ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးစဉ် ၃ ခု အနက် ၊ နတ်ဆန်ဆာ နှင့် ဘူဆန်ဟဲအွန်ဒဲခရီးစဉ်တို့မှ ပိုလျှံငွေ စုစုပေါင်း ဝမ် ၅ သိန်း ၅ သောင်းအား သာသနာနော်အဓွန့်ရှည်တည်တန့်ပြန့်ပွါးရေးအတွက် ရည်စူးလျက် ၊ ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီးဖြစ်ပါကြောင်း နှင့် လှူဒါန်းမှု ကုသိုလ် အဖို့ဘာဂကို ၃၁ ဘုံသားတို့အား ဝမ်းမြောက်စွာ အမျှပေးဝေအပ်ပါကြောင်း ။
- ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးသွား မိတ်ဆွေ ညီအစ်ကိုမောင်နှမများနှင့် သာသနာချစ်ခင် သူတော်စင်အပေါင်းတို့ ဝမ်းမြောက်စွာ သာဓုခေါ်ကြပါလေကုန် ။
မေတ္တာဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၄-၀၈-၀၆
Thursday, August 7, 2014
ဝမ်းမြောက်စွာ သာဓုခေါ်ပါလေကုန်
Saturday, April 5, 2014
တယ်လီတော်ကီ နှစ်သစ်ကြို ၊ အီးနိုင်းကိုလူသစ်များအတွက် ဖုန်းလိုင်းအခမဲ့ ဖွင့်ပေးမည်
မြန်မာသင်္ကြန် နှင့် နှစ်သစ်အခါသမယကို ကြိုဆိုသောအားဖြင့်လည်းကောင်း ၊ ကိုရီးယားနိုင်ငံသို့ စီးပွါးရှာရန် ရောက်ရှိလာကြသည့် အီးနိုင်း (လူသစ်) ညီငယ်များအား တစ်ဖက်တစ်လမ်းမှ ကူညီသောအားဖြင့်လည်းကောင်း ၊ တယ်လီတော်ကီ အနေဖြင့် ယနေ့မှ စ၍ ဧပြီလ လကုန်အထိ ၊ ကတ်ဖုန်း(Prepaid Phone) များကို အခမဲ့ လိုင်းဖွင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
- ရှင်ကတ်(USIM) = အခမဲ့ ။
- Charged = ဝမ် ၁ သောင်းဖိုးပါရှိပါမည် ။
- ဝန်ဆောင်ခ= မယူပါ ။
မိမိတို့ ကြိုက်နှစ်သက်ရာ (KT, SK, LG) လိုင်း တစ်ခုခု ရယူနိုင်ပါသည် ။
ဆိုင်သို့ကိုယ်တိုင်မလာနိုင်သူများ နှင့် ရပ်ဝေးနေသူများဖြစ်လျင် လိပ်စာအတိအကျ(ဆက်သွယ်ရန် ဖုန်းနံပါတ်တစ်ခုခုပါရှိစေ) ပြောပြရပါမည် ။ စာတိုက်မှ ပေးပို့မည်ဖြစ်သဖြင့် စာပို့ခ ၄၅၀၀ ကို ကျခံရပါမည်။
အားလုံးအဆင်ပြေကြပါစေ ။
မေတ္တာဖြင့်-
တယ်လီတော်ကီ
Mobile: ၀၁၀-၂၃၃၁-၂၄၅၇
Phone: ၀၇၀-၇၇၆၁-၂၄၅၇
Fax: ၀၃၂-၄၂၅-၂၄၅၇
(၂၀၁၄၀၄၀၂၀၉၀၀)
Monday, February 24, 2014
သန္တိရဝိဟာရ နှစ်နှစ်ပြည့် ကုသိုလ်
ဝမ်းမြှောက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းနှင့် သာဓုခေါ်နိုင်၇န်
တောင်ကိုရီးယားနိုင်ငံ အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်း တည်ထောင်ခြင်း
နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၂၃.၂.၂၀၁၄) တနင်္ဂနွေနေ့က
ကုသိုလ်ပြုဆွမ်းကပ်အလှူကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။
ဗူဖျောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းမှ ဆရာတော်ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းမှ ဦးကိတ္တိသာရ၊ ဦးကဝိသာရတို့ ကြွရောက်ချီးမြှောက်ကြသည်။
ဆရာတော် ဦးဥတ္တရမှ မီးရိုးဖလာဗုဒ္ဓဘာသာမှ ဗုဒ္ဓဘာသာအစစ်ဖြစ်ဘို့ ဗုဒ္ဓါနုဿတိဘာဝနာပွါးများဘို့။
ဦးကတ္တိမှ မညီတာတွေ လိုက်မညှိဘို့ ညီစေချင်ရင် ကိုယ်တိုင်က ဗြဟ္မစိုရ်တရား
ကိန်းအောင်ကြိုးစားရင်း အားလုံးညီညွတ်လာ အဆင်ပြေလာမည်ဖြစ်ကြောင်း။
ဦးကဝိသာရမှ ရှုပ်ထွေးတဲ့ လောကထဲမှာ ကိုယ်ကမရှုပ်ထွေး ပြဿနာတွေမဖြစ်အောင် နေနိုင်ကြဘို့ အသီးသီး သြဝါဒ ပေးခဲ့ကြသည်။
နောက်ဆုံး နိဂုံးချုပ်အနေနဲ့ တောင့်တမှုတွေ လိုချင်မှုတွေ
ပြည့်ဝနိုင်ဘို့ဆိုရင် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးပါးရှိအောင်
ကြိုးစားကြဘို့။ ရှိရင် ဆန္ဒတွေပြည့်ဝနိုင်ကြောင်း အနုမောဒနာဟောကြားပြီး
ရေစက်ချ အမျပေးဝေးခဲ့ကြသည်။
အလှူရှင်တွေကတော့ အရုဏ်ဆွမ်းကို
ကွယ်လွန်သူဖခင်ကြီး ဦးစိန်ကြည်အတွက် ကိုမြတ်မင်းဦးမှလည်းကောင်း၊
နေ့ဆွမ်းကို ဘုရားအလှူရှင်များဖြစ်သော 'စိတ္တသာမဂ္ဂီလူငယ်များအဖွဲ့'မှ
တာဝန်ယူလှူဒါန်းခဲ့ကြသည်။
ကျောင်းနှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
ကုသိုလ်ယူသည့်အနေဖြင့် ဖူဆန်မြို့၌ မြန်မာပိုင်ကျောင်းအဖြစ်
အသစ်ဖွင့်လှစ်တော့မည့် 'ဓမ္မယာနပြည်တော်ဦးကျောင်း'သို့ အလှူငွေ '၃၀၀,၀၀၀'
ဝမ်ကို ဘဏ်မှလွဲအပ်လှူးနိုင်ခဲ့ကြပါသည်။
ကြွရောက်လှူဒါန်းကြသော
အလှူရှင်များ၊ အားပေးကြသော ပရိတ်သတ်အားနှင့် ဆရာတော်များအားလုံးကို
ကျေးဇူးတင် ဝမ်းမြှောက် သာဓုခေါ်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆရာတော်
၂၄၊ ၂၊ ၂၀၁၄