Wednesday, November 28, 2012
Saturday, April 14, 2012
၁၂ ကြိမ်မြောက် နှစ်သစ်ကူးအတာသင်္ကြန်ပွဲ ဖိတ်ကြားခြင်း
ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
မြန်မာ့ရိုးရာ နှစ်ဟောင်းလွန်မြောက် နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယ တန်ခူးလ၌ နှစ်ဟောင်းမှ ပြုခဲ့သမျှ အညစ်အကြေးများ လွင့်ပျောက်စေခြင်းငှာ ရေဖြင့်ဆေးကြောသုတ်သင်၊ ကုသိုလ်ကောင်းမှုယူငင်ကြသည့် အတာသင်္ကြန် နှစ်သစ်ကူးပွဲတော်အား တောင်ကိုရီးယားနိုင်ငံတွင် မြန်မာအသင်း(ကိုရီးယား)၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပခဲ့ကြရာ ယခုနှစ်တွင် ၁၂ ကြိမ်မြောက် အတာနှစ်ကူး သင်္ကြန်ပွဲတော်အား ကျင်းပသွားမည် ဖြစ်ပါသဖြင့် တောင်ကိုရီးယားနိုင်ငံ ဒေသအသီးသီးရှိ မြန်မာညီအစ်ကို မောင်နှမများအား ဖိတ်ကြားအပ်ပါသည်။
မြန်မာအသင်း(ကိုရီးယား)နှင့် အခြားသော အဖွဲ့အစည်းအသီးသီးမှ တည်ခင်းဧည့်ခံကြမည့် စတုဒီသာများကို သုံးဆောင်ရင်း ရိန်းဘိုးတေးဂီတ၊ မျိုးချစ်မောင်ဒိုး၊ ယိမ်းအက၊ မွန်၊ ချင်း အစရှိသော တိုင်းရင်းသား ဖျော်ဖြေမှုများကို နားသောတဆင်ရင်း လုပ်ငန်းခွင် ဒုက္ခအစုံစုံ၊ ဘ၀အမော အဖုံဖုံတို့အား နှစ်ဟောင်းတွင် ထားရစ်၊ ချန်ရစ်နိုင်ကြစေရန် အတူတကွ လာရောက်ဆင်နွှဲကြပါရန် မြန်မာအသင်း(ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့မှ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် = ၂၀၁၂ ဧပြီလ ၁၅ တနင်္ဂနွေနေ့
နေရာ = ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့(종합 운동장)
အချိန် = မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီ

မဟာသင်္ကြန်ပွဲတွင် ပူးပေါင်း ပါဝင်ကြမည့် ကိုရီးယား အခြေစိုက် မြန်မာအသင်းအဖွဲ့ မဏ္ဍပ်များနှင့် ဧည့်ခံကျွေးမွေးကြမည့် စတုဒီသာများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁) ဗုဒ္ဓသာသနာပြုကျောင်းတော် ----- ဆီထမင်း + လက်ဖက်ရည်
၂) သန္တိကရ ၀ိဟာရ ကျောင်းတော် (အန်ဆန်းမြို့) ----- ကွတ်တီယို
၃) အောင်ဆန်းဘောလုံးအသင်း ----- ပေါင်မုန့်ကြက်ဥကြော်
၎) ရခိုင်အသင်း (ကိုရီးယား) ----- ရခိုင်မုန့်တီ + လှော်စာ
၅) ချောင်းဦးအသင်း (ကိုရီးယား) ----- အသုတ်စုံ
၆) မွန်အသင်း ----- အအေးဖျော်ရည်
၇) အန်ဆန်းရှီဟွာ ----- ပေါက်စီ + လက်ဖက်ရည်
၈) မိုးကြိုးဘောလုံးအသင်း ----- ၀က်သားတုတ်ထိုး
၉ ) ပြည်သူ့ဂုဏ်ရည် (ကိုရီးယား) -----
၁၀) ကိုရဲနိုင်ဝင်းနှင့် သူငယ်ချင်းများ ----- Cheese Cake + လက်ဖက်ရည်
၁၁) BAK ----- မုန့်လုံးရေပေါ်
၁၂) အဖြူရောင်မေတ္တာ လူငယ်များ ----- သာကူ
၁၃) NLD ----- ဘယာကြော်သုတ်
၁၄) သပြေ -----
၁၅) မြန်မာစင်တာ ----- ကြာဇံဟင်းခါး
၁၆) Global Top (အကျိုးဆောင်လုပ်ငန်း) ----- ပဲသုတ်
၁၇) ယိုးဒယားအဖွဲ့ ----- ဖက်ထုပ်ကြော်
၁၈) 곤지암 လူငယ်များ -----
၁၉ ) ကင်ပို လူငယ်များ ----- အအေးစုံ
၂၀) ဂွမ်ဂျူးလူမှုရေးအသင်း ----- တိုဟူးသုတ်
၂၁) Lotus Foundation International (Korea) ----- ငှက်ပျော်သီးပေါင်း
(အဆိုပါ မဏ္ဍပ်များမှာ ပါဝင်ဆောင်ရွက်ကြမည့် ညီအကိုများအနေဖြင့် ပွဲတော် မကျင်းပမှီ မနက် ၁၀ နာရီခန့်တွင် လာရောက်ကြပြီး ကြိုတင်ပြင်ဆင်ကြပါရန်နှင့် လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ ကြိုတင်အကြောင်းကြားပေးကြပါရန် နှိုးဆော်အပ်ပါသည်။)
ဦးဝင်းမြင့်ဦး- ၀၁၁ ၂၉၂၉ ၅၄၂
ဦးခင်မောင်ရင်- ၀၁၁ ၂၇၈၈ ၇၁၅၃
ဦးသန့်ဇင်အောင်- ၀၁၀ ၉၀၅၄ ၄၇၂၇
ဦးဝင်းနိုင်ဦး - ၀၁၀ ၈၆၄၈ ၄၅၃၃
*** စိုးစာဘူတာ ထွက်ပေါက် ၁ အနီးမှ အမှတ် ၉၅၊ ၆၀၊ ၉ ဘတ်စ်ကားများ *** သို့မဟုတ်
ပူချွန်းဘူတာမှ ဘတ်စ်ကား အမှတ် ၃ စီး၍ 부천 종합운동장 (ဘုချောန်းဂျုံဟပ်အွန်ဒုံဂျန်) တွင် ဆင်းပါ။
Saturday, January 21, 2012
အင်ပါယာတီးဝိုင်း နှင့် အနုပညာရှင်များ ကိုရီးယားသို့ ရောက်ရှိ
ဇန်နဝါရီ ၂၁ ၊ အင်ချောန်းမြို့တော် ။
ဇန်နဝါရီ ၂၂ ၊ ၂၃ ၊၂၄ ရက်များတွင် ကျရောက်မည့် ၂၀၁၂ ခုနှစ် ကိုရီးယားနှစ်သစ်ကူးပွဲတော်ကာလ ၊ ဘူချောန်းပြည်သူ့ခမ်းမ (Bucheon Citizen Hall) ၌ ဖြေဖျော်တင်ဆက်ကြမည့် အင်ပါယာတီးဝိုင်းမှ ဂီတပညာရှင်များ အုပ်ချုပ်သူများနှင့် အဆိုတော်များ ယနေ့ နံနက် ၇ နာရီအချိန် အပြည်ပြည်ဆိုင်ရာ အင်ချောန်းလေဆိပ်မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။
အဆိုတော်များမှာ ဇော်ဝင်းထွဋ် ၊ နောနော် ၊ ချမ်းချမ်း နှင့် မယ်လိုဒီတို့ဖြစ်ကြောင်း ၊ အဆိုပါ အနုပညာရှင်များက ဟန်းဂုရွာမှ တစ်ဆင့် ကိုရီးယားနိုင်ငံရောက် မြန်မာများအား ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ၊ အထူးအစီအစဉ်အဖြစ် ယနေ့ ညနေပိုင်း ၄နာရီမှ ၅နာရီထိ စကားဝါစားတော်ဆက်တွင်လည်းကောင်း ၊ ၅နာရီမှ ၆ နာရီထိ မြန်မာသူကြီး စားတော်ဆက် (ဘူဖြောင်း) တွင်လည်းကောင်း ၊ ၆နာရီမှ ၇ နာရီထိ အမေ့အိမ်စားတော်ဆက်တွင်လည်းကောင်း အမှတ်တရ လက်မှတ်ရေးထိုးခြင်း ၊ ဓါတ်ပုံရိုက်ခြင်းနှင့် ကျန်ရှိသော ရုံဝင်လက်မှတ်များရောင်းချပေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။
Wednesday, January 18, 2012
2012 ကိုရီးယားနှစ်ကူး (အင်ပါယာ) ဂီတပွဲတော် ထိုင်ခုံနံပါတ်(နေရာ)များ ရယူကြပါရန်
လာမည့် ဇန္နဝါရီလ ၂၂ ၊ ကိုရီးယားနှစ်ကူးပွဲ (အင်ပါယာ) ဂီတပွဲတော်ကို ၊ ဘူချောန်းမြို့တော် ပြည်သူ့ခမ်းမ (Bucheon Citizen Hall) (Click Here) တွင် ကျင်းပမည်ဖြစ်ကြောင်း ၊ ထိုင်ခုံနေရာပြဇယားမှာ (Click Here ) အတိုင်းဖြစ်ကြောင်း ၊ ထိုင်ခုံနေရာများကို ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း ၊ မူလ ထိုင်ခုံအမှတ်မပါ (နေရာလွတ်လက်မှတ်) ဝယ်ယူထားသူများ ထိုင်ခုံအမှတ် အမြန်ဆုံးရယူကြပါရန် လေးစားစွာ အသိပေးအပ်ပါကြောင်း နှင့် အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကြစေလိုကြောင်း ၊ သက်ဆိုင်ရာက ကြေညာထားပါသည် -
ဆက်သွယ်ရန် -
- 010-9086-2290
- 010-8330-1792
- 010-4129-2290
Monday, January 16, 2012
Sunday, January 8, 2012
ကိုရီးယား နှစ်သစ်ကူး ဂီတပွဲတော်လက်မှတ် ရောင်းနေပါပြီ
ကိုရီးယား နှစ်သစ်ကူး ဂီတပွဲတော်လက်မှတ် ရောင်းနေပါပြီ
လာမည့် ကိုရီးယားနှစ်ကူးပိတ်ရက် ၊ ဇန္နဝါရီလ ၂၂ ရက် တနင်္ဂနွေနေ့တွင် ဘူချောန်း ပြည်သူ့ခမ်းမတွင် ပြုလုပ်မည့် ကိုရီးယားနှစ်ကူး မြန်မာ ဂီတပွဲတော် (အင်ပါယာတီးဝိုင်း) ရုံဝင်လက်မှတ်များကို အောက်ပါနေရာများတွင် ယနေ့ ဇန္နဝါရီ ၈ ရက် တနင်္ဂနွေနေ့မှစ၍ စတင် ရောင်းချပေး နေပြီဖြစ်ကြောင်း သတင်းရရှိပါသည် -
- အမေ့အိမ် (010-9066-2290)
- စကားဝါ (010-4626-7571)
- မြန်မာသူကြီး(011-9360-1792)
- ဆုံဆည်းရာ(010-2707-3236)
- ရွက်လှအိမ်(010-4303-0399)
- ရွှေမြန်မာ(010-7726-7310)
- Golden Store (010-4758-6788)
- နမ့်ယင်း (010-2782-6911)
- ရွှေမြင့်မိုရ် (010-9058-7475)
ရုံဝင်လက်မှတ် ၁ စောင်လျင် ဝမ် ၅သောင်းဖြစ်ကြောင်း ၊ အင်ပါယာဂီတတီးဝိုင်းနှင့်အတူ မြန်မာ နာမည်ကြီး အဆိုတော်များ ဖြစ်ကြသည့် ၊ ဇော်ဝင်းထွဋ် ၊ နောနော် ၊ ချမ်းချမ်းနှင့် မယ်လိုဒီတို့ ပါဝင်သီဆို ဖျော်ဖြေတင်ဆက်ကြမည်ဟုဆိုပါသည် ။
Sunday, January 1, 2012
Saturday, December 31, 2011
ဒီချုပ်ချစ်သူများ ၊ ထဘီစ ခေါင်းပတ်ဖို့ အသင့်ပြင်ထားကြ
မြန်မာအရပ်သားအစိုးရက ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာလိုက်ပါပြီ ။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီ/ချုပ်) ကလည်း ရွေးကောက်ပွဲဝင်ဖို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြတာ ဟန်ဂုရွာသားများ သိရှိကြပြီးပါပြီ ။
အဲသည်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လှုံ့ဆော်ရေး အတွက်ဆိုပြီး ဒီချုပ်ရဲ့ ပထမဆုံး မဲဆွယ်သီချင်းလည်းထွက်လာပါတယ် ။ သီချင်းက ဟစ်ဟော့ လိုလို သံချပ်လိုလို သီချင်းအမျိုးအစားဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် အတိုင်အဖောက်နှင့် အော်ဟစ်သီဆိုတဲ့ သီချင်းမျိုးဖြစ်ပါတယ် ။
သီချင်းစာသားထဲမှာ
"အမေ့ထဘီစ ခေါင်းမှာပတ်လို့ အနာဂါတ်လှဖို့ မဲပေးကြစို့ "
" NLD အောင်ပွဲက မြန်မာတို့ရဲ့ထီးတင်ပွဲ "
" အမေ့ထဘီစက အန္တရာယ်လမ်းကို ပန်းခင်းတယ် "
" အမေ့ထဘီစကို နားတောင်းလုပ်လို့ နားမှာပန်လျင် ကျည်မီးမကူးဘူး "
" ဒေါ်စုကြည် အမေ့ထဘီစက ငါတို့အတွက် လမ်းပြအလင်း"
စတဲ့ စာသားတွေကကို ဆက်တိုက် ရွတ်ဖတ် ထားတယ်လို့ ဆိုပါတယ် ။
ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ မြန်မာ့ခေတ်သစ် ဂီတပညာရှင်လေးများ အဆိုတော်လေးများ ၊ ဝိုင်းဝန်း ဖေးမပြီး လက်စွမ်းရော နှုတ်စွမ်းပါ ပြထားကြတဲ့ NLD ရဲ့ ရွေးကောက်ပွဲမဲဆွယ်သီချင်းပါ ။
နားဆင် ခံစား ကြည့်တော်မူကြပါခင်ဗျာ ။
Election 2012 NLD by M-netizen
လေးစားမှုဖြင့်-
M-netizen
Tuesday, December 27, 2011
ကိုရီးယားနှစ်ကူးပွဲတော်ကာလ ၊ အင်ပါယာတီးဝိုင်း ဂီတပွဲတော်ကျင်းပမည်
လာမည့် ဇန္နဝါရီလ ၂၂ မှ ၂၄ ရက်အတွင်း ကျရောက်မည့် ကိုရီးယားနှစ်ကူးပွဲတော်အတွင်း ၊ ကိုရီးယားရောက် မြန်မာများ စိတ်လက်အပမ်းဖြေမှုရှိစေရေး နှင့် ကိုရီးယား မြန်မာ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး ၊ ရည်ရွယ်ချက်များဖြင့် မြန်မာ ဂီတပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါဂီတပွဲတော်မှာ ကိုရီးယားမြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း နှင့် ၊ ပွဲတော်တွင် အင်ပါယာတီးဝိုင်းနှင့်အတူ နာမည်ကျော် ဆူပါ တေးသံရှင်များဖြစ်ကြသည့် ဇော်ဝင်းထွဋ် ၊ နောနော် ၊ မယ်လိုဒီ နှင့် ချမ်းချမ်းတို့ ပါဝင်သီဆို ဖျော်ဖြေကြမည်ဟု ပွဲတော်စီစဉ်သူများက ပြောပါသည် ။
ယခုနှစ်တွင်လည်း ဂီတပွဲတော်ကို ဘူချောန်းမြို့တော် ပြည်သူ့ခမ်းမ (Bucheon Citizen Hall) တွင် ကျင်းပမည်ဖြစ်ပြီး ၊ ရုံဝင်ခမှာ ဝမ် ခြောက်သောင်းဖြစ်ကြောင်း ၊ ကြိုတင်လက်မှတ် ကိုမူ ဝမ် ၅ သောင်းဖြင့်ရောင်းချမည်ဖြစ်ကြောင်း ၊ မကြာမှီ အသေးစိတ်အစီအစဉ်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည် ။
တစ်ယောက်သောသူနှင့် တစ်ခါတည်းချစ်ချင်လို့ပါ
채연 (Chae Yeon) ရဲ့ တစ်ယောက်သောသူ
ချမ်းချမ်းရဲ့ တစ်ခါတည်း ချစ်ချင်လို့ပါ
ချမ်းချမ်းရဲ့ တစ်ခါတည်း ချစ်ချင်လို့ပါ
M-netizen ခံစားတင်ပြသည် ။

