Wednesday, June 18, 2014
ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော (၅)ကြိမ်မြော်က် ကိုရီးယားဘသာစကားသင်တန်းများ ဖွင့်လှစ်မည်
ချစ်ခင် လေးစားရပါသော ရွှေ မြန်မာ အစ်ကို တို့ မောင် တို့ရှင့်
ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ မှ ရွှေမြန်မာများအတွက် ပူးပေါင်း ပြုလုပ်ပေးသော ကိုရီးယားဘာသာ အခမဲ့ ငါးကြိမ်မြောက် သင်တန်းများကို ဂင်မဲဓမ္မယာန ပြည်တော်ဦးဘုန်းကြီး ကျောင်းနှင့် ဂွမ်ဂျူး ပြည်တော်ဦးဘုန်းကြီး ကျောင်းများတွင်၂၀၁၄-၆-၂၂ မှ ၂၀၁၄-၈-၂၄ အထိ အပတ်စဉ် တနင်္ဂနွေတိုင်း ဆယ်ပတ်ကြာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါတယ်ရှင့်။ ပြုလုပ်ခဲ့ပြီးဖြစ်သော သင်တန်းများတွင် လေးကြိမ်တိုင်တိုင် ကြိုးကြိုးစားစား တက်ရောက် သင်ကြားခဲ့သော သင်တန်းသားဟောင်းများ အပြင် အသစ် အသစ်သော သင်တန်းသားများ အောက်ပါ တာဝန်ခံ ဆရာ/ဆရာမများထံ ဆက်သွယ် သင်တန်းစာရင်းသွင်း တက်ရောက် နိုင်ပါတယ်ရှင့်။ ယခု သင်တန်းတွင် မြန်မာဆရာ/ဆရာမများ အပြင် ကျွန်မတို့ ရွှေမြန်မာများ ကိုရီးယားစကားပြော အရည် အသွေး တိုးတက်စေရန် ကိုရီးယားလူမျိုး ဆရာများမှ Free korean topik သင်တန်းကိုလဲ ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင့်။
ဂင်မဲ ဓမ္မယာန ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် အောက်ပါ တာဝန်ခံဆရာ/ဆရာမများမှ
တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။
Level 1 (အခြေခံမှ စသင်သော သင်တန်းပါ။)
ဆရာမ ခင်ချမ်းမြေ့အောင် Ph- 010-5953-7141 နေ့လည် ၂နာရီ မှ ၄နာရီ
Level 2
ဆရာမ ခင်ငြိမ်းဆင့် ph- 010-6452-6730 နေ့လည် ၂နာရီ မှ ၄နာရီ
Level 3
ဆရာ စိုးလွင်လွင် ph- 010-2600-1294 နေ့လည် ၁၂နာရီ မှ ၂နာရီ
Level 4
ဆရာမ ငွေကြည်မျိုးနိုင် ph- 010-4170-0556 နေ့လည် ၁၂နာရီ မှ ၂နာရီ
ဂွမ်ဂျူး ပြည်တော်ဦး ဓမ္မယာန ဘုန်းကြီးကျောင်းတွင်
Level 2 နှင့် Level 3 သင်တန်းများကို
ဆရာမ ဒေါ်ခင်သူဇာ ph- 010-575-65641 နေ့လည် ၁၂နာရီ မှ ၃နာရီ အထိ တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။
သင်တန်းရွေးချယ်မှု့၊ ယခု သင်တန်းနှင့် ပတ်သတ်ပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။
ဘူဂယောင်းတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဖြစ်သော ကျွန်မတို့ မောင်နှမ တစ်စုမှ ရွှေမြန်မာ အစ်ကိုတို့ ကိုရီးယားစကားအရည်အသွေး မြင့်မားလာရန် ကျွန်မတို့ တတ်စွမ်းသမျှဖြင့် ကူညီပေးချင်ပါတယ်ရှင့်။ သင်တန်းသား အဟောင်းများအပြင် အသစ်အသစ်သော သင်တန်းသားများ တက်ရောက်နိုင်ရန် မျှော်လင့်ပါတယ်ရှင့်။
Wednesday, July 17, 2013
ဘာသာစကားဟာ ပါဝါဖြစ်တယ် (언어는 권력이다)
ကျနော့်အဖြေကတော့ ကျနော် အရူးတယောက်လို လေ့လာခဲ့တယ် လို့
အဲ့ဒီစကားကို ရှင်းပြမယ်လေ။
ကိုရီးယားရောက်စက ကျနော်လုပ်တဲ့ စက်ရုံမှာ နိုင်ငံခြားသားဆိုလို့ ကျနော်တယောက်တည်းရှိသလို ကျနော်က အသက်က အငယ်ဆုံးလည်းဖြစ်ပြန် အလုပ်စ၀င်စလည်းဖြစ်တော့ သူတို့ ခိုင်းဖတ်ပေါ့ဗျာ။
ကိုယ်ကလည်း RITကျောင်းသားဆိုတဲ့ မာန်ကလေးနဲ့ အလုပ်ကိစ္စမှာတော့ ကိုယ်က သူတို့ကို မကျော်နိုင်တော့ ကိုယ်တတ်တဲ့ အင်္ဂလိပ်လို ပြန်ပြန်ပြောပြီး သိက္ခာပြန်ပြန်ဆယ်ရတာလဲ အမောလေ။
အဲ ခက်တာက ကိုရီးယားတွေက အင်္ဂလိပ်ဘာသာကို တော်တော် မတတ်ကြတော့ ကိုယ်ပြောတာလည်း သူတို့ မသိ၊ သူတို့ပြောတဲ့ ကိုရီးယားစကားလည်း ကိုယ်က နားမလည်နဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးဟာ တော်တော် အူကြောင်ကြောင်နိုင်ခဲ့တယ်လေ။
Friday, May 3, 2013
ဒီတပတ် ဆေးစစ်ရှိတယ်

ဘူဖျောင်းမြို့ မြန်မာစင်တာတွင် ယခုတပတ် မေလ ၅ ရက်နေ့မှာ ပထမပတ် ကျန်းမာရေးဆေးစစ် အစီအစဉ် ရှိပါတယ်။ ညနေ ၄ နာရီကနေ ၆ နာရီ အထိ အထွေထွေ ဆေးစစ်နဲ့ အရိုးအကြော ဝေဒနာများကို ကုသပေးမှာ ဖြစ်ပါတယ်။
*** မေလ ၅ ရက်နေ့မှာ ဆရာမ ဒေါ်လေးလေးမွန်ရဲ့ သင်တန်းများ ရှိပါတယ်။ (ယခင် တပတ်ကျော်က အချိန်ကို အစားထိုး သင်ကြားတာ ဖြစ်လို့ စကားပြောနဲ့၊ TOPIK 3/4 သင်တန်းသားများ တက်ရောက်ရန် ဖြစ်ပါတယ်။)
** အခြား ကိုရီးယားဘာသာ သင်တန်းများ၊ ကွန်ပျူတာ သင်တန်းများ ပုံမှန်အတိုင်း ရှိမှာ ဖြစ်ပါတယ်။
Sunday, February 24, 2013
ကိုရီးယားနိုင်ငံ ဂမ်မဲင် ရှိ ရွှေအလင်းတန်း စာကြည့်တိုက်တွင် ကိုရီးယားဘာသာစကားသင်တန်း အပတ်စဉ်(၃) ဆင်းပွဲ ကျင်းပခဲ့
ကိုရီယားနိုင်ငံ ဂမ်မဲင်မြို့ရှိ ရွှေအလင်းတန်းစာကြည့်တိုက်တွင် ကိုရီယားဘာသာစကားသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဖေဖေါ်ဝါရီလ (၂၄) ရက် ၊ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီက ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ ဘူဆန် ၊ ဂမ်မဲင် အနီးအနားရှိ ရွှေမြန်မာများမှ လာရောက်ခဲ့ကြပါသည်။ သင်တန်းဆင်းပွဲ မစမီ လာရောက်ကြသော ရွှေမြန်မာများကို မြန်မာအစားအစာ အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံခဲ့ပါသည်။
ကိုရီးယားဘာသာစကားသင်တန်းကို ဆရာလှမင်းထွန်း ၊ ဆရာရဲသီဟ ၊ ဆရာမ ဂျောင်ဂွီဆွန်း ၊ ဆရာ ဟာဆန်ဒယ်တို့မှ သင်ကြားခဲ့ကြပါသည်။ သင်တန်းဆင်းပွဲ မစတင်မှီ အပတ်စဉ်(၄) သင်တန်းကို တက်ရောက်ရန်အတွက် သင်တန်းသား အသစ်များကို ၀င်ခွင့်ဖောင်များကို ဖြည့်ခိုင်းကြပါသည်။ သင်တန်းဆင်းပွဲတွင် အခမ်းအနားမှူးအဖြစ် ကိုတိုးသူရ မှ ဆောင်ရွက်ခဲ့ပါသည်။ ပထမဦးစွာ ကိုရီးယားဘာသာ စကားသင်တန်း Level(1) သင်တန်းသားဆင်းလက်မှတ်များကို ဆရာလှမင်းထွန်း ပေးအပ်ခဲ့ပြီး ၊ Level(2) အောင် သင်တန်းသားများကို ကိုရီးယားဆရာမ ဂျောင်ဂွီးဆွန်း (နိုင်ငံခြားအလုပ်သမားကူညီပေးရေးရုံးမှ ဥက္ကဌ) မှ သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဆရာမ ဂျောင်ဂွီဆွန်းမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် “ ကိုယ့်ရဲ့အခက် အခဲတွေကို အလုပ်မှာပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောနိုင်ပြီးတော့ အလုပ်အကိုင်တွေ အားလုံးအဆင်ပြဖို့ ရည်ရွယ်ပါတယ်လို့ ” ပြောကြားခဲ့ပါတယ် ၊ ဆရာလှမင်းထွန်း နှင့်ကိုတိုးသူရတို့မှလဲ အမှာစကားများ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆရာလှမင်းထွန်း နှင့် ဆရာမ ဂျောင်ဂွီဆွန်း တို့ကို အသီးအသီးလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ သင်တန်းဆင်း ကျောင်းသားများကိုယ်စား ကိုရန်နောင်စိုး နှင့် ကိုအေးကိုတို့မှ လဲ ကျေးဇူးတင်စကား များပြောကြားခဲ့ကြပါသည်။ ထို့နောက် ရွှေအလင်းတန်းစာကြည့်တိုက် ကိုမင်းလတ်မှလဲ စာကြည့်တိုက်ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပါသည်။
သင်တန်းဆင်းလက်မှတ်များကို နိုင်ငံခြားသားအလုပ်သမားကူညီပေးရေးရုံးနှင့် ရွှေအလင်းတန်းစာကြည့်တိုက် ကိုရီးယားဘာသာစကားသင်တန်းတို့ ပူးပေါင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ အပတ်စဉ်(၃) သင်တန်းကို သင်တန်းကာလ (၆) လ သင်ကြားပေးခဲ့ပါသည်။ ဆက်လက်၍ အပတ်စဉ်(၄) သင်တန်းများကို ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ကွန်ပျူတာသင်တန်း ၊ အလုပ်သမားဥပဒေသင်တန်း ၊ မြန်မာပြည်ပြန်ရောက် သည့်အခါ ကိုရီးယားလုပ်ငန်းရှင်များထံတွင် ပြန်လည်လုပ်ကိုင်အသုံးချနိုင်ရန် သင်ကြားပေးမည့် သင်တန်းများကို ဘူဆန်မြို့ ၊ မိုလာဒုံရှိ နိုင်ငံခြားအလုပ်သမား ကူညီပေးရေးရုံး (BFC- Busan Foreign Workers Support Centre) တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါသည်။
------------------
https://www.facebook.com/groups/goldenlight009/
Tuesday, February 12, 2013
ကိုရီးယား စကားပြောနှင့် သဒ္ဒါ သင်တန်းသစ် ဖွင့်မယ်

ဘူဖျောင်းမြို့ မြန်မာစင်တာမှာ “ကိုရီးယား စကားပြောနှင့် သဒ္ဒ့ါ” သင်တန်း တန်းခွဲအသစ် တစ်ခုကို ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
သင်တန်းသား ၁၀ ဦးသာ ကန့်သတ်ထားပါတယ်။ သင်တန်းတက်လိုသူများကို လူတွေ့စစ်မေးခြင်း (Interview)လုပ်ပြီး စိစစ်လက်ခံမှာ ဖြစ်ပါတယ်။
သင်တန်း တက်လိုသူများ လာမယ့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁၇) နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ အတွင်း လူကိုယ်တိုင် လာရောက် စာရင်းသွင်း အင်တာဗျူး ဖြေဆိုပါ။
လက်ရှိ ဖွင့်လှစ်နေတဲ့ သင်တန်းများ ပုံမှန်အချိန်အတိုင်း ဆက်လက် ရှိနေပါတယ်။ သင်တန်းသားများ မပျက်မကွက်ကြဖို့ တိုက်တွန်းပါတယ်။
မြန်မာစင်တာသို့ ဆက်သွယ် လာရောက်ကြတဲ့ မိတ်ဆွေများ အားလုံးကို လေးစားလျက်-
Thursday, January 31, 2013
မြန်မာကလေးသူငယ်များကို စာသင်ပေးမယ်
ရေးသားသူ — ဥမ္မာသင်းသင်းကျော်
ဆက်သွယ်ရန်
မဥမ္မာသင်းသင်းကျော် - ( 010 – 2447 – 4084)
- (nyeinchan2006@gmail.com)
Sunday, January 20, 2013
2013-KIIP (Korea Immigration and Integration Program) သင်တန်းများမကြာမှီဖွင့်လှစ်မည်
ကိုရီးယားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ဗီဇာ (F-5) ၊ အခြေချနေထိုင်ခွင့်ဗီဇာ(F-2) နှင့် အထူးအလုပ်လုပ်ခွင့်ဗီဇာ(E-7)တို့ လျှောက်ထားရာမှာ “ကိုရီးယားစကား ကျွမ်းကျင်မှု အဆင့် ၃ (TOPIK Level-3) အထက် သို့မဟုတ် ကိုရီးယား ယဉ်ကျေးမှုသင်တန်း(Completion of Social Integration Program : KIIP) (သင်ရိုးကုန်) တက်ရောက်ပြီးသူဖြစ်ရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲ အဆင့် ၃ (TOPIK Level-3) အောင်လက်မှတ် မရရှိနိုင်သူများအဖို့ ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနမှ ကြီးမှူးကျင်းပတဲ့ ကိုရီးယား ယဉ်ကျေးမှုသင်တန်း (KIIP) ကို တက်ရောက်ထားသင့်တယ်လို့ ယူဆပါတယ် ။
သင်ရိုးကုန်တက်ဖို့လိုအပ်တယ်ဆိုပေမယ့် ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲရှိပြီး ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲမှာ ရရှိတဲ့ အမှတ်အခြေအနေ (사전평가점수) အရ ၊ မိမိနှင့် သင့်တော်တဲ့ အတန်းကစပြီး သင်ယူနိုင်ကြောင်းလည်း သိရပါတယ် ။ ယခုအခါ ၂၀၁၃ခုနှစ်အတွက် သင်တန်းလမ်းညွှန်နှင့် အချိန်ဇယား (Click Here and Download) ထွက်လာပြီဖြစ်ကြောင်း ၊ မကြာခင်မှာ အဲသည်သင်တန်းတွေ ကိုရီးယားနိုင်ငံနှင့်အဝှမ်း စတင်တော့မှာဖြစ်ကြောင်း ၊ ပထမအသုတ် သင်တန်းသားလောင်းများ လျှောက်လွှာကို အောန်လိုင်း [Click Here] မှတစ်ဆင့် ၊ အောက်ဖော်ပြပါကာလအတွင်း ၊ လက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ် -
- From 10 Jan 2013 (9am) to 1 Feb 2013 (5pm).
http://www.socinet.go.kr စာမျက်နှာ soci-Net တွင် အဖွဲ့ဝင် (회원가입) အဖြစ် ဦးစွာမှတ်ပုံတင်ပြီးမှသာ ၊ KIIP တွင် သင်တန်း လျှောက်လွှာ တင်သွင်း (사회통합프로그램신청) ရမည်ဖြစ်ကြောင်း ၊ စာမေးပွဲ ညွှန်ကြားချက်များကို ဤနေရာတွင် (CLICK HERE) ကြည့်ရှုနိုင်သလို ၊ ထပ်မံသိရှိလိုသော အချက်အလက်များ ရှိပါက အင်တာနက်စာမျက်နှာ (http://www.kiip.kr/) တွင်ဖြစ်စေ ၊ Immigration Contact Centre (Tel. 1345) နှင့် အောက်ဖော်ပြပါ လူဝင်မှုကြီးကြပ်ရေးဌာန ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မေးမြန်းခြင်းဖြင့်ဖြစ်စေ သိရှိနိုင်ကြောင်း သိရပါတယ် ။
- Seoul (02-2650-6229)/ 158-076 서울시 양천구 목동동로 121
- Pusan (051-461-3082)/ 600-814 부산시 중구 충장대로 20
- Incheon (032-890-6404, 6411)/ 400-800 인천시 중구 항동7가 1-31
- Suwon (031-695-3821~2)/ 441-340 수원시 영통구 영통동 1012-6
- Jeju (064-722-0080)/ 690-800 제주시 임항로 277
- Daegu (053-980-3558~9)/ 701-040 대구시 동구 안심로 117
- Daejeon (042-220-2192)/ 301-840 대전시 중구 목동길 150
- Yeosu (061-689-5517)/ 555-110 전남 여수시 무선로 267
- Yangju (031-828-9487)/ 480-848 경기도 양주시 덕계동 467-2
- Kwangju (062-381-1345)/ 502-838 광주시 서구 화정로 196
- Changwon (055-222-9279)/ 631-410 경남 창원시 마산합포구 해안로 260
- Chuncheon (033-269-3215~6)/ 200-882 강원도 춘천시 동내면 사암길 12
- Cheongju (043-235-4905)/ 361-825 충북 청주시 흥덕구 새터1길 23
- Jeonju (063-245-6164)/ 561-211 전북 전주시 덕진구 호성로 213
အောင်မြင်ကြပါစေ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Sources:
- http://www.kiip.kr/
- http://www.socinet.go.kr/soci/main/main.jsp?MENU_TYPE=S_TOP_SY
- http://dhammaduta.info/others/2013_KIIP_Time-table.pdf
- http://dhammaduta.info/others/2013_KIIP_Application_Procedure.pdf
Friday, January 4, 2013
မြန်မာကလေးငယ်များအား မြန်မာစာ မြန်မာစကား အားအခမဲ့သင်ကြားပေးမည်
ကိုရီးယားနိုင်ငံရှိမြန်မာကလေးငယ်များအားအပတ်စဉ်စနေနေ့တိုင်းမြန်မာစာနှင့်
မြန်မာစကား အားအခမဲ့သင်ကြားပေးရန်အစီအစဉ်ရှိပါသဖြင့်စိတ်ပါဝင်စားသော
ကလေးမိဘများအောက်ပါဖုန်းနံပါတ်သို့ဆောလျင်စွာ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ကြေညာမောင်း ထုလိုက်ပါသည်-
- ဒေါ်ဥမ္မာ 010-2447-4084
လေးစားစွာဖြင့်-
ဥမ္မာ
03-Jan-2013
Friday, November 2, 2012
ယခုတပတ် မြန်မာစင်တာမှာ
၂၀၁၂ နိုဝင်ဘာ ၄ ရက်နေ့ တနင်္ဂနွေနေ့ မြန်မာစင်တာတွင်
၁) နံနက် ၁၀း၀၀ မှ မွန်းတည့် ၁၂း၀၀ နာရီအထိ - အလုပ်သမား ဥပဒေသင်တန်း (လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ဆိုင်ရာ အထူးနားလည်ခြင်း)
၂) မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - ကွန်ပျူတာသင်တန်း အမှတ်စဉ် ၂
၃) မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - ကိုရီးယားဘာသာ အဆင့် ၁/၂ သင်တန်း
၎) ညနေ ၄း၀၀ မှ ည ၆း၀၀ နာရီအထိ -အထွေထွေ ကျန်းမာရေး ဆေးစစ်ခြင်း (ပထမပတ် အစီအစဉ်)
တို့ အသီးသီး ရှိပါတယ်။ သင်တန်းသားများ မပျက်မကွက် အချိန် တိတိကျကျ လာရောက်ကြဖို့ နှိုးဆော်ပါတယ်။
ကျန်းမာရေး ဆေးစစ်မှာ ခန္ဓာကိုယ် ပြင်ပနဲ့ အထွေထွေ ရောဂါများကို စစ်ဆေး ကုသပေးမှာ ဖြစ်ပါတယ်။
အဲဒိနေ့မှာ စုံစမ်းမေးမြန်းစရာရှိရင် မြန်မာစင်တာ ဖုန်း 070-4154-8824 သို့ ဆက်သွယ်ပါ။
Monday, October 1, 2012
ဒယ်အိုးဆရာတော် တရားပွဲ အသံဖိုင်
ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊ ဆော့ဂွမ်ဆာကျောင်းတိုက်တွင် ယနေ့ ပြုလုပ်သည့် ဒယ်အိုးဆရာတော် အရှင်သုမင်္ဂလ၏ တရားပွဲ အသံဖိုင်ကို နာယူနိုင်ပါကြောင်း။
20121001DaeOo-Bucheon
Thursday, September 27, 2012
ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယား ချူးဆောက် (၂၀၁၂) ဓမ္မဒူတခရီးစဉ် ပြင်ဆင်
ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ ၁) အတွင်း ကိုရီးယားနိုင်ငံသို့ ကြွရောက်ချီးမြှင့်တော်မူမည့် ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း ပြင်ဆင်ကြေညာအပ်ပါသည်-
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၉ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဒေါ်စန်း(မိုးညှင်း)နှင့် ရွှေကချင်ညီနောင်များ (ကိုရီးယား) လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာသို့ ချီးမြှောက်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။
၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၃၀ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် တတိယအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သတ္တမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။
ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။
ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၇ ရက် ။
Friday, March 9, 2012
မြန်မာစင်တာတွင် TOPIK ကိုရီးယားဘာသာသင်တန်းများ ဖွင့်မည်
Myanmar Center Training Program (2/2012)
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တစ်ဖက်တစ်လမ်းမှ အကျိုးစီးပွါးဖြစ်ထွန်းနိုင်စေရန် ရည်ရွယ်လျက် ၊ မြန်မာစင်တာတွင် ကိုရီးယားဘာသာသင်တန်းများ ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြာင်း ကြေညာအပ်ပါသည် -
သင်တန်းအစီအစဉ် -
သင်တန်းကာလ ။ 18-3-2012~21-9-2012 (6 Months)
သင်တန်းအချိန် ။ 14:00 to 17:00 (Every Sunday)
သင်တန်းနေရာ ။ Myanmar Center [Click Here]
သင်ကြားမည့်ဘာသာရပ်များ -
Class (1): TOPIK (Level-1/2) (Elementary Course)
Class (2): TOPIK (Level-3/4) (Intermediate Course)
Class (3): TOPIK (Level-5/6) (Advanced Course)
စာရင်းပေးသွင်းရန်-
ယာယီသင်တန်းတာဝန်ခံများ (010-4187-5218 နှင့် 010-2331-2457) တို့ထံ ၊ ၁၁-၃ -၂၀၁၂ နေ့လည် ၂ နာရီ နောက်ဆုံးထား မေးမြန်း/စုံစမ်း စာရင်းပေးသွင်းကြပါရန် ။
မှတ်ချက်များ ။
- နေရာအနေအထားအရ ၊ သင်တန်းသား အများဆုံး စုစုပေါင်း 30 ဦးသာ လက်ခံပါမည် ။
- သင်တန်းသားလောင်းများကို သင်တန်းဝင် အရည်အချင်းဆန်းစစ်ပြီးမှ လက်ခံပါမည် ။
- သင်တန်းဝင်ဆန်းစစ်ချက်အရ အတန်းခွဲခြားသင်ကြားပေးပါမည် ။
- ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် မှ ကိုရီးယားဘာသာ နည်းပြဆရာမ(ဟောင်း) ဆရာမများနှင့် အဖွဲ့က တာဝန်ခံ သင်ကြားပေးပါမည် ။
- သင်တန်းသားလောင်းများ တိုးပစ် (TOPIK) စာမေးပွဲသင်ရိုးအတိုင်း (Vocabulary, Grammar, Writing, Listening, Reading) စသည်များအပြင် Speaking အရည်အချင်းပါ ပြည့်စုံစေစေရန် စီမံထားပါသည် ။
- စိတ်ပါဝင်စားသူများ လာမည့် မတ်လ-၁၁ ရက်နေ့ (တနင်္ဂနွေ) နေ့လည် ၂ နာရီ မြန်မာစင်တာ သို့ ကြွရောက်ပြီး ၊ သင်တန်းဝင် အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုကြပါမည် ။
မြန်မာစင်တာကော်မတီ
၂၀၁၂ခုနှစ် မတ်လ ၉ ရက်
အင်ချောန်းမြို့တော် ၊ ဘူဖြောင်းမြို့
Wednesday, February 22, 2012
ကိုရီးယားဘာသာ စေတနာ သင်တန်းများ အခမဲ့ တက်ရောက်နိုင်
ရေးသားသူ — သန်းထွန်းဦး
ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ ကိုရီးယားစာ ကိုရီးယားဘာသာစကားကို လေ့လာသင်ယူလိုပါက든손 ကိုရီးယားဘာသာစကားသင်တန်း ၌ ၂၀၁၂-ဖေဖော်ဝါရီ-၂၆ရက် (တနင်္ဂနွေနေ့) မှစတင် တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
သင်တန်းကြေး
- အခမဲ့
နေရာ
-ဟန်းဂု နိုင်ငံခြားဘာသာတက္ကသိုလ် (Hankuk University of Foreign Study- 한국외국어대학교 )
အတန်းများ
- အခြေခံ အတန်း ၊ အလယ်တန်း၊ အထက်တန်း
အချိန်
- တနင်္ဂနွေ နေ့လယ်၂ နာရီမှ ၄ နာရီခွဲ အထိ
လမ်းညွှန်
- (ရထား) လိုင်းနံပတ် ၁ (အပြာရင့်ရောင်) Hankuk university of foreign study (외대앞역)ဘူတာ မှ ဆင်း ၊ ထွက်ပေါက် ၁ မှ လမ်း ၅မိနစ်ခန့် လမ်းလျှောက်
ခရီးကြာချိန်
-ဘူဖြောင်းဘူတာမှ 외대앞역 အထိ ၆၇ မိနစ်ခန့်ရထားစီးရမည်ဖြစ်ပါသည်။
(၂၀၁၂ မှ စတင်တက်ရောက်မည့်ကျောင်းသား/သူသစ်များ တနင်္ဂနွေနေ့(2012.2.26)
နေလည် ၁နာရီ၄၅ မိနစ် နောက်ဆုံးထားပြီး 외대앞역 သို့အရောက်လာပေးကြပါရန်
လေးစားစွာ ပန်ကြားအပ်ပါသည်။)
လိုအပ်ပါကဆက်သွယ်ရန် -
- 010-5706-7558 (သန်းထွန်းဦး)
- 010-8685-0698 (ဖြိုးညီညီဇော်)
- 010-3257-4777 (ဝင်းမင်းထွန်း)
Saturday, February 4, 2012
KIIP (Korea Immigration and Integration Program) သင်တန်းများမကြာမှီဖွင့်လှစ်မည်
ကိုရီးယားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ဗီဇာ (F-5) ၊ အခြေချနေထိုင်ခွင့်ဗီဇာ(F-2) နှင့် အထူးအလုပ်လုပ်ခွင့်ဗီဇာ(E-7)တို့ လျှောက်ထားရာမှာ “ကိုရီးယားစကား ကျွမ်းကျင်မှု အဆင့် ၃ (TOPIK Level-3) အထက် သို့မဟုတ် ကိုရီးယား ယဉ်ကျေးမှုသင်တန်း(Completion of Social Integration Program : KIIP) (သင်ရိုးကုန်) တက်ရောက်ပြီးသူဖြစ်ရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲ အဆင့် ၃ (TOPIK Level-3) အောင်လက်မှတ် မရရှိနိုင်သူများအဖို့ ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနမှ ကြီးမှူးကျင်းပတဲ့ ကိုရီးယား ယဉ်ကျေးမှုသင်တန်း (KIIP) ကို တက်ရောက်ထားသင့်တယ်လို့ ယူဆပါတယ် ။
သင်ရိုးကုန်တက်ဖို့လိုအပ်တယ်ဆိုပေမယ့် ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲရှိပြီး ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲမှာ ရရှိတဲ့ အမှတ်အခြေအနေ (사전평가점수) အရ ၊ မိမိနှင့် သင့်တော်တဲ့ အတန်းကစပြီး သင်ယူနိုင်ကြောင်းလည်း သိရပါတယ် ။ ယခုအခါ ၂၀၁၂ခုနှစ်အတွက် သင်တန်းလမ်းညွှန်နှင့် အချိန်ဇယား (Click Here and Download) ထွက်လာပြီဖြစ်ကြောင်း ၊ မကြာခင်မှာ အဲသည်သင်တန်းတွေ ကိုရီးယားနိုင်ငံနှင့်အဝှမ်း စတင်တော့မှာဖြစ်ကြောင်း ၊ ပထမအသုတ် သင်တန်းသားလောင်းများ လျှောက်လွှာကို အောန်လိုင်း [Click Here] မှတစ်ဆင့် ၊ အောက်ဖော်ပြပါကာလအတွင်း ၊ လက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ် -
- from 9:00AM, Monday, 6 February 2012 to 5:00PM, Friday, 17 February 2012.
http://www.socinet.go.kr စာမျက်နှာ soci-Net တွင် အဖွဲ့ဝင် (회원가입) အဖြစ် ဦးစွာမှတ်ပုံတင်ပြီးမှသာ ၊ KIIP တွင် သင်တန်း လျှောက်လွှာ တင်သွင်း (사회통합프로그램신청) ရမည်ဖြစ်ကြောင်း ၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အင်တာနက်စာမျက်နှာ (http://www.kiip.kr/) တွင်ဝင်ရောက်ကြည့်ရှုနိုင်သလို အောက်ဖော်ပြပါ လူဝင်မှုကြီးကြပ်ရေးဌာန ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည် ။
- Seoul (02-2650-6229)/ 158-076 서울시 양천구 목동동로 121
- Pusan (051-461-3082)/ 600-814 부산시 중구 충장대로 20
- Incheon (032-890-6404, 6411)/ 400-800 인천시 중구 항동7가 1-31
- Suwon (031-695-3821~2)/ 441-340 수원시 영통구 영통동 1012-6
- Jeju (064-722-0080)/ 690-800 제주시 임항로 277
- Daegu (053-980-3558~9)/ 701-040 대구시 동구 안심로 117
- Daejeon (042-220-2192)/ 301-840 대전시 중구 목동길 150
- Yeosu (061-689-5517)/ 555-110 전남 여수시 무선로 267
- Yangju (031-828-9487)/ 480-848 경기도 양주시 덕계동 467-2
- Kwangju (062-381-1345)/ 502-838 광주시 서구 화정로 196
- Changwon (055-222-9279)/ 631-410 경남 창원시 마산합포구 해안로 260
- Chuncheon (033-269-3215~6)/ 200-882 강원도 춘천시 동내면 사암길 12
- Cheongju (043-235-4905)/ 361-825 충북 청주시 흥덕구 새터1길 23
- Jeonju (063-245-6164)/ 561-211 전북 전주시 덕진구 호성로 213
အောင်မြင်ကြပါစေ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Sources:
- http://www.kiip.kr/
- http://dhammaduta.info/others/KIIP-2012-Poster.pdf
Friday, October 14, 2011
ကိုရီးယား စကားပြော သင်တန်းဖွင့်မည်
ရေးသားသူ — မဇ္ဈိမယာန
အခြေခံ ကိုရီးယားဘာသာ စကားပြောနှင့် အရေး အဖတ် သင်တန်းကို ဂင်မဲမြို့ မဇ္ဈိမယာနရုံးခန်း ရွှေအလင်းတန်း စာကြည့်တိုက်တွင် ၂၀၁၁ အောက်တိုဘာ ၁၆ ရက်နေ့ တနင်္ဂနွေနေ့မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေလယ် ၁ နာရီမှ ၃ နာရီ အထိ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ သင်တန်း တက်လိုသူများ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီ။
ကိုမင်းလတ် 010-2990-3070
ကိုဇော်ဝင်းထွန်း 010-66054693
ကိုခိုင် 010-2712-0877
Sunday, August 21, 2011
ကိုးရီးယားလူဝင်မှုကြီးကြပ်ရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် သင်တန်းနေရာများနှင့် သင်တန်းလမ်းညွှန်များ
မြန်မာ ညီအစ်ကို အီးပီလုပ်သား အများအပြားတို့က ကိုရီးယား အစိုးရက ကမကထပြု လျက် ကိုရီးယားလူဝင်မှုကြီးကြပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Korean Immigration and Integration Program (KIIP) အရ ဖွင့်လှစ်ပေးနေသော ကိုရီးယားဘာသာစကား သင်တန်းများ တက်ရောက်လိုကြကြောင်း နှင့် သင်တန်းနေရာများ ရှာမတွေ့ပါသဖြင့် ဖော်ပြပေးပါရန် မေတ္တာရပ်ခံလာကြပါသည် ။
အဆိုပါသင်တန်းများမှာ ကိုရီးယားနိုင်ငံနှင့်အဝှမ်း သာမန်သင်တန်း ၁၁၆ နေရာနှင့် စံပြသင်တန်း ၃၄ နေရာ သင်တန်းဌာနစုစုပေါင်း ၁၅၀ ရှိကြောင်း သိရပါသည် ။ မိမိတို့ နီးစပ်အဆင်ပြေရာ သင်တန်းဌာနများနှင့် ဆက်သွယ်ပြီး သင်တန်းတက်ရောက်နိုင်ကြကြောင်းသိရပါသည် ။ သင်တန်းများ တည်နေရာနှင့် ဆက်သွယ်ရန် လိပ်စာနေရာများကို (ဤနေရာ) တွင် ကြည့်ရှုနိုင်ကြပါသည် ။
အောန်လိုင်းဖြင့် လျှောက်ထားလိုသူများ (ဤနေရာတွင်) ဖော်ပြထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ကြပါသည် ။ ၂၀၁၁ ခုနှစ် အတွင်း ၄ ကြိမ်မြောက် သင်တန်းသားလောင်းများ လက်ခံချိန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း နောင်သင်တန်းများတွင် ပါဝင်တက်ရောက်နိုင်ကြလိမ့်မည်ဟု ယူဆပါသည် ။
နိုးကြားစွာ စောင့်မျှော် ကြပါကုန် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
ရည်ညွှန်းချက်များ -
http://test.korea4expats.com/article-social-integration-korea.html
http://www.kiip.kr/
http://www.kiip.kr/sub01/popup.php
Saturday, August 20, 2011
ကိုရီးယားစကား အတူတူသင်ကြရအောင်လို့………
ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများခင်ဗျား
ကိုရီးယားစာ ကိုရီးယားဘာသာစကားကို ကျနော်တို့နှင့်အတူ ပျော်ရွှင်စွာ လေ့လာသင်ယူလိုပါက အောက်ပါအစီအစဉ်များအတိုင်း လေ့လာသင်ယူနိုင်ပါကြောင်း လေးစားစွာ ဖိတ်ခေါ် အသိပေး အပ်ပါသည် -
သင်တန်းအစီအစဉ် ။
- 든손 ကိုရီးယားဘာသာသင်တန်း
သင်တန်းကြေး ။
- အခမဲ့
နေရာ။
- နိုင်ငံခြားဘာသာတက္ကသိုလ် (Hankuk University of Foreign Study- 한국외국어대학교 )
အတန်းများ ။
- အခြေခံ အတန်း ၊ အလယ်တန်း၊ အထက်တန်း
အချိန် ။
- တနင်္ဂနွေ နေ့လယ်၂ နာရီမှ ၄ နာရီခွဲ အထိ
လမ်းညွှန် ။
- (ရထား) လိုင်းနံပတ် ၁ (အပြာရင့်ရောင်) Hankuk university of foreign study (외대앞역)ဘူတာ မှ ဆင်း ၊ ထွက်ပေါက် ၁ မှ လမ်း ၅မိနစ်ခန့် လမ်းလျှောက်
လိုအပ်ပါကဆက်သွယ်ရန် -
- 010-5706-7558 (သန်းထွန်းဦး)
- 010-5767-4488 (ရဲလင်း)
- 010-8685-0698 (ဖြိုးညီ)
- 010-5784-7950 (တင့်နိုင်ဝင်း)
Friday, July 1, 2011
အီးပီအလုပ်သမား ကိုရီးယား စကားပြောပြိုင်ပွဲ သတင်း
ပါဝင်နိုင်သူ ။
ကိုရီးယားတွင် အလုပ်လုပ်ရန် သက်တမ်းကျန်ရှိသေးသည့် နိုင်ငံခြားသားအလုပ်သမား
ပြိုင်ပွဲ အစီအစဉ် ။
ဒေသ ၆ခုမှ ရွေးချယ်ခံပြီး ဒေသကိုယ်စားပြု အလုပ်သမားများ ။
ပြိုင်ပွဲ နေ့ရက် ။
၁၀ လပိုင်း ၉ ရက် HRD ဆိုးလ်
လျှောက်ထားရက် ။
၆ လပိုင်း ၂၂ မှ ၇ လပိုင်း ၂၉ ညနေ ၆ နာရီထိ
လိုအပ်သည့်စာရွက်စာတမ်း ။
- လျှောက်လွှာ -
- မှတ်ပုံတင်မိတ္တူ -
- အက်ဆေး(၅ မိနစ်မှ ၇ မိနစ်စာ)
- အလုပ်ထောက်ခံစာ(မပါလည်းရ)
လျှောက်လွှာတင်ရန် ။
ဆိုင်ရာဒေသ HRD ရုံးခွဲ
ပထမအဆင့် လူရွေးခြင်း ။
၈ လပိုင်းအတွင်း (ဆိုင်ရာဒေသတွင်းတွင် ကျင်းပမည်။)
※ ဆုတံဆိပ်နှင့် ငွေသား ချီးမြှင့်မည်။
ဆုကြေး ( ပထမဆု ၁၀ သိန်း)
ဒုတိယဆု ( ၇ သိန်း)
တတိယဆု (၅ သိန်း)
အလုပ်ရှင် အလုပ်သမား အသင်းဝင်ဖြစ်ပါက ဆုငွေ ဆယ်သိန်းအပြင် မိမိနိုင်ငံသို့ အလုပ်ရှင်နှင့်အတူ မိခင်နိုင်ငံသို့ အလည်ပြန်နိုင်ရန် အသွားအပြန် လေယာဉ်လက်မှတ် ၂စောင်စီ ထပ်ဆောင်းပေးမည်။
လျှောက်လွှာပံစံ ရယူ ဖြည့်စွက်ရန် အခက်အခဲရှိသူများ အတွက် ယခုအပတ် တနင်္ဂနွေနေ့တွင် ဓမ္မဒူတ(ကိုရီးယား)၌ ဆရာမ ဒေါ်လေးလေးမွန်က ကူညီဖြည့်စွက်ပေးပါမည် ။
အသေးစိတ်သိလိုပါက -
https://www.eps.go.kr
Friday, May 20, 2011
ဓမ္မဒူတ ကိုရီးယားစကား သင်တန်းသားလောင်းများ သင်တန်းချိန်နောက်မကျစေရေး
ဓမ္မဒူတ(ကိုရီးယား)တွင် လာမည့် မေ ၂၂ ရက် စတင်မည့် ကိုရီးယားစကားပြောသင်တန်း တက်ရောက်ရန် အမည်စာရင်း ပေးထားသူများ ၊ သင်တန်းမစမှီ ကြိုတင်ရောက်ရှိနေစေရေး ထထကြွကြွ လုံ့လပြုတော်မူကြပါရန် လေးစားစွာ အသိပေး နှိုးဆော်အပ်ပါသည် ။
သင်တန်းချိန်မှာ တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ မွန်းလွဲ ၃ နာရီထိ ဖြစ်ပါကြောင်း ထပ်မံ အသိပေးအပ်ပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)
20 May 2011
Saturday, May 7, 2011
ဓမ္မဒူတ(ကိုရီးယား)တွင် ကိုရီးယားစကားပြောသင်တန်းဖွင့်မည်
ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတ(ကိုရီးယား)နှင့် အိဂျုအင်ကွေါန်ဆင်တာ (이주인권센터) တို့ ညှိနှိုင်းချက်အရ လာမည့် မေ ၂၂ ရက် တနင်္ဂနွေနေ့မှ အစပြု၍ ဓမ္မဒူတ(ကိုရီးယား)တွင် ကိုရီးယားစကားပြောသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည် ။
သင်တန်းကို နားထောင်ခြင်း ပြောဆိုခြင်း သင်တန်း (Speaking & Listening Course) နှင့် အရေး အဖတ် သင်တန်း (Reading & Writing Course) ဟူ၍ (၂) ပိုင်းခွဲပြီး ကိုရီယားဘာသာကွမ်းကျင်မှုစာမေးပွဲ (TOPIK) ဝင်နိုင်ရန် ဦးတည်ချက်ထား လေ့ကျင့် သင်ကြားသွားမည်ဖြစ်ပါသည် ။
သင်တန်းခမ်းမ နေရာနှင့် ကိုရီးယားသင်တန်းဆရာများ အကန့်အသတ်ရှိပါသဖြင့် သင်တန်းသားများကိုလည်း သင်တန်း တစ်ခုတွင် ၅ ယောက်နှုန်းဖြင့် စုစုပေါင်း ၁၀ ဦးကိုသာ ဦးရာလူစနစ်ဖြင့် အခမဲ့ လက်ခံပို့ချ သင်ကြားပေးမည်ဖြစ်ပါသည် ။
သင်တန်းချိန်မှာ တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ မွန်းလွဲ ၃ နာရီထိ ဖြစ်ပါမည် ။ သင်တန်း တက်ရောက်လိုပါက ၀၁၀-၂၃၃၁-၂၄၅၇ ထံ မေလ ၁၅ ရက်နေ့ နောက်ဆုံးထား စာရင်းပေသွင်းနိုင်ကြပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)
8 May 2011





