ဆဋ္ဌမအကြိမ် EPS-TOPIK စာမေးပွဲအောင်ပြီး အလုပ်ခေါ်စာစောင့်နေသူများ သိရှိရန်
Sunday, December 21, 2014
Tuesday, December 2, 2014
မြန်မာ အလုပ်သမားတစ်ဦး အလိုရှိသည်
- ရာဘာ ပရက်စ် (အန္တရာယ် မရှိပါ)
- မြန်မာအလုပ်သမားများ ၃ ၊ ၄ ဆက် (၁၀နှစ်ကျော်) လုပ်လာသော အလုပ်ရုံဖြစ်သည် ။
- ညှိနှိုင်းလစာ
- အလုပ်ချိန် = ကိုရီးယား အလုပ်ချိန် (တစ်နေ့၈နာရီ)
- ထမင်း ၂ နှပ် ကျွေး (နေ့လည်စာ ၊ ညနေစာ)
- စနေ ၊ တနင်္ဂနွေနှင့် အနီရက်များ အားလုံးပိတ်
- အလုပ်ခွင် လွတ်လပ်မှုရှိ၍ ၊ အေးအေးလူလူလုပ်နိုင်သော အလုပ်ရုံဖြစ်သည်
- ဗီဇာ တစ်ခုခု ရှိဖို့ လိုအပ်ပါသည်
- ဂုရိုဘူတာအနီး ၀၂-၂၆၃၃-၄၂၀၀
- ကိုယ်တိုင်ဗျူးပါ ။ အခက်အခဲရှိပါက ၀၁၀-၅၅၄၉-၂၄၅၇ ထံ အကူအညီတောင်းနိုင်ပါသည် ။
Tuesday, November 18, 2014
မြန်မာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄ ကျင်းပမည်
ကိုရီးယားနိုင်ငံတွင် အခြေစိုက် လှုပ်ရှားဆောင်ရွက်နေကြသည့် လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အနုပညာ၊ ပညာရေး၊ မီဒီယာ၊ အားကစားစသည့် မြန်မာအဖွဲ့အစည်းများ အားလုံး မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ပါမည်။
မြန်မာအဖွဲ့အစည်းများ ရင်းနှီးမှု၊ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာစေရန်၊ မြန်မာအသိုင်းအ၀န်းအတွက် လိုအပ်နေသော အကြောင်းအရာများကို ၀ိုင်းဝန်းဆွေးနွေး၍ အသိအမြင် ဖလှယ်နိုင်ရန်၊ အရေးကြီးသော အခြေအနေမျိုးတွင် အဖွဲ့အစည်းများ စုပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဆွေးနွေးရှာဖွေရန်စသည့် ရည်ရွယ်ချက်များဖြင့် "မြန်မာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄"ကို ပြုလုပ်ခြင်း ဖြစ်ပါသည်။
နေ့ရက်- ၂၀၁၄ နိုဝင်ဘာလ ၃၀
အချိန်- နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ နာရီ
နေရာ- မြန်မာအသင်းခန်းမ၊ ဘူချွန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ
လမ်းညွှန် = 부천외국인노동자의집 (부천시근로자종합복지관) * ဘူချွန်းဘူတာ부천역 ထွက်ပေါက် 4,5 >> ဘတ်စကား버스 8, 12, 50, 71, 72 >> 춘의테크노파크 မှတ်တိုင်ဆင်းပါ။
*** တွေ့ဆုံဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာပါရန် ဖိတ်ကြားပါသည်။***
# အဖွဲ့အစည်း အသီးသီးသို့ ဖိတ်ကြားစာများ ပေးပို့ပြီး ဖြစ်ပါသည်။
# ဖိတ်စာရပြီးသည့် အဖွဲ့အစည်းများအနေနှင့် အကြောင်းပြန်ကြားရမည့် ပုံစံနှစ်ခုကို ၂၃.၁၁.၂၀၁၄ တနင်္ဂနွေနေ့ ညနေ ၄-နာရီထက် နောက်မကျစေဘဲ ပြန်လည်ပေးပို့ပါရန် နှိုးဆော်ပါသည်။
# ဖိတ်စာမရသေးသည့် အဖွဲ့အစည်းများ ရှိပါက ကော်မတီသို့ အမြန်ဆုံး ဆက်သွယ်ပါ။
# ၂၃.၁၁.၂၀၁၄ နေ့အထိ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် အဖွဲ့အစည်းများ၊ အချက်အလက် မပြည့်စုံသည့် အဖွဲ့အစည်းများကို "အဖွဲ့မိတ်ဆက်"အစီအစဉ်တွင် ထည့်သွင်းပေးနိုင်လိမ့်မည် မဟုတ်ပါ။ ၎င်းတို့အနေနှင့် လေ့လာသူအဖြစ်သာ တက်ရောက်နိုင်မည် ဖြစ်ပါသည်။
# အဖွဲ့အစည်းများမှ တက်ရောက်ရန် အမည်စာရင်းပေးထားသည့် ကိုယ်စားလှယ်များ ပွဲစချိန် နံနက် ၁၀-နာရီအရောက် လုံးဝနောက်မကျကြပါရန် အထူးမေတ္တာရပ်ခံပါသည်။
# ဘူဆန်၊ ဒယ်ဂူး၊ ဂွမ်ဂျူး စသည့် အဝေးမြို့များမှ လာရောက်မည့် ကိုယ်စားလှယ်များ တည်းခိုရေးအတွက် လိုအပ်ပါက ကော်မတီသို့ ကြိုတင်ဆက်သွယ်ပါ။
အသေးစိတ်သိလိုပါက ကျင်းပရေးကော်မတီသို့ ဆက်သွယ်စုံစမ်းပါ။
Tel: 010-2788-7153, 010-4744-4084
Email: khinmgyinkorea@gmail.com
ကျင်းပရေးကော်မတီ
မြန်မာအသင်း (ကိုရီးယား)
Wednesday, October 22, 2014
ရွက်ကြွေ ဆောင်းဦး အပမ်းဖြေ ခရီး နှင့် ၊ ဇီဝိတဒါန ငါးလွတ်ပွဲ ဖိတ်ကြားလွှာ
ဆောင်းပူးလ်အမ်(성불암) ဆရာတော် ဦးပညာဝံသ နှင့် ဒကာ ဒါယိကာမများ ဦးဆောင်မှုဖြင့် ၊ ရွက်ကြွေဆောင်းဦး အပမ်းဖြေ ခရီး နှင့် ၊ ဇီဝိတဒါန ငါးလွတ်ပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် လိုက်ပါလိုသူများအား လှိုက်လှဲပျူငှာစွာ ဖိတ်ကြားအပ်ပါသည်-
ရက်စွဲ
၂၀၁၄ အောက်တိုဘာ ၂၆ (တနင်္ဂနွေ) (သည်အပတ် တနင်္ဂနွေ)
အချိန်
နံနက် ၇ နာရီ ၃၀ မိနစ် မှ ညနေ ၅ နာရီ ၃၀ မိနစ်ထိ
စတင်ထွက်ခွါမည့်နေရာ (စုရပ်)
အမှတ် ၃ မြေအောက်ရထား (လိမ္မော်ရောင်လိုင်း) ဆုဆော (수서역) ဘူတာ ၊ ထွက်ပေါက် ၆
ခရီးစရိတ် ၊ စားစရိတ်
စရိတ်ငြိမ်း (နံနက်စာ နှင့် နေ့လည်စာ ကျွေးမွေးပါမည်)
အစီအစဉ်
- ဆောအူးလ်(ဆိုးလ်) မှ ဂါန်ဝေါန်ဒို ၊ ယောင်ဝေါ ဂျူချောန်းမြစ် (영월 주천강) သို့ ရွေ့လျားပြီး ၊ လမ်း တစ်လျောက် ရွက်ကြွေဆောင်းဦးအလှ ကြည့်ရှုခံစားခြင်းနှင့် အမှတ်တရ ဓါတ်ပုံရိုက်ခြင်း
- ယောင်ဝေါ ဂျူချောန်းမြစ် (영월 주천강) တွင် ဇီဝီတဒါန ငါးလွတ်ပွဲကျင်းပခြင်း
- ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခြင်္သေ့တောင် (사자산) နှင့် သမိုင်းဝင် ဗောဗ်ဟွန့်ကျောင်းတော် (법흥사) နှင့် မိရုကျောင်းတော် (미루암) လေ့လာရေး
ဤ ခရီးစဉ်သည် ကိုရီးယားရွက်ကြွေဆောင်းဦး(단풍절) အပမ်းဖြေခရီးအဖြစ် ၊ ကိုရီးယားနိုင်ငံ၏ သာယာလှပသော တောအလှ တောင်အလှ ရှုခင်းများကို တမြော်တခေါ်လေ့လာရှုစား မှတ်တမ်းတင်နိုင်သော အခွင့်အရေးများနှင့် ဇီဝိတဒါန ငါးလွတ်ပွဲတော် တွင် ကုသိုလ်များလည်း ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပါသည် ။
ယခင်နှစ် လိုက်ဖူးသူမိတ်ဆွေများအပါအဝင် ၊ မည်သူမဆိုလိုက်ပါနိုင်ပါသည် ။ စိတ်ပါဝင်စားသူများ ၂၅ ရက်(စနေနေ့) ညနေ ၆ နာရီထိ စာရင်းပေးသွင်းနိုင်ပါသည် ။
စာရင်းပေးသွင်းရန် -
- ၀၁၀-၅၅၄၉- ၂၄၅၇
- 010-6248-5652
Monday, October 20, 2014
ရွှေ့ပြောင်းလုပ်သားများအတွက် အခမဲ့ ဆေးစစ် ၊ဆေးထိုး အစီအစဉ်
လူသားကွန်ယက် (ဟူးမင်းနက်ဝါ့-ခ်) ရွှေ့ပြောင်းအလုပ်သားများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် အဖြစ် ရွှေ့ပြောင်းလုပ်သားများအား အထွေထွေဆေးစစ်ခြင်းနှင့် တုတ်ကွေးကာကွယ်ဆေးထိုးခြင်း ပရိုဂရမ်ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်-
ရက်စွဲ
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်
နေရာ
အင်ချောန်း ၊ ဘူဖြောင်းမြို့ ဘူဂဲမူလတန်းကျောင်း(부평구 부개초등학교)
အချိန်
နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ
လက်ခံ စစ်ဆေး ကုသပေးမည့် ဦးရေ
၂၀၀ ဦး (ဦးရာလူစနစ်)
ပါဝင်ကူညီပေးကြသည့် အဖွဲ့အစည်းများ
အင်ချောန်းဒေသ သွားဆရာဝန်များ ၊ လှုပ်ရှားနေသော ဆရာဝန်များ ၊ အူဂျောင်း ဆရာဝန်များအဖွဲ့၊ အင်ချောန်း ဆေးဝါးပညာရှင်များအသင်း ၊ ကိုရီးယား ရွှေ့ပြောင်းသူများ လူ့အခွင့်အရေးဆင်တာ ၊ အင်ချောန်း ဆေးနှင့် ဆေးပစ္စည်း လူမှုရေး နှင့် စေတနာရှင်များအသင်း ၊ အင်ချောန်း ပြန်လည်ထူထောင်ရေးဆေးရုံ ၊ ဟန်လင်းဆေးရုံ ၊ အင်ချောန်းဒေသ ဂီးလ်ဆေးရုံ ၊ ကျားကျား စေတနာရှင်များအဖွဲ့ တို့မှ စေတနာရှင် ၁၅၀ ကျော်တို့က လုပ်အားဒါနဖြင့် ပါဝင်ကူညီပေးကြပါမည် ။
အော်ဂနိုက်ဇာ
မျှော်လင့်ချက်ကမ္ဘာ (이주노동자건강센터 희망세상)
ဆေးစစ်ခြင်း နှင့် ဆေးထိုး ဆေးကု အစီအစဉ်များ
- ခန္ဓာအတွင်း ၊ အပြင် အထွေထွေရောဂါ
- သွားနှင့် ခံတွင်းရောဂါများ
- ကိုရီးယားတိုင်းရင်းဆေးကုသမှု
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း
- ဓါတ်မှန်ရိုက်စစ်
- ကိုယ်ခန္ဓာ အပြင်ပိုင်းရောဂါများ
- အပ်စိုက်ခြင်းနှင့် ဓါတ်နှိပ်ခြင်း
- တုတ်ကွေးကာကွယ်ဆေးထိုးခြင်း
- အူလမ်းကြောင်း ကင်မရာဖြင့် ရောဂါရှာဖွေခြင်း
- အာလ်ထရာဆောင်းဖြင့် ရောဂါရှာဖွေခြင်း
- သားအိမ်ကင်ဆာရောဂါရှိမရှိစစ်ဆေးခြင်း
အထူးအစီအစဉ်
ကျားကျားစေတနာရှင်များ(짜짜봉사단)က နေ့လည်စာဖြင့်ကုသိုလ်ယူပါမည်။
နောက်ဆက်တွဲဆေးဝါးကုသမှုအစီအစဉ်
- ဆရာဝန်မှ လိုအပ်မည်ဟု ယူဆသူများအား စီတီ ၊ အမ်မ်အာရ် စသည်တို့ ထပ်မံစစ်ဆေးပေးမည် ။
- သွားရောဂါအတွက် မျှော်လင့်ချက်ကမ္ဘာဆေးရုံ(희망세상병원)တွင် ဆက်လက်ဆောင်ရွက်ပေးမည်။
- ဆေးရုံ တက်ရောက်ရန် သို့မဟုတ် ရောဂါရှာဖွေတွေ့ရှိသဖြင့် ဆက်လက်ကုသရန်လိုအပ်သူများအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးဝါးကုသမှုခံယူနိုင်ရန်စိစဉ်ပေးမည်ဖြစ်ပြီး ၊ ကျသင့်ငွေ၏ ထက်ဝက်ကို ဤ အဖွဲ့မှ တာဝန်ယူကျခံပေးသွားပါမည် ။
- ယခင်နှစ် အတွေ့မကြုံများအရ ဤအစီအစဉ်မှ ကင်ဆာဆဲလ် တွေ့ရှိခဲ့ပြီး ၊ရောဂါမရင့်မှီ အချိန်မီ သိရှိ ဆေးဝါးကုသမှုခံယူနိုင်ခဲ့သဖြင့် အသက်ချမ်းသာရာ ရရှိခဲ့သော သာဓကများရှိခဲ့ပါသဖြင့် ၊ ကျမ်းမာရေးစစ်ဆေးမှု (အသေးစိတ်)ခံယူခဲ့ဖူးခြင်းမရှိသေးသူများ စစ်ဆေးမှုခံယူသင့်သည်ဟု ထင်မြင်ယူဆပါသည် ။
- ဤ အစီအစဉ်တွင် ဆေးစစ် ဆေးထိုး ရန် ဆန္ဒ ရှိသူများ 010-5549-2457 (ဦးတယ်လီတော်ကီ)ထံ ၂၄-၁၀-၂၀၁၄ ညနေ ၄ နာရီထိ စာရင်းပေးသွင်းကြပါရန် ။
- လိုက်ပါမည့်သူများအား ၄င်းအဖွဲ့အစီအစဉ်ဖြင့် ကြိုပို့ကားစီစဉ်ပေးမည်ဖြစ်ကြောင်း ။
20141020
Saturday, September 13, 2014
မြန်မာအသင်းဖလား ဘောလုံးပြိုင်ပွဲကြီး
၁၄ ကြိမ်မြောက် မြန်မာအသင်း (ကိုရီးယား) ဖလား ဘောလုံးပြိုင်ပွဲများ၏ ၂၀၁၄ ခုနှစ်အတွက် ကွင်းပိတ်ဖလားပြိုင်ပွဲကြီးကို အောက်ပါအစီအတိုင်း ကျင်းပမည် ဖြစ်ပါ၍ အသင်းများနှင့် ဘောလုံးဝါသနာရှင်များ လာရောက်အားပေးနိုင်ရန် နှိုးဆော် ဖိတ်ကြား ကြေညာအပ်ပါသည်။
နေ့ရက်။ ၂၀၁၄ စက်တင်ဘာလ ၁၄
အချိန်။ နံနက် ၇ နာရီမှ ညနေ ၅ နာရီ
နေရာ။ ပူချွန်းမြို့၊ မြို့မအားကစားကွင်း
부천시, 부천종합운동장
(지하철 7호선 부천종합운동장역 출구1번)
ပြိုင်ပွဲဝင်အသင်းများ
(၁) ရွှေကယား (၂) ကရင်လူငယ် (၃)ချင်းလူငယ် (၄)မိုးကြိုးလူငယ် (၅) ရှီဟွန်း (၆) အန်ဆန်း (၇) ဂွမ်ဂျူး (၈) အင်ချွန်း (၉) ဥဿာ (၁၀) ချိုချီဝမ် (၁၁) တယ်လီတော်ကီ
ပြိုင်ပွဲဝင်အသင်းများ အားလုံး နံနက် ၇ နာရီ မထိုးခင် အရောက် လာကြရပါမည်။
ဆက်သွယ်ရန်
ဦးခင်မောင်ရင် 010-2788-7153
ဦးသန့်ဇင်အောင် 010-9054-4727
ဦးဝင်းနိုင်ဦး 010-8648-4533Saturday, September 6, 2014
Teletalki ချူးဆောက် မေတ္တာလက်ဆောင် ကတ်ဖုန်းရှင်မ်ကတ်(Prepaid USIM)များ ရယူနိုင်ကြပါပြီ
စက်တင်္ဘာ ၆ ၊ အင်ချောန်း
ချူးဆောက် ပိတ်ရက် အထူး အစီအစဉ်အဖြစ် တယ်လီတော်ကီမိတ်သစ်မိတ်ဟောင်း အားလုံး အတွက် KT လိုင်း ကတ်ဖုန်းရှင်မ်(USIM) များကို မေတ္တာလက်ဆောင် အဖြစ် အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း နှင့် မေတ္တာလက်ဆောင်ရှင်မ်ကတ်များကို ယနေ့မှစ၍ ရယူနိုင်ကြပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် ၊၊
- ကတ်ဖုန်းရှင်မ်ကတ်တွင် အသက်ကတ် (Refill) ဝမ် ၃ သောင်းပါရှိပြီး ၊ ၄ လအထိ အခမဲ့ သုံးစွဲနိုင်ပါသည် ။
- နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် နိုင်ငံခြားသားကတ်(Alien Registration Card)မိတ္တူ တင်ပြရပါမည် ။
- KT လိုင်းတွင် ကတ်ဖုန်း ရှိပြိးသူများ မရရှိနိုင်ပါ ။
- ချူးဆောက်ပိတ်ရက်ကာလ(စက်တင်္ဘာ ၆ မှ ၁၀ထိ)အတွင်းသာ အခမဲ့ ဖြစ်ပါသည် ။
မိတ်ဆွေများအားအစဉ်အလေးထားလျက်-
Teletalki
Mobile: 010-2331-2457
Fax: 032-425-2457
Mail:teletalki2011@gmail.com
Thursday, September 4, 2014
၁၆ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇော်ပွဲ ဖိတ်ကြားစာ
ချူဆော့ 추석 မှာ နွှဲပျော်ကြစို့
၁၆ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇော်ပွဲကို ဘူချွန်းမြို့  မြန်မာအသင်း (ကိုရီးယား) 미얀마공동체 (한국) မှ ကြီးမှူး၍ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကိုရီးယားရောက် မြန်မာနိုင်ငံ သူ/သားများ တတပ်တအား ပါဝင်ဆင်နွှဲကြပါရန် ဖိတ်ကြားအပ်ပါသည်။ အစီအစဉ်*** နေ့ရက် ➳၂၀၁၄ စက်တင်ဘာ ၈ ရက် အချိန်➳ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နေရာ ➳ ဘူချွန်းမြို့ ဆော့ဂွမ်ဆာ ကျောင်းတော် 경기도 부천시 원미구 원미 2동산 29-30 ပွဲတော်သို့ လာရောက်ကြသူများအား တေးသီချင်းသံများနှင့်အတူ စားသောက်ဖွယ်ရာ စတုဒီသာတို့ဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။ စတုဒီသာ ကျွေးမွေးမည့် အသင်းအဖွဲ့များမှာ ၁) မြန်မာအသင်း (ကိုရီးယား) ၂) ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယား) ၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ကိုရီးယား) ၄) သပြေ ပညာရေးထောက်ပံ့ကူညီရေးအဖွဲ့  ၅) မြန်မာစင်တာ ၆) အဖြူ ရောင်မေတ္တာလူငယ်များ (ကိုရီးယား) ၇) နွားထိုးကြီး လူငယ်များ ၈) ဂွမ်ဂျူးလူမှုရေးအသင်း ၉) ဗုဒ္ဓသာသနာပြုကျောင်းတော် ၁၀) အင်ချွန်းလူငယ်များ ၁၁) တမာမြေလူငယ်များ ၁၂) မွန်အမျိုးသားအသင်း ၁၃)ရှီးဟွန်းမြန်မာမိသားစု ၁၄) တယ်လီတော်ကီ ၁၅) ကိုရီးယားရောက် မြန်မာကျောင်းသား ကျောင်းသူများ ၁၆) သန္တိကရဝိဟာရ အန်ဆန်း ဘုန်းကြီးကျောင်း တို့ဖြစ်ကြပါသည်။ ဖျော်ဖြေရေး အစီအစဉ် အနေဖြင့် Mirrors တေးဂီတ အဖွဲ့  Rainbow တေးဂီတ အဖွဲ့တို့၏ သီဆိုဖျော်ဖြေမှုများနှင့် အတူ မြန်မာသံစဉ်တေးသီချင်းများကိုလည်း နားဆင်ကြရမှာ ဖြစ်ပါသည်။ ထို့ပြင် တိလောကမုနိမြတ်စွာဘုရားအား ရွှေသင်္ကန်း၊ သစ်သီး၊ ပန်းများလည်း လှူ ဒါန်း ပူဇော်နိုင်ပါသဖြင့် အလှူ ရှင်များကိုလည်း ဖိတ်ခေါ်ပါသည်။ လေးစားစွာဖြင့် မြန်မာအသင်း (ကိုရီးယား ) ဆက်သွယ်ရန် ကိုခင်မောင်ရင် 010-2788-7153 ကိုသန့်ဇင်အောင် 010-9054-4727 ကိုဝင်းနိုင်ဦး 010-8648-4533 ကိုဝင်းမြင့်ဦး 010-5292-9542Sunday, August 31, 2014
ဓမ္မဒူတ(ကိုရီးယား) နဝမအကြိမ်မြောက် စုပေါင်း ဒုလ္လဘ ရဟန်းပြုပွဲ ပြုလုပ်မည်
ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ရက်များ) အတွင်း ကိုရီးယားနိုင်ငံ ဓမ္မဒူတစင်တာတွင် နဝမအကြိမ်မြောက် စုပေါင်းဒုလ္လဘ ရဟန်းအလှူပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာမောင်း ခတ်လိုက်ပါသည် ။
ဒုလ္လဘ ရဟန်းပြုပွဲ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- စက်တင်္ဘာလ ၇ ရက် (တနင်္ဂနွေ) ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာ ။
- ၂၀၁၄ခုနှစ် စက်တင်္ဘာလ ၈ ရက် (တနင်္လာ) ၊ နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ။
ဥပသမ္ဘဒ ကံဆောင်ပွဲ နှင့် သာဓုအနုမောဒနာ အလှူတော်ရေစက်ချမင်္ဂလာဓမ္မသဘင်သို့ ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ(ဓမ္မဒူတ) ကြွရောက်ချီးမြှင့်တော်မူပါမည်။
ဒုလ္လဘရဟန်းလောင်းများအတွက် သင်္ကန်း ပရိက္ခရာများ နှင့် လိုအပ်သော အသုံးအဆောင်များကို မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများက ချီးပင့် လှူဒါန်းကြမည်ဖြစ်ပြီး ၊ ဒုလ္လဘ ရဟန်းပြု ကုသိုလ်ယူလိုသူများ အောက်ပါ ဖုန်းနံပတ်သို့ဆက်သွယ် မေးမြန်း စာရင်းပေးသွင်းနိုင်ကြပါသည်-
- ၀၁၀-၈၃၃၀-၁၇၉၂
- စက်တင်္ဘာလ ၄ ရက်နေ့ နောက်ဆုံးထား စာရင်းပေးတော်မူကြပါ။
ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၄ခုနှစ် သြဂုတ်လ ၃၀ ရက်
Thursday, August 7, 2014
ဝမ်းမြောက်စွာ သာဓုခေါ်ပါလေကုန်
ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးစဉ် ၃ ခု အနက် ၊ နတ်ဆန်ဆာ နှင့် ဘူဆန်ဟဲအွန်ဒဲခရီးစဉ်တို့မှ ပိုလျှံငွေ စုစုပေါင်း ဝမ် ၅ သိန်း ၅ သောင်းအား သာသနာနော်အဓွန့်ရှည်တည်တန့်ပြန့်ပွါးရေးအတွက် ရည်စူးလျက် ၊ ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီးဖြစ်ပါကြောင်း နှင့် လှူဒါန်းမှု ကုသိုလ် အဖို့ဘာဂကို ၃၁ ဘုံသားတို့အား ဝမ်းမြောက်စွာ အမျှပေးဝေအပ်ပါကြောင်း ။
- ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးသွား မိတ်ဆွေ ညီအစ်ကိုမောင်နှမများနှင့် သာသနာချစ်ခင် သူတော်စင်အပေါင်းတို့ ဝမ်းမြောက်စွာ သာဓုခေါ်ကြပါလေကုန် ။
မေတ္တာဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၄-၀၈-၀၆
Saturday, July 19, 2014
ဇင်သူအောင် နာရေး ဖိတ်ကြားစာ
ရန်ကုန်မြို့ မြောက်ဒဂုံနေ ဦးခင်ကြိုင် +(ဒေါ်ခင်မြ) တို့၏သား ကိုဇင်သူအောင် အသက် ၂၅ နှစ်သည် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဖိုချွန်းမြို့ ဂါဆန်းမြောင်တွင် ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ အချိန် ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက် အအေးခန်းမှ ဘူဖြောင်းသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိင်္ိုဟ်မည် ဖြစ်ပါ၍ လိုက်ပါပို့ဆောင်နိုင်ရန် မိတ်ဆွေအများအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေရာ= ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်၊ အအေးခန်း၊ အသုဘခန်းမဆောင်
အချိန်= ၂၀၁၄ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့ ညနေ ၅ နာရီမှ စတင်၍ အသုဘရှု လာရောက်သူ မိတ်ဆွေများအား စတင်ဧည့်ခံပါမည်။
၂၀၁၄ ဇူလိုင်လ ၂၀ ရက်နေ့၊ တနင်္ဂနွေနေ့ နံနက် ၆း၃၀ နာရီတွင် ကွယ်လွန်သူအား ရည်စူး၍ ပင့်သင်္ဃာတော်တို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း အမျှပေးဝေပါမည်။
နံနက် ၁၁ နာရီအချိန်တွင် ကျောင်းတိုက်မှ ကားများ စတင်ထွက်ပါမည်။
ကျန်ရစ်သူမိသားစုနှင့်
မြန်မာအသင်း(ကိုရီးယား)
ဆက်သွယ်ရန်
ဦးခင်မောင်ရင် 010-2788-7153
ဦးသန့်ဇင်အောင် 010-9054-4727
Thursday, May 15, 2014
(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီးစဉ် ကြိုပို့ကားများ ဘူဖြောင်းဘူတာမှ စတင်ထွက်ခွါပါမည်
ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဓမ္မဆရာများ အသင်း (International Dharma Instructors' Association, Korea) က ဦးစီး စီစဉ်သော ၊ ၂၀၁၄နှစ် မေလ ၁၈ရက် (တနင်္ဂနွေနေ့) ၊ “(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီး " အစီအစဉ် လိုက်ပါကြမည့် မြန်မာ ညီအစ်ကိုမောင်နှမများ အဆင်ပြေကြစေရေးအတွက် ၊ ကြိုပို့ယာဉ်ကို အောက်ပါအတိုင်း စီစဉ်ထားပါကြောင်း ကြေညာမောင်း ထုလိုက်ပါသည် -
ရက်စွဲ-
- မေ-၁၈ (တနင်္ဂနွေ) ၊
နေရာ (စုရပ်) -
ဘူဖြောင်းဘူတာ ရှေ့ ရဲစခန်းဘေး
အချိန်-
- နံနက် ၈ နာရီတိတိ တွင် ကားများရောက်ရှိ ၊ ၁၀ မိနစ်တာမျှ စောင့်ဆိုင်းပြီး ၊ ၈နာရီ ၁၀မိနစ်တိတိတွင် စတင်ထွက်ခွါပါမည် ။
- ကြိုပို့ယာဉ် မမှီသူများ မိမိအစီအစဉ်ဖြင့် ၊ အမှတ်၂ (အစိမ်းရောင်) မြေအောက်ရထားလိုင်း ၊ ဆမ်ဆောင်းဘူတာ ထွက်ပေါက်အမှတ် ၂ သို့ နံနက် ၉ နာရီအရောက်ကြွရောက် စုရုံးကြပါရန် ။
လေးစားမှုဖြင့်-
ဦးတယ်လီတော်ကီ
၂၀၁၄၀၅၁၅
Sunday, March 9, 2014
လေဒီ ၇ ဖော် တန်းစီပြီးအသင့် ၊ ပွဲကြိုက်မောင် မြန်မာလူငယ်များ နေရာဝယ်ပြီးအသင့်
(ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ)
ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ အပမ်းဖြေရေးအစီအစဉ်အဖြစ် ၊ ဆုံဆည်းရာမှ စီစဉ်တင်ဆက်သော-ဆဲဗင်းလေဒီရှိုး(7 Ladies Show) တွင် ပါဝင်သီဆိုကြမည့် မြန်မာဆူပါ အဆိုကျော်များဖြစ်ကြသည့် -
- စန္ဒီမြင့်လွင်
- အင်ကိုင်ရာ
- ဝိုင်းစုခိုင်သိန်း
- အိမ့်ချစ်
- နီနီခင်ဇော်
- မိစန္ဒီ နှင့်
- အိချောပို
တို့သည် ၊ စင်တင်ဂီတဖျော်ပြေပွဲအတွက် ၊ အစမ်းလေ့ကျင့်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများ ပြီးပြည့်စုံသည့်အနေအထားတွင်ရှိနေပြီဖြစ်ကြောင်း သိရသည် ။
ထို့ပြင် ၊ ဂီတပွဲအတွက်လိုအပ်သည့် စင် ၊ တူရိယာ ၊ မီး ၊ မိုက် အစရှိသည့် ပြင်ဆင်မှုများအတွက်လည်း မန်နေဂျာ (ဦး) စိုးနိုင်ထွန်း ကိုယ်တိုင် ကိုရီးယားသို့ ကြိုတင်ရောက်ရှိနေပြီး ၊ သက်ဆိုင်ရာ တာဝန်ခံအရာရှိများနှင့် လိုအပ်သည်များ ဆွေးနွေး ညှိနှိုင်းခြင်း ၊ အစမ်းလေ့ကျင့်ခြင်းစသည်တို့ကိုလည်း စိတ်တိုင်းကျ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည် ။

ပွဲစီစဉ်သူများအနေဖြင့်လည်း အဆိုတော်များအတွက် ဗီဇာ ရယူလျှောက်ထားခြင်း ၊ လေယာဉ်လေမှတ်မှာကြားခြင်း ၊ ဟိုတယ်နေရာများ မှာယူခြင်း ၊ လေ့လာရေး ၊ စားရေးသောက်ရေး နှင့် ကြိုဆို နေရာချထားရေးအစရှိသည်တို့ကိုလိုလေသေးမရှိအောင်စီစဉ်ထားရှိပြီးဖြစ်ကြောင်း နှင့် လေဒီ ၇ ဖော်တို့သည် မတ်လ ၁၄ ရက်နေ့ တွင် ကိုရီးယားနိုင်ငံသို့ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည် ။
ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များအနေဖြင့်လည်း ခါတိုင်းနှစ်များနှင့်မတူ ထူးထူးခြားခြား နေရာကောင်းများကို အလုအယက်ဝယ်ယူနေကြရာ ပွဲစီစဉ်သူ စုံစည်းရာမိသားစုအနေဖြင့် များစွာအားရနေကြောင်း သိရှိရသည် ။
၎င်း ၈ီတပွဲတော်ကို မတ်လ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လည် ၂နာရီမှ ညနေ ၅နာရီထိ ၊ ဘူဖြောင်းအတ်စ်ဆင်တာ(Bupyeong Art Center/부평아트센터)တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၊ လက်မှတ်များကို တစ်စောင်လျင် ဝမ် ၅ သောင်းနှုန်းဖြင့် ကြိုတင် ရောင်းချပေးလျက်ရှိပြီး ၊ ပွဲတော်နေ့တွင် လက်မှတ်များ ရောင်းချပေးမည်မဟုတ်ကြောင်း သိရပါသည် ။
အမ်-နက်တီဇင်
၂၀၁၄၀၃၁၀ ၊ အင်ချောန်း
Friday, March 7, 2014
ကိုသွန်းငွေမင်းခေါ် ကိုမြင့်ကြိုင် ၏ ဈာပနအခမ်းအနား ဖိတ်ကြားစာ

ရန်ကုန်မြို့ ယုဇနအိမ်ယာနေ ၊ ဒေါ်စန္ဒာဖြိုး၏ ချစ်လှစွာသော ခင်ပွန်း ၊
မောင်ကျော်ဇင်ဟိန်းနှင့် မခိုင်ဇင်သက်တို့၏ ချစ်လှစွာသော မွေးသဖင် ကျေးဇူးရှင် -
ကိုသွန်းငွေမင်း ခေါ် ကိုမြင့်ကြိုင်
သည်
၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ၂၆ ရက်နေ့ နံနက်ပိုင်းက ၊ တောင်ကိုရီးယားနိုင်ငံ အင်ချောန်း ဆောဂု ဝါန်ဂီးဒုံ စက်ရုံဝင်းအတွင်းရှိ အိပ်ဆောင်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ ၊ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို မြန်မာဓလေ့ထုံးတမ်းနှင့်အညီ ၊ အောက်ပါအစီအစဉ်အတိုင်း ဈာပနအခမ်းအနားဖြင့် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသဖြင့် ကြွရောက်တော်မူကြပါရန် ရပ်နီးရပ်ဝေး မိတ်သင်္ဂဟအပေါင်းတို့အား ညှိုးငယ်သော စိတ်ထားဖြင့် အသိပေးဖိတ်ကြားအပ်ပါသည်-
အစီအစဉ်များ-
နှုတ်ဆက်၊ ဆုတောင်း (ဂါရဝပြု) အစီအစဉ်-
- ၂၀၁၄ခုနှစ် မတ်လ ၈ ရက် (စနေနေ့)
- ညနေ ၆ နာရီမှ ည ၁၂ နာရီထိ
- ဆော့ဂွါန်ဆာ (ဘူချောန်း)
ဆွမ်းအလှူနှင့် တရားတော်နာ
-၂၀၁၄ခုနှစ် မတ်လ ၉ ရက် (တနင်္ဂနွေနေ့)
-နံနက် ၇ နာရီ တရားတော်နာကြားပြီး ၊ နေ့လည် ၁၀နာရီခွဲထိ အာဟာရဒါန
ပို့ဆောင်သင်္ဂြိုဟ်ခြင်း အစီအစဉ်
-နေ့လည် ၁၁ နာရီတိတိ အချိန်တွင် ၊ ဆော့ဂွါန်ဆာမှ စတင်ထွက်ခွါမည်ဖြစ်ပြီး၊
-နေ့လည် ၁နာရီတိတိအချိန်တွင် ဘူဖြောင်းသုဿန်တွင် မီးသင်္ဂြိုဟ်ပါမည်။
ညှိုးငယ်သောစိတ်ထားဖြင့်-
ကျန်ရစ်သူမိသားစု နှင့်
မြန်မာအသင်း(ကိုရီးယား)
မေးမြန်းရန်ရှိပါက-
- ကိုသန်းထိုက်စိုး (၀၁၀-၄၇၅၈-၉၉၆၁)
- ဦးခင်မောင်ရင် (၀၁၀-၂၇၈၈-၇၁၅၃)
Wednesday, February 12, 2014
စားဖိုမှူးတစ်ဦးအလိုရှိသည်
ဖေဖေါ်ဝါရီ ၁၂ ၊ အင်ချောန်း
တရုတ်အစားအစာ နှင့် မြန်မာ အစားအစာ ကျွမ်းကျင်စွာ ချက်ပြုတ် တတ်သော စားဖိုမှုး တစ်ဦး အလိုရှိသည်။
စနေ နှင့် တနင်္ဂနွေ သာ ချက်ပြုတ်ရမည်။
စိတ်ဝင်စားပါက ဆက်သွယ်စုံစမ်းနိုင်ပါသည် -
ကိုရွှေမိုး (၀၁၀-၈၇၁၄-၇၀၁၉)
တို့ ပိုင်တဲ့မြေ မိသားစု စားသောက်ဆိုင်
ဘူဖျောင်းမြို့
Thursday, January 30, 2014
Tuesday, January 28, 2014
မမီးမီးကြိုင်၏ နှလုံးအပေါက် ပိတ်ဆို့ရန် အတွက် တတ်အား သ ရွေ့ လှူကြပါအုံး ခင် ဗျာ ...
Monday, December 30, 2013
တယ်လီတော်ကီ ကံစမ်းမဲအစီအစဉ် ကြေညာခြင်း
တယ်လီတော်ကီအနေဖြင့် မိမိတို့ အရောင်းဆိုင်တွင် ဖုန်းလိုင်း (ကတ်ဖုန်း ၊ လိုင်းဖုန်း) ဖွင့်လှစ်ထားသည့်မိတ်ဆွေများအနက် ကံထူးသူရွှေးချယ်ပြီး ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဆုကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ကြေညာခဲ့ပါသည် ။
(ရည်ညွှန်းစာ)
အဆိုပါ ကံစမ်းမဲအစီအစဉ်ကိုအောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဖြည့်စွက် ပြင်ဆင်ကြေညာအပ်ပါသည်-
ကံစမ်းမဲဖွင့်မည့် ရက်စွဲနှင့်အချိန်
၂၀၁၄ ခုနှစ် ဇန္နဝါရီလ ၃၁ ရက် နံနက် ၁၀ နာရီ
ကံစမ်းမဲဖွင့်မည့်နေရာ
တယ်လီတော်ကီ (အများပြည်သူများရှေ့တွင် ပျော်ရွှင်ဖွယ်အစီအစဉ်များဖြင့် ရွေးချယ်ဖွင့်ပါမည်)
မေတ္တာဆု ရွေးချယ်မည့် သူများ
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
ချီးမြှင့်မည့် မေတ္တာဆုငွေ
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။
အကျုံးဝင် သက်ဆိုင်သူများ
- တယ်လီတော်ကီ စတင်ဖွင့်လှစ်ချိန်လှစ်ခဲ့ချိန်မှအစပြု၍ ၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီထိ လိုင်း(ကတ်ဖုန်း၊လိုင်းဖုန်း)ဖွင့်ထားသူများအားလုံးအကျုံးဝင်ပါမည်။
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၄ခုနှစ် ဇန္နဝါရီ ၃၀ ရက်နေ့ (ညနေ၆ နာရီ) တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
-၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့(ညနေ၆နာရီ)မတိုင်မှီ လိုင်းဖြတ် ၊ လိုင်းပြောင်းထွက်သွားသူများ အကျုံးဝင်မည်မဟုတ်ပါ။
- ဖုန်းအမည်ပေါက် သုံးစွဲနေသူကိုသာ ချီးမြှင့်ပါမည် ။ (အမည်ငှားဖြင့် သုံးစွဲနေသူများ ကံစမ်းမဲပေါက်လျင် အဆိုပါ ပေါက်မဲကို ဖျက်သိမ်းပြီး အခြားသူတစ်ဦးကို ထပ်မံရွေးချယ်ပါမည်။)
- တယ်လီကောမ်မှ မှတ်တမ်းတင်ထားသော ဒေတာဘေ့စ်ကိုအခြေပြု၍ ၊ ဒေတာဘေ့စ်ပါ အမှတ်စဉ်များကို မဲနှိုက်ရွေးချယ်ပါမည်။
မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -
တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ ဒီဇင်္ဘာလ ၃၀ ရက်
အင်ချောန်းမြို့
Thursday, December 12, 2013
ခရစ္စမတ်ပွဲတော် ဖိတ်ကြားစာ
ရေးသားသူ — ခရစ်ယာန်အသင်း
သို့
ကိုးရီယားရောက် မြန်မာမိတ်ဆွေများအားလုံး
မြန်မာအသင်းတော်များရဲ့၁၂ ကြိမ်မြောက် စုပေါင်းခရစ္စမတ်ပွဲတော်ကို တက်ရောက်ဖို့ မေတ္တာဖြင့် ဖိတ်ကြားလိုပါသည်။
သင့်ရဲ့ မွန်းကြပ်နေတဲ့စိတ်ကို သီဆိုခြင်း၊ ဖျော်ဖြေမှုကို ရှုစားခြင်း၊ သင့်အတွက်ဖြစ်တဲ့ သတင်းကောင်းကို ကြားနာခြင်းဖြင့် လာရောက်ပါဝင် အပန်းဖြေပါ။
အစီအစဉ် အကြမ်းဖျင်း
၁။ ခရစ္စမတ်တေးများ အတူတကွသီဆိုခြင်း
၂။ အသင်းတော်အသီးသီးမှ အဖွဲ့လိုက် သီဆိုခြင်း
၃။ ခရစ္စမတ်သတင်းကောင်း ကြားနာခြင်း
၎။ တေးသရုပ်ဖော် ဖျော်ဖြေမှု ရှုစားခြင်း
၅။ ခရစ္စမတ်လက်ဆောင် မဲဖောက်ခြင်း
၆။ ညစာစားခြင်း၊ မိတ်ဖွဲ့ခြင်း
၇။ ခရစ္စမတ်လက်ဆောင်ဝေခြင်း
်
ရပ်နီး ရပ်ဝေး မိတ်ဆွေအားလုံးကိုလည်း တဆင့် ဖိတ်ကြားပေးဖို့လည်း မေတ္တာရပ်ခံလိုပါသည်။
2014 နှစ်သစ် မှစပြီး
Face book (1): MCC Korea (မြန်မာ ခရစ်ယာန်များအဖွဲ့ ) နှင့်
Face book (2): Mary Nuam (ဆရာမ မေရီ) မှလည်း ကိုးရီယားနိုင်ငံတွင်းနေထိုင်သည့် မြန်မာလူမျိုးများအတွက် အထောက်အကူ ဖြစ်စေမည့် information ကောင်း မျိုးစုံကိုလည်း share လုပ်သွားပါမည်။ (ဘာသာစကား၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသည်တို့ကို အလျင်းသင့်သလို တင်ပြသွားပါမည်။)
ကျေးဇူးတင်ပါသည်။
ကိုးရီးရောက် မြန်မာခရစ္စယာန်အသင်းတော်များ ကိုယ်စား
ကိုသောမားစ်ထန် နှင့် ဆရာမ မေရီနွမ်
Bucheon city
S.Korea


