Showing posts with label ဖိတ်ကြားစာ. Show all posts
Showing posts with label ဖိတ်ကြားစာ. Show all posts

Monday, October 20, 2014

ရွှေ့ပြောင်းလုပ်သားများအတွက် အခမဲ့ ဆေးစစ် ၊ဆေးထိုး အစီအစဉ်

လူသားကွန်ယက် (ဟူးမင်းနက်ဝါ့-ခ်) ရွှေ့ပြောင်းအလုပ်သားများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် အဖြစ် ရွှေ့ပြောင်းလုပ်သားများအား အထွေထွေဆေးစစ်ခြင်းနှင့် တုတ်ကွေးကာကွယ်ဆေးထိုးခြင်း ပရိုဂရမ်ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်-
ရက်စွဲ
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်
နေရာ
အင်ချောန်း ၊ ဘူဖြောင်းမြို့ ဘူဂဲမူလတန်းကျောင်း(부평구 부개초등학교)
အချိန်
နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ
လက်ခံ စစ်ဆေး ကုသပေးမည့် ဦးရေ
၂၀၀ ဦး (ဦးရာလူစနစ်)
ပါဝင်ကူညီပေးကြသည့် အဖွဲ့အစည်းများ
အင်ချောန်းဒေသ သွားဆရာဝန်များ ၊ လှုပ်ရှားနေသော ဆရာဝန်များ ၊ အူဂျောင်း ဆရာဝန်များအဖွဲ့၊ အင်ချောန်း ဆေးဝါးပညာရှင်များအသင်း ၊ ကိုရီးယား ရွှေ့ပြောင်းသူများ လူ့အခွင့်အရေးဆင်တာ ၊ အင်ချောန်း ဆေးနှင့် ဆေးပစ္စည်း လူမှုရေး နှင့် စေတနာရှင်များအသင်း ၊ အင်ချောန်း ပြန်လည်ထူထောင်ရေးဆေးရုံ ၊ ဟန်လင်းဆေးရုံ ၊ အင်ချောန်းဒေသ ဂီးလ်ဆေးရုံ ၊ ကျားကျား စေတနာရှင်များအဖွဲ့ တို့မှ စေတနာရှင် ၁၅၀ ကျော်တို့က လုပ်အားဒါနဖြင့် ပါဝင်ကူညီပေးကြပါမည် ။
အော်ဂနိုက်ဇာ
မျှော်လင့်ချက်ကမ္ဘာ (이주노동자건강센터 희망세상)
ဆေးစစ်ခြင်း နှင့် ဆေးထိုး ဆေးကု အစီအစဉ်များ
- ခန္ဓာအတွင်း ၊ အပြင် အထွေထွေရောဂါ
- သွားနှင့် ခံတွင်းရောဂါများ
- ကိုရီးယားတိုင်းရင်းဆေးကုသမှု
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း
- ဓါတ်မှန်ရိုက်စစ်
- ကိုယ်ခန္ဓာ အပြင်ပိုင်းရောဂါများ
- အပ်စိုက်ခြင်းနှင့် ဓါတ်နှိပ်ခြင်း
- တုတ်ကွေးကာကွယ်ဆေးထိုးခြင်း
- အူလမ်းကြောင်း ကင်မရာဖြင့် ရောဂါရှာဖွေခြင်း
- အာလ်ထရာဆောင်းဖြင့် ရောဂါရှာဖွေခြင်း
- သားအိမ်ကင်ဆာရောဂါရှိမရှိစစ်ဆေးခြင်း
အထူးအစီအစဉ်
ကျားကျားစေတနာရှင်များ(짜짜봉사단)က နေ့လည်စာဖြင့်ကုသိုလ်ယူပါမည်။
နောက်ဆက်တွဲဆေးဝါးကုသမှုအစီအစဉ်
- ဆရာဝန်မှ လိုအပ်မည်ဟု ယူဆသူများအား စီတီ ၊ အမ်မ်အာရ် စသည်တို့ ထပ်မံစစ်ဆေးပေးမည် ။
- သွားရောဂါအတွက် မျှော်လင့်ချက်ကမ္ဘာဆေးရုံ(희망세상병원)တွင် ဆက်လက်ဆောင်ရွက်ပေးမည်။
- ဆေးရုံ တက်ရောက်ရန် သို့မဟုတ် ရောဂါရှာဖွေတွေ့ရှိသဖြင့် ဆက်လက်ကုသရန်လိုအပ်သူများအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးဝါးကုသမှုခံယူနိုင်ရန်စိစဉ်ပေးမည်ဖြစ်ပြီး ၊ ကျသင့်ငွေ၏ ထက်ဝက်ကို ဤ အဖွဲ့မှ တာဝန်ယူကျခံပေးသွားပါမည် ။

- ယခင်နှစ် အတွေ့မကြုံများအရ ဤအစီအစဉ်မှ ကင်ဆာဆဲလ် တွေ့ရှိခဲ့ပြီး ၊ရောဂါမရင့်မှီ အချိန်မီ သိရှိ ဆေးဝါးကုသမှုခံယူနိုင်ခဲ့သဖြင့် အသက်ချမ်းသာရာ ရရှိခဲ့သော သာဓကများရှိခဲ့ပါသဖြင့် ၊ ကျမ်းမာရေးစစ်ဆေးမှု (အသေးစိတ်)ခံယူခဲ့ဖူးခြင်းမရှိသေးသူများ စစ်ဆေးမှုခံယူသင့်သည်ဟု ထင်မြင်ယူဆပါသည် ။

- ဤ အစီအစဉ်တွင် ဆေးစစ် ဆေးထိုး ရန် ဆန္ဒ ရှိသူများ 010-5549-2457 (ဦးတယ်လီတော်ကီ)ထံ ၂၄-၁၀-၂၀၁၄ ညနေ ၄ နာရီထိ စာရင်းပေးသွင်းကြပါရန် ။
- လိုက်ပါမည့်သူများအား ၄င်းအဖွဲ့အစီအစဉ်ဖြင့် ကြိုပို့ကားစီစဉ်ပေးမည်ဖြစ်ကြောင်း ။
20141020

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, August 29, 2014

အသုဘ ရှု ဖိတ်ကြားစာ

အသုဘ ရှု ဖိတ်ကြားစာ 

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကုန်းသာရွာနေ အဘ ဦးတင်ရွှေ၊ အမိ ဒေါ်ငွေဌေးတို့၏ သား၊ ဘဒ္ဒန္တ ဥတ္တရ ( ဦးပဉ္ဇင်းလေး (မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ တူ 

ကိုဆန်းအောင် ( အသက် ၂၂နှစ် ) သည် 

သြဂတ် ၂၂ ရက် သောကြာနေ့ နံနက် ကိုရီးယားနိုင်ငံ ဆောအုလ် တက္ကသိုလ် ဆေးရုံကြီးတွင် ဘ၀တစ်ပါးသို့ ကူးပြောင်း ကွယ်လွန် အနိစ္စရောက်သွားခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို လာမည့် ၂၀၁၄ ခုနှစ် သြဂတ် ၃၁ ရက် တနင်္ဂနွေနေ့တွင် အောက်ပါ အစီအစဉ်အတိုင်း သဂြို င်္ဟ်မည်ဖြစ်ပါကြောင်း ညိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။  

အစီအစဉ် ၁။ ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ် သြဂတ် ၃၀ ရက် စနေနေ့ ညနေ ၆နာရီမှ စတင်၍ ဘူချောန်မြို့ ၀ါန်မိဂု ဆောကွာန်ဆာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းရှိ နိဗ္ဗာန်ဘုံ အအေးတိုက်တွင် အသုဘ ရှု ကြွရောက်ကြပါရန်။ ================================== 

ရက်စွဲ ။           ။ ၂၀၁၄ ခုနှစ် သြဂတ် ၃၁ ရက် တနင်္ဂနွေနေ့

အစီအစဉ် ၂။ နံနက် ၆နာရီ ၃၀ မီနစ်
ဆောကွာန်ဆာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ နိဗ္ဗာန်ဘုံ အအေးတိုက် ခန်းမဆောင်တွင် ကွယ်လွန်သူ ကိုဆန်းအောင် (၂၂နှစ်)အား ရည်စူး၍ မြတ်စွာဘုရား အမှူးထား၍ ပင့်သံဃာတော်အပေါင်းတို့အား အရုဏ် မုန့်ဟင်းခါးဆွမ်း ခဲဘွယ် ဘောဇဉ်နှင့် ၀တ္ထု၊ သင်္ကန်းတို့ကို ဆက်ကပ် လှူဒါန်းပြီး ကုသိုလ်အပေါင်းတို့ကို ရေစက်သွန်းချ အမျှပေးဝေပါမည်။ 

အစီအစဉ် ၃။ နေ့လည် ၁၂ နာရီ အချိန်
ဆောကွာန်ဆာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ နိဗ္ဗာန်ဘုံ အအေးတိုက်မှ ဘူဖြောန်း သုဿာန်သို့ ကားများ စတင် ထွက်ခွာမှာဖြစ်ပါသည်။ 

အစီအစဉ် ၄။ နေ့လည် ၂နာရီခန့် 
ကွယ်လွန်သူ ကိုဆန်းအောင် (၂၂နှစ်)၏ ရုပ်အလောင်းကို မီးသဂြို င်္ဟ်မှာ ဖြစ်ပါသည်။ ( မီးသဂြို င်္ဟ်အချိန် ၂နာရီ ) ကြွင်းကျန်ရစ်သည့် အရိုးပြာများကို ဘူဖြောန်းသုဿာန်အတွင်းရှိ အရိုးပြာများ ထားရှိရန် နေရာတွင် ထားရှိခဲ့မှာဖြစ်ပါသည်။


ဆက်သွယ်ရန် 
ဘဒ္ဒန္တ ဥတ္တရ (မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) 
၀၁၀ ၂၃၂၇ ၂၄၅၇

မြန်မာအသင်း (ကိုရီးယား) 
ဦးခင်မောင်ရင် (၀၁၀-၂၇၈၈-၇၁၅၃) 
ဦးဝင်းနိုင်ဦး ( ၀၁၀ - ၈၆၄၈ - ၄၅၃၃ )

 ဘူချောန် ရွှေ့ပြောင်းနေထိုင်သူများ ထောက်ပံ့ စောင့်ရှောက်ရေးအဖွဲ့ကလည်း အသုဘအတွက် လိုအပ်သည်များကို ကူညီ လုပ်ဆောင်ပေးသလို ဘူချောန်မြို့ ၀ါန်မိဂု ဆောကွာန်ဆာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကလည်း ရုပ်အလောင်းကို အအေးတိုက်တွင် ထားရှိ ခ စရိတ် များကို အခမဲ့ ကုသိုလ်ယူ လုပ်ဆောင်ပေးပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, May 12, 2014

(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီး အခမဲ့ အစီအစဉ် မြန်မာလုပ်သားများ လိုက်ပါနိုင်ပါသည်

ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဓမ္မဆရာများ အသင်း (International Dharma Instructors' Association, Korea) က ဦးစီး စီစဉ်သော ၊ “(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီး " အစီအစဉ် ကို၂၀၁၄နှစ် မေလ ၁၈ရက် (တနင်္ဂနွေနေ.) တွင် အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း ဆောင်ရွက်မည်ဖြစ်ရာ စိတ်ပါဝင်စားသူများ အမြန်ဆုံးစာရင်းပေးသွင်းပြီး အခမဲ့ လိုက်ပါနိုင်ကြပါကြောင်း သတင်းမောင်းထုလိုက်ပါသည် -
-
ရက်စွဲ--
- မေ-၁၈ (တနင်္ဂနွေ) -

အချိန်--
- နံနက် ၉ နာရီ ၃၀ မိနစ် မှ ညနေ ၆ နာရီထိ-

ပါဝင်ကြမည့်သူများ-
- မြန်မာ ၊ သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ် ၊ နီပေါ ၊ အလုပ်သမားများနှင့် ပညာတော်သင် ကျောင်းသား ကျောင်းသူများ ။ (တစ်နိုင်ငံလျင် ၂၅ ဦးစီ ၊ ဦးရာလူစနစ်) -

အစီအစဉ်--
- ဘုန်အွန်ဆာ ၊ ဆိုးလ်တာဝါ (နမ်ဆန်တာဝါ) ၊ ဟန်အုတ် တိုင်းရင်းသားရွာ ၊ ချန်ဂယောင်းနန်းတော် ၊ ယုံဆန် မိသားစု ဥယျာဉ်မြို့တော် ။-

စုရပ် (Meeting Point) – -
- Subway Line .No-2,삼성역[Samseong Station) Exit No.2 (Time : 9:00 AM) -
(နံနက် ၈ နာရီ တိတိတွင် ဘူဖြောင်းဘူတာမှ စတင်ထွက်ခွါပါမည်)

အဆိုပါ အစီအစဉ်မှာ ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသားများအနေဖြင့် ကိုရီးယားယဉ်ကျေးမှုကို အကျွမ်းတဝင်ရှိလာကြစေရန် နှင့် အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိကြစေရန် ရည်ရွယ်ချက်ထားရှိကြောင်း သိရသည် ။
ထို့ပြင် အဆိုပါ ခရီးစဉ်စဆုံးကို မိမိစရိတ်ဖြင့်သွားရောက်မည်ဆိုပါက ဝမ် ၁ သိန်းခန့်ကုန်ကျမည်ဖြစ်ကြောင်းလည်း သိရပါသည် ။-

စာရင်းပေးသွင်းရန်--
ဖုန်း ၀၁၀-၂၃၃၁-၂၄၅၇-

လေးစားမှုဖြင့်--
ဦးတယ်လီတော်ကီ
၂၀၁၄၀၅၁၂

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 22, 2014

ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများအားဖိတ်ကြားခြင်း

ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ

ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ ရှေ့နေကြီးဦးကြီးမြင့် နှင့် လူငယ်ရှေ့နေ ကိုဇော်မင်းလှိုင်တို့မှ မနက်ဖြန် တနင်္ဂနွေ (၂၃၊၂၊၂၀၁၄)ရက်နေ့ နေ့လည် (၁)နာရီမှ ညနေ(၄)နာရီထိ NLD (LA) KOREA ရုံးခန်းတွင် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း ဆွေးနွေးနိုင်မည် ဖြစ်ပါသောကြောင့် မပျက်မကွက်တက်ရောက်ကြပါရန်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, January 11, 2014

ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့ အစည်းအဝေးတက်ရောက်ပါရန် ဖိတ်ကြားခြင်း

ကိုရီးယားနိုင်ငံ ဂင်မ်ဟဲမြို့ ရွှေအလင်းတန်း စာကြည့်တိုက်တွင် ရွှေအလင်းတန်း မြန်မာအသင်း၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများ ၊ အလုပ်သမားရေးရာကိစ္စများ ၊ ပြည်တော်ပြန် မည့်သူများအတွက် အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ရေး ၊ ၂၀၀၈ ဖွဲစည်းပုံ ပြင်ဆင်ရေး ကိစ္စများ ကို ဆွေးနွေးမည် ဖြစ်ပါသဖြင့် ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့အား မပျက်မ ကွက် တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ဆွေနွေးမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ရွှေအလင်းတန်း မြန်မာအသင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အပေါ်
ဆွေးနွေးတင်ပြခြင်း

(၂) ၂၀၁၄ ခုနှစ် ကိုရီးယားအလုပ်သမားဥပဒေ နှင့် ရပိုင်ခွင့်များအကြောင်း ဆွေးနွေးခြင်း

(၃) မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု အကြောင်း နှင့် မြန်မာနိုင်ငံ၏ စီးပွားရေး
ပေါ်လစီများအကြောင်းကို ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များမှ လာရောက်ဆွေးနွေးခြင်း

(၄) မြန်မာနိုင်ငံအတွက် လက်ရှိအရေးကြီးနေသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ
ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကိုရီးယားရှိ အဖွဲ့အစည်းပေါင်းစုံသဘောတူညီချက်ဖြင့်
ထုတ်ပြန်မည့် " ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကြေငြာချက် " အပေါ်
တင်ပြဆွေးနွေးခြင်း

စသည့်အကြောင်းများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

နေ့ရက် ။ ။ ၁၂-၁-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန် ။ ။ ညနေ (၄း၀၀) နာရီ
နေရာ ။ ။ ဂမ်ဟဲမြို့ ၊ ရွှေ့အလင်းတန်း စာကြည့်တိုက် သို့

ရွှေအလင်းတန်း မြန်မာအသင်း ကို ဆက်သွယ်ရန် -
ကိုတိုးသူရ 010-8916-7619 (တာဝန်ခံ-၁)
ကိုမင်းလတ် 010-7459-3070 (တာဝန်ခံ-၂)
ကိုဇော်မင်း 010-5946-6694 (ပြန်ကြားရေးတာဝန်ခံ)
https://www.facebook.com/groups/goldenlight009/photos/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, January 1, 2014

ဘူဆန် ၊ ဂမ်ဟဲ အနီးအနားက ရွှေညီအစ်ကိုများ သို့ ဦးဦးဖျားဖျား နှစ်ဦးအလှူတော်မင်္ဂလာဖိတ်ကြားလွှာ


ရေးသားသူ--Kaung Htoo
ဦးဦးဖျားဖျား နှစ်ဦးအလှူတော်မင်္ဂလာဖိတ်ကြားလွှ
--------------------------------------------------
ပြည်တော်ဦး ဆရာတော်ဦးပဏ္ဍိစ္စ ၏ဦးဆောင်မှုဖြင့်ယခုအခါကိုရီးယားမြေပေါ်တွင် မြန်မာပိုင်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပြီဖြစ်ပါသည်။ဘူဆန်မြို့ကုလသမဂ္ဂ ငြိမ်းချမ်းရေးလမ်း အမှတ် (၁၃၆-၁) ၃လွှာရှိ ထိုကျောင်းတော်မှာ ယခင်က အားကစားခန်းမ တစ်ခုအဖြစ်အသုံးပြုခဲ့သဖြင့် ယခုအခါဘုန်းကြီးကျောင်းတစ်ကျောင်း အင်္ဂါရပ်များနှင့် ညီညွှတ်စေရန် အတွင်းပိုင်းအားလုံးကို ဖြိုဖျက်၍ အသစ်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်လျက်ရှိ ပါသည်။ထိုသို့မြန်မာပိုင်ဘုန်းကြီးကျောင်း တစ်ကျောင်းအား ဆရာတော်ရည်ရွယ်ထားသည့် ကာလအတိုင်းအတာ တစ်ခုအတွင်း ပြင်ဆင်မွမ်းမံမှုများအား မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်စေရန် ရည်စိတ်သန်၍ကျွန်တော်များ yaung shin TR ရှိမြန်မာလုပ်သားများနှင့် ခင်မင်ရာ သူငယ်ချင်း တချို့စုပေါင်း၍ လာမည့် ၂၀၁၄ ဇန်န၀ါရီ ၁ ရက်နေ့တွင် မြတ်စွာဘုရားအား အမှူးထား၍ ဆရာတော်ဦးပဏ္ဍိစ္စနှင့် သံဃာတော်နှစ် ပါးတို့အား နိဗ္ဗာန်သို့ ရည်မှန်းကာ နေ့ဆွမ်းကပ်လှူခြင်း ကျောင်းအတွက် အလှူတော်ငွေလှူဒါန်းခြင်း ပရိတ်တရားတော်နာ ကြား ခြင်းနှင့် ကြွရောက်ချီးမြှင့်ကြသော မိတ်ဆွေအပေါင်းတို့အားလဲ အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသဖြင့် ကြွရောက် ချီးမြှင့်နိုင်သော သူငယ်ချင်းမိတ်ဆွေများအား ပရိတ်တရားတော်နာကြွရောက်ပါရန် လှိုက်လှဲစွာဖိတ်ကြားအပ်ပါသည်။

နေ့ရက်....: : 2014/01/01 ဗုဒ္ဓဟူးနေ့

အချိန်...: : နံနက် ၁၀ နာရီမှ နေလည် ၁ နာရီ..

နေရာ...: : 경남 김해시 진영읍 의전리
275-2 번지 (주)영신티알
(ဂင်ဟဲမှလာမည်သူများ BUS ..44 စီပြီး (ဂွမ်ဂုတ်မာအူလ်း) မှတ်တိုင်မှာဆင်းပါ။

ဆက်သွယ်ရန်....

ကိုခိုင်..... 01086711877
ကိုဇော်ဝင်းထွန်....01064660020
အောင်းစိုးလင်း ... 01028127659
ကိုဇော်ဦး..... 01098785647

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 30, 2013

၂၇၅၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဖိတ်ကြားလွှာ

ရေးသားသူ — ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ 

 တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမအပေါင်းတို့ခင်ဗျား။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် နတ်တော် လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်အထိ ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဘူချွန်း အလုပ်သမား အဆောက်အအုံရှိ မြန်မာအသင်း (ကိုရီးယား) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်အားပေးချီးမြင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။  

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့ ကြွရောက်လာသော ဧည့်ပရိတ်သတ်များကို ပျော်ပျော်ရွင်ရွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျနော်များ ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော် ကျင်းပရေးကော်မတီက စီစဉ်ထားသော ကရင် သက္ကရာဇ်၂၇၅၃ခုနှစ် နှစ်သစ်တွင် ကံကောင်းခြင်းများလက်ဆောင်အဖြစ် ကံစမ်းမဲများ ဖောက်ပေးခြင်း၊ ကရင်ရိုးရာ ဒုံးအကနှင့် တေးဂီတများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းတို့နှင့်အတူ တက်ရောက်လာကြသော ဧည့်သည်တော်များအား ငါးသားလောက်ပေါင်းဟင်း၊ ၀က်သားချိုဟင်း၊ ကရင်လူမျိုးတို့၏ ရိုးရာ တာလပေါဟင်းတို့ဖြင့် အားရပါးရ တည်ခင်း ဧည့်ခံမည် ဖြစ်ပါသောကြောင့် ပျော်ရွင်စွာ ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော်သို.ကြွရောက် အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 


 ဧည့်လမ်းညွှန်။ ။ ရထားဖြင့်စီးလာပါက လိုင်းနံပတ် ၁ မှစီးပြီး 부천역 ( Bucheon Station ) ဘူချွန်းဘူတာတွင် ဆင်း၍ တက္ကဆီဖြင့် စီးလာပါက လိပ်စာမှာ အောက်ပါအတိုင်း ပြောပြီး စီးလာနိုင်ပါတယ်။ 우 420 - 850 부천시 원미구 중2동 1093-1 근로자종합지관 3F 

ဆက်သွယ်ရန်ဖုံး ။ ။စောလှိုင်မျိုးသိန်း ( ၀၁၀ ၆၈၄၉ ၃၀၆၁ )၊ စောကြည်မင်းကို ( ၀၁၀ ၂၆၀၉ ၈၇၄၇ )၊ စောအောင်လွင်မွန်( ၀၁၀ ၂၆၉၆ ၅၆၈၉ )၊ မန်းတင်ယဉ် ( ၀၁၀ ၂၂၇၁ ၈၃၃၃)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, November 29, 2013

မင်္ဂလာပါမီနီစတိုးနှင့်အထွေဝန်ဆောင်မှုဆိုင်ဖွင့်ပွဲ

ရေးသားသူ — အောင်ကျော်သူ

ရွှေမြန်မာများအားလုံးမင်္ဂလာပါ
မင်္ဂလာပါမီနီစတိုးနှင့်အထွေဝန်ဆောင်မှုဆိုင်ဖွင့်ပွဲကို ၂၀၁၃ခုနှစ်ဒီဇင်္ဘာလ၁ ရက် (Sweet December) နေ့တွင်ဓမ္မဒူတကျောင်းတော်တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ၊ ကြွရောက်ချီးမြင့်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်မဏ္ဍကပြုအပ်ပါသည်။
အရုဏ်ဆွမ်း နှင့် နေ့ဆွမ်းဆပ်ကပ်လူဒါန်းမှုအစုစုကို ရေစက်ချတရားတော်နာယူရင်းသာဓုအနုမောဒနာခေါ်ယူနိုင်ရန်ပါထပ်လောင်း၍ ဖိတ်မဏ္ဍကပြုအပ်ပါသည်။

ဖုန်း၀၁၀၆၄၈၁၁၄၁၈နှင့် ဖုန်း၀၁၀၂၈၇၂၅၃၃၇သို့ အသေးစိပ်သိလိုသောအချက်အလက်များကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်ခင်ဗျာ

လေးစားစွာဖြင့်ေ၇ွှမြန်မာညီအကိုမောင်နှမများအားလုံးကိုမင်္ဂလာပါမီနီစတိုးနှင့်အထွေထွေဝန်ဆောင်မှုလုပ်ငန်းမှလှိုက်လှဲပြူငှာစွာဖြင့်ဆိုင်ဖွင်ပွဲကိုလည်းထပ်လောင်း၍ဖိတ်မဏ္ဏကပြုအပ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 29, 2013

၅ ကြီမ်မြောက် ဘုန်းတော်ကြီးကျောင်း ဆွမ်းဟင်း (အစားအစာ) ပွဲတော်


လာမည့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက် သောကြာနေ့နှင့် ၅ ရက် စနေနေ့ ( ၂ ရက် ) ဂယောင်န်ဂီပြည်နယ် ဆူဝါန်မြို့ရှိ ဂျိုဂယဲဂိုဏ်း၏ ဘုန်းညောန်ဆာတွင် ၅ ကြီမ်မြောက် အပြည်ပြည်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း ဆွမ်းဟင်း (အစားအစာ) ပွဲတော်ကို ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ ပွဲတော်တွင် ကိုရီးယားအပါအ၀င် ဗီယက်နာမ်၊ တရုတ်၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဂျပန်၊ နီပေါ၊ တီဘက်နှင့် ဘူတန်နိုင်ငံတို့ ပါဝင်ကြမည်ဖြစ်ပါသည်။
ဘုန်းညောန်ဆာတွင် ကျင်းပမည့် ပွဲတော်တွင် ဗုဒ္ဓမြတ်စွာဘုရားအား နိုင်ငံအလိုက် ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အပေါင်းတို့ကို ဆွမ်းဟင်း လောင်းလှူခြင်းနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ကို နိုင်ငံအလိုက် အစားအစာများတို့ဖြင့် ဧည့်ခံကြမည်ဖြစ်ပါသည်။ ပွဲတော်ကို စည်ကား သိုက်မြိုက် ကျင်းပမည်ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာ တိုင်းရင်းသားများ အားလုံး ကြွရောက် အားပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ ပွဲတော်ရက်တွင် မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)က ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလ (ဝေါဆရာတော်)နှင့် ဦးဥတ္တရတို့က ဦးစီးပြီး ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါသည်။
수원역에서 오시는 경우
수원역 맞은 편에서 400, 400-4, 47, 700-2, 7-2, 60, 660, 1007, 730번 노선버스를 타고 경기지방경찰청 봉녕사 입구에서 하차시면 됩니다.
လမ်းညွှန် - ဆူဝါန် ဘူတာ၏ တစ်ဘက်ခြမ်းမှ ၄၀၀၊ ၄၀၀-၄၊ ၄၇၊ ၇၀၀-၂၊ ၇-၂၊ ၆၀၊ ၆၆၀၊ ၁၀၀၇နှင့် ၇၃၀ လိုင်းကားများကို စီးပြီး 경기지방경찰청 봉녕사 입구 တွင် ဆင်းပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, September 6, 2013

၁၅ ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိပွဲတော် ကျင်းပရေးအတွက် ဖိတ်ကြားလွှာ

ရေးသားသူ — အမည် - မြန်မာအသင်း (ကိုရီးယား)
 
၁၅ ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော် 

၁၉၉၈ ခုနှစ် ကိုရီးယားနိုင်ငံ ပူချွန်းမြို့ ၀ါန်မိဂု ဆောဂ်ကွာန်ဆာ ဘုန်းတော်ကြီးတွင် မြန်မာအသင်း (ကိုရီးယား)က ဦးစီး၍ အများတူငှာ ပူဇော်နိုင်စေရန်အတွက် တိလောကမုနိ ဗုဒ္ဓ ဆင်းတုတော်ကို ပင့်ဆောင် ကိုးကွယ်ထားခဲ့ပါသည်။ တိလောကမုနိ ဗုဒ္ဓပူဇနိယ ပွဲတော်ကိုလည်း နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ ၁၄ ကြီမ်မြောက်ရှိခဲ့ပါပြီ။ ယခုနှစ် ၂၀၁၃ ခုနှစ်တွင် ၁၅ ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကို ဆက်လက်၍ အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံရောက် အဖွဲ့အစည်းများ အားလုံးနှင့် မြန်မာနိုင်ငံသားများ အားလုံး ပါဝင် ပူးပေါင်းကြပါရန် နိုးဆော်လိုက်ပါသည်။
  
၁၅ ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည့် အစီအစဉ် 

နေ့ ရက် ။ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်
အချိန် ။ မွန်းတည့်ချိန် ၁၂ နာရီမှ ညနေ ၄ နာရီအချိန်အထိ
နေရာ ။ ပူချွန်းမြို့ ၀ါန်မိဂု ဆောဂ်ကွာန်ဆာ ကျောင်းတော်ကြီးအတွင်း
 
ဧည့်ခံ ဖျော်ဖြေရေး အစီအစဉ် 
၁။ မြန်မာသံတေးဂီတနှင့် အက၊ မျိုးချစ်မောင် ဒိုးပတ် ၊ The Mirrors Band၊ Rainbow Band တို့က တင်ဆက်ကြပါမည်။ 
 ၂။ ယခုနှစ်တွင် ကာရာအိုအေ အစီအစဉ်ကို ထည့်သွင်းထားပါသဖြင့် ကာရာအိုအေ တေးသီချင်းများကို သီဆိုမည့် ပုဂ္ဂိုလ်များသည် ဦးအောင်မျိုးဦး ( ၀၁၀ - ၈၇၉၉ - ၁၂၈၃ ) သို့ ဆက်သွယ်ကြပါ။ 

ကံစမ်းမဲ အစီအစဉ် 
၃။ မြန်မာအသင်း(ကိုရီးယား) ရံပုံငွေ အဖြစ် ကံစမ်းမဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန် - 
 ဦးခင်မောင်ရင် = ဝ၁ဝ- ၂၇၈၈-၇၁၅၃ 
 ဦးသန့်ဇင်အောင် = ဝ၁ဝ- ၉ဝ၅၄-၄၇၂၇ 
ဦးဝင်းမြင့်ဦး = ဝ၁၁-၂၉၂၉-၅၄၂ 
ဦးဝင်းနိုင်ဦး = ဝ၁ဝ- ၈၆၄၈-၄၅၃၃

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, August 28, 2013

ကြယ်စင်မြန်မာစားသောက်ဆိုင် ဆိုင်သစ်ဖွင့်ပွဲ ဖိတ်ကြားလွှာ

ကိုရီယားနိုင် ငံရောက်ညီအကိုမောင်နှမများရှင့့် 
ကြယ်စင်မြန်မာစားသောက်ဆိုင် ဆိုင်သစ်ဖွင့်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်အားပေးသုံးဆောင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ရက်စွဲ-
31 -8 -2013 (စ နေ နေ့ )

အချိန် -
ည နေ 5နာရီ မှ 9 နာရီ အထိ

အစီအစဉ်-
မြန်မာထမင်း ပာင်းဖြင့် ဧည့်ခံကြွေးမွေးပါမည် ။

ဆိုင်နေရာ လမ်းညွန်-
ဒယ်ဂုတ် လမ်းဆုံ မှတ်တိုင် (김포, 대곶면사거리)

ကြယ်စင် စားသောက်ဆိုင် မှ မြန်မာ အစားအစာ အသုပ်စုံ နှင့် တရုတ် အစားအစာများကို စားသုံးသူမိတ်ဆွေများ စိတ်တိုင်းကြ မှာယူစားသုံးနိုင်ပါသည်။

အားလုံးကိုခင် မင်လေးစားလျှက်-
ကြယ်စင် မြန်မာစားသောက်ဆိုင်
မနန်းစန္ဒာထွန်း
- 010-2126-3031
- 010-7264-7795

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, July 24, 2013

ကိုရီးယား ယဉ်ကျေးမှု လေ့လာရေး နှင့်အပမ်းဖြေခရီး အခမဲ့ လိုက်ပါနိုင်ကြောင်း

ရေးသားသူ — ဓမ္မဒူတ(ကိုရီးယား)

ဇူလိုင်၂၄ ၊ အင်ချောန်း

ဓမ္မဒူတမောင်မယ်များက ၊ ကိုရီးယားမြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အဖြစ် ၊ ကိုရီးယားယဉ်ကျေးမှုလေ့လာရေးနှင့် အပမ်းဖြေခရီးကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်ပါသဖြင့် အတူလိုက်ပါလိုသူများ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်-

ရက်စွဲ -
၂၀၁၃ခုနှစ် ဇူလိုင်လ ၂၈ ရက် (တနင်္ဂနွေနေ့)

အစီအစဉ်များ-
- နံက် ၈ နာရီ ၃၀ စုရပ် (ဓမ္မဒူတ-ကိုရီးယား) မှ ထွက်ခွါခြင်း ။
- နံက် ၉နာရီ၃၀ မှ ၁၁နာရီထိ Geumgang Jeongsa Temple ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် ။
- နေ့လည် ၁၁ နာရီ၃၀ မှ ၁၂နာရီ၃၀ထိ နေ့လည်စာ သုံးဆောင်ခြင်းနှင့် အနားယူခြင်း။
- မွန်းလွဲ ၁၂နာရီခွဲ သမိုင်းဝင် ဂွမ့်ဂမ်ဂျောင်ဆာ(Geumgang Jeongsa Temple) မှ ဆောအူးမြို့တော် လေ့လာရေးခရီးသို့ ။
- မွန်းလွဲ ၁နာရီ၃၀ ၊ ကမ္ဘာကျော် ဆောအူးလ်အပမ်းဖြေဥယျာဉ်(Seoul Land)တွင်း အပမ်းဖြေခြင်း။
- ညနေ၅နာရီ၃၀ ၊ ခရီးစဉ်ပြီးဆုံးခြင်းနှင့် အမှတ်တရများ။

စိတ်ပါဝင်စားသူများ ၂၀၁၃ နှစ် ဇူလိုင် ၂၇ ရက် (စနေနေ့) နေ့လည် ၁နာရီ ၃၀မိနစ် နောက်ဆုံးထားပြီး ၊၀၁၀-၆၈၇၄-၃၃၉၄ထံ စာရင်းပေးသွင်းနိုင်ကြပါသည် ။

ဤ အစီအစဉ်မှာ ကိုရီးယား ဂျိုဂဲဗုဒ္ဓဘာသာဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာနှင့် ဓမ္မဒူတယဉ်ကျေးမှုအသင်း(ကိုရီးယား) တို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကိုရီးယား ယဉ်ကျေးမှုကို လေ့လာသိရှိနိုင်ရေးနှင့် ကိုရီးယားနိုင်ငံသားများကလည်း မြန်မာ့ယဉ်ကျေးမှုကို နားလည်သိရှိနိုင်ကြစေရေးအတွက်လည်းကောင်း ၊ မြန်မာအလုပ်သမားများ အလုပ်အားရက်တွင် စိတ်လက်အပမ်းပြေမှုရရှိကြစေရန်လည်းကောင်း ၊ ကိုရီးယားမြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အဖြစ် စီစဉ်ခဲ့ခြင်းဖြစ်ပါသည် ။

မှတ်ချက်-
- လူဦးရေ ကန့်သတ်ထားသည် ။

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။

ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, July 4, 2013

GLOBAL TOP စားသောက်ဆိုင်က ဖိတ်ကြားအပ်ပါသည်။

ရေးသားသူ အမည် = GLOBAL TOP စားသောက်ဆိုင် 

GLOBAL TOP စားသောက်ဆိုင်၏ နှစ်ပတ်လည်အဖြစ် ဇူလိုင် ၇ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ နေ့လည် ၂နာရီအချိန်အထိ နန်းကြီးသုပ်နှင့် လက်ဘက်ရည်တို့ဖြင့် ဧည့်ခံမည်ဖြစ်ပါသည်။ 

မိတ်ဟောင်း ဆွေဟောင်း၊ မိတ်သစ် ဆွေသစ် အားလုံး GLOBAL TOP စားသောက်ဆိုင်သို့ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ 

ယနေ့တိုင်အထိ Global Top စားသောက်ဆိုင်သို့ လာရောက် အားပေးကြသူများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။ 

GLOBAL TOP စားသောက်ဆိုင်ကို ဆက်လက်၍လည်း အားပေးကြပါရန်နှင့် အရသာရှိသော အစားအစာများကို ဆက်လက်ကြိုးစားနေဦးမည့် GLOBAL TOP စားသောက်ဆိုင် -

ဆက်သွယ်ရန်
မသန့် ( ၀၁၀ - ၅၅၉၀ - ၈၈၄၃ )
ဟန်ဆွေဦး ( ၀၁၀ - ၂၉၃၂ - ၁၂၀၈ )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, June 28, 2013

ဇူလိုင် ၆၊ ၇ ရက် မာန်လီဖိုသို့ အပန်းဖြေသွားကြရအောင်

ရေးသားသူ - မြန်မာအသင်း (ကိုရီးယား)


ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာအပေါင်းတို့ခင်ဗျာ -
လာမည် ဇူလိုင် ၆ ရက် စနေနေ့မှ ၇ ရက် တနင်္ဂနွေနေ့အထိ ပူချွန်းရွှေ့ပြောင်းနေထိုင်သူများ ကူညီစောင့်ရှောက်ရေး စင်တာ (ယခင် ပူချွန်းနိုင်ငံခြားသား အလုပ်သမားများရိပ်သာ)က ဦးစီး၍ ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသား မိသားစုများ၏ အဖွဲ့အစည်းတို့ စုပေါင်း၍ ကိုရီးယားနိုင်ငံ အနောက်ဘက် အလယ်ပိုင်းရှိ ချူ(န်)နာမ် ထဲအာန်ဂု(န်) မာန့်လီဖို ပင်လယ်ကမ်းခြေသို့ အောက်ပါ အစီအစဉ်အတိုင်း အပန်းဖြေ သွားမည်ဖြစ်ပါသဖြင့် လိုက်ပါမည့် ရွှေမြန်မာတို့ ဇူလိုင် ၃ ရက် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး ဆက်သွယ်ပေးကြပါရန် နိုးဆော်လိုက်ရပါသည်။ တစ်ဦးလျှင် စရိတ်ငြိမ်း ၄၂၊ ၀၀၀ (၀မ်)ဖြင့် ဦးရာလူ စနစ်ဖြစ်ပါသည်။
ဇူလိုင် ၆ ရက် စနေနေ့ ပူချွန်း ရွှေ့ပြောင်းနေထိုင်သူများ ကူညီစောင့်ရှောက်ရေးစင်တာ ရှေ့မှ ကားများ
နေ့လည် ၃ နာရီ တကြီမ်၊ ညနေ ၅ နာရီ တကြီမ် နှစ်ကြီမ်ခွဲ ထွက်မည်ဖြစ်ပါသည်။
 ဇူလိုင် ၇ ရက် တနင်္ဂနွေနေ့ ညနေ ၄နာရီတွင် မာန်လီဖိုမှ ကားများ ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။ 

ဆက်သွယ်ရန် -
ဦးခင်မောင်ရင် ( ဥက္ကဌ၊ မြန်မာအသင်း (ကိုရီးယား)) ၀၁၀ - ၂၇၈၈ - ၇၁၅၃
ဦးသန့်စင်အောင် ( ဒုတိယ ဥက္ကဌ၊ မြန်မာအသင်း (ကိုရီးယား)) ၀၁၀ - ၉၀၅၄ - ၄၇၂၇




ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, June 25, 2013

ဂျိုဂဲဆာ (조계사) ရွှေ့ပြောင်းသူများ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်

ကိုရီးယား ဂျိုဂဲဗုဒ္ဓဘာသာအသင်းကြီး(조계사)၏ ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းသူများ ချစ်ကြည်ရေးအစီအစဉ်ဖြင့် ၊ သမိုင်းဝင် ဂယောင်းဘု-ခ် နန်းတော် (경북궁) နှင့် ရွေ့ပြောင်းသူများယဉ်ကျေးမှုပွဲတော် လေ့လာရေးနှင့် အမှတ်တရ ခရီး အခမဲ့ လိုက်ပို့မည် ။ အစီအစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်-

ရက်စွဲ-
၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ၊ တနင်္ဂနွေနေ့

အချိန်-
နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ

အစီအစဉ်များ-
- နံနက် ၈နာရီ ဘူဖြောင်းဘူတာ ကြိုပို့ယာဉ် မှစတင်ထွက်ခွါပါမည် ။
- နံနက် ၉ နာရီခွဲ ဆောအူးလ် ၊ ဂယောင်းဘု-ခ် နန်းတော်(경북궁) သို့ရောက်ရှိပါမည် ။
- နေ့လည် ၁၂ နာရီခွဲ နေ့လည်စာသုံးဆောင်ကြပါမည် ။
- နေ့လည် ၁ နာရီ ၊ ဂျိုဂဲဆာသို့ ခရီးဆက်မည်။
- နေ့လည် ၂ နာရီ (ဂျိုဂဲဆာ) ရွှေ့ပြောင်းသူများယဉ်ကျေးမှုပွဲတော်သို့ ပါဝင်ဆင်နွဲကြပါမည်။

***

• ဂယောင်းဘု-ခ်နန်းတော်သည် ဆောအူးလ်မြို့တော်ရှိ ၊ နန်းတော်ကြီး ၄ခုအနက် အထင်ရှားဆုံးနန်းတော်ဖြစ်ပါသည် ။
• ကြိုပို့ယာဉ်နှင့် နေ့လည်စာကို ဂျိုဂဲဆာမှ တောက်ပံ့လှူဒါန်းပါသည် ။
• လိုက်ပါလိုသူများ ၀၁၀-၂၃၃၁-၂၄၅၇ ထံ ၊ ဇွန်လ ၂၈ ညနေ ၆ နာရီ နောက်ဆုံးထားစာရင်းတင်သွင်းနိုင်ကြပါသည် ။
• လူဦးရေ ၄၀ ဦးသာ လက်ခံပါမည် ။
လေးစားခင်မင်မှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 31, 2013

၈ ကြိမ်မြောက် အာရှမိတ်ဆွေပွဲတော် ကျင်းပမည်

မေလ ၃၀ ရက် ၊ ဘူဖြောင်း

အင်ချောန်းမြို့တော် ၊ ဂန်ဟွာမြို့နယ် (강화군) ရှိ ဂျောန်ဒွန့်ဆာ ဘုန်းတော်ကြီးကျောင်း (전등사) မှ ကြီးမှူးပြီး ၈ ကြိမ်မြောက် ဧည့်နိုင်ငံသားများ ယဉ်ကျေးမှုပွဲတော် (제8회 이주민 문화축제) ကို အာရှမိတ်ဆွေ (아사아는 친구) ခေါင်းစဉ်ဖြင့် ၂၀၁၃ ခုနှစ် ဇွန်လ ၂ ရက် (တနင်္ဂနွေ) နေ့လည် ၁၀ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီ ထိ ၊ ဂျောန်ဒွန့်ဆာ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။

ပွဲတော်သို့ မြန်မာညီအစ်ကိုများလည်း ခါတိုင်းနှစ်များကဲ့သို့ တစ်တပ်တစ်အား ပါဝင်ဆင်နွဲကြမည်ဖြစ်ကြောင်း ၊ ကြိုပို့ကား ဘူဖြောင်းဘူတာရှေ့ (ရဲစခန်းအနီး)မှ နံနက် ၉နာရီခွဲတွင် စတင် ထွက်ခွါရန် စီစဉ်ထားကြောင်း ၊ အစီအစဉ်အစ အဆုံး အခမဲ့ ဖြစ်ကြောင်း ၊ စိတ်ပါဝင်စားလိုက်ပါလိုသည့် မြန်မာ ညီအစ်ကို မောင်နှများ ဇွန်လ ၂ ရက် နံနက် ၉နာရီ ၂၅ မိနစ်ထက် နောက်မကျစေဘဲ ကားထွက်မည့်နေရာသို့ ကြွရောက်စေလိုကြောင်း သက်ဆိုင်ရာက နှိုးဆော်ထားပါသည် ။

ပွဲတော်တွင် ၊ စက္ကူရုပ်များ ပြုလုပ်ခြင်း ၊ ကြယ်သီး ပြုလုပ်ခြင်း ၊ ဆီမီးခွက် ပြုလုပ်ခြင်း ၊ ကြာမီးအိမ်ပြုလုပ်ခြင်း ၊ နေ့လည်စာ ဘူဖေး သုံးဆောင်ခြင်း ၊ ကိုရီးယားရိုးရာ ဓလေ့နှင့် ယဉ်ကျေးမှုများ မိတ်ဆက် ၊ အခမဲ့ ဆေးကုသမှု အစီအစဉ်များ ၊ အမှတ်တရ လက်ဆောင် တူညီဝတ်စုံများဝေငှပေးခြင်း ၊ ဧည့်နိုင်ငံသားများက သက်ဆိုင်ရာ နိုင်ငံများအလိုက် ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်ခြင်း စသည်တို့ပါရှိမည်ဟု ဆိုသည် ။

အစီအစဉ်များတွင် ပါဝင်လိုသည့် မြန်မာ အဆို အတီး အက ဝါသနာရှင်များ (ပညာရှင်များ) လည်း လိုက်ပါ ဖျော်ဖြေတင်ဆက်နိုင်ကြောင်း သိရသည် ။

ဂျောန်ဒွန့်ဆာသည် ကိုရီးယားရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဒေသဖြစ်ကြောင်း ၊ ကုလသမဂ္ဂ၏ မှတ်တမ်းဝင် သမိုင်း အမွေအနှစ် တစ်ခုဖြစ်ပြီး ၊ နိုင်ငံခြားသားများ သွားရောက် လေ့လာ သင့်သည့် မြန်မာ့ပုဂံဒေသကဲ့သို့သော စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်ကြောင်း၊ ကိုရီးယားသို့ရောက်လာပြီး ဂျောန်ဒွန့်ဆာသို့ မရောက်ဖူးပါက ကိုရီးယားသို့ ရောက်ခြင်းမမည်ဟုပင် ကိုရီးယားလူကြီးသူမများက တင်စားပြောဆိုလေ့ရှိကြောင်းလည်း သိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, May 21, 2013

ဗုဒ္ဓနေ့ ပူဇော်ပွဲ ဖိတ်ကြားခြင်း

ရေးသားသူ — သန္တိကရဝိဟာ၇
ဗုဒ္ဓနေ့ ပူဇော်ပွဲ ဖိတ်ကြားခြင်း ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အထွတ်အမြတ်ထားသော နေ့ထူးနေ့မြတ်များတွင် တစ်နေ့အပါအဝင်ဖြစ်သည်။ ထေရဝါဒပိဋကတ်တော် ဗုဒ္ဓဝံသအဋ္ဌကထာ၌ “ဝိသာခနက္ခတ္တေန ဇာတော စ အဘိသမ္ဗုဒ္ဓေါ စ ပရိနိဗ္ဗုတော စ” (ဝိသာခနက္ခတ်နှင့်ယှဉ်သော ကဆုန်လပြည့်တွင် ဗုဒ္ဓလောင်းလျာ မွေးဖွားခြင်း၊ ဘုရားအဖြစ်သို့ရောက်ခြင်း၊ ပ၇ိနိဗ္ဗာန်စံတော်မူသည်။) လို့လာသည်နှင့်အညီ ထူးမြတ်သောနေ့အဖြစ် မှတ်ယူကြသည်။ ဗုဒ္ဓလောင်းလျာ ဖွားမြင်တော်မူခြင်းနှင့် ပါတ်သက်လို့ “….ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလိုက်ဆူ၊ ဖွါးတော်မူသည်…….”၊ လို့ စပ်ဆိုခဲ့သည်။ ဘု၇ားအဖြစ်သို့ရောက်တော်မူခြင်းနှင့်ပါတ်သက်လို့ “…..တော၇ပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်….”လို့လည်းကောင်း။ ပ၇ိနိဗ္ဗာန်စံတော်မူခြင်းကိုလည်း “…….ကုသိန္နာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊…”လို့ ကျေးဇူးတော်၇ှင် လယ်တီဆရာတော်ဘုရားကြီးက ကဗျာဖြင့်ေ၇းစပ်ပူဇော်ခဲ့ပေသည်။ ထိုသို့ထူးမြတ်သောနေ့တွင် ဗုဒ္ဓမြတ်စွာကို အထူးတလည်အမှတ်ရ ဗုဒ္ဓဘာသာဝင်များသည် အထူးတလည် ပူဇော်ပွဲများပြုလုပ်လေ့ရှိကြပါသည်။ လပြည့်နေ့သည် သောကြာနေ့ ဖြစ်သောကြောင့် လပြည့်ကျော်(၁)၇က် (၂၅-၅-၂၀၁၃) စနေနေ့ညတွင် ရိုး၇ာအစဉ်အလာမပျက် ဗုဒ္ဓပူဇနိယပွဲကို အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဗုဒ္ဓကိုကြည်ညိုလေးမြတ်ကြ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုထားကြသော ကိုရီယားရောက်ေ၇ွှမြန်မာများကို မြတ်ဗုဒ္ဓ၏ဂုဏ်တော်များ ရွတ်ဖတ်ပူဇော်၇င်း အတူတကွ ကုသိုလ်၇ယူနိုင်ပါရန် နိုးဆော်တိုက်တွန်း ဖိတ်ကြားလိုက်ပါသည်။ ကိုသိုလ်တူပြု၊ နိဗ္ဗာန်ဆု၊ တောင်းမှုပြည့်နိုင်မည်။ နေ၇ာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့ အချိန် - ည (၈)နာ၇ီခန့် နေ့၇က် - (၂၅-၅-၂၀၁၃) စနေန့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>