Friday, March 7, 2014

ကိုသွန်းငွေမင်းခေါ် ကိုမြင့်ကြိုင် ၏ ဈာပနအခမ်းအနား ဖိတ်ကြားစာ


ရန်ကုန်မြို့ ယုဇနအိမ်ယာနေ ၊ ဒေါ်စန္ဒာဖြိုး၏ ချစ်လှစွာသော ခင်ပွန်း ၊
မောင်ကျော်ဇင်ဟိန်းနှင့် မခိုင်ဇင်သက်တို့၏ ချစ်လှစွာသော မွေးသဖင် ကျေးဇူးရှင် -

ကိုသွန်းငွေမင်း ခေါ် ကိုမြင့်ကြိုင်
သည်
၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ၂၆ ရက်နေ့ နံနက်ပိုင်းက ၊ တောင်ကိုရီးယားနိုင်ငံ အင်ချောန်း ဆောဂု ဝါန်ဂီးဒုံ စက်ရုံဝင်းအတွင်းရှိ အိပ်ဆောင်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ ၊ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို မြန်မာဓလေ့ထုံးတမ်းနှင့်အညီ ၊ အောက်ပါအစီအစဉ်အတိုင်း ဈာပနအခမ်းအနားဖြင့် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသဖြင့် ကြွရောက်တော်မူကြပါရန် ရပ်နီးရပ်ဝေး မိတ်သင်္ဂဟအပေါင်းတို့အား ညှိုးငယ်သော စိတ်ထားဖြင့် အသိပေးဖိတ်ကြားအပ်ပါသည်-

အစီအစဉ်များ-
နှုတ်ဆက်၊ ဆုတောင်း (ဂါရဝပြု) အစီအစဉ်-
- ၂၀၁၄ခုနှစ် မတ်လ ၈ ရက် (စနေနေ့)
- ညနေ ၆ နာရီမှ ည ၁၂ နာရီထိ
- ဆော့ဂွါန်ဆာ (ဘူချောန်း)

ဆွမ်းအလှူနှင့် တရားတော်နာ
-၂၀၁၄ခုနှစ် မတ်လ ၉ ရက် (တနင်္ဂနွေနေ့)
-နံနက် ၇ နာရီ တရားတော်နာကြားပြီး ၊ နေ့လည် ၁၀နာရီခွဲထိ အာဟာရဒါန

ပို့ဆောင်သင်္ဂြိုဟ်ခြင်း အစီအစဉ်
-နေ့လည် ၁၁ နာရီတိတိ အချိန်တွင် ၊ ဆော့ဂွါန်ဆာမှ စတင်ထွက်ခွါမည်ဖြစ်ပြီး၊
-နေ့လည် ၁နာရီတိတိအချိန်တွင် ဘူဖြောင်းသုဿန်တွင် မီးသင်္ဂြိုဟ်ပါမည်။

ညှိုးငယ်သောစိတ်ထားဖြင့်-
ကျန်ရစ်သူမိသားစု နှင့်
မြန်မာအသင်း(ကိုရီးယား)

မေးမြန်းရန်ရှိပါက-
- ကိုသန်းထိုက်စိုး (၀၁၀-၄၇၅၈-၉၉၆၁)
- ဦးခင်မောင်ရင် (၀၁၀-၂၇၈၈-၇၁၅၃)

No comments: