုပ်ရပ်ရှုတ်ချ ၊ ရိုဟင်ဂျာ ဒုက္ခခံ ရခိုင်တိုင်းရင်းသားများအား အလှူငွေထောက်ပံ့

ဇွန်-၁၇ ၊ ဆိုးလ်မြို့

[Photo: Rakhaing Association in Korea/ တောင်ကိုရီးယားနိုင်ငံရောက်တိုင်းရင်းသားညီနောင်များက အကြမ်းဖက်ဘင်္ဂလီ(ရိုဟင်ဂျာ)တို ၏ ရက်စက်ယုတ်မာမှု အား ကန့် ကွက်ဆန္ဒပြနေကြစဉ်]

ယနေ့ (၁ရ-၆-၂၀၁၂)ရက်နေ့ တွင် ၊ တောင်ကိုရီးယားနိုင်ငံရောက်ရခိုင်လူမျိုးများနှင့်တိုင်းရင်းသားညီ အစ်ကို(၈၀) ခန့် သည်အကြမ်းဖက်ဘင်္ဂလီ(ရိုဟင်ဂျာ)တို ၏ ရက်စက်ယုတ်မာမှု့ လုပ်ရပ်အား ကန့် ကွက်ဆန္ဒပြပြီး ရခိုင်ဒေသအတွက်လိုအပ်ချက်များကိုမြန်မာသံရုံး(ဆိုးလ်) မှတစ်ဆင့် နိင်ငံတော်သမ္မတကြီး ထံတောင်းဆိုမှု့ အားနေ့ လည်(၁)နာရီမှ(၂)ထိနာရီပြုလုပ်ခဲ့ပါသည်။

မြန်မာတိုင်းရင်းသားညီအစ်ကိုများမှရခိုင်ဒေသတွင်အကြမ်းဖက် ဘင်္ဂလီရိုဟင်ဂျာကုလားမဲတို့ ၏ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှု့ ကြောင့် အိုးမဲ့အိမ်မဲ့အခြေအနေဆိုးဘဝများသို့ ရောက်ရှိကာ ဆင်းရဲဒုက္ခခံစားနေရသူများအတွက် ၊ အလှူငွေထည့်ဝင်လှူဒါန်းကြရာ မြန်မာကျပ်ငွေသိန်း(၅၀)ရရှိပြီး အလှူငွေများအားရခိုင်ဒေသများသို့ ယနေ့လွဲပြောင်းလှူဒါန်းလိုက်ပါသည်။

လူမျိုးချင်းစာနာထောက်ထားစွာဖြင့် အလှူငွေထည့်ဝင်ပေးကြသောတိုင်းရင်းသားညီအကိုများနှင့်တကွငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲသိုတတပ်တအားပူးပေါင်းပါဝင်ခဲ့ကြသောညီအစ်ကိုများအားရခိုင်တိုင်းရင်းသားလူမျိုးများကိုယ်စားအထူးကျေးဇူးတင်ရှိပါကြောင်း........


ရခိုင်အသင်း(ကိုရီးယား)
မှတ်ချက်-
အလှူရှင်များ၏စာရင်းကိုသီးခြားဖော်ပြပေးပါမည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 11, 2012

အလွဲသုံးစား ပြုသူ ကျေးရွာ အုပ်ချုပ်ရေးမှူးနေမြဲ ၊အလွဲသုံးမှု ဖော်ထုတ် တိုင်ကြားသူများ ထောင်ကျ

မန္တလေး ၊ မတ်၁၀
မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် လူးခင်း ကျေးရွာအုပ်စု ပျားဆွဲ အရှေ့ရွာ အုပ်ချုပ်ရေးမှူးသည် မူလတန်းကျောင်း ရန်ပုံငွေ၊ စာကြည့်တိုက် ရန်ပုံငွေ၊ ဘုန်းကြီးပျံ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်ကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားစာ ပေးပို့သူ ရွာသားသုံးဦးသည် တန်ပြန် တိုင်ကြားခြင်း ခံရပြီး ထောင်တစ်လ ကျခံခဲ့ရကြောင်း ထောင်ချခံခဲ့ရသူ ဦးဘကြိုင်က The Voice Weekly ကို ပြောကြားသည်။

တိုင်ကြားစာ ပို့ခဲ့သူ ဦးဘိုကြိုင်၊ ဦးလှသိန်း၊ ဦးချစ်သဲတို့ သုံးဦးသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင် ဦးတင်ဝင်းတို့ကို ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုလုပ်ကြောင်း အထောက်အထားများနှင့် တင်ပြခဲ့သည်။

အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများ အလွဲသုံးစားမှု ပြုကြောင်း ဝန်ခံခဲ့ပြီး အမှုမှန် ပေါ်ပေါက်ခဲ့သော်လည်း မည်သို့သော အရေးယူမှုမျှ မရှိခဲ့ဘဲ တိုင်ကြားသူများကိုသာ အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဦးဘိုကြိုင်က ယင်းကျေးရွာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

တိုင်ကြားသူ သုံးဦးမှာ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ထောင်ဒဏ် တစ်လ ကျခံခဲ့ရကြောင်း ၎င်း၏ အဆိုအရ သိရသည်။

Sources:
- The Voice Daily Newsletter March 10, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 13, 2011

ဘုရှ် နှင့် ဘလဲ တို့မှာ စစ်ရာဇဝတ်သားများ ဖြစ်ကြောင်း တရားရုံးပြော

မလေးရှား နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ပြစ်မှု ခုံရုံးတစ်ခုတွင် အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျှူဘုရှ် နှင့် ယခင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်သူ တိုနီဘလဲတို့မှာ အီရတ်နိုင်ငံ နှင့်ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်းတွင် စစ်ပွဲဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ခဲ့သူများ အဖြစ် တွေ့ရှိခဲ့ရကြောင်း press tv သတင်းတွင် ဖော်ပြခဲ့သည်။ ကွာလာလမ်ပူရှိ စစ်ဘက် ဆိုင်ရာ ပြစ်မှုခုံရုံးရှိ ငါးဦးပါ ခုံသမာဓိ အဖွဲ့မှ ဆုံးဖြတ်ရာ၌ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံသို့ ကျူးကျော် တိုက်ခိုက်ခဲ့သည့် လုပ်ရပ်တွင် ဘုရှ်နှင့် ဘလဲ တို့မှာ လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသား ဖြစ်တည်မှုကို ဆန့်ကျင် သည့် ပြစ်မှု များကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ အီရတ်တွင် ဖျက်အားပြင်း လက်နက်များ တွေ့ရှိသည် ဆိုသည့် အချက်ဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုဖြင့် ကျူးကျော်စစ်ကို ဆင်နွဲခဲ့ခြင်း ဖြစ်သည်။ မလေးရှား နိုင်ငံရှိ သမာဓိခုံအဖွဲ့မှ ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြောရာ၌ ထိုစဉ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လိုက်ခြင်း ဖြစ်ပြီး အီရတ် ပြည်သူတို့အပေါ်တွင် ကြီးကျယ် သည့် သေကြေမှုများကို ဖြစ်စေသော ကျူးလွန်မှု တစ်ရပ် ဖြစ်ေ ကြာင်း ပြောကြား သွားခဲ့သည်။

ခုံရုံးဆုံးဖြတ်သူများမှ ပြောရာ၌ ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း အဆိုပါ လက်နက်ကြီးများကိုတွေ့ရှိခဲ့ခြင်း မရှိသည် ကို ဗြိတန်နှင့် အမေရိကန် ခေါင်းဆောင်များ သိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ စစ်ပွဲကြောင့် အီရတ်ပြည်သူ တစ်သန်းကျော် သေဆုံး ခဲ့ရကြောင်းလည်း ကယ်လီဖိုးနီးယား အခြေစိုက် စုံစမ်းရေး အဖွဲ့အစည်းတစ်ခုမှ ပြောခဲ့သည်။ ယခုလို တွေ့ရှိ မှုအား ရောမရှိ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးသို့ တင်ပြသင့်ကြောင်းနှင့် ဘုရှ်နှင့် ဘလဲတို့အား စစ်ဘက်ဆိုင် ရာ ပြစ်မှု ကျူးလွန် သူများအဖြစ် စာရင်းသွင်းသင့်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

Ref:
- http://shwenaingan.blogspot.com/2011/11/blog-post_23.html
- http://www.africalegalbrief.com/index.php/component/content/article/429-bush-and-blair-guilty-of-war-crimes-commission.html
- http://english.pravda.ru/opinion/feedback/19-03-2007/88415-bush_blair-0/
- http://www.salon.com/2011/11/23/bush_and_blair_found_guilty_of_war_crimes_for_iraq_attack/
- http://news.nationalpost.com/2011/11/22/george-w-bush-tony-blair-found-guilty-of-war-crimes-in-malaysia/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, December 4, 2011

မြန်မာအီးပီလုပ်သားများ သိထားသင့်သော လိင်အရောင်းအဝယ်ဆိုင်ရာ အထူးဥပဒေ

မြန်မာ အီးပီကိုကိုက တရားလိုလုပ်ပြီးတိုင်ခဲ့တာပါ
လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရဲတစ်ယောက်က အကူအညီတောင်းလို့ ရဲစခန်း တစ်ခုမှာ စကားပြန်လုပ်ပေးခဲ့ရပါတယ် ။ အမှုကတော့ မြန်မာ အီးပီအလုပ်သမားတစ်ယောက် မတရားအလုပ်ခံရတဲ့အမှုပါ ။ မြန်မာက တရားလိုလုပ်ပြီး တိုင်ခဲ့တဲ့အမှုပါ ။ အဲသည်အမှု ကျနော်တို့ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေသိထားသင့်တယ်ထင်လို့ ဒီဆောင်းပါးကိုရေးဖြစ်ပါတယ် ။
အမှုကတော့ တည်းခိုခန်းသွားပြီး ၊ ပြည့်တန်ဆာနှင့် ပျော်ပါးခဲ့ရာမှာ ၊ အလိုမပြည့်မြောက်ဘဲ ၊ ပြန်လာခဲ့ရာတာကို မကျေနပ်လို့ တိုင်ကြားခဲ့တဲ့အမှုပါ ။

ဖြစ်ပုံက သည်လိုတဲ့ခင်ဗျ
ရဲ (မေး) ။ ဒီနေရာကို ဘာဖြစ်လို့ရောက်နေတယ် ဆိုတာ သိပါသလား ။
အီးပီ (ဖြေ) ။ သိပါတယ်။
ရဲ (မေး) ။ လိင်အရောင်းအဝယ်ဆိုင်ရာ အထူးဥပဒေ (성매매 특별법) အရ တိုင်တန်းချက်ရှိလို့ ရောက်နေတယ်ဆိုတာကို သိပါသလား ။
အီးပီ(ဖြေ)။ သိပါတယ် ။

မေးဖြေမလား ၊ ရှေ့နေခေါ်ဦးမလား
အဲသည်နောက် အမှုစစ်ရဲအရာရှိက ရဲလက်စွဲအတိုင်း ရှင်းပြပါတယ် ။ အမှန်အတိုင်းပြောဖို့ တာဝန်ရှိကြောင်း ၊ သို့ရာတွင် စစ်ဆေးမေးမြန်းချက်များကို မပြောဘဲနေ၍လည်း ရကြောင်း ၊ ထွက်ဆိုချက်များအရ ဥပဒေနှင့် ညှိစွန်းနေပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၊ မေးမြန်းချက်များကို စကားပြန်ဖြင့် မေးမြန်းမည်ဖြစ်ကြောင်း ၊ ရှေ့နေခေါ်လိုက ခေါ်နိုင်ကြောင်း ပေါ့ခင်ဗျာ ။
သာမန် အစစ်ခံ ၊ ထွက်ဆိုချက်ပေးမည်ဖြစ်ကြောင်း ၊ ရှေ့နေမခေါ်လိုကြောင်း မှတ်တမ်းတင်ပါတယ် ။

ကိုယ့်အဖြစ် ကိုယ်မှတ်မိပါသလား
အဲသည်ညက အရက်သောက်ထားပါသလား ။
အဲသည်ညက အဖြစ်အပျက်တွေကို မှတ်မိပါသလား ။
အရက်သောက်ထားသော်လည်း ပုံမှန်သာ သောက်ထားခြင်းဖြစ်သည့်အတွက် အသေအခြာ မှတ်မိပါတယ် ။
အဲသည်ညက ဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြပါ ။
အဲ သည်ညနေ ၊ သူငယ်ချင်းများနှင့် အရက်သောက်ကြပါတယ် ။ နောက် အရက်ဝိုင်းမှာ ပြောကြရင်း ၊ ဒီနားက တည်းခိုခန်းမှာ အမျိုးသမီးခေါ်ပြီး ပျော်ပါးလို့လို့ရကြောင်း သိရပါတယ် ။ သူငယ်ချင်းက လိုက်ပို့လို့ ၊ တည်းခိုခန်းကိုရောက်ပါတယ် ။ တည်းခိုခန်းပိုင်ရှင်က အမျိုးသမီးပါ ။ ဝင်ဝင်ချင်း အမျိုးသမီးရသလားလို့ မေးတော့ ရတယ် ။ ၃ သောင်းပေးရမယ် ။ မိနစ် ၂၀ လောက်စောင့်ရမယ်ပြောပြီး ၊ အခန်းတစ်ခန်းကို လိုက်ပို့ပါတယ် ။ မိနစ် ၂၀ လောက်ကြာတော့ ၊ အမျိုးသမီး တစ်ဦးရောက်လာပါတယ် ။ အရပ်ဘယ်လောက် ၊ အသက်ဘယ်လောက် ၊ အပေါ် အောက် ဘာညာ ဝတ်ထားပါတယ် ။
ရောက်ရောက်ချင်း ဘာညာစသည်ဖြင့် ၊ အစဉ်အတိုင်း မလစ်ဟာရအောင် ၊ ကွက်ကွက်ကွင်းကွင်း ဖြစ်အောင် မှတ်တမ်းတင်ပါတယ် ။

လိမ်ပြောပေးပါငါ့မောင်ရယ်
ပြဿနာက ဘာဖြစ်သလဲဆိုတော့ ၊ မူလထွက်ဆိုချက်နှင့် ကွဲလွဲနေတဲ့ ပြဿနာ ။
ဘယ်ဟာမှန်သလဲဆိုတော့ ၊ မူလထွက်ဆိုချက်က မှန်ပါသတဲ့ ။
အခုဘာလို့ ပထမထွက်ဆိုချက်နှင့် ကွဲလွဲပြီးထွက်ဆိုရပါသလဲဆိုတော့ ။
မိုတယ်ပိုင်ရှင် အဖွားကြီးက သည်အတိုင်းပြောခိုင်းလို့ပါတဲ့ ။
ဇာတ်လမ်းက အခုမှစတာဗျို့ ။
အဖွားကြီး ကဘာပြောခိုင်းထားသလဲဆိုတော့ ၊ အမျိုးသမီးလာပါတယ် ။ ကျနော်က မူးနေလို့ ၊ အမျိုးသမီးနှင့် မပျော်ပါးလိုက်ရဘူး ။ ဒီအတိုင်းပြန်သွားပါတယ် လို့ပြောပေးပို့ ပြောခိုင်းထားသတဲ့ ဗျ ။

ဇွတ်ပြန်သွားတဲ့သူ ၊ ငါ့ပိုက်ဆန်ပြန်ပေးပါ
သူက အဲသလို ဘယ်ပြောချင်ပါ့မလဲ ။ အမှုက အမျိုးသမီးက ကိစ္စမပြီးမြောက်မှီ ၊ ကြာလို့ အချိန်စေ့ပြီ ဆိုပြီး ပြန်သွားတဲ့အတွက် ၊ အဲသည်အမျိုးသမီးဆီက ပိုက်ဆံပြန်ရချင်လို့ တိုင်ထားတဲ့အမှု ။
သည်တော့ သေခြာအောင်ရဲက ထပ်မေးပါတယ် ။
လိင်ဆက်ဆံမှု ပြုခဲ့သလား ၊ မပြုဘူးလား ။
ပြုခဲ့ပါတယ် ။ ဘယ်လောက်ကြာပါတယ် ။ ကိစ္စမပြီးမှီ အမျိုးသမီးက တော်ပြီ ၊ အချိန်စေ့ပြီ ၊ ထပ်လုပ်ချင်ရင် ပိုက်ဆံထပ်ပေး ၊ ပိုက်ဆံ အပို ထပ်မပေးရင် ပြန်မယ် ဆိုပြီး ၊ ဇွတ်ပြန်သွားသတဲ့ ။ အဲသည်မှာ ကိုကိုအီးပီ ကလည်း ဒီလိုလုပ်လို့ဘယ်ရမလဲ ၊ ငါ့ပိုက်ဆန်ပြန်ပေးဆိုပြီး ပြန်တောင်း ။ ဟိုကလည်း ပြန်မပေးနိုင်ဘူး ။ သူ့တာဝန်ကျေပြီဆိုပြီး ဖြစ် ။ အဲသည်လိုနှင့် ရဲစခန်းရောက်ကြတာ တဲ့ ။

တရားခံဖြစ်သွားသော တရားလိုအီးပီကိုကို
နောက် ရဲက ထပ်မေးတယ် ။ လိင်ရောင်းဝယ်ရန် ကြော်ငြာခြင်း အစရှိသည်တို့အတွက် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성매매 알선 및 행위자 처벌에 관한 법률) အရ မင်းမှာ အပြစ်ရှိတယ်ဆိုတာ သိပါသလား ။
ဟာ ၊ ဒုက္ခပဲအစ်ကို ကျနော်မသိဘူး ။ ကျနော်ဘယ်လိုပြောရမလဲ ။
ဟာညီလေး ၊ ဥပဒေကို မသိဘူးလို့ဆိုပြီး ငြင်းလို့မရဘူး ။ မသိလို့ ကျူးလွန်ရပါတယ်ဆိုလဲ ၊ အပြစ်က မလွတ်ဘူး ညီလေး ။ အေးကွာ ၊ ရှုပ်ကုန်ပြီ ။ မင်းကအဖြစ်မှန်ကို စောစာက ပြောထားလည်း ကြိုပြီး ညှိလို့ရဦးမယ် ။ အခုတော့ရှုပ်ကုန်ပြီ ။
မထူးဘူးကွာ ရဲနှင့်တိုင်ပင်ကြမယ် ။

(ဒီလိုနှင့် ရဲနှင့်တိုင်ပင်ကြပါတယ် ။ ရဲက ၊ ဟာ ဒီလိုလုပ်လို့မရဘူး ၊ တဲ့ ။ အခုလိုတိုင်ပင်တာကိုပဲ ပြစ်မှုမြောက်နေပြန်ပြီတဲ့ ။ သေရော့။ မိအေး ၂ခါနာဆိုတာ အဲတာမျိုးခေါ်မှာပေါ့နော် ။ )

ဥပဒေက ဒီလိုရှိပါတယ်
ဟုတ်ကဲ့ ကိုရီးယားနိုင်ငံမှာ ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ၊ လိင်အရောင်းအဝယ်ဆိုင်ရာ အထူးဥပဒေ (성매매 특별법) (2004. 3. 22, 법률 제7196호) ဆိုတာရှိပါတယ် ။ အဲဒီအထူးဥပဒေကို -
• လိင်အရောင်းအဝယ် ကာကွယ်ရေးနှင့် လိင်အရောင်းအဝယ်ခံရသူများစောင့်ရှောက်ရေးဆိုင်ရာဥပဒေ (성매매 방지 및 피해자 보호등에 관한 법률) နှင့်
• လိင်ရောင်းဝယ်ရန် ကြော်ငြာခြင်း အစရှိသည်တို့အတွက် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성매매 알선 및 행위자 처벌에 관한 법률) ဆိုပြီး ဥပဒေ ၂ မျိုးခွဲခြားနိုင်ပါတယ် ။

ရောင်းသူဝယ်သူ အတူတူ
လိင်ရောင်းဝယ်ရန် ကြော်ငြာခြင်း အစရှိသည်တို့အတွက် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성매매 알선 및 행위자 처벌에 관한 법률) မှာ လိင်အရောင်းအဝယ်ဆိုတာကို ပုဒ်မ (၂) ပုဒ်မခွဲ (၁) မှာ သည်လိုအဓိပ္ပါယ်ဖွင့်ထားပါတယ် ။
လိင်အရောင်းအဝယ်ဆိုသည်မှာ ၊ သာမန်တစ်ဦးတစ်ယောက်အား အဖိုးတန်ပစ္စည်းဖြစ်စေ ထို့ပြင် အမြတ်အစွန်း အကျိုးအမြတ်အတွက် လာဘ်လာဘ သို့မဟုတ် လာဘ်လာဘ ပေးမည်ဟု ကတိကဝတ်ပြုပြီး ၊ အောက်ဖော်ပြပါ အပြုအမူများအနက် တစ်ခုခုကို ပြုမူလျင် ဖြစ်စေ ၊ ထိုသို့ပြုမူခံရလျင် ဖြစ်စေ ဆိုလိုခြင်းဖြစ်သည် -
- (က) လိင်ဆက်ဆံခြင်း
- (ခ) ပါးစပ် ၊ စအို အစရှိသည့် ကိုယ်ခန္ဓာ၏ အစိတ်အပိုင်း တစ်ခုခု သို့တည်းမဟုတ် ကိရိယာကို အသုံးပြုပြီး
လိင်ဆက်ဆံခြင်း
/제2조(정의) ① 이 법에서 사용하는 용어의 뜻은 다음과 같다.
1. "성매매"란 불특정인을 상대로 금품이나 그 밖의 재산상의 이익을 수수 (收受) 하거나 수수하기로 약속하고 다음 각 목의 어느 하나에 해당하는 행위를 하거나 그 상대방이 되는 것을 말한다.
- 가. 성교행위
- 나. 구강, 항문 등 신체의 일부 또는 도구를 이용한 유사 성교행위/
ပြစ်ဒဏ်များကိုတော့ ပုဒ်မ (၂၁) ပုဒ်မခွဲ (၁) မှာ ပြဋ္ဌာန်းထားပါတယ် ။
- လိင်အရောင်းအဝယ်ပြုသူသည် (၁) နှစ်အောက်ထောင်ဒဏ် သို့မဟုတ် ဝမ် သိန်း (၃၀) အောက် ဒဏ်ငွေ ၊ စီရင်ခြင်း သို့မဟတ် တပ်ရိုက်ခြင်း ခံရမည် ။
/제21조(벌칙) ① 성매매를 한 사람은 1년 이하의 징역이나 300만원 이하의 벌금•구류 또는 과료(科料)에 처한다./

ဟုတ်ကဲ့ ၊ ကိုကိုအီးပီ မိတ်ဆွေများ ခင်ဗျာ ။
မိမိက တရားလိုအဖြစ် တိုင်ကြားမည့်အမှုအတွက် မိမိသည် အပြစ်ကင်းသူ ဖြစ်ဖို့လိုမည်ဟု ယူဆပါကြောင်း ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

ရည်ညွှန်းချက် -
- http://koreps.blogspot.com/2011/12/blog-post_03.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 3, 2011

မျက်နှာဖုံးစွပ်အုပ်စုဖွဲ့ လူသတ်မှု ၊ အမျိုးသမီးတစ်ဦး အပါအဝင်ခုနစ်ဦးဖမ်းမိ


ရန်ကုန် ၊ နိုဝင်္ဘာ ၃ဝ ။
မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီလမ်းတွင် ဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ်လူတစ်စုက အုပ်စုဖွဲ့လူသတ်မှုနှင့်
ပတ်သက်၍ အမျိုးသားခြောက်ဦးနှင့်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရရှိထားကြောင်း နိုဝင်ဘာလ ၃ဝရက်နေ့ ထုတ် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည် ။
ဖမ်းဆီးရမိထားသူများမှာ မြောက်ဥက္ကလာပမြို့နယ်မှ လေးဦး ၊ ကြည့်မြင်တိုင်မြို့နယ် ၊ သင်္ဃန်းကျွန်းမြို့နယ်နှင့်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တို့မှ တစ်ဦးစီဖြစ်ကြောင်း ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ အထူး မှုခင်းနှိမ်နင်းရေးဌာန နှင့် အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့၊ အထူးမှုခင်းနှိမ်နင်းရေး ဌာနတို့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည် ။

မူရင်းသတင်း -
- Voice Weekly (7/51)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, November 19, 2011

လူဆိုးဂိုဏ်း ဆန်ဆန် လူသတ်မှု မြောက်ဥက္ကလာတွင် ဖြစ်ပွား

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ။
ဓားရှည်များ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူ ၁၅ ဦးခန့်က နိုဝင် ဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော် ကျော်တွင် စားသောက်ဆိုင်အတွင်း ထိုင်နေသော အမျိုးသားတစ်ဦးကို ဆိုင်အတွင်း ဝင်ရောက်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့် နွယ်သာကီလမ်းအတွင်း မှ မျက်မြင်တွေ့ရှိသူများ နှင့် ဝေဘာဂီ ရဲတပ်ဖွဲ့စခန်းတို့ထံမှ သိရသည်။
ယင်းညက ဝေဘာဂီ (၁) ရပ်ကွက် ဘက်မှ မောင်းနှင်လာသော အဖြူရောင်ူငါ့အွှမကခု ယာဉ်တစ်စီး သည် (က)ရပ်ကွက် နွယ်သာကီ (၆) လမ်းထိပ် တွင် ရပ်တန့်ကာ အဆိုပါကားပေါ်မှ မျက်နှာဖုံး စွပ်ထားသည့် လူများဆင်းလာ ပြီး အသက် (၃ဝ) အရွယ် ဦးကျော်မင်း ထိုင်နေသော စားသောက်ဆိုင်အတွင်း ဝင်ရောက်၍ သတ်ဖြတ်ခဲ့ကြကြောင်း ၊ ဦးကျော်မင်းနှင့်အတူ ထိုင်နေသူ မိတ်ဆွေ များနှင့် ယင်းလမ်းထိပ်ရှိ လက်ဖက်ရည် ဆိုင်မှ မျက်မြင်များက ပြောဆိုကြသည်။
''အဖြစ်အပျက်က မြန်လွန်းတယ် ။ နှစ်မိနစ် သုံးမိနစ်လောက်အတွင်းပဲ'' ဟု သေဆုံးသူ ဦးကျော်မင်းနှင့်အတူ ထိုင်နေသူ အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦးကဆိုသည် ။
ဓားရှည်ကိုင် မျက်နှာဖုံးစွပ်ထား သူများသည် ချက်ချင်းပင် ကားပေါ်သို့ ပြေးတက် မောင်းနှင်ထွက်ပြေးသွားကြ ကြောင်း၊ ယာဉ်နံပါတ်ပြားကို စတစ်ကာ ဖြင့် ဖုံးအပ်ထားသဖြင့် ကားနံပါတ် မမှတ်မိလိုက်ကြောင်း အဆိုပါ ကားရပ် ထားရာအနီးရှိ လမ်းထိပ်လက်ဖက်ရည် ဆိုင်တွင် ထိုင်နေသူများက ရှင်းပြသည်။
''တစ်ကိုယ်လုံး ရစရာမရှိဘူး။ သွေးတွေလည်း အိုင်နေတာပဲ။ ဆေးရုံ ကိုချက်ချင်းပို့ပေမယ့် အရေးပေါ် ရောက်တော့ ဆုံးသွားတယ်'' ဟု အနီးရှိ တက္ကစီကားဖြင့် ဆေးရုံလိုက်ပါပို့ဆောင် ပေးခဲ့သူ ဦးကျော်မင်း၏ မိတ်ဆွေက ဆိုသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ The Voice Weekly က ဝေဘာဂီရဲတပ်ဖွဲ့ စခန်းသို့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၄ဝ ခန့်တွင် ဆက်သွယ်စုံစမ်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ''ညတွင်းချင်းပဲ အမှုဖွင့်ထား ပါတယ် ။ စခန်းမှူးလည်း ရင်ခွဲရုံမှာပဲ ရှိတယ်'' ဟု ပြန်လည်ဖြေကြားသည် ။
Ref:
- The Voice Weekly (7/49)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, July 22, 2011

ကွိစိကွစိဖုန်း မသုံးမိဖို့ သတိပြုစို့

(သက်ဆိုင်သူတစ်ဦးက ဤပို့စ်တွင် ၄င်း၏သဘောထားမှတ်ချက်ရေးလိုပါသဖြင့် ရှေ့ဆုံးစာမျက်နှာသို့ ပြန်လည်ဆွဲတင်ပေးပါရန် မေတ္တာရပ်ခံချက်အရ ဤ ပို့စ်အား ဘလော့၏ ပထမစာမျက်နှာတွင် ထပ်မံဖော်ပြလိုက်ရပါကြောင်း ။)
ရုပ်ရှင်မင်းသားအာနိုး
ဟောလိဝုမင်းသား အာနိုးကို မြန်မာပရိသတ်များ သိပြီးဖြစ်ကြပါလိမ့်မည် ။ ၄င်း အာနိုးလိုလို ဘာလိုလို မြန်မာလူငယ် လူသန် လူချောလေး တစ်ယောက် ကိုရီးယားမှာ ရှိခဲ့ဖူးပါသည် ။ သူ့နာမည်အရင်းပျောက်ပြီး အာနိုးဟုပင် လူသိများပါသည် ။ ကျနော်လည်း သူ့ကို အာနိုးဟုပင် သိထားပါသည် ။ လွန်ခဲ့သော ၁ နှစ်ကျော်က ၄င်းအာနိုး ရက်ကျော်နေထိုင်မှုဖြင့် အဖမ်းခံရပြီး မြန်မာပြည်ပြန်သွားရရှာပါလေပြီ ။ သို့သော် သူ့ဇာတ်လမ်းက ဟိုးလေးတကျော်မို့ သူ့ကို သိလိုက်ကြသည့် မြန်မာတော်တော်များများ သူ့အကြောင်း မမေ့နိုင်ကြသေးပါ ။

တစ်လ ဖုန်းပြောခ ဝမ် သိန်း ၆၀ ကျော်
ဖြစ်စဉ်ကတော့ ဖုန်းဘီလ် ဝမ် သိန်း ၆၀ ကျော်ဖိုး အကြွေးတင်နေသည့်ကိစ္စ ။ ကျနော်သည် သူ့ကိုသိရုံသာ သိသူဖြစ်ပြီး မရင်းနှီးသဖြင့် သူ့ဖုန်းခေါ်ဆိုခ ဘာကြောင့် တစ်လအတွင်း ဝမ် သိန်း ၆၀ ကျော်သွားရသည်ကို ဂဃနဏ မစောကြောမိလိုက်ပါ ။ အကြမ်းဖြင်းသိရသည်မှာ သူအဖမ်းမခံရမှီ အလုပ်မရှိသဖြင့် ၊ သူငယ်ချင်းအခန်းတွင် နေခဲ့သည် ၊ ဗီဇာမရှိသဖြင့် လိုင်းဖုန်းမကိုင်နိုင်ရှာ ။ သူငယ်ချင်းက သနားပြီး ပိုက်ဆန်စိုက်ထုတ်ခါ မိမိနာမည်ဖြင့်ပင် လိုင်းဖုန်း ၁ လုံးဝယ်ပေးလိုက်သည် ဟု ဆိုသည် ။ အဲသည်ဖုန်းဖြင့် ဖုန်းကြွေး သိန်း ၆၀ ကျော် အကြွေးရှိနေသည့် ပြဿနာ ။ သူ အဖမ်းခံရတော့ မနေနိုင်မထိုင်နိုင် နာမည်ခံ ပိုက်ဆန်စိုက်ပြီး ဖုန်း ဝယ်ထားပေးသည့် သူငယ်ချင်းအပေါ် ဖုန်းအကြွေးပြဿနာ လုံးလုံးလျားလျား တာဝန်ပုံကျနေတော့သည် ။ သဘောကောင်းသည့် သူငယ်ချင်း လူငယ် ခမျာ စားမနိုင် အိပ်မရ ၊ တမိုင်မိုင် ။

အိမ်ပေါင်ပြီး ဖုန်းအကြွေးဆပ်ရ
နောက်ဆုံးကြားက ဖြေရှင်းပေးသည့် သူပေါ်လာလို့ နာမည်ခံ ပိုက်ဆန်စိုက် ဖုန်းဝယ်ပေးလိုက်သည့် သူငယ်ချင်း သက်သာရရာရသွားရှာပေသည် ။ ကိုရီးယားရှိ မြန်မာလုပ်ငန်းရှင်တစ်ဦးက မြန်မာပြည်တွင် အာနိုး မိသားစုနေထိုင်ရာ အိမ်စာချုပ်ကို အပေါင်အဖြစ်ယူပြီး ၊ ဖုန်းအကြွေးများ စိုက်ပေးလိုက်ရသည်ဟု ဆိုသည် ။

အာနိုး တစ်ယောက်တည်းမဟုတ်ပါ
လွန်ခဲ့သော ၃ နှစ်ခန့်ကလည်း ၄င်းပြဿနာမျိုး ကျနော်သိခဲ့ရဖူးပါသည် ။ ကျနော့်မိတ်ဆွေ တစ်ဦးက မြန်မာပြည်တွင် ကိုရီးယားစကားပြောသင်တန်းဖွင့်ထားသည် ။ သည်ကိုရီးယားမှာ သင်တန်းသားများရော အီးပီလုပ်သားများပါ သူ့တပည့်တော်တော်များများရှိပါသည် ။ သူကိုရီးယား အလည်လာတော့ ကျနော့်ကိုပါ အလည်ခေါ်သဖြင့် သူနှင့်အတူ ကိုရီးယား တစ်ပတ် လည်ခဲ့ဖူးပါသည် ။ ကျနော်တို့အဖွဲ့ ဘူဆန်ရောက်တော့ ကိုရီးယားတောင်ပိုင်းရှိ သူ့တပည့်တော်တော်များများ သူ့ကို လာတွေ့ကြပါသည် ။ အဲသည်မှာ တပည့်တွေ အချင်းချင်းကွယ်ရာမှာ တစ်ဦးမကောင်းကြောင်း နောက်တစ်ဦးက ထုတ်ဖော်ပြီး တိုင်ကြတောကြတာတွေကို ကြားရပါသည် ။ ချောက်တွန်းကြသည့်သဘောတော့ ဟုတ်မည်မထင်ပါ ။ ဆုံးမ ပြုပြင်ပေးကြဖို့ မိမိတို့ ဆရာသမားထံ အကူအညီတောင်းသည့် သဘောဖြစ်မည်ဟု ကျနော်သဘောပေါက်ပါသည် ။

ကွိစိကွစိဖုန်း
အဲသည်မှာ ကျနော့် မိတ်ဆွေ၏ တပည့် သင်တန်းသားအလုပ်သမား လူငယ် တစ်ဦး ဖုန်းဖိုး အကြွေး ဝမ်သိန်း ၆၀ ကျော်ရှိနေသည့် ပြဿနာ ပါလာပါသည် ။ ဘာတွေ ဆက်လို့ သည်လောက် အကြွေးတွေတင်သွားရတာလဲ ၊ မင်းသိသလောက်ပြောစမ်းဟု မေးတော့ ဟာဆရာကလည်း ကွိစိကွစိတွေ ဆက်လို့ပေါ့ ဆရာဟုဖြေသည် ။ ကွိစိကွစိဆိုတာဘာလဲကွ ရှင်းရှင်းလင်းလင်း လုပ်ပါဦးဟု မေးတော့မှ ကွိစိကွစိအကြောင်းရှင်းပြသည် ။ အခု အဲသည် ကွိစိကွစိဆိုသော အသုံးအနှုန်းကို သဘောကျသဖြင့် ၄င်းသိန်း ၆၀ ကျော် အကြွေးတင်သည့် ဖုန်းအမည်ကို ကွိစိကွစိဖုန်းဟုပင် အမည်သညာပြုလိုက်ပါသည် ။ နောက် အတိုင်ခံရသည့် လူငယ်ကို ဟုတ်မဟုတ် မေးကြည့်တော့ မှန်ကြောင်းဝန်ခံသည် ။ နောင်တရမိကြောင်း နှင့် မသိသဖြင့် ထိုသို့ ပြုမိကြောင်း ၊ အကြွေးများကို မိမိလစာမှ လစဉ်ဖဲ့ဆပ်သွားမည်ဖြစ်ကြောင်း ၊ ၄င်းဖြစ်စဉ်ကို ၄င်း၏ အစ်ကို နှင့် မိသားစုအား မပြောရန် မေတ္တာရပ်ခံရှာပါသည် ။

ဖုန်းဖြင့် အလှူငွေထည့်ဝင်ခြင်း
ဖုန်းခေါ်လိုက်ရုံဖြင့် အလှူငွေထည့်ဝင် လှူဒါန်းနိုင်သည့် တီဗီအစီအစဉ်များကို ကိုရီးယားရောက် မြန်မာအတော်များများ သတိပြုမိကြလိမ့်မည်ဟု ကျနော်ထင်ပါသည် ။ သတိမထားမိသေးလျင် နောင်ကို သတိထားကြည့်ကြဖို့ တိုက်တွန်းပါသည် ။ ၄င်းအလှူငွေအစီအစဉ်ကို သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် ဌာန ၊ ဘဏ္ဍာရေးအတိုင်ပင်ခံဌာန ၊ ဘဏ် ၊ တီဗီအသံလွင့်ဌာန နှင့် တယ်လီကောမ်တို့ ၅ ဦး တိုင်ပင်ပြီး လုပ်ကြသော အစီအစဉ်ဖြစ်ပါသည် ။ ကိုရီးယားဘာသာဖြင့် 휴대폰결제/hyue-dae-phon-khyeo-je/ဟုခေါ်ပါသည် ။ အဓိပ္ပါယ်မှာ လက်ကိုင်ဖုန်းဖြင့် စာရင်းရှင်းလင်းသည့်စနစ် ဖြစ်သည် ။

တစ်ခါခေါ် ၁ ယူနစ် ဖြတ်မည်
၎င်းတို့ ဖော်ပြထားသော ဖုန်းနံပါတ်သို့ ပရိသတ် ၁ ဦးဦးက ဖုန်းခေါ်လိုက်လျင် ဖုန်းခေါ်လိုက်သည့် ဖုန်းရှင်ထံမှ သတ်မှတ်ထားသော ယူနစ် ၁ ခုကို ပေးလိုက်ရပြီး ၊ အခေါ်ခံရသည့် ဖုန်းနံပါတ်ပိုင်ရှင်က ဝေစု ၁ ခုရပါသည် ။ ဥပမာ ၁ ကြိမ်ခေါ်လျင် ဝမ် ၅ ထောင်ဆိုလျင် ခေါ်သည့် ဖုန်းရှင်က မိမိဖုန်းဘီလ်တွင် ၅ ထောင်တိုးသွားပါမည် ။ ၄င်း ၅ ထောင်အနက် ဘဏ် ၊ ဘဏ္ဍာရေး အတိုင်ပင်ခံဌာန ၊ တယ်လီကောမ် နှင့် အသံလွင့်ဌာနတို့က သဘောတူထားသည့် ဝန်ဆောင်ခများရရှိမည်ဖြစ်ပြီး ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် ဌာနကလည်း သဘောတူထားသည့် အချိုးအဆအတိုင်း ရရှိပါလိမ့်မည် ။ ၄င်း စနစ်ဖြင့် အသုံးပြုကြသော ဖုန်းနံပါတ်များမှာ 060- (သုညခြောက်သုည) ဖြင့် စပါသည် ။

ကွိစိကွစိလုပ်ငန်း
အဆိုပါ ဘဏ္ဍာငွေစီးဆင်းသည့်စနစ်ကို အလှူခံစနစ်တွင်ပါမက အခြားသော ဝန်ဆောင်မှုလုပ်ငန်းများတွင်ပါ အသုံးပြုနေကြသည်ကို သိရှိသည့် မြန်မာ တော်တော်လေး နည်းပါးနေဦးမည်ထင်ပါသည် ။ ကိုရီးယားတွင် ၄င်းလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် ဝန်ဆောင်မှုလုပ်ငန်း ရှိပါသည် ။ ၄င်းလုပ်ငန်းအမည်အား ကိုရီးယားတို့က အင်္ဂလိပ်ဘာသာကိုပင် တိုက်ရိုက်အသံမှီးပြီး ပြောကြပါသည် ။ သို့ရာတွင် မြန်မာများနားတွင် ၄င်းဝေါဟာရမှာ ရိုင်းနေမည်လားဟု ကျနော်တွေးမိပါသည် ။ ၄င်းဝေါဟာရကို ကျနော်ပါးစပ်မှ ပြောမထွက်ပါ ။ ကွိစိကွစိဟုပင် ခေါ်လိုက်ရပါသည် ။

အိုပါး ဆာရံ (င်) ဟဲ
လိုင်းဖုန်းရခါစ ညီငယ်များ သတိထားကြစေလိုပါသည် ။ ပထမ စာသားမက်ဆေ့များ (Text Messages) လာတတ်ပါသည် ။ နောက် ဖုန်းမှားခေါ်သလို လုပ်ပြီး ၊ သိသလိုလို ဘာလိုလို အစ်ကိုလေး (အိုပါး) ၊ အသည်းလေး (ယော်ဘိုး) ၊ အချစ်လေး (ဆာရန်) စသဖြင့် ချွဲချွဲပြစ်ပြစ်လုပ်တတ်ပြီး ၊ ချစ်ကြောင်း ခင်ကြောင်း ၊ သားပြော မယားပြောတွေ ပြောတတ်သည်ဟု ဆိုသည် ။ နောက်သူက ဖုန်းချလိုက်ပြီး ပြန်ခေါ်ခိုင်းသည်ဟု ဆိုပါသည် ။ မိမိက ပြန်ခေါ်လိုက်မည် ဆိုလျင်တော့ တစ်ခါခေါ်လိုက်လျင် အနည်းဆုံး ၅ သောင်း မှ သိန်းဂဏန်းအထိ ဖြတ်တောက်ခြင်းများရှိသည်ဟု ဆိုပါသည် ။

အောင်ကြူကြူများ သတိထား
ကျနော်တို့လို အောင်ကြူကြူ နိုင်ငံခြားသားများသာမက ကိုရီးယား ကျောင်းသားလူငယ်များပါ ၄င်းပြဿနာ မကြာခဏတက်တတ်ပြီး ၊ ကျောင်းသားမိဘများက မိမိတို့သားသမီးများ၏ ဖုန်းကို လစဉ်အကန့်အသတ်လုပ်ပေးထားသည့် စနစ်ကို အသုံးပြုလာကြကြောင်း သိရသည် ။ ဥပမာ ဖုန်းဘီလ် ၅ သောင်းကျော်လျင် အလိုအလျောက် ခေါ်မရတော့အောင်လုပ်ထားခြင်းမျိုးဖြစ်သည် ။ ထို့ပြင် တယ်လီကောမ်ကုမ္ပဏီများက နောက်ပိုင်းထုတ် ဖုန်းများ၌ ၄င်း 060 လိုင်းကို တားသည့် ဖန်ရှင် (Function) တစ်ခုပါထည့်သွင်းပေးလာကြသည်ကို တွေ့ရပါသည် ။

ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ ကွိစိကွစိဖုန်းဘေးမှ ကင်ဝေးကြပါစေ ။

မေတ္တာဖြင့် -
Mr TT

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, May 21, 2011

မြန်မာသင်္ဘောသား တစ်ဦးကို ဖိုဟန်ဆိပ်ကမ်းရဲက ဖမ်းလိုက်ပြီ

ပေးပို့သူ — မလေးလေးမွန်

ဖိုဟန်ဆိပ်ကမ်းလုံခြုံရေးရဲတပ်ဖွဲ့သည် မေ ၁၈ ရက်နေ့က ကုန်တင်သင်္ဘောအတွင်း တာဝန်ထမ်းဆောင် ရာတွင် မကျေနပ်ချက် ရှိသည်ကို အကြောင်းပြု၍ မိမိအထက်အရာရှိအား သေစေနိုင်သောကိရိယာဖြင့် ထိုးပြီး ထိခိုက်ဒဏ်ရာ ရစေခဲ့သည့် မြန်မာနိုင်ငံဖွား အသက် ၂၆ နှစ်ရှိ ကိုအေ (A 씨) အား ဖမ်းဆီးမိန့် လျှောက်ထား ဖမ်းဆီးလိုက်ကြောင်း သိရသည် ။

ကိုအေသည် လွန်ခဲ့သော ၁၂ ရက်နေ့ ည ၁၀ နာရီခန့်က ဖိုဟန်မြို့ ဒေဘို ဆိပ်ကမ်း အရှေ့တောင် အရပ် မိုင် ၆၀ အကွာတွင် ဂျယ်ဂျူးကုန်တင်သင်္ဘော ကေ (တန်ချိန် ၂၁၀၀) ရှိ သင်္ဘောသားများ အိပ်ခန်းအတွင်း တိတ်တဆိတ် ဝင်အိပ်နေသည့် ပထမတန်း အရာရှိ မစ္စတာ ပီ (P씨) ၅၅ နှစ်၏ လည်ပင်းကို သေစေနိုင်သော ကိရိယာဖြင့် ထိုးပြီး ထိခိုက်ဒဏ်ရာရစေခဲ့သည်ဟု ဆိုပါသည် ။
ရဲစစ်ချက်အရ ၊ ကိုအေသည် တာဝန်ထမ်းဆောင်ရသည်ကို မကျေနပ်သည့်အတွက် အထက်အရာရှိကို သေစေရန် အကြံအစီဖြင့် သေစေနိုင်လောက်သည့် ကိရိယာဖြင့် ထိုးသတ်ခဲ့ကြောင်း ၊ သို့ရာတွင် အခင်းဖြစ်စဉ်တွင် အခန်းတွင်း မှောင်မဲနေသည့်အတွက် လူမှားပြီး အခြားသူအား ထိုးမိသည်ဟု ဆိုပါသည် ။

ဖိုဟန် ကမ်းခြေစောင့်ရဲသည် ကိုအေအား စစ်ဆေးးဆဲဖြစ်ကြောင်း သိရသည် ။

ရည်ညွှန်း -
- http://www.yonhapnews.co.kr/bulletin/2011/05/18/0200000000AKR20110518143100053.HTML?did=1179m

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>