Showing posts with label ဖိတ်စာ. Show all posts
Showing posts with label ဖိတ်စာ. Show all posts

Monday, February 9, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် နှင့် ၆၈-နှစ်မြောက် ပြည်ထောင်စုနေ့ ဖိတ်ကြားစာ


ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသား တိုင်းရင်းသားအပေါင်းသို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်...

မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပွဲနှင့် ၆၈-နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ တက်ရောက်ဂုဏ်ပြုကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 

နေ့ရက်~ ၂၀၁၅ ဖေဖော်ဝါရီ ၁၅ (တနင်္ဂနွေနေ့)
အချိန် ~  မွန်းလွဲ ၁း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ
နေရာ ~ ဘူချွန်းမြို့ မြန်မာအသင်း ဧည့်ခံခန်းမ
 
လမ်းညွှန် = မြန်မာအသင်း (ကိုရီးယား) တည်ရှိရာ အဆောက်အအုံအမည်က 부천이주민지원센터 (부천시근로자종합복지관) ဖြစ်ပါတယ်။
*** ဘူချွန်းဘူတာ (부천역) ထွက်ပေါက် 4,5 မှထွက်ပြီး ဘတ်စကား (버스) 8, 12, 50, 71, 72-2 စီး၍ 춘의테크노파크 မှတ်တိုင်ဆင်းပါ။ ***

ဂုဏ်ပြုပွဲ အခမ်းအနားတွင်-
** ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးတန်ဖိုးကို ဖော်ဆောင်မှုကဏ္ဍအဖြစ် 
- ဓာတ်ပုံပြခန်း 
- အမှတ်တရစာစောင်
- "ဗိုလ်ချုပ်နှင့် ပြည်ထောင်စု" စကားဝိုင်း
** အောင်ဆန်းစိတ်ဓာတ် ရှင်သန်ရေး အနုပညာကဏ္ဍ
အဖြစ်
- ပါဖောမင့် ပြဇာတ်
- သီချင်း ဂီတ
** ပြည်ထောင်စုနှင့် တိုင်းရင်းသားကဏ္ဍအဖြစ်
- တိုင်းရင်းသားတို့ ရင်ဖွင့်စကား
- ယဉ်ကျေးမှုအနုပညာ တို့ပါဝင်မည် ဖြစ်ပြီး
** ဗိုလ်ချုပ် အမှတ်တရအဖြစ်
- ပဲပြုတ်နဲ့ နံပြား ဧည့်ခံပါမည်။

ကျင်းပရေးကော်မတီ

[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ / မြန်မာအသင်း (ကိုရီးယား) / ကရင်လူငယ်အစည်းအရုံး (ကိုရီးယား) / ချင်းလူမှုရေးအသင်း (ကိုရီးယား) / ရခိုင်လူမှုရေးအသင်း (ကိုရီးယား) / မွန်လုမှုရေးအသင်း (ကိုရီးယား) / ထောင်စုပြတင်းဂျာနယ် / ဂွမ်ဂျူးလုမှုရေးအသင်း / မြန်မာစင်တာ / မျိုးချစ်မောင်ဒိုးအဖွဲ့ / ရိန်းဘိုးတေးဂီတအဖွဲ့ / The Mirror တေးဂီတအဖွဲ့ နှင့် တသီးပုဂ္ဂလများ]

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မွန်အမျိုးသားနေ့ ဖိတ်ကြားစာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 2, 2014

မြန်မာ အလုပ်သမားတစ်ဦး အလိုရှိသည်

- ရာဘာ ပရက်စ် (အန္တရာယ် မရှိပါ)
- မြန်မာအလုပ်သမားများ ၃ ၊ ၄ ဆက် (၁၀နှစ်ကျော်) လုပ်လာသော အလုပ်ရုံဖြစ်သည် ။
- ညှိနှိုင်းလစာ
- အလုပ်ချိန် = ကိုရီးယား အလုပ်ချိန် (တစ်နေ့၈နာရီ)
- ထမင်း ၂ နှပ် ကျွေး (နေ့လည်စာ ၊ ညနေစာ)
- စနေ ၊ တနင်္ဂနွေနှင့် အနီရက်များ အားလုံးပိတ်
- အလုပ်ခွင် လွတ်လပ်မှုရှိ၍ ၊ အေးအေးလူလူလုပ်နိုင်သော အလုပ်ရုံဖြစ်သည်
- ဗီဇာ တစ်ခုခု ရှိဖို့ လိုအပ်ပါသည်
- ဂုရိုဘူတာအနီး ၀၂-၂၆၃၃-၄၂၀၀
- ကိုယ်တိုင်ဗျူးပါ ။ အခက်အခဲရှိပါက ၀၁၀-၅၅၄၉-၂၄၅၇ ထံ အကူအညီတောင်းနိုင်ပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, September 4, 2014

၁၆ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇော်ပွဲ ဖိတ်ကြားစာ

ချူဆော့ 추석 မှာ နွှဲပျော်ကြစို့


၁၆ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇော်ပွဲကို ဘူချွန်းမြို့  မြန်မာအသင်း (ကိုရီးယား) 미얀마공동체 (한국) မှ ကြီးမှူး၍ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကိုရီးယားရောက် မြန်မာနိုင်ငံ သူ/သားများ တတပ်တအား ပါဝင်ဆင်နွှဲကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်***
နေ့ရက် ➳၂၀၁၄ စက်တင်ဘာ ၈ ရက်
အချိန်➳ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ
နေရာ ➳ ဘူချွန်းမြို့ ဆော့ဂွမ်ဆာ ကျောင်းတော်
경기도 부천시 원미구 원미 2동산 29-30
ပွဲတော်သို့ လာရောက်ကြသူများအား တေးသီချင်းသံများနှင့်အတူ စားသောက်ဖွယ်ရာ စတုဒီသာတို့ဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။

စတုဒီသာ ကျွေးမွေးမည့် အသင်းအဖွဲ့များမှာ
၁) မြန်မာအသင်း (ကိုရီးယား)
၂) ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယား)
၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ကိုရီးယား)
၎) သပြေ ပညာရေးထောက်ပံ့ကူညီရေးအဖွဲ့ 
၅) မြန်မာစင်တာ
၆) အဖြူ ရောင်မေတ္တာလူငယ်များ (ကိုရီးယား)
၇) နွားထိုးကြီး လူငယ်များ
၈) ဂွမ်ဂျူးလူမှုရေးအသင်း
၉) ဗုဒ္ဓသာသနာပြုကျောင်းတော်
၁၀) အင်ချွန်းလူငယ်များ
၁၁) တမာမြေလူငယ်များ
၁၂) မွန်အမျိုးသားအသင်း
၁၃)ရှီးဟွန်းမြန်မာမိသားစု
၁၄) တယ်လီတော်ကီ
၁၅) ကိုရီးယားရောက် မြန်မာကျောင်းသား ကျောင်းသူများ
၁၆) သန္တိကရဝိဟာရ အန်ဆန်း ဘုန်းကြီးကျောင်း တို့ဖြစ်ကြပါသည်။

ဖျော်ဖြေရေး အစီအစဉ် အနေဖြင့်
Mirrors တေးဂီတ အဖွဲ့ 
Rainbow တေးဂီတ အဖွဲ့တို့၏ သီဆိုဖျော်ဖြေမှုများနှင့် အတူ
မြန်မာသံစဉ်တေးသီချင်းများကိုလည်း နားဆင်ကြရမှာ ဖြစ်ပါသည်။

ထို့ပြင် တိလောကမုနိမြတ်စွာဘုရားအား ရွှေသင်္ကန်း၊ သစ်သီး၊ ပန်းများလည်း လှူ ဒါန်း ပူဇော်နိုင်ပါသဖြင့် အလှူ ရှင်များကိုလည်း ဖိတ်ခေါ်ပါသည်။

လေးစားစွာဖြင့်
မြန်မာအသင်း (ကိုရီးယား )

ဆက်သွယ်ရန်
ကိုခင်မောင်ရင် 010-2788-7153
ကိုသန့်ဇင်အောင် 010-9054-4727
ကိုဝင်းနိုင်ဦး 010-8648-4533
ကိုဝင်းမြင့်ဦး 010-5292-9542

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 26, 2014

ဆရာသောင်းနှင့် ကျောင်းသားများ စတုတ္ထအကြိမ် အလှူမင်္ဂလာ ဖိတ်ကြားလွှာ

ဆရာသောင်းနှင့် ကျောင်းသားများ စတုတ္ထအကြိမ် အလှူမင်္ဂလာ ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ၊ ကြွရောက်တော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်-

အလှူရက်-
၂၀၁၄ခုနှစ် မေလ ၄ ရက်နေ့(တနင်္ဂနွေ)

အချိန်-
နေ့လည် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီထိ

နေရာ-
(ဘူဖြောင်း) မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

(နံနက်) အရုဏ်ဆွမ်း-
မုန့်တီသုပ်

နေ့လည်စာ-
မြန်မာအစားအစာ


လေးစားမှုဖြင့်-
ဆရာသောင်းနှင့် ကျောင်းသားများ
၂၀၁၄၀၄၂၆

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, April 23, 2014

ကုသိုလ်ပြု အမျှဝေရန် ဖိတ်ကြားစာ

မိတ်ဆွေများကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်-

အမေ ဒေါ်စောသင် အသက် ၉၃ နှစ်သည် ၂၀၁၄ ဧပြီ ၂၂ ရက်နေ့ ညနေ ၆း၃၀ နာရီက ရန်ကုန်မြို့ နေအိမ်၌ ဘ၀တပါးသို့ ပြောင်းရွေ့ကွယ်လွန်သွားပါသည်။ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဧပြီ ၂၃ ရက်နေ့ နံနက် ၁၁ နာရီက ရေဝေးသုသာန်တွင် ကောင်းမွန်စွာ သဂြုင်္ိင်္ိဟ်ပြီးစီးပါသည်။

ကွယ်လွန်သူ အမေ ဒေါ်စောသင်အား ရည်စူး၍ ဘုရားအမှူးပြုသော သံဃာတော်တို့အား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုတို့ကို ကောင်းမွန်စွာ ဆက်ကပ်လှူဒါန်းပြီး၊ ပြုလုပ်သော ကောင်းမှုကုသိုလ်၏ အဖို့ဘာဂကို အမေနှင့်တကွ ဝေနေယျသတ္တ၀ါ အပေါင်းအား အမျှပေးဝေမည် ဖြစ်ပါသည်။

အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည့် အမျှဝေအလှူပွဲသို့ အတူတကွ ကြွရောက်၍ ကောင်းမှုနုဘော် သာဓုခေါ်ဆိုနိုင်ကြပါရန် မိတ်ဆွေအများအား လေးစားစွာ ဖိတ်ကြားအပ်သည်။

နေ့ရက်= ၂၀၁၄ ဧပြီ ၂၇ ရက်နေ့
နေရာ= ဘူဖျောင်းမြို့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
စီအစဉ်=
နံနက် ၇း၀၀ နာရီ - အရုဏ်ဆွမ်းကပ်
နံနက် ၉း၃၀ နာရီ - တရားနာ အမျှဝေ

ကြွရောက်လာသူများကို မုန့်ဟင်းခါးဖြင့် လှူဒါန်းဧည့်ခံပါမည်။

ဝင်းပေါ်မောင်+မာလာရွှေ
သမီး စုမြတ်မောင် မိသားစု

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, December 12, 2013

ခရစ္စမတ်ပွဲတော် ဖိတ်ကြားစာ

ရေးသားသူ — ခရစ်ယာန်အသင်း

သို့
ကိုးရီယားရောက် မြန်မာမိတ်ဆွေများအားလုံး

မြန်မာအသင်းတော်များရဲ့၁၂ ကြိမ်မြောက် စုပေါင်းခရစ္စမတ်ပွဲတော်ကို တက်ရောက်ဖို့ မေတ္တာဖြင့် ဖိတ်ကြားလိုပါသည်။
သင့်ရဲ့ မွန်းကြပ်နေတဲ့စိတ်ကို သီဆိုခြင်း၊ ဖျော်ဖြေမှုကို ရှုစားခြင်း၊ သင့်အတွက်ဖြစ်တဲ့ သတင်းကောင်းကို ကြားနာခြင်းဖြင့် လာရောက်ပါဝင် အပန်းဖြေပါ။

အစီအစဉ် အကြမ်းဖျင်း
၁။ ခရစ္စမတ်တေးများ အတူတကွသီဆိုခြင်း
၂။ အသင်းတော်အသီးသီးမှ အဖွဲ့လိုက် သီဆိုခြင်း
၃။ ခရစ္စမတ်သတင်းကောင်း ကြားနာခြင်း
၎။ တေးသရုပ်ဖော် ဖျော်ဖြေမှု ရှုစားခြင်း
၅။ ခရစ္စမတ်လက်ဆောင် မဲဖောက်ခြင်း
၆။ ညစာစားခြင်း၊ မိတ်ဖွဲ့ခြင်း
၇။ ခရစ္စမတ်လက်ဆောင်ဝေခြင်း

် ရပ်နီး ရပ်ဝေး မိတ်ဆွေအားလုံးကိုလည်း တဆင့် ဖိတ်ကြားပေးဖို့လည်း မေတ္တာရပ်ခံလိုပါသည်။



2014 နှစ်သစ် မှစပြီး
Face book (1): MCC Korea (မြန်မာ ခရစ်ယာန်များအဖွဲ့ ) နှင့်
Face book (2): Mary Nuam (ဆရာမ မေရီ)
မှလည်း ကိုးရီယားနိုင်ငံတွင်းနေထိုင်သည့် မြန်မာလူမျိုးများအတွက် အထောက်အကူ ဖြစ်စေမည့် information ကောင်း မျိုးစုံကိုလည်း share လုပ်သွားပါမည်။ (ဘာသာစကား၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသည်တို့ကို အလျင်းသင့်သလို တင်ပြသွားပါမည်။)
ကျေးဇူးတင်ပါသည်။

ကိုးရီးရောက် မြန်မာခရစ္စယာန်အသင်းတော်များ ကိုယ်စား

ကိုသောမားစ်ထန် နှင့် ဆရာမ မေရီနွမ်
Bucheon city
S.Korea

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, November 21, 2013

ရှမ်ဘဲလား လာပြီ

ရေးသားသူ — ရှမ်ဘဲလား
လက်ဘက်ရည်နှင့် မုန့်ဟင်းခါးတို့ကို နှစ်သက်ကြသော ရွှေမြန်မာများအတွက် နံနက်စာ သီးသန့် အဖြစ် ရှမ်ဘဲလား လဘက်ရည်ဆိုင်က စမူဆာ ပလာတာ အီကြာကွေး မုန့်ဟင်းခါးတို့ကို အရသာရှိရှိ သုံးဆောင်နိုင်ရန်အတွက် စီမံ လုပ်ဆောင်ထားပါတယ်။ လာရောက် အားပေးကြဘို့ ဖိတ်ခေါ်လိုက်ပါတယ်

လာမည့် နိုဝင်ဘာ ၂၃ ရက် စနေနေ့တွင် ဆိုင်ဖွင့်ပွဲအဖြစ် နံနက် ၉နာရီမှ နံနက် ၁၁ နာရီ အထိ လဘက်ရည်နှင့် အီကြာကွေးတို့ဖြင့် ဧည့်ခံမည်ဖြစ်ပါသဖြင့် အားရပါးရ ကြွရောက် အားပေး ချီးမြင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 

သက်သာ ဂလက်ဇီ ဖုန်းများကိုလဲ ရောင်းချသွားမည့်အကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ 

ဆိုင်ခန်း တည်နေရာ။ မြန်မာသူကြီး နှင့် နမ့်ယင်း လမ်းဆုံ

 ဆက်သွယ်ရန်
 မောင်ကျော် ၀၁၀ ၂၁၅၄  ၄၇၇၁ 
 မောင်နေဦး ၀၁၀ ၃၁၄၃ ၁၂၆၈ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, November 20, 2013

အင်ချွန်း ရုပ်ရှင်ပွဲမှာ မြန်မာကားများ ပါဝင်ပြသမယ်

၁၈ ကြိမ်မြောက် အင်ချွန်း လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ မြန်မာစင်တာ မီဒီယာသင်တန်းမှ သင်တန်းသား လေးဦးရဲ့ မှတ်တမ်းရုပ်သံ ၄ ကားကို ပါဝင်ပြသရန် ကျင်းပရေးကော်မတီက ရွေးချယ်ထားပါတယ်။

၂၀၁၃ နိုဝင်ဘာ ၂၁ မှ ၂၄ အထိ ပြုလုပ်မယ့် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ တို့အင်ချွန်းသား၊ အလုပ်သမားဘ၀ရဲ့ အလှ၊ လိင်ခွဲခြားမှု ကင်းစင်တဲ့လောက၊ ကျောင်းသားအခွင့်ရေးတွက် မကြောက်နဲ့၊ ငြိမ်းချမ်းရေးရဲ့ အခြားတဖက်၊ ကွာခြားနေသော နိုင်ငံခြားသား စသည့် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍများ ပါဝင်ပြီး၊ ရုပ်ရှင်ကားနှင့် သတင်းမှတ်တမ်း ၃၀ ကျော် ပါဝင်ပြသမှာ ဖြစ်ပါတယ်။

ယင်းအနက် မြန်မာစင်တာ မီဒီယာသင်တန်းမှ

၁) စေတနာရောင်ပြန် (စိုးမင်းသန်း)
၂) ဘယ်တော့များမှ (မင်းတေဇာထွန်း)
၃) ပတ်ကူ (အောင်စစ်နိုင်)
၎) ခရေဇီ (အောင်စိုင်း)
လေးကား ပါဝင်ပြသမှာ ဖြစ်ပါတယ်။

နေ့ရက်။ ၂၀၁၃ နိုဝင်ဘာ ၂၄
အချိန်။ ညနေ ၄ နာရီမှ ၅ နာရီ
နေရာ။ 인천광역시 남구 주안1동 주안프라자 7층
လမ်းညွှန်။ 지하철 1호선, 주안남부역 8번, 출구애서 200m

လာရောက် အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, October 24, 2013

စိတ္တသုခကျောင်း စုပေါင်းမဟာဘုံကထိန်အောင်ပွဲ အလှူဖိတ်ကြားခြင်း

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ ၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း အကျိုးဆောင် အဖွဲ့၏ ဦးဆောင်မှု၊ ယူရှင်း၊ ဟာဘင်း၊ ဘုံချွန်း ရွှေမြန်မာညီအကိုများ၏ မတည်လှူဒါန်းမှူနှင့် အဝေးအနီး အသီးသီး၌ ရှိကြကုန်သော စေတနာရှင် ရွှေမြန်မာ အပေါင်းတို့၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် ကောင်းမှုအစု ကြိုစားပြုမည့် စိတ္တသုခကျောင်း၏ စတုတ္ထအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲအလှူတော်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်း တို့အား အတူတကွ ကုသိုလ်တော်ယူနိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = 27-10-2013 
၁၃၇၅ခုနှစ်၊ သီတင်းကျွတ်လပြည့် ()ရက်၊ တနင်္ဂနွေနေ့

ဧည့်ခံချိန် = မနက် ()နာရီမှ၊ နေ့လယ် ()နာရီအထိ

တရားနာချိန် = နေ့လယ် ()နာရီ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့ 

မှတ်ချက်။  ။ အာဟာရ အလှူရှင်များဖြစ်ကြသည့် ယူရှင်း၊ ဟာဘင်း၊ ဘုံချွန်းရွှေညီအကိုများမှ အထူးစပါယ်ရှင် ထောပတ်ထမင်းဖြင့် အလှူဒါနပြုကာ ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
ကျောင်းအကျိုးဆောင် အဖွဲ့နှင့်
ယူရှင်း၊ ဟာဘင်း၊ ဘုံချွန်းညီအကိုများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, October 11, 2013

ဂွမ်ဂျူး ဓမ္မယာန ပြည်တော်ဦး ကျောင်းသစ်ဖွင့်ပွဲ ဖိတ်ကြားလွှာ

မင်္ဂလာပါ ခင်ဗျာ။

ဓမ္မယာန ပြည်တော်ဦး နာယက ကမ္မဌာနာစရိယ ဆရာတော် အရှင်ပဏ္ဍိစ္စ၏ ဦးဆောင်မှုဖြင့် ကိုရီးယား နိုင်ငံရောက် ဂွမ်ဂျူးရွှေမြန်မာညီအကိုမောင်နှမများ စုပေါင်းကျင်းပသော ဂွမ်ဂျူး ဓမ္မယာန ပြည်တော်ဦး ကျောင်းသစ်ဖွင့်ပွဲနှင့် ဆရာတော် ဒေါက်တာဝဏ္ဏအရှင်သူမြတ်ကို ပဓာနနာယကအဖြစ် ကျောင်းတင်အပ်နှံပွဲ အခမ်းအနားကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ပါဝင်ဆင်နွှဲပေးကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်ဖိတ်ကြားအပ်ပါသည်။

◎ ကျင်းပမည့် အစီအစဉ်

နေ့ရက် ။ ။ ၁၃ ၊ ၁၀ ၊ ၂၀၁၃ ။ တနင်္ဂနွေနေ့ ။
နေရာ ။ ။ ဓမ္မယာနမြန်မာဘုန်းတော်ကြီး ကျောင်းသစ်၊ ဂွမ်ဂျူးမြို့
광주굉역시 광산구 장덕동 992-15 하남공단 3번 도로 지원상가 지하 9-1호
အချိန် ။ ။ နံနက် ၁၀နာရီမှ ညနေ ၃ နာရီ အထိ

အခမ်းအနားအစီအစဉ်။ ။
၁။ နံနက် (၁၀)နာရီ ဘုရားအနေကဇာတင်
၂။ နံနက် (၁၁)နာရီ ဆွမ်းကပ်/ဧည့်ခံ
၃။ကျောင်းတင်ပွဲ အခမ်းအနားနှင့် တရားနာရေစက်ချ (၁း၀၀ မှ ၂း၀၀ အထိ)
ဧည့်ခံမှုအစီအစဉ် - ဒံပေါက်။ အချိုရည်ဖြင့် တည်ခင်းဧည့်ခံပါမည်။ (နံနက် ၁၁း၀၀ မှ နေ့ လည်၁၂း၃၀ အထိ)

(ဂွမ်ဂျူး ဓမ္မယာနကျောင်း အကြောင်း အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)
◎ ဂွမ်ဂျူးဓမ္မယာနကျောင်း ဖြစ်ပေါ်လာပုံနှင့် အလျှူငွေကောက်ခံထားရှိမှုအခြေအနေ

ကိုးရီးယားနိုင်ငံ ဂွမ်ဂျူးမြို့တွင် ရွှေမြန်မာများ အားထားမှီခိုရာ ကျောင်းတော်ကြီး တစ်ခု ဖြစ်ပေါ်လာစေရန် ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စအား အမှူးထား၍ ဂွမ်ဂျူး ဓမ္မယာနကျောင်းတော်ကြီးကို အကောင်အထည်ဖေါ် ဆောင်ရွက်လျှက် ရှိပါသည်။ ဂွမ်ဂျူးရှိ ပြည်တော်ဦးဆရာတော်၏ ဒါယိကာမ(ကိုးရီယားလူမျိုး)မှ ကျောင်းအတွက် အခန်းနေရာအား အခမဲ့ အသုံးပြုနိုင်စေရန် စပေါ်မယူ လခမယူပဲ ပြန်လည် ပြင်ဆင် ဆောက်လုပ်ပြီး သာသနာပြုရန် အချိန်အကန့်အသတ်မရှိ ခွင့်ပေးခဲ့ပါတယ်။ ကိုးရီးယားဘုန်းတော်ကြီးမှ တာဝန်ယူကူညီပေး၍ ဆရာတော်၏ လမ်းညွှန်ဦးဆောင်မှူဖြင့် တည်ဆောက်လျှက်ရှိသော ဓမ္မယာနကျောင်းကြီး အတွက် ခန့် မှန်းခြေ ကုန်ကျစရိတ်မှာ ကိုရီယားဝမ် သိန်း၂၀၀ကျော် ကုန်ကျနိုင်မည်ဟု ခန့် မှန်းထားပါသည်။ ထို့ကြောင့် အလျှူငွေ ကောက်ခံရာတွင် ဂွမ်ဂျူးရှိ ကိုးရီးယား ဘုန်းတော်ကြီးနှင့် ယောဂီများမှ ဝမ် သိန်း၉၀ ကျော် ထည့်ဝင်လှူဒါန်းခဲ့ကြပြီး ကျန်ကုန်ကျငွေများအား ကောက်ခံရရှိမည့် အလှူငွေများထဲမှ ထုတ်ယူသုံးစွဲရန် ရည်ရွယ်ထားပါသည်။

ထို့အပြင် ပြည်တော်ဦးဆရာတော်၏ ပင့်ဖိတ်စီစဉ်ဆောင်ရွက်ပေးမှူဖြင့် (22.8.2013)တွင် ဂွမ်ဂျူးမြို့သို့ မြန်မာနိုင်ငံမှ ဆရာတော်ဒေါက်တာဦးဝဏ္ဏ ကြွရောက်ကာ သီတင်းသုံးလျှက်ရှိပြီး ကျောင်းတည်ဆောက်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။ ကျောင်းဆောက်လုပ်ပြီးစီးရန်အတွက် ခန့်မှန်းခြေ ၁လခန့်ကြာမြင့်မည်ဖြစ်ပြီး ကျောင်းဖွင့်ပွဲကို(13.10.2013)တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး ပြည်တော်ဦးဆရာတော်ကိုယ်တိုင် ကြွရောက်ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဓမ္မယာနကျောင်းဆောက်လုပ်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလှူငွေများကို အောက်ပါဘဏ်အကောင့်သို့ ထည့်ဝင်လှူဒါန်းကြပါရန် နိဗ္ဗါန် အကျိုး မျှော်၍ နှိုးဆောက်လိုက်ပါရစေ ခင်ဗျာ။

ဂွမ်ဂျူးဓမ္မယာန ကျောင်းတော်ကြီး ဖြစ်မြောက်ရေးတွင် ပါဝင်လှူဒါန်းသော သူတော်စင်တို့၏ မွန်မြတ်သန့်စင်သော စေတနာကို ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ဆိုနိုင်ရန်(28.8.2013)အထိ အလှူရှင်များကို မှတ်တမ်းတင် ဂုဏ်ပြုတင်ပြအပ်ပါသည်ခင်ဗျာ။

၁။ ပြည်တော်ဦး နာယက ကမ္မဌာနာစရိယ ဆရာတော် အရှင်ပဏ္ဍိစ္စမှမတည်လှူဒါန်းငွေ၊ ၁၁သိန်း
၂။ဂွမ်ဂျူးမှန်ဆောင်မှရွှေညီကိုများမှ ၁၅ သိန်း
၃။ကိုခင်လှိုင်+မယုယုလှိုင် ၊ သမီးပြည့်ရတီစံ(လှိုင်မြန်မာ)မှ ၁၀သိန်း
၎။ကိုသန့်ဇင်ထွန်း ၄သိန်း
၅။ကိုအောင်ကိုကို+မနွယ်နီဝင်းမောင် သမီး ဝတ်မှုံဖြူ ၃သိန်း
၆။ကိုအောင်ဇော်ဦး ၃သိန်း
၇။ကိုကျော်ဇေယျာထွန်း ၃သိန်း
၈။ကိုထိန်ဝင်းဦး ၃သိန်း
၉။ကိုဝင်းမော် ၂သိန်း
၁၀။ကိုကျော်နိုင်ထွန်း ၁သိန်း ၁သောင်း
၁၁။ကိုနိုင်စိုး ၁သိန်း
၁၂။ကိုမြင့်လင်းမောင် ၁သိန်း
၁၃။ကိုအေးမျိုးမင်း ၁သိန်း
၁၄။ကိုဇော်ဝင်းနိုင် ၁သိန်း
၁၅။ကိုစိုးဌေး ၁သိန်း
၁၆။ကိုလှဝင်းထက် ၁ သိန်း
၁၇။ကိုနုလွင် ၁ သိန်း
၁၈။ကိုဇေယျာလင်း ၁ သိန်း
၁၉။ကိုအောင်သိန်းအေး ၁ သိန်း
၂၀။ကိုထက်မြက်လင်း ၁သိန်း
၂၁။ကိုကျော်စိုးလှိုင် ၁သိန်း
၂၂။ကိုရဲလျှံထွန်း ၁သိန်း
၂၃။ကိုရဲမင်းသိန်း ၁သိန်း
၂၄။ကိုဇော်မင်းထိုက် ၁သိန်း
၂၅။ကိုရဲလွင်အောင် ၁သိန်း
၂၆။ကိုအောင်မြတ်ထွန်း ၁သိန်း
၂၇။ကိုမင်းသိန်း ၁သိန်း
၂၈။ကိုပေါ်ထွန်းငြိမ်း ၁သိန်း
၂၉။ စစိုးမင်းဌေး ၁သိန်း
၃၀။ကိုမျိုးသူဟိန်း ၁သိန်း
၃၁။ကိုရဲအောင် ၁သိန်း
၃၂။ကိုစိုးလှအောင် ၁သိန်း
၃၃။ကိုစိုးမိုးအောင် ၁ သိန်း
၃၄။ကိုဇော်ဝင်းထက် ၁သိန်း
၃၅။ကိုသက်နိုင် ၁သိန်း
၃၆။ကိုကျော်မိုးဝေ+မခိုင်ဇင်ဇင်မြင့် ၁သိန်း
၃၇။ကိုကျော်စွာထွန်း ၁ သိန်း
၃၈။ကိုဇင်မင်းလှိုင် ၁ သိန်း
၃၉။ကိုမောင်မောင်လွင် ၁သိန်း
၄၀။ကိုမျိုးမင်းထွန်း ၁ သိန်း
၄၁။ကိုဟိန်းမောင်မောင် ၁ သိန်း
၄၂။ကိုကျော်မင်းထွန်း ၁ သိန်း
၄၃။ကိုညီညီမောင် ၁ သိန်း
၄၄။ကိုသန်းဇော် ၅သောင်း+၅သောင်း(ထပ်တိုး)
၄၅။ကိုကျော်မင်းယု ၅ သောင်း
၄၆။ကိုအေးချမ်း ၅သောင်း
၄၇။ကိုဇေယျာအောင် ၁သိန်း
၄၈။ကိုပြည့်စုံ ၅ သောင်း
၄၉။ကိုအောင်ကောင်းကျော် ၅ သောင်း
၅၀။ကိုကျော်စိုးဝင်း ၅ သောင်း
၅၁။ကိုဖြိုးအောင် ၅ သောင်း
၅၂။ကိုရဲမင်းဦး ၅ သောင်း
၅၃။ကိုဝင်းနိုင်ဦး ၂ သောင်း
၅၄။ko zaai kaung leng ၂ သောင်း
၅၅။ကိုသိန်းတန် ၁သိန်း
၅၆။ကိုနေဝင်းအောင် ၁သိန်း
၅၇။ကိုဇော်မင်းဝင်း ၁သိန်း
၅၈။ကိုဇော်မင်းမောင် ၁သိန်း
၅၉။ကိုမင်းညီညီထွေး ၁သိန်း
၆၀။ကိုကျော်ဇင်လတ် ၁သိန်း
၆၁။ကိုဟန်သာထွန်း ၁သိန်း
၆၂။ကိုမျိုးဦး ၁သိန်း
၆၃။ကိုမောင်မာ ၅ သောင်း
၆၄။ကိုအောင်ကို ၅ သောင်း
၆၅။ကိုပြည့် ဖြိုးနိုင် ၅ သောင်း
၆၆။ကိုရဲထွန်းနောင် ၁ သိန်း
၆၇။ကိုသိန်းစိုး ၁ သိန်း
၆၈။ကိုဖြိုးဇာလင်း ၁ သိန်း
၆၉။ကိုဝင်းမျိုးထွဋ် ၅ သောင်း
၇၀။ကိုနိုင်ထွန်းအောင် ၅ သောင်း
၇၁။ကိုတင်ထွန်းဦး ၁ သိန်း
၇၂။ကိုမျိုးမင်းထွန်း ၅ သောင်း
၇၃။ကိုကျော်နိုင်ထွန်း ၁သိန်း၁သောင်း
၇၄။ကိုမင်းသိန်း ၁ သိန်း
၇၅။ကိုဇေယျာမင်း ၁ သိန်း
၇၆။ကိုစိုးသူဝင်း ၁ သိန်း
၇၇။မြင့်မြတ် ၁ သိန်း ၁ သောင်း
၇၈။ကိုရှိုးတီ ၁ သိန်း
၇၉။ကိုဖိုးချက် ၅ သောင်း
၈၀။အောင်သူဇင် ၅ သောင်း
၈၁။ ကိုသိန်းထွန်း ၅ သောင်း
၈၂။ကိုစိုင်းမြတ်ထွန်း ၁ သိန်း
၈၃။ကိုမြတ်ကိုကိုအောင် ၅ သောင်း
၈၄။ကိုဝင်းလွင်ဟန် ၅ သောင်း
၈၅။ကိုမျိုးထက်အောင် ၁ သိန်း
၈၆။ကိုဘုန်းနေထွန်း ၅ သောင်း
၈၇။ကိုနိုင်စိုး ၁ သိန်း
၈၈။ကိုနေမျိုးထွန်း ၁ သိန်း
၈၉။ကိုကျော်စွာဝင်း(အန်ဆန်း) ၅ သောင်း
၉၀။ကိုကျော်ဝေနိုင် ၂ သောင်း
၉၁။ကိုဝင်းနိုင်+မ၀တ်ရည်အေး သမီးဇွန်သီရိနိုင်.ဇင်သိရီနိုင် ၅ သိန်း
၉၂။သန်းထွေ(မွန်လေး) ၁ သိန်း
၉၃။မြတ်ထွန်းဦး ၅ သောင်း
၉၄။ဇင်ထက်ဦး ၃ သိန်း
၉၅။ဦးစိုးလှိုင်+ဒေါ်နုနုရီ (မိသားစု) ၁ သိန်း
၉၆။ဦးစိန်ဝင်းနှင့် ရွှေညီအကိုများ ၂ သိန်း ၃ သောင်း
၉၇။ကျော်စိုးမင်း ၅ သောင်း
၉၈။ကိုထွန်းထွန်းနောင် ၅ သောင်း
၉၉။ရဲမင်းဦး ၅ သောင်း (ထပ်တိုး)
၁၀၀။ကျော်သက်ဝေ ၅ သောင်း

လက်ရှိအချိန်အထိ လက်ခံရရှိငွေ စုစုပေါင်း ဝမ် ၁၃၆ သိန်း ၂သောင်းထည့် ဝင်လှူဒါန်းကြပြီးဖြစ်ပါသည်။်

နောက်ထပ်အလှူရှင်များကိုလဲထပ်မံဖော်ပြပေးပမည်။ သို့ဖြစ်ပါ၍ အလှူငွေများအား အောက်ပါ ဘဏ်စာရင်းထဲသို့ ထည့်ဝင်လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗါန်အကျိုးမျှော်၍ အသိပေး နှိုးဆော်လိုက်ပါရတယ် ခင်ဗျာ။
630 008645 009 KEB bank 담마야나선원 code 005
ဘဏ်စာရင်းတာဝန်ခံ
ကိုအောင်ဇော်ဦး
ph 010-8688-8725

◎ ဂွမ်ဂျူးဓမ္မယာနကျောင်းအကျိုးတော်ဆောင်အဖွဲ့

ဆက်သွယ်ရန်ဖုန်းနံပါတ်များ
010-3381-0371. ကိုအောင်ကိုကို
010-8688-8725. ကိုအောင်ဇော်ဦး
010-5704-3778. ကိုမောင်မောင်လွင်
010-8506-5632. ကိုထိန်ဝင်းဦး
010-9490-2442. ကိုစိုးဌေး
010-2118-1296. ကိုနိုင်စိုး
010-5544-7236. ကိုဇေယျာ
010-2142-8243. ကိုရဲလွင်အောင်
010-4197-9030. ကိုပေါ်ထွန်းငြိမ်း
010-2660-4837. ကိုအောင်ကျော်ဇော
010-2891-1976. ကိုစိုးမိုး
010-3975-9475. ကိုမောင်မောင်ကျော်
010-2143-3596 ကိုဝင်းမော်
010-5927-8671 ကိုသန်းဇော်
ဂွမ်ဂျူးဓမ္မယာနကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ဂွမ်ဂျူးရွှေညီအကိုများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, September 6, 2013

၁၃ ကြီမ်မြောက် မြန်မာအသင်း (ကိုရီးယား) ဖလား ဘောလုံးပြိုင်ပွဲ

ရေးသားသူ — အမည် မြန်မာအသင်း (ကိုရီးယား)
 
၁၃ ကြီမ်မြောက် မြန်မာအသင်း (ကိုရီးယား) ဖလား ဘောလုံးပြိုင်ပွဲ အစီအစဉ်

 မြန်မာအသင်း (ကိုရီးယား) ဖလား ဘောလုံးပြိုင်ပွဲကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ဘောလုံးအသင်းများနှင့်အတူ မြန်မာနိုင်ငံသားများ အားလုံး လာရောက် အားပေးကြပါရန် ဖိတ်ကြားလိုက်ပါသည်။ 

ကျင်းပမည့် နေ့ရက် ။ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၁ ရက် 
ကျင်းပမည့် အချိန် ။ နံနက် ၇ နာရီတိတိ 
ကျင်းပမည့် နေရာ ။ 부천시 원미 레포츠 운동장 ( 주소 : 경기 부천시 원미구 춘의동 산 16의 2번지 )  

ပါဝင်ကြမည့် ဘောလုံးအသင်းများ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်အထိ နောက်ဆုံးထား ဆက်သွယ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 ဘောလုံး အသင်း အစည်းအဝေးကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၈ ရက် တနင်္ဂနွေနေ့ နေ့လည် ၂ နာရီ မြန်မာအသင်း (ကိုရီးယား) အစည်းအဝေးခန်းမတွင် ကျင်းပမည်ဖြစ်ပါသဖြင့် ဘောလုံး အသင်း တာဝန်ရှိသူများ မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 

 ဆက်သွယ်ရန် -
 ဦးခင်မောင်ရင် = ဝ၁ဝ - ၂၇၈၈-၇၁၅၃ 
ဦးသန့်ဇင်အောင် = ဝ၁ဝ - ၉ဝ၅၄-၄၇၂၇ 
ဦးဝင်းမြင့်ဦး = ဝ၁၁ -၂၉၂၉-၅၄၂ 
ဦးဝင်းနိုင်ဦး = ဝ၁ဝ - ၈၆၄၈-၄၅၃၃ 
ဦးဝင်းအောင်ကျော် = ၀၁၀ - ၂၅၀၇ - ၉၂၉၁

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, August 13, 2013

စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲ တော်မှ ဖိတ်ကြားအပ်ပါသည်။

ရေးသားသူ — KYO(Korea)

တောင်ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် အဖွဲ.စည်းအသီးသီးမှ လူကြီးမင်းများခင်ဗျား
ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်တွင် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှဦးစီးကျင်းပပြီး ကျတော်များတောင်ကိုရီးယားနိုင်ငံရောက် ကရင်အမျိုးသားများမှ စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကြီးအား (၁၈.၈.၂၀၁၃)တနင်္ဂနွေနေ.တွင် ဓမ္မဒူတ(ကိုရီးယား)ကျောင်းတော် (စကားဝါစတိုးဆိုင်)အပေါ်ထက်တွင်ကရင်လူမျိုးတို.၏ ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကိုစည်းကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါသောကြောင့် တောင်ကိုရိးယားနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများမှတက်ရောက်အားပေးချီးမြင့်ပေးပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။

နေ.ရက် - ၁၈-၈-၂၀၁၃
အချိန်- နေ.လည် ၁၁း၃၀ နာရီမှ မွန်းလွဲ ၃း၀၀ နာရီအထိ
နေရာ - ဓမ္မဒူတ(ကိုရီးယား)ကျောင်းတော် (စကားဝါစတိုးဆိုင်)အပေါ်ထပ်
ဆက်သွယ်ရန်ဖုံး - မန်းတင်ရင်( ၀၁၀-၂၂၇၁-၈၃၃၃) စောလှိုင်မျိုးသိန်း ( ၀၁၀-၆၈၄၉-၃၀၆၁)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 29, 2013

မွေးရပ် မြေ စားသောက်ဆိုင် ဖွင့်ပွဲ ဖိတ်ကြားအပ်ပါသည်။

ရေးသားသူ — အမည် - ရှိုင်းမင်း ( ၀၁၀ ၂၆၉၉ ၄၆၇၅ )
လာမည့် ဇွန် ၁ရက် စနေနေ့ ကိုရီးယား အင်ချောန်း (အင်ချွန်း)မြို့ ဘူဖြောန်တွင် ကျနော်များ မွေးရပ် မြေ စားသောက်ဆိုင်ကို စတင် ဖွင့်လှစ်မည် ဖြစ်ပါသည်။ မွေးရပ် မြေ စားသောက်ဆိုင်ကို စတင် ဖွင့်လှစ်တဲ့အနေဖြင့် နေ့လည် ၂ နာရီမှ ညနေ ၇ နာရီ အချိန်အထိ ကြွရောက် လာကြသည့် ဧည့် ပရိသတ် အပေါင်းကို ကြက်သား ပလာတာနှင့် ဧည့်ခံမှာ ဖြစ်ပါသည်။ အစား အသောက်များကိုလည်း မှာယူ စားသုံးပါကလည်း သက်သာသော ဈေးနှုန်းများနှင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။ 
ကျနော်များ မွေးရပ် မြေ စားသောက်ဆိုင်က စည် ဘီယာအဖြစ် Cassနှင့်အတူ 
ဘဲပေါင်းကြံမဆိုင်
ဝက်ပုန်းရည်ကြီး
အမဲနပ်

အမဲမွကြော်
ငါးခူကြော်
ဝက်ကြော်နပ်
ပြည်ကြီငါးယိုးဒယားအသုပ်
ဝက်သားယိုးဒယားအသုပ်
ငါဖယ်သုပ်
သရက်ချဉ်သုပ်
ခရမ်းချဉ်သီးသုပ်
လက်ဖက်သုပ်
သီးစုံပဲကုလားပာင်းတို့ကို အရသာရှိသော စားသောက်စရာများကို သုံးဆောင် မှီဝဲနိုင်ရန် စီစဉ်ထားပါသည်။
မွေးရပ် မြေ စားသောက်ဆိုင် လမ်းညွှန် ဘူဖြောန်းဘူတာ ထွက်ပေါက်အမှတ် ၁၆၊ စာတိုက်ကြီးအနီး Starbucks coffee ဆိုင်​ ​ဘေးလမ်း နှစ်တိုက်ကျော် (IBK ဘဏ် အနောက်ဘက်) တွင် ကျနော်များ မွေးရပ် မြေ စားသောက်ဆိုင်ကို မြင်တွေ့ရမှာ ဖြစ်ပါသည်။မွးရပ် မြေက ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ မြန်မာပြည် အလွမ်းပြေစေရန်အတွက် အရသာရှိသော စားသောက်စရာများကို တစ်ပတ်နှင့် တစ်ပတ် မရိုးနိုင်အောင် ကြိုးစားစွာ စီစဉ်ပေးသွားမှာ ဖြစ်ပါသလို ရွှေမြန်မာအပေါင်းကလည်း မွေးရပ် မြေ စားသောက်ဆိုင်ကို လာရောက် အားပေးကြပါလို့ လှိုက်လဲစွာ ဖိတ်ခေါ်အပ်ပါသည်။ ရွှေမြန်မာတွေကို နွေးထွေးစွာ ကြိုဆိုနေမည့် မွေးရပ် မြေ စားသောက်ဆိုင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, May 11, 2013

မေ ၁၂မှာ ရှီးဟွန်းရှီတွင် ကျင်းပမယ့် ပွဲ

 ရေးသားသူ - ကိုကျား (ခ) ကိုကျော်ဇော်အေး
ရှီဟွန်းရှီ နိုင်ငံခြားသား အလုပ်သမားရိပ်သာမှ ကျင်းပပြုလုပ်မည် ဖြစ်သောရိုးရာ ယဉ်ကျေးမှုပွဲတော် အား အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသောကြောင်.ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အားလုံးကျနော်တို.အန်ဆန်းရှီဟွာမြန်မာလူငယ်အသင်းနှင်.အတူ ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာဖြင်.ဖိတ်ကြားအပ်ပါသည်.......
 
နေ.ရက်           2013 . 5 .12  ရက်နေ.
အချိန်              နံနက် 11း00မှညနေ 5း00 အထိ
နေရာ              ဂွန်စောချိုဒုံးဟတ်ဂယိုး(군서초동학교,시흥시,정왕동)
ပါဝင်မည်.နိုင်ငံ      မြန်မာ ၊ နီပေါ ၊ မွန်ဂို ၊ ဘင်္ဂလားဒေ.ရှ်  ၊ ဗီယက်နမ် ၊ ပါကစ္စတန် ၊
                          အင်ဒိုနီးရှား ၊ ထိုင်း ၊ တရုပ် ၊ ကဗ္ဘောဒီးယား ၊ ဥစ္စဘက်ကစ္စတန်
                          ဖိလစ်ပိုင်
နိုင်ငံအလိုက်ရိုးရာအစားအသောက်များအားရောင်းချပါမည်တပွဲ၂၀၀၀ ၀မ်နှုန်းဖြင်.သာ ပျော်စရာရွှင်စရာ အားကစားနည်းများ၊သီချင်းဆိုပြိုင်ပွဲများပါဝင်ပါမည်.....
 
မှတ်ချက် ။  ။မြန်မာအဖွဲ.မှအုန်းနို.ခေါက်ဆွဲရောင်းချပါမည်
 
ပွဲတော်လာမည်.သူများလိပ်စာအခက်အခဲရှိပါကမြန်မာအဖွဲ. တာဝန်ခံကိုကျော်ဇော်အေး(ကိုကျား)ဖုန်း010-2790-9773
ထံ ဖုန်း ဆက်သွယ်နိုင်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

နမ့်ယင်း စားသောက်ဆိုင်(သစ်)ဖွင့်ပွဲ ဖိတ်ကြားစာ

ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား-
ကျနော်ကျမတို့၏ နမ့်ယင်းစားသောက်ဆိုင်(သစ်)ဖွင့်ပွဲကိုအောက်ပါအစီအစဉ်အတိုင်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြွရောက်အားပေးတော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်-
ရက်စွဲ-
- ၂၀၁၃ခုနှစ် မေလ ၁၁ ရက် (စနေနေ့)

အချိန်-
- ညနေ ၃ နာရီမှ ၆ နာရီထိ-

နေရာ-
- နမ့်ယင်းစားသောက်ဆိုင်(သစ်)

လမ်းညွှန်-
- စကားဝါစတိုး ၊ ဆုံဆည်းရာစတိုး နှင့် မြန်မာသူကြီးစားသောက်ဆိုင် ဆုံချက်နေရာ ။

မြေပုံအကြမ်း-

မိတ်သစ် မိတ်ဟောင်းအပေါင်းတို့အား အစဉ်လေးစားတန်ဖိုးထားလျက်-
နမ့်ယင်းမိသားစု

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, April 11, 2013

ဘူဆန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ ဒေသရှိ ရွှေမြန်မာညီအစ်ကိုများမှ စုပေါင်းကျင်းပသော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ဘူဆန်မြို့ ဆာဆန်းတွင် ဧပြီလ (၁၄) ရက် (သင်္ကြန်အကျနေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဓိကရည်ရွယ်ချက်မှာ ကိုရီးယားသို့ ရောက်ရှိနေကြတဲ့ ရွှေမြန်မာညီအစ်ကိုတွေ မြန်မာနှစ်သစ်မှာ ရင်းနှီးစွာ  တွေ့ဆုံကြပြီး  ကိုရီးယားနိုင်ငံ ရောက်နေပေမဲ့ အစဉ်အလာမပျက် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စုပေါင်းကျင်းပကြတာဖြစ်ပါသည် ၊



ဘူဆန်မြို့တွင် ကျင်းပမည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကို (ဆာဆန်း HOME PLUS  ရှေ့) 사상 르네시떼 တွင် ကျင်းပမည်ဖြစ်ပါသည်။ သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာပြခန်းများ ၊ မြန်မာ့ရိုးရာအစားအစားများ မုန့်များကို လာရောက်ကြသော ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေး မည်ဖြစ်ပါသည်။

ထို့အပြင် ရွှေမြန်မာများအတွက် ရွှေအလင်းတန်း စာကြည့်တိုက် ရန်ပုံငွေ အဖြစ် ရောင်းချထားသော လက်မှတ်များကို  ပထမဆု- Digital Camera ၊ ဒုတိယဆု- MP4 ၊ တတိယဆုကို USB Memory Stick များ ကံစမ်းမဲဖောက်ပေးမည်ဖြစ်ပါသည်။

AN ERA တီဝိုင်းအတွက်  ကိုတိုးသူရ နှင့် ဆရာလှမင်းထွန်း  ၊ ကံစမ်းမဲဖောက်ခြင်း နှင့် ပြခန်းအတွက်  ကိုမင်းလတ် နှင့်  ကိုဇော်မင်း ၊ မှတ်တမ်းတင် ဓါတ်ပုံ ကိုကျော်ဇင်အောင် ၊ သန့်ရှင်းရေးအတွက် Gimhae ကျောင်းသားများ ၊ ကိုလင်းလင်း တို့မိသားစု မှ (သာကူကျွေး) ကိုဝင်းစိန် ၊ ကြာဇံချက် အတွက် ကိုတိုးသူရ နှင့် ကိုဝင်းနိုင် ၊ လက်ဘက်ရည်  Gimhae စာကြည့်တိုက် ကျောင်သားများ ၊ ၀က်သားဒုတ်ထိုးကို နုတ်ဆန်းအဖွဲ့ ၊ ကျောက်ကျောကို ကိုရီးယားတက္ကသိုလ်ကျောင်းသားများ(မြန်မာ) အဖွဲ့  မှ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။

မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲတော်သို့ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်

နေ့ရက် - ၁၃၇၅-ခုနှစ် တန်ခူးလဆန်း (၄) ရက် ၊ 14-4-2013 (တနင်္ဂနွေနေ့)
အချိန်   - နေ့လည် (၁၂) နာရီမှ ညနေ (၅) နာရီအထိ
နေရာ   - (ဆာဆန်း HOME PLUS  ရှေ့) 사상 르네시떼


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

စိတ္တသုခကျောင်း နှစ်ဦးအလှူကုသိုလ်ပွဲနှင့် ဇီဝိတဒါန အလှူပွဲဖိတ်ကြားခြင်း

 မြန်မာတို့၏ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီး ကျောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်ဦးအကြိုတရားပွဲ၊ ဂယောင်ဆန်ဂျီလျန်း စက်မှုဇုံ ရွှေညီအစ်ကိုများ၏ နှစ်ဦးအလှူကုသိုလ်ပွဲ၊ ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်ပြုလုပ်မည့် နှစ်သစ်အကြို ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် အဝေးအနီး အသီးသီးရှိ ရွှေမြန်မာများ၏ ရင်းနှီးကြည်သာ တွေ့ဆုံပွဲ အဖြာဖြာတို့ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကြွရောက်ပါဝင် ကုသိုလ်ဆင်ကြပါရန် အကျိုးဆောင်များနှင့် အလှူရှင် အပေါင်းတို့က လေးစားစွာ အထူးဖိတ်ကြားအပ်ပါသည်။ 

 နေ့ရက် = ၁၄-၄-၂၀၁၃ ၊ (၁၃၇၄ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ သင်္ကြန်အကျနေ့) ၊ တနင်္ဂနွေနေ့ 
ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ 
တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀ 
ဇီဝိတဒါနကုသိုလ်ချိန် = နေ့လည် ၂ နာရီ 
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း 

လေးစားစွာဖြင့်
 ကျောင်းအကျိုးဆောင်အဖွဲ့နှင့် ဂယောင်ဆန်ဂျီလျန်း ရွှေညီအစ်ကိုများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>