Showing posts with label ယဉ်ကျေးမှု. Show all posts
Showing posts with label ယဉ်ကျေးမှု. Show all posts

Wednesday, March 25, 2015

၁၅ ကြိမ်မြောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး


 မြန်မာအသင်း(ကိုရီးယား)

၁၅ ကြိမ်မြောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး

၂၀၁၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ (အကြိုနေ့)တွင် ကိုရီးယားနိုင်ငံ ဘူချွန်းမြို့ မြို့မအားကစားကွင်း 부천종합운동장 မှာ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြန်မာအသင်း(ကိုရီးယား)မှ ကြီးမှူးကာ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး အဖွဲ့အစည်းများမှ စုပေါင်းကျင်းပပါမယ်။
စတုဒိသာ မဏ္ဍပ်များ
ပွဲတော်မှာ ပါဝင်ပြီး စတုဒီသာများ ကျွေးမွေးနိုင်ရန်အတွက် မဏ္ဍပ်များ ရယူနိုင်မည့် အဖွဲ့အစည်းများ အနေနဲ့ ကြိုတင် စာရင်းပေးသွင်းရန် မြန်မာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ရင်ထံသို့ မတ်လ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
စည်းကမ်းရှိရှိ ပျော်ပျော်ပါးပါး
ဒီနှစ် သင်္ကြန်မှာ ကိုရီးယားနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ဥပဒေများအရ လူအများပါဝင်တဲ့ ပွဲတော်တွေတိုင်းမှာ အရက်သေစာ သောက်စားမူးယစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းအောင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်းများကို ကိုရီးယား အစိုးရအနေနဲ့ လုံးဝ လုံးဝ ခွင့်မပြုပါ။ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ အဲဒါကြောင့် ဒီနှစ် သင်္ကြန်မှာ စည်းကမ်းတကျ ပျော်ရွှင်ကြပါရန် လေးစားစွာနဲ့ အသိပေးပါတယ်။
လူမှုအကျိုးဆောင်
အဲဒါအပြင် သင်္ကြန်ပွဲတော်ကို ပျော်ပျော်ပါးပါးနဲ့ စည်းကမ်းတကျ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးမယ့် လုပ်အားပေး လူမှုအကျိုးဆောင် Volunteer များ လိုအပ်ပါတယ်။ Volunteer အဖြစ် ကူညီပေးကြမယ့် သူများကို ဖိတ်ခေါ်ပါတယ်။ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါတယ်။ ကူညီပေးမယ့်သူများ အနေနဲ့ မြန်မာအသင်း ဥက္ကဋ္ဌဆီမှာ ဆက်သွယ် စာရင်း ပေးသွင်းနိုင်ပါတယ်။
ညှိနှိုင်းစည်းဝေး
၂၀၁၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ နေ့လယ် ၁ နာရီတိတိတွင် ပါဝင်ဆင်နွဲမည့် မဏ္ဍပ်ယူမည့်သူများ၊ ဖျော်ဖြေရေး အဖွဲ့များ၊ လုပ်အားပေးကြမည့် သူများနှင့် အခြား သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အားလုံးနဲ့ ညှိနှိုင်း စည်းဝေးမှာကြမှာမို့ အစည်းအဝေးကျင်းပမယ့် မြန်မာအသင်းရုံးခန်းသို့ မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ခေါ်ပါတယ်။ အထူးသဖြင့် မဏ္ဍပ်တာဝန်ခံများအနေနဲ့ မပျက်မကွက် တက်ရောက်ပေးပါရန် တကယ်လို့ မတက်ရောက်ပါက မဏ္ဍပ်စာရင်းမှ ပယ်ဖျက်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။

သိလိုတဲ့ အချက်များကို မေးမြန်းရန် အောက်ပါ ပုဂ္ဂိုလ်များနဲ့ ဆက်သွယ်နိုင်ပါတယ်။

ဦးခင်မောင်ရင် (ဖုန်း) 010- 2788-7153
ဦးသန့်ဇင်အောင် (ဖုန်း) 010- 9054-4727
ဦးဝင်းနိုင်ဦး (ဖုန်း)  010- 8648-4533

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, September 6, 2014

ကိုရီးယားနိုင်ငံ Gimhae မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ Asia Food Festival ကျင်းပမည်








ကိုရီးယားနိုင်ငံ  Gimhaw မြို့တွင် ပထမဆုံး အကြိမ် ရွှေ့ပြောင်းအလုပ်သမားများ၏  Asia Food Festival ပွဲတော်ကို စက်တင်ဘာလ (၉) ရက်နေ့ နေ့လည် (၂) နာရီ မှ ညနေ (၅) အထိ Gimhae ဈေး လမ်းဆုံ အနီးတွင် ကျင်းပမည်ဖြစ်ပါသည်။ 

အဆိုပါ ပွဲတော်ကျင်းပနိုင်ရေး အတွက် နီပေါ ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ သီရိလင်္ကာ ၊ ဘင်္ဂလာဒေရှ် ၊ ပါကစ္စတန် နိုင်ငံပေါင်း (၆) နိုင်ငံမှ ရိုးရာ အစားအစားများကို ပြသသွားမည် ဖြစ်ပါသည်။

Korea Immegrant Network  ကို Gimhae မြို့တွင် ဖွဲ့စည်းနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါသည်။

ယခု ပွဲတော် ကျင်းရခြင်း၏ ရည်ရွယ်ချက်မှ Gimhae မြို့တော်သူ/သားများ နှင့် ရွေ့ပြောင်းအလုပ်သမားများ ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြစေရေး ၊ အာရှ ယဉ်ကျေးမှုများ နှင့် ကိုရီးယား ယဉ်ကျေးမှုတို့ ဖလှယ်နိုင်ကြစေရေး တို့ဖြစ်ပါသည်။ 

ပွဲတော်သို့ လာရောက် သူများကို  တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ပါသည်။ 

Busan ၊ Gimhae အနီးအနားရှိ ရွှေမြန်မာညီအကိုများ လာရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ........  ၉-၉-၂၀၁၄ (အင်္ဂါနေ့)
အချိန်   ........ နေ့လည်(၂း၀၀) နာရီ မှ  ညနေ (၅း၀၀) နာရီ အထိ
နေရာ   ........ Gimhae ဈေး လမ်းဆုံ အနီး

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, December 1, 2013

ဘူဆန် အနီးအနားရှိ ရွှေမြန်မာညီအကိုမောင်နှမများ၏ မိတ်ဆုံညစာစားပွဲ ၊ ဂီတနှင့် အကဖျော်ဖြေပွဲ ~

ကိုရီးယားနိုင်ငံ ဘူဆန် ဂယောင်နမ်ဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် ကိုရီးယားပညာတော်သင်  ကျောင်းသား/ကျောင်းသူများ အတူတကွ ပူးပေါင်းလက်တွဲကာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအကြောင်း  မိတ်ဆက်ပွဲနှင့် မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားသူ ကိုရီးယားနိုင်ငံသားများ နှင့် ရွှေမြန်မာညီအကို မောင်နှမများ၏ မိတ်ဆုံစားပွဲကို လာမည့် တနင်္ဂနွေနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၈ )ရက် တနင်္ဂနွေနေ့တွင် အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရွှေမြန်မာ ညီအကိုမောင်နှမ အပေါင်းတို့အား မပျက်မကွက် တက်ရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျား ... ။


ကျင်းပမည့် နေ့ရက် - ၈-၁၂-၂၀၁၃ (တနင်္ဂနွေနေ့)

ကျင်းပမည့် အချိန် - နေ့လည် (၂ )နာရီ မှ ညနေ (၅) နာရီအထိ

ကျင်းပမည့်နေရာ - 사상여 성인력개발센터

ဆာဆန်းဘူတာအနီး 부산광역시 사상구 광장로 76 송원센터빌딩 9층 Tel. (051)326-7600 Fax.(051)326-4004
(ဆာဆန်းဘူတာ နံပါတ် ၁ ထွက်ပေါက်မှထွက်ကာ တွေ့တွေ့ချင်း အဆောက်အဦး ၉ ထပ်မြောက် ) 

ကျင်းပမည့် အစီအစဉ်များ ..
၁။ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ (မိနစ် ၂၀ ခန့် ) ဆရာ လှမင်းထွန်းမှ  ဗီဒီယိုဆလိုက်များဖြင့် ရှင်းလင်းပြောပြမည် ။

၂။ ဘူဆန်းမြို့ရှိ ကိုရီးယားပညာတော်သင် ကျောင်းသား/သူ ညီအကို မောင်နှမများ၏ ရွှေစွန်ညို အက ၊ ရိုးရာ သင်္ကြန် အက ၊ တေးသီချင်း သီဆိုဖျော်ဖြေမှု 
( ကိုပိုင်စိုးကိုမှ ဦးဆောင်စီစဉ်သည် )

၃။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တိုင်းရင်းသားရိုးရာဝတ်စုံပြည့်ဖြင့် သီဆိုကပြဖျော်ဖြေမည့် စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ၊ ဇာတိမာန်သီချင်း တစ်ပုဒ် ဖြင့် သီဆိုကြမည် ......
(ကိုစဟိန်းမင်းလတ်မှ ဦးဆောင်စီစဉ်သည် )

၎။ မြန်မာ့ရိုးရာပြခန်း ပြသမှု .......     ( ကိုဇော်မင်းမှ ဦးဆောင်စီစဉ်သည်)

၅။ ဘူဆန်ဂယောင်နမ် ရွှေမြန်မာညီအကိုများ၏ ရော်ခ်ဂီတအဖွဲ့ဖြစ်သော AN ERA BAND ၏ ခောတ်ပေါ်တေးဂီတ တီးခတ်ဖျော်ဖြေမှု
(တီးဝိုင်းမန်နေဂျာ ကိုတောင်ငူမှ ဦးဆောင်စီစဉ်သည် ) .. အပြင်

ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား မြန်မာစားသောက်ဖွယ်ရာ 
(၁) ကြာဇံကြော် (၂)ဆီထမင်း (၃)ကော်ပြန့် (သို့) စမူဆာ (၄) အုန်းနို့ခေါက်ဆွဲ များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပါမည်။

(မိဘမေတ္တာ စားသောက်ဆိုင် ကိုလင်းလင်းမှ စီစဉ်သည် ) 


ဤအစီအစဉ်အား ဘူဆန်မြို့ ယဉ်ကျေးမှုစင်တာနှင့် ဘူဆန်နိုင်ငံခြားသား အလုပ်သမား အကူအညီပေး ရေးစင်တာတို့မှ ထောက်ပံ့ကူညီကာ အဆိုပါပွဲတွင် ပါဝင်ကပြဖျော်ဖြေကြမည့် မြန်မာညီအကို မောင်နှမ များအား တစ်ဦးချင်းစီ ဆုငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ အဆိုပါ ရရှိမည့် ဆုကြေးငွေများအား ရွှေမြန်မာ ညီအကိုမောင်နှမများမှ ရွှေအလင်းတန်း မြန်မာအသင်းသို့ ထပ်ဆင့်ပြန်လည်လှူဒါန်းကြမည် ဖြစ်ကြောင်းလည်း ဝမ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည် ခင်ဗျား ..... ။


ရွှေအလင်းတန်းမြန်မာအသင်း ..


https://www.facebook.com/groups/goldenlight009/


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, September 12, 2013

ဆရာသောင်းနှင့်တောင်ဥက္ကလာပကျောင်းသားများ အလှူတော်မင်္ဂလာဖိတ်ကြားလွှာ

တောင်ကိုရီးယားနိုင်ငံရောက် ဆရာသောင်းနှင့်တောင်ဥက္ကလာပကျောင်းသားများ က လာမည့်ကိုရီးယားချူးဆော့ပွဲတော်အခါသမယတွင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား မွန်မြတ်သည့် အရုဏ်ဆွမ်း ၊ နေ့ဆွမ်းများဆပ်ကပ်ပူဇော်လှူဒါန်းကြပြီးလျင် ၊ ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း အာဟာရဒါနပြု ကုသိုလ်ယူလိုပါသဖြင့် ကြွရောက်သုံးဆောင်တော်မူကြပါရန်လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။

အလှူတော်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အလှူတော်နေရာ-
- မြန်မာဗုဒ္ဓသာသနာပြုကျောင်း

အလှူတော်နေ့ရက်-
- ၂၀၁၃ခုနှစ် ၊ စက်တင်္ဘာလ ၁၉ ရက် (ချူးဆော့ရက်ကြီး)

အလှူတော်အစီအစဉ်-
- နံနက်= မုန်းဟင်းခါး ။
- နေ့လည် = မြန်မာပြည်အလွမ်းပြေထမင်း ဟင်း ။


ခင်မင်လေးစားမှုဖြင့်-

ဆရာသောင်းနှင့်တောင်ဥက္ကလာပကျောင်းသားများ
၂၀၁၃ခုနှစ် စက်တင်္ဘာလ ၁၂ရက်
အင်ချောန်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, August 24, 2013

ကွမ်းမေတ္တာစာ

ရေးသားသူ — ရွှေပြည်ငြိမ်းချမ်း

[ထောင်စုပြတင်း စာအုပ်တိုက်မှ ထုတ်ဝေတဲ့ “ကိုရီးယား - ယိမ်းနွဲ့နေသော ရောင်စုံကြာ” စာအုပ်မှာ ပါဝင်သော ရွှေပြည်ငြိမ်းချမ်းရဲ့ ကွမ်းမေတ္တာစာ ဆောင်းပါးကို ဟန်းဂုရွာမှာ ထပ်ဆင့်ဖော်ပြခြင်း ဖြစ်ပါတယ်။]



အမှန်တကယ်အားဖြင့် ဒီလိုစာမျိုးကို သူ မရေးချင်ပါ။ ကိုယ့်လူမျိုး၏ ကျန်းမာရေးနှင့် လွဲမှား နိမ့်ကျနေသည့် လူမှုစနစ်ကို တစ်ထောင့် တစ်နေရာက ဝေဖန်ထောက်ပြ အကြံပေးလိုသည့် စိတ်သက်သက်သာ ဖြစ်ပါသည်။
အမြင်မတော်တာကို တွေ့နေရလျက် ရှောင်ကွင်းသွားမည့်အစား တတ်နိုင်သည့် နေရာက လှည်းဘီး ၀င်တွန်းခြင်း ဖြစ်ပါသည်။ ကွယ်လွန်သွားရှာပြီ ဖြစ်သည့် နာမည်ကြီး အဆိုတော် မင်းသား စာရေးဆရာ သုမောင်က “ကွမ်းစကား” ဟူသော စာအုပ်တွင် အရည်လည်း မရ၊ အဖတ်လည်း မရ တစ်ခုခုသော အရသာကြောင့် ကွမ်းစားကြသည်ဟု ကွမ်း၏ အရသာနှင့် နှိုင်း၍ သူ့စာများကို တင်စားခဲ့သည်။ ကျွန်တော့်အမြင်အရဆိုပါမူ တစ်ခုခုသော အရသာ ဆိုသည်မှာ “ရောဂါ” ဟုသာ။

တစ်ခါသားတုန်းက ဖြစ်သည်။ ကွမ်းဆရာသမားတစ်ဦး သွားပြုတ်သွားသော်လည်း အမြစ်ကျန်နေသဖြင့် ကိုရီးယား သွားဆေးခန်းသို့ ပို့ဆောင်ပေးရာ “ငါ သွားဆရာ လုပ်သက် အနှစ် သုံးဆယ်ကျော်မှာ ဒီလောက် ဆိုးဝါး စုတ်ပြတ်တဲ့ သွားတွေ တစ်ခါမှ မမြင်ဖူးဘူး” ဆိုသည့် မှတ်ချက်ကလည်း ကျောချမ်းစရာ ကောင်းလှပါသည်။

ပဒေသရာဇ်ခေတ်မှ စပြီး လက်ရှိ အစိုးရအထိ ကျန်းမာရေးအရ သော်လည်းကောင်း၊ စည်းကမ်းပိုင်းတွင် သော်လည်းကောင်း ပညာပေးမှုအင်အား နည်းပါးခဲ့သဖြင့် အလှူမင်္ဂလာနှင့် အိမ်တွင်း ရိုးရာတွင် ကွမ်း ဆေး လက်ဖက်က အောင်မြင်စွာ ကြီးစိုးမင်းမူခဲ့သည်။ လူတစ်ယောက်၏ နှစ်သက်မှုကို တားဆီးပိတ်ပင်ဖို့ မကြိုးစားပါ။ သို့သော် လူတစ်ယောက်၏ စည်းကမ်းဖောက်ဖျက်မှုကြောင့် လူအများ မျက်နှာငယ်ရသည်ကို လက်မခံနိုင်ပါ။

ကျန်ခဲ့သည့် နှစ်အနည်းငယ်က အမေရိကန်ရှိ မြို့လေးတစ်မြို့၏ အ၀တ်လျှော်ဆိုင်တွင် “မြန်မာနဲ့ ခွေး မ၀င်ရ” ဟူသော ပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ စည်းကမ်းမဲ့သော မြန်မာတချို့၏ ကွမ်းတံတွေးမှ စတင်ခဲ့သည်။ မလေးရှားတွင်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်လောက်က ကွမ်းပြဿနာ အကြီးအကျယ် တက်ခဲ့ဖူးကြောင်း သိရပါသည်။ ကိုရီးယားတွင်လည်း Myanmar Town ဘူဖျောင်းဘူတာအနီးရှိ လမ်းမလမ်းကျဉ်းများမှာ ကွမ်းတံတွေးဒဏ်ကို နာကျင်စွာ ခံစားနေရသည်။

အလည်ရောက်လာသည့် ဧည့်လုပ်သားများကို အိမ်ရှင်တို့၏ သည်းခံနိုင်စွမ်းက စိန်ခေါ်စရာအဆင့်သို့ ရောက်လာသည်။ ကိုရီးယားသည် စင်္ကာပူလို စည်းကမ်းပိုင်း တားမြစ်ပိတ်ပင်မှု မပြင်းလှသော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းထားသည်။ အထွေးမတော်က တစ်ခါတည်းနှင့် အိမ်ပြန် အပို့ခံရနိုင်ပါသည်။

အကျည်းတန် အရုပ်ဆိုးသော သွားပိုင်ရှင်များက သွေးနှင့်ဆင်သော အရည်များ ထွေးထုတ်သည်ကို အမှတ်တမဲ့ မြင်တွေ့ရသည့် ယဉ်ကျေးမှုချင်း အတော်အတန် အလွန် ကွဲပြားသော အိမ်ရှင်များသည် ထိတ်လန့်ကြသည်။ လေအေးစက် အပြည့် လွှတ်ထားသော မြေအောက်မီးရထားထဲတွင်၊ ကုလားပြည်က လာသော အနံ့ပြင်းပြင်း ဆေးကို အသည်းရောင် အသားဝါ ဖြစ်စေသည့် အရွက်ထဲတွင် စနစ်တကျ စစ်ဆေးမှု မရှိဘဲ ဖုန်ကပ်နေသည့် မာကျောကျောအသီး၏ အစိတ်အပိုင်း အချို့နှင့် ထုပ်ပိုး၍ ၀ါးမျိုနေသော လူတစ်ယောက်၏ အနံ့ကို ရွံရှာစက်ဆုပ်စွာ ရှောင်ကွင်းနေသည့် မြင်ကွင်းကလည်း ရင်နာစရာ။

အဖြူရောင်ရှိသည့် ကယ်လဆီယမ်ကို သူ၏ ခံတွင်းထဲက သွားအံပုံကို ချေမှုန်းပစ်ရန် တစ်ယာပြီး တစ်ယာ စေလွှတ်ကြ၏။ ဟုတ်ပါသည်။ အမှန်တကယ် ရပါသည်။ ရောဂါပေါင်းစုံ ရပါသည်။ တစ်ခုခုသော အရသာထက် ပိုသော ရေစီးကမ်းပြို၊ သွားကျိုး၊ သွားကျဲ၊ သွားပြုတ်၊ လျှာထူ၊ အငန်စား၊ သွေးတိုး၊ တီဘီနှင့် အသည်းရောင် အသားဝါ စသည်။

လူပြိန်းတစ်ယောက် အမြင်တွင် ဤမျှ ဆိုးဝါးနေလျှင် ကျန်းမာရေး ပညာရှင်၏ ယူဆချက်များဆိုပါက မတွေးဝံ့စရာ။ ကိုရီးယားတွင် ချူးဆော့ဂ် (ကောက်သစ်စားပွဲတော်)၊ ဆောလတ် (နှစ်သစ်ကူးပွဲတော်) စသည့် ပိတ်ရက်ကြီးများ ရောက်တိုင်း ဘူဖျောင်းမြို့တွင် ကွမ်းမုန်တိုင်းကြီး တိုက်ခတ်တတ်ပါသည်။ စည်းကမ်းမဲ့သော လူအချို့ကြောင့် အမျိုးသားရေး သိက္ခာ ညှိုးနွမ်းရသည်ဟု ဆိုလျှင် ကွမ်းဆရာများ စိတ်မဆိုးသင့်ပါ။ လွဲမှား နိမ့်ကျနေသော အပြုအမူနှင့် အတွေးအခေါ်ကို ကွမ်းတံတွေးနှင့်အတူ ခွက်တစ်ခု ဆောင်၍ ထွေးစေလိုပါသည်။

အခွင့်အရေး ဆိုသည်မှာ လူတိုင်းမှာ ရှိပါသည်။ စံ စည်းမျဉ်း အသိတရားနှင့် စပ်လျဉ်း၍ လူ့ဘောင်လောကတွင် ယေဘုယျ ပညတ်ချက်များ ရှိပြီး ဖြစ်သည်။ “ကလေးတောင် သိတယ်၊ ခွေးတောင် သိတယ်” ဆိုသည့် အသိ သတိမျိုး မရှိပါက ကိုရီးယားတွင်လည်း “မြန်မာနဲ့ခွေး မ၀င်ရ” ဆိုသည့်စကား မပေါ်လာဟု မပြောနိုင်။

ကွမ်းဆရာများအနေနှင့် မိမိကိုယ်မိမိ လေးစားသောအားဖြင့် ကွမ်းကို သတိထား စားကြဖို့ အမုန်းခံ၍ တိုက်တွန်းအပ်ပါသည်။

ရွှေပြည်ငြိမ်းချမ်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, August 13, 2013

စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲ တော်မှ ဖိတ်ကြားအပ်ပါသည်။

ရေးသားသူ — KYO(Korea)

တောင်ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် အဖွဲ.စည်းအသီးသီးမှ လူကြီးမင်းများခင်ဗျား
ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်တွင် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှဦးစီးကျင်းပပြီး ကျတော်များတောင်ကိုရီးယားနိုင်ငံရောက် ကရင်အမျိုးသားများမှ စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကြီးအား (၁၈.၈.၂၀၁၃)တနင်္ဂနွေနေ.တွင် ဓမ္မဒူတ(ကိုရီးယား)ကျောင်းတော် (စကားဝါစတိုးဆိုင်)အပေါ်ထက်တွင်ကရင်လူမျိုးတို.၏ ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကိုစည်းကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါသောကြောင့် တောင်ကိုရိးယားနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများမှတက်ရောက်အားပေးချီးမြင့်ပေးပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။

နေ.ရက် - ၁၈-၈-၂၀၁၃
အချိန်- နေ.လည် ၁၁း၃၀ နာရီမှ မွန်းလွဲ ၃း၀၀ နာရီအထိ
နေရာ - ဓမ္မဒူတ(ကိုရီးယား)ကျောင်းတော် (စကားဝါစတိုးဆိုင်)အပေါ်ထပ်
ဆက်သွယ်ရန်ဖုံး - မန်းတင်ရင်( ၀၁၀-၂၂၇၁-၈၃၃၃) စောလှိုင်မျိုးသိန်း ( ၀၁၀-၆၈၄၉-၃၀၆၁)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, August 1, 2013

ကွမ်းကမ်ပိန်း အတွက် ညှိနှိုင်းအစည်းအဝေး ဖိတ်ကြားခြင်း



မိတ်ဆွေများ ခင်ဗျား

မြန်မာစင်တာကနေ ကမကထပြုပြီး `လူမှုလှုပ်ရှားမှု´ တစ်ခု လုပ်ဖို့စီစဉ်နေပါတယ်။ အဲဒါကတော့ မြန်မာတွေ ကွမ်းတံတွေး တွေ့ကရာထွေးတဲ့ ကိစ္စကို ပြုပြင်ဖို့ ဖြစ်ပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ ကွမ်းကို ကိုယ်ကြိုက်လို့ စားချင်စားပါ၊ ပတ်ဝန်းကျင်ကို ညစ်ပတ်အောင်တော့ မလုပ်ဖို့ပါပဲ။

မြန်မာတွေ ကျင်လည်တဲ့နေရာတိုင်းမှာ ကွမ်းတံတွေး နီရဲရဲ ညစ်ထပ်ထပ်တွေနဲ့ပြည့်နေတာဟာ အတော်ကို ရုပ်ဆိုးပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အစီအမံတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။ လူနေမှုဘ၀ သာယာတိုးတက်ရေးအတွက် အနှောင့်အယှက် ဖြစ်လာတဲ့ ကွမ်းတံတွေးကိစ္စဟာ မြန်မာလူမျိုးဆိုတဲ့ အမည်နာမနဲ့ တွဲဖက်နေပါတယ်။ ဒါကြောင့် ဒီကိစ္စကို မြန်မာတွေကပဲ စတင် ဖြေရှင်းတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

စည်းစနစ်ကျနစွာ စားသုံးဖို့ အသိပညာပေး လှုံ့ဆော်တဲ့ လှုပ်ရှားမှုတခုကို မြန်မာစင်တာက လုပ်ဆောင်သွားဖို့ ရှိတဲ့အတွက် ဒီလှုပ်ရှားမှုမှာ စိတ်ပါဝင်စားသူ မည်သူကိုမဆို လေးစားစွာ ဖိတ်ခေါ်ပါတယ်။ ပါဝင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။

လှုပ်ရှားမှု မစတင်မီ ကြိုတင် ညှိနှိုင်း ဆွေးနွေးကြဖို့ လိုအပ်တဲ့အတွက် -

၂၀၁၃ သြဂုတ်လ ၄ (တနင်္ဂနွေနေ့)
မွန်းလွဲ ၁း၀၀ မှ ၃း၀၀ နာရီ အထိ
မြန်မာစင်တာ မှာ စုံညီစည်းဝေး ပြုလုပ်မှာ ဖြစ်ပါတယ်။

မိတ်ဆွေများ စိတ်အားထက်သန်စွာ တက်ရောက် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

အဓိက ဦးတည်ချက်က-
- ကွမ်းတံတွေး ပြင်ပမှာ မညစ်ပတ်ရေး
- ကွမ်းစားသူတိုင်း စည်းစနစ်ရှိရေး
- မြန်မာချင်း မိတ်ဆွေချင်း အသိပညာပေးခြင်းဖြင့် အမျိုးသားဂုဏ်ကို မြှင့်တင်ရေး
- ကိုရီးယား လူနေမှုစနစ်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ရေး
- ကျန်းမာရေး အသိမြင့်မားလာရေး တို့ဖြစ်ပါတယ်။

ဒီအချက်တွေနဲ့ ယင်းကို အကောင်အထည် ဖော်နိုင်မယ့် နည်းလမ်းတွေကို ကြိုတင် စဉ်းစား ယူဆောင်လာကြဖို့ ဖြစ်ပါတယ်။

စိတ်ပါဝင်စား တက်ရောက်ကြဖို့ လေးစားစွာ ဖိတ်ကြားပါတယ်။

လေးစားလျက်
မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, July 25, 2013

ပထမအကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဝါဆိုဦး အထူးတရားပွဲတော်ဖိတ်ကြားခြင်း

ရေးသားသူ — ကိုမွန်လေး



        ကိုးရီးယားနိုင်ငံ ချိုချီဝမ်မြို့  အဖြူရောင်သူငယ်ချင်းများမှ ပထမကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ နှင့်ဝါဆိုဦး အထူးတရားပွဲကို ဝေါဆရာတော် အရှင်သုမင်္ဂလ မြန်မာဗုဒ္ဓ သာသနာ ပြု ကျောင်းတော် (ကိုရီးယား)အား အမှူးထား၍   အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ မည်ဖြစ်ပါသဖြင့်ကျနော်တို့နှင့်အတူကုသိုလ်တော်ယူကြပါရန်အဝေးရောက်သူငယ်ချင်းများအားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ။
နေရာ
   ဒယ်ဆောင် ရောင်းမား (ချိုချီဝမ်)

အချိန်
 (စနေနေ့ ည ၈ နာရီ ၃၀ )

နေ့ရက်
၁။  ၂၀၁၃ခုနှစ် ဇူလိုင်လ ၂၇ ရက် ညနေ  
၂။  ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်  (တနင်္ဂနွေ နေ့ မနက် )

အစီအစဉ် (၁)
ဝေါ ဆရာတော် အရှင် သုမင်္ဂလ မြန်မာဗုဒ္ဓသာသနာပြုကျော်တော် (ကိုရီးယား)မှ
ဝါဆိုဦး အထူးတရားပွဲ ဟောကြားမည်ဖြစ်ပါသည် ။ ။

အစီအစဉ်(၂)
အာရုံဆွမ်းကပ်လှုပြီး သီလခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက် ကပ်လှူဒါန်းခြင်း၊တရားနာယူခြင်း၊အလှူတော်အစုစုအတွက်ရေစက်ချအမျှအတန်းပေးဝေခြင်းတို့ ဖြစ်ပါသည်။ ။
                                                   
လေးစားစွာဖြင့်

ချိုချီဝမ်မှ အဖြူရောင်သူငယ်ချင်းများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, June 25, 2013

ဂျိုဂဲဆာ (조계사) ရွှေ့ပြောင်းသူများ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်

ကိုရီးယား ဂျိုဂဲဗုဒ္ဓဘာသာအသင်းကြီး(조계사)၏ ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းသူများ ချစ်ကြည်ရေးအစီအစဉ်ဖြင့် ၊ သမိုင်းဝင် ဂယောင်းဘု-ခ် နန်းတော် (경북궁) နှင့် ရွေ့ပြောင်းသူများယဉ်ကျေးမှုပွဲတော် လေ့လာရေးနှင့် အမှတ်တရ ခရီး အခမဲ့ လိုက်ပို့မည် ။ အစီအစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်-

ရက်စွဲ-
၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ၊ တနင်္ဂနွေနေ့

အချိန်-
နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ

အစီအစဉ်များ-
- နံနက် ၈နာရီ ဘူဖြောင်းဘူတာ ကြိုပို့ယာဉ် မှစတင်ထွက်ခွါပါမည် ။
- နံနက် ၉ နာရီခွဲ ဆောအူးလ် ၊ ဂယောင်းဘု-ခ် နန်းတော်(경북궁) သို့ရောက်ရှိပါမည် ။
- နေ့လည် ၁၂ နာရီခွဲ နေ့လည်စာသုံးဆောင်ကြပါမည် ။
- နေ့လည် ၁ နာရီ ၊ ဂျိုဂဲဆာသို့ ခရီးဆက်မည်။
- နေ့လည် ၂ နာရီ (ဂျိုဂဲဆာ) ရွှေ့ပြောင်းသူများယဉ်ကျေးမှုပွဲတော်သို့ ပါဝင်ဆင်နွဲကြပါမည်။

***

• ဂယောင်းဘု-ခ်နန်းတော်သည် ဆောအူးလ်မြို့တော်ရှိ ၊ နန်းတော်ကြီး ၄ခုအနက် အထင်ရှားဆုံးနန်းတော်ဖြစ်ပါသည် ။
• ကြိုပို့ယာဉ်နှင့် နေ့လည်စာကို ဂျိုဂဲဆာမှ တောက်ပံ့လှူဒါန်းပါသည် ။
• လိုက်ပါလိုသူများ ၀၁၀-၂၃၃၁-၂၄၅၇ ထံ ၊ ဇွန်လ ၂၈ ညနေ ၆ နာရီ နောက်ဆုံးထားစာရင်းတင်သွင်းနိုင်ကြပါသည် ။
• လူဦးရေ ၄၀ ဦးသာ လက်ခံပါမည် ။
လေးစားခင်မင်မှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 31, 2013

၈ ကြိမ်မြောက် အာရှမိတ်ဆွေပွဲတော် ကျင်းပမည်

မေလ ၃၀ ရက် ၊ ဘူဖြောင်း

အင်ချောန်းမြို့တော် ၊ ဂန်ဟွာမြို့နယ် (강화군) ရှိ ဂျောန်ဒွန့်ဆာ ဘုန်းတော်ကြီးကျောင်း (전등사) မှ ကြီးမှူးပြီး ၈ ကြိမ်မြောက် ဧည့်နိုင်ငံသားများ ယဉ်ကျေးမှုပွဲတော် (제8회 이주민 문화축제) ကို အာရှမိတ်ဆွေ (아사아는 친구) ခေါင်းစဉ်ဖြင့် ၂၀၁၃ ခုနှစ် ဇွန်လ ၂ ရက် (တနင်္ဂနွေ) နေ့လည် ၁၀ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီ ထိ ၊ ဂျောန်ဒွန့်ဆာ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။

ပွဲတော်သို့ မြန်မာညီအစ်ကိုများလည်း ခါတိုင်းနှစ်များကဲ့သို့ တစ်တပ်တစ်အား ပါဝင်ဆင်နွဲကြမည်ဖြစ်ကြောင်း ၊ ကြိုပို့ကား ဘူဖြောင်းဘူတာရှေ့ (ရဲစခန်းအနီး)မှ နံနက် ၉နာရီခွဲတွင် စတင် ထွက်ခွါရန် စီစဉ်ထားကြောင်း ၊ အစီအစဉ်အစ အဆုံး အခမဲ့ ဖြစ်ကြောင်း ၊ စိတ်ပါဝင်စားလိုက်ပါလိုသည့် မြန်မာ ညီအစ်ကို မောင်နှများ ဇွန်လ ၂ ရက် နံနက် ၉နာရီ ၂၅ မိနစ်ထက် နောက်မကျစေဘဲ ကားထွက်မည့်နေရာသို့ ကြွရောက်စေလိုကြောင်း သက်ဆိုင်ရာက နှိုးဆော်ထားပါသည် ။

ပွဲတော်တွင် ၊ စက္ကူရုပ်များ ပြုလုပ်ခြင်း ၊ ကြယ်သီး ပြုလုပ်ခြင်း ၊ ဆီမီးခွက် ပြုလုပ်ခြင်း ၊ ကြာမီးအိမ်ပြုလုပ်ခြင်း ၊ နေ့လည်စာ ဘူဖေး သုံးဆောင်ခြင်း ၊ ကိုရီးယားရိုးရာ ဓလေ့နှင့် ယဉ်ကျေးမှုများ မိတ်ဆက် ၊ အခမဲ့ ဆေးကုသမှု အစီအစဉ်များ ၊ အမှတ်တရ လက်ဆောင် တူညီဝတ်စုံများဝေငှပေးခြင်း ၊ ဧည့်နိုင်ငံသားများက သက်ဆိုင်ရာ နိုင်ငံများအလိုက် ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်ခြင်း စသည်တို့ပါရှိမည်ဟု ဆိုသည် ။

အစီအစဉ်များတွင် ပါဝင်လိုသည့် မြန်မာ အဆို အတီး အက ဝါသနာရှင်များ (ပညာရှင်များ) လည်း လိုက်ပါ ဖျော်ဖြေတင်ဆက်နိုင်ကြောင်း သိရသည် ။

ဂျောန်ဒွန့်ဆာသည် ကိုရီးယားရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဒေသဖြစ်ကြောင်း ၊ ကုလသမဂ္ဂ၏ မှတ်တမ်းဝင် သမိုင်း အမွေအနှစ် တစ်ခုဖြစ်ပြီး ၊ နိုင်ငံခြားသားများ သွားရောက် လေ့လာ သင့်သည့် မြန်မာ့ပုဂံဒေသကဲ့သို့သော စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်ကြောင်း၊ ကိုရီးယားသို့ရောက်လာပြီး ဂျောန်ဒွန့်ဆာသို့ မရောက်ဖူးပါက ကိုရီးယားသို့ ရောက်ခြင်းမမည်ဟုပင် ကိုရီးယားလူကြီးသူမများက တင်စားပြောဆိုလေ့ရှိကြောင်းလည်း သိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, May 7, 2013

အနုပညာကို ကျယ်ပြန့်စွာ ခံစားတတ်သူ တယောက်ဖြစ်ကြစို့

ရေးသားသူ —စိုးမိုးသူ


အရာအရာတိုင်းကို မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ လိုက်တိုင်းတာလို့က
တော့ အရာမရောက်ဘူးလို့ မြင်မိလို့ စာတိုလေး တစောင် ချရေးလိုက် ပါတယ်။

တလောက သတင်းမှာ ဖတ်လိုက်ရတာပါ။
ကိုယ်လုံးဖော် ပန်းချီပြပွဲကို ၀င်ကြည့်တဲ့ အစိုးရအရာရှိက ကိုယ်လုံးတီး ပန်းချီတွေကို ၀အောင် ကြည့်ပြီးနောက် ဒီလိုပြခန်းမျိုးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့  ဝေဖန်သွားတာကို  ကြားလိုက်မိ ပါတယ်။
ဖြစ်ရလေ။
ကိုယ်လုံးတီး ပန်းချီပြပွဲသွားပြီး လုံလုံခြုံခြုံ ၀တ်ထားတဲ့သူကို ရှာချင်တာလား၊
ကိုယ်လုံးတီး ပန်းချီအနုပညာကို ပြည်တွင်းမှာ ပပျောက်စေချင်တာလား၊
ဒီပုဂ္ဂိုလ်ရဲ့ အနုပညာခံစားတတ်မှု အရည်အသွေးကို အံ့သြမိပါတယ်။

ပြီးတော့ ရုပ်ရှင်ဇာတ်လမ်းအရ သရုပ်ဆောင်သူတွေက သရုပ်ဆောင်ပေးရတာကိုလည်း မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး ပြစ်တင် ဝေဖန်တာတွေလည်း မြင်ကြားနေရပါတယ်။

အနုပညာဘက်တွင်သာမက ကိုယ်နှစ်သက်လို့ နိုင်ငံခြားသားကို ချစ်သူအဖြစ် ရွေးခြယ်ထားသူ မြန်မာ မိန်းကလေးများကိုလည်း အမျိုးသားရေးတို့၊ ယဉ်ကျေးမှု ဆိုတာတွေကို ဗန်းပြ အသုံးချပြီးနိုင်ငံခြားသားကို ချစ်သူထားသူ မြန်မာအမျိုးသမီးတွေကို အပုတ်ချ အတင်းပြောတတ်တဲ့ အမျိုးသားရေးမွှန်ထူ လူတစုကို လည်းတွေ့နေရပြန်ပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး ကာယကံရှင် မြန်မာအမျိုးသမီးလေးတဦးက ကျနော့်ကို ခုလိုပြောခဲ့ဖူးပါတယ်။
"ကျမအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ညှာတာ နားလည်မှု ရှိတာ၊ အတွေးအခေါ်၊ အယူအဆချင်း ညှိနှိုင်းလို့ရတာ၊ အပြန်အလှန် လေးစားနိုင်တာတွေက အရေးကြီးဆုံးလို့ ခံယူထားတဲ့အတွက် အဲဒီလို အချက်မျိုးသာ ပြည့်စုံပါစေ နိုင်ငံခြားသား ဆိုလို့လည်း ပြသနာကြီး မဖြစ်ခဲ့ဖူးဘူး။
လူကို လူလို့ပဲမြင်တယ်ပေါ့နော်။
ယဉ်ကျေးမှု့၊ ဘာသာရေး၊ ဘာသာစကားကွဲပြားတာကို ပြသာနာလို့ မမြင်တာလည်း ပါမယ်ထင်တယ်။
တကယ်လို့ ကိုယ်နဲ့ စိတ်သဘောထားတိုက်ဆိုင်၊ လေးစားတဲ့လူက မြန်မာလူမျိုးဖြစ်ခဲ့မယ် ဆိုရင်
ည်း မြန်မာလူမျိုးကို ကြိုက်ခဲ့မိမှာပါပဲ။" တဲ့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, April 17, 2013

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

 မြန်မာအသင်း (ကိုရီးယား) မှ ဦးစီးကျင်းပသော (၁၃) ကြိမ်မြောက် မြန်မာအတာ သင်္ကြန်ပွဲတော်သို့ ပူးပေါင်းပါဝင်ဆင်နွှဲကြသည့် အဖွဲ့အစည်းများ၊ ဧည့်ခံဖျော်ဖြေရေးအဖွဲ့များ၊ စတုဒီသာ ကျွေးမွေးပေး ကြသော မြန်မာ၊ကိုရီးယား အသင်းအဖွဲ့များနှင့်လူပုဂ္ဂိုလ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။






မှတ်တမ်းဓါတ်ပုံများကို ရိုက်ကူးပေးကြသော ကိုမင်းဟန်(birdgyi)၊ကိုကောင်းဆက်၊ကိုထူးမင်းနိုင်၊ကိုပြည့်ဖြိုးကျော်နှင့်ရဲနိုင်ဝင်း(ရွှေကျွန်း)တို့အား အထူးပင်ကျေးဇူးထင်ရှိပါသည်။ ။



အလုပ်အမှုဆောင်အဖွဲ့ 
မြန်မာအသင်း(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, April 11, 2013

ဘူဆန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ ဒေသရှိ ရွှေမြန်မာညီအစ်ကိုများမှ စုပေါင်းကျင်းပသော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ဘူဆန်မြို့ ဆာဆန်းတွင် ဧပြီလ (၁၄) ရက် (သင်္ကြန်အကျနေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဓိကရည်ရွယ်ချက်မှာ ကိုရီးယားသို့ ရောက်ရှိနေကြတဲ့ ရွှေမြန်မာညီအစ်ကိုတွေ မြန်မာနှစ်သစ်မှာ ရင်းနှီးစွာ  တွေ့ဆုံကြပြီး  ကိုရီးယားနိုင်ငံ ရောက်နေပေမဲ့ အစဉ်အလာမပျက် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စုပေါင်းကျင်းပကြတာဖြစ်ပါသည် ၊



ဘူဆန်မြို့တွင် ကျင်းပမည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကို (ဆာဆန်း HOME PLUS  ရှေ့) 사상 르네시떼 တွင် ကျင်းပမည်ဖြစ်ပါသည်။ သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာပြခန်းများ ၊ မြန်မာ့ရိုးရာအစားအစားများ မုန့်များကို လာရောက်ကြသော ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေး မည်ဖြစ်ပါသည်။

ထို့အပြင် ရွှေမြန်မာများအတွက် ရွှေအလင်းတန်း စာကြည့်တိုက် ရန်ပုံငွေ အဖြစ် ရောင်းချထားသော လက်မှတ်များကို  ပထမဆု- Digital Camera ၊ ဒုတိယဆု- MP4 ၊ တတိယဆုကို USB Memory Stick များ ကံစမ်းမဲဖောက်ပေးမည်ဖြစ်ပါသည်။

AN ERA တီဝိုင်းအတွက်  ကိုတိုးသူရ နှင့် ဆရာလှမင်းထွန်း  ၊ ကံစမ်းမဲဖောက်ခြင်း နှင့် ပြခန်းအတွက်  ကိုမင်းလတ် နှင့်  ကိုဇော်မင်း ၊ မှတ်တမ်းတင် ဓါတ်ပုံ ကိုကျော်ဇင်အောင် ၊ သန့်ရှင်းရေးအတွက် Gimhae ကျောင်းသားများ ၊ ကိုလင်းလင်း တို့မိသားစု မှ (သာကူကျွေး) ကိုဝင်းစိန် ၊ ကြာဇံချက် အတွက် ကိုတိုးသူရ နှင့် ကိုဝင်းနိုင် ၊ လက်ဘက်ရည်  Gimhae စာကြည့်တိုက် ကျောင်သားများ ၊ ၀က်သားဒုတ်ထိုးကို နုတ်ဆန်းအဖွဲ့ ၊ ကျောက်ကျောကို ကိုရီးယားတက္ကသိုလ်ကျောင်းသားများ(မြန်မာ) အဖွဲ့  မှ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။

မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲတော်သို့ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်

နေ့ရက် - ၁၃၇၅-ခုနှစ် တန်ခူးလဆန်း (၄) ရက် ၊ 14-4-2013 (တနင်္ဂနွေနေ့)
အချိန်   - နေ့လည် (၁၂) နာရီမှ ညနေ (၅) နာရီအထိ
နေရာ   - (ဆာဆန်း HOME PLUS  ရှေ့) 사상 르네시떼


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, April 3, 2013

ဧည့်ခံ ဖျော်ဖြေရေး အဖွဲ့များ

ရေးသားသူ — အမည် - မြန်မာအသင်း (ကိုရီးယား)


မြန်မာအသင်း (ကိုရီးယား) က ဦးစီး ကျင်းပသည့် ၁၃ ကြီမ်မြောက် မြန်မာအတာ သင်္ကြန်ပွဲတော်တွင် ဧည့်ခံ ဖျော်ဖြေကြမည့် တေးဂီတအဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအဖွဲ့
၂။ မျိုးချစ်မောင် ဒိုးနှင့် သံချပ်
၃။ တိုင်းရင်းသား ရိုးရာ တေးသီချင်းနှင့် အကများ
၎။ Mirrors တေးဂီတအဖွဲ့
၅။ Rainbow တေးဂီတအဖွဲ့
၆။ ကိုရီးယား ဟာဂျာ လူငယ်များ တေးဂီတအဖွဲ့
၇။ တေးသီချင်း သီဆိုသူများ

ဧည့်ခံ ဖျော်ဖြေရေးကို တာဝန်ယူထားသူများ အားလုံး နံနက် ၉ နာရီအထိ လာရောက်ကြပြီး မိမိတို့ တီးခတ် ဖျော်ဖြေကြမည့် အစီအစဉ်များကို ကြိုတင် ပြင်ဆင်ပေးထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်
ကိုခင်မောင်ရင် ( ၀၁၀ ၂၇၈၈ ၇၁၅၃)၊ ကိုသန့်ဇင်အောင် ( ၀၁၀ ၉၀၅၄ ၄၇၂၇ ) ကိုဝင်းမြင့်ဦး ( ၀၁၁ ၂၉၂ ၉၅၄၂ )၊ ကိုဝင်းနိုင်ဦး ( ၀၁၀ ၈၆၄၈ ၄၅၃၃ )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အတာသင်္ကြန်ပွဲသို့ ပါဝင် ပူးပေါင်းကြသည့် အဖွဲ့အစည်းများ

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

  
 မြန်မာအသင်း (ကိုရီးယား) က ဦးစီး ကျင်းပသည့် ၁၃ ကြီမ်မြောက် မြန်မာအတာ သင်္ကြန်ပွဲတော်သို့ ပူးပေါင်းကြသည့် အဖွဲ့အစည်းများနှင့် ကျွေးမွေးမည့် စတုဒီသာ စာရင်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ ၁။ မြန်မာအသင်း (ကိုရီးယား) 
၂။ ပြည်သူံဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)         ကြာဇံဟင်းခါး 
၃။ မြန်မာ့အရေး လှုပ်ရှားမှု (ကိုရီးယား)                   မုန်လုံးရေပေါ် 
၎။ အနော်မာလူငယ်များ                                      မုန့်ဟင်းခါး 
၅။ မြန်မာစင်တာ                                              ကောက်ညှင်းပေါင်း 
၆။ နွားထိုးကြီး လူငယ်များ                                    တိုဟူးသုတ် 
၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ။    မုန့်လုံးရေပေါ်၊ မုန့်ကြာစိ 
၈။ သပြေ 
 ၉။ အဖြူရောင် မေတ္တာလူငယ်များ                          ထမင်းပေါင်း 
၁၀။ ချင်းလူငယ်မျာ ၁၁။ တမာမြေ လူငယ်များ           ၀က်ခေါင်းသုတ် 
၁၂။ ဂွာမ်ဂျူ လူမှုရေးအသင်း                                 ကြာဇံကြော် 
၁၃။ တို့ပိုင်တဲ့ မြေ                                              ဆမူစာသုပ် 
၁၄။ မွန်အင်း (ကိုရီးယား) သရက်သီးသုတ်၊               သင်္ကြန်ထမင်း 
၁၅။ ရခိုင်အသင်း (ကိုရီးယား) သင်္ဘောသီးသုတ်၊         ရခိုင်မုန့်တီ 
၁၆။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)    သာကူ 
၁၇။ ဓမ္မဒူတ ဗုဒ္ဓ ကျောင်းတော်ကြီး                           ပဲပြုတ် ထမင်း
၁၈။ ဦးသား၊ ဦးကျားနှင့် ချစ်ညီအကိုများ                   အုန်းနို့ခေါက်ဆွဲ 
၁၉။ တယ်လီတော်ကီ                                          ၀က်သားတုတ်ထိုး 
၂၀။ မိုးကြိုး ဘောလုံးအသင်း                                  ရွှေရင်အေး 
၂၁။ အင်ချွန်း ဘောလုံးအသင်း                                ကြာဇံကြော် 
၂၂။ ကိုရီးယားရောက် ကျောင်းသား၊ ကျောင်းသူများ       မုန့်၊ အအေးစုံ 
၂၃။ Herba Life                                                  အာဟာရ ဖျော်ရည် 
၂၄။ အန်ဆန်းရှီဟွာ လူငယ်များ 
၂၅။ ချိုဂျီဝါန် လူငယ်များ                                         နန်းကြီးသုပ် 
၂၆။ ကိုရီးယား ခရစ်ယာန် ဘုရား ရှိခိုးကျောင်း               မျက်နှာသုပ်ပုဝါ 
၂၇။ မု(န်)ချာန်ဂီလ်၏                                             မြန်မာ့ အလှဓာတ်ပုံပြပွဲ 
မဏ္ဌာပ် အသီးသီးကို တာဝန်ယူထားကြသည့် အဖွဲ့အစည်းများ အားလုံး နံနက် ၁၀ နာရီခွဲ အထိ ပြင်ဆင် ပေးကြပါ ရန် မေတ္တာရပ်ခံ နိုးဆော်အပ်ပါသည်။ 


မြန်မာအသင်း (ကိုရီးယား) က ဦးစီး ကျင်းပသည့် ၁၃ ကြီမ်မြောက် မြန်မာအတာ 


ဆက်သွယ်ရန်
ကိုခင်မောင်ရင် ( ၀၁၀ ၂၇၈၈ ၇၁၅၃)၊ ကိုသန့်ဇင်အောင် ( ၀၁၀ ၉၀၅၄ ၄၇၂၇ ) ကိုဝင်းမြင့်ဦး ( ၀၁၁ ၂၉၂ ၉၅၄၂ )၊ ကိုဝင်းနိုင်ဦး ( ၀၁၀ ၈၆၄၈ ၄၅၃၃ )
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>