ရေးသားသူ — စိုးမိုးသူ
Sunday, April 13, 2014
Saturday, December 28, 2013
ပိတောက်ရိပ် ကဖေးတွင် အတူအလုပ် လုပ်မည့်သူ အလိုရှိပါတယ်(ဗီစာရှိသူများသာ)
ရေးသားသူ — ပိတောက်ရိပ်
ပိတောက်ရိပ် ကဖေးတွင် မိသားစုကဲ့သို့ အတူတကွ အလုပ်လုပ်ရန် အောက်ပါအတိုင်း ဖိတ်ခေါ်ပါတယ်။
၁) အချိန်ပြည့် အလုပ်လုပ်နိုင်သူ အမျိုးသမီး ၁ဦး
-အလုပ်ချိန် : မနက်၈ ည၈
-နားရက် : အင်္ဂါ ဗုဒ္ဓဟူး
-လစာ : အင်တာဗျူးပြုလုပ်သည့်အခါ ဆွေးနွေးပါမယ်။
- စနေ တနင်္ဂနွေအား ပျက်ကွက်ခြင်းမရှိ အလုပ်လုပ်နိုင်သူအား ဦစားပေးပါမယ်။
၂) စနေတနင်္ဂနွေတွင်
အချိန်ပိုင်း အလုပ်လုပ်နိုင်သူ ၁ဦးနှင့်
လက်ဘက်ရည်နှင့် ပလာတာ လုပ်နိုင်သူ ၁ဦး
-အလုပ်ချိန် : မနက်၈ ည၈(အင်တာဗျူးတွင် အလုပ်ချိန်အား ထပ်မံ ညှိုနှိုင်းလို့ရ)
အလုပ်လျောက်ထားလိုသူအနေဖြင့် မိမိကိုယ်ရေးမှတ်တမ်း အိုင်ဒီကတ်နှင့်အတူ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ
မေးလ် smthu2006@gmail.comသို့ပေးပို့လျောက်ထားနိုင်ပါတယ်။
ဆက်သွယ်ရန် ဖုန်းနံပတ်
ဦးဇေမင်းအောင် ၀၁၀-၈၉၀၃-၆၆၉၃
ပိတောက်ရိပ်ကဖေးလိပ်စာ
http://map.naver.com/?elat=37.4870673&elng=126.7226016&eText=브더욱글로리&edid=32875904
Thursday, October 31, 2013
ဒီနေ့ တ၇က်အတွင်း!! ကတ်ဖုန်းတွင် အသုံးပြုနိုင် မယ့် Kt telecom U Sim cardအား free ပေးနေပါတယ်
ရေးသားသူ —ပိတောက်၇ိပ် ကုမ္ပဏီ
ပိတောက်၇ိပ် ကုမ္ပဏီမှ ၀မ်၃သောင်းဖြည့်ထားတဲ့ KT telecom usim cardကို ဒီနေ့ တ၇က်အတွင်း ဖ၇ီးပေးနေပါတယ်။
၎င်း U sim cardကို အသုံးပြုပါက
kt telecom phone numberအား ၇၇ှိကာ မိမိဖုန်းအား ကတ်ဖုန်းအဖြစ် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။
အလိုရှိသူများ အ နေဖြင့်
မိမိ id cardအား ဓာတ်ပုံ၇ိုက်ကာ 010-7155-6581သို့ ပေးပို့. ၇ယူနိုင် ပါတယ်။
မိမိတို့ ၇ဲ့ u sim cardများကို မနက်ဖြန်
မှ စပြီး ပိတောက်၇ိပ်ကုမ္ပဏီသို့ လာေ၇ာက်ကာ id cardပြပြီး ယူဆောင် သွားနိုင် ပါတယ်။
Sunday, October 27, 2013
ပန်းရောင် Galaxy S3 Hand set အသစ် လျော့ဈေး
ရေးသားသူ — ပိတောက်ရိပ်ကုမ္ပဏီ
Galaxy S3 Hand set
- အသစ်
- ပန်းရောင်
- 32G
စက်ရောင်းဈေး 450.000 ၀မ်
Friday, August 23, 2013
ပိတောက်ရိပ်ကုမ္ပဏီရဲ့ ချူဆော့ဂ်ပိတ်ရက် (၁၈၊၁၉၊၂၀၊၂၁) ၃ညအိပ် ၄ရက် ဂျဲဂျူးကျွန်း အပျော်ခရီးစဉ်
ရေးသားသူ — စိုးမိုးသူ
- ကိုရီးယားရုပ်ရှင်ကားထဲမှာပါတဲ့ နေရာကို သွားမယ်
ထူးခြားတဲ့ သဘာဝ အလှကို တပြိုင်နက် ခံစားမယ်



- အရသာရှိတဲ့ ဂျဲဂျူးရဲ့ ၀က်နက်သား စားမယ်
၂၁ရက်နေ့ ညနေ ပြန်လည်ရောက်ရှိပါမယ်။
ဆက်သွယ်ရန်။ ။010 4187 5218 ၊ 010 7155 6581
လိုက်ပါလိုသူများ စရန်ငွေ ၂သိန်းကို
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင်
Sunday, August 18, 2013
ပိတောက်ရိပ်နဲ့အတူ ချူးဆော့က်ပိတ်ရက်မှာ ဂျဲဂျူးဒို သွားကြစို့
ရေးသားသူ —စိုးမိုးသူ
ပိတောက်ရိပ်ကုမ္ပဏီနဲ့ အတူ ၉လပိုင်း ချူးဆော့က်ပိတ်ရက် ၁၈၊၁၉၊၂၀၊၂၁ ၃ညအိပ်၎ရက် ဂျဲဂျူးဒိုကို သ င်္ဘောခရီးနဲ့ သွားကြရအောင်။
ကားခ၊ တည်းခိုခန်း၊စားစရိတ်၊ လည်ပတ်စရိတ်၊
မြင်းစီးခ၊ဘာဘီကျူးပါတီ ၊ ဂိုက်လမ်းညွှန်
အားလုံး စရိတ်ငြိမ်း
ဝမ် ၄သိန်း(၅သိန်းတန် ခရီးစဉ် လျော့ဈေး)
အားလုံး သိထားတဲ့ အတိုင်း
ချူးဆော့က်ပိတ်ရက်လို ခရီးသွားရာသီမှာ ဘယ်ကို သွားလည်လည် စရိတ်ကြီးပါတယ်။
သို့သော်လည်း ပိတောက်ရိပ်ရဲ့ မူအတိုင်း မိတ်ဆွေများအတွက် သက်သာပြည့်စုံတဲ့ စရိတ်နဲ့ ၀န်ဆောင် မှုကို ရရှိနိုင်စေဖို့ကြိုးစားထားပါတယ်။
ဂျဲဂျူးဒိုဟာ ခုအချိန်မှာ ခရီးသွားများ ပြည့်ကြပ်နေတာကြောင့်
လေယာဉ်၊သင်္ဘော လက်မှတ်များ ကုန်နေပါပြီ။
ကျနော်တို့ ကုမ္ပဏီအနေနဲ့လည်း လိုက်ပါနိုင်သူအား လူဦးရေ ၄၀အထိသာ လက်ခံနိုင်ပါတယ်။
လိုက်ပါလိုသူများ စရန်ငွေ ၂သိန်းကို
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင်လာရောက်၍ လည်းကောင်း၊
- ပိတောက်ရိပ်ကုမ္ပဏီခရီးသွားလုပ်င
010-7155-6581သို့ ဆက်သွယ်ကာ စရန်ငွေအား
Kookmin Bank 392801-04-104589 ZAY MIN သို့  ပေးပို့ နိုင်ပါတယ်။
ခရီးစဉ် အသေးစိတ်ကို မကြာမီ ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာတင်ပြပေးပါ့မယ်။
Tuesday, July 30, 2013
ပိတောက်ရိပ်ကုမ္ပဏီရဲ့ ဟဲအွန်းဒဲ ခရီးစဉ် ၀န်ဆောင်မှု အသေးစိပ်
ရေးသားသူ — စိုးမိုးသူ

လာမည့် ၈လ ၁ရက်နဲ့ ၂ရက်မှာ ပိတောက်ရိပ်ကုမ္ပဏီက ကိုရီးယားရောက် ညီအကိုမောင်နှမများရဲ့ တန်ဘိုးရှိတဲ့ နွေရာသီ အပန်းဖြေခရီးစဉ်အတွက် အခုလို နွေးထွေးစွာဖြင့် ကျေနပ်မှုအပြည့်ပေးနိုင်အောင် စီစဉ်ထားပါတယ်။

၁ရက်နေ့(ကြာသပတေးနေ့)ည၁၀နာရီမှာ ပိတောက်ရိပ်ကုမ္ပဏီ(ကာဖေးဆိုင်)ရှေ့ကနေ ဘတ်စ်ကားဖြင့် ဘူဆန်းသို့ စတင် ထွက်ခွာပါမယ်။
၎နာရီခွဲခန့် ဘတ်စ်ကားစီးရမှာ ဖြစ်တာမို့ မိတ်ဆွေများ သက်တောင့် သက်သာ အနားယူပြီး လိုက်ပါစီးနင်းနိုင်မယ့် ပြင်ဆင်မှုများပါတဲ့ ဘတ်စ်ကားဖြင့် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
ဘတ်စ်ကားပေါ်မှာ မိတ်ဆွေသစ်တွေလည်း တိုးပွားကြဦးမှာ ဖြစ်ပါတယ်။
ဘူဆန်း ဟဲအွန်းဒဲ ကမ်းခြေကို မနက်မလင်းတလင်းလေးမှာ ရောက်ပါပြီ။

ဒါပေမယ့် ၄နာရီခွဲလောက် ကားစီးလာရတာ ဖြစ်တာမို့ မိတ်ဆွေတို့ရဲ့ တင်းမာနေတဲ့ အကြောအခြင်တွေကို ဖြေလျော့ဖို့ လိုနေပါတယ်။
ဒါကြောင့် အညောင်းပြေ လမ်းလျှောက်ဖို့ လေကောင်းလေသန့်နဲ့ စမ်းလန်းစိုပြေတဲ့ နုရီမာရူး ပန်းခြံမှာ ရပ်နားမှာ ဖြစ်ပါတယ်။


ဒီပန်းခြံမှာ APECအစည်းအဝေးလုပ်ခဲ့တဲ့ အဆောက်အဦလည်းရှိပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ အစည်းအဝေးလုပ်ခဲ့တဲ့နေရာပေါ့ဗျာ။
လေကောင်းလေသန့်တွေ တ၀ရှူ လမ်းလျှောက်ရင်း ကျနော်တို့ကို နှုတ်ဆက်ဖို့ ထွက်လာတဲ့နေမင်းကြီးနဲ့ အထီးကျန် ရေသူမလေးကိုလည်း အတူ နှုတ်ဆက်ကြရအောင်။

.jpg)
ပြီးရင် မနက်စာ စားကြမယ်ဗျာ၊
ခဏနေ ရေရေလည်လည် ပျော်ပါးရမှာမို့ မိတ်ဆွေတို့တွေ အားရှိဖို့ လိုတယ်လေ။
ဒါကြောင့် အရသာရှိတဲ့ မနက်စာကို ပိတောက်ရိပ်က စီစဉ်ထားပါတယ်။
ကဲ ပြီးရင် အေးမြလှတဲ့ ဟဲအွန်းဒဲ ရေလှိုင်းထဲမှာ အားရပါးရ ရေကူးကစားရင်း မိတ်ဆွေတို့ ကိုရီးယားမှာ ပင်ပန်းထားသမျှကို အတိုးချ ဖြေဖျောက်နိုင်ကြပါပြီ။
ဒါနဲ့ နေဦး နေပူထဲ ရေကစားရင် မိတ်ဆွေတို့ အသားတွေ နေလောင်လိမ့်မယ်လေ။
ဒါကြောင့် ပိတောက်ရိပ်က နေလောင်ခံ ခရင်မ်နဲ့ လိုးရှင်းတွေကို လက်ဆောင်ပေးမှာမို့ အသားအရည်ပျက်စီးမှာ ပူပင်စရာ မလိုပဲ စိတ်တိုင်းကျ အပမ်းဖြေနိုင်ပါတယ်။
နေကပူတော့ ထီးအမိုးအောက်မှာ အနားယူဖို့လိုတယ်လေ။
ကမ်းစပ်မှာ မြင်တွေ့ရတဲ့ ထီးလေးတွေကို ငှားလို့ရပါတယ်။
ပြီးတော့ ၀မ်၃ထောင်ပေးပြီး မိမိအ၀တ်အစားတွေကို သေတ္တာထဲမှာ သိမ်းဆည်းနိုင်သလို ၀မ်၁ထောင်ပေးပြီး ရေချိုးသန့်စင်နိုင်ပါတယ်။
အားပါးတရ ရေကစား၊ အပမ်းဖြေ၊ ရေချိုးပြီးတော့ ညနေ၃နာရီခွဲ အရောက် ဘတ်စ်ကားရှိတဲ့နေရာကို ပြန်လာခဲ့ပေးပါ။
၃နာရီခွဲ အတိမှာ ဘတ်စ်ကား စထွက်ပါမယ်။
တနေကုန် ရေကစားထားတာမို့ မိတ်ဆွေတို့ရဲ့ ၀မ်းတွေ ဆာလောင်နေမှာ အမှန်ပဲလေ။
ဒါကြောင့်မို့ ပိတောက်ရိပ်က ဘူဆန်းရဲ့ အရသာရှိတဲ့ ပင်လယ်အသားဘူဖေးဆိုင်မှာ ညနေစာကို စီစဉ်ထားပါတယ်။
ကဲ အားမနာတမ်း အားရှိပါးရှိသာ ကိုယ့်အိမ်လို သဘောထားပြီး ဆွဲကြပေတော့။

ကဲ ဗိုက်လည်း ၀၊ လူလည်းပမ်းပြီဆိုတော့ အချိန်တန်ရင် အိမ်ပြန်ကြရတော့မယ်လေ။
အားလုံး ဘတ်စ်ကားပေါ်တက်ပြီး ဘူဆန်းရဲ့ ညအလှရှုခင်းကို ခံစားရင်း ဘူဖြောင်း ပိတောက်ရိပ်ကုမ္ပဏီရှေ့ကို ပြန်ကြရအောင်။
အော် ဒါနဲ့ ဒီလောက် ပြည့်ဝတဲ့ ၀န်ဆောင်မှုတွေက ခရီးစရိတ် ၀မ်၈သောင်းနဲ့ တန်ပါ့မလားလို့ သိချင်ကြလိမ့်မှာ ဖြစ်တာမို့ အောက်မှာ ဘူဆန်းကို သွားတဲ့ ဘတ်စ်ကားခ၊ရထားခ ဇယားလေးကို ဖော်ပြထားပါတယ်။
ရထားခ၊ ကားခ အသွားအပြန်နဲ့တင် ၀မ် ၈သောင်းကျော်နေပြီဆိုတာ တွေ့ရပါလိမ့်မယ်။
ဒါလေးကို ကြည့်လိုက်ရင် ပိတောက်ရိပ်က Enjoy with Fairness! ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ကုမ္ပဏီရဲ့ အကျိုးအမြတ်ထက် မိတ်ဆွေတို့ရဲ့ ပျော်ရွှင်မှုကို အဓိကထားတယ် ဆိုတာကို တွေ့မြင်ရမှာပါ။
ကဲ အတူလိုက်ပါလိုတဲ့ ညီအကိုတွေ စရန်ငွေ ၅သောင်းနှင့်အတူ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီ။
ကြိုတင် စာရင်းပေးသွင်းလို သူများအနေဖြင့်
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင်လာရောက်၍ လည်းကောင်း၊
- ပိတောက်ရိပ်ကုမ္ပဏီခရီးသွားလုပ်ငန်းတာဝန်ခံ 010-4187-5218၊ 010-7155-6581သို့ ဆက်သွယ်ကာ စရန်ငွေအား Kookmin Bank 392801-04-104589 ZAY MIN သို့ ပေးပို့နိုင်ပါတယ်။
kookmin bank code numberက (004)ဖြစ်ပါတယ်။
ပြီးတော့ မိတ်ဆွေတို့ အလိုရှိရာ အခြား နွေရာသီ အပန်းဖြေခရီးများကိုလည်း လွတ်လပ်စွာ ဆက်သွယ် တောင်းဆိုနိုင်ပါတယ်။
ညီအကိုမောင်နှမများ အားလုံး အတွက် ကျန်းမာပျော်ရွှင်သော နွေရာသီ အားလပ်ရပ် ဖြစ်ပါစေ။
Enjoy with Fairness!
နေဦး
ကျနော်ဖော်ပြတဲ့ ဓာတ်ပုံလောက်နဲ့ မ၀သေးဘူးဆိုရင်တော့ အောက်က ရုပ်သံကို ဆက်လက် ရှုစားပါဦး။
Saturday, July 13, 2013
ဇူလိုင် ၁၄မှ ၂၁ထိ ပိတောက်ရိပ်ကုမ္ပဏီမှ အထူးလျော့ဈေးဖြင့် ရောင်းချပေးနေပါတယ်
ရေးသားသူ — စိုးမိုးသူ





.jpg)

_023.jpg)




