Showing posts with label ဂုဏ်ပြုမှတ်တမ်း. Show all posts
Showing posts with label ဂုဏ်ပြုမှတ်တမ်း. Show all posts

Tuesday, December 2, 2014

ကျေးဇူးအထူးတင်ရှိပါကြောင်း

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)






(၃၀၊၁၁၊၂၀၁၄) တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် မြန်မာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲသို့ ဘူချွန်း၊ အင်ချွန်း၊ ဘူဖျောင်း၊ ဆိုးလ်၊ ရှီဟွန်း၊ ဂျောင်ဂီဒို-ဂွမ်ဂျူး၊ ဂျော်လာဒို-ဂွမ်ဂျူး၊ ဘူဆန်၊ ဂင်မဲ မြို့များမှ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ မီဒီယာစသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြပြီး မြန်မာလူမှုအသိုင်းအ၀န်းအတွက် လိုအပ်ချက်များကို တက်ကြွစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်သည့် အောက်ပါ အဖွဲ့အစည်းများကို ကျေးဇူးတင်ပါသည်။

• မြန်မာအသင်း (ကိုရီးယား)
• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ
• ဂွမ်ဂျူး မြန်မာလူမှုရေးအသင်း / ဂွမ်ဂျူး ဘောလုံးအသင်း
• ရွှေအလင်းတန်း မြန်မာလူမှုရေးအသင်း
• ရှီဟွန်း မြန်မာမိသားစု လူမှုရေးအသင်း
• ကရင်လူငယ်အဖွဲ့အစည်း (ကိုရီးယား) / ကရင်လူငယ် ဘောလုံးအသင်း
• ချင်းလူမှုရေးအသင်း
• ရခိုင်လူမှုရေးအသင်း
• မြန်မာစင်တာ
• ကိုရီးယားနိုင်ငံရောက် မြန်မာကျောင်းသားများအသင်း
• ထောင်စုပြတင်းဂျာနယ် / ဟန်းဂုရွာ
• အဖြူရောင်မေတ္တာလူငယ်များ (ကိုရီးယား)
• ဂွမ်ဂျူး ဓမ္မယာန ကရုဏာရှင်များအသင်း
• အနော်မာအဖွဲ့ (ကိုရီးယား)
• Rainbow Band / The Mirror တေးဂီတအဖွဲ့
• မျိုးချစ်မောင် ဒိုးအဖွဲ့
• မွန်လူမှုရေးအသင်း (ကိုရီးယား) (လေ့လာသူ)
• ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယား) (လေ့လာသူ)
• နွားထိုးကြီးအသင်း (လေ့လာသူ)

ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီပေးကြသည့် ဘူချွန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ၊ ဓာတ်ပုံ ရုပ်သံ ရိုက်ကူးပေးသည့် ညီအကိုများ၊ နေ့လယ်စာနှင့် ငွေကြေးထောက်ပံ့သည့် အလှူရှင်များ၊ စိတ်ပါဝင်စားစွာ တက်ရောက်ကြသူများ အားလုံးကို ကျင်းပရေးကော်မတီက ကျေးဇူးတင်ပါသည်။

ကျင်းပရေးကော်မတီ၊ မြန်မာအသင်း (ကိုရီးယား)
မြန်မာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄။ ဘူချွန်းမြို့၊ နိုဝင်ဘာ ၃၀

 တွေ့ဆုံဆွေးနွေးပွဲသို့ အဖွဲ့အစည်းပေါင်း ၂၀ နှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြပြီး အောက်ပါအချက်များကို သဘောတူညီကြပါသည်။

အဖွဲ့အစည်းများဆိုင်ရာကဏ္ဍ

၁။ အမျိုးသားရေးဆိုင်ရာ ကိစ္စများ၊ လတ်တလော ဖြေရှင်းတုံ့ပြန်ရမည့် ကိစ္စများတွင် အဖွဲ့အစည်းများအားလုံး စုပေါင်းလုပ်ဆောင်ရန်။
၂။ အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် “အလုပ်အဖွဲ့” စုထားပြီး ကွန်ရက်တစ်ခု တည်ဆောက်ရန်၊ ယင်းအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားရန်။

အလုပ်သမားရေးရာကဏ္ဍ

၃။ အလုပ်သမားရေး ပြဿနာများကို ဖြေရှင်းပေးနိုင်ရန်အတွက် ဒေသဆိုင်ရာ ကိုရီးယားအဖွဲ့များနှင့် ချိတ်ဆက်ထားရန်၊ မိမိတို့ လွှမ်းခြုံနိုင်သော ဒေသများကို သတ်မှတ်လုပ်ဆောင်သွားရန်။
၎။ အလုပ်သမားဥပဒေဆိုင်ရာ ဆွေးနွေးပွဲများကို ဒေသဆိုင်ရာအလိုက် လုပ်ဆောင်သွားရန်၊ နီးစပ်ရာ အဖွဲ့အစည်းများက အားထုတ်လုပ်ဆောင်သွားရန်။

လူမှုရေး နိုင်ငံရေး ကဏ္ဍ

၅။ မြန်မာနိုင်ငံအတွင်း တမျိုးသားလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်မှာ အဖွဲ့အစည်းများ စုပေါင်း၍ ထိရောက်သည့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားရန်။
၆။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုရီုးယားရောက် မြန်မာနိုင်ငံသားတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ရအောင် လှုပ်ရှားသွားရန်

အထက်ပါ အချက် ၆-ချက်ကို တက်ရောက်ဆွေးနွေးကြသည့် အဖွဲ့အစည်းများက တညီတညွတ်တည်း သဘောတူညီကြပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, November 28, 2014

လေးစားအတုယူစရာ ကျောင်းဆရာ အစ်ကိုကြီး

ရေးသားသူ — မေရီနွမ်



ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို့နယ်ရှိ မြန်မာတစ်စု အလုပ်လုပ်တဲ့ ချည်စက်ရုံတစ်ခုမှ ကျမတို့ ဆိုင်မှာ ၄ နှစ်ကြာ လစဉ် ဆန် ၅ အိတ်စီ မှာယူသူတစ်ဦး ရှိခဲ့ပါတယ်။
သူကတော့ သက္ကလမြို့သား အသက် ၄၇ အရွယ်ရှိပြီးကလေး ၂ ယောက်အဖေ ကိုမျိုးညွှန့် သိန်း (ခေါ်) ဆရာကျောင်းဖြစ်ပါတယ်။
၎ နှစ်တာလုံး ဖုန်းနှင့်သာ ဆက်သွယ်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရုပ် မြင်ဖူးခြင်းမရှိခဲ့ပေမယ့် မြန်မာလုပ်သားတွေကို ကူညီဖို့  ရံဖန်ရံခါ information ဖလှယ်စရာများရှိခဲ့ပါတယ်။
ဒီလ ၃၀ ရက်နေ(့ KEနှင့်) မြန်မာပြည်ကို အပြီး ပြန်သွားတော့မှာမို့ ကျမတို့ ကို နှုတ်ဆက်ဖို့ နှင့် လက်ဆောင်ဝယ်ဖို့  တကူးတကရောက်လာပါတယ်။

စကားတွေများစွာပြောဖြစ်ခဲ့ပါတယ်။ သူဟာ ကိုးရီးယားမြေမှာ မရှိမဖြစ် လိုအပ်တဲ့ မြန်မာနိုင်ငံသားကောင်းတစ်ဦးဖြစ်ကြောင်းကို ရင်ထဲပီတိဖြစ်စွာ အသိအမှတ်ပြုရင်း ဒီစာလေးနှင့် နှုတ်ဆက်လိုက်ပါတယ်။

၁။ သူ့ ရဲ့ ကိုးရီးယားအတွေ့အကြုံတချို့
2005 ခုနှစ်မှာ ကိုးရီးယားနိုင်ငံသို့  T အလုပ်သမားဗီဇာနှင့် (Training အလုပ်သမားစနစ်/ ယခု EPS စနစ်ထက် ဆိုးရွားလှတဲ့ကာလ) ဘဝတူ မြန်မာတစ်စုနှင့် မိသားစုဝမ်းရေးအတွက် ရောက်လာပြီး ဆေးဝါးစက်ရုံမှာ ၁၀ လ လုပ်ခဲ့ပါတယ်။
အဲဒီရုံမှာ အဆင်မပြေခဲ့ကြလို့  Chemical စက်ရုံတစ်ခုကို ပြောင်းခဲ့ပေမယ့် လွန်စွာ ဆိုးရွားသော ဓါတုအနံ့ ကတမျိုး ကြမ်းတမ်းရိုင်းစိုင်းတဲ့ အလုပ်ရှင်ကတမျိုးကြား၊ ကြိုးစားညည်းခံခဲ့ပေမယ့် တနေ့  မြန်မာလုပ်သားတယောက် ပါးရိုက်ခံကာ ခြေဖြင့်ကန်ခံရမှုနှင့် အလုပ်ရုံဟာ ငရဲရုံလိုဖြစ်လာပါတော့တယ်။
တရားဝင်နည်းနှင့် အလုပ်ပြောင်းချင်ခဲ့ကြပေမယ့် စကားကမရ တာဝန်ရှိအထက်လူတွေရဲ့ ဥပေက္ခာပြုခံရမှုတွေကြောင့် သီးမခံနိုင်တဲ့အဆုံး ထိုရုံမှ ရက်ပိုင်းသာလုပ်ပြီး ထွက်ပြေးခဲ့ကြရာက အိုဗာစတေးဘဝ ခါးခါးကို စတင် ဖြတ်သန်းခဲ့ရပါတယ်။

ဒီလိုနှင့် နွားခြံမှာ ၄ နှစ် ~
လစာတော့ကောင်းပါရဲ့  အလုပ်ရှင်လင်မယား တစ်လတစ်ခါ နပန်းလုံးရန်ဖြစ်လေ့ရှိပြီး မယားအိမ်ပေါ်ကဆင်း ၁၀ ရက်ခန့် ပြန်မလာ ခင်ပွန်းကစိတ်ညစ်ညစ်နှင့် နေ့ တိုင်းနီးပါးအရက်သောက်တော့ မြန်မာအလုပ်သမားက ည 11နာရီထိအလုပ်လုပ်ရပြီး မနက် ၅နာရီထရတယ်လေ။

ချည်စက်ရုံမှာ ၄ နှစ်ခွဲ ~
အခန်းလေးကျယ်ကျယ်လည်းရထားတယ်၊ ဒါကြောင့်ကိုယ့်လိုခက်ခဲသူတွေကို အဆင်ပြေတဲ့ထိ အခန်းမှာတည်းစေခွင့်တောင်ရထားတယ်၊ မြန်မာ ၁၀ ယောက်လည်းလူညီတယ် ဒါပေမယ့် ပိတ်ရက်မရှိ စက်လည်ရတဲ့ အလုပ်မျိုးမို့  တနင်္ဂနွေနေ့ တိုင်း overtime တွေမဖြစ်မနေဆင်းခဲ့ရတယ်လေ။ (၉နှစ်တာအခက်အခဲတစ်ထောင် စာမဖွဲ့ ပါရစေနှင့်တဲ့)

၂။ သူ့ နောက်ကြောင်းအကျဉ်းချုပ်
မြန်မာပြည်ရဲ့ အခြေခံဘဝမှ ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန်ထိုးထွက်လာတဲ့ ဓါတုကျူ ရှင်ဆရာတစ်ဦးပါ။ ဘော်ဒါ ၃ နေရာမှာစာပြပြီး မိဘကိုကျွေးမွေးလို့ ညီ ၂ ယောက်ကိုလည်း ဘွဲ့ ရတဲ့ထိကျောင်းထားပေးခဲ့သူပါ။ တက္ကသိုလ်ကျောင်းသားဘဝ ၄ နှစ်လုံး Chemistry major နှင့် နှစ်စဉ် ပထမဆုဆွဲလာသူ။ I.C (hon) နှင့် ဂုဏ်ထူးတန်း ၆ နှစ်တက်ရမှာဖြစ်ပေမယ့် မိသားစုအရေးကြောင့် ၄နှစ်နှင့် ရိုးရိုးဘွဲ့ ယူခဲ့ရပါတယ်။ ဥစ္စာရှိ စိတ်ထားကောင်း ယောက္ခမ၏ ကူညီမှုကြောင့် ထိုစဉ် သာမန်မိသားစု မတတ်နိုင်တဲ့ သိန်း ၅၀ အား အတိုးမဲ့ယူပြီး အိပ်မက်ကမ္ဘာပြည်ပကို ထွက်လာခွင့်ရခဲ့သူပါ။ ဇနီးနှင့် သားသမီး ကိုပါ ယောက္ခမကြီးမှ ၉ နှစ်တိတိ ဆက်လက်ကျွေးမွေးပြုစုခဲ့လို့ အိမ်ငှားဘဝမှ အိမ်ပိုင်ဘဝ ဖြစ်ခွင့်ရရုံမက မိအိုဖအိုကိုလည်း ထောက်ပံ့လို့  အသင့်အတင့်ထားနိုင်ခဲ့ပါတယ်။ သွေးသားမတော်စပ်ပေမယ့် သူ့ ပတ်ဝန်းကျင်က လိမ္မာတဲ့ လူငယ်တချို့ ကို အတိုးမဲ့ငွေချေး မစပြီး ဘဝထူထောင်ဖို့ / အိမ်မြေတွေဝယ်နိုင်ဖို့ / နိုင်ငံခြားသွားနိုင်ဖို့ ကူညီလာသူပါ။

၃။ ဘဝတူများအား ပြန်လည်လက်ကမ်းခြင်း
ကိုးရီးယားရောက် ဒုက္ခရောက် မြန်မာလူငယ်များစွာကိုလည်း ကိုယ်ထူကိုယ်ထ ကူညီခဲ့သူပါ။ အလုပ်အဆင်မပြေသူ/ ရုံပြောင်းလိုသူ/ စိတ်အားငယ်သူ/ သောက်စားသူတွေကို ကူညီသင့်တာကူညီ ဆုံးမသင့်တာဆုံးမခဲ့တဲ့ အစ်ကိုကြီး ဆရာကြီးပေါ့။ ကိုးရီးယားနိုင်ငံကိုလည်း ဆွေမျိုးတော်သူ/မတော်သူ ၄ ယောက်ရောက်အား အတိုးမဲ့ ငွေချေးပြီး ပို့ဆောင်ခဲ့ပါတယ်။ ၁ယောက် ကတော့calling စောင့်နေဆဲပါ။ ဒီနေ့ ထိ ကူညီခဲ့ရသူ ၇၀ ဦးမကခဲ့တော့ပါ။ ကားတတန် ဖုန်းတပြန်ဖြင့် မသွားမလာတတ်သူတွေကိုလည်း ကူညီရလွန်းလို့  ကိုးရီးယား Taxi driver ဖိုးဖိုးတဦးနှင့် မိတ်ဖွဲ့ ခင်မင်မိပြီး စက်ရုံ/ အလုပ်သမားရုံးနှင့် ဆေးခန်းပေါင်းများစွာကို အတူသွားလာခဲ့ပါတယ်။ ထိုကိုးရီးယား ဦးကြီးရဲ့ ကျေးဇူးတွေက မနဲပါ။
ဘာသာရေးကဏ္ဍမှာတော့ ဒယ်ဂူးဘုန်းကြီးကျောင်းမှာလည်း ဒုဥက္ကဌအဖြစ် အစေခံခဲ့ပါတယ်။ အရက်သေစာကြိုးစားရှောင်ပါတယ်။ (ရံဖန်ရံခါ မိတ်ဖြစ်ဆွေဖြစ်ဘီယာမှလွဲ၍ပေါ့)။ အဝတ်အစား အသင့်အတင့်သာ ဝတ်ဆင်ပြီး ငွေကိုခြွေတာပါတယ်။ မြန်မာပြည်မှာ တောက်ပြောင်ဖို့  ကိုးရီးယားမှာ အရောင်မှိန်နေပါစေ ကျေနပ်ပါတယ်။

၎။ ကိုးရီးယားမှာကျန်ရစ်ခဲ့မယ့် ညီငယ်များသို့ အမှာ စကား
- မိမိအချိန်နှင့် အခြေအနေတွေကို သိနားလည်ပြီး လိမ္မာပါးနပ်ကြပါ။
- မျိုးချစ်စိတ်နှင့် တဦးကိုတဦးရိုင်းပင်းကြပါ။
- မြန်မာပြည်ကိုလန်းစေသူတွေဖြစ်ကြပါစို့ ။
- စက်ရုံကောင်းမှာလုပ်နေရရင် ကိုယ့်မြန်မာလူ တယောက်ဖြစ်ဖြစ် ထပ်ဝင်လာပြီး ခြေချနိုင်ဖို့  အနစ်နာခံပြီးသွင်းပေးပါ ။အလုပ်သင်ပေးကြပါ။
- ကိုးရီးယားမှာရတဲ့ငွေတွေကို ကိုးရီးယားမှာ မသုံးပစ်မိပါစေနှင့်
- မိဘက သားသမီးကိုထားခဲ့တဲ့ စိတ်ခံစားမှုမျိုးနှင့် ကျွန်တော်မြန်မာပြည်ပြန်သွားရမှာပါ။ အချင်းချင်း ရိုင်းပင်းတဲ့သတင်းလေးတွေကို အစ်ကိုကြီးနားစွင့်နေမှာပါ. . .

၅။ နိဒါန်းတစ်ခုအတွက် နိဂုံးမို့ 
ကိုးရီးယားမြေမှ ဘဝတူ စိတ်တူ ခြေလှန်းတူ အနွံတာခံ မြန်မာအစ်ကိုကြီးတစ်ဦး လျှော့သွားခြင်းအတွက် ကျမတစ်ယောက် ဒီစာရေးရင်း အားငယ်မျက်ရည်ဝဲမိပါတယ်. . . ဒါပေမယ့် သူ့ မိသားစုတခု ပိုပြီးသာယာ စိုပြေဖို့  မြန်မာ့မြေမှာ သူနှင့်တွေ့ သမျှလူတွေ ကောင်းခြင်း - ကောင်းမှု ကူးဆက်ဖို့  ငွေရှာခြင်းထက်သာ၍ကြီးမားတဲ့ သူ့ ရည်မှန်းချက်တချို့ ကို စတင်အကောင်အထည်ဖေါ်ဖို့  မြန်မာပြည်ကို လန်းစေသောသူဖြစ်ဖို့  သူ~ သွားပါစေတော့ တနေ့ နေ့ ခရမ်းမြို့ ရောက်ဖြစ်ခဲ့ရင်လည်း သူတို့ ကံထိုက်လို့  ဖွင့်ခွင့်ရခဲ့တဲ့ ဖုန်းဆိုင် *သဇင် Mobile* ကိုတော့ ရောက်အောင်သွားပါဦးမယ်။ (ဒီဆိုင်ဖွင့်ဖို့ သူတို့ မရည်ရွယ်ခဲ့ပေမယ့် သူပြုခဲ့တဲ့ အကျိုး သူခံစားရတာပါ။ စာရှည်သွားလို့ ဒီအကြောင်း မရေးဖြစ်တော့ပါ) သူ့ ရဲ့ ၉ နှစ်တာ ကိုးရီးယားမြေမှ နွမ်းနယ်မှုတွေကို ပီတိနှင့် ဆေးကြောနိုင်ဖို့ comment ထဲမှာ စာတိုလေးတစ်ခုရေးပြီး နှုတ်ဆက်နိုင်ပါတယ်။ သူ့ ကိုသိသူများလည်း တခုခု ရေးပေးခဲ့ကြပါ။ စာရှည်ရှည်ဖတ်ပေးသူများသို့  ကျေးဇူးတင်ပါတယ်။

ဆရာမ မေရီနွမ်
(ရှီလိုအမ် ဘုရားကျောင်း & ပူချွန်း စီးတီးမတ်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 16, 2013

၁၉၈၈၊ မတ် ၁၆ တံတားနီ အရေးအခင်း

 
၁၉၈၈ ခုနှစ် မတ် ၁၆ တံတားနီနေ့ အရေးအခင်းကို ဘာတီးလ် လင့်တနာ ရေးသားထားသော ဒေါမာန်ဟုန် ဗမာပြည် ဒီမိုကရေစီ တိုက်ပွဲ စာအုပ် (၁၉၉၀ ခုနှစ် ထုတ်)နှင့် အင်တာနက်က ဖတ်ရှု့ထားသမျှကို စုစည်းပြီး ရေးသား လိုက်ပါသည်။ ၁၉၈၈ ခုနှစ် မတ်လအတွင်း ကျဆုံးသွားကြသော သူရဲကောင်း အပေါင်းက အလေးပြု ဦးညွှန့်ပါသည်။ သမိုင်းနှင့် သူရဲကောင်းတို့၏ စိတ်ဓာတ်ကို မည်သည့်နည်းနှင့်မျှ ဖျက်ဆီး၍ မရ။ ။
ဇ်ာမိုးအောင် (ကိုရီးယား)  
၁၉၈၈ ခုနှစ် မတ် ၁၃၊ ၁၄၊ ၁၅ ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှု၊ ရိုက်နှက်မှု၊ ဖမ်းဆီးမှုအကြောင်းတွေသည် မတ် ၁၆ ရက်မှာ အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့ပါသည်။ ဆန္ဒပြပွဲများကနေ အစိုးရ ဆန့်ကျင်ရေး အသွင်သို့ သိသိသာသာ ကူးပြောင်းလာသည်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာ စုရုံးကြပြီး သူတို့၏ ညီနောင် စက်မှုတက္ကသိုလ် ကျောင်းသားများကို ထောက်ခံကြောင်း ဆန္ဒပြနေကြသည်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့၌ ကျောင်းသားများက လက်ကမ်းစာရွက်များ ဖြန့်ဝေ ဆန္ဒ ထုတ်ဖော် ပြသနေကြသည်။ မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ချစ်ဆွေက ကျောင်းသားထုကို ပြေရာပြေကြောင်း မွန့်ခွန်းပြောခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးဘသန်းဟက်က ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းသည့်အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. တို့အရေး တို့အရေး တို့အရေး” ဟု သံပြိုင်ဖြေကြားခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်တို့ကလည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး ဒေါက်တာ ချစ်ဆွေက ကျောင်းသားများကို ကျောင်းဝန်းအတွင်းက မထွက်ရင် ဘာမှ မဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးသည်။ ၄င်းနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းဆောင်များဖြစ်သည့် မန္တလေးဆောင်၊ အမရဆောင်၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက်ရင်းက ဒီမိုကရေစီ ရရှိရေး တို့အရေး၊ တစ်ပါတီ အာဏာရှင် စနစ် ကျဆုံးပါစေဟု ကြွေးကြော် ဆန္ဒ ထုတ်ဖော်ကြရာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြသလို ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြသည်။ ကျောင်းသားများထဲက အလှည်ကျ ဟောပြောနေကြရာ ဟောပြောနေသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြစို့ ဟု လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြပါသည်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနှင့် ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။ အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီး၏ ရှေ့ဆုံးက ကျောင်းသား တစ်ဦးက ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသည့် ခွပ်ဒေါင်းအလံကြီးကို ကိုင်ဆောင် လွှင့်တင်ကာ ချီတက်လာကြပါသည်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်း တလျှောက်လုံးတွင် အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနှင့် ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြရာ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်း အင်အားကြီးမားလာခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ညီညွတ်စွာ သံပြိုင်ကြွေးကြော်လာကြပါသည်။ ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနှင့် ပြည်လမ်းထောင့်ရှိ တံတားဖြူကို အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကို တွေ့လိုက်ရတာနှင့် ကျောင်းသားထုကြီးသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပါသည်။ လက်နက်ကိုင် စစ်သားများက ကျောင်းသားအုပ်ဆီသို့ သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနှင့် စောင့်နေကြပြီး ဘရင်းကယ်ရီယာများကလည်း စစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားကြသည်။ ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနှင့် တပ်မတော်သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြသည်။ အဲသည့်အချိန်မှာ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနှင့် ပိတ်ဆို့ ၀ိုင်းရံလိုက်ကြသည်ကို တွေ့လိုက်ကြရသည်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြသည်။ ပိတ်မိနေကြပြီလေ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများနှင့် လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲသို့ အလိုလို ရောက်သွားကြရပါတော့သည်။ ထိုအချိန်မှာ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များနှင့် ၀င်ရိုက်ကြပါတော့သည်။ နံပါတ်တုတ်များနှင့် ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသည့် အသံများနှင့်အတူ အတိုင်းသား ကြားနေရသည်။ ကျောင်းသားများ ခြေဦးတည့်ရာသို့ ထွက်ပြေးကြရာ ကန်ဘောင်ပေါ်တက်ပြေးသူက တက်ပြေး၊ တချို့ကလည်း အင်းလျားကန်ထဲသို့ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာပြီး ပြေးသူက ပြေးကြရတော့သည်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြသည်။ တချို့ လုံထိန်းများက ကျောင်းသူများကို မဲရိုက်ရင်း လက်ဝတ် ရတနာများကိုပါ ချွတ်ယူကြသေးသည်။ ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနှင့် အတုန်းအရုံး လဲကျကုန်ကြသည်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြသည်။ ကန်ဘောင်ပေါ် တက်ပြေးကြသည့် ကျောင်းသားများ နောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်တဲ့သည့် ကျောင်းသားကျောင်းသူတွေကို ဖမ်းပြီး အင်းလျားကန်ထဲ မောင်းသွင်းကာ ခေါင်းကို ရေနှစ်သတ်ကြသည်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ တံတားဖြူလည်း ကျောင်းသားကျောင်းသူတို့၏ သွေးတွေနဲ့  စွန်းထင်းခဲ့ကြရသည်။ ကျောင်းသားများ နောက်က လုံထိန်းကားများက မောင်းဝင်လာကြပြီး လမ်းမတလျှောက် လဲကျနေသူ၊ ဒဏ်ရာရသူနှင့် သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြသည်။ ဖမ်းဆီးမိသည့် ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြကာ ကားတွေ မောင်းထွက်သွားပြီးနောက် မီးသတ်ကားတွေ စောင့်ဆိုင်းရာက ချက်ခြင်း ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင် နဲ့ သွေးစွန်းနေသော တံတားဖြူ ကို ဆေးကြောသုတ်သင် လိုက်ကြသည်။ ထိုနေ့မှာ ကျောင်းသားကျောင်းသူ ဦးရေ ၁၀၀ ခန့် သေဆုံးကြမည်ဟု ခန့်မှန်းကြသည်။ ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်ကို အသေးစိတ် စီစဉ်ထားသော အစီအစဉ် တစ်ခုသာ ဖြစ်ပေသည်။ ထိုကဲ့သို့ အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး စီစဉ် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး စီစဉ် ညွှန်ကြားခဲ့သူမှာ မဆလ ဥက္ကဌ တစ်ပါတီ အာဏာရှင် ဦးနေ၀င်း၏ ညာလက်ရုံး မဆလ အထွေထွေ အတွင်းရေးမှူး၊ လုံထိန်းတို့၏ အကြီးအကဲ ဦးစိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်သည်။ တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါသည်။ ကားပေါ်တွင် ပါလာသော မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲခေါ်သွားပြီးနောက် ခေတ္တအကြာမှာ ပစ်ကပ်ကားက ပြန်ထွက်သွားပေမယ့် အမျိုးသမီး ၃ဦးက ပြန် မပါသွားတာကို လက်ဘက်ရည် သောက်နေသည့် ကိုလင်းက ပြောပါသည်။ ကိုလင်းက ကျောင်းသားအရေးအခင်းအပြီး တုန်လှုပ် ချောက်ခြားမှုများ ပြေစေရန် လက်ဘက်ရည်ဆိုင်ထိုင်ရန် ထွက်လာခဲ့သော ကိုလင်းက ဆက်လက် ပြောရာတွင် မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းရှုမကောင့်နှင့် သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေသည့်ကို တွေ့ရတော့ လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့ကြသည်။ မနက်မိုးလင်းသည့်အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရပါသည်။ ရန်ကုန်ဆေးရုံကြီးမှာလည်း တခြားသော မတရားပြုကျင့်ခံရသည့် မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါသည်။ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရသည့်အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါသည်။ ၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက် ကြာသပတေးနေ့ တွင် ပြည်သူများပါ မခံမရပ်နိုင် ပေါက်ကွဲ လု အချိန်ဖြစ်နေသည်ကို သိနေသည့် မဆလက အဆိုပါ အရေးအခင်း ပြဿနာများကို စုံစမ်းစစ်ဆေးရန် အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း ကြေညာလိုက်သည်။ သို့သော ပထမဦးဆုံး သေဆုံးရသူ မောင်ဖုန်းမော် ကိစ္စကိုသာ စုံစမ်းမည်ဟု ဆိုသည်။ မောင်ဖုန်းမော်သည် ဓားထိုးခံရပြီး သေဆုံးခြင်း မဟုတ်၊ သေနတ်ဒဏ်ရာဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း မမျှော်လင့်ဘဲ မဆလ တစ်ပါတီ အစိုးရက ၀န်ခံလာသည်။ သို့သော် တံတားဖြူ ပစ်ခတ်မှုကို တလုံးတပါဒမျှ မဟခဲ့ပေ။ ပြည်သူ့တရားသူကြီးအဖွဲ့ဝင် ဦးဘမော် ဦးစီးပြီး ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့က ဦးလှတင့်နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့က ဒေါက်တာ မောင်ရှိန်တို့ကို ၃ ဦး ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ပြည်သူဆိုသော အသုံးအနှုန်းမှာ မဆလ တစ်ပါတီက ဆိုရှယ်လစ် ဒီမိုကရေစီဆိုပြီး လှည့်စားထားသော ထွင်လုံးဖြစ်သည်။ စိတ်တွင်း ရင်တွင်းဖြစ်မဟုတ်သော အပေါ်ယံ ဆီဝှေ့သော စကားရပ် အသုံးအနှုန်းဖြစ်သည်။ မည်သို့ဆိုစေ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့ပေးလိုက်ခြင်းသည် မကြုံဘူးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ကျောင်းသာများ၏ အောင်ပွဲတစ်ရပ်ဖြစ်သည်။ အဲဒီလို စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းသည် ကျောင်းသားများကို မငြိမ်သက်သွားစေသည့်အပြင် ရှေ့ဆက် တိုက်ပွဲဝင်ရန် တွန်းအားပေးသလို ဖြစ်နေသည်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ကျောင်းသား နှစ်ထောင်ကျော် ထပ်မံ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြပါသည်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိသည် စင်မြင့်ပေါ်မှာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော် နှင့် မယုယုမော်တို့က ဟောပြောခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၇ ကြာသပတေးနေ့မှာ ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီး စောင့်နေခဲ့ကြပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို မထင်မရှား အခေါင်းထဲထည့်ပြီး သယ်ဆောင်လာသည့် ကားကို ပုလိပ်အစောင့်အရှောက် အပြည့်အစုံနှင့် မောင်းယူသွားပြီး တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေက သင်္ဂြိုဟ်လိုက်ကြရာ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြသည်။ ကျောင်းသားများ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်းသို့ ပြန်လာသောအခါ ကျောင်းဝန်း တစ်ခုလုံးကို လည်ပတ်အနီရောင် စည်းထားသော စစ်သား တစ်ထောင်ကျော်၊ လုံထိန်းများ တစ်ထောင်ကျော်တို့သည် ဘရင်းကယ်ရီယာများနှင့် ၀ိုင်းရံပိတ်ဆို့ထားတာကို တွေ့လိုက်ရပါသည်။ ပါမောက္ခချုပ် ဒေါက်တာ ချစ်ဆွေက ထပ်မံ မိန့်ခွန်းခြွေပြီး ကျောင်းသားများအတွက် လုံခြုံမှု ရှိပါတယ်၊ ဒါပေမယ့် အပြင်တော့ မထွက်နဲ့ ဟု ထပ်ကွန့်ပေမယ့် ကျောင်းဝန်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝန်းအတွင်း သေနတ်များ နံပါတ်တုတ်များနှင့် ကျောင်းဝန်းကို ၀င်စီးလိုက်ကြပါတော့သည်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြသည်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲ ၀င်လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ကျောင်းဆောင်တွေထဲက ကျောင်းသားတွေကို ထွက်ခိုင်းကာ မင်းတို့ကို မဖမ်းဘူးဟု ပြောပေမယ့် ထွက်လာသော ကျောင်းသားများ အားလုံးကို အချုပ်ကားပေါ် တင်ကာ၊ ခေါ်ဆောင် သွားကြသည်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာသည့်အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါသည်။ ဖမ်းဆီခေါ်လာသည့် ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြသည်။ ရန်ကုန် ပင်မ တက္ကသိုလ် နယ်မြေ၊ လှိုင်နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ ကြည်မြင့်တိုင်နယ်မြေ၊ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် အထက်တန်းကျောင်းတို့ကို ကိုအောင်ဝင်းနှင့် ကျောင်းသား တစ်စုက လျှို့ဝှက်စွာ ဆက်သွယ်ခဲ့သည်။ ပြန်ကြားရေးဌာနကို ဖွင့်လှစ်ပြီး လက်ကမ်း စာစောင်များကို ဖြန့်ဝေကြသည်။ ၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက် သောကြာနေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြဿနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်ကြသည်။ အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားကျောင်းသူများက အုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ ကျောင်းသား ၃၀၀ ခန့် စုစည်းခဲ့ကြပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြကြပါသည်။ နာရီအနည်းငယ် အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကြီး ဖြစ်ခဲ့တယ်။ ဆူးလေဘုရားအနီး တာဝန်ကျနေသည့် ရဲသား ၅၀ ခန့်သည် လူအုပ်ကြီးကို မြင်ပြီး ထွက်ပြေးသွားကြသည်။ သို့သော် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လုံထိန်း တပ်များ ရောက်လာပြီး နံပါတ်တုတ်များနှင့် ၀င်ရိုက်ကာ လူစု ခွဲစေခဲ့သည်။ နိုင်ငံခြား သံရုံးများ ရှိသည့် နယ်မြေ ဖြစ်သဖြင့် အချုပ်ကားများ၊ စစ်တပ်ကားများ ရောက်လာပြီး ဆန္ဒပြနေသည့် သူများကို အတင်းအဓမ္မ ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ခေါ်ဆောင်သွားကြသည်။ လုံထိန်းများက များစွာသော လူအုပ်ကြီး ဖြိုခွဲရန် ကြိုးစားပေမယ့် အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။ လူအုပ်ကြီးထဲက တချို့က သိမ်ကြီးဈေး ညာဘက်ရှိ ကုန်တိုက်ကြီး၏ အောက်ခြေကို မီးရှို့ကြသည်။ မီးစွဲ လောင်နေသည့် ကုန်တိုက်ကို မီးငြိမ်းသတ်ရန် ရောက်ရှိလာသည့် မီးသတ်ကား ၃ စီးထဲက ပထမ မီးသတ်ကို ဒေါသထွက်နေသော လူထုကြီးက မီးရှို့ ဖျက်ဆီးလိုက်ရာ နောက်ကား ၂စီးက နောက်ပြန်လှည့်ကာ မောင်းနှင် ထွက်ပြေးသွားတော့သည်။ ထိုနေ့က ကရင်ပြည်နယ် ဘားအံတွင် စခန်းချထားသော တပ်မ ၂၂က စစ်သားများ မြောက်များစွာ ရောက်ရှိလာပြီးနောက် ယင်းမြို့တွင် အခြေချနေသော တပ်မ ၄၄၊ ရန်ကုန် မှော်ဘီ လေတပ်စခန်းတွင် စခန်းချထားသော တပ်မ ၇၇ တို့ ရောက်ချလာကြသည်။ သံချပ်ကာ ကားများက စမ်းချောင်းရှိ သမတ အိမ်တော်နှင့် အင်းလျားကန်နား အေဒီလမ်းရှိ ဦးနေ၀င်း နေအိမ်တို့ကို စောင့်ကြပ်ပေးလျက် ရှိသည်။ ကျောင်းသားများ နောက်ထပ် အင်အား မဖြည့်ဆည်းနိုင်ရန် ရွှေတိဂုံ ဘုရားလမ်း တလျှောက်တွင် ဘရင်းကယ်ရီယာဖြင့် စောင့်ကြပ် ပိတ်ဆိုးထားလိုက်သည်။ မြင်မြင်သမျှ လူများကို ဖမ်းဆီးရန် အမိန့်ထုတ်လားလိုက်သည်။ သောကြာနေ့ ဗလီက ဘုရား ရှိခိုးပြန်လာကြသော မွတ်ဆလင်များကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြသည်။ ဆန္ဒပြပွဲသို့ ပူးပေါင်းရန် ရထားကြုံဖြင့် ဆင်းလာကြသော မန္တလေး တက္ကသိုလ်က ကျောင်းသား ၇၀၊ ပျဉ်းမနား ရေဆင်း တက္ကသိုလ်က ကျောင်းသား ၂၀တို့ကို လှည်းကူးဘူတာမှ တားဆီးကာ ပြန်ပို့လိုက်ကြသည်။ တစ်ပတ်အတွင်း ဆန္ဒပြမှုများကြောင့် ရန်ကုန်မြို့ကြီးသည် တုန်လှုပ် ချောက်ခြားစရာ တိတ်ဆိတ် ငြိမ်သက်နေပြီး မြန်မာ့အသံလွှင့်ရုံး နောက်ဘက်ရှိ ကြံတော သုဿာန်ရှိ မီးသဂြို င်္ဟ်စက်ကြီးက မီးခိုးခေါင်းတိုင်ကြီးမှ မီးခိုးများ ဆက်တိုက် ထွက်ပေါ်နေလေတော့သည်။ မဆလ တစ်ပါတီအစိုးရက သတ်ဖြတ်လိုက်သော ရဟန်းရှင်၊ လူ၊ ကျောင်းသားများ၏ ရုပ်အလောင်းများ၊ မသေမရှင် ရုပ်အလောင်းများကို ဖျောက်ဖျက်ပစ်ရန် မီးရှို့နေခြင်း ဖြစ်သလို ည မထွက်ရ အမိန့်ကို မထုတ်ပြန်ဘဲ စစ်တပ်များက တစ်လမ်း ၀င်၊ တစ်လမ်း ထွက် အပြင် မထွက်ကြရန် အမိန့် ပေး ကြေညာလျက် ရှိနေပါတော့သည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 12, 2013

ကိုဖုန်းမောင်အကြောင်း တစေ့စောင်း


 မဏ္ဍာပ် မထိုးရ၊ လူ မစုရ၊ စားမြိန်ထုတ် မထည့်လိုက်ရ၊ ရေအိုး မခွဲလိုက်ရ
မနက်စောစောချတဲ့ အသုဘ
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့်
စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မတ် ၁၃မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့



၁၉၈၈ခုနှစ် မတ် ၁၃ ရက် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်ကို မဆလ အစိုးက မတရား ပစ်ခတ် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ကျနော့်အနေနဲ့ အင်တာနက်များကတဆင့် တတ်နိုင်သ၍ လက်လှမ်းမီသ၍ ရေးသားဖော်ပြလိုက်ပါသည်။ မြန်မာနိုင်ငံဘွား တိုင်းရင်းသားများကို ချစ်ခင် လေးစားလျက် ဇော်မိုးအောင် (ကိုရီးယား) ၁၉၈၉ ခုနှစ် ကိုဖုန်းမော် ကျဆုံးသည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီနေရာကို နှိပ်ပါ။  ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက် မြန်မာနိုင်ငံမှာ အသုံးပြုနေသည့် ၂၅ ကျပ်တန်၊ ၃၅ကျပ်တန်၊ ၇၅ကျပ်တန် ငွေစက္ကူများကို စစ်အရေခွံချွတ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါသည်။ ယခင်ကလည်း ၁၀၀ ကျပ်တန် (ဗိုလ်ချုပ်အောင်ဆန်း မြန်မာ့ အ၀တ်အစားနှင့် မြန်မာ့ခေါင်းပေါင်းပုံပါ) တွေ သိမ်းတုန်းကလို ပြန်လည် လဲပေးမလားဆိုသည့် အသိတွေနှင့် ပြည်သူတွေက စောင့်မျှော်နေခဲ့ပေမယ့် ပြန်လည် လဲပေးခြင်း မရှိခဲ့ပါ။ တဆက်တည်း အဲဒီအချိန်မှာ ရန်ကုန် စက်မှုတက္ကသိုလ်မှာ စာမေးပွဲ ကျင်းပနေချိန်ဖြစ်ပါသည်။ အဲဒီအချိန်မှာ စက်မှုတက္ကသိုလ် ပါမောက္ခချုပ်က ဦးခင်အောင်ကြည်နှင့် မော်ကွန်းထိန်းက ဦးသက်လွင်တို့ ဖြစ်ကြပါသည်။ စာမေးပွဲရက်အတွင်း ငွေစက္ကူတွေ အသိမ်းခံရတော့ သုံးစွဲဘို့ ပိုက်ပြတ်တဲ့ ကျောင်းသားတွေက ကျောင်းအဆောင်အပြင်ကို ထွက်လာကြပြီး တချို့က ကျောင်းရှေ့ တိုင်လုံးကြီး အောက်မှာ ထိုင်သူ ထိုင်နေကြ၊ တချို့က အင်းစိန် လမ်းမကြီးဘေး လူသွား စင်္ကြန်လမ်းပေါ်တွင် ထိုင်သူ ထိုနေကြယင်း တစ်ယောက် တစ်ပေါက် ပြောကြဆိုကြနေရာက ဒေါသတွေ ပေါက်ကွဲပြီး စိတ်ဓာတ်များ ကျနေကြပါသည်။ အင်းစိန် လမ်းမကြီး လူသွား စင်္ကြန်လမ်းပေါ်တွင် ထွက်ထိုင်နေကြသည့် ကျောင်းသား တချို့က သုံးလို့ မရတဲ့ ငွေတွေကို မီးရှို့ကွာ ဆိုပြီး ငွေစက္ကူတွေကို မီးရှို့ ဖျက်ဆီးကြပါတော့သည်။ မီနစ် အနည်းခန့် အကြာမှာ သမိုင်းလမ်းဆုံးဘက်မှ မောင်းလာသည့် ပြည်သူ့ လုပ်အား ပြန်လည် နေရာချထားရေး ဦးစီးဌာန တံဆိပ် တပ်ထားသည့် မာဇဒါ ဂျစ် တစ်စီးက ကျောင်းသားတွေ အုပ်စုနား ရောက်တော့ ပြင်းထန်းစွာ ကားဘရိတ်ကို အုပ်လိုက်ပြီး ကားပေါ်က အရက်မှုးပုံ ပေါက်နေသည့် အရာရှိဖြစ်ဟန်တူသည့် ဆင်းလာပြီး ဘီပီအိုင် လမ်းကြားထဲသို့ ပြေးဝင်သွားခဲ့ပါသည်။ ကျောင်းသားတွေကလည်း ဒါ မဆလ ကားပဲကွာ ချကြ၊ ရိုက်ကြ၊ လူကိုတော့ မထိ့စေနဲ့ ဆိုပြီး ကားကို မီးရှို့လိုက်ကြပါတော့သည်။ အဲသည်အချိန်မှာ ကျောင်းဝန်းထဲက ကျောင်းသား ကိုယ်စားလှယ် ၅ ဦးက မော်ကွန်းထိန်း ဦးသက်လွင်နှင့် ပါမောက္ခများကတဆင့် ပညာရေး ၀န်ကြီး ဦးကျော်ငြိမ်းထံသို့ ကျောင်းများ ပိတ်ပေးရန်နှင့် သိမ်းထားသော ငွေစက္ကူများ ပြန်လဲပေးရန်တို့ကို တောင်းဆိုမှုများ ပြုလုပ်ကြပါသည်။ ပညာရေး ၀န်ကြီး၏ တုန့်ပြန်ချက်ကတော့ ကျောင်းများကို ပိတ်ပေးပြီး ကျောင်းသူကျောင်းသားများကို နေရပ် ပြန်ပို့ပေးမည်ဟု ဆိုလာကြပါပေမယ့် ငွေ စက္ကူများကို ပြန်လဲပေးရန်ကိုတော့ မဆလ၏ ထုတ်ပြန်ချက်ဖြစ်သည့်အတွက် မလိုက်လျောနိုင် ဟု ဆိုလာသည့်အပေါ် ကျောင်းသားများက လိုက်လျောခဲ့ပါသည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၆ ရက် နံနက် ၂ နာရီကျော်လောက်မှာ ဒဂုံ(မန်း)၊ မြေလတ်သား၊ ရာမည စသည့် ကားကြီးတွေ စက်မှုတက္ကသိုလ် (RIT) ၀န်း အတွင်းသို့ ၀င်ရောက်လာကြပါသည်။ ဘီ အဆောင်မှူး ဦးဘမြင့်က ကျောင်းသား တစ်ယောက်ကို ၂၀၀ ကျပ်ဆီ ခရီးစရိတ်ကို ထုတ်ပေးပြီး နီးစပ်ရာ ဘူတာရုံ၊ ကားဂိတ်၊ လေဆိပ်များမှတဆင့် မိမိတို့၏ အိမ်သို့ ပြန်ကြရန် လိုက်ပို့ပေးပါသည်။ ပညာရေး ၀န်ကြီး၏ ပြောဆိုမှုနှင့် ကွဲလွဲနေသည့်အတွက် ကျောင်းသားတွေ၏ ရင်ထဲမှာ ဒေါသတွေ စွန်းထင်သွားခဲ့ကြရပါတော့သည်။ ၁၉၈၈ ခုနှစ် ဇန်န၀ါရီလမှာ ကျောင်းတွေ ပြန်ဖွင့်ပြီး မကြာမီ နယ်အသီးသီးမှ မိဘ၊ ဆွေမျိုးတွေများက လွှဲပေးလိုက်သော ငွေများကို အင်းစိန် စာတိုက် ၀န်ထမ်း တချို့က တလွှဲသုံးစားပြုလုပ်ထားသောကြောင့် ချက်ခြင်း ထုတ်လို့ မရသည့်အတွက် ငွေထုတ်ကြသည့် ကျောင်းသားတွေနဲ့ အင်းစိန် စာတိုက်က ၀န်ထမ်း တချို့နဲ့ အချင်းများကြပါတော့သည်။ ဒါနဲ့ ပါမောက္ခချုပ် ဦးခင်အောင်ကြည်က အင်းစိန်မြို့နယ် ရဲမှူး၊ စာတိုက်မှူးတို့နှင့် ညှိနှိုင်းပြီး လွှဲငွေများကို နယ်များမှ ရောက်ရောက်ချင်း ထုတ်ပေးပါ့မယ်လို့ အင်းစိန် စာတိုက်မှူးက ၀န်ခံ ကတိပေးခဲ့သည့် အပေါ် ကျောင်းသားများက လက်ခံခဲ့ပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၂ ရက် စနေနေ့ ညနေပိုင်း မှောင်ရီဖြိုးဖျဖျ အချိန်မှာ စက်မှု တက္ကသိုလ်၏ မျက်နှာချင်းဆိုင် အင်းစိန် လမ်းမကြီး တဘက်ဘေးမှာ ရှိသည့် စန္ဒာဝင်း လက်ဘက်ရည်ဆိုင်ထဲမှာ နွားထိုးကြီးက ၀င်းမြင့်၊ ပုလဲက ၀င်းမြင့်နှင့် ကိုကျော်စံဝင်းတို့ ၃ ယောက် ပုံမှန် လက်ဘက်ရည်ဆိုင်နေကြအတိုင်း လက်ဘက်ရည် ထိုင်သောက်ယင်း စိုင်းထီးဆိုင်၏ သီချင်းကို နားထောင်နေကြသည်။ စိုင်းထီးဆိုင် သီချင်းကို နားထောင်နေယင်း နွားထိုးကြီး ၀င်းမြင့်က ဇော်ဝင်းထွဋ် သီချင်းကို ဖွင့်ပေးရန် ဆိုင်ရှင်အားပြောရာ ဆိုင်ရှင်က ဇော်ဝင်းထွဋ် ခွေ မရှိ တူးတူးခွေသာ ရှိကြောင်း ပြောသည်။ ထိုအခါ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်နေသူ အရက်မှုးနေသော အရပ်သား တစ်ဦးက စိုင်းထီးဆိုင်အခွေ နားမထောင်ချင်ယင် ပြန်ပေါ့ကွာ ဟု ခပ်ပြတ်ပြတ် ပြောပြီး ဘုကြည့်ကြည့်နေသည်။ နွားထိုးကြီး ၀င်းမြင့်က အကိုတို့ ဖွင့်ခိုင်းထားတာ မသိလို့ ပြောတာဟု တောင်းပန်လိုက်သည်။ အရက်မှူးနေသည့် အရပ်သားလူငယ် မင်းတို့ရှိယင် မထိုင်ဘူးကွာ ဟု ပြောပြီး ထထွက်သွားသည်။ ခဏအကြာတွင် ထိုသူများ မှုးနေမှန်း သိသဖြင့် ထပြန်ရန် အထတွင် ဒုတိယနှစ် ကျောင်းသား နွားထိုးကြီး ကိုဝင်းမြင့်ကို ရုတ်တရက် ထိုင်ခုံနဲ့ ဂေါင်းကို ရိုက်ချလိုက်ပြီး အရက်မှုးနေသည့် ကျန် အရပ်သား ၃ ဦးကလည်း နွားထိုးကြီး ကိုဝင်းမြင့်ကို ၀ိုင်းရိုက်ကြပါတော့သည်။ ရုန်းယင်းစံခိုက်ဖြစ်ပွားယင်းက နွားထိုးကြီး ကိုဝင်းမြင့်နှင့် ကိုကျော်ဆန်းဝင်းတို့ အပြင် အရပ်သား ကိုကျော်ညွှန့် (ခ) ကိုဂွက်ထော်တို့ ဒဏ်ရာရရှိခဲ့ကြသည်။ ထို ရန်ပွဲသို့ ရပ်ကွက် ပြည်သူ့ ကောင်စီ အတွင်းရေးမှူး ဦးကြီးမြင့်က ရောက်ရှိလာ၍ ဖြန်ဖြေပေးမှုကြောင့် ကျောင်းသားများ သက်သာရာရရှိသွားကြောင်း ဆိုင်ရှင် ဒေါ်စောရီက ပြောပြပါသည်။ စကားများ ရန်ဖြစ်ယင်း ကျောင်းသားများက ကျောင်းဝန်းထဲသို့ ပြေးဝင်လာပြီး ဒဏ်ရာရရှိသည့် နွားးထိုးကြီး ကိုဝင်းမြင့်၏ ဂေါင်းဒဏ်ရာများသည့်အတွက် ဆေးခန်းသို့ ပို့လိုက်ကြပါသည်။ ၄င်းနောက် ကျောင်းသား တချို့က ရိုက်သူကို သိသွားပြီး ကိုဟင်းလမ်း၊ လမ်းသွယ် ၂ ရှိ ရပ်ကွက် ကောင်စီ၏ ဥက္ကဌ ဦးညွှန့်ကြိုင် အိမ်သို့ သွားရောက်ပြီး ညီညီလွင် (ခ) ဇော်ဇော်အောင်၏ အိမ်ဇယားကို တောာင်းယူ ကြည့်ရှုပြီး ညီညီလွင် (ခ) ဇော်ဇော်အောင်၏ ပထွေးဖြစ်သူ ရပ်ကွက် ကောင်စီဝင် ဦးဗိုလ်ချုပ်တို့ နေထိုင်သည့် အိမ်သို့ သွားရောက်ပြီး ညီညီလွင်ကို ထုတ်ပေးရန် တောင်းဆိုကြပါသည်။ ကျောင်းသားများက ယခု တောင်းဆိုနေခြင်းမှာ ယခင်ကလည်း အာဏာပိုင်တွေက အရေးယူဆောင်ရွက်ပေးခြင်း မရှိသဖြင့် တရားမျှတမှုကို လိုလားသောကြောင့် ယခု သွားရောက် တောင်းဆိုနေခြင်းဖြစ်သည်။ ကျောင်းသား စုရုံး တောင်းဆိုနေကြောင်းကို တက္ကသိုလ်က ဆရာများ သိသွားပြီး ကျောင်းသားများ စုရုံးရာ နေရာသို့ ချက်ခြင်း လိုက်သွားပြီး တရားမျှတစွာ ဖြေရှင်းပေးနိုင်ရန်အတွက် ရပ်ကွက် ကောင်စီရုံးတွင် အင်းစိန်မြို့နယ် ရဲစခန်းမှူး ဦးညွှန့်မောင်၊ ဒု ရဲအုပ် ဦးလှမောင်နှင့် နယ်ထိန်းများနှင့် တွေ့ဆုံပြီး ကျောင်းသားများကို ရိုက်သည့် တရားခံများကို ညတွင်းချင်း ဖမ်းဆီးပြီး ဥပဒေအရ အရေးယူ အပြစ်ပေးမည်ဖြစ်ကြောင်း ပြောဆိုရာ ပါမောက္ခချုပ် ဦးခင်အောင်ကြည်က တကယ် မဟုတ်သူအား အရေးမယူရန်နှင့် တကယ်ရိုက်သော ကလေးကိုသာ အရေးယူရန် ပြောဆိုပါသည်။ ကျောင်းသားများကလည်း ဆရာများ ကြေနပ်သောကြောင့် လူစုခွဲပြီး တက္ကသိုလ်သို့ ပြန်လာခဲ့ပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၃ ရက် နေ့လည်လောက်အချိန်တွင် ရပ်ကွက် ကောင်စီ ဥက္ကဌ ဦးညွှန့်ကြိုင်က ညီညီလွင် (ခ) ဇော်ဇော်အောင်အား မဖမ်းရန် အင်းစိန်မြို့နယ် ရဲစခန်းသို့ ဖိအားပေး လာဘ်ထိုးခဲ့သဖြင့် ဖမ်းဆီးခံ တရားခံ ညီညီလွင် (ခ) ဇော်ဇော်အောင်ကို ပြန်လွှတ်ပေးလွှတ်ပေးလိုက်သည်။ ထိုသတင်းကို ကျောင်းသားများ ကြားသိရပြီး ည ၈နာရီခန့်တွင် ကျောင်းသား အယောက် ၃၀ ခန့် လူစုပြီး ညီညီလွင် (ခ) ဇော်ဇော်အောင်ကို သွားရောက်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုကြရာ ပထမပိုင်းတွင် လမ်းမီးများ လင်းနေသော်လည်း ကျောင်းသားများ ကြွေးကြော်နေစဉ်မှာ လမ်းမီးများ ပိတ်သွားခဲ့ပါသည်။ ညီညီလွင် (ခ) ဇော်ဇော်အောင်တို့ မိသားစုနှင့် အိမ်နီးနားချင်းတို့သည် လယ်ကွင်းထဲတွင် ထွက်ပြေး ပုန်းရှောင်နေကြသည်။ လမ်းများ မီးမှောင်ချပြီးနောက် လူမမှားစေရန် အကျီ င်္ချွတ်များက ကျောင်းသားများကို တုတ်၊ ဓားနှင့် ၀င်ရောက် ရိုက်၊ခုတ်ကြပါတော့သည်။ ထိုသတင်းကို ကြားသိရသော ပါမောက္ခချုပ်နှင့် ဆရာများ ချက်ခြင်း လိုက်လာပြီး ရပ်ကွက် ကောင်စီရုံးသို့ သွားရာ ရပ်ကွက် ကောင်စီရုံးကို ပိတ်ထားသည်ကို တွေ့ရသည်။ ဆရာများ ပါလာသော ကားများဖြင့် ဓားခုတ်ခံရသော ကျောင်းသားများကို ထမ်းသယ်ပြီး ဆေးရုံသို့ ပို့လိုက်ရသည်။ ကျောင်းသားများ အဆောင်သို့ ပြန်လာပြီး မကြာမီ ရပ်ကွက် ကောင်စီရုံးနားက သမ၀ါယမဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ သမ၀ါယမဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ သမ၀ါယမဆိုင် ညစောင့်မှာ ဦးလှသောင်းဖြစ်သည်။ သမ၀ါယမ မီးလောင်မှုနှင့်အတူ အဆောက်အအုံ ၃လုံးလည်း မီးထဲပါသွားပါသည်။ သမ၀ါယမဆိုင် မီးလောင်နေချိန်တွင် ကျောင်းသားများ ကိုဟင်လင်းသွယ်တွင် မရှိကြတော့ဘဲ ဘီဘီအိုင် အင်းစိန် လမ်းမကြီးပေါ် ရောက်နေကြသည်။ အဲသည်အချိန်မှာ အိမ်တအိမ် ကျောင်းသားတွေ သမဆိုင်ကို မီးရှို့ကုန်ပြီ တစ်အိမ် တစ်ယောက်ထွက်ကြ ဆိုပြီး အော်ဟစ်ပြောဆိုသဖြင့် အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့ရပါတော့သည်။ ရပ်ကွက်သားတွေလည်း ဘီဘီအိုင် လမ်းမပေါ်အရောက် ကျောင်းသားတွေနှင့် တွေ့မိကြပြီး စကားများ ရန်ဖြစ်နေကြစဉ် ရုတ်တရက် မမျှော်လင့်သည့် မြင်ကွင်း တစ်ခုက ကျောင်းသားများကို စောင့်ကြိုနေတာက မီးသတ်ပိုက်တွေ အသင့်ပြင် ကိုင်ထားတဲ့ မီးသတ်ကားနဲ့ မီးသတ် ရဲဘော်တွေက အသင့်စောင့်နေကြပါသည်။ ရပ်ကွက် လူကြီးတချို့က ရပ်ကွက်သားများကို ထိန်းနေသလို ဆရာ၊ ဆရာမနှင့် အဆောင်မှူးတွေကလည်း ကျောင်းသားတွေ နောက်ကို လိုက်လားပြီး နေချိန်မှာ မရမ်းကုန်းလမ်းဆုံဘက်မှ ရဲချုပ်ကား၊ လုံထိန်းကားများနှင့် နိုင်းတူးနိုင်း ကားနက်ကြီး တစ်စီးတို့က ကျောင်းသားတွေနှင့် ရပ်ကွက်သားတွေ ကြားမှာ ၀င်ရပ်လိုက်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်ဒီ၊ တိုင်းရဲမှူး ဦးဖေကြည်တို့ ကားတွေက ဘီပီအိုင် ဆေးဝါးစက်ရုံ လမ်းကြားထဲကို ၀င်သွားခဲ့ပါသည်။ ကားကြီးတွေပေါ်က ၀တ်စုံ ပြည့်နှင့် သံခမောက်၊ ဒိုင်းများ၊ ဂန်းပိုက်များ၊ သေနတ်များစသည့် လက်နက် အပြည့်အစုံ ကိုင်လာသော လုံထိန်များက နေရာယူလိုက်ကြပြီး သေနတ်တွေနှင့် ကျောင်းသားတွေဘက်ကို ချိန်ထားလိုက်ပါတော့သည်။ ကျောင်းသားနှင့် ရပ်ကွက်သားတွေ၏ ရန်ပွဲမှ တဆင့် ရင်ထဲမှာ အောင်းနေသော ဒေါသမီးများက ကျောင်းသားတွေကို သေနတ်တွေနဲ့ ချိန်ထားသည့် လုံထိန်တွေဆီကို ရောက်သွားချိန်မှာ အဆောင်မှူးနှင့် ဆရာတွေက အော်ဟစ် တားမြစ်သံတွေ ကြားထဲကနေ တဖောင်းဖောင်းနှင့် သေနတ်တွေက မိုးပေါ်ကို ထောင်ပစ်လိုက်သည့် အသံကြီးတွေ ထွက်ပေါ်လာပြီးနောက် မျက်ရည်ယို ဗုံးများကိ ကျောင်းသားတွေ ကြားထဲကို ပစ်သွင်းလိုက်ရာ အဆောင်မှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများသည် စက်မှုတက္ကသိုလ် ကျောင်းဝန်း အတွင်းသို့ ပြေးဝင်ကြရပါတော့သည်။ သေနတ်တွေ ကိုင်ထားသည့် လုံထိန်းတွေ မျက်ရည်ယို ဗုံး ပစ်ခွဲပြီး လူစုခွဲရုံတင် မကဘဲ ကျောင်းထဲသို ပြေးဝင်သွားကြသည့် ကျောင်းသားတွေနောက်ကို အတင်းလိုက်ပြီး ပစ်ခတ်ရာ ကိုဖုန်းမော် (ဓာတုအင်ဂျင်နီယာ)၊ ကိုစိုးနိုင ( စက်မှုအင်ဂျင်နီယာ၊ ပုသိမ် )၊ ကိုမြင့်ဦး (စက်မှုအင်ဂျင်နီယာ၊ ပြွန်တန်ဆာ)တို့ ဒဏ်ရာ ပြင်းထန်စွာ ရလိုက်ပြီး ကိုဖုန်းမော်ကို ဆရာ ဦးသိန်းထွန်းအောင်က ၀င်ဆွဲရာ ဆရာ့လက်ပေါ်မှာဘဲ ကိုဖုန်းမော် သေဆုံးသွားခဲ့ရပါသည်။ နောက် ၂ဦးဖြစ်သည့် ကိုစိုးနိုင်နှင့် ကိုမြင့်ဦးတို့ကို ဆွဲခေါ်လာကြပေမယ့် လုံထိန်းတပ်က သေနတ်တွေနှင့် တရစပ် ပစ်နေကြလေတော့ ကျန်ကျောင်းသားများကိုလည်း ၀င်ရောက် ဆွဲခေါ်ဘို့ မတတ်နိုင်ဘဲ ရှိနေရသည်။ ကျောင်းသားတွေ အားလုံးက ကျောင်းဆောင်တွေထဲသို့ ခြေကုန်ပစ် ၀င်ခဲ့ကြပေမယ့် ကျောင်းသား ၂၀ ဦးခန့် သေနတ် ဒဏ်ရာရရှိခဲ့ကြပါသည်။ သေနတ်တွေက တိတ်ဆိတ်သွားခဲ့ပြီး မကြာမီ ကိုဖုန်းမော်၊ ကိုစိုးနိုင်နှင့် ကိုမြင့်ဦးတို့ကို ဆေးရုံပို့ရန် စီစဉ်ယင်းက အရေးပေါ် စည်းဝေး တိုင်ပင်ကြပြီး ပညာရေးဝန်ကြီးထံသို့ ကျောင်းဝန်းအတွင်း ကျောင်းသားများ ပစ်ခတ် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး သတင်းများ အမှန်အတိုင်း ထုတ်ပြန်ကြေညာပေးရန်၊ သေဆုံးသွားသည့် ကျောင်းသားများနှင့် ဒဏ်ရာရ ကျောင်းသားများ၏ မိသားစုများအား ထိုက်တန်သည့် လျော်ကြေးပေးရန်၊ သေဆုံးသွားသည့် ကျောင်းသားများအား နိုင်ငံတော် ဈာပန အခမ်းအနားဖြင့် ထိုက်တန်စွာ ဂုဏ်ပြု သဂြို င်္ဟ်ပေးရန်၊ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တရားခံများကို အစစ်အမှန်များကို ပြစ်ဒဏ်ပေးရန်၊ ကျောင်းသားများ၏ အခွင့်အရေးကို တာဝန်ယူ ဆောင်ရွက်ပေးနိုင်သည့် တရားဝင် ကျောင်းသား သမဂ္ဂ အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းခွင့် ပေးရန်၊ ကျောင်းများ မပိတ်ရန်၊ ကိုဖုန်းမော်၏ ဈာပနာကို ကျောင်းသားများ ကိုယ်တိုင် ဦးဆောင် ကျင်းပခွင့် ပေးရန် စသည့် အချက် ၇ချက်ကို ပညာရေး ၀န်ကြီးထံသို့ တောင်းဆိုလိုက်ကြပြီး ကျောင်းသား ၁၃ ဦးက ကျစ်လစ်သော အမာခံ သွေးသောက်အဖွဲ့ကို ဖွဲ့စည်း၍ အသက်အသေခံ တိုက်ပွဲ ၀င်ရန် ဆုံးဖြတ်လိုက်ကြသည်။ ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်ဒီသည် စက်မှုတက္ကသိုလ်သို့ ညတွင်းချင်း ပေါက်ချလာပြီး ကျောင်းသားများ၏ တောင်းဆိုချက်တွေကို ပယ်ချလိုက်ကြောင်း ကြေညာလိုက်ရာ စက်မှု တက္ကသိုလ် ကျောင်းဝန်းအတွင်းမှာ ကျောင်းသားတွေသည် ပင်မ အဆောက်အအုံကြီး ရှေ့မှာ ည ၁၂ နာရီ ထိုးခါနီးမှာ ပြန်လည် စုမိကြရာ ရှေ့ဆက်လုပ်ရမည်များကို တိုင်ပင် ဆွေးနွေးချက်တွင် ကိုဖုန်းမော် သွေးမြေကျခဲ့သည့် နေရာမှာ တော်လှန်ရေး ကြယ်ပွင့်လေးများ ပြုလုပ်ဘို့ ဆုံးဖြတ်ချက် ချလိုက်ကြပါသည်။ မြို့ပြ အင်ဂျင်နီယာ ကျောင်းသားများက ဦးဆောင်ပြီး ကိုဖုန်းမော် ကျဆုံးခဲ့သည့် ပင်မ် အဆောက်အအုံ၏ သြဘာလမ်းထိပ် နေရာမှာ ကျောင်းတွင်း မြို့ပြ အင်ဂျင်နီယာဌာနမှာ ရှိသည့် ဘီလပ်မြေ အုတ်ကျိုးလေးတွေနှင့် ကြယ်ပွင့်လေးတွေ စတင် တည်ဆောက်လိုက်ပြီး တစ်ကျောင်းလုံး အနှံ့လိုက်ပြီး သေနတ် ကျည်ခွံတွေ၊ မီးကျည်ခွံတွေ၊ မျက်ရည်ယို ဗုံးခွံတွေ၊ ကျောင်းသားတွေ့၏ မီးပေါက်ရာ အ၀တ်အစားတွေ၊ သွေးစွန်းနေသည့် အ၀တ်အစားတွေကို လိုက်ရှာ စုဆောင်းပြီး ကြယ်ပွင့်ထဲကို စုထည့်ပြီး စွယ်တော်ရွက်တွေကို ဆေးလိပ် မီးနှင့် တို့ကာ အပေါ်က ဖြန့်ကြဲပြီး ကြယ်ပွင့်တွေကို ပိတ်လိုက်ကြသည်။ စက်မှု တက္ကသိုလ် ကျောင်းဝန်းထဲမှာ ဖွေးဖွေးလှုပ်အောင် ပွင့်နေသည့် စွယ်တော် ပွင့်တွေနှင့် ပန်းခွေကို ပြုလုပ်ပြီး ကျောင်းသား တစ်ယောက်က လက်ဝဲ စားလုံးနှင့် ကိုဖုန်းမော် အမည်ကို ရေးပြီး ပန်းခွေမှာ ကပ်လိုက်ရာ ကျောင်းသားများ၏ အံကြိတ် တောက်ခံသံတွေ၊ ကျောင်းနံရံကို ခေါင်းနဲ့ ဆောင့်ပြီး ငိုကြွေးသံတွေ ထွက်ပေါ်ပြီး ပန်းခွေရှေ့မှာ ဒူးထောက် ဦးစိုက် ငိုကြွေးနေကြသည့် ကျောင်းသားတွေကို လမင်းရောင် အောက်မှာ မြင်တွေ့နေကြရပါသည်။ နံနက် ၅နာရီ ၂၅ မီနစ်မှာ ကျောင်းသားတွေက တိတ်ဆိတ်စွာ ကျောင်းကို တစ်ပတ်ပတ်ပြီး ကြယ်ပွင့်ရှေ့မှာ ပန်းခွေချ အလေးပြုခဲ့ကြပါသည်။ ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် ကိုစိုးနိုင်နှင့် ကိုမြင့်ဦးတို့ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်ရာ သီးသန့် လူနာဆောင်တွင် ထားပြီး ရဲတွေက စောင့်နေပါတော့သည်။ ကိုစိုးနိုင်၏ အသည်းထဲသို့ ကျည်ဆံ ၀င်သွားသည့် ဒဏ်ရာ၊ ကိုမြင့်ဦးကတော့ ၀မ်းဗိုက်နှင့် ဆီးအိမ်မှာ သေနတ် ဒဏ်ရာတွေ ရှိနေသည့် ကြားထဲက ကျောင်းသား ၂ ဦး၏ လက်တွေ ခြေတွေကို သံကြိုးတွေနှင့် ချည်ထားသည့်အပြင် အရေးပေါ် ခွဲစိတ်ရန် ဆရာဝန်များက တင်ပြပေမယ့် အာဏာပိုင်များက တားမြစ်ခဲ့တယ်လို့ ကြားသိရပါသည်။ ကျည်သင့် ဒဏ်ရာရှိထားသည့် ကျောင်းသား ၆ ယောက်ကိုလည်း လက်ထိပ်ခတ်ပြီး လှိုင်ရဲစခန်းသို့ ခေါ်သွားရာ ၄ ဦးမှာ သတိလစ် မေ့မြောနေတယ် သိရပြန်ပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၄ ရက် တနင်္လာနေ့ (စတုတ္ထအကြီမ်မြောက် ပြည်သူ့လွှတ်တော် ဆဌမမြောက် အစည်းအဝေး ကျင်းပသည့်နေ့ ) မှာ လေးလံသော ခြေလှမ်းများ၊ ညိုးနွမ်းနေသော စိတ်နှလုံးတွေနဲ့ မတ်လ၏ နွေအပူတွေနှင့် ရောပြွန်ပြီး စာသင်ခန်းဆီသို့ တက်ရောက်ခဲ့ကြရာပေမယ့် စိတ်တွေက တနေရာဆီသို့ လွှင့်ပါးနေကြစဉ် နေ့လည် ၁ နာရီမှာ မြန်မာ့အသံ သတင်းကနေ စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အနောက်ကြို့ကုန်း ရပ်ကွက်သားများ ခိုက်ရန် ဖြစ်ပွားမှုကြောင်း ကျောင်းသား မောင်ဖုန်းမော် သေဆုံးပြီး၊ မောင်စိုးနိုင်မှာ ရန်ကုန်ဆေးရုံကြီးတွင်း အတွင်းလူနာအဖြစ် ကုသထားရကြောင်း သတင်းကို မလှိမ်တစ်ပတ် လုပ်ပြီး ကြေကြာသံနှင့်အတူ ပညာရေး ၀န်ကြီး ဦးကျော်ငြိမ်း အစား ဒေါက်တာ ကျော်စိန်ကို ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ကြေညာသံကို ကြားလိုက်ကြရတော့ စက်မှု ကျောင်းသားများသည် ဒေါသတွေ ပေါက်ကွဲကုန်ပြီး တောင်းဆိုချက် ၇ ချက်နှင့် ဖုန်းမောင် ကျဆုံးခဲ့ရသည့် ဖြစ်ရပ်မှန်ကို ကြေညာ ၂ စောင် စာရိုက် ထုတ်ဝေ၊ အစည်းအဝေး ထိုင်ကြပြီး တခြား တက္ကသိုလ်များသို့ သွားရောက်ပြီး စာရွက်စာတမ်းများကို ဝေငှကြပြီး ဖြစ်ရပ်မှန်တွေကို လိုက်လံ ဟောပြောကြသည်။ ရန်ကုန် စက်မှုတက္ကသိုလ်အတွင်းမှာလည်း ကျောင်းသားတွေက တောင်းဆိုချက် ၇ ချက်နှင့်အတူ ကိုဖုန်းမော် ကျဆုံးရခြင်းမှာ မဆလ အစိုးရ၏ လုံထိန်းများ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ကြောင်းကို ပါမောက္ခချုပ် ဦးခင်အောင်ကြည်နှင့် မော်ကွန်းထိန်း ဦးဘိုအေးတို့ တာဝန်ယူ လက်မှတ်ရေးထိုး တင်ပြပေးသည်ကို ပညာရေးဝန်ကြီး သစ် ဒေါက်ကျော်စိန်က မတ် ၁၄ ရက်မှာ စတင် တာဝန်ထမ်းဆောင်တာဖြစ်သည့်အတွက် သူနှင့် မသက်ဆိုင်ကြောင်း အထက်ကို တင်ပြပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါသည်။ ထို့နောက် ရန်ကုန် စက်မှုတက္ကသိုလ်ဝန်းအတွင်း သွေးမြေကျခြင်းမှာ မဆလ၏ လက်အောက်ခံ လုံထိန်းများဖြစ်ကြောင်းကို ပါမောက္ခချုပ်နှင့် မော်ကွန်းထိန်း ဦးဘိုအေးအပါအ၀င် ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများ ကိုယ်စား ၀န်ခံ အတည်ပြုကြောင်း ကြေညာစာတမ်းကို ကျောင်းသားများ တတိယအကြီမ်မြောက် ထပ်မံ ထုတ်ဝေပြီး တခြား ကောလိပ်၊ တက္ကသိုလ်များကိုပါ ဖြန့်ဝေခဲ့ကြပါသည်။ မတ် ၁၄ ရက် ည ၈ နာရီ မြန်မာ့အသံ သတင်းကနေ စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်းသားများ ရန်ဖြစ်ကြရာက ကျောင်းသား မောင်ဖုန်းမော် ဓားထိုးခံရပြီး သေဆုံးခဲပါသည် လို့ ကြေညာပြီး လုံထိန်းများ ပစ်ခတ်မှု သတ်ဖြတ်သည်ဆိုသည့် ဖြစ်ရပ်မှန်နှင့် ကျောင်းသားများကို တောင်းပန်ကြောင်း သတင်းများ မပါဝင်လာသည့်အတွက် ကျောင်းသားများ အားလုံး ဒေါသများ ပေါက်ကွဲ ထွက်လာကြပြီး အဆောင် ပြူတင်းပေါက်တွေကို ရိုက်ချိုးကြပြီး အဆောင်မှာ ကျောင်းသားတွေ စုကြပြီး အစည်းအဝေးတွေ ကျင်းပနေချိန် လုံထိန်များက ကျောင်းဘက်ကို တညလုံး သေနတ်တွေနဲ့ ချိန်ထားတာကို တွေ့ခဲ့ရပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၅ ရက် နံနက် ၉ နာရီလောက်ကတည်းက ရန်ကုန် စက်မှု တက္ကသိုလ်ကို လုံထိန်းတွေ၊ ရဲတွေ၊ သံချပ်ကာ ကားတွေနဲ့ တိုးချဲ့ ၀န်းရံထားလိုက်ပါသည်။ သမိုင်းဝန်းတွင်းက ကျောင်းသားများ စုပြီး စက်မှု တက္ကသိုလ် ကျောင်းသို့ ချီတက် လာကြပါသည်။ သမိုင်း လမ်းဆုံ အရောက်မှာ ရဲများ၊ လုံထိန်းများက သံဆူးကြိုးတွေ ကားကြီးတွေနှင့် လမ်း ပိတ်ထားလိုက်ကြပြီး မကြာမီ လမ်းဖွင့်ပေးခဲ့ရာ ကျောင်းသားများ စက်မှုတက္ကသိုလ် ဆက်လက် ချီတက်လာခဲ့ကြပါသည်။ ကျောင်းသားများ အားလုံး သံဆူးကြိုး တံခါးတိုင်ကို ဖြတ်ကျော်ပြီးနောက် ရဲတွေ လုံထိန်တွေက သံဆူးကြိုး တံခါးတိုင်တွေကို ထပ်မံ ပိတ်ဆို့ထားလိုက်ပြီး ကျောင်းသားတွေ နောက်က လိုက်လာပါတော့သည်။ အားမာန်အပြည်နှင့် ချီတက်လာသည့် ကျောင်းသားတွေသည် စက်မှုတက္ကသိုလ် ရှေ့အရောက်တွင် ရဲများ၊ လုံထိန်များ နေရာ အပြည့်ယူထားသလို နောက်က လိုက်လာသည့် ရဲများ လုံထိန်းများတွေနှင့် ကျောင်းသား အားလုံး ပိတ်မိ နေပါတော့သည်။ ကျောင်းသားများသည် ဘယ်ကိုမျှ သွားလို့ မရသဖြင့် လမ်းမပေါ်တွင် ထိုင်သူ ထိုင်သူ၊ ရပ်သူ ရပ်နေကြစဉ် အဓိကရိုဏ်း နှိမ်နင်းရေး ခေါင်းဆောင်ဆိုသူက လာရောက်ပြီး ကျောင်းသားတွေကို ကျောင်းဆောင်သို့ မပြန်ရင် ပစ်ရမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုလာပါသည်။ ရပ်ကွက်အတွင်းက လူတွေကလည်း ကျောင်းသားများ တစ်ယောက် သေရတာကို မကြေနပ်လို့ ရပ်ကွက်ကို မီးရှို့ဖျက်ဆီးဘို့ လာနေသည်ဆိုသည့် မဟုတ်မမှန်သည့် သတင်းကို လွှင့်ထားသည့်အတွက် ရပ်ကွက်သားများကလည်း တုတ်၊ ဓားများကို ကိုင်ဆောင်လျက် စက်မှုတက္ကသိုလ်ဆီသို့ ချီထွက်လာကြရာ ကျောင်းသားများကလည်း ရပ်ကွက်သားများနှင့် တိုက်ရိုက် မတွေ့နိုင်စေရန်အတွက် အစည်းအဝေး ထိုင်ကြပြီး ရန်ကုန် ပင်မ တက္ကသိုလ်နှင့် လှိုင်ကောလိပ်ဆီသို့ အင်အား စုရန် သွားဘို့ ဆုံးဖြတ်လိုက်ကြပါသည်။ ညနေ ၃ နာရီ ၁၅ မီနစ် အချိန်တွင် လုံထိန်းများ စစ်ကားများနှင့်အတူ စစ်သားများက ကျောင်းဝန်းအတွင်းသို့ ညာသံပေး ၀င်လာကြပြီး နံပတ်တုတ်များ ၀င့်ကာ ကျောင်းသားများဆီသို့ ပြေးဝင်လာကြပါသည်။ ကျောင်းသားတွေကလည်း ထိတ်လန့်တကြား ထွက်ပြေးကြတာကို လိုက်ရိုက်ယင်း ဖမ်းမိသူများ ဒဏ်ရာ ရရှိသူများကို စစ်ကားပေါ်သို့ ဆွဲတင်ကြသည်။ ကန်တင်း စားသောက်ဆိုင်မှာ ထိုင်နေကြသော ကျောင်းသားများကိုပါ ၀င်ဆွဲကြသည်။ ဆရာများ အဆောင်နှင့် ကျောင်းသားများ အဆောင်တွေကို ပိတ်လိုက်ကြပြီး ကျောင်းဝန်း တခုလုံးကို စီးလိုက်ကြသည်။ ပြန်လည် ခုခံဘို့ ကြိုးစားကြသည့် ကျောင်းသားတွေကို အကြမ်းပတမ်း ရိုက်နှက် ဖမ်းဆီးပြီး ကျောင်းသားတွေကို ကျောင်း ရှေ့ မြက်ခင်းပြင်မှာ စု ထိုင်ခိုင်းစေသည်။ သြဘာလမ်းထိပ်ရှိ သွေးမြေကျ အထိမ်းအမှတ် ကြယ်ကိုလည်း ဖျက်ဆီးပစ်လိုက်ကြသည်။ ကျောင်းသား ၆၀၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြသည်။ ည ၈ နာရီ မြန်မာ့အသံ သတင်းမှာတော့ ကျောင်းသားများ ဆူပူမှုကြောင့် တပ်မတော်သားများနှင့် ပြည်သူ့ရဲများက ကျောင်းဝန်းအတွင်းသို့ ၀င်ရောက်ကာ ကျောင်းသားများကို ဆွေးနွေး၍ အခြေအနေကို ထိန်းသိမ်းလိုက်ရကြောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောက်ယှက် ဆူပူကြသူများအား ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း ကြေညာသွားပါတော့သည်။ “သတ္တိရှိတယ်ဆိုတာ လက်ထဲ မှာ လက်နက်ကိုင်ပြီး ကိုယ်လုပ်ချင်တာ လုပ်တာကို ပြောတာ မဟုတ်ဘူး။ လက်ထဲမှာ ဘာလက်နက်မှ မရှိဘဲ ကိုယ်လုပ်ချင်တာ လုပ်ရဲတာ သတ္တိလို့ ခေါ်တယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ၁၉၈၉ ခုနှစ်၊ ဘုန်းမော် ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသားများကို ရဲရဲ တောက် မိန့်ခွန်းပြောခဲ့ပြီး ဘုန်းမော်နေ့ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ညှိနှိုင်းကာ လက်ရှိနာယက ဦးတင်ဦးက ဖုန်းမော် ကျဆုံး ခဲ့သည့် မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကြောင်း ထိုနေ့မှာပင် ထုတ်ပြန်ကြေညာသည်။ ရဟန်းပျိုများအဖွဲ့ချုပ်သမဂ္ဂဥက္ကဋ္ဌ၊ ဦးနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ဦးသုဝေ၊ ဦးမောင်ကို၊ ကိုအောင်ဒင်၊ ကိုကိုကြီးတို့ကလည်း အဆိုပါ နှစ်ပတ်လည်နေ့သို့ တက်ရောက်ကြပါသည်။ ရက်စွဲမှတ်တမ်း (ဖုံးမော်မှသည် ...) ၁။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် သေဆုံး။ ၂။ အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ယင်းသေဆုံးမှုမှာ RIT အနီးဝန်းကျင်နေ ပြည်သူများနှင့် စက်မှုကျောင်းသားများ ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးရခြင်းဖြစ်ဟု နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်။ ၃။ မတ်လ ၁၄ ရက်နေ့တွင် ကြိမ်ဒိုင်းနှင့် နံပါတ်ဒုတ်ကိုင် လုံထိန်းအမြောက်အမြားက RIT ကျောင်းဝန်းကျင်သို့ ရောက်ရှိစောင့်ကြပ်။ ကျောင်းသားများက ကိုဖုန်းမော် သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ကို အခြား တက္ကသိုလ်ကျောင်းများသို့ လိုက်လံအသိပေး ရှင်းလင်းပြ။ ၄။ မတ်လ ၁၅ ရက်နေ့တွင် RIT ကျောင်းဝင်းအတွင်း လုံထိန်းနှင့် စစ်သား ၆၀၀ ခန့် ၀င်ရောက်စီးနင်းကာ ကျောင်းသားများကို နံပါတ်ဒုတ်များဖြင့် ရိုက်နှက်၊ ကျောင်းသား ၃-၄၀၀ ခန့်အား စစ်ကားများပေါ် တင်၍ ဖမ်းဆီးခေါ်ဆောင်သွား။ အစိုးရဘက်ကမူ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်ပြု ဆူပူသူ ကျောင်းသားများအား ထိရောက်စွာ အရေးယူမည်ဟု ကြေညာ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 14, 2012

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရန် ဖိတ်ကြားခြင်း

ရေးသားသူ — အမည် ရခိုင်အသင်း
                                                  ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ကြရသော တိုင်းရင်းသားများအား ကိုရီးယားရှိ လူမှုအဖွဲ့ အစည်းများ၊အလှူရှင်များသည်
မိသားစုစိတ်ဓာတ် အပြည့်ဖြင့် ထောက်ပံ့ကူညီခဲ့ကြသည်ကို ရခိုင်အသင်း(ကိုရီးယား)အနေဖြင့်
များစွာ ၀မ်းမြောက်ဂုဏ်ယူမိပါသည်။၂၀၁၂-၀၇-၁၅ ရက်(တနင်္ဂနွေ)နေ့ တွင် မြန်မာ ဗုဒ္ဓသာသနာပြုကျောင်း
(ဘူဖျောင်း)၌ ရခိုင်အရေးအတွက် ကူညီခဲ့ကြသော လူမှုအဖွဲ့ အစည်းများ၊အလှူရှင်များအား
ရခိုင်အသင်း (ကိုရီးယား)မှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မည် ဖြစ်ပါသဖြင့် မပျက်မကွက်
တက်ရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။  ။ကြွရောက်လာမည့် ပုဂ္ဂိုလ်များအား ရခိုင် ထမင်းဟင်းလျာ များဖြင့် ဧည့်ခံပါမည်။
                             

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, June 14, 2012

ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူရှင်အမှတ် 10151 နှင့် ပါရမီရှင်များ ဝမ်၂၆သိန်း၂ ထောင်တိတိ နှင့် ဒေါ်လာ ၅၃၀ လှူဒါန်း

ဇွန် ၁၄ ၊ အင်ချောန်း
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် များနှင့် မိတ်ဆွေအပေါင်းတို့က အလှူတော်ငွေ ဝမ် ၂၆သိန်း၂ ထောင်တိတိ (2,602,000 Won)နှင့် အမေရိကန် ဒေါ်လာ ၅၃၀ (530USD)ကို ဓမ္မဒူတ(ကိုရီးယား) တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10151 အဖွားဒေါ်အေးလှိုင်အမှူးထား၍ မြေးအောင်ဇော်ဌေး 100,000
10152 မိခင်ဒေါ်ခင်မြင့်အမှူးထား၍သားသန့်ဇင်မောင် 100,000
10153 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ 100,000
10154 မမနာပိကာစာရီ 50,000
10155 ၂ဘက်မိဘအမှူးထား၍ ကိုဝင်းမင်းထွန်း မမိမိမော် 100,000
10156 ကိုနေမင်းထင် (တတိယအကြိမ်) 50,000
10157 ကိုရဲမြင့် မအေးအေးမြင့် ၊ သမီးမဇာကြည်နိုင် 20,000
10158 ရခိုင်အသင်း(ကိုရီးယား) 50,000
10159 ဦးဇော်ဝင်း ဒေါ်သန်းသန်းမြင့် ၊ ကျော်သူ ကျော်သန့်ဇင် ယဉ်ဝေသူ 100,000
10160 ဦးချစ်ရွှေ ဒေါ်သောင်းရွှေ မိသားစု 100,000
10161 မိခင်ကြီး ဒေါ်ငွေယုန် (၇၉-နှစ်) (မိုးညှင်း) 100,000
10162 မိခင်ကြီး ဒေါ်ခင်အေးရည်စူး၍ နန္ဒကိုကို နော်စူစီ ဇော်လင်းလက်ကိုကို 100,000
10163 ကိုဟိန်းလတ်စိုး 30,000
10164 မိခင်ကြီး ဒေါ်သိန်းကြည်အားရည်စူး၍ သမီးမစန်းစန်းဝင်း(မိုးညှင်း) 1,500,000
10165 ကိုဝင်းလွင်ထွန်း 22,000
10166 ကိုငယ်ထွေးမိသားစု ။ ကိုသန်းကျော်ထွန်း ။ ကိုဟန်စိန် ။ ကိုသီဟကျော် ။ ကိုဝင်းအောင် ။ ကိုသောင်းထွဋ်ဇော် ။ ကိုအောင်မြင့်ဆွေ ။ ကိုတိုး ။ (10,000 စီ)
10167 ဦးရန်အောင် ၊ ဒေါ်ရင်ရွှင် (နယူးစတားရတနာဆိုင်) မိသားစု $500.00
10168 ကိုမြင့်မောင်မောင် $30.00

အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့ ဇွန်လ၁၄ ရက်နေ့ အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် သိန်းပေါင်း ၁၀၄၂ နှင့် ၈ သောင်း ၇ ထောင် (104,287,000) နှင့် အမေရိကန်ဒေါ်လာ ၅၃၀ (ငါးရာသုံးဆယ်) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။



ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။


အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, April 27, 2012

ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

ရေးသားသူ — သန္တိကရဝိဟာရ



ကိုရီးယားနိုင်ငံ၌ လာရောက်စီးပွါးရှာရင်း ကိုယ့်အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဘို့ ကိုယ်ယဉ်ကျေးမှုကို ထိမ်းသိမ်းဘို့၊ မြတ်ဗုဒ္ဓ၏ တရားတော်များကို နာယူလေ့လာဘို့၊ ကိုရီးယားလူမျိုးများအား ဗုဒ္ဓအဆုံးအမများကို ဟောပြရင်း တတ်စွမ်းသမျှ ကိုယ့်မြန်မာများကို ကူညီစောင့်ရှောက်မှုပေးနိုင်စေရန် အလို့ငှာ ဖေဖေါ်ဝါရီလက အသစ်ဖွင့်လှစ်ပြီးစီးခဲ့သော အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်းတော်၌ ကိုးကွယ်ပူဇော်ထားကာ လာရောက်သူအပေါင်း ကြည်ညိုသဒ္ဓါပွါးများနိုင်ရန် ရည်စိတ်သန်လျက် စိတ္တသာမဂ္ဂီ (စိတ်တူညီမျှ ရွှေညီအစ်ကိုများ) အဖွဲ့ မှ မြန်မာနိုင်ငံမှ မှာယူပင့်ဆောင်လာသော ဗုဒ္ဓရုပ်ပွါးတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာကို အောင်မြင်စွာပြီးဆုံးပါကြောင်း အားလုံးသာဓုခေါ်နိုင်စေရန် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ကြွရောက်ချီးမြှောက်ပေးသော မြန်မာဗုဒ္ဓသာသနာပြုကျောင်းဆရာတော်နှင့် ဧည့်ပရိတ်သတ်အပေါင်းအားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း…..

စိတ္တသာမဂ္ဂီအဖွဲ့ ကိုယ်စား
သန္တိကရဝိဟာရကျောင်းအကျိုးဆောင်အဖွဲ့ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, February 12, 2012

KBJ ဆရာ၊ ဆရာမများနှင့် တပည့် သူငယ်ချင်းများအလှူတော်



KBJဆရာ၊ ဆရာမများနှင့်တပည့် သူငယ်ချင်းများ မှ ကျောင်းမြေနေရာ အလှူတော်ငွေ ၀မ် ငါးသိန်းနှင့် ကျောင်းဝေယျာဝစ္စ အလှူတော်ငွေ ၀မ် တစ်သိန်းတိတိ ကို လှူဒါန်းသွားပါသည်။လှူဒါန်းမှု အစုစုတို့ အား ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်ဆို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, January 23, 2012

အလှူရှင်အမှတ် ၁၀၀၆၇ နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ် ၃ သန်း ၉ သောင်းလှူဒါန်း

ဇန္နဝါရီ ၂၂ ၊ အင်ချောန်း ။


[Photo:Dhammaduta_Korea/ ပါရမီရှင်များ ဓမ္မဒူတမြေအလှူတော် လှူဒါန်းနေစဉ်]

ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၃၂ ဦးနှင် မိသားစုတို့က အလှူတော်ငွေ ဝမ် သိန်း ၃၀ နှင့် ၉ သောင်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -

10067 ဦးကြည်ဝင်းရည်စူး၍ ဒေါ်မြင့်မြင့်ခင်နှင့် သား ကိုသန်းဝင်းအောင် 300,000
10068 ကိုသာနု (ချမ်းမြသာစည်) 50,000
10069 ကိုထွန်းထွန်း (တောင်သာ) 100,000
10070 မိဘနှစ်ပါးအမှူးထား၍ ကိုသန့်စင်ဦး ၊ ကိုကျော်ဇင်လတ် 100,000
10071 ဦးအောင်ဆန်းဦး ဒေါ်ကြည်ကြည်ဝင်း မိသားစု (အင်းစိန်) 30,000
10072 ကိုစိုးမြင့် မွေးချင်းတစ်စု (သုဝဏ္ဏ) 110,000
10073 မိခင်ကြီးဒေါ်လှကြည်အမှူးထား၍ ကိုအောင်သန်းလွင် (မိုးညှင်း) 100,000
10074 ဦးဝင်းရှင် ဒေါ်လှရီ သားသမီးတစ်စု (ပန်းဆိုးတန်း) 100,000
10075 ကိုလင်းဖြိုးမောင် 50,000
10076 ကိုကျော်ဇင်ထိုက် 30,000
10077 မိဘများအမှူးထား၍ ကိုသော်တာထွန်း မေဇော်မောင်ဝင်း 300,000
10078 ကိုရီးယားနေ သူငယ်ချင်းတစ်စု 100,000
10079 တောင်သာ ညီအစ်ကိုများ 50,000
10080 ကိုကျော်ဇေယျာမိုး 30,000
10081 ကိုစိုးဝင်း 50,000
10082 ဒေါ်တင်ဥ မိသားစု 50,000
10083 ကိုမြင့်အားရည်စူး၍ ကိုဟန်သိန်း 100,000
10084 ကိုမြင့်အောင် မိသားစု 100,000
10085 ကိုရဲလွင်ဦး 50,000
10086 နှစ်ထက်မိဘအမှူးထား၍ ကိုသက်မင်းထိုက် မသိင်ဂီထွေး မိသားစု 100,000
10087 ကိုနိုင်ဝင်း 30,000
10088 ကိုသားကြီး မိသားစု 100,000
10089 ကယားလေး 50,000
10090 ကိုသန့်ဇော်ဝင်း မိသားစု 50,000
10091 ကိုမြအေး ကိုထွန်းထွန်း 100,000
10092 ကိုနေမင်းထွန်း 30,000
10093 ကိုမြတ်သူ 30,000
10094 ကိုကျော်ကျော်မိုး မရီရီဝင်း မိသားစု 100,000
10095 ဦးအောင်သန်း ဒေါ်လှလှဌေး မိသားစု 100,000
10096 ဦးဝင်းနိုင်နှင့် သူငယ်ချင်းများ 400,000
10097 ကိုကျော်ဇင်ထွန်း (စစ်တွေ) 100,000
10098 မိဘ ဦးသိန်းအောင် ဒေါ်ထွေးရီအမှူးထား၍ ကိုရဲထွဋ် (မြန်အောင်) 100,000


အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့(၂၀၁၂ခုနှစ် ဇန္နဝါရီလ၂၂) အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် ၉၅၁ သိန်း ၉ သောင်း ၅ ထောင် (95,195,000) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြပါသည် ။


ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၅ ရက် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 6, 2012

အလှူရှင်အမှတ် ၁၀၀၅၅ နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဆက်လက်လှူဒါန်း

ဇန္နဝါရီ ၅ ၊ အင်ချောန်း ။
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၂ ဦးတို့က အလှူတော်ငွေ ဝမ် ၂ သိန်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10055 ကိုကြည်အောင် ၊ မအုန်းမြင့် (ကမာရွတ်) မိသားစု 100,000
10056 ကိုထွန်းထွန်း (လမ်းမတော်) 100,000


[Photo:Dhammaduta_Korea/ ပါရမီရှင်များ ဓမ္မဒူတမြေအလှူတော် လှူဒါန်းနေစဉ်]
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် ၉၀၈ သိန်း ၆ သောင်း ၅ ထောင် (90,865,000) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြပါသည် ။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၅ ရက် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, September 26, 2011

၁၃ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်

ရေးသားသူ —မန်မာအသင်း (ကိုရီးယား)




၁၃ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော် ဂုဏ်ပြုမှတ်တမ်း

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာအသင်း(ကိုရီးယား)မှ ကျင်းပပြီးစီးခဲ့သော ၁၃ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်တွင် အဖွင့်အမှာစကားပြောကြားပေးသွားသော ဆော့ဂွမ်ဆာ ဘုန်းကြီးကျောင်းမှ ဆရာတော်၊ ပူချွန်းအလုပ်သမားရိပ်သာမှ အုပ်ချုပ်ရေးမှူး၊ မြန်မာအသင်း(ကိုရီးယား) ဥက္ကဌ ဦးခင်မောင်ရင်၊ အာရုဏ်ဆွမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးနှင့် ရွှေသင်္ကန်းအလှူရှင် ကိုအောင်ဝေဖြိုး (ခ) ကိုကရင်ကြီး၊ ကိုအောင်မင်း(အန်ဆောင်း)၊ အာရုဏ်ဆွမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးနှင့် ဘုရားဝတ်ပြုကုသိုလ်ယူပေးကြသော မောင်ထွန်းလင်းနှင့် သူငယ်ချင်းများ၊ ဘုရားပင့်နှင့် မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပေးသော ကိုလှမျိုး၊ ဘုရားရွှေသင်္ကန်း ဦးစီးကပ်လှူပူဇော်ပေးသော ဦးဝင်းမြင့်ဦး၊ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးသွားသော ကိုပြည့်ဖြိုးအောင်နှင့် မထားထားဦး၊ မြန်မာ့ရိုးရာသံစဉ်အစီအစဉ်နှင့်ဖျော်ဖြေရာတွင် ပတ္တလားတူရိယာ တီးခတ်ပေးသော ဦးမင်းသစ်ထွန်း (အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရန်ကုန်။)၊ ဘုရားပင့် စောင်း တူရိယာတီးခတ်ပေးသော ဒေါ်သူဇာလွင် (အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်၊ ရန်ကုန်။)၊နှင့် ဆိုင်း တူရိယာတီးခတ်ပေးသော ဦးအောင်အောင် (အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်၊ မန္တလေး။)၊ ရိန်းဘိုးတေးဂီတအဖွဲ့နှင့် မျိုးချစ်မောင် ဒိုး အဖွဲ့သားများ၊ ပါဝင်ကူညီဆောင်ရွက်ပေးသွားကြသည့် နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ၊ ပွဲတော်အစအဆုံး လာရောက်အားပေးကြသော အနယ်နယ် အရပ်ရပ်ရှိ မြန်မာ ညီအကိုအပေါင်းတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုရင်းဖြင့် ....

အလုပ်အမှုဆောင်အဖွဲ့
မြန်မာအသင်း (ကိုရီးယား)



ကံစမ်းမဲလက်မှတ်များ ၀ယ်ယူအားပေးပြီး ဆုမဲဖောက်ရာတွင် ကံထူးသူ သုံးဦးမှ ဆုမဲများ လာရောက်ထုတ်ယူရန် ကျန်ရှိနေပါသဖြင့် အောက်ဖော်ပြပါ နံပါတ်များ ကိုင်ဆောင်ထားကြသူများ အမြန်ဆက်သွယ်ကြပါရန်။

၄၂၂
၂၆၈
၃၁၆

ဆက်သွယ်ရန်

ဦးခင်မောင်ရင် ( ၀၁၁ ၉၃၈၆၇၁၅၃ )
ဦးသန့်ဇင်အောင် ( ၀၁၀ ၉၀၅၄၄၇၂၇ )


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, August 5, 2011

၁၁ ကြိမ်မြောက် ဥက္ကဌဖလားဘောလုံးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာ

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)


၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ပူချွန်းမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြီးစီးသွားသော ၁၁ ကြိမ်မြောက် မြန်မာအသင်း (ကိုရီးယား)၏ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားခဲ့ကြသော ဒေသဆိုင်ရာ မြန်မာဘောလုံးအသင်း ၁၃ သင်းနှင့် ပွဲစဉ်
အစမှစ၍ အောင်မြင်စွာ အဆုံးသတ်ပြီးစီးသည်အထိ ကူညီဆောင်ရွက်ပေးခဲ့ကြသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဘောလုံးပွဲအား လာရောက်ကြည့်ရှုအားပေးကြသူများအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ပထမဆုရ ဒယ်ဂူးဂေါ်ဂျယ်မြန်မာ ဘောလုံးအသင်း၊ ဒုတိယဆုရ Hornbil FC ဘောလုံးအသင်း၊
တတိယဆုရရှိသွားသော အင်ချွန်းယူနိုက်တက် ဘောလုံးအသင်းနှင့် အကောင်းဆုံး ဘောလုံးကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံး ဘောလုံးကစားသမားဆုရရှိသူများ ကိုလည်း မြန်မာအသင်း (ကိုရီးယား)မှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။

မြန်မာအသင်း (ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့

ပထမဆုရ ဒယ်ဝူးဂေါ်ဂျယ် မြန်မာဘောလုံးအသင်း ဆုယူနေပုံ

ဒုတိယဆုရ Hornbil FC ဘောလုံးအသင်း ဆုယူနေပုံ



တတိယဆုရ အင်ချွန်းယူနိုက်တက် ဘောလုံးအသင်း ဆုယူနေပုံ


အကောင်းဆုံး ကစားသမား ဆုရ ဒယ်ဝူးဂေါ်ဂျယ်မြန်မာဘောလုံးအသင်းမှ နေသူလှိုင် ဆုယူနေပုံ



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>