Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Wednesday, May 15, 2013

ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)မှ အသိပေးကြေညာခြင်း

ရေးသားသူ — ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)


 ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)
ငွေစာရင်းရှင်းတမ်း

       ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)သည် စတင်ဖွဲ့စည်းခဲ့သော ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့မှစတင်၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ ရောက် မြန်မာနိုင်ငံသားများထံမှ အလှူငွေများကောက်ခံခြင်း၊ ရန်ပုံငွေရှာဖွေပွဲ ကျင်းပပြုလုပ်ခြင်း၊ အဖွဲ့ဝင်များ ထည့်ဝင်သော လစဉ်ကြေးများဖြင့် ရန်ပုံငွေ ရှာဖွေစုဆောင်းခဲ့ပါသည်။ အများပြည်သူ သိသာရှင်းလင်းစေရန် ရည်ရွယ်၍ အောက်ပါ ငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်အပ်ပါသည်။


၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ~ ၂၀၁၃ ခုနှစ်၊ ဧပြီလ


စဉ်
အကြောင်းအရာ
ရရှိငွေ
စဉ်
အကြောင်းအရာ
သုံးစွဲငွေ
၁။
‘မ’တည်ငွေ
     ၅၀ ၀၀၀
၁။
ရုံးအသုံးစားရိတ်
      ၉၅ ၀၀၀
၂။
အဖွဲ့ဝင်များ၏ လစဉ်ကြေး
   ၆၀၅ ၀၀၀
၂။
၂၀၁၂ သင်္ကြန်ပွဲ စတုဒီတာ
    ၁၈၉ ၁၀၀
၃။
မြန်မာနိုင်ငံသားများ  လှူဒါန်းငွေ
   ၃၄၀ ၀၀၀
၃။
၂၀၁၂၊ ဇူလိုင်လတွင် ရခိုင် ပြည်နယ်သို့ လှူဒါန်းငွေ
 ၁ ၀၈၀ ၀၀၀
၎။
ငွေလက်ခံဖြတ်ပိုင်းဖြင့် အလှူခံငွေ
   ၃၄၀ ၀၀၀
၎။
၂၀၁၂ တိလောကမုနိ ဗုဒ္ဓ   ပူဇနိယပွဲတော် စတုဒီတာ
    ၁၁၀ ၀၀၀
၅။
ကိုရီးယားဘုန်းတော်ကြီးမှ လှူဒါန်းငွေ
   ၆၀၀ ၀၀၀
၅။
၂၀၁၃ ဒေါ်အောင်ဆန်းစု ကြည် ခရီးစဉ် ရန်ပုံငွေ
    ၂၀၀ ၀၀၀
၆။
၂၀၁၂/၉/၁၆  ရန်ပုံငွေ   ရှာဖွေပွဲမှ ရရှိငွေ
၃ ၃၄၈ ၆၅၀


၇။
ရခိုင်ပြည်နယ်သို့ လှူဒါန်းရန် ကောက်ခံရရှိငွေ
 ၁ ၀၈၀ ၀၀၀
ရရှိငွေစုစုပေါင်း
၆ ၃၆၃ ၆၅၀
သုံးစွဲငွေစုစုပေါင်း
 ၁ ၆၇၄ ၁၀၀
စာရင်းဖွင့်လက်ကျန်
-၀-
စာရင်းပိတ်လက်ကျန်
 ၄ ၆၈၉ ၅၅၀
စုစုပေါင်း
၆ ၃၆၃ ၆၅၀
စုစုပေါင်း
 ၆ ၃၆၃ ၆၅၀

                                                    
 
၂၀၁၃ခုနှစ်၊ ဧပြီလ ၁၄ရက်နေ့အထိ ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)၏ ဘဏ္ဍာရေး ငွေစာရင်းရှင်းတမ်းအရ စုစုပေါင်း (၄၆၈၉၅၅၀)ဝမ်ကို ရန်ပုံငွေအဖြစ် ရရှိထားကြောင်း ကြေညာအပ်ပါသည်။

 အသ

 ထုတ်ပြန်ကြေညာချက်




ရက်စွဲ။       ။၂၀၁၃ ခုနှစ်၊ ဧပြီလ ၄ရက်။


                                                                  ပြည်သူ့ဂုဏ်ရည်အသင်း(ကိုရီးယားဌာနခွဲ)သည် မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကို ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသော လူမှုရေးသူရဲကောင်းများ၊ အဖွဲ့အစည်းများကို ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ၏ စုစည်းညီညွှတ်မှုဖြင့် လူသိရှင်ကြား တရားဝင်အခမ်းအနားများ ကျင်းပကာ ဖော်ထုတ် ဂုဏ်ပြုသွားရန်ဟူသော လုပ်ငန်းစဉ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပါသည်။
       မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကင်းဝေး၍ သာယာသော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ပေါ်ထွန်းလာစေရေးဟူသည့် ပန်းတိုင် သို့ ချီတက်ရန်အတွက် တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းအလိုက် စုပေါင်းလုပ်ဆောင်ကြသည့် ပြည်သူ့ဂုဏ်ဆောင် လူမှုရေး သူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုခဲ့သည်မှာ စတုတ္ထအကြိမ်မြောက်သို့ ရောက်ရှိလာပါတော့မည်။
          ပထမအကြိမ်         - အမေရိကန်နိုင်ငံ၊ လော့အန်ဂျဲလိစ်မြို့။
          ဒုတိယအကြိမ်        - အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်ကိုမြို့။
          တတိယအကြိမ်      - အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့။
       ယခု စတုတ္ထအကြိမ်မြောက်အဖြစ် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
 
၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊ 소사구청ခန်းမ၌ နေ့လည် (၁၂း၃၀) နာရီမှ (၁၆း၀၀)နာရီအထိ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ကျင်းပမည်ဖြစ်ပါသည်။

အခမ်းအနားမစတင်မှီ  နံနက် (၁၁း၀၀)နာရီမှ (၁၂း၁၅)နာရီအထိ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံပါမည်။ အစီ အစဉ်အသေးစိတ်ကို ဆက်လက်၍ အသိပေးကြေညာသွားပါမည်။
       ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရည်ရွယ်ကာ အထူး ဧည့်တော်များအဖြစ် လူမှုရေးလုပ်ငန်း များကို စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်နှင့် ၈၈ကျောင်းသားခေါင်းဆောင် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးဂျင်မီတို့ကိုလည်း ဂုဏ်ပြုဟောပြောပေးရန် ဖိတ်ကြားထားပါသည်။
        ထို့ကြောင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး တတ်အားသရွေ့ ဝိုင်းဝန်း ကူညီအားပေးကြပါရန် အသိပေး ကြေညာအပ်ပါသည်။
    ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)
ဆက်သွယ်ရန် :   ၀၁၁ ၂၉၂ ၉၅၄၂၊     ၀၁၀ ၈၆၄၈ ၄၅၃၃၊     ၀၁၁ ၉၀၁၃ ၁၀၃၄။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, May 14, 2013

သတင်းသမား အလိုရှိသည်

ကိုရီးယားနေ မြန်မာနိုင်ငံသားတို့ အတွက် သတင်း အချက်အလက် အထွေထွေကို အဓိက ဖြန့်ဝေပေးနေသော ဟန်းဂုရွာကို အသစ် မွန်းမံ ပြင်ဆင် တိုးချဲ့မည်ဖြစ်ရာ သတင်းရေးသား ပေးပို့ နိုင်သည့် သတင်းသမား/သတင်ထောက်များ အလိုရှိပါသည်။

ကိုရီးယားတွင် နေထိုင်လျက်ရှိသည့် သတင်းရေးသား ဖြန့်ဝေသည့်အလုပ်ကို ၀ါသနာပါသူ မည်သူမဆို ဟန်းဂုရွာအီးမေးလ် burmakorea@gmail.com သို့ အမည်၊ နေရပ်၊ ဖုန်းနံပတ်တို့ ဖော်ပြပြီး ဆက်သွယ်ပါ။ အသေးစိတ် ဆက်လက်ဆွေးနွေးပါမည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 27, 2013

မနက်ဖြန် ကျင်းပမည့် ရွှေ့ပြောင်းအလုပ်သမား မေဒေးအထိမ်းအမှတ် ဆန္ဒပြပွဲ အစီအစဉ်များ

ရေးသားသူ — စိုးမိုးသူ

"သင့်ကို လူလို မဆက်ဆံတဲ့ ကျွန်စနစ်"
"သင့်မိတ်ဆွေတွေကို  အလုပ်သမားအဖြစ် မသတ်မှတ်တဲ့ ကျွန်စနစ်"
"သင့်လူမျိုးတွေကို    နှိမ်ချဆက်ဆံ၊ ခေါင်းပုံဖြတ်နေတဲ့   ကျွန်စနစ်"

အဲ့ဒီ
သင်မလိုချင်တာတွေ ပပျောက်ချင်ရင်၊
သင့်မိတ်ဆွေတွေ ခံစားနေရတာတွေ ဆက်မမြင်ချင်ရင်၊
သင့်လူမျိုးတွေ မတရား ဖိနှိပ်ခံနေရတာတွေကို အဆုံးသတ်ချင်ရင်
မနက်ဖြန် ဆန္ဒပြပွဲမှာ သင့်ရဲ့ ဆန္ဒကို လာရောက်ဖော်ထုတ် ပြသနိုင်ပါတယ်။

ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်ဆိုတဲ့ စကားကို သင်ကိုယ်တိုင် ပါဝင် ၀င်ရောက် အားဖြည့်ရင်းဖြင့်
သက်သေပြနိုင် အောင်ပွဲခံနိုင်ပါတယ်။




ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, April 22, 2013

အလိုရှိပါတယ်

ရေးသားသူ — စိုးမိုးသူ

ကျနော့်ဆီ ဖုန်းနဲ့ ဆက်သွယ်ပြီး ကိုရီးယားတွင်း ကြုံတွေ့နေကြရတဲ့ သူတို့သိလိုရာကို မေးမြန်းလေ့ရှိတဲ့ ညီအကိုများ မကြာခဏ ရှိကြပါတယ်။

သူတို့ သိလိုတာက ကျနော် သိထားတာ ဆိုရင် ချက်ချင်း အဖြေပေးနိုင်ပေမယ့်
ကျနော် မသိထားတာဆိုရင် စုံစမ်းမေးမြန်းပြီး ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။
သူတို့ မေးတာတွေက အများသိသင့်တယ်ထင်ရင် ဆောင်းပါးရေးပြီး ဟန်းဂုရွာမှာ တင်ပေးခဲ့ပါတယ်။

တခါတလေ သိသင့်တယ်ထင်လို့ ဘယ်သူမှ မမေးလဲ ကိုယ့်ဖာသာ အကြောင်းအရာကို စဉ်းစားပြီး သက်ဆိုင်တဲ့ အချက်အလက်ကို ရှာဖွေပြီး ဆောင်းပါးရေး တင်ပေးပါတယ်။
ပညာဒါနလုပ်ရင်း ကုသိုလ်လိုချင်လို့ပါ။

ဒါပေမယ့် အများသိလိုတဲ့ အရာတွေကို ဦးစားပေး ရေးသားလိုတဲ့ ဆန္ဒရှိတာမို့၊
 အလိုရှိပါတယ်

၁_ ရွှေ့ပြောင်းအလုပ်သမားတယောက်အနေနဲ့ တွေ့ကြုံရတဲ့ အကြောင်းကိစ္စပဲ ဖြစ်ဖြစ်၊
(ဥပမာ- ရွှေ့ပြောင်းအလုပ်သမားနဲ့ဆိုင်ရာ အလုပ်သမားဥပဒေအကြောင်း၊ အလုပ်သမားအခွင့်အရေးအကြောင်း၊ အလုပ်သမားနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ အမျိုးမျိုး)

၂_ကိုရီးယားတွင်း နေထိုင်ရင်း တွေ့ကြုံရတဲ့ အခက်အခဲကို ဖြေရှင်းရန်ပဲ ဖြစ်ဖြစ်၊ သိလိုရာကိုပဲ ဖြစ်ဖြစ်
(ဥပမာ- အလုပ်သမားရေးနှင့်မဆိုင်သော်လည်း ရံခါ ကြုံတွေ့ကြရသည့် ရုံးကိစ္စ၊ အမှုအခင်း၊ ဥပဒေ၊
စည်းမျဉ်းစည်းကမ်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်)

အထက်ပါ မိမိနဲ့ သက်ဆိုင်ရာမှ အများနဲ့ပါ သက်ဆိုင်တယ်လို့ ယူဆတဲ့ အကြောင်းအရာများကို
ဆောင်းပါး ရေးပေးဖို့ ကျနော့်ထံ ပွင့်လင်းစွာ မေးလ်ပို့ တောင်းဆိုနိုင်ပါတယ်။
ကျနော့် မေးလ်လိပ်စာ smthu2006@gmail.com 

မိတ်ဆွေတို့ ရေးစေချင်တဲ့ အကြောင်းအရာက အများနဲ့ဆိုင်ပြီး သိသင့် သိထိုက်တဲ့ အကြောင်းအရာဖြစ်ပါ က အတတ်နိုင်ဆုံး ခိုင်လုံတဲ့ အချက်အလက်များကို ရှာဖွေပြီး ရေးသားပြုစု တင်ပြပေးသွားပါမည်။
ဒါပေမယ့် အများနဲ့ မဆိုင်တဲ့ အကြောင်းအရာဆိုရင်တော့ လွတ်လပ်စွာ ငြင်းပယ်မှာ ဖြစ်ပါကြောင်း။

အားလုံး အဆင်ပြေကြပါစေ။
စိုးမိုးသူ




ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, February 7, 2013

အားလုံးသို့ အသိပေး ကြေညာချက်

ဟန်းဂုရွာ ၀ိုင်းတော်သားများနဲ့ ဖတ်ရှုသူမိတ်ဆွေများ ခင်ဗျား

ကျနော် ၀င်းပေါ်မောင် ဟာ ၂၀၁၃ မတ်လမှ စပြီး ဟန်းဂုရွာ (Burmese Information Network in Korea) ရဲ့ သူကြီး အဖြစ်ကနေ အနားယူပါတော့မယ်။

ကျနော်ဟာ ဟန်းဂုရွာကို ၂၀၀၈ ခုနှစ်မှာ စတင် စည်းရုံး တည်ထောင်ခဲ့ပြီး၊ ထိုအချိန်ကနေ ယနေ့အထိ ဆိုက်ကို ထိန်းသိမ်း စောင့်ရှောက် ကြီးကြပ်စီမံသူ Admin အဖြစ် ကျနော် တာဝန်ယူ ဆောင်ရွက်နေပါတယ်။ ယခုအခါ ၅ နှစ်ကျော်လာပြီ ဖြစ်တာက တကြောင်း၊ အခြား လုပ်ငန်းအစီအစဉ်များ ပေါ်ပေါက်လာတာက တကြောင်း တို့ကြောင့် သူကြီးတာဝန်ကနေ အနားယူဖို့ရန် ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ စပ်လျဉ်းလို့ ဟန်းဂုရွာ ၀ိုင်းတော်သားများနဲ့ တွေ့ဆုံပြီး ဟန်းဂုရွာကိစ္စ ပြောဆို ဆွေးနွေးကြဖို့ လာမယ့် စနေနေ့ (၂၀၁၃ ဖေဖော်ဝါရီ ၉ ရက်နေ့) နေ့လယ် ၁း၀၀ နာရီမှာ ဘူဖျောင်းမြို့ မြန်မာစင်တာသို့ လာရောက်ကြဖို့ ဖိတ်ကြားပါတယ်။

အခြား စိတ်ပါဝင်စားသူများလည်း အစည်းအဝေးသို့ လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

လာမယ့် အစည်းအဝေးမှာ ကျနော့်ကိုယ်စား သူကြီး အသစ် တစ်ယောက်ကို အများဆန္ဒနဲ့ ရွေးချယ်ကြပါ။ မူဝါဒပိုင်း ဆိုင်ရာများကိုလည်း ထပ်မံ ဆွေးနွေးပြီး အတည်ပြုကြပါ။

ကျနော်ကတော့ ၀ိုင်းတော်သား တစ်ယောက် အဖြစ် ဆက်လက် ရှိနေဦးမှာ ဖြစ်သော်လည်း ဟန်းဂုရွာကို တာဝန်ခံတဲ့ သူကြီး တာဝန်ကိုတော့ ဆက်လက် ယူတော့မည် မဟုတ်ပါ။

အားလုံးကို လေးစားလျက်-

ဟန်းဂုရွာ သူကြီး
ဝင်းပေါ်မောင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, February 1, 2013

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ



မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ ဖြစ်သည့် ယနေ့တွင် ဆိုးလ်မြို့ ကင်မ်ဒဲဂျုံး စာကြည့်တိုက် ခန်းမ၌ ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံရာ - ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည် - ဟု ပြောဆိုလိုက်ပါသည်။

နံနက် ၉း၄၀ မှ ၁၀း၄၀ အထိ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ဒေါ်စုက ၁၀ မိနစ်ခန့် မိန့်ခွန်းပြောကြားရာ၌ တိုင်းရင်းသားများ အနေနှင့် အတိတ်ကို ထားခဲ့ပြီး အနာဂတ်ကို ရှေ့ရှု လုပ်ဆောင်ကြရန် တိုက်တွန်း ပြောဆို သွားပါသည်။ မိမိ အနေနှင့် ဟောပြောမှု လုပ်ခြင်းထက် ကိုရီးယားရောက် မြန်မာတို့ရဲ့ ခံစားမှုတွေ အမြင်တွေကို ပိုကြားချင်ပါကြောင်း ပြောဆိုပြီး အမေးအဖြေ ကဏ္ဍကို ဦးစားပေးသွားပါသည်။

ကြိုတင်မေးမြန်းထားသော မေးခွန်းများအနက်မှ ၁၃ ခုကို မေးဖြေသွားပြီး၊ ပြည်ပတွင် မွေးဖွားကြီးပြင်းလာသော ကလေးများ မြန်မာပြည် ပြန်သည့်အခါ ပညာ ဆက်လက် သင်ကြားနိုင်ရေးနှင့် သူတို့ ဘ၀ အခြေကျနိုင်ရေး မည်သို့ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိပါသလဲ ဆိုသည့် မေးခွန်းကို၊ ဒေါ်စုက - ဒီအချက်ကို မိမိ အနေနှင့် မစဉ်းစားမိခဲ့ကြောင်း၊ ယခု မေးမြန်းသည့်အတွက် စဉ်းစားမိသွားကြောင်း၊ လွှတ်တော် ပညာရေးကော်မတီသို့ တင်ပြပြီး ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားပါသည်။

ကိုရီးယားရောက် မြန်မာအလုပ်သမားများ အပါအ၀င် ပြည်ပတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများ အတွက် ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ - ဒီကိစ္စကို သိရှိပါကြောင်း၊ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ဖြစ်လာဖို့ လိုကြောင်း၊ မြန်မာသံရုံးများကလည်း နိုင်ငံသားတွေကို ကူညီပေးတဲ့ သူတွေ ဖြစ်လာဖို့ လိုကြောင်း၊ သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း - ဖြေကြားသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေ့လယ်ပိုင်းတွင် ဆိုးလ်တက္ကသိုလ်၌ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူမည် ဖြစ်ပြီး၊ ညနေပိုင်းတွင် မြန်မာပြည်သို့ ပြန်မည် ဖြစ်ပါသည်။

ရက်စွဲ။ ၂၀၁၃ ဖေဖော်ဝါရီလ ၁၊ သောကြာနေ့

ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
ကော်မတီ ဖေ့စ်ဘွတ် - http://www.facebook.com/pages/ဒေါ်အောင်ဆန်းစုကြည်-ကိုရီးယား-ခရီးစဉ်-ပူးပေါင်းဆောင်ရွက်မှု-ကော်မတီ/145538742264967

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, January 31, 2013

ဒေါ်စုနှင့် တွေ့ဆုံပွဲ တိုက်ရိုက်ကြည့်နိုင်မယ်


http://www.ustream.tv/channel/dassk-korea

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို အင်တာနက်မှ တိုက်ရိုက် လွှင့်တင်ပါမယ်။ အောက်ပါ လင့်မှာ ကြည့်နိုင်ပါတယ်။

ကိုရီးယား အချိန် နံနက် ၉း၃၀ မှ ၁၁း၀၀ နာရီအထိ GMT 00:30

http://www.ustream.tv/channel/dassk-korea

ပြန်ကြားရေး ဆပ်ကော်မတီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 29, 2013

ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ဒုတိယနေ့

ဇန်န၀ါရီ ၂၉ ခရီးစဉ်

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားနိုင်ငံခရီးစဉ် ဒုတိယနေ့ လုပ်ဆောင်မှုများ



(က) နံနက်ပိုင်း၌ ကိုရီးယား ဂရင်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌက ကိုရီးယားဝမ် သိန်းနှစ်ထောင် တန်ဖိုးရှိ ဘက်ထရီ မီးထွန်းစက် အလုံး ၁၀၀၀ ကို ဒေါ်အောင်ဆန်းစုကြည်အား တည်းခိုရာ ဂျိုဆောန်ဟိုတယ်တွင် လာရောက် ပေးအပ်သည်။ ဒေါ်စုက ထိုစက်များကို လျှပ်စစ်မီး မရှိသော ဒေသများရှိ ကျောင်းသားနှင့် ဆေးခန်းများသို့ ပေးလှူမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင် လူ ၅ ယောက်မှာ ၄ ယောက်က လျှပ်စစ်မီး မရှိကြောင်း ပြောဆိုလိုက်သည်။



(ခ) ထို့နောက် tvN မီဒီယာမှ ဘဲ့ဂျီယွန်းက ဒေါ်စုနှင့် သီးသန့် အင်တာဗျူး ပြုလုပ်သည်။ ‘Paek Ji-yoon’s People Insight’ အစီအစဉ် အတွက် ပြုလုပ်သည့် အင်တာဗျူးတွင် ကိုရီးယားနှင့် မြန်မာတွင် အမျိုးသမီး ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို အဓိက မေးမြန်း ဖြေဆိုခဲ့သည်။



(ဂ) ထို့နောက် ဆိုးလ်မြို့တော်ဝန် ဘတ်ဝန်ဆုန်းနှင့် တွေ့ဆုံဆွေးနွေးသည်။



(ဃ) နေ့လယ်ပိုင်းတွင် ကိုရီးယား သမ္မတ အီမြောင်ဘတ်နှင့် အိမ်ပြာတော်၌ တွေ့ဆုံသည်။ အီမြောင်ဘတ်က မြန်မာပြည် စီးပွားရေးနှင့် ပညာရေး ဖွံ့ဖြိုးမှုအတွက် ကူညီသွားမည် ဖြစ်ကြောင်း၊ လူငယ်တို့ အနာဂတ်အတွက် အလေးထားမည် ဖြစ်ကြောင်း ပြောဆိုသည်။



(င) ထို့နောက် သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဘတ်ဂုန်နဲနှင့် သူ၏ အိမ်တွင် တွေ့ဆုံဆွေးနွေးသည်။



(စ) ညနေပိုင်းတွင် ကင်ပိုလေဆိပ်မှ တဆင့် ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဂန်ဝန်ဒိုပြည်နယ်၊ ဖျောင်းချန်းဒေသ တွင် ပြုလုပ်သည့် ဖျောင်းချန်း အထူးအိုလံပစ် ဖွင့်ပွဲသို့ တက်ရောက်ကာ၊ အထူးဧည့်သည်တော် အဖြစ် မိန့်ခွန်း ပြောကြားသည်။



၂။ ယနေ့ည ဖျောင်ချန်းတွင် အနားယူပြီး မနက်ဖြန် နံနက်ပိုင်းတွင် “ဖျောင်ချန်း ဖွံ့ဖြိုးရေး ညီလာခံ”၌ အဓိက ဆွေးနွေးသူအဖြစ် တက်ရောက်မည် ဖြစ်သည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသို့ ဆိုက်ရောက်



မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ယနေ့ညနေ ၆း၃၀ တွင် အင်ချွန်း နိုင်ငံတကာလေဆိပ်သို့ ချောမောစွာ ဆိုက်ရောက်လာပါသည်။

ည ၈း၀၀ နာရီတွင် ဆိုးလ်မြို့ ဂျိုဆောန်ဟိုတယ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံသား တိုင်းရင်းသားများ၊ ကိုရီးယား အခြေစိုက် မြန်မာအဖွဲ့အစည်း အသီးသီးတို့က ရိုးရာဝတ်စုံများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုသူများကို လှိုက်လှဲဝမ်းသာ နှုတ်ခွန်းဆက်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန်မှ စ၍ စီစဉ်ထားသည့် ခရီးစဉ်နှင့် တွေ့ဆုံမှုများကို လုပ်ဆောင်မည် ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ ကျင်းပမည် ဖြစ်သည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, January 26, 2013

လေဆိပ်အစား ဟိုတယ်သို့ သွားကြပါ



ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရေး အစီအစဉ်များအနက် အင်ချွန်းနိုင်ငံတကာလေဆိပ်တွင် လေဆိပ်လုံခြုံရေး တိုးမြှင့်ထားသည့် အတွက်ကြောင့် ကြိုဆိုရန် အခက်အခဲ ဖြစ်နေပါသည်။ မိမိအစီအစဉ်ဖြင့် လေဆိပ်သို့ သွားမည့်သူများ လေဆိပ်သို့ မသွားဘဲ ဟိုတယ်သို့ သွားကြပါရန် တိုက်တွန်းအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ

၂၀၁၃ ဇန်န၀ါရီ ၂၆

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

လက်ကမ်းကြော်ငြာ



ယခု တင်ပေးလိုက်တဲ့ ဖိုင်တွေက ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ် အတွက် လက်ကမ်းကြော်ငြာ ဖြစ်ပါတယ်။ ဒေါင်းလုတ်၊ ပရင့်ထုတ်ပြီး သုံးနိုင်ပါပြီ။ မြန်မာဆိုင်တွေမှာလည်း ဖြန့်ဝေထားပါတယ်။

ဒီလင့်မှာ ဒေါင်းပါ...
http://www.4shared.com/office/rF4euU6Z/flyer-program_copy.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, January 24, 2013

လုံခြုံရေးနှင့် စည်းကမ်းလိုက်နာရန် အချက်များ



ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

လုံခြုံရေးနှင့် စည်းကမ်းလိုက်နာရန် အချက်များ (သတင်းထုတ်ပြန်ချက် ၅)

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်း ပြုလုပ်မည့် ကြိုဆိုပွဲ၊ ဆုပေးပွဲ၊ တွေ့ဆုံပွဲ စသည့် အခမ်းအနား အစီအစဉ်များ လုံခြုံ ချောမွေ့ အောင်မြင်စေရန်အတွက် ထောက်ခံအားပေး တက်ရောက်ကြသူတိုင်း အောက်ပါ အချက်များကို အလေးအနက် လိုက်နာကြပါရန် ကော်မတီက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါသည်။

၂။ အင်ချွန်းလေဆိပ်၊ ဂျိုဆောန်ဟိုတယ်ရှေ့၊ ကင်မ်ဒဲဂျုံးစာကြည့်တိုက်၊ ဂွမ်ဂျူး ဒီမိုကေရစီဖောင်ဒေးရှင်း တို့တွင် ကျင်းပမည့် အခမ်းအနားများသို့ တက်ရောက်လာသူများသည်~

  • (က) ကွမ်းယာ၊ ဆေးလိပ်၊ စီးကရက်၊ မီးခြစ်၊ အရက်၊ အန္တရာယ် ဖြစ်စေနိုင်လောက်သော ပစ္စည်း အသုံးအဆောင် စသည်တို့ကို ပွဲကျင်းပရာ ပရ၀ုဏ်ဝန်းကျင်သို့ လုံးဝ ယူဆောင်လာခြင်း မပြုရပါ။
  • (ခ) ခန်းမတွင်းသို့ ရေနှင့် မည်သည့် အစားအစာကိုမျှ ယူဆောင်ခြင်း မပြုရပါ။
  • (ဂ) ပွဲကျင်းပနေစဉ်အတွင်း လက်ကိုင်ဖုန်းများကို စက်ပိတ်ထားရပါမည် သို့မဟုတ် လော့ဂ်ချထားရပါမည်။
  • (ဃ) ဓာတ်ပုံ၊ ဗီဒီယို ရိုက်လိုလျှင် မိမိနေရာမှ နေ၍ ထိုင်ရာမထ ဣနြေ္ဒရှိရှိ ရိုက်နိုင်ပါသည်။ မတ်တပ်ထလျက် သို့မဟုတ် ဟိုလျှောက်ဒီလျှောက် ရိုက်ခွင့် မပြုပါ။
  • (င) စင်ပေါ်သို့တက်၍ ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်ခြင်း၊ ပန်းစည်းပေးခြင်း၊ လက်ဆောင်ပေးခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်း စသည်တို့ကို လုံးဝ လုပ်ခွင့် မပြုပါ။

၃။ ပွဲသို့ လာရောက်သူတိုင်း ကော်မတီ လုံခြုံရေးတာဝန်ခံများ၏ စစ်ဆေးမှုကို ခံယူရပါမည်။

၎။ လက်ဆောင်ပစ္စည်းပေးသည့် အစီအစဉ်မှာ -
  • (က) ဖေဖော်ဝါရီ ၁ ရက်နေ့ တွေ့ဆုံပွဲ တစ်ခုတည်းတွင်သာ ပေးအပ်နိုင်ပါမည်။
  • (ခ) ပွဲမကျင်းပမီ စောစောလာရောက် ပေးအပ်ကြပါ။ ပွဲချိန်မတိုင်ခင် တစ်နာရီအလိုတွင် ကောင်တာ ပိတ်ပါမည်။
  • (ဂ) လက်ဆောင်ပေးသူက စာရွက်လွတ်ပေါ်တွင် အမည်၊ အိုင်ဒီနံပါတ် သို့မဟုတ် ပတ်စပို့နံပါတ်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ နေရပ်လိပ်စာ၊ လက်ဆောင်ပစ္စည်း အမျိုးအစားနှင့် အရေအတွက် တို့ကို ပြည့်စုံစွာ ရေးသားပြီး တပါတည်းယူလာရပါမည်။ (အုပ်စုလိုက်ဖြစ်လျှင် ခေါင်းဆောင်တစ်ဦး၏ အချက်အလက် အပြည့်အစုံနှင့် ကျန်အဖွဲ့ဝင်များ၏ အမည်များကို တွဲလျက် ဖော်ပြပါ။)
  • (ဃ) ပစ္စည်းကို ပါကင်အသေ ပိတ်မလာရပါ။ လုံခြုံရေးအဖွဲ့က ဖွင့်ဖောက် စစ်ဆေးတာကို လက်ခံရပါမည်။ ပစ္စည်းပေးအပ်သည့်အခါ စာရင်းနှင့်တကွ လက်ခံယူပါမည်။

၅။ ယခု ဖော်ပြပါ အချက်များကို လေးစားစွာ လိုက်နာခြင်းဖြင့် ဒေါ်စု၏ ကိုရီးယားခရီးစဉ် အောင်မြင်ရေး လက်တွဲ ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၄၊ ကြာသပတေးနေ့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဒေါ်စုနှင့် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲ အစီအစဉ်


ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ မှ ဖေဖော်ဝါရီ ၁ ရက်နေ့ အထိ ငါးရက်ကြာ လာရောက်မည့် ခရီးစဉ်တွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။ နေ့ရက် = ၂၀၁၃ ဖေဖော်ဝါရီ ၁ (သောကြာနေ့)
အချိန် = နံနက် ၉း၀၀ နာရီ တိတိ
နေရာ = ဆိုးလ်မြို့၊ မာဖိုဂူ၊ သမ္မတဟောင်း ကင်မ်ဒဲဂျုံး စာကြည့်တိုက်နှင့် ပြတိုက် အဆောက်အဦ



၃။ ရထားလိုင်း အမှတ် ၂ (အစိမ်းလိုင်း)၊ ဟုံးဒဲအိဂုဘူတာ၊ ထွက်ပေါက် သို့မဟုတ်
ရှင်းချွန်းဘူတာ၊ ထွက်ပေါက် တို့မှ ၁၀ မိနစ်ခန့် လမ်းလျှောက်ပါ။
지하철 2호선 홍대입구역 5, 6번 출국, 신촌역 8번출구에서 10분거리

၎။ အခမ်းအနား ကျင်းပမည့် ခန်းမကို နံနက် ၉း၀၀ နာရီတိတိတွင် ပိတ်မည် ဖြစ်ပါ၍ အချိန်မီ ဆောလျင်စွာ လာရောက်ဖို့ တိုက်တွန်းပါသည်။

၅။ လက်ဆောင်ပစ္စည်း ပေးမည့်သူများ နံနက် ၈း၃၀ အရောက် လာရောက်ကြဖို့ တိုက်တွန်းပါသည်။

၆။ ဒေါ်စုနှင့် တွေ့ဆုံပွဲ အောင်မြင် ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးအတွက် ကိုရီးယားရောက် မြန်မာနိုင်ငံသား အားလုံး တက်တက်ကြွကြွ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကြရန်၊ ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုကို လေးစားကြရန်နှင့် လုံခြုံရေးအရ စည်းကမ်းတင်းကျပ်မှုကို နားလည်စွာ လိုက်နာကြရန် မေတ္တာရပ်ခံ တိုက်တွန်းပါသည်။

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၃၊ ဗုဒ္ဓဟူးနေ့
ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
http://www.facebook.com/pages/ဒေါ်အောင်ဆန်းစုကြည်-ကိုရီးယား-ခရီးစဉ်-ပူးပေါင်းဆောင်ရွက်မှု-ကော်မတီ/145538742264967

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, January 23, 2013

ခွင့်တိုင်လိုသူများ အသုံးပြုရန် တိုက်တွန်းချက်



http://www.4shared.com/office/KYWVcYGV/Info-008-230122-DASSK__Korean_.html

ယခု တင်ပေးလိုက်တဲ့ ဖိုင်က ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အကျဉ်းကို မြန်မာ+ကိုရီးယား ၂ ဘာသာနဲ့ ရေးထားတာ ဖြစ်ပါတယ်။

စာထဲမှာ အလုပ်ကနေ ခွင့်ယူဖို့ ဘာသာစကား အခက်အခဲ ရှိနေသူများ အတွက် အလုပ်ရှင်တွေကို ကော်မတီကနေ ပြောဆို တိုက်တွန်းထားတာ ပါပါတယ်။

ဖိုင်ကို ဒေါင်းလုတ် လုပ်ယူပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ...

ဒီမှာ ကလစ်/Download

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 22, 2013

ဟိုတယ်ရှေ့တွင် ကြိုဆိုရေး အစီအစဉ်


ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

ဆိုးလ်မြို့ ဟိုတယ်ရှေ့တွင် ကြိုဆိုရေး အစီအစဉ် (သတင်းထုတ်ပြန်ချက် ၃-၁)

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ငါးရက်ကြာ ကိုရီးယား ခရီးစဉ်အဖြစ် ၂၀၁၃ ဇန်န၀ါရီ ၂၈ နေ့ ၁၇း၃၀ နာရီတွင် ညအိပ်တည်းခိုမည့် ဆိုးလ်မြို့ ဂျိုဆွန်ဟိုတယ်သို့ ဆိုက်ရောက်လာမည် ဖြစ်ပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲဝမ်းသာ ကြိုဆိုမည့်သူများ Westin Chosun Hotel ရှေ့သို့ ၁၆း၃၀ ထက် နောက်မကျစေဘဲ မိမိ အစီအစဉ်ဖြင့် လာရောက်ရန် ဖြစ်သည်။ ရိုးရာဝတ်စုံ ၀တ်နိုင်သူများ မိမိ အစီအစဉ်ဖြင့် ၀တ်ဆင်ကြပါရန် တိုက်တွန်းပါသည်။ ကြိုဆိုသူများအတွက် ရင်ထိုး၊ အလံ၊ ပိုစတာများကို ကော်မတီ၏ အစီအစဉ်ဖြင့် ပြည့်စုံအောင် ဝေငှပေးမည်။

၃။ လမ်းညွှန် -
City Hall Station on Line No. 1 (Dark Blue Line) or Line No. 2 (Green Line) Exit Gates # 6, #7
지하철 1호선, 2호선 시청역에서 하차  6, 7번 출구 플라자 호텔 지하도 방향으로 직진
လိုင်းနံပါတ် ၁ (အပြာရင့်လိုင်း) သို့မဟုတ် လိုင်းနံပါတ် ၂ (အစိမ်းလိုင်း) စီးတီးဟောဘူတာ ထွက်ပေါက် ၆ နှင့် ၇ မှ ထွက်ပြီး ဆိုးလ်ပလာဇာ ရှေ့မှ တည့်တည့်ဆက်လျှောက်ပါ။


၆။ ဟိုတယ်ရှေ့ ကြိုဆိုရေးနှင့် ပတ်သက်၍ အခက်အခဲ ရှိပါက -
က) ကိုဝင်းမြင့်ဦး - 011-292-9542
ခ) ကိုဖြိုး - 010-2528-9976 တို့သို့ ဆက်သွယ်ပါ။

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၁၊ တနင်္လာနေ့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အင်ချွန်းလေဆိပ် ကြိုဆိုရေး အစီအစဉ်


ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

အင်ချွန်းလေဆိပ်တွင် ကြိုဆိုရေး အစီအစဉ် (သတင်းထုတ်ပြန်ချက် ၃)

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ငါးရက်ကြာ ကိုရီးယား ခရီးစဉ်အဖြစ် ၂၀၁၃ ဇန်န၀ါရီ ၂၈ နေ့ ၁၆း၃၀ နာရီတွင် အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်လာမည် ဖြစ်ပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲဝမ်းသာ ကြိုဆိုမည့် အစီအစဉ်မှာ -
(က) ဘူဖျောင်းဘူတာမှ ကား တစ်စီး၊ ဘူချွန်း အန်အယ်ဒီရုံးမှ ကားတစ်စီး၊ နေ့လယ် ၂ နာရီတိတိတွင် ထွက်ခွာမည်။
(ခ) လိုက်မည့်သူများ ကားထွက်ချိန်ထက် နောက်မကျစေဘဲ အရောက်လာကြပါ။
(ဂ) မိမိအစီအစဉ်ဖြင့် လာရောက်သူများ အင်ချွန်းလေဆိပ် 1F, Meeting Point (Gate 12) သို့ လာရောက်ပါ။


၃။ ရိုးရာဝတ်စုံ ၀တ်နိုင်သူများ မိမိ အစီအစဉ်ဖြင့် ၀တ်ဆင်ကြပါရန် တိုက်တွန်းပါသည်။

၎။ ကြိုဆိုသူများအတွက် ရင်ထိုး၊ အလံ၊ ပိုစတာများကို ကော်မတီ၏ အစီအစဉ်ဖြင့် ပြည့်စုံအောင် ဝေငှပေးမည်။

၅။ အင်ချွန်းနိုင်ငံတကာလေဆိပ်တွင် ကြိုဆိုရမည်ဖြစ်၍ လုံခြုံရေးအစီအမံ တင်းကျပ်မည် ဖြစ်ပါသောကြောင့် မလိုလားအပ်သည့် ဖြစ်ရပ်များ မပေါ်ပေါက်စေရန် ကော်မတီ၏ အစီအစဉ်အတိုင်း လေးလေးစားစား လိုက်နာ ဆောင်ရွက်ကြပါရန် အထူး မေတ္တာရပ်ခံပါသည်။

၆။ လေဆိပ် ကြိုဆိုရေးနှင့် ပတ်သက်၍ အခက်အခဲ ရှိပါက -
က) ကိုခင်မောင်ရင် - 010-2788-7153
ခ) ကိုဆန်းကိုကို - 010-4860-3581
ဂ) ကိုသက်နိုင် 010-8632-1966 တို့သို့ ဆက်သွယ်ပါ။

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၁၊ တနင်္လာနေ့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, January 21, 2013

ပညာဒါယီ ပညာသင်ဆု ရွေးချယ်ချီးမြင့်ခြင်း


ကိုရီးယားရောက် ထေရဝါဒ သာသနာပြု မြန်မာရဟန်းတော်များ၏ ပညာဒါယီ ပညာသင်ဆု ပေးအပ်ခြင်းကို ယခုအခါ ဆရာတော်များ၏ ဆန္ဒသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်လိုက်ပြီ ဖြစ်ပါသည်။ အဖွဲ့၏ သတ်မှတ်ချက်၊ အဖွဲ့၏ ဆုပေးနိုင်သည့် အနေအထားအရ ကျောင်းသားအများကြီးကို မပေးနိုင်ဘဲ (၄)ယောက်ကိုသာ ရွေးချယ်ပြီး ကျောင်းပြီးသည်အထိ ကျောင်းတက်နေချိန်ကာလအတွင်း ပေးအပ်သွားရန် ရွေးချယ်ခြင်း ဖြစ်ပါသည်။ 

သို့သော် ပညာသင်ဆု လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ပညာတော်ပြီး အလွန်ဆင်းရဲလှသည့် ကျောင်းသား၊ ကျောင်းသူများ အများအပြား ပါဝင်နေသည်ကို တွေ့ရသဖြင့် အဖွဲ့ဝင် ရဟန်းတော်များမှလည်း မိမိတို့၏ တစ်သီးပုဂ္ဂလ ဖောင်ဒေးရှင်းများမှ တစ်နိုင်တစ်ပိုင် ရွေးချယ်ပြီး ပညာသင်ဆုများ ပေးအပ်ခဲ့ပါသည်။  

သို့ဖြစ်ပါ၍ ပညာဒါယီ ဖောင်ဒေးရှင်းမှ ရွေးချယ်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် အဖွဲ့ဝင် ဆရာတော်များ၏ သီးသန့်ဖောင်ဒေးရှင်းများမှ ရွေးချယ်လိုက်သည့် ကျောင်းသား၊ ကျောင်းသူများအား အများသူငါ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်။ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, January 20, 2013

မေးခွန်းများကို ကြိုတင် မေးထားပါ



ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ

ပူချွန်းမြို့၊ ကိုရီးယား

သတင်းထုတ်ပြန်ချက် ၆ (မေးမြန်းခြင်း)

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဆိုးလ်မြို့ ကင်ဒဲဂျုံးစာကြည့်တိုက်၌ မြန်မာမိသားစုနှင့် တွေ့ဆုံပွဲ ကျင်းပမည် ဖြစ်ရာ၊ ဒေါ်စု ဟောပြောမှု အပြီးတွင် မေးခွန်း အမေးအဖြေကဏ္ဍ ပါဝင်မည် ဖြစ်ပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းလိုသည့် မေးခွန်းများကို ကော်မတီသို့ ကြိုတင်ပေးပို့ ထားရမည် ဖြစ်သည်။

၃။ ကော်မတီက မေးခွန်းများကို စိစစ် စီစဉ်ပေးထားမည် ဖြစ်ပြီး၊ ရောက်လာသော မေးခွန်းများအနက်မှ ကျရာရွေးနှိုက်၍ ဒေါ်စုက ဖြေဆိုပေးမည် ဖြစ်သည်။

၎။ မေးခွန်းများကို ကော်မတီ အီးမေးလ်ဖြစ်သည့် dassk.koreatrip@gmail.com သို့ ဇန်န၀ါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန် ဖြစ်သည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, January 16, 2013

ကြိုတင်ပြင်ဆင်ထားကြပါရန် နှိုးဆော်ချက်



ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

သတင်းထုတ်ပြန်ချက် ၂ (ကြိုဆိုရေး)

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ မှ ဖေဖော်ဝါရီ ၁ ရက်နေ့ အထိ ငါးရက်ကြာ လာရောက်မည့် ခရီးစဉ်တွင်၊ ဒေါ်စုကို ကိုရီးယားရောက် မြန်မာနိုင်ငံသားများက လှိုက်လှဲပျူငှာ တက်ကြွစွာ ကြိုဆိုကြရန် ပြင်ဆင်နေကြပြီး၊ အစီအစဉ်များ ချောမွေ့စေရေး အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

၂။ အဓိက ကြိုဆိုရေး နေရာများ အဖြစ် -
      ၂၀၁၃ ဇန်နဝါရီလ ၂၈၊ ၁၆း၃၀ နာရီ - အင်ချွန်းနိုင်ငံတကာလေဆိပ်
      ဇန်နဝါရီလ ၂၉၊ နေ့လယ်ပိုင်း - ကင်ပိုလေဆိပ်
      ဇန်နဝါရီလ ၃၀၊ ညနေပိုင်း - ဂွမ်ဂျူးလေဆိပ်
      ဖေဖော်ဝါရီလ ၁၊ ၁၈း၃၀ နာရီ - အင်ချွန်းနိုင်ငံတကာလေဆိပ် တို့ကို သတ်မှတ်ထားပါသည်။

၃။ ဇန်နဝါရီလ ၃၁၊ ၀၉း၀၀ နာရီ - “ဂွမ်ဂျူးလူ့အခွင့်အရေးဆု” ရရှိခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံသားများ ဂုဏ်ပြု တက်ရောက်ကြရန် ဖြစ်ပါသည်။

၎။ ဖေဖော်ဝါရီလ ၁၊ ၁၀း၀၀ နာရီ - ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကို သမ္မတဟောင်း ကင်မ်ဒဲဂျုံး အထိမ်းအမှတ် စာကြည့်တိုက်ရှိ ခန်းမဆောင်တွင် ကျင်းပမည် ဖြစ်ပါသည်။

၅။ ယင်းနေ့ နေ့လယ်ပိုင်းတွင် ဆိုးလ်တက္ကသိုလ်က ဒေါ်စုကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်သည့် အခမ်းအနားနှင့် ဟောပြောပွဲသို့ မြန်မာကျောင်းသားများ တက်ရောက်ကြမည် ဖြစ်ပါသည်။

၆။ မြန်မာနိုင်ငံသားများ ဒေါ်စုကို ကြိုဆိုရေးနှင့် တွေ့ဆုံပွဲ တက်ရောက်ရေးအတွက် လိုအပ်သော သတင်း အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသားများ အနေနှင့် အချိန်နှင့် အလုပ်အခက်အခဲ မရှိစေရန် ကြိုတင်ပြင်ဆင်ထားကြပါရန် လေးစားစွာ နှိုးဆော်တိုက်တွန်း အပ်ပါသည်။

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၁၆၊ ဗုဒ္ဓဟူးနေ့

ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
http://www.facebook.com/pages/ဒေါ်အောင်ဆန်းစုကြည်-ကိုရီးယား-ခရီးစဉ်-ပူးပေါင်းဆောင်ရွက်မှု-ကော်မတီ/145538742264967

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>