Saturday, June 28, 2014
ထူးထူး (တောင်ငူ) – မတားပါနဲ့ ဆရာမရယ် June 25, 2014
အခု ဒီမိုကရေစီကိုသွားနေပါတယ်ဆိုတဲ့ စာရေးသူတို့ မြန်မာနိုင်ငံမှာ ကျောင်းသားတွေ နိုင်ငံရေးကင်းရှင်းရမည်၊ နိုင်ငံရေးမလုပ်ရဘူး…. မဟုတ်ရင် အဆောင်ကနေနှင်ထုတ်ခံရမည်၊ ကျောင်းထုတ်ခံရမည်၊ ကျောင်းသားတွေအဖွဲ့အစည်းတွေနဲ့ ကင်းရှင်းရမည် ဆိုပြီး ဆရာ၊ဆရာမ တွေကိုယ်တိုင် ပြောနေဆိုနေတာကို မြင်နေ၊ တွေ့နေ၊ကြားနေ ရတော့ စာရေးသူရင်ထဲ ဘယ်လိုမှ ခံစားလို့မရဘူးဖြစ်နေတာကြာပြီ…
စာရေးသူဟာ မြန်မာပြည်မှာတုန်းကလည်း စီးပွားရေး ကျောင်းသားတစ်ယောက်ပါ၊ အခု နယူးဇီလန် ရောက်တော့လည်း စီးပွားရေးမှာ စာရင်းကိုင်ပညာ နဲ့ စီမံခန့်ခွဲမှုပညာ ကို (အထူးပြု)ဆက်လက် သင်ကြားနေတဲ့ ဒုတိယနှစ် ကျောင်းသားတစ်ယောက်ပါ။
အခုတော့ ဒုတိယနှစ် အတန်းတင်စာမေးပွဲကလည်း ဖြေပြီးသွားတော့ ရင်ထဲ ကျလီ့ ကျလီ့ ဖြစ်နေတာကို မနေနိုင်တော့လို့ ရေးပါရစေတော့… စာရေးသူဟာ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဆရာသမားများကို အမြဲ ကြည်ညိုလေးစားတဲ့ ကျောင်းသားတစ်ဦးပါ… ဆရာသမားများအပေါ်၌ ပြစ်မှား၊ စော်ကားလိုသော စိတ်ဆန္ဒ စိုးစဉ်းမျှမရှိတာ အမှန်ပါ…
ပညာရေး နှင့် နိုင်ငံရေး
မြန်မာပြည်မှာ ကျောင်းသားတွေ နိုင်ငံရေး ကင်းရှင်းရမည်လို့ ပြောနေတဲ့ ဆရာ၊ ဆရာမ များကို စာရေးသူ ရိုသေလေးစားစွာ မေးချင်တဲ့ မေးခွန်းကတော့ ပညာရေး နှင့် နိုင်ငံရေး ကင်းလို့ရလို့လား….
စာရေးသူ ပညာသင်ကြားနေတဲ့ Waikato Institute of Technology (Wintec) ကျောင်းတော်ကြီး၏ Centre of Business က ဆရာ၊ ဆရာမ တွေကတော့ ဘာပဲသင်သင် နောက်ဆုံး နိဂုံးချုပ်တာကတော့ များသောအားဖြင့် နိုင်ငံရေးနဲ့ အဆုံးသတ်တာများပါတယ်။
ပထမနှစ်မှာ မသင်မနေရသင်ကြားရတဲ့ မော်ဂျူး (ဘောဂဗေဒဘာသာရပ်) မှာ တစ်နှစ်ပတ်လုံး ဘာပဲ သင်သင် ဆရာမ နောက်ဆုံး အဆုံးသတ်သွားတာကတော့ နိုင်ငံရေးနဲ့ပါပဲ။ နိုင်ငံ၏ စီးပွားရေး၊ ကမ္ဘာ့ စီးပွားရေး (Macroeconomic) ကို သင်နေတဲ့ အချိန် ပိုတောင် ပါသေးတယ်… တစ်ချိန်လုံး အခု အာဏာရပါတီ (အစိုးရ) က ဘယ်လို မူဝါဒတွေနဲ့၊ ဘယ်လို စီးပွားရေးကိုလုပ်နေတာ… နိုင်ငံ၏ GDP( Gross Domestic Production) ကုန်ထုတ်စွမ်းအား၊ (Gross National Expenditure) တစ်နှစ်တာအသုံးစရိတ်တွေ၊ (Gross National Income) တစ်နှစ်တာ ၀င်ငွေ၊ နောက် အစိုးရ ဘတ်ဂျက် (Budget)၊ အစိုးရမှာ ဘတ်ဂျက် လိုငွေပြနေလား ဒါမှမဟုတ် ပိုငွေပြနေလား… ငွေကြေး နဲ့ ပတ်သက်ပြီး Monetary Policy ကို ကျင့်သုံးနေတာလား၊ (သို့) Fiscal Policy ကို အသုံးပြုနေတာလား…. ဒါတွေကို သင်နေတဲ့ အချိန်မှာ နိုင်ငံရေး မပါလို့ရမလား….
စာရေးသူတို့ရဲ့ နယူးဇီလန်သူ (Kiwi) ဘောဂဗေဒ ဆရာမကတော့ တစ်ချိန်လုံး အစိုးရ Websites တွေကို ၀င်ဖတ်ဖို့၊ လေ့လာဖို့၊ အစိုးရ ဘာလုပ်နေတယ်၊ ဘယ်လိုမူဝါဒတွေ ကျင့်သုံးနေတယ်ဆိုတာ သူကိုယ်တိုင်လည်း ပြောပြတယ်၊ ကျောင်းသားတွေကိုလည်း လေ့လာခိုင်းတယ်… အင်တာနေရှင်နယ်လ် ကျောင်းသားတွေကို တောင် နယူးဇီလန်ရဲ့ နိုင်ငံရေးကို လေ့လာဖို့ အမြဲတိုက်တွန်းတယ်… “မင်းတို့တွေ ဘွဲ့ရဖို့ အနည်းဆုံး (၃) နှစ် နယူးဇီလန်မှာ နေရမယ်… အဲ့ (၃)နှစ် အတွင်း နယူးဇီလန် ဘာဖြစ်နေတယ်… ဘယ်ကို သွားနေတယ် ဆိုတာ မင်းတို့နဲ့လည်းဆိုင်တယ်… ဒီနိုင်ငံသား ကျောင်းသားတွေဆို ပိုလိုတောင်ဆိုင်သေးတယ်… မင်းတို့ရဲ့ မဲတစ်ပြားကို ဘယ်သူ့ကို ပေးမလဲ… ဘာကြောင့်လဲ… မင်းတို့ မဲပေးမယ့် ပါတီ၊ ခေါင်းဆောင် ဘာလုပ်နေလဲ… ဘာတွေ ဖြစ်လာနိုင်သလဲ… ဒါတွေကို မင်းတို့စိတ်မ၀င်ဘူးဆိုရင်တောင်… ဒါတွေက မင်းတို့ကို တိုက်ရိုက် ပက်သက်လာလိမ့်မယ်… လုံးဝရှောင်လို့မရဘူး… စိတ်ချ…. ဒီနိုင်ငံမှာရှိတဲ့၊ ဒီနိုင်ငံကထွက်တဲ့ သဘာဝသယံဇာတတွေရဲ့ ပိုင်ရှင် အစစ်ကမင်းတို့တွေ…
မင်းတို့ မိဘတွေ၊ အဖိုးအဖွားတွေ ရဲ့ အခွန်ဆောင်ထားတဲ့ ပိုက်ဆံနဲ့ ဒီအစိုးရ လည်ပတ်နေတာ… မင်းတို့ ပိုက်ဆံကို ကိုင်နေတဲ့သူတွေ၊ မင်းတို့ပိုင်တဲ့ သယံဇာတတွေကို စီမံခန့်ခွဲ နေတဲ့ သူတွေ အကြောင်းကို သိအောင်လုပ်ရမှာ… အဲ့လူတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်ရင် ကန့်ကွက်ရမှာ… ထောက်ပြရမှာ… လိုအပ်ရင် မဲလုံးဝ မပေးရမှာ… အဲ့ဒါ မင်းတို့တာဝန်” ။
ဆရာမရဲ့ ကျောင်းခန်းတွင်း ပို့ချနေတဲ့ သင်ခန်းစာ တွေသည်ပင်လျှင် နိုင်ငံရေးနဲ့ မကင်းပါဘူး။ ကိုယ့်တပည့်ကို တကယ်တော်စေချင်လို့၊ တတ်စေချင်လို့ စေတနာအပြည့်နဲ့ ပြောနေတယ်၊ သင်နေတယ်ဆိုတာ ကျောင်းသားတိုင်းနားလည်တယ်…
နားလည်လို့လဲ လက်ခံသင့်၊မခံသင့် ကျောင်းသားကစဉ်းစားတဲ့ အခါမှာ ဒါဟာလုံးဝ အမှန်တရားကြီး။ ဒါကြောင့်မို့လို့ ကျောင်းသားတွေက ဆရာမပြောတာကို လက်ခံတယ်… ဆရာမ ပြောတဲ့ အတိုင်း နိုင်ငံရေးကို စိတ်ဝင်တစားနဲ့ လေ့လာကြတယ်… ဆရာမ ကို ပိုပြီးလေးစားမိလာတယ်…
ကီဝီဆရာများ နဲ့ မြန်မာဆရာများ
စာရေးသူတို့ ကျောင်းက ဘောဂဗေဒဘာသာရပ်သင်တဲ့ (Kiwi) ဆရာမကတော့ တပည့်တွေ နိုင်ငံရေး စိတ်မ၀င်စားမှာ စိုးရိမ်လို့ လေ့လာဖို့ တိုက်တွန်းသလို… ပြီးခဲ့တဲ့ ပထမနှစ် အတန်းတင် စာမေးပွဲ ဖြေခါနီး ကျောင်းသားတွေဆီ e-mail ပို့တယ်… နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး အခု တောင်ကိုရီးယားရောက်နေတယ်… တောင်ကိုရီးယားနဲ့ နယူးဇီလန် Free Trade စာချုပ်ချုပ်ဖို့ ဆွေးနွေးနေတယ်…. ဘယ် Websites တွေကို ၀င်ကြည့်ပါ…. နယူးဇီလန်အတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေ ဘာတွေ ဖြစ်လာနိုင်သလဲ… လေ့လာပါ။ ဘယ်နေ့ည၊ ဘယ်အချိန်မှာ နယူးဇီလန်လွှတ်တော်မှာ ဒါကိုဆွေးနွေးမယ်… အဲ့ဒါ ဘယ်အချိန်မှာ တိုက်ရိုက် လွှင့်မယ်… ဘယ်နေ့မှာ ဟိုက်လိုက် ပြန်လွှင့်မယ်… သေသေချာချာ ကြည့်ပါ…. အဲ့ဒါ ငါမင်းတို့ကို စာမေးပွဲမှာအမှတ် (၂၀) ဖိုးမေးမယ်ဆိုပြီး e-mail ပို့လာပါတယ်…
စာရေးသူပြောချင်တာက ကျောင်းကသင်တဲ့စာကို လက်တွေ့လုပ်ငန်းခွင်၊ လူမှုဘ၀ထဲမှာ ပြန်အသုံးချနိုင်ဖို့ ဆိုရင် ဒီသင်ရိုးညွှန်းတမ်း၊ သင်ခန်းစာတွေ၊ ပြဋ္ဌာန်းစာအုပ်တွေဟာ လက်တွေ့လောကနဲ့ သဟဇာတ ဖြစ်ဖို့ လိုမယ်လို့ထင်သလို၊ သင်တဲ့ ဆရာ၊ဆရာမ တွေကလည်း ကျောင်းသားကို လက်တွေ့ဘ၀ထဲမှာဖြစ်ပျက်နေတဲ့ အရာတွေနဲ့အမြဲထိတွေ့နေအောင်၊ စာတွေ့ နဲ့ လက်တွေ့ ချိန်ထိုးကြည့်တတ်အောင်တိုက်တွန်းဖို့ လိုမယ်လို့ထင်ပါတယ်။ တခြားဘာသာရပ်သင်တဲ့ ဆရာတွေလည်း သင်ခန်းစာသင်နေရင်းနဲ့ကိုပဲ နိုင်ငံရေး ကပါ ပါလာတာပါပဲ… ရှောင်လို့မရပါဘူး။ မြန်မာပြည်က ဆရာ၊ ဆရာမ အများစု ကတော့ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး ဆိုတာကို ခေါင်းထဲ စွဲနေပုံရတယ်…
ဒီလောက် ကျောင်းသားတွေ နိုင်ငံရေးကိုစိတ်ဝင်စားတာ၊ တိုင်းပြည်အရေးကို စိတ်ပါလက်ပါ လေ့လာဆောင်ရွက်တာ… ဒါတွေဟာ အနာဂတ်နိုင်ငံတော်အတွက် ကောင်းတဲ့ လက္ခဏာတွေ…. ဒါတွေကို မလုပ်အောင်၊ ရပ်တန့်အောင် လုပ်နေတာတွေဟာ(ခြိမ်းခြောက်နေတာတွေဟာ) တိုင်းပြည်အပေါ်စေတနာရှိတဲ့ လုပ်ရပ်တွေလား…
ဒါမှမဟုတ် ကြောက်လို့လုပ်နေတာတွေလား…. ကြောက်လို့လုပ်တာဆိုရင်… လွှတ်တော်ဥက္ကဋ္ဌ ကလည်း ပြောထားတယ်… အမှန်တရားအတွက် မကြောက်ပါနဲ့… ခေတ်တွေပြောင်းသွားပါပြီတဲ့…
ဒီမျိုးဆက်သစ် ကျောင်းသားတွေ ဟာ တစ်ချိန်မှာ တိုင်းပြည်တာဝန်တွေကို ပခုံးထမ်းသယ်ပိုး ဆောင်ရွက်မယ့် အနာဂတ်ခေါင်းဆောင်တွေလေ … သူတို့တစ်တွေ နိုင်ငံရေး ကို စိတ်ဝင်စားလေလေ…
သူတို့တစ်တွေရဲ့ အတွေးအခေါ်တွေ၊ စဉ်းစား ထိုးထွင်း သိမြင်တဲ့ ဥာဏ်တွေ ထက်လာလေလေ… စာရေးသူတို့ အမိ မြန်မာပြည်ကြီး နောင်ရေး စိတ်အေးရလေလေပေါ့ဗျာ… မဟုတ်ဘူးလား…
ဒါမှမဟုတ် စစ်တက္ကသိုလ်နောက်ဆုံးနှစ် တတ်နေတဲ့ သားတော်မောင်အတွက်လား…. အိမ်ဦးနတ်က တပ်ရင်မှုးမို့လို့လား…. ရာထူးတတ်ချင်လို့လား….. အဲ့ဒါဆိုလည်း စစ်တက္ကသိုလ် ကိုသာ ပြောင်းသွားပြီး အဲ့မှာ စိတ်ပါ လက်ပါ သင်ကြားပါလို့…
ဆရာမရယ် မကူညီချင်နေပါ… မနှောင့်ယှက်ပါနဲ့လို့ တောင်းပန်ပါရစေ….။
(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)
Monday, June 16, 2014
ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂင်မ်ဟဲမြို့ရှိ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျင်းပမည်
နေ့ရက် .................. ၂၂-၆-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန် .................. ညနေ(၄း၀၀) နာရီ
နေရာ .................. ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်
경남 김해시 서상동 115_1 번지
( ko zaw min- 010-5946-6694 )
Thursday, May 29, 2014
ဂင်မ်ဟဲမြို့ ရွှေအလင်းတန်း မြန်မာအသင်း ရုံးခန်းတွင် ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လက်မှတ် လာရောက်ထိုးနိုင်ပါပြီ..
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လက်မှတ်ပုံစံများကိုလည်း အခမဲ့ လာရောက် ထုတ်ယူနိုင်ပါသည်။
ဆက်သွယ်ရန်..
ကိုဇော်မင်း
(ပြန်ကြားရေး တာဝန်ခံ)
ရွှေအလင်းတန်း မြန်မာအသင်း
Ph ..010-5946-6694
Saturday, April 5, 2014
ဘူဆန် သင်္ကြန်ပွဲအတွက် ရံပုံငွေ လက်မှတ်တွေကို အားပေးကြပါအုံး ရွှေညီအစ်ကိုတို့ရေ...
------------------------------------------------------------------------------
ပထမဆု ---- Galaxy Note
ဒုတိယဆု ---- LG Optimus LTE /Tablet PC
တတိယဆု ---- Transcend External Hard Disk / 1000GB
သင်္ကြန်ပွဲအတွက် ရံပုံငွေ လက်မှတ်များကို အောက်ပါ အရောင်းကိုယ်စားလှယ်များ ထံတွင် အမြန်ဆုံး ၀ယ်ယူအားပေးကြပါအုံး ခင်ဗျာ...
(၁) ကိုမင်းလတ်
010-7459-3070
(၂) ကိုဇော်ဝင်းထွန်း
010-6466-0020
(၃) ကိုဇော်လတ်(တောင်ငူသား)
010-2499-1566
(၄) ကိုနိုင်မိုး
010-4837-4020
(၅) ကိုနောင်နောင်ထွန်း
010-2685-9851
(၆) ကိုဆန်းယု
010-6875-2682
(၇) ကိုကျော်ကျော်ဝင်းနှင့် ကိုမြတ်စိုး
010-2763-3444 / 010-2153-9745
(၈) ကိုရန်နောင်စိုး
010-2359-2591
(၉) ကိုဇော်မင်း
010-5946-6694
(လက်မှတ် တစ်စောင် ဝမ် ၁ သောင်း(10,000 Won) ဖြစ်ပါတယ်။)
ရရှိလာသော ကံစမ်းမဲ ရံပုံငွေများကို ကံစမ်းမဲဖောက်ပေးပြီး ကျန်ရှိသော ရံပုံငွေများကို ကိုရီးယားရောက် ရွှေညီအစ်ကိုများရဲ့ အခက်အခဲများကို အကူအညီပေးနေသော ရွှေအလင်းတန်းစာကြည့်တိုက်နှင့် ရွှေအလင်းတန်း မြန်မာအသင်းအား ရေရှည်တည်တံ့ရန်အတွက် ရံပုံငွေများအဖြင့် ထားရှိမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျား။
ရွှေအလင်းတန်း မြန်မာအသင်း
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ပြည်တွင်း ပြည်ပမှ အကူအညီများကို လက်ခံနေပါသည်
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ပြည်တွင်း ပြည်ပမှ အကူအညီများကို လက်ခံနေပါသည်
-------------------------------------------------------------------------------------------------
No (55), Baho Road, Corner of Baho & Ahlone Road, Ahlone Township, Yango, Myanmar.
Tel: (959) 731-477-32, 507082509, 420-067-984, (951) 212-409, 221-271
info@dawkhinkyifoundation.org
Sunday, November 24, 2013
ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲမြို့တွင် ရွှေမြန်မာများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (၈၇%) ၊ အသစ်ရေးဆွဲရေး (၁၃%) ကောက်ခံရရှိ
ယနေ့ (၂၄-၁၁-၂၀၁၃) ရက်နေ့ ကိုရီးယားနိုင်ငံ ဂမ်ဟဲမြို့မှာ ရွှေမြန်မာ ညီအစ်ကိုများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး အတွက် ဘူဆန်မြို့ ၊ ဂင်ဟဲမြို့ ၊ မြောင်ဒုံ ၊ အူလ်ဆန် ၊ ဆာဆန် ၊ ဂျင်ယောင်း အနီးအနားရှိ ရွှေမြန်မာ ဦးရေ စုစုပေါင်း (၆၇) ဦး ရွှေအလင်းတန်း စာကြည့်တိုက်တွင် ဆန္ဒသဘောထားများပေးခဲ့ကြပါသည်။
အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး အတွက် စုစုပေါင်း ဆန္ဒသဘောထားေ (၆၇) ဦး ရှိခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်မည့်ဦးရေ (၅၈) ဦး ၊ အသစ်ရေးဆွဲမည့်ဦးရေ (၉) ဦး ရှိခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် ပြင်ဆင်မည့် ဦးရေ (၈၇%) ၊ အသစ်ရေးဆွဲမည့် ဦးရေ (၁၃%) ရရှိခဲ့ပါသည်။
မြန်မာပြည်တွင် လက်ရှိ ပြုလုပ်နေသော မြန်မာပြည်သူများကို ဖိနှိပ် ကန့်သတ်ထားသော ၊ တပ်မတော် အကြိုက်ရေးဆွဲထားသော ၊ ဒီမိုကရေစီစံနှုန်းများနှင့် ကွဲလွဲနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို အမြန်ဆုံးပြန်လည် ပြန်လည်ပြင်ဆင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်....
ကိုရီးယားနိုင်ငံ ဂမ်ဟဲမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်မည် (သို့) အသစ်ရေးဆွဲမည် သဘောထားဆန္ဒများကို ကောက်ခံနေ
ကိုရီးယားနိုင်ငံ ဂမ်ဟဲမြို့ တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်မည် (သို့) အသစ်ရေးဆွဲမည့် သဘောထားဆန္ဒများကို ၊ ပြည်တော်ဦး ဓမ္မယာနကျာင်း ၊ ရွှေအလင်းတန်းစာကြည့်တိုက်တွင် နိုဝင်ဘာလ (၁၇) ရက် တနင်္ဂနွေ နေ့တွင် လက်မှတ်ရေးထိုးကောက်ခံခဲ့ပါသည်။
ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေညီအစ်ကိုများ၏ သဘောထားဆန္ဒများကို ရွှေအလင်းတန်း မြန်မာအသင်း (ကိုရီးယား)မှ ကိုမင်းလတ် နှင့် ကိုဇော်မင်းတို့မှ တာဝန်ယူ ကောက်ခံပေးနေခြင်း ဖြစ်ပါသည်။
ထို့နောက် လက်မှတ်ထိုးထားသော ဆန္ဒသဘောထားများကို " မြန်မာပြည်ရှိ NLD ဗဟို အဖွဲ့သို့ ပေးပို့မည်ဖြစ်ကြောင်း " ရွှေအလင်းတန်း ပြန်ကြားရေး တာဝန်ခံ ကိုဇော်မင်းမှ ပြောကြားခဲ့ပါသည်။
ယခုလို့ ကိုရီးယားနိုင်ငံရောက် ရွှေညီအစ်ကိုများထံမှ ဆန္ဒသဘောထားကောက်ခံခြင်းမှာ ပြည်ပတွင် ရောက်ရှိနေသော်လည်း တိုင်းပြည်အနာဂတ်အတွက် အရေးကြီးလှသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မြန်မာပြည်သားများအနေနဲ့ မမေ့လျော့ပဲ ဆန္ဒသဘောထားများကို ထုတ်ဖော် တင်ပြခြင်းဖြစ်ကြောင်း သိရပါသည်။
ရွှေအလင်းတန်း မြန်မာအသင်း ၏ group တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်မည် (သို့) အသစ်ရေးဆွဲမည် သဘောထားဆန္ဒများကို ကောက်ခံနေ online မှ ကောက်ခံနေပါသည်။
https://www.facebook.com/groups/goldenlight009/
https://docs.google.com/file/d/0Bx6LO_p1YdpfaW80alJPdHhXWmc/edit တွင် download ရယူကာ ဆန္ဒသဘောထားများကို လက်မှတ်ရေးထိုးနိုင်ပါသည်။
ဆက်သွယ်ရန် - ကိုမင်းလတ် 010-7459-3070
ကိုဇော်မင်း 010-5946-6694
email- thuthuzawmin@gmail.com
Monday, August 26, 2013
ဆေးရုံကြီးတွေမှာ ပြသဘို့ နိုးဆော်လိုက်ပါတယ်။
ကိုရီးယား နိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား တိုင်းရင်းသား အပေါင်းတို့ခင်ဗျာ -
မင်္ဂလာပါ။
ကိုရီးယားနိုင်ငံအတွင်း ဆေးကုသကြမယ်ဆိုရင် ဆေးရုံအကြောင်း သိတဲ့ သူတွေနဲ့ ကြိုတင် တိုင်ပင်ပြီး ဘယ်လို ဆေးရုံတွေမှာ ပြသရမလဲဆိုတာ ဆွေးနွေးစေချင်ပါတယ်။ ကိုရီးယားနိုင်ငံမှာ ရောဂါအလိုက် ဆေးရုံ၊ ဆေးခန်းတွေက ခွဲပြီး ကုသပေးနေလို့ တချို့ဆို မသိလို့ နားစေး ချောင်းဆိုဖြစ်တာတောင် အရိုးအထူးကုကို သွားပြဘူးတဲ့ အနေအထားတွေ ရှိနေပါတယ်။ နှာစေး၊ ချောင်းဆိုးလောက်ဆိုရင် ဆေးခန်း ဆေးရုံ အသေးတို့မှာ ပြသကုသလို့ ကောင်းပေမယ့် မိမိတို့ ရောဂါ အနေအထားက ကြီးမယ် ထင်ရင် တက္ကသိုလ် ဆေးရုံကြီးတွေမှာ ပြသကြပါ။ တချို့က ဘာသာစကား အခက်အခဲကြောင့် (သို့) တက္ကသိုလ် ဆေးရုံကြီးကို သွားဘို့ အချိန်မပေးနိုင်တာတွေကြောင့် ဆေးရုံလေး ဆေးခန်းလေးမှာဘဲ ပြသကြရပါတယ်။
အဲဒီ ဆေးခန်း ဆေးရုံလေးတွေမှာ ပြလို့ တိတိကျကျ သေသေချာချာ ကုသပေးမယ် သူတို့ဘက်က မတတ်နိုင်လို့ အဲဒီ ဆေးရုံထက် စိတ်ချရမယ့် ဆေးရုံကြီးသို့ လမ်းညွှန်ပေးမယ်ဆိုရင် ကိစ္စမရှိပါဘူး။ အဲဒီလို မဟုတ်ဘဲ ရောဂါက တခြား၊ ဆေးကတခြား ရက်ရှည် လများ သောက်ဆေးဘဲ ပေးပြီး ဆွဲကုနေတဲ့ ဆေးခန်း၊ ဆေးရုံလေးတွေလည်း ရှိနေပါတယ်။ အဲဒီလို ဆေးခန်း၊ ဆေးရုံလေးတွေမှာ ကုပြီး မပျောက်လို့ ဆိုပြီး ကျနော့်ထံ အကူအညီတောင်းတော့ တက္ကသိုလ် ဆေးရုံကြီးကို ခေါ်ပြီး ပြသပေးခဲ့ပါတယ်။ ဆရာဝန်ကြီးက အားလုံးကို ဓာတ်မှန်ရိုက် စစ်ဆေးကြည့်လိုက်တော့ ဘာရောဂါမျှ မရှိဘဲ အကြောနာနေတာဖြစ်တဲ့အတွက် အနှိပ်ကလေးနဲ့ ပျောက်သွားတဲ့ လူနာတွေ၊ ဆေးသောက်ပြီး ပျောက်သွားတဲ့ လူနာတွေ လက်တွေ့ ရှိနေလို့ အဲဒီလို လူနာတွေက များလာနေလို့ အလကားနေရင်း ငွေကုန် အချိန်မကုန်စေဘို့ ရောဂါတွေ ထပ်မတိုးစေဘို့ အကျိုးမျှော်ပြီး နိုးဆော်လိုက်ရပါတယ်။ အခုခေတ်မှာ တရားဝင် ဆေးအာမခံတွေရှိနေတဲ့ အလုပ်သမားတွေဖြစ်နေကြတဲ့အတွက် ဆေးရုံကြီးတွေမှာ ကုသစရိတ် မကြီးဘဲ ပြသနိုင်သလို ဗီဇာ မရှိတဲ့ သူတွေအတွက်ဆို ရွှေ့ပြောင်း အလုပ်သမားဌာနတွေမှာ ဆေးအာမခံတွေကို လျှောက်ထားခနဲ့ လစဉ် ၀ါန် ၆ထောင်ပေးပြီး လျှောက်ထားနိုင်ကြပါတယ်။
တက္ကသိုလ် ဆေးရုံကြီးတွေမှာ ပြသ ကုသဘို့ ပြောရခြင်းက အဲဒီ ဆေးရုံကြီးတွေမှာ ဆရာဝန်ကြီးတွေ၊ ဆေးပစ္စည်းတွေ၊ ဆေးတွေက အစုံအလင် တစ်နေရာတည်းမှာ ရှိနေလို့ပါ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ၊ ချမ်းသာ လိုအင် ဆန္ဒများ ပြည့်ဝကြပါစေ။
ကျော်ဇင်
Friday, August 9, 2013
ညံ့လိုက်တဲ့ မြန်မာအစိုးရ
၈လေးလုံးနေ့အမှီ အစိုးရက သူကျူးလွန်ခဲ့တာတွေကို ၀န်ချ တောင်းပန် စကားလေးပြောလိုက်ရင် ဒီတကြိမ်၈လေးလုံးဟာ
ငြိမ်းချမ်းရေးကို ဦးတည်သော၊
စိစပ်ရေးကို ရည်ရွယ်သော၊
သမိုင်းကလဲ့စားချေခြင်းကို ပျက်သိမ်းစေသော၊
အတူပူးပေါင်းဆောင်ရွက်မှုကို ရှေ့ရှုသော စသည့် နိုင်ငံအတွက် အလွန် အဓိပ္ပါယ်ပြည့်ဝပြီး ကြက်သရေ အပေါင်းနှင့် ပြည့်စုံသော ၈လေးလုံပွဲဖြစ်မှာ ဧကန်ဖြစ်သလို
လက်ရှိ အစိုးရအပေါ် လူထုက အထင်ကြီးစေ ယုံကြည်စေမှာပါ။
လက်ရှိအစိုးရဟာ ၁၉၈၈.၈.၈ရက် ၈လေးလုံး အရေးတော်ပုံ နှိမ်နင်းခဲ့တဲ့သူတွေပါပဲ။
မိမိတို့ကျူးလွန်ခဲ့တာကို သတ္တိရှိရှိ ၀န်ခံတောင်းပန်လိုက်ရင် သဘောထားပြည့်ဝတဲ့ ပြည်သူတွေက ခွင့်လွှတ်ဖို့ အသင့်ပါ။
အမှားကို ၀န်ချတောင်းပန်တတ်တာဟာ
ခေါင်းဆောင်ကောင်းတို့အလုပ်၊
သတ္တိရှိသူတို့ အလုပ်ပဲဖြစ်ပါတယ်။
ဒါပေမယ့်
ပြီးခဲ့တဲ့ ၈လေးလုံးပွဲဟာ အဲဒီလို တိုင်းပြည်အတွက် အလွန် အဖိုးတန်တဲ့ ရလာဒ်တွေကို မရရှိခဲ့ပဲ ပြီးဆုံးသွားခဲ့ပါပြီ။
အခုတော့ အစိုးရဘက်က တက်ရောက်လာသူတွေခမျာ
မိမိတို့ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ သမိုင်းဖြစ်ရပ် အမှတ်တရပွဲမှာ ရှေ့မျက်နှာ နောက်ထားပြီး အိုးတို့အန်းတန်းနဲ့ တိုက်ပုံဝတ် နေရာယူပြီး လက်ခုတ်ပဲ တီးရမလို နှပ်ချီးပဲ နှိုက်ပြီးနေရမလိုနဲ့ ဖြစ်နေ တာကို အခု ဓာတ်ပုံကိုကြည့်ရင်တွေ့နိုင်ပါတယ်။
သီလမဲ့သူဟာ သီလရှိသူတွေအကြား ဘယ်လိုမှ အ၀င် မဆန့်နိုင်တဲ့ သာဓကတခုပါပဲ။
အကယ်၍ ဒီပွဲမစမီ အစိုးရက ၀န်ချတောင်းပန်ခဲ့ရင် ဒီနေရာမှာ ထိုင်နေတဲ့ လက်ခုတ်မတီးတဲ့သူတွေရဲ့ အနေအထားကိုလည်း သက်သာစေမှာပါ။
အင်း
ဒီ ဓာတ်ပုံကို ကြည့်ရင်း
အတုအယောင်တွေကြားက မြန်မာပြည်ကြီး ရှေ့ရေးကို တွေးရင်း ရင်လေးမိပါတယ်ဗျာ။
Saturday, July 13, 2013
ပညာရှိကြပါ။ ခြင်္သေ့ဖြစ်ကြပါ။
ဘန်ဂီမွန်းက ဘင်္ဂလီတွေကို နိုင်ငံသားအဖြစ် လက်ခံပေးဖို့ တိုက်တွန်းရတာက ကုလအတွင်းအရေးမှူး အနေနဲ့ သူ့အလုပ် သူလုပ်တာပါ။
သူတိုက်တွန်းတာ လက်ခံနိုင် လက်မခံနိုင်တာက သမိုင်းကြောင်းအရ၊ ဥပဒေအရ၊ ပြည်သူ့ဆန္ဒ စသဖြင့် ဘက်ပေါင်းစုံက အချိန်ယူပြီး စနစ်တကျ လေ့လာသုံးသပ်ပြီး မြန်မာဘက်က ဖြေရှင်းရမယ့် အလုပ်ပါ။
ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ လိုပါတယ်။
ခက်တာက
မြန်မာ့အရေးကို မြန်မာသာ အသိဆုံးဖြစ်လို့
ပြည်တွင်းပြသနာတွေကို မြန်မာတွေ ကိုယ်တိုင် တရားမျှတညီညွတ်စွာနဲ့ ဖြေရှင်းကြရင် ပြီးရဲ့သားနဲ့
မြန်မာ့အရေးအပေါ် အကြံပြုကြသူတိုင်းကို လိုက်လံပုတ်ခတ် ရန်ရှာနေကြရင်း ကိုယ့်အလုပ်ကိုယ် မလုပ်တတ်သူတွေက ပြသနာတခုပါ။
Thursday, April 25, 2013
ကရင်လူငယ်အစည်းအရုံး (ကိုးရီးယားဌာနခွဲ) ဥက္ကဌ ဖမ်းဆီးထိန်းသိမ်းခံရ
စောလှိုင်မျိုးသိမ်းသည် ဒုက္ခသည်အဖြစ် တောင်ကိုးရီးယား အစိုးရထံသို့ နိုင်ငံရေးခွင့်ခိုလှုံခွင့်တောင်းခံထားသူ ဖြစ်ပြီး ဥပဒေအရ နိုင်ငံရေးခိုလှုံခွင့်တောင်းခံစဉ်ကာလအတွင်း အလုပ်လုပ်နေသည့် ၎င်းကို ဧပြီလ ၂၂ရက် နေ့၌ အန်ဆန်းမြို့နယ်၊ ရှီဝှာစက်မှုဇုံရှိ ကားပစ္စည်းအပိုစက်ရုံတွင် အစိုးရအာဏာပိုင်များက သွားရောက်ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်ဟု ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)၏ အတွင်းရေးမှူး စကက်နက်မိုးက ပြောသည်။ စကက်နက်မိုးက “ကိုးရီးယားအစိုးရက နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားတဲ့ကာလမှာ အလုပ်မလုပ်ရဘူး ပြော ထားပေမယ့် ဘာမှ အကူအညီ မပေးဘူး။ တကယ်လို့ အလုပ်မလုပ်ရင်လည်း ရပ်တည်လို့ မရဘူး။ အခု အလုပ်လုပ်တော့ ဖမ်းတယ်ဆိုတော့ ဒါကတော့ မျှတမှု မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။ လက်ရှိ ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)အတွက် အမှုလိုက်ပေးနေသည့် ထိုင်း-မြန်မာနယ်စပ်ကို ရောက်ခဲ့ဖူးသူ ကိုးရီးယားနာမည်ကျော် လူ့အခွင့်အရေး အမျိုးသမီးရှေ့နေ လီဆမ်ဟီးက အစိုးရ၏ လုပ်ဆောင် ချက်သည် တရားမျှမှု မရှိသလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံစဉ် ကာလအတွင်း အလုပ်မလုပ်ရဆိုသည့် ပြဌာန်း ထားသည့် ဥပဒေကို ပြန်လည်ပြင်ဆင်သင့်သည်ဟု ဝေဖန်ထား ကြောင်း သိရသည်။ စကက်နက်မိုးက “တရားမျှတမှုမရှိတဲ့ ဒီဖမ်းဆီးမှုကို သိဖို့ လီဆမ်ဟီးက ကိုးရီးယားမှာရှိတဲ့ မီဒီယာအသိုင်း အ၀ိုင်းတွေကို ဖိတ်ပြီး ဒီကိစ္စကို ရှင်းလင်းဖို့ အစီအစဉ်ရှိတယ်။ နောက် ကျနော်ပြောချင်တာက ဒီကိုးရီးယားမှာ အခြားတိုင်းရင်းသားအဖွဲ့တွေကို အစိုးရက နိုင်ငံရေးခိုလှုံခွင့်ပေးထားပြီးတော့ ကရင်ကျတော့ မပေးဘူး”ဟု ဆက်ပြောသည်။ ကိုရီးယားနိုင်ငံတွင် မြန်မာ့အရေးလှူပ်ရှားသည့်အသင်းအဖွဲ့ စည်းအချို့မှ ခိုလူံခွင့်ရရှိသူများရှိသော်လည်း ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)ကို ယခုထိ ခိုလှုံခွင့် မရရှိသေးသည့်အတွက် အခြားနိုင်ငံတကာ ရောက် ကရင်အဖွဲ့များလည်း ကိုးရီးယားအစိုးရအား ၀ိုင်းဝန်းတောင်းဆိုပေးကြရန် စကက်နက်မိုးက ဖြည့်စွက် ပြောဆိုသည်။ ထို့အပြင် ကိုးရီးယားအစိုးရသည် ကိုးရီးယားရှိ မီဒီယာနှင့် အစိုးရမဟုတ်သောအဖွဲ့(အဲန်ဂျီအို)များကလည်း ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့မှုများရှိသည့်အတွက် ကရင်လူမျိုးတို့၏ ဘ၀အခြေအနေများကို သိသင့်သလောက် သိထားပြီးဖြစ်သော်လည်း ကရင်ကို လက်မခံခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)က ဆိုသည်။ တဆက်တည်းမှာပင် ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ စကြည်သက် ထွန်းကိုလည်း ကိုးရီးယားအစိုးရက ဗီဇာသက်တမ်းတိုးခွင့်မပေးတော့ဘဲ ယခု ဧပြီလကုန်အထိသာ သက်တမ်း ကျန်တော့သည့်အတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။ ကရင်လူငယ်အစည်းအရုံး(ကိုးရီးယား)သည် ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်အပေါ် အခြေခံ၍ ၂၀၀၉ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၎င်းအဖွဲ့သည် ကိုးရီးယားအစိုးရထံသို့ နိုင်ငံရေးခို လှုံခွင့် လျှောက်ခဲ့ရာ အစိုးရက ခွင့်ပြုချက်မပေးဘဲ ယခုထိ ငြင်းပယ်ထားဆဲဖြစ်သည်။ တောင်ကိုးရီးယားနိုင်ငံတွင် လက်ရှိနေထိုင်သည့် ကရင်လူငယ်အစည်းအရုံး(ကိုးရီးယား)အဖွဲ့ဝင်များသည် ကိုးရီးယားအစိုးရမှ ပေးထားသည့် တရားစွဲ A4 စာရွက်ဖြင့် သုံးလတကြိမ်တုံးထုပြီး နေထိုင်နေရသည်ဟု စကက်နက်မိုးက ပြောသည်။
ကေအိုင်စီ မူရင်းသတင်းဖတ်ရန်
Friday, April 19, 2013
စစ်မှန်တဲ့ မျိုးချစ်စိတ်ဖြင့် တရားမျှတတဲ့ ရွေးခြယ်မှုသို့၊ ထိုမှ တဆင့် တန်ဘိုးရှိတဲ့ ရလာဒ်ကို ရယူခြင်း
လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ်အဖြစ် Timeမဂ္ဂဇင်းက ဒေါ်အောင်ဆန်း စုကြည် ကို ရွေးချယ် လိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံရေး ၊ လူမှုရေးနဲ့ စီးပွားရေး နယ်ပယ်အသီးသီးက သြဇာအကြီး မားဆုံး လူပုဂ္ဂိုလ် ၁၀၀ ကို ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ် စစ်တမ်း ကောက်ဖော်ပြနေရာမှာ ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်း စုကြည်က ကမ္ဘာကျော် အမေရိကန်အဆိုတော် Lady Gaga ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
မြန်မာလူမျိုးများအတွက် ဒေါ်စုနိုင်တာ တကယ် ဂုဏ်ယူစရာပါ။
ဒါပေမယ့် လေဒီဂါဂါဆိုတာကလည်း သာမန် နံမည်ကြီး အဆိုတော်မဟုတ်ပါ။ အနုပညာဘက်မှာလည်း အလွန် ထူးချွန်သလို လူမှုရေးဘက်မှာလည်း စွမ်း စွမ်းတမံ ဆောင်ရွက်နေသူပါ။
ဂါဂါဟာ အေ့စ်ရောဂါသည်တွေအတွက်၊ အိုင်တီမြေငလျှင်၊ ဂျပန်ငလျှင် စတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့ တိုင်းပြည်တွေက ဒုက္ခရောက် သူပြည်သူတွေ အတွက် ဒေါ်လာသိန်းသန်းချီပြီး အလှူပေးခဲ့ တဲ့သူ၊ အမေရိကန်က ဂေးလ်တွေရဲ့ လူ့အခွင့်အရေး၊ အမေရိကန်စစ်တပ်တွင်း မမှန်ကန်တဲ့ စစ်ဥပဒေကို ဆန့်ကျင်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမန် ဆောင်ရွက်နေသူဖြစ်ပါတယ်။
အဆိုတော်ဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ လူ့အခွင့်အရေးနဲ့တရားမျှတမှုကို တန်ဘိုးထားတာခြင်း တူတာ မို့ Timesမဂ္ဂဇင်းက ဒီလို အစီအစဉ်လုပ်ပေးတာဖြစ်ပါတယ်။ အဖြေကတော့ ဆုနဲ့ ထိုက်တန်သူ က ရွေးခြယ်ခံရတာပါပဲ။
ဒီနေရာမှာ ကျနော် တွေးမြင်မိတာကို ပြောပါ့မယ်။
















