Wednesday, January 16, 2013

ကြိုတင်ပြင်ဆင်ထားကြပါရန် နှိုးဆော်ချက်



ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

သတင်းထုတ်ပြန်ချက် ၂ (ကြိုဆိုရေး)

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ မှ ဖေဖော်ဝါရီ ၁ ရက်နေ့ အထိ ငါးရက်ကြာ လာရောက်မည့် ခရီးစဉ်တွင်၊ ဒေါ်စုကို ကိုရီးယားရောက် မြန်မာနိုင်ငံသားများက လှိုက်လှဲပျူငှာ တက်ကြွစွာ ကြိုဆိုကြရန် ပြင်ဆင်နေကြပြီး၊ အစီအစဉ်များ ချောမွေ့စေရေး အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

၂။ အဓိက ကြိုဆိုရေး နေရာများ အဖြစ် -
      ၂၀၁၃ ဇန်နဝါရီလ ၂၈၊ ၁၆း၃၀ နာရီ - အင်ချွန်းနိုင်ငံတကာလေဆိပ်
      ဇန်နဝါရီလ ၂၉၊ နေ့လယ်ပိုင်း - ကင်ပိုလေဆိပ်
      ဇန်နဝါရီလ ၃၀၊ ညနေပိုင်း - ဂွမ်ဂျူးလေဆိပ်
      ဖေဖော်ဝါရီလ ၁၊ ၁၈း၃၀ နာရီ - အင်ချွန်းနိုင်ငံတကာလေဆိပ် တို့ကို သတ်မှတ်ထားပါသည်။

၃။ ဇန်နဝါရီလ ၃၁၊ ၀၉း၀၀ နာရီ - “ဂွမ်ဂျူးလူ့အခွင့်အရေးဆု” ရရှိခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံသားများ ဂုဏ်ပြု တက်ရောက်ကြရန် ဖြစ်ပါသည်။

၎။ ဖေဖော်ဝါရီလ ၁၊ ၁၀း၀၀ နာရီ - ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကို သမ္မတဟောင်း ကင်မ်ဒဲဂျုံး အထိမ်းအမှတ် စာကြည့်တိုက်ရှိ ခန်းမဆောင်တွင် ကျင်းပမည် ဖြစ်ပါသည်။

၅။ ယင်းနေ့ နေ့လယ်ပိုင်းတွင် ဆိုးလ်တက္ကသိုလ်က ဒေါ်စုကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်သည့် အခမ်းအနားနှင့် ဟောပြောပွဲသို့ မြန်မာကျောင်းသားများ တက်ရောက်ကြမည် ဖြစ်ပါသည်။

၆။ မြန်မာနိုင်ငံသားများ ဒေါ်စုကို ကြိုဆိုရေးနှင့် တွေ့ဆုံပွဲ တက်ရောက်ရေးအတွက် လိုအပ်သော သတင်း အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသားများ အနေနှင့် အချိန်နှင့် အလုပ်အခက်အခဲ မရှိစေရန် ကြိုတင်ပြင်ဆင်ထားကြပါရန် လေးစားစွာ နှိုးဆော်တိုက်တွန်း အပ်ပါသည်။

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၁၆၊ ဗုဒ္ဓဟူးနေ့

ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
http://www.facebook.com/pages/ဒေါ်အောင်ဆန်းစုကြည်-ကိုရီးယား-ခရီးစဉ်-ပူးပေါင်းဆောင်ရွက်မှု-ကော်မတီ/145538742264967

No comments: