ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ
Friday, December 12, 2014
ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားခြင်း
Thursday, September 11, 2014
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားအပေါင်းအား လေးစားစွာဖြင့်ဖိတ်ကြားခြင်း
ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယား ဌာနခွဲ၏ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ
========================================================================
အစီအစဉ် (၁)
လစဉ် ပါတီ တွင်း/ပြင် အပြန်အလှန် ဆွေးနွေးပွဲ
နေ့ရက် ။ ။ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၄ ရက် တနင်္ဂနွေနေ့
အချိန် ။ ။ ညနေ ၃ နာရီမှ ညနေ ၄နာရီ ၃၀ မိနစ် အချိန်အထိ
ဆွေးနွေးမည့် အကြောင်းအရာများ
(က) ပီအာ အကြောင်း တစ်စေ့ တစ်စောင်း (ကိုသက်နိုင်)
(ခ) အရွေ့အရွှေ့ နှင့် အကွေ့ များအကြောင်း(ကိုရန်နိုင်ထွန်း)
နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ ရုံးခန်းမဆောင်
အစီအစဉ် (၂)
ရွှေဝါရောင် တော်လှန်ရေး (၇ )နှစ်မြောက် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနား ရင်တွင်းဆန္ဒ ထုတ်ဖော်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား
နေ့ရက်။ ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလလ ၂၁ ရက် တနင်္ဂနွေနေ့
အချိန် ။ ။ မွန်းတည့်၁၂ နာရီ မှ မွန်းလွဲ ၁ နာရီ အချိန် အထိ
နေရာ ။ ။ဆိုလ်းမြို့ မြန်မာစစ်အုပ်စု လက်ဝေခံ မြန်မာ ရုပ်သေး အစိုးရ သံရုံးရှေ့
အစီအစဉ် (၃)
၂၅ နှစ်မြောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား
နေ့ရက် ။ ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့
အချိန် ။ ။ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီ အချိန် အထိတွင်
နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ ရုံးခန်းမဆောင်
ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံသူ/သား ညီအကိုမောင်နှမများ အနေဖြင့်
အထက်ဖော်ပြပါ အစီအစဉ်များအတိုင်း အတူတကွ ပူပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်၊၊
သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ
Friday, July 4, 2014
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားအပေါင်းအား လေးစားစွာဖြင့် ဖိတ်ကြားခြင်း
ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ
တောင်ကိုရီးယား နိုင်ငံရောက် မြန်မာ နိုင်ငံသူ/ သား တိုင်းရင်းသား ညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျား....
၅၂ နှစ်မြောက် 7,July အောက်မေ့ဖွယ် အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပြသပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲမှ ဦးဆောင်ပြီး ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသူများမှ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသူ / သား များ အနေဖြင့် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေ့ရက် ။ ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၆ ရက် တနင်္ဂနွေနေ့ ။
အချိန် ။ ။ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအချိန်အထိ။
နေရာ ။ ။ စစ်အုပ်စုလက်ဝေခံ မြန်မာရုပ်သေးအစိုးရ သံရုံးရှေ့။
သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ
.jpg)