ကိုရီးယားနိုင်ငံကို EPS အလုပ်ပါမစ်စနစ်နဲ့ သွားရောက်ဖို့ စိတ်ကူးရှိပါသလား...
အီးပီအက်စ်နဲ့ သွားရောက်ဖို့ စတင်လုပ်ဆောင်နေပြီလား...
ကိုရီးယားမှာ အီးပီအက်စ်အဖြစ်နဲ့ အလုပ်လုပ်ကိုင်နေပြီလား...
ဘာပဲဖြစ်ဖြစ် အီးပီအက်စ်နဲ့ ပတ်သက်မယ်ဆိုရင် ဒီစာအုပ်ကို ဆောင်ထားပါ။
ဒီစာအုပ်မှာ...
ကိုရီးယားမှာ နေထိုင်လုပ်ကိုင်တဲ့အခါ မလုပ်မဖြစ် လုပ်ဆောင်ရမှာတွေ၊ မသိမဖြစ် နားလည်ရမှာတွေ၊ မပြောမဖြစ် စကားလုံးတွေကို တိတိကျကျ သေသေချာချာ ရှင်းရှင်းလင်းလင်း လမ်းညွှန်ထားပါတယ်။
ကိုရီးယားရဲ့ အလုပ်သမားဆိုင်ရာတွေကို မြန်မာလို လွယ်လွယ်ကူကူနဲ့ ပီပီပြင်ပြင် နားလည်ရမယ်လို့ အာမခံပါတယ်။
ကြော်ငြာချင်ရင်...
ဒီစာအုပ်မှာ ကိုရီးယား-မြန်မာ စီးပွားရေးလုပ်ငန်းများကို
လမ်းညွှန်ကြော်ငြာ အဖြစ် ထည့်သွင်းချင်တယ်ဆိုရင် အောက်ပါအစီအစဉ်အတိုင်း လက်ခံသွားပါမယ်။
၁) 100mmX40mm အကျယ်အ၀န်အတွင်း၊ အဖြူအမည်း ပုံနှိပ်ပါမယ်။
၂) လုပ်ငန်းအမည်၊ အမျိုးအစား၊ ဖုန်းနံပါတ်၊ လိပ်စာ စသည် ထည့်သွင်းနိုင်ပါတယ်။
၃) လိုဂို၊ ဒီဇိုင်း ထည့်လိုရင် ကြော်ငြာရှင်က လုပ်ပြီးပေးရပါမယ်။ (Image resolution: 300dpi, Color: BW, File format: jpg/jpeg/png/gif/psd/ai ဖြစ်ရပါမယ်။)
၎) ၂၀၁၄ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား လက်ခံသွားပါမယ်။
၅) ကြော်ငြာခနဲ့ အသေးစိတ်သိရှိလိုပါက အီးမေးလ် win1000dow.kr@gmail.com, paw369maung@gmail.com သို့ စာဖြင့် ဆက်သွယ်ပါ။ ဖေ့ဘွတ်မှ ဆက်သွယ်ချင်ရင် https://www.facebook.com/marlar.shwe သို့ ဆက်သွယ်ပါ။ ဖုန်းနဲ့ဆိုရင်တော့ +82) 010-2642-5712, +82) 010-4034-5712 သို့ ဆက်သွယ်ပါ။
ထောင်စုပြတင်းစာအုပ်တိုက်မှ စက်တင်ဘာလအတွင်း မြန်မာပြည်နဲ့ ကိုရီးယားမှာ တပြိုင်နက် ထုတ်ဝေဖြန့်ချိပါမယ်။
Monday, August 18, 2014
EPS Guide: အီးပီအက်စ်လမ်းညွှန်
Wednesday, January 16, 2013
ကိုရီးယား - ယိမ်းနွဲ့နေသော ရောင်စုံကြာ စာအုပ် မိတ်ဆက်ပွဲ ကျင်းပ
ထောင်စုပြတင်း စာအုပ်တိုက်မှ ထုတ်ဝေသော “ကိုရီးယား - ယိမ်းနွဲ့နေသော ရောင်စုံကြာ” စာအုပ် မိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ၊ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စင်ထရယ်ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ စာပေ၊ မီဒီယာနှင့် နယ်ပယ်အသီးသီးမှ ဧည့်ပရိသတ် တစ်ရာကျော် တက်ရောက်ကြပြီး၊ စာရေးဆရာ ၆ ဦးက မိတ်ဆက်စကား ပြောကြားခဲ့ကြပါသည်။
ဆရာ ဖေမြင့်၊ ဆရာမ နုနုရည် အင်းဝ၊ ကာတွန်း အော်ပီကျယ်၊ ဆရာ မောင်လွင်မွန် ကသာ၊ ဘလော့ဂါ နေဘုန်းလတ်၊ လူငယ်စာရေးဆရာ သူရဿဝါ တို့က ဤစာအုပ်နှင့် ပတ်သက်၍
သူတို့၏ အမြင်အသီးသီးကို ဟောပြောခဲ့ကြပြီး၊ စာအုပ်တွင် ပါဝင်ရေးသားသူများ ဖြစ်သည့် ဒယ်ဂူးမြို့ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်ဝိစိတ္တနှင့် ညီဇေ တို့က မီဒီယာများ၏ မေးမြန်းသမျှကို ဖြေကြားပေးခဲ့ပါသည်။
မိတ်ဆက်ပွဲသို့ MRTV4, The Voice, Yangon Times, ပြည်သူ့ခေတ် စသည့် သတင်းမီဒီယာများ၊ စာရေးဆရာများ၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြပါသည်။
စာအုပ် ဖြန့်ဝေမှုကိစ္စများကို မာလာရွှေ (မြန်မာပြည် ဖြန့်ချိရေး ကိုယ်စားလှယ်)
Real My Ko Co., Ltd အမှတ် ၁၈၈၊ ဒုတိယထပ်၊ (2B) ပန်းဆိုးတန်းလမ်း (အလယ် )၊ ရန်ကုန်မြို့
Tel: 09-731-83769 မှ တိုက်ရိုက် ဖြန့်ဝေ ရောင်းချပေးလျက်ရှိသည်။
Thursday, January 3, 2013
ယိမ်းနွဲ့နေသော ရောင်စုံကြာ ၀ယ်ယူနိုင်ပါပြီ
ထောင်စုပြတင်း စာအုပ်တိုက်မှ ထုတ်ဝေသည့် “ကိုရီးယား - ယိမ်းနွဲ့နေသော ရောင်စုံကြာ” စာအုပ် မိတ်ဆက်ပွဲနှင့် စတင်ရောင်းချပွဲကို ၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့က ဘူဖျောင်းမြို့ မြန်မာစင်တာတွင်း ပြုလုပ်ရာတွင် လာရောက် အားပေး ၀ယ်ယူကြသူများကို ကျေးဇူးတင်ရှိပါသည်။
ဆက်လက် ၀ယ်ယူလိုသူများ (၁) စကားဝါစတိုး (၂) ပိတောက်ရိပ်ကဖီးနဲ့ (၃) မြန်မာစင်တာ တို့မှာ ၀ယ်ယူနိုင်ပါပြီ။
ကိုရီးယားနိုင်ငံအတွင်း စာတိုက်မှတဆင့် ၀ယ်ယူလိုပါက -
စိုင်းမောက်ခေးခမ်း ဖုန်း 010-5016-7541 သို့မဟုတ် Email: saimauk25@gmail.com
သို့ ဆက်သွယ် မှာကြား၍ စာအုပ်ဖိုးငွေနှင့် စာအုပ်ပို့ခ အပါအဝင် ဝမ် ၁၄၀၀၀ ကို 농협 (NH Bank) 351-0486-2527-23 သို့ပေးသွင်းပါ။ စာတိုက်မှ ပို့ပေးပါမည်။
ကိုရီးယားရှိ မြန်မာအဖွဲ့အစည်းများ ဖြန့်ချိရေးမှူး စိုင်းမောက်ခေးခမ်း ထံသို့ ဆက်သွယ်၍ စာအုပ်တစ်အုပ်စီ အခမဲ့ ထုတ်ယူကြပါ။
ကိုရီးယားနှင့် မြန်မာနိုင်ငံမှ အပ နိုင်ငံတကာမှ ဖြစ်ပါက
Email: win1000dow.kr@gmail.com သို့ဆက်သွယ်ပြီး စာအုပ်ဖိုးနှင့် စာပို့ခေငွကို
KEB (Korea Exchange Bank) 650-006375-673 (SOE TINT BO)သို့ ပေးသွင်းပါ။
တစ်အုပ် ၁၂ ဒေါ်လာ (12USD)
စာပို့ခ အေရှ့အာရှ ဒေသ = ၃ ဒေါ်လာ (3USD)
အေနာက်အာရှ၊ အေရှ့အလယ်ပိုင်း၊ ဥရောပနှင့် အေမရိက = ၄ ဒေါ်လာ (4USD)
အခြားဒေသများ = ၅ ဒေါ်လာ (5USD)
မြန်မာနိုင်ငံအတွင်း ဇန်န၀ါရီ ၈ ရက်နေ့ ဆိုင်ပေါ်ရောက်ပြီ။ စာအုပ်မိတ်ဆက်ပွဲကို ဇန်န၀ါရီ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ ကျင်းပမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာရှိ -
က) လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အစိုးရဌာနနှင့် လူထုအဖွဲ့အစည်းများ
ခ) စာကြည့်တိုက်များ
ဂ) မီဒီယာ အဖွဲ့အစည်းများသို့ အခမဲ့ ပေးပါမည်။
အလိုရှိသူများ အောက်ပါ အချက်အလက်များကို ပြည့်စုံစွာ ဖော်ပြ၍ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ် မှာကြားပါ။
(အချက်အလက်များ အားလုံးကို မြန်မာ + အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပါ။)
၁။ အဖွဲ့အစည်း/ဌာန/စာကြည့်တိုက်/မီဒီယာ အမည် အပြည့်အစုံ
၂။ တာဝန်ခံ မှာကြားသူ အမည်နှင့် တာဝန်
၃။ မှာကြားသူ၏ နိုင်ငံသားစိစစ်ရေးအမှတ် သို့မဟုတ် ပတ်စပို့နံပါတ် သို့မဟုတ် အိုင်ဒီနံပါတ်
၎။ ပေးပို့ရမည့် လိပ်စာ၊ တယ်လီဖုန်းနံပါတ်
အချက်အလက်များကို ပြည့်စုံစွာ ရေးသား၍ ၂၀၁၃ ဇန်နဝါရီ ၃၁ နောက်ဆုံးထား၍ ဆက်သွယ် မှာကြားပါ။
ထောင်စုပြတင်းစာအုပ်တိုက်သို့ ဆက်သွယ်ရမည့် အွန်လိုင်း လိပ်စာ-
Email: win1000dow.kr@gmail.com
Facebook: https://www.facebook.com/window1000
Friday, December 28, 2012
စာအုပ် မိတ်ဆက် စတင် ရောင်းချမယ်
ဒီစာအုပ်ကို ကိုရီးယားအခြေစိုက် မြန်မာအဖွဲ့အစည်းများသို့ အခမဲ့ ပေးမှာ ဖြစ်လို့ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူ တစ်ဦးကျစီ လာရောက်၍ လက်ခံယူကြဖို့ ဖိတ်ခေါ်ပါတယ်။ အဖွဲ့အစည်းများသို့ ဖိတ်စာ သီးခြား ပေးမထားပါ။ ပွဲသို့ တိုက်ရိုက် လာရောက်ကြပါ။(နယ်ဒေသမှ အဖွဲ့အစည်းများ ဖုန်း 010-4034-5712 သို့ ဆက်သွယ်ပါ။ စာတိုက်မှ ပို့ပေးပါ့မယ်။)
မိတ်ဆက်ပွဲ အစီအစဉ်
နေ့ရက် = ၂၀၁၃ ဇန်န၀ါရီ ၁ ရက်
နေရာ = ဘူဖျောင်းမြို့ မြန်မာစင်တာ
အချိန် = ညနေ ၄း၃၀ မှ ၅း၃၀
အချိန်မီ လာရောက် အားပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
ထောင်စုပြတင်း
ဆက်စပ် ဖတ်ရှုရန်
Wednesday, December 26, 2012
Sunday, August 9, 2009
စာအုပ်ဖတ်ချင်ရင် မှာကြား ၀ယ်ယူနိုင်ပါတယ်
စာချစ်သူ စာငတ်သူများ အတွက် စာအုပ်များ ရောင်းပေးနေပါတယ်။ လောလောဆယ် အောက်ပါ စာအုပ် နှစ်အုပ် ရှိပါတယ်။
(၁)
စာအုပ်အမည် = စာရေးဆရာ ကိုအောင်ဆန်း
စုစည်းသူ = မောင်စိမ်းနီ
အရွယ် = ၁၉x၂၆.၅ စင်တီ။ ကတ်ထူဖုံး
စာမျက်နှာ = ၄၆၈
ရောင်းဈေး = ၀မ် ၂၀,၀၀၀
စာပို့ခ = ၀မ် ၂,၀၀၀
အနှစ်ချုပ် = ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀မှတ်တမ်း၊ ဗိုလ်ချုပ်ကိုယ်တိုင်ရေး ဆောင်းပါးအချို့၊ စာရေးဆရာ ကဗျာဆရာ ၅၀ ကျော်၏ ဗိုလ်ချုပ်အကြောင်း ရှုမြင်ရေးသားချက်များ စုစည်းထားသည်။
ထူးခြားချက်= ရှားပါးမှတ်တမ်း ဓာတ်ပုံ ၁၀၀ ခန့်ပါဝင်သည်။
(၂)
စာအုပ်အမည် = ပိတောက်ပွင့်သစ် မဂ္ဂဇင်း
ထုတ်ဝေချိန် = ၂၀၁၁ ဇွန်လ၊ အမှတ် ၄၀
အရွယ် = ၁၈.၅x၂၅.၅ စင်တီ
စာမျက်နှာ = ၂၄၄
ရောင်းဈေး = ၀မ် ၅,၀၀၀
စာပို့ခ = ၀မ် ၁,၀၀၀
အနှစ်ချုပ် = ဧရာဝတီမြစ် အကြောင်း ရသကဲ ဆောင်းပါးများ ကဗျာများ ပါဝင်သည့် “မှတ်မှတ်ရရ ဧရာဝတီ” အထူးကဏ္ဍ၊ စာပေ အနုပညာနှင့် အတွေးအမြင် ဆောင်းပါး ကဗျာများ ပါဝင်သည်။
မှတ်ချက် = ပုံမှန် ယူနေသူ စာပေမိတ်ဆွေများ ယခုလထုတ်ကို မရသေးရင် ပြန်လည် အကြောင်းကြားပေးပါ ခင်ဗျား။
စာတိုက်က မှာကြားမယ်ဆိုရင်
က) ဖုန်းနံပတ် ၀၁၀ ၄၀၃၄ ၅၇၁၂ သို့ ဦးစွာ ဆက်သွယ်ပါ။
ခ) ကျသင့်ငွေကို အောက်ပါ ဘဏ်စာရင်းသို့ ပေးသွင်းပါ။
농협 351-0225-7212-93 WINN PAW MAUNG
ဂ) မိမိ လိပ်စာကို အထက်ပါ ဖုန်းသို့ ဖြစ်စေ၊ အီးမေး paw369maung@gmail.com သို့ ဖြစ်စေ ပို့ပါ။
ဃ) စာအုပ်ကို စာတိုက်မှ အမြန်ဆုံး ပို့လိုက်မှာ ဖြစ်ပါတယ်။
လူကိုယ်တိုင် ၀ယ်မယ်ဆိုရင်
စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ ကြိုတင် ချိန်းဆိုပြီး ၀ယ်ယူနိုင်ပါတယ်။ ဆက်သွယ်နိုင်တဲ့သူများကတော့-
ဝင်းပေါ်မောင် (၀၁၀ ၄၀၃၄ ၅၇၁၂)
စိုင်းမောက်ခေးခမ်း (၀၁၀ ၅၀၁၆ ၇၅၄၁)
တို့ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်...


