Showing posts with label ဖိတ်ကြားလွှာ. Show all posts
Showing posts with label ဖိတ်ကြားလွှာ. Show all posts

Sunday, January 18, 2015

မွေးနေ့မင်္ဂလာ ဖိတ်ကြားခြင်း

မွေးနေ့မင်္ဂလာ ဖိတ်ကြားခြင်း


သန္တိကရဝိဟာရ အန်ဆန်းကျောင်းကို တည်ထောင်ခဲ့တာ သုံးနှစ်ပြည့်မြှောက်ခဲ့လို့ 

ကျောင်း၏ နှစ်ပါတ်လည် မွေးနေ့နှင့် ဆရာတော်၏ သက်တော်(၄၅)နှစ်ပြည့်မွေးနေ့ကို

 (၂၅ ၊ ၁ ၊ ၂၀၁၅)  လာမည့် တနင်္ဂနွေနေ့ အနန္တငါးပါးဂုဏ်အင် ဦးထိပ်တင်၍ 

ကျင်းပပြုလုပ်ပါမယ်။

အတူတကွ တရားနာယူပြီး သံဃာတော်တရားတို့အား ဆွမ်းစသည်ဆက်ကပ်လှူဒါန်း 

ကုသိုလ်တရားပွါးများနိုင်စေဘို့ ကြွရောက်ပါရန် မေတ္တာရှေ့ထား 

အသိပေးဖိတ်ကြားအပ်ပါသည်။

အစီအစဉ်


-      တရားတော်နာ -    မနက် ၁၀း၀၀

-      ဧည့်ခံအစီအစဉ်     မနက် ၁၁း၃၀ ခန့ှ်

-      ကျွေမွေးမှု -          မြန်မာ့ဒံပေါက် (ဦးတင်ရင် ၏ အထူးလက်ရာ)

-      နေရား               သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

-      ဆက်သွယ်ရန်း    ဆရာတော် - ၀၁၀-၅၁၈၄-၃၅၇၈

                        ကိုကျော်မိုး  - ၀၁၀-၅၁၀၂-၉၉၂၆

                        ကိုနေလင်းထိုက် - ၀၁၀ -၉၅၁၂-၀၄၁၇

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, November 9, 2014

ဓမ္မဒူတ (ကိုရီးယား) စုပေါင်းမဟာဘုံကထိန် အလှူတော် ရေစက်ချ မင်္ဂလာ ဖိတ်ကြားစာ

တောင်ကိုရီးယားနိုင်ငံ၊ အင်ချောန်းမြို့တော် ဘူးဖြောင်းမြို့ရှိ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) အဋ္ဌမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော် လျာသင်္ကန်းကြီးကို နိုဝင်္ဘာလ ၁ ရက်နေ့က လှူဒါန်းခဲ့ကြပြီး ၊ ကထိန်အာနိသင်ရ ဆရာတော် သံဃာတော် အရှင်သူမြတ်များကလည်း အလှူတော်ကိုလက်ခံတော်မူ၍ ကထိန်ခင်းခြင်းအမှုကိုလည်း ဝိနည်းတော်နှင့်အညီ ဆောင်ရွက်တော်မူခဲ့ကြပြီးဖြစ်ပါသည် ။ မဟာဘုံကထိန် အခြံအရန် ပစ္စည်း ပစ္စယများ ထပ်ဆောင်းလှူဒါန်းခြင်းနှင့် မဟာဘုံကထိန်အလှူတော် ရေစက်ချမင်္ဂလာကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူကြပါရန် လေးစားစွာဖိတ်မန္တကပြုအပ်ပါသည်-

နေရာ -
ဓမ္မဒူတ (ကိုရီးယား)

အလှူတော်နေ့ -
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၀ ) ရက်၊ ( ၁၆ . ၁၁. ၂၀၁၄ ) တနင်္ဂနွေနေ့။

အချိန်-
- နံနက် ( ၇း၀၀ )နာရီမှ နေ့လည် ၁ နာရီ ၃၀ မိနစ် ထိ

အလှူတော် အစီအစဉ် -
- နံနက် (၇း၀၀) အချိန် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမည် ။
- နံနက် ( ၁၁း၁၅ ) နာရီ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည် ။
- နံနက် (၁၁း၂၀) နာရီ ဧည့်ပရိသတ်များအား အာဟာရဒါနဖြင့် ဧည့်ခံပါမည် ။
- နေ့လည် ( ၀၁း၃၀ ) နာရီ စုပေါင်း မဟာဘုံကထိန်အလှူတော် အနုမောဒနာ တရားနာကြားပါမည် ။

အာဟာရဒါန နှင့် အလှူရှင်-
အရုဏ်ဆွမ်း အလှူ ၊
- ရှမ်းရိုးရာ ထူးကဲရသာ မြီးရှည် (စစ်ကိုင်းလူငယ်များအလှူတော်)

နေ့ဆွမ်း အလှူ
- မြန်မာ့အကြိုက် ရသာစုံ ထမင်း ဟင်း (စိန်ပန်းပြာ မိသားစုအလှူတော်) ။

စုပေါင်းမဟာ ဘုံကထိန်အလှူတော်တွင် ပါရမီရှင်တို့ အာသီတရှိသည့်အတိုင်း ကထိန် အကျိုး အာနိသင်ရရှိစေမည့် အောက်ဖော်ပြပါ ကထိန် အခြံအရန် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်-
- ပရိက္ခရာအစုံ ဝမ် ၅၀,၀၀၀
- တိစီဝရိတ် ဝမ် ၃၀,၀၀၀
- သင်္ကန်းဒွိစုံ ဝမ် ၂၀,၀၀၀
- ထီး, ဘိနပ်, ယပ် ဝမ် ၅, ၀၀၀ စီ
- သပိတ် ဝမ် ၁၀,၀၀၀

ထို့ပြင် ကျောင်းတွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များ ၁-နှစ်ပတ်လုံး အဆင်ပြေစွာသီတင်းသုံးနိုင်ကြရန်အလို့ငှာ အောက်ဖော်ပြပါ ကထိန်အခြံအရန် အလှူတော်များကိုလည်း တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်-
- ၁- နှစ်စာ ရေအလှူ
- ၁-နှစ်စာ မီးအလှူ
- ၁-နှစ်စာ ဆွမ်းဆန်အလှူ
- ၁-နှစ်စာ ဆီအလှူ

ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု-

အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ခုနှစ် နိုဝင်္ဘာလ ၉ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, October 23, 2014

ဖုန်းဆားဗစ်စ်ကတ်သုံးစွဲသူများသက်သာချောင်ချိရေး(ဆားဗစ်) အသင်း ထူထောင်မည်

ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ မရှိမဖြစ် အသုံးပြုနေကြရသည့် ဖုန်းများနှင့်ပတ်သက်၍ အတော်များများမှာ အသက်ကတ် ၊ ပြည်ပကတ် ၊ ပြည်တွင်းကတ် ၊ အင်တာနက်(ဒေတာ) ကတ် စသည်များ ဝယ်ယူသုံးစွဲကြရာတွင် အောက်ပါအခက်အခဲများ ရှိနေကြသည်ကို တွေ့ရှိနေရပါသည် -
- ဝယ်ယူရန်အခက်အခဲ (အမျိုးအစားမသိခြင်း ၊ ဆိုင်ရှာမရခြင်း ၊ ငွေမရှိခြင်း)
- သုံးစွဲရန်အခက်အခဲ (သုံးစွဲနည်းမသိခြင်း ၊ ဖြည့်ရမည့်အချိန်မသိခြင်း)

ထို့ပြင် မြန်မာ မိတ်ဆွေအတော်များများမှာ ဖော်ပြပါ ဖုန်းဆားဗစ်ကတ်များကို မူရင်းဈေးထက် ပိုမို၍ အမြတ်တင်ထားသည့် စားသုံးသူ (လက်လီ) ဈေးနှုန်းများဖြင့်သာ ဝယ်ယူ သုံးစွဲနေကြရသည်ကိုလည်း သိရှိပါသည် ။

အဆိုပါ အခက်အခဲများကို အဆင်ပြေစေမည့်အပြင် ၊ ဖုန်းဆားဗစ်ကတ်များကို အချိုသာဆုံးသော လက်ကားအရင်းဈေးနှုန်းများဖြင့် အချိန်မရွေး အဆင်ပြေလွယ်ကူစွာ ရယူသုံးစွဲနိုင်ကြစေရန် ရည်ရွယ်လျက် ဖုန်းဆားဗစ်ကတ်သုံးစွဲသူများ သက်သာချောင်ချိရေးအသင်း ကို ဖွဲ့စည်း ထူထောင်မည်ဖြစ်ကြောင်း နှင့် အသင်းအဖွဲ့ထူထောင်ရေးဆိုင်ရာ အစည်းအဝေးကို အောက်ပါအတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည် -
ရက်စွဲ = ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၅ ရက်
အချိန် = ညနေ ၈ နာရီမှ ၉ နာရီ
နေရာ = တယ်လီတော်ကီ

သို့ဖြစ်ရာ အဆိုပါ အသင်းအဖွဲ့ထူထောင်ရေးတွင် စိတ်ပါဝင်စားသူ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အစည်းအဝေးသို့ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

မှတ်ချက် -
- ဖုန်းဆားဗစ်စ်ကတ် သုံးစွဲသူမည်သူမဆို အစည်းအဝေးသို့ တက်ရောက်နိုင်ပါသည် ။
- အစည်းအဝေးသို့ မည်သူမဆိုတက်ရောက်နိုင်သော်လည်း အဖွဲ့ဝင်ဖြစ်ရန်မှာ (ဥပဒေအရ) ကိုရီးယားနိုင်ငံတွင် ဗီဇာ တစ်ခုခုဖြင့် တရားဝင်နေထိုင်သူဖြစ်ရပါမည် ။
- အသင်းဝင်များအနေဖြင့် ဖုန်းဆားဗစ်ကတ်များကို မိမိတို့ စမတ်ဖုန်းမှတစ်ဆင့် ဈေးရင်းအတိုင်း အချိန်မရွေး လွယ်ကူစွာ ရယူသုံးစွဲနိုင်မည့်အပြင် ၊ အကြောင်းအမျိုးမျိုးကြောင့် အသင်းဝင်မဟုတ်သူ မိမိတို့မိတ်ဆွေများကိုလည်း မိမိတို့နည်းတူ ဈေးရင်းအတိုင်းဖြစ်စေ အမြတ်တင်ဈေးဖြင့်ဖြစ်စေ လွယ်ကူစွာ ရယူသုံးစွဲခွင့်ရရှိစေမည်ဖြစ်ပါသည် ။
- အသေးစိတ် အစီအစဉ်များ သိရှိလိုပါက ၀၇၀-၇၇၆၁-၂၄၅၇ သို့ မေးမြန်းနိုင်ပါသည် ။


လေးစားမှုဖြင့်-
ကိုဝိုင်း
(အော်ဂနိုက်ဇာ)
၂၀၁၄-၁၀-၂၃

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, October 22, 2014

ရွက်ကြွေ ဆောင်းဦး အပမ်းဖြေ ခရီး နှင့် ၊ ဇီဝိတဒါန ငါးလွတ်ပွဲ ဖိတ်ကြားလွှာ

ဆောင်းပူးလ်အမ်(성불암) ဆရာတော် ဦးပညာဝံသ နှင့် ဒကာ ဒါယိကာမများ ဦးဆောင်မှုဖြင့် ၊ ရွက်ကြွေဆောင်းဦး အပမ်းဖြေ ခရီး နှင့် ၊ ဇီဝိတဒါန ငါးလွတ်ပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် လိုက်ပါလိုသူများအား လှိုက်လှဲပျူငှာစွာ ဖိတ်ကြားအပ်ပါသည်-

ရက်စွဲ
၂၀၁၄ အောက်တိုဘာ ၂၆ (တနင်္ဂနွေ) (သည်အပတ် တနင်္ဂနွေ)

အချိန်
နံနက် ၇ နာရီ ၃၀ မိနစ် မှ ညနေ ၅ နာရီ ၃၀ မိနစ်ထိ

စတင်ထွက်ခွါမည့်နေရာ (စုရပ်)
အမှတ် ၃ မြေအောက်ရထား (လိမ္မော်ရောင်လိုင်း) ဆုဆော (수서역) ဘူတာ ၊ ထွက်ပေါက် ၆

ခရီးစရိတ် ၊ စားစရိတ်
စရိတ်ငြိမ်း (နံနက်စာ နှင့် နေ့လည်စာ ကျွေးမွေးပါမည်)

အစီအစဉ်
- ဆောအူးလ်(ဆိုးလ်) မှ ဂါန်ဝေါန်ဒို ၊ ယောင်ဝေါ ဂျူချောန်းမြစ် (영월 주천강) သို့ ရွေ့လျားပြီး ၊ လမ်း တစ်လျောက် ရွက်ကြွေဆောင်းဦးအလှ ကြည့်ရှုခံစားခြင်းနှင့် အမှတ်တရ ဓါတ်ပုံရိုက်ခြင်း
- ယောင်ဝေါ ဂျူချောန်းမြစ် (영월 주천강) တွင် ဇီဝီတဒါန ငါးလွတ်ပွဲကျင်းပခြင်း
- ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခြင်္သေ့တောင် (사자산) နှင့် သမိုင်းဝင် ဗောဗ်ဟွန့်ကျောင်းတော် (법흥사) နှင့် မိရုကျောင်းတော် (미루암) လေ့လာရေး

ဤ ခရီးစဉ်သည် ကိုရီးယားရွက်ကြွေဆောင်းဦး(단풍절) အပမ်းဖြေခရီးအဖြစ် ၊ ကိုရီးယားနိုင်ငံ၏ သာယာလှပသော တောအလှ တောင်အလှ ရှုခင်းများကို တမြော်တခေါ်လေ့လာရှုစား မှတ်တမ်းတင်နိုင်သော အခွင့်အရေးများနှင့် ဇီဝိတဒါန ငါးလွတ်ပွဲတော် တွင် ကုသိုလ်များလည်း ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပါသည် ။

ယခင်နှစ် လိုက်ဖူးသူမိတ်ဆွေများအပါအဝင် ၊ မည်သူမဆိုလိုက်ပါနိုင်ပါသည် ။ စိတ်ပါဝင်စားသူများ ၂၅ ရက်(စနေနေ့) ညနေ ၆ နာရီထိ စာရင်းပေးသွင်းနိုင်ပါသည် ။
စာရင်းပေးသွင်းရန် -
- ၀၁၀-၅၅၄၉- ၂၄၅၇
- 010-6248-5652

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, October 17, 2014

ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားအပေါင်းအား လေးစားစွာဖြင့် ဖိတ်ကြားခြင်း

ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ ) ကိုရီးယား ဌာနခွဲ၏ ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည့် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ

အစီအစဉ် (၁)
အမိ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းပပျောက်စေရေး၊ စစ်မှန်သော ဒီမိုကရေစီနှင့် ပြည့်ဝသော လူ့အခွင့်အရေးများ အမြန်ဆုံးရရှိနိုင်စေရေးအတွက် ရင်တွင်းဆန္ဒ ထုတ်ဖော်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား
နေ့ရက် ။ ။၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက် တနင်္ဂနွေနေ့
အချိန် ။ ။ မွန်းတည့်၁၂ နာရီ မှ မွန်းလွဲ ၁ နာရီ အချိန် အထိ
နေရာ ။ ။ ဆိုလ်းမြို့ မြန်မာစစ်အုပ်စု လက်ဝေခံ မြန်မာ ရုပ်သေး အစိုးရ သံရုံးရှေ့

အစီအစဉ် (၂)
လစဉ် ပါတီ တွင်း/ပြင် အပြန်အလှန် ဆွေးနွေးပွဲ
နေ့ရက် ။ ။ ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၆ရက် တနင်္ဂနွေနေ့
အချိန် ။ ။ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်အထိ

ဆွေးနွေးမည့် အကြောင်းအရာများ

(က)NLD ပါတီဝင်တယောက်၏ NLD ပါတီအတွင်း ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ
(ကိုအောင်ကျော်မိုး (ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့နယ်))

(ခ) ပီအာ အကြောင်း တစ်စေ့ တစ်စောင်း (အပိုင်း ၂) (ကိုသက်နိုင်)

ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံသူ/သား ညီအကိုမောင်နှမများ အနေဖြင့် အထက်ဖော်ပြပါ အစီအစဉ်များအတိုင်း အတူတကွ ပူပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်၊၊

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, August 31, 2014

ဓမ္မဒူတ(ကိုရီးယား) နဝမအကြိမ်မြောက် စုပေါင်း ဒုလ္လဘ ရဟန်းပြုပွဲ ပြုလုပ်မည်

ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ရက်များ) အတွင်း ကိုရီးယားနိုင်ငံ ဓမ္မဒူတစင်တာတွင် နဝမအကြိမ်မြောက် စုပေါင်းဒုလ္လဘ ရဟန်းအလှူပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာမောင်း ခတ်လိုက်ပါသည် ။
ဒုလ္လဘ ရဟန်းပြုပွဲ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- စက်တင်္ဘာလ ၇ ရက် (တနင်္ဂနွေ) ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာ ။
- ၂၀၁၄ခုနှစ် စက်တင်္ဘာလ ၈ ရက် (တနင်္လာ) ၊ နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ။

ဥပသမ္ဘဒ ကံဆောင်ပွဲ နှင့် သာဓုအနုမောဒနာ အလှူတော်ရေစက်ချမင်္ဂလာဓမ္မသဘင်သို့ ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ(ဓမ္မဒူတ) ကြွရောက်ချီးမြှင့်တော်မူပါမည်။

ဒုလ္လဘရဟန်းလောင်းများအတွက် သင်္ကန်း ပရိက္ခရာများ နှင့် လိုအပ်သော အသုံးအဆောင်များကို မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများက ချီးပင့် လှူဒါန်းကြမည်ဖြစ်ပြီး ၊ ဒုလ္လဘ ရဟန်းပြု ကုသိုလ်ယူလိုသူများ အောက်ပါ ဖုန်းနံပတ်သို့ဆက်သွယ် မေးမြန်း စာရင်းပေးသွင်းနိုင်ကြပါသည်-
- ၀၁၀-၈၃၃၀-၁၇၉၂
- စက်တင်္ဘာလ ၄ ရက်နေ့ နောက်ဆုံးထား စာရင်းပေးတော်မူကြပါ။

ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၄ခုနှစ် သြဂုတ်လ ၃၀ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 11, 2014

အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ


အလှူတော်မင်္ဂလာ ဖိတ်ကြားလွာ

ဓမ္မအလင်းအသင်းသားများ(DMLFC)၏ မိဘများကို အမှူးထား၍ အန်ဆန်းမြို့ သန္တိကရဝိဟာရ၌ ကျောင်းဝေယျာဝစ္စအတွက် လစဉ်လှူဒါန်းခဲ့ကြ၊ လှူဒါန်းနေကြဆဲဖြစ်သော ကုသိုလ်အစုစုကို ရေစက်ချ အမျပေးဝေပွဲအခမ်းအနားကို ပြုလုပ်လိုပါသဖြင့် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း နေ့ဆွမ်းဆက်ကပ်ပြီး ထပ်မံကုသိုလ်ယူမည်ဖြစ်ပါသည်။

သို့ပါ၍   သူငယ်ချင်းများအားလုံး လာရောက်၍ ဓမ္မအလင်းအသင်းသားများ၏ ကုသိုလ်အဖို့ကို သာဓုခေါ်ဆို အမျယူရင်း  အရသာရှိသောအာဟာရများကို လာရောက်သုံးဆောင်ကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ခင်မင်လေးစားမှုဖြင့်
ဓမ္မအလင်းအသင်းသားများ
(DMLFC)

အစီအစဉ်
နေ့ရက် - ( ၁၇, ၈, ၂၀၁၄ ) တနင်္ဂနွေနေ့
တရားနာယူချိန် - မနက် (၁၀း၀၀) နာရီ
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

ဧည့်ခံမှု - အရသာရှိသော ဒံပေါက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, July 30, 2014

အလှူ တော်မင်္ဂလာ ဖိတ်ကြားလွှာ

 နွေရာသီ အားလပ်ရက်မှာ မွန်ပြည်နယ် မုဒုံမြို့ နယ် ကမာဝက်ကျေးရွာမှ လူငယ်များက  ကုသိုလ်တွေစုဆောင်းရင်း ချမ်းသာကို ရှာဖွေရှာဖွေလိုကြပါသဖြင့် အန်ဆန်းမြို့ သန္တိကရဝိဟာရ၌ ဆွမ်းဆက်ကပ်လှူ ဒါန်းခြင်း မင်္ဂလာကို ပြုလုပ်မည်ဖြစ်ပါသည်။

 သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူ ဒါန်းပြီး ကြွရောက်လာကြမည့် မိတ်ဆွေအပေါင်းအသင်းများအားလည်း အာဟာရဒါန ပြုလုပ်လိုပါသဖြင့် ကြွရောက်ကြပါရန် ရိုသေစွာ ဖိတ်မန်အပ်ပါသည်။

အစီအစဉ်

တရားတော်နာ  - မနက် (၁၀း၀၀) နာရီ
ဧည့်ခံမှုအစီအစဉ် - မနက် (၈း၀၀)နာရီမှ စ၍
စားသောက်ဖွယ် - အုန်းနို့ခေါက်ဆွဲ  (သူငယ်ချင်းများအကြိုက်)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
နေ့ရက် - (၂-၈-၂၀၁၄) စနေနေ့

ကမာဝက်လူငယ်များအဖွဲ့
ကိုရီးယား

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 26, 2014

ဓမ္မဒူတ (ကိုရီးယား)၂၀၁၄ နွေရာသီ ခရီးစဉ် ၁ လိုက်ပါရန် အမည်စာရင်းပေးထားသူများသို့

ဓမ္မဒူတ (ကိုရီးယား)၂၀၁၄ နွေရာသီ ခရီးစဉ် (၁) အဖြစ်၊ မနက်ဖြန် ဇူလိုင်လ ၂၆ ရက် စနေနေ့ နံနက် ၇ နာရီတွင် ဘူဖြောင်း (ဓမ္မဒူတ) မှ စတင်ထွက်ခွါမည် ဖြစ်ပါသဖြင့် အချိန် မှီ ကြွရောက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် ။

ခရီးစဉ် (၁) ။ ဇူလိုင်လ ၂၆-၂၇ (စနေ ၊ တနင်္ဂနွေ)
သွားမည့်နေရာ။ ကမ္ဘာကျော် ဂန်ဝေါန်ဒို ၊ ယန်ယန်ကမ်းခြေ နတ်ဆန်ဆာ (낙산사)
ဘူဖြောင်းမှ နံနက် ၇ နာရီတွင် စတင် ထွက်ခွါမည်ဖြစ်ပြီး ၊ ရည်မှန်းချက်နေရာမှ နောက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ဘူဖြောင်းသို့ ပြန်လည်ထွက်ခွါလာပါမည် ။

လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၄-၀၇-၂၅

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, July 13, 2014

ဓမ္မဒူတ(ကိုရီးယား) စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

၂၀၁၄ခုနှစ် ဓမ္မဒူုတ (ကိုရီးယား) စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူပူဇော်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ၊ အတူတကွ ကုသိုလ်ယူ ပူဇော်နိုင်ကြစေရန် ကိုရီးယားနိုင်ငံရောက် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား နိဗ္ဗာန် အကျိုးမျှော်၍ လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်-
အလှူပွဲ အစီအစဉ်များ-
- ရက်စွဲ ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၀ ရက် (တနင်္ဂနွေနေ့)
- နေရာ ။ ဓမ္မဒူတ (ကိုရီးယား)
- နံနက် ၇နာရီ တွင် ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ်များအား ကြာဇံအာဟာရဖြင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမည် ။
- နံနက် (10:00) အချိန်မှ စတင်၍ ဧည့်သည်တော်များအား ထောပတ် ဆီဥ ထမင်းဖြင့် ကျွေးမွေး ဧည့်ခံပါမည်။
- နံနက် (11:15) အချိန် တွင် ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်ပူဇော်ပါမည် ။
- ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် အနုမောဒနာ တရားပွဲ ကို နေ့လည် (1:00) တွင် စတင်ပါမည်။

မှတ်ချက် -
- တယ်လီတော်ကီဘောလုံးအသင်းနှင့် တယ်လီတော်ကီဖုန်းဆိုင် မိသားစုတို့က အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း အလှူ ကုသိုလ်တော်ယူကြပါမည် ။
- ဝါဆို သင်္ကန်း တစ်စုံလျှင် ဝမ် ၃၀,၀၀၀ ဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ပါသည်။
- အဝေးရောက် ကုသိုလ်ရှင်များ အောက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ် ပါဝင်လှူဒါန်းနိုင်ပါသည် -
- စကားဝါ
- မြန်မာသူကြီး
- အမေ့အိမ်
- ရွက်လှအိမ်
- တယ်လီတော်ကီ
- ဆုံဆည်းရာ
- စိန်ပန်းပြာ

အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄-၀၇-၁၃

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, June 16, 2014

ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂင်မ်ဟဲမြို့ရှိ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျင်းပမည်

ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားကို ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂင်မ်ဟဲမြို့ ရှိ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်တွင် ကျင်းပမည်ဖြစ်ပါသည်။ ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့အား မွေးနေ့ အခမ်းအနားသို့ တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် .................. ၂၂-၆-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန် .................. ညနေ(၄း၀၀) နာရီ
နေရာ .................. ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်
경남 김해시 서상동 115_1 번지
( ko zaw min- 010-5946-6694 )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 15, 2014

(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီးစဉ် ကြိုပို့ကားများ ဘူဖြောင်းဘူတာမှ စတင်ထွက်ခွါပါမည်

ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဓမ္မဆရာများ အသင်း (International Dharma Instructors' Association, Korea) က ဦးစီး စီစဉ်သော ၊ ၂၀၁၄နှစ် မေလ ၁၈ရက် (တနင်္ဂနွေနေ့) ၊ “(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီး " အစီအစဉ် လိုက်ပါကြမည့် မြန်မာ ညီအစ်ကိုမောင်နှမများ အဆင်ပြေကြစေရေးအတွက် ၊ ကြိုပို့ယာဉ်ကို အောက်ပါအတိုင်း စီစဉ်ထားပါကြောင်း ကြေညာမောင်း ထုလိုက်ပါသည် -

ရက်စွဲ-
- မေ-၁၈ (တနင်္ဂနွေ) ၊

နေရာ (စုရပ်) -
ဘူဖြောင်းဘူတာ ရှေ့ ရဲစခန်းဘေး

အချိန်-
- နံနက် ၈ နာရီတိတိ တွင် ကားများရောက်ရှိ ၊ ၁၀ မိနစ်တာမျှ စောင့်ဆိုင်းပြီး ၊ ၈နာရီ ၁၀မိနစ်တိတိတွင် စတင်ထွက်ခွါပါမည် ။

- ကြိုပို့ယာဉ် မမှီသူများ မိမိအစီအစဉ်ဖြင့် ၊ အမှတ်၂ (အစိမ်းရောင်) မြေအောက်ရထားလိုင်း ၊ ဆမ်ဆောင်းဘူတာ ထွက်ပေါက်အမှတ် ၂ သို့ နံနက် ၉ နာရီအရောက်ကြွရောက် စုရုံးကြပါရန် ။


လေးစားမှုဖြင့်-
ဦးတယ်လီတော်ကီ
၂၀၁၄၀၅၁၅

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, May 12, 2014

သီတဂူဆရာတော် ဘဒ္ဒန္တ ဥာဏိဿ ရ၏ ဘူချောန်တွင် ကျင်းပမည့် တရားပွဲတော် ဖိတ်ကြားလွှာ


သီတဂူဆရာတော် ဘဒ္ဒန္တ ဥာဏိဿ ရ၏ ဘူချောန်တွင် ကျင်းပမည့် တရားပွဲတော် ဖိတ်ကြားလွှာ 

SayaDaw U Nyanissara (D.Litt)၊ သပိတ်အိုင် ဆရာတော်၊ သဲကုန်း ဆရာတော်၊ သီတဂူ ဆရာတော် စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဥာဏိဿဿသ ရ ဆရာတော်ဘုရားကြီးသည် မြန်မာ ကိုးရီးယား ဒကာဒကာမများကို မေတ္တာရှေ့ထားလျက် မအားလပ်သည့်ကြားကပင် အချိန်ပေးပြီး ဘူဆာန် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန် ကျောင်းသစ် ဖွင့်ပွဲတွင် ကြွရောက် တရား ချီးမြင့်အပြီး မြန်မာအသင်း (ကိုရီးယား)၏ ပင့်ဖိတ်ချက်အရ အောက်ပါ အစီအစဉ်အတိုင်း ဘူချောန်မြို့ ဆောကွာန်ဆာ ကျောင်းတော်သို့ ကြွရောက်၍ တရားချီးမြှင့်မည်ဖြစ်ပါသောကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံသားများ အားလုံး တရားနာ ကြွရောက်ကြပါရန် နိဗ္ဗာန်ကို အကျိုးမျှော်ပြီး နိုးဆော်လိုက်ပါသည်။

တရားပွဲ နေ့ရက် ။ ၂၀၁၄ ခုနှစ် မေ ၁၈ ရက် တနင်္ဂနွေနေ့ 
တရားပွဲ အချိန် ။ ညနေ ၄နာရီ တရားပွဲ 
ကျင်းပမည့် နေရာ ။ ဆောကွာန်ဆာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဘုရားခမ်းမဆောင်ကြီး 
လမ်းညွှန် - အမှတ် ၁ ရထားလမ်း ဆိုဆာဘူတာမှ ခရီးသည်တင်ကာ အမှတ် ၉၅၊ ၆၀ တို့ စီးလာပြီး ၂မှတ်တိုင်မြောက် ဆောကွာန်ဆာမှာ ဆင်းပါ။ 
ဘူချောန်ဘူတာမှ ကားဝန်းအတွင်းရှိ ခရီးသည်တင် ကား အမှတ် ၃၊ ၅-၅ တို့ကို စီးပြီး ဖုလင်းမ် အာဖာထိ ယိဘ်ဂုတွင် ဆင်းပြီး တောင်ပေါ်ဘက်သို့ တက်လာခဲ့ပါ။
တက္ကစီများ စီးလာပါက ဆောကွာန်ဆာလို့ ပြောပြီး စီးလာပါ။  

오는 2014년 5월 18일 오후 4시 부천시 원미구 원미동 대한불교 조계종 석왕사 경내에서 냐닉따라 큰 스님 SayaDaw Dr. Nyanissara (D.Litt), 의장 미얀마 불교 대학교, 회장 세계 불교 대학교 )은  한국에 온 미얀마 불자들에게  법문을 하겠습니다.


မြန်မာအသင်း (ကိုရီးယား)သို့ ဆက်သွယ်ရန် 
၁။  ဦးဝင်းမြင့်ဦး       ( အကြံပေး )   ၀၁၀ ၅၂၉၂ ၉၅၄၂ 
၂။  ဦးဝင်းနိုင်ဦး        ( အကြံပေး )   ၀၁၀ ၈၆၄၈ ၄၅၃၃ 
၃။  ဦးခင်မောင်ရင်    ( ဥက္ကဌ )        ၀၁၀ ၂၇၈၈ ၇၁၅၃ 
၎။  ဦးသန့်ဇင်အောင် ( ဒု ဥက္ကဌ )     ၀၁၀ ၉၀၅၄ ၄၇၂၇

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 26, 2014

ဆရာသောင်းနှင့် ကျောင်းသားများ စတုတ္ထအကြိမ် အလှူမင်္ဂလာ ဖိတ်ကြားလွှာ

ဆရာသောင်းနှင့် ကျောင်းသားများ စတုတ္ထအကြိမ် အလှူမင်္ဂလာ ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ၊ ကြွရောက်တော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်-

အလှူရက်-
၂၀၁၄ခုနှစ် မေလ ၄ ရက်နေ့(တနင်္ဂနွေ)

အချိန်-
နေ့လည် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီထိ

နေရာ-
(ဘူဖြောင်း) မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

(နံနက်) အရုဏ်ဆွမ်း-
မုန့်တီသုပ်

နေ့လည်စာ-
မြန်မာအစားအစာ


လေးစားမှုဖြင့်-
ဆရာသောင်းနှင့် ကျောင်းသားများ
၂၀၁၄၀၄၂၆

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, April 4, 2014

ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာများအတွက် သင်္ကြန် ပွဲတော် ကျင်းပနိုင်ရေး အစည်းအဝေး ဖိတ်ကြားလွှာ


ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာများအားလုံး ဘူဆန် သင်္ကြန် ပွဲတော် ကျင်းပနိုင်ရေးအတွက် တိုင်ပင်ဆွေးနွေး လိုပါသဖြင့် မပျက်မကွက် (မပျက်မကွက်) တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ............ ၆-၃-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန်   ............  ညနေ (၃း၀၀) နာရီ
နေရာ   ............  ဂင်မ်ဟဲမြို့ ၊ ရွှေအလင်းတန်း မြန်မာအသင်း စာကြည့်တိုက် 
                         경남 김해시 서상동 115-1 번지    
                         အမှတ် ၁၁၅ - ၁ ၊ တတိယထပ် ၊ ဂင်မ်ဟဲမြို့ ဆော်ဆန်းရပ်ကွက်       
                         Ph:  ၀၅၅-၃၃၆-၃၀၇၀

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 29, 2014

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် တရားပွဲတော် ဖိတ်ကြားလွှာ

သဗ္ဗ ဒါနံ၊ ဓမ္မ ဒါနံ၊ ဇိနာတိ။ 
အလုံးစုံသော အလှူအားလုံးတို့တွင် တရားတော်ကို ပေးလှူခြင်းသည် အမြတ်ဆုံးကုသိုလ်ဖြစ်ပါပေသည်။ 

ဓမ္မမိတ်ဆွေ သူတော်စဉ်အပေါင်းတို့ခင်ဗျာ 
သာသနာ သက္ကရာဇ် ၂၅၅၇ ခုနှစ်၊
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် တန်ခူးလဆန်း ၇ ရက် တနင်္ဂနွေနေ့၊
ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ဧပြီ ၆ ရက်၊ နေ့လည် ၁ နာရီ အချိန်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမ၌ ကျနော်များ ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)က စီစဉ်သည့် တိပိဋကမဟာဂန္ထ၀င်နိကာယ်ကျောင်းတိုက်၊ တိပိဋကသန္တာဝါသ ပရိယတ္တိစာသင်တိုက်တို့၏ ပဓာန နာယကဆရာတော် တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ( ရေစကြိုဆရာတော် ) ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသ၏ မြန်မာ့ နှစ်သစ်ကူးအကြို တရားပွဲတော်ကို ကျင်းပမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေ သူတော်စဉ်များအနေဖြင့် တရားတော်နာ ကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်ပြီး နိုးဆော် ဖိတ်ကြားလိုက်ပါသည်။ 

ဆရာတော်သည် ကိုရီးယားနိုင်ငံတွင် ဧပြီ ၂၇ ရက်နေ့အထိ သီတင်းသုံး၍ ဘူဆာန်၊ ကင်းမ်ဟဲ၊ ဒဲဂုမြို့များသို့ သာသနာ့ခရီးစဉ်အဖြစ် ကြွချီမည်ဖြစ်ပါသည်။ 

ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား) Type rest of the post here

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 19, 2014

ကိုရီးယားနိုင်ငံ ဘူဆန် ဂင်မ်ဟဲ မြို့ရှိ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်ဖွင့်ပွဲ ဖိတ်ကြားလွှာ




ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂင်မ်ဟဲ မြို့ အနီးအနားရှိ ရွှေမြန်မာ ညီအစ်ကိုများ၏ စုပေါင်းမတည်ငွေများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော ရွှေအလင်းတန်း မြန်မာအသင်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ဘုရားအမှူးးရှိသော သံဃာတော် အရှင်သူမြတ်များကို ဆွမ်းဆက်ကပ်လှူဒန်းပြီး ရပ်ဝေး ၊ ရပ်နီးမှ မိတ်ဆွေ သင်္ဂဟ များ နှင့် ရွှေညီအစ်ကိုများ အားလုံးကို အကျွေးအမွေးများဖြင့် တည်ခင်း ဧည့်ခံမည် ဖြစ်ပါ၍ ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်သည် ။ 

နေ့ရက်...... ၁၃၇၅-ခုနှစ် ၊ တပေါင်းလပြည့်ကျော် (၈) ရက် ၊ ၂၃-၃-၂၀၁၄
                (တနင်္ဂနွေနေ့)

အချိန်....... ဧည့်ခံကျွေးမွေးမည့်အချိန် နံနက်(၁၀း၀၀)နာရီ မှ
                နေ့လည် (၁း၀၀)နာရီ အထိ

                နေ့လည်(၁၁း၀၀) တွင် ဆွမ်းကပ်လှူမည်

                 တရားဟောကြားမည့်အချိန် နေ့လည် (၁၂း၀၀) နာရီ

နေရာ.......... 경남 김해시 서상동 115-1 번지
                   အမှတ် ၁၁၅ - ၁ ၊ တတိယထပ် ၊ ဂင်မ်ဟဲမြို့ ဆော်ဆန်းရပ်ကွက်-
                   ဖုန်း---၀၅၅-၃၃၆-၃၀၇၀

ဆက်သွယ်ရန်-----ကိုမင်းလတ် 010-7459-3070 ( တာဝန်ခံ )
ကိုတိုးသူရ 010-8916-7619 ( တာဝန်ခံ )
ကိုဇော်မင်း 010-5946-6694 ( ပြန်ကြားရေး တာဝန်ခံ )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 7, 2014

ကိုသွန်းငွေမင်းခေါ် ကိုမြင့်ကြိုင် ၏ ဈာပနအခမ်းအနား ဖိတ်ကြားစာ


ရန်ကုန်မြို့ ယုဇနအိမ်ယာနေ ၊ ဒေါ်စန္ဒာဖြိုး၏ ချစ်လှစွာသော ခင်ပွန်း ၊
မောင်ကျော်ဇင်ဟိန်းနှင့် မခိုင်ဇင်သက်တို့၏ ချစ်လှစွာသော မွေးသဖင် ကျေးဇူးရှင် -

ကိုသွန်းငွေမင်း ခေါ် ကိုမြင့်ကြိုင်
သည်
၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ၂၆ ရက်နေ့ နံနက်ပိုင်းက ၊ တောင်ကိုရီးယားနိုင်ငံ အင်ချောန်း ဆောဂု ဝါန်ဂီးဒုံ စက်ရုံဝင်းအတွင်းရှိ အိပ်ဆောင်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ ၊ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို မြန်မာဓလေ့ထုံးတမ်းနှင့်အညီ ၊ အောက်ပါအစီအစဉ်အတိုင်း ဈာပနအခမ်းအနားဖြင့် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသဖြင့် ကြွရောက်တော်မူကြပါရန် ရပ်နီးရပ်ဝေး မိတ်သင်္ဂဟအပေါင်းတို့အား ညှိုးငယ်သော စိတ်ထားဖြင့် အသိပေးဖိတ်ကြားအပ်ပါသည်-

အစီအစဉ်များ-
နှုတ်ဆက်၊ ဆုတောင်း (ဂါရဝပြု) အစီအစဉ်-
- ၂၀၁၄ခုနှစ် မတ်လ ၈ ရက် (စနေနေ့)
- ညနေ ၆ နာရီမှ ည ၁၂ နာရီထိ
- ဆော့ဂွါန်ဆာ (ဘူချောန်း)

ဆွမ်းအလှူနှင့် တရားတော်နာ
-၂၀၁၄ခုနှစ် မတ်လ ၉ ရက် (တနင်္ဂနွေနေ့)
-နံနက် ၇ နာရီ တရားတော်နာကြားပြီး ၊ နေ့လည် ၁၀နာရီခွဲထိ အာဟာရဒါန

ပို့ဆောင်သင်္ဂြိုဟ်ခြင်း အစီအစဉ်
-နေ့လည် ၁၁ နာရီတိတိ အချိန်တွင် ၊ ဆော့ဂွါန်ဆာမှ စတင်ထွက်ခွါမည်ဖြစ်ပြီး၊
-နေ့လည် ၁နာရီတိတိအချိန်တွင် ဘူဖြောင်းသုဿန်တွင် မီးသင်္ဂြိုဟ်ပါမည်။

ညှိုးငယ်သောစိတ်ထားဖြင့်-
ကျန်ရစ်သူမိသားစု နှင့်
မြန်မာအသင်း(ကိုရီးယား)

မေးမြန်းရန်ရှိပါက-
- ကိုသန်းထိုက်စိုး (၀၁၀-၄၇၅၈-၉၉၆၁)
- ဦးခင်မောင်ရင် (၀၁၀-၂၇၈၈-၇၁၅၃)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>