Showing posts with label ဆုတောင်းမေတ္တာ. Show all posts
Showing posts with label ဆုတောင်းမေတ္တာ. Show all posts

Monday, April 21, 2014

ဘဘ ဦးဝင်းတင် သို့ ဦးညွတ်ဂါရဝ ပြု ခြင်း

ရေးသားသူ — နေထွန်းနိုင်

                                               ဓါတ်ပုံ -   ဂရပ်ဖစ် ကိုမျိုး (မိုးမခ)

Ba Ba U Win Tin ! by နေထွန်းနိုင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, July 30, 2013

နုတ် 2 တလုံးအတွက် မေတ္တာစာ

ဖုန်းတလုံးကို ခိုးယူသုံးမှ လူလုံးလှမယ့် မိတ်ဆွေရေ ၊
မိသားစု ဝမ်းရေး အနှောက်အယှက်တွေ ကင်းဝေးပြီး ၊
ရှာကျွေးသောအစာ အဆိပ်အပင်း ကင်းရှင်းပါစေ ၊
ရေကြည်ရာ မြက်နုရာ မျက်နှာငယ် ကျွန်ဘဝမှ လွတ်မြောက်ပြီး ၊
နိမ့်ကျသော စောရနက္ခတ်ဖွား ငတက်ပြား အဖြစ်မှ ၊
သံသရာ အဆက်ဆက် ရုန်းထွက်နိုင်ပါစေ ၊
ဤမှန်သော မေတ္တာ စကားကြောင့် ၊
ကျနော့်ဖုန်း မ, သွား ထိုလူသားသည် ၊
ရေလိုအေး ပန်းလိုချမ်းေ့မြ့၍ ၊
သွားလေရာ လာလေရာ ဘေးမသီရန်မခဘဲ ၊ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ခြင်းမှ ကင်းဝေးပြီး ၊
နှလုံးစိတ်ဝမ်းငြိမ်းချမ်းနိုင်ပါစေ။

မေတ္တာမွန်ဖြင့် -
ကိုရွှေမိုး
တို့ ပိုင်တဲ့မြေ

**နုတ် 2 = Samsung Galaxy Note 2 .
***တို့ပိုင်တဲ့မြေ သည် ယနေ့မှစ၍ နွေရာသီပိတ်ရက်မရှိနေ့စဉ်ဖွင့်လှစ်လျက်ရှိပါကြောင်း။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, April 21, 2013

မင်္ဂလာဆွမ်းကပ်လှူခြင်း အောင်မြင်စွာ ပြီးဆုံး


၂၀၁၃ ခုနှစ် ဧပြီ ၂၁ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီအချိန်က လေပြေစားသောက်ဆိုင်တွင် သူတို့သား စိုင်းဝင်းနိုင်ဦး (ခ) ၀က်ကလေး နှင့် မဇာကြည်နိုင် (ခ) ပုံပုံ တို့က မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)ဆရာတော် ဦးသုမင်္ဂလ (ဝေါဆရာတော်)နှင့် ဦးဥတ္တရတို့အား မင်္ဂလာ ဆွမ်းကပ်လှူဒါန်းကြပါသည်။
  လေပြေစားသောက်ဆိုင်၌ မင်္ဂလာဆွမ်းကပ် လှူဒါန်းပြီးနောက် မင်္ဂလာ တရားနာပွဲ ကို မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် အောက်ပါ မင်္ဂလာ အစီအစဉ်အတိုင်း ကျင်းပကြပါသည်။ 
၁။ နမောတဿ သုံးကြီမ် ရွတ်ဆိုပြီး မင်္ဂလာ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ၂။ ငါးသီလ ခံယူခြင်း ၃။ သင်္ကန်းနှင့် လှူဘွယ် ၀တ္ထုများကို လှူဒါန်းခြင်း၊ ၄။ သံဃာတော်များက မင်္ဂလ သုတ္တံ ရွတ်ဆိုပြီး မင်္ဂလာ တရား ဟောကြားခြင်း  ၅။ ကုသိုလ်အပေါင်းကို ရေစက်ချ အမျှပေးဝေခြင်း  

 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, April 17, 2013

ပိတောက်ရိပ် ကဖေး၏ နှစ်သစ် မင်္ဂလာ ဆွမ်း

၂၀၁၃ ခုနှစ် ဧပြီ ၁၇ ရက် ဗုဒ္ဓဟူးနေ့  နံနက် ၇ နာရီအချိန် ဘူဖြောန်း ပိတောက်ရိပ် ကဖေး မိသားစုက မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) က ဦးသုမင်္ဂလ (ဝေါဆရာတော်)၊ ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) က ဦးကိတ္တိသာရ၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒဲဂု)က ဦးဝေဠုရိယတို့အား နှစ်သစ် မင်္ဂလာ ဆွမ်းကပ် လှူဒါန်းကြရာ ပင့်သံဃာတော်များက မင်္ဂသုတ် ပရိတ်တရားတော် ရွတ်ပွားတော်မှုကြပြီး ကိုရီးယားနိုင်ငံရောက် မြန်မာပြည်သူပြည် သား၊ကိုရီးယားနိုင်ငံသူ နိုင်ငံသား၊ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ဆုမွန်ကောင်း တောင်း၍ ရေစက်ချ အမျှပေးဝေခဲ့ပါသည်။
  

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 16, 2013

ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး ဆုတောင်းပွဲသို့ မြန်မာ သံဃာတော်များ တက်ရောက်

၂၀၁၃ ခုနှစ် ဧပြီ ၁၅ ရက် ဆိုးလ် (ဆောအုလ်) ဂွာန်ဂျန်ဒုန် ဝေါ်ခါ ဟီးလ် ဟိုတယ် ကျင်းပသော ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် ပြည်သူများ ပျော်ရွှင် ချမ်းမြေ့စေရေးအတွက် ဆုတောင်းပွဲကို ဂျူန်ဂယဲဂျူန် သံဃာ့နာယအဖွဲ့ အကျိုးတော်ဆောင်ချုပ်၊ သမတ ဘဂီ(န်)ဟဲ၊ ဆိုးလ်မြို့တော်ဝန်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ ဆုတောင်းပွဲသို့ ဂျူန်ဂယဲဂျူန်၏ ဖိတ်ကြားချက်အရ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)က ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းတော်က ဦးကိတ္တိတို့လည်း တက်ရောက်၍ ဆုတောင်း မေတ္တာများ ပို့သပေးကြပါသည်။
ဓာတ်ပုံများကို အင်တာနက်သတင်းများက တဆင့် ကူးယူဖော်ပြပါသည်။ 


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 3, 2012

ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲတွင် ၃-နှစ်စာချုပ်မိညီအစ်ကိုများအတွက် ဆုတောင်း

ဧပြီ ၂ ၊ ဆောအူးလ်

[Photo: By Min Zaw/Nay Lin Thu/ ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ခရီးစဉ်]
ဧပြီလ ၁ရက် တနင်္ဂနွေနေ့ ၊ ဆောင်းဘူးလ်အမ် (성불암) ဆရာတော်ကြီး ဦးပညာဝံသ ၏ ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ သို့ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများကိုယ်စားပြု မြန်မာလုပ်သား ၉ ဦးတို့ လိုက်ပါပြီး ငါးလွတ်မေတ္တာပို့ ဆုတောင်းခဲ့ကြကြောင်း ၊ ဆုတောင်းခဲ့ကြသည့်ညီအစ်ကိုများက မြန်မာပြည်ရွေးကောက်ပွဲ သန့်ရှင်းအောင်မြင်စွာပြီးစီးပါစေကြောင်းနှင့် ၊ ၃-နှစ်စာချုပ်မိနေကြသည့် ကိုရီးယားနိုင်ငံရောက် မြန်မာ အီးပီလုပ်သားများ အလုပ်နေရာပြောင်းရွေ့ရေး အောင်မြင်ချောမွေ့ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ကြကြောင်း သတင်းရရှိသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 15, 2012

ဝမ်းနည်းကြေကွဲခြင်း

တောင်ကိုးရီးယားနိင်ငံ၊မြန်မာအသင်းဥက္ကဋ္ဌ.ဦးခင်မောင်ရင်၏မိခင်ကြီးဒေါ်ချစ်မြသည် (၁၁-၂-၂၀၁၂)ရက်နေ့ တွင်ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းခံစားရပါသည်။


ဥက္ကဋ္ဌဦးခင်မောင်ရင်၏ မိခင်ကြီးဒေါ်ချစ်မြမြင့်မြတ်သောဘုံဘ၀သို့ ရောက်ရှိနိင်ပါစေဟုဆုတောင်းမေတ္တာပို့ သပါသည်။




ရခိုင်အသင်း(တောင်ကိုးရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, August 5, 2011

ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်

ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်
ယမန်နေ့က ဒယ်ဂူးမြို့မှ စိတ္တသုခကျောင်း အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ၊ ဘလော့ဂါ ၀င်းလတ် ခေါ် ကိုရွှန်းဝင့်နွယ် မော်တော်ဆိုင်ကယ် မတော်တဆ ဖြစ်မှုကြောင့် ဆေးရုံ အတွင်းလူနာ အဖြစ် တင်ထားရကြောင်း သိရှိရသည့်အတွက် ဓမ္မဒူတယဉ်ကျေးမှုအသင်း သူအသင်းသားများက များစွာ စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ၊ အမြန်ဆုံးပြန်လည် ကျန်းမာလာစေရေးအတွက် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ။


မေတ္တာဖြင့်-
ဓမ္မဒူတယဉ်ကျေးမှုအသင်း
(담마두따문화협회)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>