Monday, May 12, 2014

(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီး အခမဲ့ အစီအစဉ် မြန်မာလုပ်သားများ လိုက်ပါနိုင်ပါသည်

ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဓမ္မဆရာများ အသင်း (International Dharma Instructors' Association, Korea) က ဦးစီး စီစဉ်သော ၊ “(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီး " အစီအစဉ် ကို၂၀၁၄နှစ် မေလ ၁၈ရက် (တနင်္ဂနွေနေ.) တွင် အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း ဆောင်ရွက်မည်ဖြစ်ရာ စိတ်ပါဝင်စားသူများ အမြန်ဆုံးစာရင်းပေးသွင်းပြီး အခမဲ့ လိုက်ပါနိုင်ကြပါကြောင်း သတင်းမောင်းထုလိုက်ပါသည် -
-
ရက်စွဲ--
- မေ-၁၈ (တနင်္ဂနွေ) -

အချိန်--
- နံနက် ၉ နာရီ ၃၀ မိနစ် မှ ညနေ ၆ နာရီထိ-

ပါဝင်ကြမည့်သူများ-
- မြန်မာ ၊ သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ် ၊ နီပေါ ၊ အလုပ်သမားများနှင့် ပညာတော်သင် ကျောင်းသား ကျောင်းသူများ ။ (တစ်နိုင်ငံလျင် ၂၅ ဦးစီ ၊ ဦးရာလူစနစ်) -

အစီအစဉ်--
- ဘုန်အွန်ဆာ ၊ ဆိုးလ်တာဝါ (နမ်ဆန်တာဝါ) ၊ ဟန်အုတ် တိုင်းရင်းသားရွာ ၊ ချန်ဂယောင်းနန်းတော် ၊ ယုံဆန် မိသားစု ဥယျာဉ်မြို့တော် ။-

စုရပ် (Meeting Point) – -
- Subway Line .No-2,삼성역[Samseong Station) Exit No.2 (Time : 9:00 AM) -
(နံနက် ၈ နာရီ တိတိတွင် ဘူဖြောင်းဘူတာမှ စတင်ထွက်ခွါပါမည်)

အဆိုပါ အစီအစဉ်မှာ ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသားများအနေဖြင့် ကိုရီးယားယဉ်ကျေးမှုကို အကျွမ်းတဝင်ရှိလာကြစေရန် နှင့် အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိကြစေရန် ရည်ရွယ်ချက်ထားရှိကြောင်း သိရသည် ။
ထို့ပြင် အဆိုပါ ခရီးစဉ်စဆုံးကို မိမိစရိတ်ဖြင့်သွားရောက်မည်ဆိုပါက ဝမ် ၁ သိန်းခန့်ကုန်ကျမည်ဖြစ်ကြောင်းလည်း သိရပါသည် ။-

စာရင်းပေးသွင်းရန်--
ဖုန်း ၀၁၀-၂၃၃၁-၂၄၅၇-

လေးစားမှုဖြင့်--
ဦးတယ်လီတော်ကီ
၂၀၁၄၀၅၁၂

No comments: